← Chapters

အခန်း (၃၅၀)

Vol. 24 Ch. 350

အခန်း (၃၅၀)

Vol. 24 Ch. 350

မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိနေသည့် ကြေးစားစစ်သည်အဖွဲ့များအားလုံး၏နော

က်ကွယ်တွင် ဆွေကြီးမျိုးကြီးမိသားစုများရှိနေကြသည်။ ဤမိသားစုများသည် ချ

မ်းဘော့ဒ်တိုင်းပြည်သွေးစွန်းဂိုဏ်းကို ဖျက်သိမ်းနိုင်လိမ့်မည်ဟု ထင်မထားခဲ့ကြချေ။

ချမ်းဘော့ဒ်တိုင်းပြည်သည် သွေးစွန်းဂိုဏ်းကို များစွာအင်အားချိနဲ့ရုံသာပြုလုပ်နိုင်ကြပြီး

နှစ်ဖက်လုံးအတွင် အထိခိုက်အကျဆုံးများပြားလိမ့်မည်ဟုထင်ခဲ့ကြသည်။ ဤကဲ့သို့

အကျဆုံးများပြားမည်ဆိုပါက ချမ်းဘော့ဒ်တိုင်းပြည်သည် ပိုင်ဆိုင်မှု၏၃၀ရာခိုင်နှုန်းယူ

သင့်သည်မှာ ထိုက်တန်၏။ သို့သော် ချမ်းဘော့ဒ်တိုင်းပြည်သည် သွေးစွန်းဂိုဏ်းကို

လွယ်ကူစွာဖြင့်ဖျက်ဆီးနိုင်လိုက်သည်ကို မြင်တွေ့လိုက်ရပြီးသည့်နောက်တွင် သူတို့သည်

ချမ်းဘော့ဒ်တိုင်းပြည်ကို ၃၀ရာခိုင်နှုန်းပေးရန်မကြည်ဖြူကြတော့ပေ။ ချမ်းဘော့ဒ်တိုင်း

ပြည်၏ ရပိုင်ခွင့်ကို လျှော့ချရန်အတွက် အကြောင်းပြချက်တစ်ခုရှာတွေ့လိုက်သည့်

အတွက်ကြောင့် သူတို့အားလုံးထိုအကြောင်းပြချက်ဖြင့် စွပ်စွဲကြတော့၏။

ပဲရစ်၊ ကပ္ပတိန်ရိုမန်၊ ဇီလျန်း၊ အဖိုးကြီးလာဒီနိုနှင့် သူတော်စင်ဘေးလ်တို့သာ တိတ်

ဆိတ်နေကြသည်။

ဤလူငါးယောက်သည် ချမ်းဘော့ဒ်တိုင်းပြည် သူတို့ဘုရင်၏အကူညီမပါပဲဖြင့်ပင်

သွေးစွန်းဂိုဏ်းကို လွယ်ကူစွာဖြင့်သိမ်းပိုက်လိုက်သည်ကို မြင်တွေ့ခဲ့ရသည်။ ချမ်းဘော့

ဒ်ဘုရင်လက်အောက်မှ ကျွမ်းကျင်စစ်သည်များနှင့် မှော်ဆရာများသည် ထူးခြားသည့်

အစွမ်းများကို ပိုင်ဆိုင်ထားကြ၏။ အထူးသဖြင့် မျက်နှာဖုံး၀တ်ဆင်ထားသည့်မှော်ဆ

ရာပင်။ သူ၏ သိုင်းကွက်များနှင့် မှော်အစွမ်းတို့မှာ စွမ်းအားမြင့်မားလွန်းလှသည်။

ဤအစွမ်းများနှင့်ချမ်းဘော့ဒ်ဘုရင်၏အစွမ်းများနှင့်ပေါင်းစပ်လိုက်ပါက မြို့တော်စိန့်ပီတာ

စဘာ့တ်ထဲတွင်နှစ်ပေါင်းရာနှင့်ချီနေထိုင်နေကြသည့် ဆွေကြီးမျိုးကြီးမိသားစုများကိုပင်ရ

င်ဆိုင်နိုင်၏။ ဤကဲ့သို့အခြေအနေအောက်တွင် ၃၀ရာခိုင်နှုန်းခွဲတမ်းဆိုသည်မှာ

လုံလောက်မှုမရှိပေ။ သူတို့သည် ဤအင်အားအသစ်များကိုသာ သူတို့ဘက်ပါအောင်

ဆွဲဆောင်နိုင်ပါက ယနေ့တွင် ဤနေရာတွင်ရှိနေကြသည့်အဖွဲ့စည်းများသည် မျက်စိ

ရှေ့မှောက်တွင်ရှိနေသည့် အမြတ်ငွေကြေးအနည်းငယ်အား ဂရုစိုက်ခြင်းမရှိကြချေ။

ဆိုရိုကုန်သွယ်ရေးအဖွဲ့သည်ဤမျှငွေကြေးပမာနကို ဂရုစိုက်ခြင်းမရှိပေ။ မန်နေဂျာဟ

ယ်ရီထံမှ တင်ပြချက်ကို သိရှိပြီးသည့်နောက်တွင် သူတို့သည် ဖှေးအပေါ်တွင်သာပို၍

စိတ်၀င်စားကြသည်။ ထို့ကြောင့် ဇီးနစ်အင်ပါယာဌာနခွဲမှ ကာကွယ်စောင့်ရှောက်သူ

သည် ဤနေရာသို့ ဖှေးအားလေ့လာအကဲခတ်နိုင်ရန်သာ လာခဲ့ခြင်းဖြစ်သည်။

ဤလျို့၀ှက်ထူးဆန်းပြီးစွမ်းအားမြင့်မားသည့် သူတော်စဥ်ဘေးလ်ဆိုသူမှာလည်း ဆု

တောင်းနေသကဲ့သို့ သူ၏မျက်နှာကို အမြဲငုံ့ထား၏။ သူသည် တစ်စုံတစ်ခုကို ရွတ်

ဆိုနေလျှက်ရှိသည်။ ထိုလူမည်သည့်ဘက်ကဆိုသည်ကို မည်သူမှသိရှိနိုင်ခြင်းမရှိပေ။

အမြင်ကျယ်သည့်လူများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျှက်သာရှိနေကြ၏။

စတုတ္ထမင်းသား ခရစ်စတယ်သည်လည်းအင်ပါယာထီးနန်းကို ရရှိရန်အတွက် ရည်မှ

န်းထားသည်မှာ ရယ်စရာကောင်းလှသည်။ သူသည် အင်အားစုများ၊ ဆွေကြီးမျိုးကြီး

မိသားစုများကိုစည်းရုံးရင်းဖြင့် သူ၏အရှိန်၀ါကိုမြင့်မားရန်အတွက်ကြိုးစားနေခဲ့သည်။

သူသည် အကြီးဆုံးမင်းသားနှင့် ဒုတိယမင်းသားတို့ကိုအမှီလိုက်ကာ ထီးနန်းကိုယှဥ်ပြို

င်သည့်နေရာတွင် အခွင့်ရေးတစ်ခုရလိုသည်။ အကယ်၍သူသည်သာ ဖှေး၏ထောက်

ခံမှုကိုရရှိပါက သူ၏အခြေအနေသည် ထီးနန်းလုပွဲတွင်များစွာပြောင်းလဲသွားနိုင်သည်။

သို့သော်လည်း သူသည် ဖှေးအားစည်းရုံးရမည့်အစား ဖှေးအားတွန်းထုတ်လွှတ်လိုက်

ခြင်းပင်။

ဤကဲ့သို့သောလူမျိုးသည် မိမိကိုယ်မိမိအထင်ကြီးနေရုံသာရှိနေ၏။ အမျှော်မြင်နည်း

လှသဖြင့် ထီးနန်းအတွက် ယှဥ်ပြိုင်ရာတွင် သူ့အတွက်အခွင့်ရေးတစ်ခုမှရှိလိမ့်မည်မ

ဟုတ်ပေ။

ဤနေရာတွင်ရှိနေသည့်အဖွဲ့စည်းများအားလုံးလဲ ဤအချက်ကို သတိထားမိကြသည်။

ဖှေးနှင့် စတုတ္ထမင်းသားတို့သင့်မြတ်ခြင်းမရှိသည်ကိုမြင်ရသည်မှာ သူတို့အတွက် ပျော်

ရွှင်ဖွယ်ပင်။

ဤသည်မှာ မြို့တော်စိန့်ပီတာစဘာ့တ်၏နိုင်ငံရေးလာကပင်။

ဖှေးသည်နောက်ကွယ်မှနိုင်ငံရေးအခြေအနေများကို မသိရှိသော်လည်း ဤမင်းသားကို

ကြည့်မရချေ။ ထို့ကြောင့် သူရှေ့သို့လမ်းလျှောက်သွားလိုက်ပြီးသူ့အားအတိုက်ခံလုပ်

နေသူများကို ကြည့်ကာပြုံးလိုက်သည်။ “မင်းတို့ကောင်တွေက အဲ့အကြောင်းပြချက်ကို

ပြောနေတော့ ဘယ်လိုဖြစ်သင့်တယ်ထင်တာလဲ...”

“ရှင်းပါတယ်။ ပထမဆုံးအနေနဲ့ ငါတို့တွေက မီးလောင်သွားတဲ့ဆုံးရှုံးမှုတွေကို မင်းရဲ့

ရပိုင်ခွင့်ထဲကနေနုတ်ယူရမယ်။ မင်းက မီးရှို့ခဲ့တဲ့လူဆိုတော့ အဲ့အချက်နဲ့ပတ်သက်

ပြီးတော့ တာ၀န်ယူသင့်တယ်လေ။”

မင်းသားသည် ဖှေးကိုကြည့်လိုက်ရင်းဖြင့် ဖြေးညှင်းစွာပြောလိုက်သည်။

ဤအချိန်တွင်သူ၏ မာနထောင်လွှားသည့်အမူယာမှာမျက်နှာပေါ်တွင် ပြန်လည်ရောက်

ရှိလာ၏။ သူသည် အရာအားလုံးကိုထိန်းချုပ်ထားနိုင်သည့်ပုံဖြင့်ပြောလိုက်ကာ

ဖှေးအားအထင်သေးစွာကြည့်လိုက်သည်။ ဖှေးသူ့အားလွှမ်းမိုးနိုင်ခဲ့စဥ်က သူခံစားနေခဲ့

ရသည့်မကောင်းသည့်ခံစားချက်များသည် ယခုအချိန်တွင်ပျောက်ကွယ်သွားပြီဖြစ်သည်။

သူသည် ဤနေရာတွင်ရှိနေသည့်လူများသည် မည်သူများဖြစ်သည်ကိုသိရှိသည်။ သူ

သည် ထိုလူများကိုစည်းရုံးရန်သာလိုအပ်၏။ ဖှေးသည်ဤနေရာတွင်ရှိနေသည့်လူ

များအားလုံးကို တိုက်ခိုက်ရဲလိမ့်မည်ဟုမထင်ချေ။

ဤသည်မှာ ဖိအားနှင့်အရှိန်တို့အကြားယှဥ်ပြိုင်မှုပင်။

အရှိန်၀ါသည် ဘုရင်တစ်ဆူပင်။

“ဟားဟားဟား ဒါက ဗျူဟာနဲ့အရှိန်၀ါပဲ။ ချမ်းဘော့ဒ်ဘုရင် မင်းက ၀ေးလံခေါင်

ဖျားတဲ့နေရာက တောသားတစ်ယောက်ပါပဲ။ မင်းက ငါ့ရှေ့မှာ ဘာလို့အဲ့လိုပုံလာလု

ပ်ရဲနေတာလဲ။ ငါမင်းကို နင်းခြေပြီးတော့ ဒီနေရာမှာရှိတဲ့လူတိုင်းကို ငါ့ရဲ့အရှိန်၀ါနဲ့

ဂုဏ်သရေကိုပြလိုက်မယ်။ ငါ့ကိုမထောက်ခံတဲ့ ဆွေကြီးမျိုးကြီးမိသားစုတွေကိုလဲ

ငါဘာကောင်လဲဆိုတာပြလိုက်မယ်။ အင်ပါယာအရှင်သခင်ယရှင်းတဲ့ စတုတ္ထမြော

က်သား အန်ဒရူး-ခရစ်စတယ်က စစ်တပ်အစုတ်အပြတ်ရဲ့ခေါင်းဆောင်အာရှဗင်နဲ့

ခွေးရူးဒိုမင်ဂူတို့နဲ့ ယှဥ်နိုင်တယ်ဆိုတာကို ပြရသေးတာပေါ့။” သူသည် ဖှေးအားရန်

စသည့်အမူယာဖြင့်ကြည့်ရင်းဖြင့် တွေးလိုက်မိ၏။

ဖှေးရယ်မောကာပြန်လည်တုန့်ပြန်လိုက်သည်။ “သွေးစွန်းဂိုဏ်းကို ဖျက်ဆီးဖို့ဆိုရင်

ပေးဆပ်မှုတွေကတော့ရှိရမှာပေါ့။ ငါ့မှာလူအင်အားလုံလုံလောက်လောက်မရှိဘူး။ အဲ့

အတွက်ကြောင့် ငါမီးကို အသုံးပြခဲ့တာပဲ။ မင်းတို့ကောင်တွေကိုယ်တိုင်ဒီမှာ သွေးစွန်း

ဂိုဏ်းကိုဖျက်ဆီးမယ်ဆိုရင် ထိခိုက်မှုက ပိုပြီးတော့တောင်ကြီးမားလိမ့်ဦးမယ်။ အဲ့

တာကြောင့် ဒီဆုံးရှုံးမှုတွေကို ငါလျှော်စရာမလိုဘူး။”

ဤနေရာတွင်ရှိနေသည့် ရတနာများမှာ ဖှေးအတွက်အရေးမကြီးလှသော်လည်း သူ

သည် သူ၏ဂုဏ်သရေကို ဆက်လက်ထိန်းသိမ်းရဦးမည်ဖြစ်သည်။ ဤနေရာတွင် အ

ရှိန်၀ါကြီးမားသည့် အဖွဲ့စည်းများစွာရှိနေသည့်အတွက် ဖှေးအလျှော့ပေးလိုက်ပါက

အားနည်းကြောင်းပြသလိုက်သည့်အတိုင်းဖြစ်နေမည်ဖြစ်သည်။ သူတို့သည်ချမ်းဘော့ဒ်

တိုင်းပြည်ဘုရင်သည် ဖိအားအလုံလောက်ပေးပါက နောက်ဆုတ်ပေးတတ်သည့်လူတ

စ်ယောက်ဖြစ်သည်ဟုထင်သွားမည်ဖြစ်သည်။ ဤကဲ့သို့ဖြစ်သွားပါက သူတို့သည်

ဖှေးအားအနာဂတ်တွင်အဆင်ပြေကြတော့မည်မဟုတ်ပေ။ ဖှေးဖန်တီးရန်အတွက်ကြိုး

စားနေသည့် “ခွေးရူး”ဇာတ်ရုပ်မှာ ပျက်ပြားသွားမည်ဖြစ်သည်။ ဤအချိန်မှစပြီးချ

မ်းဘော့ဒ်တိုင်းပြည်၏အရှိန်၀ါသည်လည်း နိမ့်ကျသွားတော့မည်ဖြစ်သည်။

ထို့အပြင် ဖှေးသည် စတုတ္ထမင်းသားကိုလည်းကြည့်မရချေ။

ဘုရင်သည် ပျော်ရွှင်ခြင်းမရှိသောကြောင့် မည်သူမှလဲပျော်ရွှင်ခြင်းမရှိရပေ။ “ငါမ

င်းပြောသလိုလုပ်မှာ မဟုတ်ဘူး။ မင်းဘာလုပ်ချင်လဲ....” ဤသည်မှာ ဘုရင်၏

ပုံစံပင်။

ခရစ်စတယ်သည် ဖှေးအားဤကဲ့သို့အခြေအနေမျိုးတွင် ရန်လိုနေလိမ့်မည်ဟုထင်မ

ထားပေ။ သူသည် ဒေါသဖြင့်အရှေ့သို့ခြေတစ်လှမ်းတက်သွားပြီး ပြောလိုက်၏။ “ချ

မ်းဘော့ဒ်ဘုရင် ဒီကိစ္စကိုမင်းဆုံးဖြတ်ရမှာမဟုတ်ဘူး။ နောက်ပြီးတော့ မင်းကငါတို့

ထက်ဒီနေရာကို အရင်ရောက်နေတာ။ မင်းကတန်ဖိုးအရှိဆုံးပစ္စည်းတွေကို ခိုးထား

ပြီးလားဆိုတာကိုလည်း ဘယ်သူမှသေချာမသိဘူး။ မင်းကဘုရင်ဆိုတော့ မင်းကိုယ်ကျ

င့်တရားကို မင်းကိုယ်တိုင်ထိန်းပေါ့ကွာ။ မင်းပစ္စည်းသိမ်းမှော်လက်စွပ်ထဲကဟာတွေအ

ကုန်လုံးကို ငါတို့စစ်ဆေးဖို့ထုတ်ပြလိုက်တာကောင်းမယ်။”

မင်းသား၏ရန်လိုမှုကို မကောင်းသည့်အကြံရှိသူများမှ ထောက်ခံပေးနေ၏။

ကြေးလှံတံတပ်ဖွဲ့၏နံပါတ်၁စစ်သည်ကန်ဒီသည် အရှေ့သို့ခြေတစ်လှမ်းတက်လိုက်သည်။

သူ၏အနောက်တွင်ရှိနေသည့် စစ်သည်ဆယ်ယောက်သည်လည်းအရှေ့သို့ခြေတစ်လှမ်း

တက်လိုက်၏။ သူတို့၁၁ယောက်သည် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ယောက်ကဲ့သို့ဖြ

စ်နေပြီး သူတို့၏အတွင်းအားစွမ်းအင်များကို အစွမ်းကုန်ထုတ်လွှတ်ထား၏။ သူတို့

၏ကြေးချပ်၀တ်များအောက်တွင် အတွင်းအားစွမ်းအင်မီးတောက်များသည် ပြင်းထန်

စွာတောက်ပသည်ထက်တောက်ပလာ၏။ သူတို့၁၁ယောက်သည် စုပေါင်းသိုင်းကွက်တ

စ်ခုကို သုံးပြုတတ်သည့်တပ်ဖွဲ့တစ်ခုဖြစ်သည်မှာထင်ရှားလှသည်။ အတွင်းအားစွမ်းအ

င်များသည်တစ်ခုနှင့်တစ်ခုချိတ်ဆက်အလုပ်လုပ်နေကြသည်။ အတွင်အားစွမ်းအင်များ

သည် အတူပေါင်းစည်းထားသည့်အတွက် သာမန်ထက်ပင်ပို၍စွမ်းအားမြင့်နေကြ၏။

ကန်ဒီနှာခေါင်းရှုံ့လိုက်သည်။ “မင်းသားမှန်တယ်။ ချမ်ဘော့ဒ်ဘုရင် မင်းက သန်မာ

တယ်ဆိုတာငါသိပါတယ်။ ဒါပေမယ့် မင်းအကြောင်းပြချက်နဲ့အညီလုပ်ရမယ်။”

“ချမ်းဘော့ဒ်ဘုရင် အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုပဲလိုက်နာလိုက်ပါ။” ကျားမာန်ဟုန်

ကြေးစားစစ်သည်အဖွဲ့၏ခေါင်းဆောင်ဖြစ်သူမှပြောလိုက်သည်။ ဤအဖွဲ့သည်မြို့တော်စိ

န့်ပီတာစဘာ့တ်ထဲတွင် အကြီးဆုံးကြေးစားစစ်သည်အဖွဲ့တစ်ခုဖြစ်သည်။

“ခင်ဗျားရဲ့ပစ္စည်းသိမ်းမှော်လက်စွပ်ကို ပေးလိုက်ပါ...”အလင်းနန်းတော်ကြေးစားစ

စ်သည်အဖွဲ့၏ခေါင်းဆောင်မှာ ခရစ်စတယ်၏ဘေးတွင်ရပ်ကာပြောလိုက်သည်။

“ချမ်းဘော့ဒ်ဘုရင် ဘတ်ဂ်မိသားစုကလဲ မင်းသားမှန်တယ်လို့ယူဆတယ်။ ကျွန်မတို့မှာ

မကောင်းတဲ့အကြံစည်မရှိဘူး။ ရှင့်ရဲ့လက်စွပ်ထဲကပစ္စည်းတွေကိုပဲထုတ်ပြလိုက်ပါ။ ရှ

င်မှာရှိတဲ့ပစ္စည်းတွေက သွေးစွန်းဂိုဏ်းရဲ့ပစ္စည်းတွေမဟုတ်ဘူးဆိုရင် အကုန်ပြန်ပေးမ

ယ်။” ဘတ်ဂ်မိသားစု၏ မင်းသမီးဘီယွန်းဆေးသည်လည်း နောက်ဆုံးတွင်ရှေ့သို့ထွ

က်ကာပြောလိုက်၏။ သူမ၏အကြံမှာပို၍ပင်ရက်စက်သည် သူမဖှေး၏လက်စွပ်ကို အ

ပိုင်သိမ်းလိုနေခြင်းပင်။

“မင်းတို့ကို ငါ့လက်စွပ်ပေးရမယ်ဟုတ်လား။ ဒီဟာသက မရီရဘူးနော်။ မင်းတို့တွေက

ငါ့ပစ္စည်းတွေကို စစ်ဆေးနိုင်လို့လား။ ငါ့လက်စွပ်ထဲမှာရှိနေတာတွေက သွေးစွန်းဂို

ဏ်းကပစ္စည်းတွေဟုတ်တာမဟုတ်တာကို မင်းတို့ဘယ်လိုသိနိုင်မှာမို့လို့လဲ...”ဖှေး

မေးလိုက်သည်။

“ဟားဟားဟားဟား...” စတုတ္ထမင်းသားသည် ရယ်စရာတစ်စုံတစ်ခုကို ကြား

လိုက်ရသကဲ့သို့ရယ်မောလိုက်သည်။ သူသည် အလွန်ရယ်မောနေသဖြင့် မျက်ရည်

ထွက်လုနီးပါးပင်။ “မင်းက အဆင့်၆အဖွဲ့၀င်တိုင်းပြည်က ဘုရင်လေးတစ်ပါးပဲကို မ

င်းမှာက ဘယ်လိုရတနာတွေများပိုင်ဆိုင်နိုင်မှာမို့လို့လဲ။ တကယ်လို့မင်းရဲ့လက်စွပ်ထဲမှာ

ရတနာတစ်ခုခုရှိနေမယ်ဆိုရင် သွေးစွန်းဂိုဏ်းကပစ္စည်းတွေကို ငါတို့မသိအောင်ကြို

ယူထားတဲ့ဟာတွေပဲနေမှာပေါ့။ မေးစရာလိုသေးလို့လား။”

စတုတ္ထမင်းသားသည် ဖှေးကိုအသက်ရှူရန်ပင်အချိန်မပေးချေ။ သူသည် ဤအခွင့်

ရေးကိုအသုံးချပြီးဖှေးကို နင်းခြေလို၍ဖြစ်သည်။

သူတို့နှစ်ယောက်ကြားထဲတွင်ရှိနေသည့် တင်းမာမှုမှာ ယခင်ကတည်းကပင်မြင့်မားနေ

ပြီဖြစ်ပြီး ယခုအချိန်တွင်ပေါက်ကွဲလာတော့၏။ ရည်မှန်းချက်ကြီးသည့် ခရစ်စတယ်

သည် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့်အဖွဲ့စည်းများရှေ့တွင်ချမ်းဘော့ဒ်ဘုရင်အား

နင်းချေရင်းဖြင့် အာရုံစိုက်မှုရရန်ကြိုးစားနေခြင်းပင်။

“ဒါက ကောင်းတဲ့အကြံပဲ...” ကျားမာန်ဟုန်ဂိုဏ်းခေါင်းဆောင်မှရယ်မောလိုက်

သည်။

“မင်းသားပြောသလိုပဲ။ မင်းရဲ့လက်စွပ်ကို အခုပေးလိုက်ပြီးတော့ မီးလောင်နေတဲ့ပစ္စ

ည်းတွေအတွက် မင်းရဲ့ရပိုင်ခွင့်ထဲကနေ ၂၀ရာခိုင်နှုန်းပြန်နုတ်ယူရမယ်...” ကန်ဒီ

သည် အေးစက်သည့်အသံဖြင့်ပြောလိုက်၏။

“ကျွန်မတို့အကုန်သဘောတူလိုက်ပြီဆိုတော့ ချမ်းဘော့ဒ်ဘုရင် ရှင့်ရဲ့လက်စွပ်ကို အခု

ပဲထုတ်ပေးလိုက်ပါ။” ဘီယွန်းဆေးသည် ပြုံးကာပြောလိုက်၏။

ဖှေးသည် ဤလူများ၏အမူယာများကိုကြည့်လိုက်ကာ ရယ်မောလိုက်သည်။ “အော်

ဒါကမင်းတို့ရဲ့အကြောင်းပြချက်လား...”

“အကြောင်းပြချက်တွေစည်းမျဥ်းတွေဆိုတာ စွမ်းအားရှိတဲ့လူတွေကပဲ ဖန်တီးတာ။

မင်းတို့အဆင့်၆အဖွဲ့၀င်နိုင်ငံလေးက ဘာများလုပ်နိုင်မှာမို့လို့လဲ...” စတုတ္ထမင်းသားမှ

ရန်စလိုက်သည်။

“လက်စွပ်ကို အခုပဲပေးလိုက်ပါ။” ကန်ဒီသည် လက်ဖ၀ါးဖြန့်ပြလိုက်ရင်းဖြင့်ပြော

လိုက်၏။ သူ၏အနောက်တွင်ရှိနေသည့် စစ်သည်ဆယ်ယောက်သည်လည်းတပြိုင်နက်

ပင် ရွေ့လျားလိုက်သည်။ သူတို့၏ လှုပ်ရှားမှုများမှာ အလွန်ညီညာလှသဖြင့် သူတို့

သည် တစ်ယောက်တည်းသာရှိနေသည့်အတိုင်းပင်။ သူတို့သည် သတိကြီးစွာထားနေ

ကြသည်။ သူတို့သည် အဖွဲ့လိုက်တိုက်ခိုက်ရန်အတွက်ပြင်ဆင်ထားသည့်အတိုင်းပင်။

သူတို့သည် ဖှေးကဲသို့သော ကျွမ်းကျင်တစ်ယောက်၏ရှေ့တွင် သတိလက်လွတ်မနေ

ရဲကြချေ။

ဖှေးပို၍ပင်ကျယ်လောင်စွာရယ်မောလိုက်သည်။

“မင်းပြောတာမှန်ပါတယ်။ အကြောင်းပြချက်တွေစည်းမျဥ္တ်းတွေကို စွမ်းအားကြီးတဲ့

လူတွေကပဲသတ်မှတ်တာ။ မင်းတို့အမြင်မှာ ချမ်းဘော့ဒ်ကစွမ်းအားမရှိဘူးပေါ့။ ဒါပေ

မယ့် မင်းတို့ကောင်တွေတစ်ခုမေ့ခဲ့တယ်။ စွမ်းအားဆိုတာက ဘာလဲ။ စွမ်းအားဆို

တာကို တိုင်းပြည်ရဲ့အဆင့်ကိုကြည့်ပြီးတော့သက်မှတ်မဟုတ်ဘူး၊ ဆွေကြီးမျိုးကြီးရာ

ထူးအရှိန်၀ါတွေနဲ့ သတ်မှတ်ထားတာမဟုတ်ဘူး၊ တော်၀င်ရာထူးရှိတာလဲမဟုတ်ဘူး။

အဲ့တာကို လက်သီးတွေနဲ့သက်မှတ်ထားတာ။ လက်သီးအမာဆုံးလူက ထိန်းချုပ်နိုင်

တဲ့လူပဲ။” ဖှေးသူ၏ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ပြီး ဆက်ပြောလိုက်သည်။ “မ

င်းတို့ထဲက ဘယ်ကောင်က အဖေ့ထက်ပိုသန်မာလို့လဲ...”

ဤအရာကိုနားထောင်ပြီးသည့်နောက်တွင် ပဲရစ်သည် ရယ်မောလိုက်သည်။ ကပ္ပတိန်

ရိုမန်လဲလိုက်ပါရယ်မောလိုက်သည်။ သူ၏အစောင့်စစ်သည်များနောက်တွင် မသန်စွမ်း

သည့်ခွေးလေးတစ်ကောင်ကို ကိုင်ထားသည့် ခန်းညားသောလူငယ်သည်လည်း ရ

ယ်မောလိုက်သည်။

စတုတ္ထမင်းသား၏မျက်နှာအမူယာသည် ပြောင်းလဲသွား၏။

နောက်အခိုက်တန့်တွင် မည်သူမှမတုန့်ပြန်နိုင်သေးခင်မှာပင် ရယ်မောနေခဲ့သောဖှေး၏

အမူယာသည် ရုတ်တရက်ပြောင်းလဲသွား၏။

“ထွီ မင်းတို့လိုအားနည်းတဲ့ကောင်တွေက အဖေရှေ့မှာ ဒီလိုအချိုးမျိုးဘာလို့လာချိုး

နေရဲတာလဲ။ မင်းတို့က ငါ့ရဲ့လက်စွပ်ကို လိုချင်တယ်ပေါ့။ မင်းတို့ကံကောင်းမယ်

လို့တော့ ငါမထင်ဘူး။” ဘုရင်သည် ဤအချိန်တွင် ကျွဲရိုင်းတစ်ကောင်ကဲ့သို့ပင်

ရူးသွပ်ရိုင်းစိုင်းနေသည်။ သူ၏မျက်နှာပေါ်တွင်ရန်စသည့်အမူယာဖြင့် ရန်သူများ၏မျ

က်နှာကိုလက်ညိုးဖြင့်ထိုးကာ ဆဲဆိုလိုက်၏။

“ဖောင်း...”

ဖှေးမျက်မှောင်ကြုံ့လိုက်ရာ ကြည်လင်သည့်အရောင်ရှိသည့်လက်ဖ၀ါးရာတစ်ခုသည်

စက္ကန့်၀က်အတွင်းမှာပင်ထွက်ခွာသွား၏။

“အား...ဖျန်း...”

မင်းသားသည် ဤလက်ဖ၀ါးချက်ဖြင့်ထိမှန်သွားပြီး ပါးစပ်အတွင်းမှသွားများသွေးများပ

န်းထွက်ကုန်တော့သည်။ သူ၏ခန္ဓာကိုယ်သည် လေပေါ်တွင် အပတ်များစွာလည်လျှက်

ပျံသန်းသွားပြီး နံရံတစ်ခုနှင့် ၀င်တိုက်ပြီးမှ ရပ်တန့်သွားတော့သည်။ သူ၏ခန့်ညားသည့်

မျက်နှာမှာ ယောင်ယမ်းလာတော့၏။ သွေးများပါးပြင်ပေါ်မှ စီးကျလာရင်းဖြင့် သူ၏

မျက်နှာရိုးတစ်၀က်ခန့်ကျိုးကြေသွားသည်မှာ ထင်ရှားလှသည်။

“မင်း...မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့။” စတုတ္ထမင်းသားသည် ဖှေးကိုစိုက်ကြ

ည့်လိုက်သည်။ သူသည် ဖြစ်ခဲ့သည်ကို မယုံကြည်နိုင်သဖြင့် နာကျဥ်မှုကိုပင်မခံစား

ရသေးပေ။

မြေအောက်လိုဏ်ဂူခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့၏။

All Chapters