← Chapters

အခန်း (၃၅၁)

Vol. 24 Ch. 351

အခန်း (၃၅၁)

Vol. 24 Ch. 351

“စောက်ပိန်း မင်းကိုငါမရိုက်ရဲစရာအကြောင်းရှိလို့လား...” ဖှေးသည် စတုတ္ထမင်းသားကို စောက်ပိန်းတစ်ယောက်အားကြည့်နေသည့်အတိုင်းကြည့်ကာ ပြောလိုက်သည်။

“အား အလတ်ဇန္ဒား မင်းတော့သေပြီ။ ငါကျိမ်တယ်။ မင်းမကြာခင်မှာသေစေရမယ်။ မင်းကများ ငါ့ကိုရိုက်ရဲတယ်ပေါ့။ ငါက အင်ပါယာရဲ့စတုတ္ထမင်းသားပဲ။” ခရစ်စတယ်၏ခန့်ညားသာမျက်နှာသည် ယခုအချိန်တွင်မူ ၀က်တစ်ကောင်ကဲ့သို့ပင်။ သူ၏မျက်လုံများထဲတွင် ရက်စက်သည့်အရိပ်ယောင်များဖြင့် ပြည့်နှက်နေတော့သည်။ သူရုန်းကန်ထလိုက်ပြီး ကြမ်းရှသည့်အော်ဟစ်သံတို့မှာ မြေအောက်ခန်းမတစ်ခုလုံးတွင် ပြည့်နှက်သွားတော့သည်။ “ငါကျိမ်တယ်။ မင်းသေစေရမယ်။ မင်းပတ်၀န်းကျင်ကလူတွေလဲအကုန်သေစေရမယ်။ ချမ်းဘော့ဒ်တိုင်းပြည်ကိုလဲ ဖျက်ဆီးပစ်မယ်...”

“မင်းမာနထောင်လွှားနေတဲ့ စောက်ပိန်း...”

ဖှေးလှုပ်ရှားလိုက်ရာ နောက်ထပ်ဖ၀ါးရာတစ်ခုသည် လေထဲတွင်ပျံ၀ဲသွားတော့၏။

ဤသည်မှာ လူအုပ်တုန့်ပြန်နိုင်ရန်ပင် အလွန်မြန်ဆန်လွန်းလှပြီး ကြိုးစားပန်းစားထလာသည့်စတုတ္ထမင်းသားသည် ထက်မံ၍ရိုက်နှက်ခြင်းကို ခံလိုက်ရတော့သည်။သွေးများပန်းထွက်လာပြီး သူ၏ခန္ဓာကိုယ်သည် လေထဲတွင် လည်ပတ်ကာ အနောက်တွင်ရှိသည့်နံရံနှင့် ထက်မံကာ၀င်တိုက်လိုက်တော့သည်။

ဤတစ်ကြိမ်တွင်မူ သူ၏ပါးပြင်နောက်တစ်ဖက်မှာ ယောင်ကိုင်းစပြုလာတော့သည်။

ခန်းမဆောင်ထဲတွင်ရှိနေကြသည့်လူအများစုသည် အတွေ့ကြုံရှိသည့်စစ်သည်များပင်ဖြစ်ပြီး ချမ်းဘော့ဒ်ဘုရင်သည် ထိုရိုက်ခတ်မှုနှစ်ချက်တွင် လုံး၀ညှာတာထားခြင်းမရှိသည်ကို တပ်အပ်ပြောနိုင်သည်။ မင်းသားခရစ်စတယ်သည်သာ ကြယ်ငါးလုံးအဆင့်မှော်ဆရာတစ်ယောက်မဟုတ်ပါက ဤရိုက်ချက်နှစ်ခုသည် သူ၏ဦးခေါင်းကို အစိတ်စိတ်အမွှာမွှာပင် ကွဲအက်သွားစေမည်ဖြစ်သည်။ သူ၏လက်ရှိအစွမ်းများဖြင့်ပင် သူ၏ပါးရိုးများမှာ ကြမွေကုန်ပြီး မေ့မြောသွားတော့သည်။

ဤကဲ့သို့ဒဏ်ရာမျိုးသည် ပြင်းထန်သော်လည်း သေစေနိုင်သည့်အတိုင်းတာထိမဟုတ်ပေ။

မဟာဘုရားကျောင်းမှ သူတော်စဥ်များနှင့် တော်၀င်ကုသရေးမှော်စရာများသည် မင်းသားကို နောက်ဆက်တွဲဆိုးကျိုးများမရှိပဲ ကုသပေးနိုင်ကြလိမ့်မည်ဖြစ်သည်။

သို့သော် ပါးရိုးများကျိုးကြေသည်အထိအရိုက်နှက်ခံလိုက်ရခြင်း၏ အရှက်ရမှုသည် ခရစ်စတယ်၏စိတ်ထဲတွင် သေခြင်းထက်ပင် ပို၍အခံရခက်စေသည်။

စတုတ္ထမင်းသားသည် ဖှေးအားပြန်လည်ကာ လက်စားမခြေနိုင်ပါက တစ်သက်လုံးအရှက်ရစွာဖြင့်ပင် နေထိုင်ရတော့မည်ဖြစ်သည်။ သို့သော် လက်စားခြေရန်မှာ ဖြစ်နိုင်ပါမည်လား။ ချမ်ဘော့ဒ်တိုင်းပြည်၏တိုးတတ်ဖွံ့ဖြိုးလာနှုန်းသည် ထိတ်လန့်အံ့သြဖွယ်ပင်။ ဤသည်မှာ ရပ်တန့်၍မရနိုင်သဖြင့် ခရစ်စတယ်အမှီလိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

အခိုက်တန့်တစ်ခုကြာခန့်မြေအောက်လိုဏ်ဂူတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ဤကဲသို့ဖြစ်လာလိမ့်မည်ဟု ကြိုတင်သိရှိပြီးသောလူများမှလွဲ၍ လူတိုင်းသည် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။

“ရှင်...ချမ်းဘော့ဒ်ဘုရင် ရှင်က အင်ပါယာရဲ့မင်းသားတစ်ပါးကို ရိုက်နှက်ရဲတယ်ပေါ့။ ရှင်က အင်ပါယာကို သစ္စာဖောက်ဖို့ကြံစည်နေတာလား။” ဘီယွန်းဆေးမှ တုန့်ပြန်လိုက်သည်။ သူမ၏မျက်လုံးများသည် ထိတ်လန့်အံ့သြခြင်းများအကြောက်တရားတို့ဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် အနည်းငယ်ပျော်ရွှင်မှုအရိပ်ယောင်များလည်းရှိနေ၏။ သူမ၏ပါးစပ်အတွင်းမှ သစ္စာဖောက်ဟူသောစကားလုံးထွက်လာသည့်အတွက် သူမ၏ရည်ရွယ်ချက်တို့မှာ ထင်ရှားလှသည်။

ထို့နောက်တွင်...

“ဖုန်း...”

ဖှေး၏တုန့်ပြန်မှုမှာ ရိုးရှင်းသည်။ နောက်ထပ် ပစ်လွှတ်လိုက်သည့်လက်ဖ၀ါးရာတစ်ခုပင်။

“အား....”

အရိုက်ခံလိုက်ရသည့် ယင်ကောင်တစ်ကောင်ကဲ့သို့ ဤကောင်မလေးသည် လက်ဖ၀ါးရာဖြင့် ထိမှန်သွားပြီး အနောက်သို့လွှင့်ထွက်သွားတော့သည်။ သွေးများနှင့် သွားများသည်လည်း ကျွတ်ထွက်ကာ လေထဲတွင် ၀ဲပျံကုန်ကြတော့သည်။ သူမ၏မျက်နှာတစ်ခြမ်းမှာ ချက်ချင်းပင် ယောင်ကိုင်းလာပြီးသူမသည်လည်း အ၀ေးတွင်ရှိသည့် နံရံနှင့်၀င်တိုက်လိုက်မိသည်။

ဘီယွန်းဆေးသည် ခရစ်စတယ်လောက်မသန်မာသည်မှာ ထင်ရှားသည်။ ဘတ်ဂ်မိသားစု၏မင်းသမီးမှာ တစ်ချက်အရိုက်ခံလိုက်ရရုံဖြင့်ပင် မေ့မျောသွားတော့၏။

ရက်စက်ကြမ်းကြုတ်မှုပင်။

“ချမ်းဘော့ဒ်ဘုရင်ရဲ့နှလုံးသားကို သံမဏိနဲ့များထုလုပ်ထားတာလား။ ဒီမိန်းမလှလေးကိုဆွေကြီးမျိုးကြီးလူငယ်တော်တော်များများကလိုချင်နေကြတာ ဒါပေမယ့် ဘုရင်က ဒီပန်းပွင့်ကို ဖျက်ဆီးပစ်လိုက်တာပဲ။” လူအုပ်မှတွေးလိုက်မိကြသည်။

“ဘ၀င်မြင့်နေတဲ့ မိန်းမပဲ..”

ဖှေးနှာခေါင်းရှုံ့လိုက်ပြီး တစ်ဖက်သို့လှည့်ကာ ဖယ်လွန်မိသားစုမှ ကြေးလှံရည်တပ်ဖွဲ့၀င်စစ်သည်ဆယ့်တစ်ယောက်ကို ကြည့်လိုက်သည်။

“မင်း...မပြောနိုင်လောက်အောင်ပဲ။ ဒါကဒီနေရာမှာတင်ပြီးသွားမှာမဟုတ်ဘူး။ ချမ်းဘော့ဒ်ဘုရင် မင်းကကြီးမားတဲ့ရာဇ၀တ်မှုတွေကို ကျူးလွန်လိုက်တာပဲ။ မင်းလူတိုင်းကို ရန်စလိုက်တာ...” ကြေးလှံရှည်တပ်ဖွဲ့၏နံပါတ်၁စစ်သည်သည် ဒေါသဖြင့်အော်ဟစ်လိုက်သည။ သူသည် တလင်းကျောက်မျက်နှာဖုံးတစ်ခုကို ၀တ်ဆင်ထားသည့်အတွက် သူ၏မျက်နှာပေါ်တွင်ရှိနေသည့်အမူယာကိုမည်သူမှမြင်နိင်ခြင်းမရှိပေ။ သို့သော် အံ့သြခြင်း၊ ကြောက်လန့်ခြင်းနှင့် ဒေါသဖြစ်ခြင်းစသည့်ခံစားချက်များသည် သူ၏မျက်လုံးများထဲတွင် ထင်ဟပ်နေ၏။

သူကြောက်လည်းကြောက်လန့်နေ၏။

“လူတိုင်းကို ရန်စတယ်ဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့လဲ။ ငါကလည်း မင်းတို့နဲ့တူညီတဲ့အကြောင်းပြချက်နဲ့လုပ်နေတာပဲ။ ငါကဘယ်လို့လုပ်ပြီးလူတိုင်းကိုရန်စမှာလဲ။” ဖှေးနှာခေါင်းရှုံ့လိုက်ပြီးအရှေ့သို့ခြေတစ်လှမ်းတက်လိုက်သည်။ “တနည်းပြောရရင်မင်းက မကြာခင်မှာပဲတစ်ခုကို သဘောပေါက်သွားလိမ့်မယ်။ ငါ့ကို ရန်လာစတာက လူတိုင်းကို ရန်သွားစတာထက်ပိုပြီးကြောက်ဖို့ကောင်းတယ်ဆိုတာကိုပဲ...”

“ဖုန်း...”

သူစကားပြော၍မပြီးခင်မှာပင် သူ၏လက်များသည် ရွေ့လျားပြီးဖြစ်၏။ ကြင်လင်သောအရောင်ရှိသည့် လက်သီးရာတစ်ခုသည် ချက်ချင်းပင်ထွက်ပေါ်လာပြီး ကန်ဒီထံသို့ကြမ်းတမ်းစွာဖြင့် ပျံသန်းသွားတော့၏။

ဤတိုက်ခိုက်မှုသည် လက်ဖ၀ါးရာများထက်ပို၍ ပြင်းထန်လှသည်။ ဤတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာသည့် လေတိုက်နှုန်းသည် ခန်းမဆောင်ထဲတွင်ရှိနေသည့်လူတိုင်းကို မုန်တိုင်းတစ်ခုတိုက်ခတ်နေသကဲ့သို့ခံစားလိုက်ရစေ၏။ လက်သီးချက်သည် မြေပြင်ပေါ်တွင် အစင်းကြောင်းကြီးတစ်ခုကို ထင်ကျန်စေကာ ပျံသန်းသွားသည်နှင့်အမျှသူတို့လည်း လေစီကြောင်း၏တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။ ကျောက်စများသည် နေရာအနှံ့သို့ပျံသန်းကုန်တော့သည်။

ကန်ဒီသည် ဤတိုက်ခိုက်မှုကြောင့် ပို၍ပင် လန့်ဖြန့်သွားတော့သည်။

“နတ်ဘုရားဖွဲ့စည်းပုံ...စုပေါင်းတိုက်ခိုက်မှု...”

ကန်ဒီအော်ဟစ်လိုက်သည်။ သူ၏အနောက်တွင်ရှိနေသည့် စစ်သည်ဆယ်ယောက်သည်အရှေ့သို့ ပြိုင်တူခြေတစ်လှမ်းတိုးလာကြသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အတွင်းအားစွမ်းအင်မီးတောက်များမှာ ပို၍ပင်တောက်ပလာကြတော့၏။ ဤစွမ်းအင်များအားလုံးသည် ကန်ဒီ၏ခန္ဓာကိုယ်ထံသို့ စုပေါင်းကာစီး၀င်သွားသည်။ တစ်ဖက်တွင် ကန်ဒီသည်လည်း လက်သင်္ကေတများစွာကို ပြုလုပ်နေလျှက်ရှိသည်။ သူသည် သူ၏ကိုယ်ပိုင်အတွင်းအားများကို အသုံးပြကာ တစ်ခြားလူများ၏မတူညီသောအတွင်းအားစွမ်းအင်များကို စုစည်းချည်နှောင်လိုက်သည်။ သူသည် ပေါင်းစည်းတည်ဆောက်ထားသည့် အတွင်းအားစွမ်းအင်များကိုအသုံးပြုကာ ပျံသန်းလာနေသည့် လက်သီးချက်ကို ခုခံနိုင်ရန်ကြိုးစားတော့သည်။

“ဖုန်း...”

မြေအောက်ခန်းမဆောင်တစ်ခုလုံးသည် ပြိုကျတော့မည့်အတိုင်းလှုပ်ခါသွားတော့သည်။

စွမ်းအင်နှစ်ခုထိပ်တိုက်ရိုက်ခတ်လိုက်သည့်အချိန်တွင် ဖှေးအနည်းငယ်ခန့်သာ တုန်ခါသွားသည်။

တစ်ဖက်တွင် စစ်သည်ဆယ့်တစ်ယောက်တို့မှာ အနောက်သို့ခြေလှမ်းငါးလှမ်းခန့်ဆုတ်သွားတော့၏။ သူတို့သည် အသက်ကိုပြင်းထန်စွာရှူနေကြသည်။

“ဟမ် စိတ်၀င်စားစရာပဲ။ မင်းတို့ကောင်တွေက လက်သီးချက်တစ်ချက်ကို ခုခံနိုင်တယ်ပေါ့။ ဒါပေမယ့် မင်းတို့က ဒီလိုပုံနဲ့ငါ့ကို ရင်ဆိုင်နိုင်မယ်ထင်ရင်တော့ ရယ်စရာပဲ။....ဟားဟား ဒါကို ထပ်ပြီးခုခံလိုက် ဒုတိယအကြိမ်ကောင်းကင်လက်သီး....”

ဖှေးရှေ့သို့ခြေတစ်လှမ်းတိုးကာ သူ၏လက်သီးများကို ဆုပ်လိုက်သည်။ ကြီးမားသည့်လက်သီးရာတစ်ခုသည် လေထဲတွင် ဖြေးညှင်းစွာဖြင့်ပေါ်လာတော့၏။ ထိုလက်သီးရာကြီးသည်ဖှေးနှင့်တစ်ချိန်တည်းမှာပင် ဆုပ်လိုက်သည်။

ဤလက်သီးဆုပ်လိုက်သည်မှာ ထိုလက်ကြီးသည် ကမ္ဘာကြီး၏ကံကြမ္မာကို ဆုပ်ကိုင်လိုက်သကဲ့သို့ပင်။

“တစ်ချက်ထိုးကောင်းကင်လက်သီး...”

ဖှေးသည် ဒုတိယကောင်းကင်လက်သီးချက်ကို အကောင်းဖြစ်အောင်ပြုပြင်မွမ်းမံလိုက်ပြီးသည့်နောက်တွင် ဤလက်သီးချက်သည် လက်သီးချက်များစုပေါင်းရေးကိုသာ ဦးတည်တော့သည်မဟုတ်ပေ။ အမြန်နှုန်းကို အထိကထားသည့်လက်သီးချက်တစ်ခုဖြစ်သွား၏။ ဤလက်သီးချက်သည် အလွန်လျင်မြန်လွန်းလှသဖြင့် ဖှေး၏ရန်သူများအရှေ့သို့ချက်ချင်းပင် တယ်လီပေါ့တ်လုပ်ကာ ရောက်ရှိသွားသကဲ့သို့ပင်။

“နတ်ဘုရားဖွဲ့စည်းပုံ...စွမ်းအားအမြင့်ဆုံး...”

ချမ်းဘော့ဒ်ဘုရင်၏သတ်ဖြတ်လိုသောဆန္ဒများကို အာရုံခံလိုက်ပြီးသည့်နောက်တွင် ကန်ဒီ၏မျက်နှာသည် အရောင်ပြောင်းလဲသွားတော့၏။ သူ၏အတွင်းအားစွမ်းအင်များအားလုံးကို ထုတ်လွှတ်လိုက်ပြီး အနောက်တွင်ရှိနေသည့် စစ်သည်များအားလုံးသည်လည်း စက်၀ိုင်းခြမ်းပုံသဏာန်ဖြစ်ရပ်ကာ ရှိသမျှအတွင်းအားများအားလုံးကိုထုတ်လွှတ်လိုက်တော့သည်။ သူတို့သည် ပြိုင်တူဟိန်းဟောက်လိုက်ကြပြီး ရောင်စုံအတွင်းအားစွမ်းအင်မီးတောက်များသည် ခန်းမဆောင်တစ်ခုလုံးတွင် ပြည့်နှက်သွားတော့၏။ သူတို့သည် စွမ်းအားများကိုနှစ်ဆခန့်ထုတ်လွှတ်ထားသည်မှာထင်ရှားလှသည်။

ယခင်နည်းတူပင် ကန်ဒီသည် လူတိုင်း၏အတွင်းအားစွမ်းအင်များကို တစ်ခုတည်းဖြစ်အောက်ပေါင်းစပ်လိုက်ပြီး လက်သီးချက်နှင့် ရင်ဆိုင်ရန်အတွက်ကြိုးစားလိုက်၏။

“ဖုန်း...”

ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။

လက်သီးချက်သည့် ရောင်စုံအတွင်းအားများအားလုံးကို လွယ်ကူစွာပင် ခြေမွဖြစ်လိုက်သည်။

“ဘန်း...”

နောက်ထပ်ဆူညံသံတစ်ခုထွက်ပေါ်လာ၏။

လက်သီးချက်သည် ကန်ဒီ၏ခန္ဓာကိုယ်ကို ရက်စက်စွာဖြင့်ရိုက်နှက်လိုက်သည်။ စက္ကန့်၀က်အတွင်းမှာပင် ကန်ဒီ၏ခန္ဓာကိုယ်ပေါ်တွင်၀တ်ဆင်ထားသည့် ကြေးချပ်၀တ်သည် အမဲရောင်အမှုန်များအဖြစ်သို့ပြောင်းလဲသွားတော့သည်။ တစ်ချိန်တည်းမှပင် သူ၏တလင်းကျောက်မျက်နှာဖုံးသည်လည်း အစိတ်စိတ်အမွှာမွှာဖြစ်သည်အထိကွဲအက်သွားတော့သည်။

“ဖုန်း ဖုန်း ဖုန်း ဖုန်း...”

လက်သီးချက်သည် ကန်ဒီ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီးသည့်နောက်တွင် ဆူညံသံများစွာထက်မံထွက်ပေါ်လာတော့၏။ ကန်ဒီအာဖျက်စီးလိုက်ပြီးနောက်တွင် ကန်ဒီ၏အနောက်တွင်ရှိသည့် စစ်သည်ဆယ့်တစ်ယောက်ကို ထိမှန်တော့သည်။

တစ်ချက်ထဲဖြင်ပင်။

ဖယ်လွန်မိသားစု၏ ကြေးလှံရှည်တပ်ဖွဲ့မှ ကျွမ်းကျင်စစ်သည်အုပ်စုတစ်ခုသည် ရှုံးနိမ့်သွားပြီဖြစ်သည်။

“အား...မဟုတ်ဘူး...” ကန်ဒီသည် ကိုယ်လုံးတီးဖြစ်လုနီးပါးပင်။ သူ၏ခန္ဓကိုယ်မှ တစ်စုံတစ်ခုကို ကယ်တင်ရန်ကြိုးစားနေသည့်အတိုင်းပင် အတွင်းအားစွမ်းအင်တစ်ချို့တောက်ပလာသည်။ သူသည် မျှော်လင့်ချက်မဲ့စွာဖြင့် သေခါနီးသားရဲတစ်ကောင်ကဲ့သို့ပင် အော်ဟစ်လိုက်သည်။ သူ၏သန်စွမ်းသည့်ခန္ဓာကိုယ် နောက်အခိုက်တန့်တစ်ခုတွင် လဲကျသွားတော့၏။ ထို့နောက်တွင် သွေးမြူဆိုင်တစ်ခုအဖြစ်သို့ပြောင်းလဲသွာကွယ်ပျောက်သွားတော့သည်။

“ဖုန်း ဖုန်း ဖုန်း...”

တစ်ချိန်တည်းနီးနီးပင် ကန်ဒီ၏အနောက်တွင်ရှိနေသည့် စစ်သည်ဆယ်ယောက်သည် ပေါက်ကွဲသွားပြီး သွေးမြူများအဖြစ်သို့ပြောင်းလဲသွားတော့သည်။

တစ်ယောက်မှ အသက်ရှင်ကျန်ခဲ့ခြင်းမရှိပေ။

သွေးထွက်သံယိုများနှင့် သတ်ဖြတ်လိုသည့်ဆန္ဒများသည် မြေအောက်ခန်းမဆောင်တစ်ခုလုံးတွင် ပြည့်နှက်သွား၏။

ပြန်လည်နိုးထကာစ စတုတ္ထမင်းသားလည်လည်း ဤမြင်ကွင်းကိုမြင်လိုက်ရသည့်အချိန်တွင် ကြောက်လန့်တကြားအော်ဟစ်ကာ ပြန်လည်မေ့မြောသွားတော့သည်။

ဤအချိန်တွင် ကန်ဒီနှင့် သူ၏စစ်သည်များနောက်တွင်ရှိသည့် နံရံပေါ်တွင် ကြီးမားသည့်လက်သီးရာကြီးတစ်ခုရှိနေဆဲပင်။ ချမ်းဘော့ဒ်ဘုရင် ပစ်လွှတ်လိုက်သည့် လက်သီးချက်သည် ကန်ဒီနှင့် သူ၏လူများကို ဖျက်ဆီးပြီးသည့်တိုင်အောင်စွမ်းအားများရှိနေဆဲဟူသည့် အဓိပ္ပါယ်ပင်။

ကြောက်မက်ဖွယ်လက်သီးချက်ပင်။

ကြောက်မက်ဖွယ်လူပင်။

ဤအချိန်တွင် လူတိုင်းသည် မသန်စွမ်းခွေးလေးတစ်ကောင်ကို ကိုင်ထားသည့် ခန့်ညားသောလူငယ်ကို ကြည့်လိုက်မိကြသည်။ ဤလူငယ်ဘယ်သူဖြစ်သည်ဆိုသည်ကို သူတို့သိရှိကြသောကြောင့်ပင်။ ဒုတိယမင်းသား ဒိုမင်ဂူပင်။ မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိနေသည့် အဖွဲ့စည်းတော်တော်များများကို ခေါင်းကိုက်စေခဲ့သည့် လူတစ်ယောက်ပင်။ ဤမင်းသားသည် သူ၏ညီ ဖအေတူမအေကွဲညီဖြစ်သူအရိုက်ခံလိုက်ရသည်ကို မြင်လိုက်ရပြီးနောက်တွင် သူမည်ကဲ့သို့တုန့်ပြန်မည်ကို လူတိုင်းစိတ်၀င်စားနေကြ၏။

“အန်။ ပြီးသွားပြီလား။ မြန်လိုက်တာ။ ကောင်းတယ်။ ငါအိပ်တာကို ဘယ်သူမှနှောင့်ယှက်တော့မှာမဟုတ်ဘူးပေါ့...”

တိတ်ဆိတ်နေသည့် မင်းသားဒိုမင်ဂူသည် အိပ်ချင်မူးတူးဖြင့် သူ၏ခန္ဓာကိုယ်ကို အကြောဆန့်လိုက်သည်။ သူ၏မျက်လုံးများကို ပိတ်လိုက်ပြီး လူများကို အံ့သြသွားစေသည့် အရာကို ပြောလိုက်သည်။

“ကောင်တယ်လား...”

ဤအချိန်တွင် တစ်ချို့ဉာဏ်ကောင်းသည့် လူတစ်ချို့သည် ချမ်းးဘော့ဒ်ဘုရင်နှင့် ဒုတိယမင်းသားတို့အကြားတူညီသည့်အချက်များကို ရိပ်မိလိုက်ကြသည်။ သူတို့နှစ်ယောက်လုံးသည် ဂရုစိုက်တတ်ကြသည့်လူများမဟုတ်ကြပဲ။ ခန့်မှန်းနိင်ရန်လဲခက်ခဲလှသည်။ သူတို့သည် ရန်စခံရပါက လက်စားချေရန်အတွက်အရာမှန်သမျှကို ပြုလုပ်ကြမည့်လူများဖြစ်ကြသည်။

ရူးသွပ်ကြသည့်လူများပင်။

ဤသည်မှာ ရူးသွပ်သည့်လူနှစ်ယောက်ပင်။

ရက်စက်သည့် ၀ံပုလွေများကဲ့သို့ လူတို့ကို ရန်လာစသူတိုင်းသည် တန်ကြေးကို ပေးရမည်ဖြစ်သည်။

All Chapters