အခန်း (၃၅၄)
Vol. 24 Ch. 354
ဖှေးအံ့သြစွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူစကားမပြောမှီခနတာခန့်ရပ်နား
လိုက်ပြီး “အိုကေလေ...အန်း ငါဒီလိုတကယ်ထင်မထားဘူး။ တစ်ခြားလူနှစ်
ယောက်က အင်ပါယာထဲက အရှိန်၀ါကြီးမားတဲ့လူတွေဒါမှမဟုတ် အင်ပါယာအရှင်သ
ခင် ယရှင်းကိုယ်တိုင်ဖြစ်မယ်ထင်ထားတာ။”
“အရှိန်၀ါကြီးမားတဲ့လူတွေလား။ ဟားဟား အရှင်က မင်းသားဒိုမင်ဂူနဲ့ယှဥ်နိုင်တဲ့
လူတွေထပ်ပြီးတော့ ရှိနေဦးမယ်လို့ထင်လို့လား။ ကျွန်မလဲအံ့သြမိတယ်။ မင်းသားက
အရှင့်ကို စစတွေ့တဲ့နေ့မှာပဲ သူ့ရဲ့ပထမနာမည်နဲ့ခေါ်ခိုင်လိမ့်မယ်လို့တကယ်ထင်မ
ထားဘူး။ မင်းသားက အရှင့်ကို အမှန်တကယ်သဘောကျပုံရတယ်။”
ပဲရစ်ပြောရင်းဖြင့် လမ်းတွင်တားဆီးနေသည့်အစောင့်စစ်သည်များကို သူမ၏ကျောက်
စိမ်းဖြင့်ပြုလုပ်ထားသည့်အမှတ်တံဆိတ်တစ်ခုကို ထုတ်ပြလိုက်သည်။ ထို့နောက်တွင်
သူမသည် တစ်ဖက်သို့လှည့်ကာပြုံးပြလိုက်၏။
ဖှေးသည် စကားလုံးများပင် ပျောက်ဆုံးသွားတော့သည်။
ယောက်ျားလေးတစ်ယောက်၏သဘောကျနှစ်သက်ခြင်းကို ခံနေရသည့်အတွက်ပင်။
ဖှေးစကားလမ်းကြောင်းလွှဲရတော့မည်ဖြစ်သည်။
“အင်ပါယာက စပါတပ်ကို စစ်ကြေငြာလိုက်ပြီလို့ကြားတယ်။ အဖွဲ့၀င်တိုင်းပြည်တစ်
ခုရဲ့ဘုရင်တစ်ပါးအနေနဲ့ ငါတိုက်ပွဲအခြေအနေကို သိခွင့်ရနိုင်မလား...” ဖှေးအလျှ
င်မြန်ပင် စကားလမ်းကြောင်းလွှဲလိုက်သည်။
ပဲရစ်သူမ၏ဦးခေါင်းကို ခါရမ်းလိုက်၏။ “ဒီကိစ္စအကြောင်းကို စစ်ရေးကို ကိုင်တွ
ယ်နေတဲ့ ဆွေကြီးမျိုးကြီးတွေက လွဲပြီးတော့ ဘယ်သူမှသေချာမသိကြဘူး။ စပါတပ်
အင်ပါယာက နယ်စပ်မှာသူတို့ရဲ့စစ်သည်တစ်သိန်းလောက်ကို ဆောင်းဦးကတည်းက
နေရာချထားတယ်။ ကျွန်မတို့အင်ပါယာကတော့ တပ်ဖွဲ့ကြီးဆယ်ခုထဲက သုံးဖွဲ့ကို
နယ်စပ်မှာရှိတဲ့အရေးကြီးမြို့တစ်ခုဖြစ်တဲ့ ရေဇာမြို့ကို စေလွှတ်ထားတယ်။ စစ်ကြေ
ငြာပြီးကတည်းက ရေဇာမြို့ပတ်၀န်းကျင်မှာ အင်ပါယာနှစ်ခုတိုက်ပွဲတွေဖြစ်နေတာ
ဆယ်ရက်လောက်ရှိပြီလေ။ နိုင်တာလည်းရှိသလိုရှုံးတာတွေလဲရှိပေမယ့် သတင်း
ကောင်းက ဇီးနစ်အင်ပါယာရဲ့ဒုတိယနာမည်အကြီးဆုံးဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ ဘို
လွန်-ဇန်းက တိုက်ပွဲတစ်ခုလုံးကို တာ၀န်ယူထိန်းချုပ်တိုက်ခိုက်နေတယ်လို့ကြားရတယ်။
အဲ့အတွက်ကြောင့် အခြေအနေက ဆိုးမယ့်ပုံတော့ မပေါ်ပါဘူး။”
“ဟုတ်လား။ နင်ပြောပုံအရဆိုရင် ဗိုလ်ချုပ် ဘိုလွန်-ဇန်းက အတော်လေး အ
တွေ့ကြုံရှိတဲ့ပုံပဲ။”
“ဟုတ်တာပေါ့။ ပထမမင်းသားအရှိန်၀ါကြီးမလာခင်တုန်းကဆိုရင် သူက ဇီးနစ်အင်
ပါယာတစ်ခုလုံးက စစ်ဘက်ဆိုင်ရာတွေကို ကြီးကြပ်ကွပ်ကဲလာတဲ့လူပဲ။ သူက
အတော်နာမည်ကြီးတဲ့ ဗိုလ်ချုပ်တစ်ယောက်လေ။” ပဲရစ်ရှင်းပြနေရင်းဖြင့် မျက်မှော
င်ကြုံ့လိုက်သည်။ “ချမ်းဘော့ဒ်ဘုရင်က ဘိုလွန်-ဇန်းအကြောင်းကိုတစ်ခါမှမကြား
ဖူးဘူးလားတစ်ခါတုန်းက အင်ပါယာရဲ့နံပါတ်တစ်ဗိုလ်ချုပ်တစ်ယောက်လေ။”သူမအန
ည်းငယ်အံ့သြသွားသည်။ အဘယ်ကြောင့်ဆိုသော် အဖွဲ့၀င်နိုင်ငံတော်တော်များများမှ
မင်းသားများသည် ဤလူကို သူတို့၏အိုက်ဒေါများကဲ့သို့ပင် ဆက်ဆံလေ့ရှိကြ
သောကြောင့်ပင်။
ဖှေးသူ၏ပခုံးကို တွန့်ပြကာ ယခင်က မကြားဖူးခဲ့ကြောင်းကို ပြောပြလိုက်၏။
ပဲရစ် ဖှေးကို ကြည့်ကာ ပြုံးလိုက်မိသည်။
အကြိမ်ပေါင်းများစွာအတူတကွပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပဲရစ်၏ကြိုးစားအားထုတ်မှု
တို့ကြောင့် သူတို့နှစ်ယောက်သည် ရင်းနှီးသည့်ဆက်ဆံရေးတစ်ခုရရှိလာပုံရသည်။
“စပါတပ်အင်ပါယာက ဘာလို့ဒီအချိန်မှာစပြီးကျူးကျော်ဖို့ဆုံးဖြတ်လိုက်တာလဲ။ သူ
တို့တပ်တွေကို နေရာချထားတာက ငါ့အမြင်မှာဆိုရင် သူတို့ကြိုတင်ပြီးတော့ စစ်
ကြေငြာနေမယ့်အစားတစ်ခါတည်း၀င်တိုက်လိုက်တာက သူတို့အတွက်ပိုပြီးတော့ အ
သာစီးမရနိုင်နေဘူးလား။ စပါတပ်အင်ပါယာက လူကြီးလူကောင်းတစ်ယောက်လိုတိုက်
ခိုက်ဖို့အတွက် ကြိုးစားနေတာလားး...”
ဖှေးပဲရစ်ထံမှ သတင်းအချက်အလက်များစွာလိုချင်နေ၏။ မူလအစကတည်းက ချ
မ်းဘော့ဒ်တိုင်းပြည်တွင် သတင်းအရင်းမြစ်များသိပ်ပြီးမရှိလှချေ။ ထို့ကြောင့်သူသည်
ဤကဲ့သို့သောနည်းဖြင့် သတင်းအချက်လက်စုဆောင်းနေရခြင်းဖြစ်၏။
“ဘာလို့လဲဆိုတော့ သူတို့ကအခွင့်ကောင်းတစ်ခုကို စောင့်နေခဲ့လို့ပဲ...” ပဲရစ်သည်
လေးနက်သည့်အမူယာဖြင့် ပြန်ဖြေလိုက်သည်။
“အခွင့်ကောင်းတစ်ခုလား...”
“ဟုတ်တယ်။ သူတို့က အင်ပါယာအရှင်သခင်ယရှင်းနတ်ရွာစံတော့မယ့်အချိန်ကို
စောင့်နေကြတာ...”
“ဒါဘယ်လိုလုပ်ပြီဖြစ်နိုင်မှာလဲ အရှင်သခင်ယရှင်းက တကယ်ပဲသေတော့မှာလား..
..” ဖှေးအံ့သြစွာဖြင့်မေးလိုက်သည်၊
“အင်ပါယာထဲမှာရှိတဲ့လူတွေ ဘယ်သူမှ ဇီးနစ်အင်ပါယာကြီးကိုတည်ထောင်ခဲ့တဲ့လူက
အသက်ကြီးပြီးတော့ လူကြီးရောဂါနဲ့သေတော့မယ်ဆိုတာကို မယုံနိုင်ကြဘူး။ အထူး
သဖြင့် သူ့လိုမျိုးယှဥ်ပြိုင်နိုင်သူမရှိတဲ့လူတစ်ယောက်ပေါ့။ ဒါပေမယ့် ဒီလိုနေ့ရက်မျိုးက
လူတိုင်းအတွက်ရောက်ရှိလာမှာပဲလေ။ တိုက်ပွဲတွေနဲ့ ဒဏ်ရာတွေကို နှစ်ပေါင်းများ
စွာကြုံတွေ့လာခဲ့ရတာက သူ့ရဲ့သက်တမ်းကိုတိုတောင်းသွားစေတယ်။ သူရဲ့ကြမ်းမာ
ရေးက လွန်ခဲ့တဲ့နှစ်လောက်ကတည်းကစပြီး ဆိုး၀ါးလာခဲ့တာ။ သူအခုဆို အိပ်ယာ
ထဲလဲနေတာ တော်တော်တောင်ကြာပြီလေ။ သူက တစ်နေ့ထက်တစ်နေ့ပိုဆိုးလာ
ပြီးတော့ အချိန်မရွေးနတ်ရွာစံသွားနိုင်တယ်လို့ ကျွန်မကြားထားတယ်...”
ပဲရစ်၏မျက်နှာသည် ပြောနေရင်းဖြင့်မှေးမှိန်သွား၏။
ပဲရစ်၏အမူယာသည် လမ်းတစ်လျှောက်တွင် ထူးဆန်းနေခဲ့၏။ သူမသည် ယခင်က
ကဲ့သို့ သောလှည့်စားတတ်သည့်မိန်းကလေးတစ်ယောက်နှင့်မတူတော့ပေ။ သူမသည်
ဖှေးမေးသမျှမေးခွန်းအားလုံးကိုလဲ ဖြေကြားခဲ့ပြီးဖြစ်သည်။
“ငါတို့ အင်ပါယာမြို့တော်ကိုလာတုန်းက အင်ပါယာကာကွယ်စောင့်ရှောက်သူ ခါဆ
စ်က မကြာခင်မှာပဲ စပါတပ်အင်ပါယာရဲ့ကာကွယ်စောင့်ရှောက်သူသိုင်းဆရာနဲ့ယှဥ်ပြို
င်တိုက်ခိုက်သူသိုင်းဆရာနဲ့ အသေကြေယှဥ်ပြိုင်တိုက်ခိုက်တော့မယ်လို့ ပြောနေကြတ
ယ်။” ဖှေးရုတ်တရက်သတိရသွား၏။
“မြို့တော်ထဲကလူတွေ ဒီသတင်းကို သိပြီးတာကြာနေပြီ။ အဲ့တာက ကောလဟာလ
မဟုတ်ဘူးလေ။ နှစ်ပတ်အတွင်းမှာ အဲ့တိုက်ပွဲက သိုင်းပညာတောင်တန်းပေါ်မှာဖြစ်
ပွားလိမ့်မယ်။ အဲ့တိုက်ပွဲက အင်ပါယာရဲ့ကံကြမ္မာကို အတော်များများအဆုံးဖြတ်ပေး
လိမ့်မယ်။ ဒါပေမယ့်အလတ်ဇန္ဒား အရှင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိုးရိမ်နေစရာမ
လိုသေးပါဘူး။ ကျွန်မတို့လဲဘာာမှ တတ်နိုင်မယ့်ကိစ္စမှမဟုတ်တာ။ ကျွန်မမှာ အရှင်
စိတ်၀င်စားမဲ့ သတင်းတစ်ခုရှိသေးတယ်...”
“ဘာသတင်းလဲ...”
“အင်ပါယာာနန်းတော်က ကြေငြာလိုက်တာ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲက
သုံးရက်နေရင်စတင်တော့မယ်တဲ့။ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကြောင့်မို့လို့ ဒီပြိုင်ပွဲက
အလွန်အရေးကြီးပြီးတော့ ရရှိမယ့်ဆုလာဘ်တွေကလဲပိုပြီးတော့ များပြားလိမ့်မယ်။
အဲ့ပြိုင်ပွဲမှာ ကောင်းကောင်းမွန်မွန်စွမ်းဆောင်ပြနိုင်တဲ့ တိုင်းပြည်က တပ်ဖွဲ့တစ်ခုကို
ဦးစီးပြီးတော့ ရှေ့တန်းမှာ အင်ပါယာရဲ့ရန်သူတွေကို ပါ၀င်တိုက်ခိုက်ခွင့်ရလိမ့်မယ်တဲ့
...”
ဤသတင်းသည် အလွန်အရေးကြီးလှသည်။
ဖှေးသတင်းကို ကြားလိုက်သည့်အချိန်တွင် သူ၏အတွေးများသည်လည်း နက်ရှိုင်း
သွားတော့၏။
ဤသည်မှာ အစစ်မှန်ပင် ရှားပါးသည့်အခွင့်ရေးတစ်ခုပင်။ စစ်ဘက်ဆိုင်ရာလေ့ကျင့်
ရေးပြိုင်ပွဲမားတွင် ပါ၀င်ယှဥ်ပြိုင်ခြင်းအပြင် အဖွဲ့၀င်တိုင်းပြည်များသည် လက်ရှိဖြစ်
ပွားနေသည့်တိုက်ပွဲတွင်ပါ၀င်ကာ ဂုဏ်အရှိန်၀ါတို့ကို ပြသခွင့်ရရှိမည်ဖြစ်သောကြောင့်ပ
င်။ ဤနည်းဖြင့် သူတို့သည် သူတို့၏လူဦးရေနှင့် စစအင်အားအကန့်သက်တို့ကို တိုး
မြှင့်နိုင်မည်ဖြစ်သည်။
ချမ်းဘော့ဒ်တိုင်းပြည်သည် ပြိုင်ပွဲတွင်၀င်ခွင့်ရသည်ဆိုရုံသာရရှိခဲ့ခြင်းဖြစ်သည်။ တိုင်း
ပြည်တွင် လူဦးရေနှင့် စစ်အင်အားလုံလုံလောက်လောက်မရှိသည့်အတွက် ဖှေးသည်
သူ့တွင်ရှိနေပြီးဖြစ်သည့်စစ်သည်များကိုသာ ကျွမ်းကျင်အောင့်လေ့ကျင့်ပေးရုံသာတက်နို
င်၏။
ထို့အပြင်လက်ရှိတွင် အမိအင်ပါယာမှခွဲထွက်ရန်မှာမဖြစ်နိုင်သေးချေ။ ဖှေး၏စွမ်း
အားများသည်လည် အင်ပါယာမှကျွမ်းကျင်စစ်သည်များကို ရင်ဆိုင်နိုင်ရန်မလုံလော
က်သေးပေ။ ထို့ကြောင့်ဖှေးသည် အစွမ်းလုံလုံလောက်လောက်မမြင့်မားသည်အချိန်ထိ
အင်ပါယာချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများအတိုင်းသာလိုက်ပါကစားရမည်ဖြစ်
သည်။
ထို့ကြောင့် သူသည်စစ်ပွဲတွင် တိုင်းပြည်အစွမ်းကိုဖော်ထုတ်ပြသနိုင်မှာက ချမ်းဘော့ဒ်
တိုင်းပြည်၏အဆင့်သည်လည်း လပေါ်ရောက်သည်အထိထောင်တက်သွားမည်ဖြစ်သည်။
သူ၏တိုင်းပြည်လယ်ဗယ်မြင့်တက်သွားပါက ဖှေးသည်ဒိုင်ယာဘလိုကမ္ဘာမှရရှိသည့်အစွ
မ်းများအားလုံးကို အသုံးချနိုင်ရန်အခွင့်ရေးများရရှိသွားမည်ဖြစ်သည်။
ဤသည်မှာ သူဇီးနစ်အင်ပါယာစစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲတွင်ပါ၀င်ဆင်နွှဲရခြ
င်း၏အကြောင်းပြချက်ပင်။ တစ်ခြားအကြောင်းပြချက်တစ်ခုမှာ သူသည် ဤနေရာ
သို့ကိုယ်တိုင်လာရောက်ကြည့်ရှုကာ ဤလောကအကြောင်းကို ပိုမိုသင်ယူလို၍ဖြစ်သ
ည်။
ပဲရစ်၏ကျေးဇူးဖြင့် ချမ်းဘော့ဒ်တိုင်းပြည်မှလူများသည် မြို့တော်အတွင်းမှ အခက်ခဲမ
ရှိပဲ ပြန်ထွက်လာနိုင်ခဲ့သည်။ ချမ်းဘော့ဒ်စခန်းကို လှမ်းမြင်နေရသည့်အချိန်တွင် ပဲရ
စ်အားနှုတ်ဆက်စကားပြောရန်အတွက် အချိန်တန်လာပြီဖြစ်၏။
“ဒီလမ်းတစ်လျှောက်လုံးမှာ အရှင်က သတင်းတွေအများကြီးကို ကျွန်မစီက သိလို
က်ရတာပဲ။ အဲ့တာကြောင့် အလတ်ဇန္ဒားကျွန်မလဲအရှင့်ကို မေးချင်နေတဲ့အရာတစ်ခု
ရှိတယ်...” ချမ်းဘော့ဒ်စခန်းကို ရောက်ရှိခါနီးတွင် ပဲရစ်သည်လမ်းလျှောက်သ
ည်ကိုနှေးလိုက်ပြီး ဖှေး၏အနားသို့ကပ်လိုက်၏။ သူမ၏ကိုယ်သင်းရနှံ့မှာ အလွန်ပင်
မွှေးပျံ့လှသည်။
“ဟုတ်လား ရပါတယ်မေးပါ။”
“အရှင့်ကို ဒီညမှာကူညီပေးခဲ့တဲ့ မျက်နှာဖုံးနဲ့မှော်ဆရာက ဘယ်သူလဲ...” ပဲရ
စ်သည် သူမ၏ခန္ဓာကိုယ်ကို ဖှေး၏အနားသို့ကပ်ကာမေးလိုက်သည်။
ဖှေးစက္ကန့်အနည်းငယ်ခန့်တိတ်ဆိတ်နေ၏။ ပဲရစ်သည် သူ့အနားသို့နီးကပ်စွာကပ်လျှက်
ရှိပြီး သူမ၏ကိုယ်သင်းရနှံ့သည် အလွန်စွဲမက်ဖွယ်ဖြစ်သောကြောင့်ပင်။ လေညင်းတိုက်
ခတ်လိုက်သည့်အချိန်တွင် ဖှေးကြက်သီများပင်ထသွားမိ၏။ ပဲရစ်အနားမှအနည်းငယ်ခ
န့်ခွာလိုက်ပြီးသည့်နောက်တွင် ဖှေးသည် ဘာမှမဖြစ်သလိုပြန်ဖြေလိုက်သည်။ “သူက
သန်းခေါင်းရံနတ်ဆိုးတမန်တော် ငါ့ရဲ့တိုင်းပြည်ထဲမှာရှိတဲ့ နတ်ဆိုးတမန်တော်ခြော
က်ယောက်ထဲက တစ်ယောက်ပေါ့။ သူ့နာမည်က စူးရှဦးချိုလို့ခေါ်တယ်...”
“နတ်ဆိုးတမန်တော်ခြောက်ယောက်?သန်းခေါင်ရံနတ်ဆိုးတမန်တော်?စူးရှဦးချိုဟု
တ်လား။ ကျွန်မဒီလူအကြောင်းတစ်ခါမှမကြားဖူးသလို အရှင်လဲတစ်ခါမှမပြောဖူးပါ
ဘူး။...” ပဲရစ်သည် မသင်္ကာသည့်အပြုံးတစ်ခုနှင့်အတူပြန်လည်ကာဖြေကြားလို
က်သည်။ သူမသည် ဖှေးအားယုံကြည်မှုမရှိသည်မှာ ထင်ရှားသည်။ “ကျွန်မက
အဲ့လူကအရှင်ကိုယ်တိုင်ပဲလို့ ခံစားနေရတယ်...”
ဖှေးပြုံးလိုက်သည်။ “ငါ့မှာ အလွန်လျို့၀ှက်ထားတဲ့ နတ်ဆိုးတမန်တော်ခြောက်ယော
က်ရှိတယ်။ နင် ကျန်နေတဲ့ခြောက်ယောက်ကိုလဲ မကြာခင်တွေ့ရမှာပါ....”
“ကောင်းပါပြီ။ ကျွန်မအရှင့်ကို အခုတော့ ယုံပေးလိုက်ပါမယ်။ ဒါမယ့်အရှင်ကျွန်မကို
လိမ်ခဲ့တာဆိုရင်တော့...” သူမရရှိသည့်သတင်းအချက်လက်နှင့် ကျေနပ်ခြင်းမရှိ
သည့်အတွက် ပဲရစ်သည် ဖှေးကိုမျက်စောင်းထိုးပြလိုက်သည်။ သို့သော် တနည်းန
ည်းဖြင့် သူမ၏လှပသောမျက်နှာကြောင့် ဖှေးအားခြိမ်းခြောက်နေသည်ထက် ကျီဆ
ယ်နေသကဲ့သို့ပင်။
ဖှေးပြုံးကာ တိတ်ဆိတ်သွား၏။
ညပိုင်းတွင် အေးစက်သည့်လေထုသည် ဘလိတ်ဓားများကဲ့သို့ပင်။
မီးတုတ်များ ကြယ်ရောင်များမှလွဲ၍အလင်းရောင်ကို မတွေ့ရချေ။
သူတို့ပတ်၀န်းကျင်တွင်ရှိနေသည့်လေထုမှာလဲ တိတ်ဆိတ်နေ၏။
သူတို့နစ်ယောက်လုံးစကားပြောခြင်းမရှိကြချေ။
“ချမ်းဘော့ဒ်ဘုရင် အရှင်က မင်းသားဒိုမင်ဂူဘက်ကနေပါပြီးတော့ မင်းသမီးတာနာရှာနဲ့
အာရှဗင်တို့ကို ကူညီတိုက်ခိုက်ပေးဖို့ထိတော့ ကျွန်မမျှော်လင့်ပါဘူး။ ဒါပေမယ့် မ
င်းသားဒိုမင်ဂူအန္တရာယ်နဲ့ကြုံလာရင်တော့ အရှင်တစ်ခါပဲဖြစ်ဖြစ်ကယ်တင်ပေးလိမ့်မယ်
လို့တော့ ကျွန်မမျှော်လင့်ပါတယ်....”
ပဲရစ်သည် ချမ်းဘော့ဒ်စခန်းထဲသို့၀င်ရောက်ခြင်းမရှိပဲ အလျှင်စလိုဖြင့်ပြန်လည်ကာ
ထွက်ခွာသွားတော့၏။
ဤဉာဏ်ကောင်းသည် ကောင်မလေးပြောခဲ့သည့်စကားသည်ဖှေးကို အံ့သြကာ ကျန်
ခဲ့စေသည်။
ထူထပ်သည့်အဖြူရောင်မြူခိုးများ၏အလည်ခေါင်တွင် အနီရောင်အရိပ်ယောင်တစ်ခုကို
တွေ့နေရ၏။
ဤသည်မှာ ပဲရစ်သူမ၏ဦးခေါင်းပေါ်တွင် ပန်ဆင်ထားသည့်အနီရောင်နှင်းဆီပွင့်ပင်။
.....
.....
သွေးသံရဲရဲနှင့်သတ်ဖြတ်ခြင်းညတစ်ခုပြီးသည့်အချိန်တွင် နေမင်းကြီးမှာ ပြန်လည်ကာ
ထွက်ပေါ်လာတော့မည်ဖြစ်သည်။
လမင်းကြီးသည်တိမ်များ၏နောက်ကွယ်တွင် ပုံးအောင်းနေပြီး ကောင်းကင်နှင့်မြေပြီးမှာ
ပြင်းထန်စွာတိုက်ခိုက်နေသည့် နှင်းမှုန်တိုင်းကြောင့်တုန်လှုပ်နေ၏။ တစ်ခါမှမကြုံဖူး
လောက်အောင်ထူထပ်သည့် နှင်းခဲများသည် မြေပြင်ပေါ်တွင် ဖုံးလွှမ်းလျှက်ရှိသည်။
ထူထပ်သည့်လိုက်ကာစများကို မရင်းဖြင့် ဖှေးစခန်း၏အလည်တွင်ရှိသည့်တဲအတွင်း
သို့တိုး၀င်လာခဲ့သည်။
တဲအတွင်းတွင် နွေဦးရာသီကဲ့သို့ပင် ပူနွေးလျှက်ရှိပြီးလှပသည့်ကောင်မလေးတစ်ယော
က်သည် ကျောက်စားပွဲတစ်ခုပေါ်တွင် တိတ်ဆိတ်စွာဖြင့် မှီနေလျှက်ရှိ၏။ အန်ဂျ
ယ်လာသည် ဖှေးအားစောင့်နေရင်းဖြင့် အိပ်ပျော်သွားခဲ့သည်မှာထင်ရှားသည်။
အန်ဂျယ်လာသည် အလွန်အအိပ်စက်သည့်လူတစ်ယောက်ပင်။
သူမဖှေး၀င်လာလျှင်၀င်လာခြင်းပင် သူမ၏မျက်လုံးများကို ဖွင့်လိုက်၏။
“အလတ်ဇန္ဒားနင်ပြန်ရောက်လာပြီပဲ...” သူမ၏မျက်လုံးများသည် ဖှေးကိုမြင်လို
က်ရသည့်အချိန်တွင် ကြယ်ပွင့်လေးများကဲ့သို့ပင် တောက်ပလာ၏။ ဖှေး၏ခန္ဓာကို
ယ်ပေါ်တွင် ဒဏ်ရာများမရှိသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူမစိတ်သက်သာစွာ
ဖြင့် ပြုံးလိုက်၏။ သူမ လိုက်ကာတစ်ခုကို ဆွဲလှပ်လိုက်သည်။
လိုက်ကာ၏နောက်ကွယ်တွင်ရှိနေသည်မှာ တဲငယ်တစ်ခုပင်။ တဲထဲတွင် ရေနွေးများ
ထည့်ထားသည့် ရေချိုးကန်တစ်ခုရှိနေ၏။ ရေကန်ထဲတွင် သေးငယ်သည့်မှော်အစီရ
င်တစ်ခုရှိနေပြီး မှော်တလင်းကျောက်များလည်းတပ်ဆင်ထားသည်။ ဤမှော်တလ
င်းကျောက်များသည် ကန်အတွင်းရှိရေများကို အပူပေးနေသည့် မှော်အစီရင်ကို စွမ်း
အင်ထောက်ပံ့ပေးနေသည်။
အန်ဂျယ်လာသည် သူတို့ ရေပူစမ်းမြို့တွင်ရှိစဥ်က ဤရေချိုးကန်ကို ဖှေးအတွက်၀
ယ်လာခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် သူမလက်တွေ့အသုံးပြုနိုင်နေပြီဖြစ်သည်။ သူ
မသည် သန်းခေါင်ရံအချိန်ကတည်းက ကန်အတွင်းသို့ရေများဖြည့်ထားပြီးမှန်ကန်သည့်
အပူရှိန်ပေးကာ ဖှေးရောက်ရောက်ခြင်းရေချိုးအနားယူနိုင်ရန်အတွက် စီစဥ်ထားသည်။