← Chapters

အခန်း (၃၄၈)

Vol. 24 Ch. 348

အခန်း (၃၄၈)

Vol. 24 Ch. 348

“မင်းတို့ကောင်တွေက စိတ်ပျက်စရာပဲ...” လူငယ်မှော်ဆရာသည် သူ၏လက်ဖ၀ါးကို လာဖာ၏နဖူးပေါ်သို့ ပိတ်ရိုက်လိုက်ရင်းဖြင့်ပြောလိုက်သည်။ မီးတိမ်တိုက်တစ်ခုသည် သူလက်ထဲတွင်ပေါ်လာပြီးချက်ချင်းပင် အသားမီးလောင်သည့်အနံ့များထွက်ပေါ်လာတော့သည်။ သနားစရာကောင်းသည့် စစ်သည်သည် နာကျင်စွာအော်ဟစ်ကာအသံနားခံနေသော်လည်း ဤကဲ့သို့ပြုမူခြင်းသည် သူမီးတောက်များထဲတွင် အသက်ရှင်နိုင်ရန်အတွက် ကူညီခြင်းမရှိပေ။ စက္ကန့်အနည်းငယ်ခန့် နှိပ်စက်ခံရပြီးနောက်တွင် သူ၏ခန္ဓာကိုယ်သည်လည်း ပြာပုံအဖြစ်သို့ပြောင်းလဲသွားတော့၏။ “မင်းဘာလုပ်နိုင်လို့လဲ...အမှိုက်သရိုက်။” လူငယ်သည် ရေရွတ်ရင်းဖြင့် သူ၏လက်ကို လက်ကိုင်ပ၀ါဖြင့်သုတ်လိုက်၏။

မြေအောက်လိုဏ်ဂူတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

စစ်သည်များအားလုံးသည် တုန်ခါရင်းဖြင့် ဤလူငယ်ကို ကြည့်နေကြသည်။ သူတို့သည် ဤလူ၏ရက်စက်မှုကို ကြောက်ရွံ့နေကြခြင်းဖြစ်သည်။ တုန့်ပြန်မှုတစ်ခုအနေဖြင့် သူတို့အားလုံးဒူးထောက်လိုက်ကြပြီး အသက်ပင်ရဲရဲမရှူရဲကြတော့ပေ။

“မင်းမီးလောင်ပြီးမသေချင်ဘူးဆိုရင်တော့ မင်းကိုယ်မင်းသတ်သေလို့ရပြီ။” လူငယ်သည် ဖှေးကိုပြုံးပြလိုက်သည်။

“ငါက သွေးစွန်းဂိုဏ်း၀င်တစ်ယောက်မဟုတ်ဘူး။” ဖှေးသူ၏ခေါင်းကို ခါရမ်းကာပြောလိုက်၏။

“မင်းကသွေးစွန်းဂိုဏ်း၀င်ဟုတ်တယ်မဟုတ်ဘူးဆိုတာငါ့အတွက်အရေးမကြီးဘူး။ မင်းငါ့မျက်စိရှေ့မှာသေသွားတာကိုပဲ မြင်ချင်တယ်...” လူငယ်သည် ထက်မံ၍ပြုံးလိုက်သည်။ သူသည် သူ၏ အထင်သေးသည့်အကြည့်ကို လုံး၀ပင်ကွယ်၀ှက်ထားခြင်းမရှိပေ။

“အမ် စိတ်၀င်စားစရာပဲ...” ဖှေးရယ်မောလိုက်သည်။ ချမ်းဘော့ဒ်ဘုရင်သည် သူ၏အရှေ့တွင်မာနထောင်လွှားနေသည့်လူများကိုမုန်းတီး၏။ “မင်းငါဘယ်သူလဲဆိုတာသိလား...”

“မင်းဘယ်သူလဲဆိုတာကို ငါသိစရာမလိုဘူး။ ငါဘယ်သူလဲဆိုတာကိုပဲ မင်းသိဖို့လိုတယ်။” လူငယ်သည် သူ၏မျက်နှာပေါ်တွင် အေးစက်သည့်အမူယာတစ်ခုဖြင့်ပြောလိုက်သည်။ “ငါမင်းကို သေစေချင်တယ်။ အဲ့အတွက်ကြောင့်မင်းသေရမယ်...”

“အိုး စိတ်၀င်စားစရာပဲ။ မင်းဘယ်သူလဲဆိုကို ငါ့ကို ပြောပြနိုင်မလား...” ဖှေးသည် ပြုံးနေလျှက်ပင်။

“အောက်တန်းစားမင်းကအတော်စကားများတဲ့ကောင်ပဲ...” မှော်ဆရာလူငယ်သည် စိတ်မရှည်တော့ပေ။ သူသည် သူ၏လက်ကိုအသာယာမြှောက်လိုက်သည်။ မီးတောက်များသည် သူ၏လက်ဖ၀ါးပေါ်တွင်ပေါ်လာတော့၏။ မီးတောက်သည် မြေအောက်လိုဏ်ဂူထဲတွင်ရှိနေသည့်အပူချိန်ကို များစွာတိုးမြှင့်လိုက်သည်။ မှော်ဆရာလူငယ်သည် မီးတောက်များကို ဖှေးထံသို့ညွှန်းလိုက်ပြီး သူ၏နာမည်ကိုပြောလိုက်သည်။ “ခရစ်စတယ်။ အင်ပါယာရဲ့ စတုတ္ထမင်းသားပဲ။ မင်းအခုငါ့နာမည်ကို သိသွားပြီဆိုတော့ သေပေတော့...”

“ဖုန်း...”

မီးတောက်များစွာသည် သူ၏လက်ဖ၀ါးမှစတင်ကာ ပြန့်နှံ့လာတော့၏။ မီးတောက်များသည် လူတိုင်းကို ခန်းမဆောင်တစ်ခုလုံးလောင်ကျွမ်းနေသလိုခံစားရစေ၏၏။ ထို့နောက်တွင် မီးတောက်များအားလုံးသည် လေထဲတွင်လည်ပတ်ကာ နဂါးတစ်ကောင်၏ပုံရိပ်ကို ဖန်တီးလိုက်သည်။ ထိုနဂါးသည် ဖှေးထံသို့ပျံသန်းလာပြီး ဖှေး၏ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံသွားတော့၏။

ဤသည်မှာ မီးဂုဏ်သတ္တိမှော်အစွမ်းတစ်ခုဖြစ်သည့် မီးနဂါးပင် ကြယ်လေးလုံးအမြင့်ဆုံးအဆင့်ခန့်အစွမ်းရှိသည့်စွမ်းအားတစ်ခုပင်။

ခရစ်စတယ်သည် စွမ်းအားကုန်သုံးတိုက်ခိုက်လိုက်ခြင်းမဟုတ်သော်လည်း ဤမီးနဂါးအစွမ်းသည် သူဂုဏ်အယူရဆုံးမှော်စွမ်းအင်တိုက်ခိုက်မှုတစ်ခုဖြစ်၏။

မီးတောက်များသည် သူမုန်းတီးသည့်ရန်သူကို ပြအဖြစ်သို့ပြောင်းလဲလိုက်သည့်အချိန်တိုင်းတွင် ခရစ်စတယ်သည် နာကျင်စွာအော်ဟစ်သံများကိုနားထောင်ရင်းဖြင့် စိတ်ကျေနပ်မှုကိုခံစားရမည်ဖြစ်သည်။

ယခုအချိန်တွင် သူသည် သူ၏ရှေ့တွင်ရှိနေသည်လူကို သူ့အားဖျော်ဖြေရန်စောင့်စားနေ၏။

သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏နားထဲတွင် ဂီတသံကဲ့သို့သော တစ်ဖက်လူ၏မီးလောင်ကျွမ်းကာ နာကျင်စွာအော်ဟစ်အကူညီတောင်းနေသည့်အသံများကို နားထောင်ရန်အတွက် မစောင့်နိုင်တော့ချေ။

သို့သော်...

စက္ကန့်အနည်းငယ်ခန့်ကုန်ဆုံးသွားသော်လည်း သူစောင့်မျှော်နေသည့် ဂီတသံများမှာထွက်ပေါ်လာခြင်းမရှိသေးပေ။

သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သူ့အားထိတ်လန့်အံ့သြသွားစေသည့်အရာတစ်ခုကို မြင်လိုက်ရတော့သည်။

မီးနဂါးအစွမ်းဖြင့်ဖန်တီးလိုက်သည့် မီးတောက်နဂါးကြီးမှာ ရုတ်တရက်တိတ်ဆိတ်သွားပြီး အရှေ့သို့ ဆက်လက်ရွေ့လျားနိုင်ခြင်းမရှိတော့ပေ။

လက်တစ်ဖက်သည် ပူပြင်းလှသည့်မီးတောက်နဂါး၏လည်ပင်းကို ကြောင်လေးတစ်ကောင်အားကိုင်နေသကဲ့သို့ဆုပ်ကိုင်ထားသည်။ အရာအားလုံးကို အရည်ပျော်အောင်လုပ်နိုင်သည့် ပူပြင်းလှသောမီးတောက်များသည် ကြောက်မက်ဖွယ်တစ်စုံတစ်ကို တွေ့ရှိသွားသည့်အတိုင်းပင် ငြိမ်းသက်သွားတော့၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ကြယ်လေးလုံးအဆင့်မှော်အစွမ်းဖြစ်သည့် မီးတောက်နဂါးမှာ ငြိမ်းသက်ခြင်းခံလိုက်ရတော့သည်။

ထိုကဲ့သို့ ငြိမ်းသက်ခဲ့သည့်နည်းလမ်းမှာ လက်တစ်ဖက်နှင့် ဖျစ်ညှစ်လိုက်ရုံသာဖြစ်သည်။

စတုတ္ထမင်းသား ခရစ်စတယ်၏မျက်လုံးများသည် ချက်ချင်းပင် ကျဥ်းမြောင်းသွားတော့၏။

သူသည် မာနထောင်လွှားသည့်လူတစ်ယောက်ဖြစ်သော်လည်း သူသည်စောက်ပိန်းတစ်ယောက်မဟုတ်ပေ။ သူ၏အရှေ့တွင်ရှိနေသည့်လူ၏စွမ်းအားမှာ သူမျှော်မှန်းထားသည်ထက်များစွာပင် ကြီးမားနေသည်မှာ ထင်ရှားလှသည်။ သူ၏ရန်သူသည် သူ၏တိုက်ခိုက်မှုကို လက်တစ်ဖက်ထဲဖြင့်ပင်တားဆီးလိုက်ကာ သူယှဥ်နိုင်မည့်သူမဟုတ်ကြောင်းကို တိတ်ဆိတ်စွာဖြင့်ပြသလိုက်သည့်အတွက်ပင်။

“မင်းကဘယ်သူလဲ...” ခရစ်စတယ်၏မျက်နှာသည် လေးနက်လာပြီးမေးလိုက်သည်။ သူသည် ဒုတိယအကြိမ်တိုက်ခိုက်မှုကိုမပြုလုပ်တော့ချေ။ သူသည် အစွမ်းကုန်သုံးတိုက်ခိုက်ပါက ပို၍အရှက်ကွဲလိမ့်မည်ကို သိရှိလိုက်သည့်အတွက်ပင်။

“မင်းပဲ ငါဘယ်သူလဲဆိုတာကို သိဖိုမလိုဘူးလို့ပြောခဲ့တယ်မလား...”

ဖှေးသူ၏လက်ကိုပြန်ချလိုက်ပြီးအပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်သည်။ သို့သော် ထိုအပြုံးသည် ခရစ်စတယ်၏မျက်လုံးထဲတွင် အားနည်းသည့်ပုံမရှိတော့ချေ။ ဤသည်မှာ မုန်တိုင်းမစတင်မီလေပြေတစ်ခုတိုက်ခိုက်နေသကဲ့သို့ပင်။

စတုတ္ထမင်းသားသည် စက္ကန့်အနည်းငယ်ခန့်ရပ်လိုက်ပြီး အကျည်းထန်သည့်မျက်နှာတစ်ခုနှင့်အတူပြောလိုက်သည်။ “စွမ်းအားကြီးတာက မင်းကို မင်းသာတစ်ပါးရဲ့အရှေ့မှာ မောက်မာဖို့အတွက် ခွင့်ပြုချက်မပေးဘူးနော်..”

“ဟားဟား မင်းသားဖြစ်တယ်ဆိုတာကလဲ စွမ်းအားကြီးတဲ့လူရဲ့ရှေ့မှာ လာမောက်မာဖို့အတွက်ခွင့်ပြုချက်မပေးပါဘူး။။ အရှင့်သား ငါခပ်ရှင်းရှင်းပဲပြောလိုက်မယ်။ အခုချိန်ကစပြီးတော့ ငါမင်းစီကနေဘာသံမှမကြားချင်တော့ဘူး။ မင်းရဲ့ရာထူးသေးသေးလေးတစ်ခုကြောင့်ငါ့ရှေ့မှာလာပြီး ပိုသာသလိုလာလုပ်ပြမနေနဲ့။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ မင်းဒီနေရာကနေအကောင်းအတိုင်းထွက်သွားနိုင်မှာမဟုတ်ဘူး။....” ဖှေး၀င်ပေါက်မှခြေသံများကို ထက်မံကြားလိုက်ရပြီး ဤမင်းသားငယ်အပေါ်တွင်စိတ်၀င်စားမှုပျောက်ဆုံးသွားတော့သည်။

“မင်း...”

စတုတ္ထမင်းသားသည် ဒေါသဖြစ်သွား၏။ သို့သော် ဒေါသနှင့်မာနတရားထို့သည် သူ၏ရန်သူ၏အေးစက်သည့်အကြည့်ကို မြင်လိုက်မိသည်နှင့်ပျောက်ကွယ်သွားတော့၏။ သူသည် ဂုဏ်ဆည်ရန်အတွက်ပင်မည်သည့်အရာကိုမှပြောရဲခြင်းမရှိတော့ပေ။

ခြေသံများပို၍ပို၍ကျယ်လောင်လာသည်နှင့်အမျှနောက်ထပ်လူအုပ်စုတစ်ခုရောက်ရှိလာ၏။

“အလတ်ဇန္ဒားပါလား။ ရှင်တောင်ဒီနေရာရောက်လာပြီ။ ကျွန်မကရှင့်ကိုရှာနေခဲ့တာ....” ပဲရစ်၏မျက်လုံးများသည် ဖှေးကိုမြင်လိုက်ရသည့်အချိန်တွင်လင်းလတ်သွား၏။ သူမသည် ပုံမှန်၀တ်နေကျအဖြူရောင်၀တ်စုံကိုပင်၀တ်ဆင်ကာ လက်ထဲတွင်နှင်းဆီပန်းတစ်ပွင့်ကို ကိုင်ထား၏။ သူမနှုတ်ဆက်လိုက်သည်။ “ဟီးဟီးဟီး ရှင် ဒီနေရာမှာရောက်နေတာတောင်ကြာပြီထင်တယ်...”

“အခုမှရောက်တာပါ...” ဖှေးတည်တည်ငြိမ်ငြိမ်ပင်ပြန်လည်ကာဖြေကြားလိုက်သည်။

ပဲရစ်၏နောက်တွင် [မုတ်ဆိတ်နီ] ဂရန်နယ်လိုနှင့် အင်ပါယာကင်းလှည့်တပ်ဖွဲ့မှသိုင်းဆရာစစ်သည်များစွာရှိနေကြသည်။ ဤလူများ၏အလည်တွင် မိန်းကလေးများထက်ပင် ပို၍လှပသည့်ခန့်ညားသည့်လူငယ်တစ်ယောက်သည် လက်ထဲတွင် မသန်စွမ်းခွေးလေးတစ်ကောင်ကို ကိုင်လျှက်ရှိနေ၏။ သူ၏ခြေလှမ်းများသည် အိပ်ငိုက်နေသကဲ့သို့ယိမ်းယိုင်နေလျှက်ရှိသည်။

ဖှေးမင်းသမီးတာနာရှာ၏ ကာကွယ်စောင့်ရှောက်သူတစ်ယောက်ဖြစ်သည့် သူရဲကောင်းကပ္ပတိန်ရိုမန်ကိုလည်းတွေ့လိုက်ရသည်။ သူသည် မင်းသမီးအနားမှကာကွယ်ပေးသူနောက်တစ်ယောက်ဖြစ်သော အစွမ်းထက်သည့်မိန်းမလှလေးဇီလျန်းကိုလည်း ပြန်လည်ကာတွေ့လိုက်မိသည်။ သူတို့၏ဘေးတွင် ရင်ဘက်တွင် သွေးသံမဏိစခန်းဟုစာတန်းထိုထားသည့် အမဲရောင်ချပ်၀တ်နှင့်စစ်သည်များလဲရှိနေကြ၏။ ဤစစ်သည်များအားလုံးသည် အနည်းဆုံးကြယ်သုံးလုံးအဆင့်ခန့်ရှိကြပြီး သူတို့သည် ဇီးနစ်စစ်ပွဲနတ်ဘုရားထိန်းချုပ်သည့် သွေးသံမဏိတပ်စခန်းမှကျွမ်းကျင်စစ်သည်များဖြစ်သည်ကို ဖှေးသိရှိလိုက်သည်။

ဤလူအုပ်စုနှစ်ခုအပြင် တိုက်ပွဲသုံးကြေးချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားသည့် သူရဲကောင်းတစ်ယောက်လဲရှိနေသည်။ သူ၏ခန္ဓကိုယ်သည် ပိန်ပိန်သွယ်သွယ်ဖြစ်ပြီး သူ၏ဆံပင်းများသည် ဦးဆောင်း၏အပြင်ဘက်တွင်လေပေေါ်၌လွှင့်ပျံလျှက်ရှိ၏။ သူ၏မျက်နှာပေါ်တွင် လျို့၀ှက်ထူးဆန်သည့် တောက်ပနေသောတလင်းကျောက်မျက်နှာဖုံးတစ်ခုကို၀တ်ဆင်ထားသည့်အတွက် လျို့၀ှက်ဆန်းကြယ်သည့်ပုံပေါက်နေသည်။ သူ၏အနောက်တွင် ကြေးချပ်၀တ်များနှင့် တလင်းကျောက်မျက်နှာဖုံးများ၀တ်ဆင်ထားကြသည့် ကျွမ်းကျင်စစ်သည်တပ်ဖွဲ့တစ်ခုလဲရှိနေသေးသည်။ သူတို့၏မျက်နှာများကိုမြင်နိုင်စွမ်းမရှိသောလည်း မျက်လုံးများအတွင်းမှတောက်ပနေကြသည့် အလင်းရောင်များကို ကြည့်ခြင်းဖြင့် သူတို့သည် တိုက်ပွဲပေါင်းများစွာကိုဖြတ်ကျော်ဖူးသည့်ကြောက်မက်ဖွယ်စစ်သည်များဖြစ်ကြောင်းကို ပြသနေ၏။

ဤလူများသည် မည်သည့်အဖွဲ့စည်းမှဖြစ်သည်ကို ဖှေးမသိရှိချေ။

ထို့နောက်တွင် မဟာဘုရားကျောင်း၀တ်ရုံတစ်ခုကို၀တ်ဆင်ထားသည့် သူတော်စဥ်တစ်ယောက်သည် လှေကားများထံမှဆင်းလာပြီး ခန်းမဆောင်အတွင်းသို့၀င်ရောက်လာ၏။ သူသည် ငြိမ်းချမ်းသည့်အသွင်ရှိပြီး သူ၏အမဲရောင်နှင့် အဖြူရောင်ရောစပ်ထားသည့် ၀တ်ရုံကိုအချိန်အတန်ကြာစွဲမြဲ၀တ်ဆင်ထားခဲ့ပုံရ၏။ ၀တ်ရုံပေါ်တွင် ဖာထေးထားသည့်အရာများစွာရှိနေပြီး ထိုအရာများသည် ၀တ်ရုံပေါ်တွင်ပွင့်နေသည့် နှင်းဆီပန်းများကဲ့သို့ပင်။ သူတော်စဥ်သည် အသက်ငါးဆယ်ခန့်အရွယ်ဖြစ်ပြီး သူ၏မုတ်ဆိတ်များနှင့် ဆံပင်များသည်အဖြူရောင်ဘက်သို့ကူးပြောင်းနေပြီဖြစ်သည်။ သူသည် ကောက်ရိုးဖြင့်ပြုလုပ်ထားသည့် ဖိနပ်တစ်ရံကို၀တ်ဆင်ထားပြီး သူ၏ခြေထောက်ပေါ်တွင်အမာရွတ်များစွာရှိနေသည်။ ထိုအမာရွတ်များသည်လည်း ၀တ်ရုံပေါ်မှချုပ်ရာများကဲ့သို့ပင် ရှေးကျသည့်အသွင်ကိုဆောင်လျှက်ရှိသည်။

“ဟမ် မဟာဘုရားကျောင်းကပဲ။ သူတို့တွေကရော ဒီစစ်ဆင်ရေးမှာပါ၀င်နေတာလား။ တစ်ခုခုကတော့ မူမမှန်တော့ဘူး။” ဖှေးသည် ပြင်ပတွင်တုန့်ပြန်မှုမရှိသော်လည်း သူ၏ဦးနှောက်ထဲတွင်မူ များစွာတွေးတောနေလျှက်ရှိသည်။

သူ၏အနောက်တွင်လူများစွာရှိနေသေးသည် ထိုလူများအားလုံးသည်စိတ်လှုပ်ရှားနေကြသည့်ပုံရှိသော်လည်း သူတော်စဥ်ကို ကျော်မတက်ရဲကြပေ။ ဤသည်မှာ မဟာဘုရားကျောင်း၏နာမည်တစ်ခုတည်းကြောင့်သာမဟုတ်ပေ။ သူတော်စဥ်အဖိုးထံမှ စွမ်းအားမြင့်သောအရှိန်၀ါတစ်ခုထွက်ပေါ်လာလျှက်ရှိပြီး ထိုအရှိန်၀ါသည်လူများကိုတုန်လှုပ်စေသောကြောင့်ပင်။ ဤစွမ်းအားသည် ကောင်းကင်ကဲ့သို့ ကျယ်၀န်းကာနေမင်းကဲ့သို့ပင် နွေးထွေးသည်။ ဖှေးကိုယ်တိုင်ပင် အထင်ကြီးသွားမိ၏။

သူတော်စဥ္အ်အဖိုးကြီးသည် မြေအောက်ခန်းမဆောင်အတွင်းသို့ဖြေးညင်းစွာဖြင့်လမ်းလျှောက်၀င်လာသည်။ သူသည် ဖှေးကိုတစ်ချက်ပြန်ကြည့်လိုက်ပြီးခေါင်းပြန်ငုံ့လိုက်သည်။ သူသည် မည်သူကိုမှကြည့်ခြင်းမရှိပေ။ သူသည် ဤနေရာတွင်ရှိနေသည့် မည်သူ့ကိုမှဂရုစိုက်သည့်ပုံမရပေ။ သို့သော် လူတိုင်းသည် သူ၏တည်ရှိနေမှုကို လျစ်လျူရှု၍မရကြပေ။

သူတော်စဥ်အဖိုးကြီးလှကားပေါ်မှဆင်းပြီးသည့်နောက်တွင် လူများစွာထက်မံ၍ပြေး၀င်လာကြ၏။

သူတို့သည် မြက်ရိုင်းပင်များကဲ့သို့ပင်ခံစားနေရ၏။ သူတို့အားလုံးသည် အလွန်ကြမ်းတမ်းရက်စက်သည့်ပုံရှိနေကြသည်။ သို့သော်သူတို့သည်လည်းပတ်၀န်းကျင်ကို ဂရုစိုက်ပုံရသည်။ သူတို့သည် တူညီသည့်၀တ်စုံများကို၀တ်ဆင်ထားသော်လည်း ကွဲပြားသည့်လက်နက်များကို ကိုင်ဆောင်ထားကြသဖြင့် အင်ပါယာကင်းလှည့်တပ်ဖွဲ့နှင့် သွေးသံမဏိတပ်ဖွဲ့တို့နှင့် အလွန်ကွဲပြားလျှက်ရှိသည်။ ဖှေးရင်းနှီးသည့်ခံစားချက်တစ်ခုကို ခံစားလိုက်မိသည်။ သူတို့သည် သွေးစွန်းဂိုဏ်း၀င်ကြေးစားစစ်သည်များကဲ့သို့ပင် ဖြစ်သည်ဟူသောအချက်ပင်။

သိပ်မကြီးမားသည့်မြေအောက်ခန်းမဆောင်ထဲတွင် လူပေါင်းတစ်ရာခန့်ရှိနေကြ၏။

သူတို့အားလုံးသည်တောင်လိုရာလိုပုံနေသည့် ရွှေငွေများ၊ မှော်တလင်းကျောက်များ လက်နက်တိုက်များကို ငေးကြည့်နေကြသည်။ သို့သော် မည်သူမှစကားပြောကြားခြင်းမရှိပေ။

အဖွဲ့တစ်ခုခြင်းစီတိုင်းသည် သူတို့နေသာသည့်နေရာတစ်ခုကို ရွေးချယ်ကာသတိအနေထားဖြင့်နေလျှက်ရှိကြသည်။

မမြင်နိုင်သည့်ဖိအားတစ်ခုသည် ခန်းမဆောင်ထဲတွင်ဖြေးညင်းစွာဖြင့် စတင်ပြန့်နှံ့နေ၏။

All Chapters