← Chapters

အခန်း (၃၄၇)

Vol. 24 Ch. 347

အခန်း (၃၄၇)

Vol. 24 Ch. 347

ဤအချိန်တွင်စစ်သည်တစ်ယောက်သည်ဖှေးကိုမြင်လိုက်၏။ “ဟမ် ဒီမှာတစ်ယောက်ရှိနေတယ်...”

“မသတ်ရသေးတဲ့သွေးစွန်းဂိုဏ်း၀င်တစ်ယောက်ထင်တယ်။ သူက အောက်ခြေကြေးစားစစ်သည်တစ်ယောက်တော့မဟုတ်လောက်ဘူး။ ငါတို့အားလုံးသူ့ကို၀ိုင်းသတ်ရအောင် ပြီးရင်သူ့ရဲခေါင်းကို ဆုလာဘ်တွေပိုရဖို့အသုံးချကြမယ်ကွ...” တစ်စုံတစ်ယောက်သည် ဓားဆွဲထုတ်လိုက်ပြီး သူ၏ဘေးတါင်ရှိနေသည့်လူများကိုဆော်သြလိုက်၏။ ဖှေးသည်သူတို့ထဲမှတစ်ယောက်မဟုတ်သည့်အတွက် သူတို့၏သတ်ဖြတ်လိုနေသည့်ဆန္ဒများမှဦ ပို၍ကြီးထွားလာကြသည်။ ဖှေးသည် သွေးစွန်းဂိုဏ်းမှအဖွဲ့၀င်တစ်ယောက်ဟုတ်သည်မဟုတ်သည်ကို သူတို့ဂရုစိုက်ခြင်းမရှိပေ။ တကယ်တန်းဆိုရပါက ဤစစ်သည်များသည် ရတနာများကို တစ်ယောက်တည်းသိမ်းပိုက်လိုသဖြင့် အခြင်းခြင်းပင်သတ်ဖြတ်လိုနေကြသည်။

လှုံ့ဆော်မှုမှာ အောင်မြင်သွားသည်။

“သတ်ကြစို့ကွာ...”

“သတ်ပြစ်...”

ဖှေးသည် ငယ်ရွယ်ပြီးတစ်ယောက်တည်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အတွက် သူတို့စိတ်ထဲတွင် ကျန်ရှိနေသည့်တွန့်ဆုတ်မှုအနည်းငယ်မှာ ကွယ်ပျောက်သွားပြီဖြစ်၏။

“ငါက သွေးစွန်းဂိုဏ်း၀င်မဟုတ်ဘူး။” ဖှေးရှင်းလင်းစွာဖြင့်ပြောလိုက်သည်။

“စောက်ပိုတွေပဲ သတ်ပြစ်...” စစ်သည်များအော်ဟစ်လိုက်သည်။ “မင်းမသေချင်ဘူးဆိုရင် မင်းရဲ့လက်နက်တွေကို ချလိုက်ပြီးငါတို့ကိုရှာဖွေစစ်ဆေးခွင့်ပြု။”

“ဟမ် လောဘကြီးတဲ့ခွေးသားတွေပဲ။”

ဖှေးရှင်းလင်စွာမတွေးခေါ်နိုင်သည့်စစ်သည်များကို နှစ်ကြိမ်ရှင်းပြလိုခြင်းမရှိပေ။ သူနှာခေါင်းရှုံ့လိုက်ရာမမြင်နိုင်သည့်စွမ်းအင်တစ်ခုသည် သူ၏ခန္ဓာကိုယ်မှထွက်ပေါ်လာ၏။ သူ၏အနားသို့ပြေး၀င်လာနေသည့် စစ်သည်နှစ်ဆယ်ခန့်သည် အနောက်သို့လွှင့်ထွက်သွားပြီးပါးစပ်မှသွေးများစီးကျလာကြတော့သည်။ သူတို့မြေပြင်ပေါ်သို့ပြန်လည်ကာ ပြုတ်ကျသည့်အချိန်တွင် ဖှေးအားထိတ်လန့်စွာဖြင့်ကြည့်လိုက်မိကြ၏။ သူတို့သည် မတ်တပ်ပင်မရပ်နိုင်ကြချေ။

ဖှေးထိန်းထားခြင်းသာဖြစ်သည်။

ဤစစ်သည်များသည် သူနှင့်သဘောတူညီထားသည့်အဖွဲ့စည်းများမှစစ်သည်များသာမဟုတ်ပါက သူသည် ဂရုစိုက်လိမ့်မည်မဟုတ်ပေ။ သူ၏လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်၏စွမ်းအားသည် ဤစစ်သည်များကို တစ်စစီဖြစ်အောင်လွယ်ကူစွာဖြင့် သတ်ဖြတ်ပစ်နိုင်သည်။

ဖှေး၏စွမ်းအားကိုအာရုံခံပြီးသည့်နောက်တွင် စစ်သည်များသည်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းဖြင့်အနောက်သို့ဆုတ်ရန်အတွက်ကြိုးစားကြတော့၏။

ဤအခိုက်တန့်တွင်...

“ဘာတွေဖြစ်နေတာလဲ။ သူကဘယ်သူလဲ..” ယောက်ျားတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်သည် ခန်းမဆောင်ထဲသို့လမ်းလျှာက်၀င်လာပြီး ယောက်ျားသည်မာနထောင်လွှားသည့်အမူယာဖြင့်မေးလိုက်၏။

ရှေ့တွင်ရှိနေသည့်လူမှာ လှပသည့်ခန္ဓာကိုယ်ဖြင့်ကောင်မလေးတစ်ယောက်ပင်။ သူမသည် ငွေရောင်ချပ်၀တ်တစ်ခုကို၀တ်ဆင်ထားပြီး သူမသည် ဘတ်ဂ်မိသားစု၏မင်းသမီးဖြစ်သူ ဘတ်ဂ်-ဘီယွန်းဆေးပင်။

ဤအမျိုးသမီးသည် ဖှေးနှင့်ယခင်ကတစ်ခါတွေ့ဆုံခဲ့ဖူးပြီး သူတို့၏တွေ့ဆုံမှုသည် အဆင်ပြေခဲ့ခြင်းမရှိပေ။ ဖှေးတိုက်ပွဲကိုလာကြည့်ခဲ့ကြသည့် VIPလူများသည် စပါတပ်မှလုပ်ကြံသတ်ဖြတ်သူများ၏ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဒီးန်-မိသားစုမှပါရမီရှင်မှော်ဆရာလည်းသေဆုံးခဲ့သည်။ ဘီယွန်းဆေး၏အဖိုးဖြစ်သူလည်းသေဆုံးခဲ့သည်။ ဘီယွန်းဆေးသည်အဖိုးဖြစ်သူ၏ကာကွယ်ပေးမှုကြောင့် အသတ်ရှင်လျှက်လွတ်မြောက်လာနိုင်ခဲ့ခြင်းဖြစ်၏။ သို့သော် ဖှေးနှင့် ဘီယွန်းဆေးတို့နှစ်ယောက်လုံးသည် သူတို့ယနေ့ညတွင် ပြန်လည်တွေ့ကြလိမ့်မည်ဟုထင်မထားခဲ့ကြချေ။ ယနေ့ညစစ်ဆင်ရေးတွင် ဘတ်ဂ်မိသားစုလည်းပါ၀င်ပတ်သက်နေခဲ့ပုံရသည်။

ဘီယွန်းဆေး၏နောက်တွင် ငယ်ရွယ်သည့်မှော်ဆရာတစ်ယောက်ရှိနေသည်။ သူသည် အမဲရောင်၀တ်ရုံနှင့် ပတ္တမြားတစ်လုံးပါရှိသည့်ငွေသရဖူတစ်ခုကို၀တ်ဆင်ထားသည်။ မှော်ဆရာ၏၀တ်ရုံပေါ်တွင် ကြယ်ငါးလုံးပါရှိနေပြီး သူသည် ကြယ်ငါးလုံးအဆင့်မှော်ဆရာတစ်ယောက်ဖြစ်ကြောင်းကို ပြသနေသည်။ ဤလူငယ်သည် အသက်၂၃ ၂၄နှစ်ခန့်သာရှိသေးသဖြင့် လက်ရှိကြယ်ငါးလုံးအဆင့်အစွမ်းနှင့်ဆိုပါက ပါရမီရှင်တစ်ယောက်ဟုဆိုနိုင်သည်။ ထိုလူငယ်သည် အညိုရောင်ဆံပင်ရှည်များနှင့် ခန့်ညားသည့်ဟန်ရှိသော်လည်း သူသည် လူတိုင်းထက်သာလွန်နေသကဲ့သို့ မာနထောင်လွှားသည့်ပုံရှိနေ၏။

“ဟင်...” ဘီယွန်းဆေးသည်ဖှေးကို တွေ့လိုက်ရသည့်အတွက် အံ့သြသွား၏။

“နင်သူ့ကို သိလား...” ငယ်ရွယ်သောမှော်ဆရာသည် မျက်မှောင်ကြုံ့လိုက်၏။

ထူးဆန်းသည့်အလင်းရောင်တစ်ခုသည် ဘီယွန်းဆေး၏မျက်လုံးများထဲတွင် တောက်ပသွားသည်။ ခနတာခန့်တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူမသည် ဖှေးကိုအံ့သြသွားစေသည့်အရာတစ်ခုကို ပြောလိုက်၏။

“ကျွန်မသူ့ကို မသိပါဘူး...” သူမပြောလိုက်သည်။

မှော်ဆရာကောင်လေးသည်အနည်းငယ်စိတ်သက်သာသွား၏။ သူသည် ဘေးပတ်၀န်းကျင်သို့ပတ်ကြည့်လိုက်ပြီး မြေပေါ်တွင်လဲကျနေသည့် သူ၏စစ်သည်တစ်ယောက်ကို ပြောလိုက်သည်။

“လာဖာ ဘာတွေ့ဖြစ်ကုန်တာလဲ...”

စစ်သည်သည်ဖြေးညင်းစွာဖြင့် မတ်တပ်ထရပ်လိုက်ကာ ဖှေးအားရက်စက်စွာဖြင့်ကြည့်လိုက်ပြီး လူငယ်၏ရှေ့တွင်ဒူးထောက်လိုက်ကာ “အရှင့်သား ဒိလူကသွေးစွန်းဂိုဏ်းသားတစ်ယောက်ပါ။ သူမာနထောင်လွှားနေပြီးတော့ လက်နက်ချဖို့လဲစိတ်ကူးမရှိပါဘူး။” လာဖာသည် လိမ်ညာ၍ပြောလိုက်၏။

“ဟမ်...သတ်လိုက်ကြလေ။”လူငယ်သည် အသာယာပြောလိုက်၏။

သူသည် ဖှေးထံမှ အတွင်းအားစွမ်းအင်များမှော်စွမ်းအင်များကို အာရုံခံနိုင်ခြင်းမရှိသည့်အတွက် သူဖှေးကိုအထင်သေးစွာဖြင့်ကြည့်လိုက်သည်။ ထို့နောက်တွင် ခန်းမဆောင်ထဲတွင်ရှိနေသည့်ပစ္စည်းများကို ကြည့်လိုက်၏။ ဤလူသည် ရတနာပစ္စည်းများ၊ လက်နက်များကို ပို၍စိတ်၀င်စားနေသည်မှာ ထင်ရှားလှသည်။

သို့သော် ခနအကြာတွင်။

လူငယ်မှော်ဆရာသည် တွန့်ဆုတ်နေကြသည့်သူ၏စစ်သည်များကို ကြည့်လိုက်သည်။ စစ်သည်များသည် သူ၏အမိန့်အတိုင်းဆောင်ရွက်ခြင်းမပြုကြသေးသောကြောင့်ပင်။

“ဟမ်။ ဘာလဲ။ မင်းတို့က ငါ့အမိန့်ကို လွန်ဆန်နေတာလား။” မှော်ဆရာလူငယ်သည် ဒေါသဖြစ်သွား၏။

“အရှင့်သား...သူ...သူက အစွမ်းထက်လွန်းပါတယ်။ ကျွန်တော်တို့ သူ့ကို မနိုင်ပါဘူး။...” လာဖာအမည်ရှိသည့်စစ်သည်သည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်လည်လျှောက်တင်လိုက်၏။

All Chapters