အခန်း (၃၄၉)
Vol. 24 Ch. 349
လေထုသည် တင်းမာ၍လေးလံကာ ကြောက်မက်ဖွယ်ကောင်းနေသည်။
ဖှေးသည် ထောင့်တစ်နေရာတွင်ရပ်နေရင်းဖြင့် ပတ်၀န်းကျင်ကို လေ့လာကြည့်ရင်းပြုံးနေ၏။ သူသည် ပထမဆုံးစကားပြောသည့်လူမဖြစ်လို့ချေ။
“ဟီးဟီးဟီး ဘယ်သူမှမပြောကြသေးဘူးူဆိုတော့ ကျွန်မကပဲ စပြီးပြောလိုက်ပါမယ်။” အစီစဥ္က်ကို စတင်ခဲ့သူတစ်ယောက်အနေဖြင့် ပဲရစ်သည် အဖွဲ့စည်းများအားလုံးကို စကားပြောလိုက်သည်။ ပဲရစ်သည် ရယ်မောကာအရှေ့သို့လမ်းလျှောက်ရင်းဖြင့် တိတ်ဆိတ်နေမှုကို ရပ်တံ့လိုက်သည်။ သူမသည်သာ စကားပြောရန်အတွက် အရည်ချင်းပြည့်မှီသူတစ်ယောက်ဖြစ်သောကြောင့်ပင်။
လူတိုင်း၏ အာရုံစိုက်မှုများသည် သူမ၏အပေါ်တွင်ကျရောက်နေရင်းဖြင့် သူမသည် ဖှေးထံသို့ လမ်းလျှောက်သွားရင်းဖြင့် အပြုံးတစ်ခုနှင့်ပြောလိုက်သည်။ “အလတ်ဇန္ဒားရှင့်ကိုလူတိုင်းနဲ့ မိတ်ဆက်ပေးပါးရစေ။ ဒီရက်ရောတတ်ပြီး စွမ်အားကြီးတဲ့သူတော်စဥ်ကြီးကတော့ မြင့်မြတ်သောတောင်ပေါ်မှာရှိတဲ့ မဟာဘုရားကျောင်းက သူတော်စဥ် ဘေးလ်ပါ။ သူက ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ် မစ်စတာ ကာကာရဲ့ခရီးစဥ်မှာ နောက်လိုက်အနေနဲ့လိုက်ပါလာခဲ့ပြီးတော့ မြို့တော်စိန့်ပီတာစဘာ့တ်ထဲမှာ ခန၀င်ပြီးအနားယူနေတာ။”
ဖှေးသည် တည်ငြိမ်စွာဖြင့်ပင် ခေါင်းငြိမ့်ပြလိုက်သော်လည်း စိတ်ထဲတွင် ထိတ်လန့်အံ့သြသွားမိသည်။
သူသည် ယခင်ကပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲခဲ့ပြီး ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်အဖြစ်ဟန်ဆောင်ခဲ့သည်။ သို့သော် အင်ပါယာထဲတွင် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ် အစစ်မှန်တစ်ယောက်ရှိနေလိမ့်မည်ဟုထင်မထားခဲ့သောကြောင့်ပင်။ မဟာဘုရားကျောင်းမှ ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်အနေဖြင့် မစ်စတာကာကာဆိုသူ၏ရာထူးဂုဏ်ရှိန်မှာ အလွန်မြင့်မားသူတစ်ယောက်ပင်။ ထို့ကြောင့်သူသည် သွေးစွန်းဂိုဏ်းပိုင်ဆိုင်မှုများကိုရရှိလို၍လာရောက်ခဲ့ခြင်းမဖြစ်နိုင်ပေ။ သူ၏အဆင့်၇ပါးကွပ်သားသူရဲကောင်းနှင့် တိုက်ခိုက်ခဲ့သည့်တိုက်ပွဲတွင် မဟာဘုရားကျောင်းမှလူများသည် သူ့အားအလွန်အကျွမ်းတ၀င်ဆက်ဆံခဲ့သည်ကို ပြန်လည်စဥ်းစားမိသဖြင့် ဖှေးနေရထိုင်ရမသက်မသာဖြစ်လာတော့သည်။ သူသည် သတိကြီးကြီးထားလိုက်၏။
ပဲရစ်မိတ်ဆက်ပေးသည်ကို ကြားလိုက်ပြီးသည့်နောက်တွင် သူတော်စဥ်ဘေးလ်သည် တည်ငြိမ်အေးချမ်းသည့်အမူယာဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါကတော့ မစ်စတာကန်ဒီပါ။ ဖယ်လွန်မိသားစုရဲ့ ကြေးလှံရှည်အစောင့်တပ်ဖွဲ့က နံပါတ်၁စစ်သည်တစ်ယောက်ပေါ့...” ပဲရစ်သည် ကြေး၀ါရောင်ချပ်၀တ်၀တ်ဆင်ထားသည့်အစောင့်စစ်သည်တစ်ယောက်ကို လက်ညိုးထိုးပြကာဖှေးနှင့်မိတ်ဆက်ပေးလိုက်သည်။
ဤဖယ်လွန်မိသားစုသည် သွေးစွန်းဂိုဏ်း၏နောက်ကွယ်တွင်ရှိနေသည့်အဖွဲ့စည်းကြီးများထဲမှတစ်ခုဖြစ်ပြီး သွေးစွန်းဂိုဏ်းသည် ဖယ်လွန်မိသားစုမှ သူတို့ကို စွန့်လွှတ်လိုက်မည်ဟုထင်မထားခဲ့ကြချေ။ ဖယ်လွန်မိသားစုသည်လည်း အခြေအနေသည် ထိန်မရဖြစ်လာတော့သည့်အတွက်သာ ဤကဲ့သို့ပြုလုပ်ခဲ့ကြပုံရသည်။ ပဲရစ်ပြောသည့်အချက်လက်များအရ ဖယ်လွန်မိသားစုသည် သွေးစွန်းဂိုဏ်း၏လူကုန်ကူးမှုလုပ်ငန်းများနှင့် ဆက်နွယ်နေခြင်းမရှိဟုဆိုသော်လည်း ဖှေးသည် ဤမိသားစုအပေါ်တွင်ကောင်းမွန်သည့်အမြင်မရှိတော့ပေ။
ကြေးလှံရှည်တပ်ဖွဲ့မှ နံပါတ်၁စစ်သည်ဖြစ်သူ ကန်ဒီသည်လည်း တလင်းကျောက်မျက်နှာဖုံး၏နောက်ကွယ်တွင် ဖှေးအားကောင်းမွန်သည့်အမြင်မရှိသည်မှာ ထင်ရှားလှသည်။ ဤလူသည် ပဲရစ်မိတ်ဆက်ပေးသည့်အချိန်တွင် နှာခေါင်းသာရှုံ့လိုက်ပြီးပြန်လည်ဖြေကြားခြင်းမရှိပေ။
သို့သော် ဖှေးမှာ ဂရုမစိုက်ချေ။ သူပဲရစ်ကိုအသိမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
“ဒီလူတွေကတော့ ကပ္ပတိန်ရိုမန်နဲ့ မစ် ဇီလျန်းတို့ပါ။ အရှင်တို့အရင်ကလဲ တစ်ယောက်နဲ့တစ်ယောက်တွေ့ဖူးကြပါတယ်။ ဒါကတော့ စတုတ္ထမင်းသား ခရစ်စတယ်။ သူ့ဘေးမှာရှိတဲ့ အမျိုးသမီးကတော့ ဘတ်ဂ်မိသားစုရဲ့အမွေဆက်ခံသူ ဘီယွန်းဆေးပါ။ အရှင် အဆင့်၇သူရဲကောင်းနဲ့တိုက်ပွဲပြီးတုန်းက သူမနဲ့လဲတွေ့ဖူးပြီးသားလို့ယုံကြည်ပါတယ်...” ပဲရစ်ဖှေးအားဆက်ဆံနေသည့်ပုံမှာ အလွန်တရင်းတနီးရှိလှသည်။ သူမနှင့်ဖှေးတို့သည့် ချစ်သူစုံတွဲများကဲ့သို့ပင်ဟုလူတိုင်းခံစားနေမိကြ၏။ သူမသည် ဖှေးအနားတွင်နီးကပ်စွာရပ်နေရင်းဖြင့် လူတိုင်းနှင့်မိတ်ဆက်ပေးနေ၏။ “ဒီမစ်စတာတွေကတော့ ချမ်းဘော့ဒ်တိုင်းပြည်က တစ်ခြားကြေးစားစစ်သည်အဖွဲ့ကြီးတွေရဲ့ခေါင်းဆောင်တွေပါ။ ဒီမစ်စတာကတော့ မြို့တော်စိန့်ပီတာစဘာ့တ်ထဲမှာရှိတဲ့ ဆိုရိုကုန်သွယ်ရေးအဖွဲ့ရဲ့ ကာကွယ်စောင့်ရှောက်သူ လာဒီနိုပါ။”
ယခုအချိန်မှသာ စတုတ္ထမင်းသားခရစ်စတယ်သည် ဤလူငယ်ဘယ်သူဖြစ်သည်ကို သိရှိလိုက်ခြင်းပင်။ သူ့အားပြန်လည်ကာ အာခံရဲသည့်လူငယ်သည် လက်တလောတွင်နာမည်ကြီးနေသည့် ချမ်းဘော့ဒ်ဘုရင်ပင်။ ဤလူလုပ်ခဲ့သည်များကို ပြန်တွေးကြည့်ပြီးသည့်အချိန်တွင် သူရဲကောင်းနန်းတော်ကိုပင် ရန်စရဲသဖြင့် သူ့အားကြောက်လန့်ခြင်းမရှိသည်မှာ သိပ်မဆန်းဟုခံစားမိလာ၏။
သို့သော် ဖှေးဘယ်သူဖြစ်သည်ကို သိရှိပြီးသည့်နောက်တွင် မင်းသား၏ပြိုင်ဆိုင်လိုစိတ်မှာ ပို၍ပင် ကြီးမားလာတော့သည်။
သူတို့နစ်ယောက်လုံးသည် လူငယ်မျိုးဆက်များထဲတွင် ပါရမီရှင်များပင်ဖြစ်သည်။ သို့သော် ခရစ်စတယ်သည် ရွှေဇွန်းကိုက်ကာ မွေးဖွားလာသည့်အင်ပါယာ၏တော်၀င်မျိုးနွယ်တစ်ဦးပင်။ သူငယ်စဥ်ကတည်းက မြှောက်ပင့်သည့်စကားလုံးများကိုသာ ကြားခဲ့ဖူးသည့်အတွက် အဖွဲ့၀င်တိုင်းပြည်တစ်ခုမှ ဘုရင်တစ်ပါးသည် သူ့အားကြောသည်ကို လုံး၀င် ခွင့်ပြုမည်မဟုတ်ပေ။
အခိုက်တန့်တစ်ခုစာခန့် ရက်စက်သည့်အလင်းရောင်တစ်ခုသည် ခရစ်စတယ်၏မျက်လုံးများထဲတွင်လင်းလတ်သွား၏။
“ကျွန်မတို့မူလအစီစဥ်အရ ချမ်းဘော့ဒ်တိုင်းပြည်က သွေးစွန်းဂိုဏ်းကိုရှင်းပြီးပြီဆိုရင် ပိုက်ဆိုင်မှုတွေရဲ၃၀ရာခိုင်နှုန်းကို ရပိုင်ခွင့်ရှိတယ်။ မင်းသားကြီးနဲ့ ဒုတိယမင်းသားတို့က တစ်ယောက်ကို ၁၅ရာခိုင်နှုန်းစီရမယ်။ သူတော်စဥ်ဘေးလ်က ၁၀ရာခိုင်နှုန်းရပြီးတော့ ဘတ်ဂ်မိသားစုက ၁၀ရာခိုင်နှုန်း၊ စတုတ္ထမင်းသားက ၁၀ရာခိုင်နှုန်း ကျန်တဲ့၁၀ရာခိုင်နှုန်းကို ကြေးစားစစ်သည်အဖွဲ့တွေနဲ့ ဆိုရိုကုန်သွယ်ရေးအဖွဲ့က ခွဲယူကြလိမ့်မယ်။ ကျွန်မတို့လက်ရှိအစီစဥ်နဲ့ပဲ ခွဲကြတာပေါ့။ မေးစရာရှိသေးလား...”
ပဲရစ်မှ ကြေငြာလိုက်၏။
“ကျွန်တော်ကတော့ မေးစရာမရှိပါဘူး။” ကပ္ပတိန်ရိုမန်မှ ပထမဦးစွာဖြေကြားလိုက်၏။ သူသည် သူ၏ကလေးမျက်နှာနှင့်အတူပြုံးလျှက်ရှိနေဆဲပင်။ သူသည် ဖှေးအားကြည့်ကာ နှုတ်ဆက်လိုက်သည်။ “မတွေ့တာကြာပြီနော်အရှင်းမင်းကြီး။ အရှင်ကမြို့တော်ထဲမှာ နာမည်ကြီးလားပြီး ယနေ့ညမှာ လက်စားချေနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...”
သူ၏ဘေးတွင်အမြဲတန်းအေးစက်သည့်အမူယာရှိနေတတ်သည့် ခရမ်းရောင်စုံနှင့်ကောင်မလေးဇီလျန်းသည်လည်း ရှားပါးသည့်အပြုံးတစ်ခုကိုပြုံးပြလိုက်သည်။ သူမသည်လည်း ဖှေးကို ခေါင်းငြိမ့်ကာနှုတ်ဆက်လိုက်၏။
ဖှေးယဥ်ကျေးစွာဖြင့် ပြန်လည်ပြုံးပြကာ ပြောလိုက်၏။ “ကျေးဇူးပါပဲ...”
“ဘုရားသခင် ဆုံးမခဲ့တာက လောဘဆိုတာလဲကြီးလေးတဲ့အပြစ်တစ်ခုပဲတဲ့။ ကျွန်တော် ဒီအစီစဥ်နဲ့ပတ်သက်ပြီးတော့ ပြသနာမရှိပါဘူး။” မဟာဘုရားကျောင်းမှ သူတော်စဥ်ဘေးလ်သည် အောက်သို့ငုံ့ကြည့်နေလျှက်ပင် ညင်သာသည့်အသံတစ်ခုဖြင့် ပြန်လည်ကာ ဖြေကြားလိုက်၏။
“ဟမ်း..” ကန်ဒီမျက်နှာမဲ့လိုက်သည်။ သူသည် ဤကိစ္စနှင့်ပတ်သက်၍ သိပ်ပြီးသဘောကျခြင်းမရှိပေ။ သွေးစွန်းဂိုဏ်သည့်ယခင်က ဖယ်လွန်မိသားစု၏ထိန်းချုပ်မှုအောက်တွင်ရှိသည့် အဖွဲ့စည်းတစ်ခုပင်။ သို့သော် ယခုအချိန်တွင် တစ်ခြားလူများ၏ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ရတနာများကိုလည်း တစ်ခြားလူများနှင့် ၀ေမျှရဦးမည်ဖြစ်သည်။ ကန်ဒီသည် ဖှေးအားမြင်သည့်အချိန်တွင် ဒေါသဖြစ်နေသော်လည်း ဤကိစ္စသည် အထက်မှခေါင်းဆောင်များနှင့် ကြိုတင်ကာ ညှိနှိုင်းထားခြင်းဖြစ်သည့်အတွက် သူဘာမှမပြောရဲပေ။
“ကျွန်တော်တို့ဆိုရိုကုန်သွယ်ရေးအဖွဲ့ကလည်း မူလအစီစဥ်နဲ့သဘောတူပါတယ်။” ကာကွယ်စောင့်ရှောက်သူ လာဒီနိုမှာ ပိန်ပိန်ပါးပါးအဖိုးကြီးတစ်ယောက်ဖြစ်သည်။ သူသည် ထိုကဲ့သို့ပြောရင်းဖြင့် ဖှေးကို ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် အလွန်ခင်မင်ရင်းနီးတတ်သည့်လူတစ်ယောက်အတိုင်းပင်။
မင်းသမီး၏ကိုယ်စားလှယ်များဖြစ်ကြသည့်-ကပ္ပတိန်ရိုမန်၊ မဟာဘုရားကျောင်းမှ သူတော်စဥ်ဘေးလ်၊ ဒုတိယမင်းသား၏ကိုယ်စားလှယ်များဖြစ်ကြသည့် ပဲရစ်တို့မှာ ဖှေးဘက်မှဖြစ်ကြသည်။ သူတို့အားလုံးသွေးစွန်းဂိုဏ်းကို ဖျက်ဆီးလိုကြသည်။ ထို့ကြောင့် ဖယ်လွန်မိသားစုသည် မည်ကဲ့သို့မှမတတ်နိုင်တော့ချေ။
သို့သော် ဤအခိုက်တန့်တွင်---
“ခနနေဦး ငါတစ်ခုပြောစရာရှိတယ်...” စတုတ္ထမင်းသားခရစ်စတယ်သည် ရုတ်တရက်ထပြောလိုက်သည်။
ဖှေးအနည်းငယ်မျက်မှောင်ကြုံ့လိုက်၏။
သူမသည် ခရစ်စတယ်ဤကဲ့သို့ ပြုမူမည်ဖြစ်ကြောင်းကို ကြိုသိပြီးသည့်အတိုင်းပင် ပဲရစ်၏မျက်နှာအမူယာသည် ပြောင်းလဲခြင်းမရှိပေ။ သူမသည် နှင်းဆီပွင့်ဖက်တစ်ခုကို ဖြုတ်ယူလိုက်ပြီးမြေပေါ်သို့ပစ်ချလိုက်သည်။ ထို့နောက်တွင် သူမရယ်မောလိုက်ပြီး “အရှင့်သား...အရှင့်သားဘာပြောချင်လို့လဲ...”
သူမ၏အသံနေအသံထားမှာညင်သာသည် သူမ၏အပြုမူများမှာ သဘာ၀အတိုင်းပင် သူမသည် စတုတ္ထမင်းသားအားအရေးကြီးလူတစ်ယောက်အနေဖြင့် မမြင်သည့်အတိုင်းပင်။
တကယ်တန်းတွင် ဒုတိယမင်းသားတစ်ယောက်မှလွဲ၍ ပဲရစ်သည်မည်သူကိုမှ ဂရုစိုက်ခြင်းမရှိပေ။ သူမ၏လှပသည့်ခန္ဓာကိုယ်နှင့် ရုပ်ဆင်းသွင်ပြင်တို့ကြောင့် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် သူမအားလိုချင်သူများစွာရှိနေကြသည်။ သို့သော် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် လူများစွာသည်လည်း သူမ၏အကြံစည်ဗျူဟာများကြောင့် သူမကို မုန်းတီးနေကြသည်။ သို့သော် မည်သူမှ သူမကိုထိပါးလာရဲခြင်းမရှိပေ။ သူမ၏နောက်တွင် ခွေးရူးကဲ့သို့ မုတ်ဆိတ်နီနှင့် မည်သည်ကိုမှဂရုမစိုက်ပဲ အင်ပါယာအရှင်သခင်ယရှင်း၏ချစ်မြတ်နိုးခြင်းကို ခံရသည့် မင်းသားဒိုမင်ဂူတို့ရှိနေသည့်အတွက်ပင်။
ပဲရစ်ပွင့်ဖက်တစ်ဖက်ကို ချွေလိုက်သည်ကို တွေ့လိုက်ရသည့်အချိန်တွင် လူတစ်ချို့၏မျက်နှာများမှ အရောင်ပြောင်းလဲသွားကြ၏။
မင်းသားခရစ်စတယ်၏မျက်နှာသည်လည်း အနည်းငယ်ခန့်ပြောင်းလဲသွားသည်။ သူရုတ်တရက်ကောလဟာလတစ်ခုကို သတိရလိုက်ပြီး ဤသည်မှာ မည်သည့်အဓိပ္ပါယ်ဖြစ်ကြောင်းကို သိလိုက်သည့်အတွက်ပင်။ သို့သော် သူခနတာခန့်တွန့်ဆုန်ပြီးနောက်တွင် သူ၏နောက်ကြောကိုမက်လိုက်ပြီး ပြောလိုက်သည်။ “ငါတို့ဒီနေရာကို၀င်လာတုန်းက ချမ်းဘော့ဒ်ဘုရင်က ဒီမှာရောက်နေပြီးနေပြီ။ သူက ငါတို့တစ်ယောက်မှမရောက်သေးခင်ဒီနေရာမှာရောက်နေတယ်ဆိုတာ အသေချာပဲ။ သူက ရတနာတစ်ချို့ကို ယူပြီးပြီလားဆိုတာကို ငါတို့သေသေချာချာပြောလို့မရဘူး။”
“အရှင့်သားပြောတာမှန်တယ်...” အရပ်ပုပုနှင့် အသက်လက်ပိုင်းအရွယ်လူတစ်ယောက်သည်လည်း ၀င်ရောက်ထောက်ခံလိုက်သည်။ သူမင်းသားပြောသည်ကို ကြားသည့်အချိန်တွင် သူ၏မျက်လုံးများမှာတောက်ပသွား၏။
သူသည် ဘရူနိုပင်။ မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် အကြီးဆုံးကြေးစားစစ်သည်အဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ယောက်ပင်။
တစ်စုံတစ်ယောက်မှာ သူ့အားထောာက်ခံပေးနေသည့်အတွက် ခရစ်စတယ်သည် ပို၍ပင်ယုံကြည်ချက်ရှိလာတော့သည်။ ဂုဏ်ယူနေသည့်အမူယာတစ်ခုဖြင့် သူသည် ဆက်ပြောနေသည်။ “ဥပမာအနေနဲ့ ဒီမှာက ပိုပြီးတော့အဖိုးတန်တာတစ်ခုရှိနေပြီးတော့ တစ်ယောက်ယောက်က ကြိုပြီးတော့ယူထားမယ်ဆိုရင် ဒီမှာကျန်ခဲ့တဲ့ဟာတွေက ပိုပြီးတန်ဖိုးနည်းတဲ့ဟာတွေဖြစ်နေမှာပေါ့။ ဟားဟား ငါသိရသလောက်ဆိုရင် ချမ်းဘော့ဒ်ဘုရင်မှာ ပစ္စည်းသိမ်းတဲ့မှော်လက်စွပ်တစ်ခုရှိနေတယ်လို့ကြားတယ်...”
သူဖှေး၏ညာဘက်လက်တွင်၀တ်ဆင်ထားသည့် လျို့၀ှက်ထူးဆန်းသည့်မှောက်လက်စွပ်ကို ကြည့်ရင်းဖြင့်ပြောလိုက်သည်။
“ဒါကအမှန်ပဲလား။ ချမ်းဘော့ဒ်ဘုရင် ငါတို့ထက်အရင်ရောက်နေတာလား...” နောက်ဆုံးတွင် အခွင့်ရေးတစ်ကိုတွေ့သွားသည့်အတွက် ကြေးလှံရှည်တပ်ဖွဲ့မှကန်ဒီသည်လည်းစိတ်လှုပ်ရှားလာတော့သည်။ သူ၏စစ်သည်များကို မေးမြန်းကြည့်လိုက်ပြီး တူညီသောကောက်ချက်ကိုပင် ချလိုက်၏။
ထို့နောက်တွင် ခရစ်စတယ်သည် ပို၍ပင်ထောင်လွှားလာတော့သည်။ သူသည် ဖှေးအားကြည့်လိုက်ပြီး “ဟီးဟီး ဒါကတစ်ခုပဲရှိသေးတယ်။ နောက်တစ်ခုက ငါတို့က သွေးစွန်းဂိုဏ်းရဲ့ပိုင်ဆိုင်မှုတွေကို ခွဲ၀ေကြမယ်လို့သဘောတူထားတာ။ ချမ်းဘော့ဒ်ဘုရင်က သွေးစွန်းဂိုဏ်းရဲ့အဆောက်ဦးတော်တော်များများကို မီးနဲ့ရှို့လိုက်တာ ငါတို့မျက်မြင်ပဲ။ ဒီဆုံးရှုံးမှုတွေကိုလည်း ချမ်းဘော့ဒ်ဘုရင်ရဲ့ ခွဲတမ်းထဲက ငါတို့နုတ်ယူသင့်တယ်။”
“အရှင့်သားမှန်တယ်...”
“အန်း အရှင့်သားပြောတာ အဓိပ္ပါယ်ရှိတယ်...”
မီးတောက်တွေ့ သွေးစွန်းဂိုဏ်းရဲ့ပိုင်ဆိုင်မှုတော်တော်များများကို ဖျက်ဆီးပစ်လိုက်တာပဲ။ အပျက်စီးပုံတွေပဲကျန်ခဲ့တယ်။
လူအုပ်ထဲမှ လူများစွာသည် ခရစ်စတယ်နှင့် သဘောတူကြသည်။ ထိုလူများသည် ကြေးစားစစ်သည်အဖွဲ့များမှာဖြစ်ကြ၏။