အခန်း (၃၄၆)
Vol. 24 Ch. 346
ဆယ်မိနစ်ခန့်ကြာသည့်အချိန်တွင် အပြာရောင်အလင်းတန်းများတောက်ပသွား၏။
ဖှေးမြေအောက်ခန်းထဲတွင်ရှိသည့်အ ကျင်းနက်ကြီးထဲသို့ပြန်လည်ကာရောက်ရှိလာခဲ့
သည်။ သူ တူညီသည့် ခြေရာကိုနင်းလိုက်သည့်အချိန်တွင် စက်သွားသံများထွက်
ပေါ်လာပြီးပေါ်တယ်သည် ပျောက်ကွယ်သွား၏။
ဖှေးသူ၏၀ိဉာဥ်စွမ်းအားများကို အသုံးပြုပြီးအရိုးများအားလုံးကိုဘေးသို့တွန်းထုတ်လိုက်
သည်။
ထိုခြေရာများအောက်တွင် ခြေဖ၀ါးပုံသဏန်ရှိသည့် စက်အစိတ်ပိုင်းတစ်ခုရှိနေ၏။
ဤအရာများသည် ခြေနင်းတစ်ခုကဲ့သို့ပင်။ တစ်စုံတစ်ယောက်ထို့အပေါ်သို့ခြေထောက်
ဖြင့်တက်နင်းလိုက်ပါက အလယ်အလတ်အဆင့်ရှိသည့်မှော်တလင်းကျောက်နှစ်လုံးသည်
မှော်အစီရင်အားအသက်သွင်းရန်အတွက် အစီရင်အတွင်းသို့တွန်းပို့ခြင်းခံလိုက်ရသည်။
နောက်တစ်ကြိမ်ထက်နင်းပါက မှော်အစီရင်မှ ထိုမှော်တလင်းကျောက်နှစ်ခုကို ဖြုတ်
လိုက်မည်ဖြစ်သည်။ ထိုမှော်အစီရင်သည် ပေါ်တယ်ကိုပွင့်လာစေသည့်မှော်အစီရင်တစ်
ခုပင်။
ဤအချက်သည် ဖှေးမည်သည့်အတွက်ကြောင့်ပေါ်တယ်ကို ပေါ်လာစေခဲ့သည်ဆိုသ
ည်ကိုရှင်းလင်းပြလိုက်၏။
စက်ပိုင်းဆိုင်ရာများကိုလေ့လာကြည့်ပြီးသည့်နောက်တွင် ဖှေးခြေထောက်ကို အားစို
က်ကာအောက်သို့နင်းချလိုက်ပြီးအရာအားလုံးကိုဖျက်ဆီးပစ်လိုက်သည်။ စက်ပိုင်းဆိုင်
ရာများသည် အရိုးများနှင့်အတူ အမှုန့်များဖြစ်ကုန်ကြပြီးခြေရာလက်ရာများကျန်ရှိခြင်း
မရှိတော့ပေ။ ထို့နောက်တွင် ဖှေးသူ၏လက်များကို နံရံပေါ်သို့တင်လိုက်ပြီး ပွက်လို
က်သည်။ ရေးဆွဲထားသည့်တယ်လီပေါ့တ်ပေါ်တယ်ခေါ်သည့်မှော်အစီရင်ကိုလဲဖျတ်လို
က်ပြီဖြစ်သည်။ တွင်းထဲတွင်ရှိသည့်နံရံများသည် ယခင်ကတည်းက ကြမ်းတမ်းသည့်
အတွက်မည်သူမှ ဤနေရာတွင်မှော်အစီရင်တစ်ခုရေးဆွဲထားခဲ့သည်ကို သိရှိကြလိမ့်မ
ည်မဟုတ်တော့ချေ။
ဖှေးထက်မံ၍လေ့လာကာ သဲလွန်စမရှိတော့သည်သေချာမှတွင်းထဲမှအပေါ်သို့ခုန်တက်
ခဲ့တော့၏။
မြေအောက်ခန်းမဆောင်သည် ရတနာပစ္စည်းများနှင့်လင်းလတ်လျှက်ရှိနေဆဲပင်။ မည်
သည့်အရာမှ မဖြစ်ပျက်ခဲ့သလိုပင်ခံစားရ၏။ နေအဆင့်သခင်များပင် ပေါ်တယ်၏အ
ကူညီမပါပဲဖြင့် ထိုလျို့၀ှက်သည့်မြေအောက်အခန်းတွင်းသို့၀င်နိုင်မည်မဟုတ်ကြောင်းကို
ဖှေးယုံကြည်ချက်ရှိသည်။ ယခုအချိန်တွင် ထိုမြေအောက်ခန်းထဲတွင် ဖှေးဒိုင်ယာဘ
လိုကမ္ဘာနှင့်ချိတ်ဆက်ထားသည့် ပေါ်တယ်တစ်ခုထဲသာရှိနေသည့်အတွက် ဖှေးတစ်
ယောက်တည်းသာ အ၀င်အထွက်ပြုလုပ်နိုင်သကဲ့သို့ပင်။
ဖှေးယခင်ကဖြစ်ပျက်ခဲ့သည်များကိုလည်းရုတ်တရက်နားလည်သွား၏။
ယခင်ကလူတစ်ယောက်သည် ဤမြေအောက်ရတနာပစ္စည်းများထားရှိရာခန်းမဆောင်နှင့်
လျို့၀ှက်ခန်းထဲသို့ ပုံမှန်လာရောက်လေ့ရှိသည်မှာထင်ရှားသည်။
ဖှေးမမှားပါက ထိုလူသည်သွေးစွန်းဂိုဏ်းခေါင်းဆောင်ပင်။
ဤလူသည် အလွန်ကံကောင်းလှသည်။ သူသည် ဤယခင်ကတည်းကရှိနေပြီးဖြစ်သည့်
မြေအောက်လိုဏ်ဂူများထဲတွင် လျို့၀ှက်ခန်းတစ်ခုဆောက်လုပ်ရန်အတွက် ကြံစည်ခဲ့ပုံ
ရသည်။ သို့သော် သူသည် ထိုလျို့၀ှက်သည့်မှော်အစီရင်ကို မတော်တဆအသက်သွ
င်းမိခဲ့ပြီး ပေါ်တယ်မှတဆင့်လျို့၀ှက်ဆန်းကျယ်သောကျောက်တုံးအခန်းအတွင်းသို့လဲ
ရောက်ရှိခဲ့ပုံရသည်။ သူသည် ရွှေရောင်အရိုးစုနင့်နတ်ဆိုးဘုရင်၏အသိပညာစာအုပ်ကို
မြင်တွေ့ပြီးသည့်နောက်တွင် ချက်ချင်းပင် ထိုနှစ်ခု၏တန်ဖိုးကိုနားလည်သိရှိကာ လျို့
၀ှက်ချက်ပေါက်ကြားခြင်းမရှိစေရန်အတွက် အလုပ်သမားများအားလုံးကို သတ်ဖြတ်ပစ်
ခဲ့ခြင်းဖြစ်သည်။
သို့သော် ဤသွေးစွန်းဂိုဏ်းခေါင်းဆောင်သည် လုံလုံလောက်လောက်သန်မာခြင်းမရှိသ
ည့်အတွက် ရွှေရောင်အရိုးစုအနီးသို့ချည်းကပ်သာ တိုက်ပွဲသုံးပုဆိန်ကိုလည်းယူဆောင်နို
င်ခြင်းမရှိပေ။ ထို့အပြင် နတ်ဆိုးဘုရင်၏ဉာဏ်ပညာစာအုပ်ကို ကာရံထားသည့်စွမ်းအ
င်အကာရံကိုလည်းထိုးဖောက်နိုင်ခြင်းမရှိပေ။ သူသည် အ၀ေးမှသာစာမျက်နှာများကို
လှမ်းကြည့်ရင်းဖြင့် မှော်ထောင်ချောက်များနှင့် စက်မှုပစ္စည်းများအကြောင်းကို အခြေ
ခံလောက်သိရှိသွားခဲ့ပုံရသည်။
ထွက်ပေါ်တွင် ဖှေးဖြတ်သန်းခဲ့ရသည့်မှော်ထောင်ခြောက်များသည် သွေးစွန်းဂိုဏ်းခေါ
င်းဆောင်တစ်ခြားလူများ၀င်ရောက်လာခြင်းမရှိစေရန်အတွက် ဆောက်လုပ်ခဲ့ပုံရ၏။
သို့သော် သွေးစွန်းဂိုဏ်းခေါင်းဆောင်သည် စာအုပ်ထဲတွင်ပါ၀င်သည့်အချက်လက်များကို
အသေးစိတ်နားလည်နိုင်ခြင်းမရှိသည့်အတွက်သူသည် ကောင်းမွန်စွာဖြင့်အသုံးချနိုင်ခြင်း
မရှိခဲ့ပေ။ ဤထောင်ခြောက်များ၏ဒီဇိုင်းသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်တ
စ်ယောက်ဖြစ်သည့်ဖှေးအတွက် ညံ့နေသေး၏။ သို့သော် တပ်ဆင်အသုံးချပုံမှာမူကော
င်းမွန်သည်ဟုဆိုရမည်။ အကယ်၍ဖှေးသည်သာ ဤထောင်ခြောက်များကိုပြုလုပ်ခဲ့သူ
ဖြစ်ပါက ဤထောင်ခြောက်များ၏ထိခိုက်စေနိုင်မှုသည်နှစ်ဆခန့်ပိုမိုမြင့်မားနေမည်ဖြစ်ပြီး
ကြယ်ခြောက်လုံး၊ ၇လုံးအဆင့်စစ်သည်တစ်ယောက်၏လမ်းကြောင်းကိုကောင်းမွန်စွာဖြ
င့်ပိတ်ဆို့နိုင်မည်ဖြစ်သည်။
ဤသည်မှာ ဖှေး ရှေးဘာသာစကားနှင့် မျက်မှောက်ခေတ်ဘာသာစကားသို့ဘာသာပြ
န်စာအုပ်များကိုရှာတွေ့ရခြင်းကိုလည်းရှင်းလင်းစေသည်။ သွေးစွန်းဂိုဏ်းခေါင်းဆောင်
သည် အလွန်ဂရုစိုက်ကာ ဘာသာပြန်ဆရာများကို နတ်ဆိုးဘုရင်၏ဉာဏ်ပညာစာအု
ပ်ထဲမှအချက်လက်များကိုမမြင်စေလို၍ဖြစ်သည်။ ထို့ကြောင့် သူ့ဘာသူစာအုပ်များကို
ကိုးကား၍ အချက်လက်များကိုနားလည်နိုင်ရန်အတွက် ကြိုးစားနေခဲ့ပုံရသည်။
သွေးစွန်းဂိုဏ်းခေါင်းဆောင်ဂရုစိုက်ခဲ့သည်မှာ ကံကောင်းသည်ဟုဆိုရမည်။ လျို့၀ှက်ဆ
န်းကျယ်သည် ကျောက်တုံးအခန်း၏အကြောင်းကို မည်သူမှသိရှိခဲ့ခြင်းမရှိချေ။ သို့မ
ဟုတ်ပါက ဇီးနစ်အင်ပါယာတွင်ရှိနေသည့်အဖွဲ့စည်းများသည် ဤရတနာကို ဖှေးမတိုင်
မှီအပိုင်သိမ်းသွားကြမည်ဖြစ်သည်။
တကယ်တန်းတွင် ဖှေး၏ခန့်မှန်းချက်များသည် ကိုးဆယ်ရာခိုင်နှုန်းခန့်မှန်ကန်၏။
ဤသည်မှာ ဖြစ်ပျက်ခဲ့သည့်အရာများပင်။
လူတစ်ယောက်ထဲကပင် စီစဥ်ခဲ့ခြင်းပင်။ သွေးစွန်းဂိုဏ်းခေါင်းဆောင်ဤနေရာကိုရှာ
တွေ့ပြီးခဲ့သည့်နောက်တွင် သူသည် လျို့၀ှက်ချက်ကို တင်းကြပ်စွာဖြင့်ကိုင်ဆုပ်ထားခဲ့
၏။ သူ၏အနီးစပ်ဆုံးလူယုံများပင် ဤအခန်းအကြောင်းကိုသိရှိခြင်းမရှိပေ။
ယခုအချိန်တွင် ဤလျို့၀ှက်ဆန်းကျယ်သည့်အခန်း၏တည်ရှိမှုကို သိသောလူမှာဖှေးတ
စ်ယောက်တည်းသာကျန်ရှိတော့၏။
သွေးစွန်းဂိုဏ်းကို ဖျက်ဆီးသည့်စစ်ဆင်ရေးတွင် အကျိုးအမြတ်အများအပြားရရှိခဲ့သ
ည်ဟုပြောရမည်။
ဖှေးအားအလိုမကျဖြစ်စေသည်မှာ အရိုးစုထံမှထွက်ပေါ်လာနေသည့် ဆင့်ခေါ်နေသော
ခံစားချက်ပင်။ ထိုအရိုးစုသည် ဖှေးအားအလွန်ရင်းနှီးသည့်ခံစားချက်ကိုပေးလျှက်ရှိသ
ည်။ သို့သော် ဖှေး၏လက်ရှိစွမ်းအားများဖြင့် ထိုအရိုးစုအနားသို့ကပ်နိုင်ခြင်းမရှိသေးပေ။
ထို့ကြောင့် ထိုဆင့်ခေါ်ခံနေရသည့်ခံစားချက်၏နောက်ကွယ်တွင်ရှိသောအဓိပ္ပါယ်ကိုမူ
သူမသိရှိသေးပေ။
သူအချိန်ယူဦးမည့်ပုံပင်။
ဖှေးတစ်ဖက်သို့လှည့်ကာ ထွက်ခွာရန်ပြင်ဆင်နေသည့်အချိန်တွင်---
“ဖုန်း ဖုန်း ဖုန်း...”
“အား....”
ကျယ်လောင်သည့်ပေါက်ကွဲသံများနှင့် အော်ဟစ်သံများထွက်ပေါ်လာသည်။ ဖှေးတစ်
ခြားလူများ၀င်ရောက်လာခြင်းဖြစ်ကြောင်းကို သိရှိလိုက်သည်။ သိုင်းဆရာစစ်သည်
များသည် သူတို့၏အတွင်းအားစွမ်းအင်များကို အသုံးပြုကာမှော်ထောင်ခြောက်များကို
ဖျက်ဆီးနေကြသည်မှာ ထင်ရှားလှ၏။ စစ်သည်တစ်ချို့၏အော်ဟစ်ညီးတွားသည့်အ
သံများသည်လည်း ကျန်ရှိနေသည့်ဆူညံသံများနှင့်အတူရောထွေးလျှက်ရှီသည်။
တကယ်တန်းတွင် ဖှေးသိပ်ပြီးအံ့သြလှခြင်းမရှိပေ။
သူလိုဏ်ဂူအတွင်းသို့၀င်ရောက်လာစဥ်က သူမြေအောက်ခန်း၀င်ပေါက်ကို ပိတ်ခဲ့ခြင်းမ
ရှိသောကြောင့်ပင်။ မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိကြသည့် တစ်ခြားအဖွဲ့စည်းများ
သည် သွေးစွန်းဂိုဏ်းအဆုံးသတ်သွားသည်ကို မြင်လိုက်ရပြီး သူတို့၏၀ေစုများကိုခွဲ၀ေ
ယူရန်အတွက်၀င်လာာခဲ့ကြပုံရ၏။ သူတို့အားလုံးပလ္လင်နောက်တွင်ရှိသည့် လိုဏ်ဂူကိုမြ
င်လိုက်သည့်အချိန်တွင် စိတ်ထဲတွင်လောဘများပြည့်နှက်သွားပြီး အပြေးလွှား၀င်ခဲ့ကြပုံ
ရသည်။ သူတို့မှော်ထောင်ခြောက်များဖြင့် ကြုံတွေ့လိုက်ကြရပြီး သူတို့ဤနေရာသို့
အကြမ်းနည်းဖြင့်၀င်ရောက်နိုင်ရန်အတွက်ကြိုးစားနေကြပုံရသည်။
ဖှေးပုန်းအောင်းရန်အတွက်ကြိုးစားခြင်းမရှိပေ။
ပေါက်ကွဲသံများထိခိုက်သံများနီးကပ်လာသည်နှင့်အမျှ ဖှေးသည်ကျန်ရှိနေသည့်အချိန်ကို
ခန်းမဆောင်ထဲတွင် သူမသိခဲ့မိသည့်အရေးကြီးရတနာများရှိနေသည်လားကို သေချာ
ရှာဖွေရန်အတွက်အသုံးချလိုက်သည်။
“ဖုန်း ဖုန်း ဖုန်း ဖုန်း...”
“ငါတို့တွေအထဲကို ရောက်တော့မယ်ကွ...”
“အမြန်လုပ်။ ပြေး၀င်ကြတော့။ ငါရတနာပစ္စည်းအနံ့တွေရနေပြီ။”
“ဘတ်ဂ်မိသားစုနဲ့ ဘယ်သူတိုက်ခိုက်ရဲလဲကွ...”
“တိုက်ခိုက်မယ်ဟုတ်လား။ ငါတို့သဘောတူထားတာရှိတယ်လေ...”
နောက်ဆုံးပေါက်ကွဲသံများထွက်ပေါ်လာပြီးသည့်နောက်တွင် ထောင်ခြောက်များအနှော
င့်ယှက်များသည် ကင်းရှင်းသွားပြီဖြစ်၏။ လူပေါင်းများစွာသည် ပြေး၀င်လာရင်းဖြင့်
တစ်ယောက်နှင့်တစ်ယောက်အော်ဟစ်နေကြသည်။ တစ်ချို့အသံများမှာ ဖှေးရင်းနှီးနေ
သည့်အသံများပင်။ ဤလူများလုံးအားလုံးသည် ရတနာများရှိသည့်ခန်းမဆောင်ထဲသို့
နီရဲနေသည့်မျက်လုံးများဖြင့် ပြေး၀င်လာကြ၏။
“ဟာ ရွှေတွေ၊ မှော်ကျောက်တုံးတွေ တောင်လိုယာလိုပုံနေပါလားဟ။”
“သေစမ်း။ သွေးစွန်းဂိုဏ်းမှာက ပိုင်ဆိုင်မှုအတော်များတာပဲ။ ငါတို့တွေရတနာပစ္စ
ည်းထားသိုတဲ့နေရာဆယ်ခုကိုတောင်ရှင်းလင်းပြီးသွားပြီ။ ဒီထဲမှာ အများကြီးရှိနေတုံးပဲ
...”
“ဟမ်...ဘုရားရေ။ ပစ္စည်းတွေ...လက်နက်တွေများလှချည်လား....”
“မြင်းတပ်တစ်ခုလုံးကိုတောင် လက်နက်ချပ်၀တ်အပြည့်စုံဆင်ပေးလို့ရနေပြီ။”
“လက်နက်ချပ်၀တ်တစ်ခုချင်းစီတိုင်းက အနည်းဆုံးရွှေဒင်္ဂါးတစ်ရာလောက်တန်တယ်.
..သွေးစွန်းဂိုဏ်းက ခွေးသားတွေက ဘာလို့ဒီလောက်ပစ္စည်းတွေအများကြီးပိုင်ဆို
င်ထားရတာလဲကွ....”
အရင်ဆုံးပြေး၀င်လာသူများမှာ အင်အားကြီးအဖွဲ့စည်းများမှ ရှေတန်းစစ်သည်များပင်။
သူတို့သည် သိုင်းဆရာစစ်သည်များနှင့် ပူးပေါင်းဆောင်ရွက်ပါက ဆုကြေးအများကြီးရ
ရှိလိမ့်မည်ဟုမက်လုံးပေးထားခံရသည်။ သူတို့သည် အသက်ရင်းပြီးမှော်ထောင်ချော
က်များကို အသေခံတပ်ဖွဲ့ခဲ့သို့ရှင်းလင်းရှာဖွေကာ ဤနေရာသို့ရောက်ရှိလာကြခြင်းပင်။
သေခြင်း၏ဖိအားအောက်တွင် ဤစစ်သည်များသည် ရတနားအတွက်ဆာလောင်နေ
ကြသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင်ဒဏ်ရာများစွာဖြင့် သူတို့သည် ရတနာခန်းမအ
တွင်းသို့ပြေး၀င်လာကြ၏။
သူတို့၏မျက်လုံးများထဲတွင် လောဘများဖြင့် ပြည့်နှက်နေကြ၏။
သူတို့၏ဆရာများကသာ သူတို့ကို မှာကြားထားခြင်းမရှိပါက သူတို့သည် ရတနာ
များအတွက် အခြင်းခြင်းပင်သတ်ဖြတ်နေကြတော့မည်ဖြစ်သည်။