အခန်း (၃၅၅)
Vol. 24 Ch. 355
ဤသည်မှာ အစဥ်လာတစ်ခုကဲ့သို့ပင်ဖြစ်နေပြီဖြစ်သည်။
ဖှေးတိုက်ပွဲတစ်ခုသို့ထွက်ခွာသွားသည့်အချိန်တိုင်းတွင် အန်ဂျယ်လာသည် ဖှေးအားစော
င့်မျှော်နေရင်းဖြင့် ဖှေးပြန်လာလျှင်အဆင့်သင့်ရေချိုးအတွက် ရေနွေးပြင်ဆင်ပေးထား
မည်ဖြစ်သည်။ ဤကဲ့သို့ဖြင့် ဖှေးသည် သူ၏ပင်ပန်းနွမ်းနယ်မှုများကို ဆေးကြောပစ်နို
င်မည်ဖြစ်သည်။
ဖှေးအတွက်မာမူ သူသည် အလွန်စွမ်းအားကြီးလှသဖြင့် ရေနွေးစိမ်ကာ ရေချိုးခြင်းဖြင့်
အပန်းဖြေရန်မလိုအပ်ပေ။ သူသည် ပင်ပန်းနွယ်းနယ်မှုများကို ဖြေဖျောက်ပေးနိုင်သည့်
ပြန်လည်သစ်လွင်ဆေးပုလင်းကဲ့သို့ဆေးပုလင်းတစ်ခုလဲရှိနေသေးသည်။ သို့သော် ဖှေး
၏စိတ်မှထင်သည်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။ သူအန်ဂျယ်လာပြင်ဆင်ပေးထားသည့်
ရေနွေးကန်ထဲသို့စိမ်လိုက်ရသည့်အချိန်တိုင်းတွင် ပင်ပန်းနွယ်းနယ်မှုများအားလုံးပျောက်
ကင်းသွားသကဲ့သို့ခံစားလိုက်ရ၏။
“အော်အေး အန်ဂျယ်လာ ငါနင့်အတွက် လက်ဆောင်တစ်ခုပါလာတယ်...”
ရေချိုးပြီးနောက်တွင် သူ့အားပိုမိုခန့်ညားသွားစေသည့်အဖြူရောင်၀တ်ရုံတစ်ခုကို ၀တ်
ဆင်လိုက်သည်။ ထို့နောက်တွင် သူကျောက်စားပွဲထံသို့ လမ်းလျောက်လာပြီးအန်ဂျ
ယ်လာပြင်ဆင်ပေးထားသည့်မနက်စာများကို စားသုံးလိုက်သည်။ ထို့နောက်တွင် သူတ
စ်စုံတစ်ခုကို စဥ်းစားလိုက်မိပြီးပြုံးကာ သူ၏ပစ္စည်းထားသိုရာလက်စွပ်အတွင်းမှ တစ်
စုံတစ်ခုကို ထုတ်ယူလိုက်သည်။
ဤသည်မှာ နတ်ဆိုးသားရဲကောင်၏သားရေချပ်ဖြင့် ပြုလုပ်ထားသည့် သွေးစွန်းဂို
ဏ်းခေါင်းဆောင်ပိုင်ဆိုင်ခဲ့သည့်အပြာရောင်မှော်၀တ်ရုံပင်။
ဖှေး ချမ်းဘော့ဒ်စက္ကူစက်ရုံမှ ထုတ်လုပ်သည့် စာရွက်တစ်ရွက်နှင့် မှင်ပုလင်းတစ်
လုံးကိုလည်းထုတ်ယူလိုက်သည်။ သူသည် အခိုက်တန့်တစ်ခုကြာခန့်စဥ်းစားလိုက်ပြီး
လှပသည့် တရုတ်ရိုးရာ၀တ်စုံဒီဇိုင်းတစ်ခုကို စာရွက်ပေါ်တွင် ရေးဆွဲလိုက်သည်။
“၀ိုး ဘယ်လောက်တောင်ထူးခြားပြီးတော့ လှပတဲ့၀တ်စုံဒီဇိုင်းလဲ...” အန်ဂျယ်
လာသည် တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေရင်းဖြင့် ဖှေးဆွဲထားသည့်ဒီဇိုင်းကို မြင်
သည့်အချိန်တွင် မထိန်းနိုင်တော့ပဲပြောလိုက်မိသည်။
“နင်ကြိုက်လား။ ဒီ၀တ်စုံကို နတ်သူငယ်၀တ်စုံလို့လဲခေါ်ကြတယ်။” ဖှေးသည် သူ
၏အရှေ့တွင်ရှိသည့် မိန်းမလှသေးကို ပွေ့ဖက်ကာ ပြောလိုက်သည်။ ထို့နောက်တွင်
ဖှေးသူ၏လက်ထဲတွင် ကိုင်ထားသည့်သားမွေးစကို စွမ်းအားတစ်ခုအသုံးပြပြီး သွေးစွ
န်းဂိုဏ်းခေါင်းဆောင်နောက်ဆုံးကျန်နေခဲ့သည့်အငွေ့သက်များကိုဖယ်ရှားလိုက်သည်။
သူထို့နောက်တွင် ပြုံးလိုက်ကာ “ဒီသားမွေးမှာ အပြာရောင်အလင်းတစ်ခုတောက်ပ
နေတယ်။ ဒီသားမွေးကို အဆင့်၄နတ်ဆိုးသားရဲဖြစ်တဲ့ အပြာရောင်မြေခွေးစီကနေ
ခွာယူထားတာပဲ။ သူက ကြယ်လေးလုံးအဆင့်ထက်နိမ့်တဲ့ ရေခဲအစွမ်းတိုက်ခိုက်မှု
တွေကို ကာကွယ်ပေးနိုင်ရုံတင်မကဘူး ၀တ်ဆင်ထားတဲ့လူကိုလဲ အနွေးဓာတ်ပေးတ
ယ်လေ။ ဒီသားမွေးစနဲ့ဆိုရင်နင့်အတွက် နတ်သမီး၀တ်စုံတစ်ခုလုပ်ဖို့အတွက် အသ
င့်လျှော်ဆုံးပဲ။ အင်ပါယာရဲ့ပြင်းထန်တဲ့ဆောင်တွင်းက နီးကပ်လာပြီလေ။ နင့်မှာ ဒီလို
၀တ်စုံသာမရှိဘူးဆိုရင် အအေးဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး....”
အန်ဂျယ်လာတွင် သေးငယ်ပြီးလှပသည့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်သောကြောင့်
ဤ၀တ်ရုံသည် သူမအား၀တ်စုံတစ်ခုချုပ်လုပ်ပေးရန်အတွက် လုံလောက်၏။
......
......
“ဘာ...။ ရှင်တို့နှစ်ယောက်လုံး ပဲရစ်နဲ့အရှင်မင်းကြီးတို့လမ်းတစ်လျှောက်လုံး
ဘာတွေပြောလာကြတယ်ဆိုတာကို မသိဘူးဟုတ်လား။”
ဘုရင့်တဲဘေးတွင်ရှိသည့် တဲတစ်ခုအတွင်းတွင် ဆံပင်ရွှေရောင်နှင့်ကောင်မလေးအန်
မာသည် ပီးရာ့စ်၊ ဒရော့ဂ်ဘာတို့နှင့်အတူစကားပြောနေကြခြင်းဖြစ်သည်။ သူတို့စ
ကားပြောနေကြခြင်း၏အဓိကအကြောင်းရင်းမှာ အင်ပါယာမြို့တော်အတွင်းစစ်ဆင်ရေး
တွင် ပဲရစ်သည် အလတ်ဇန္ဒားကို ဆွဲဆောင်ရန်ကြိုးစားခဲ့လားဆိုသည်ကိုပင်။
နေ့လည်ဘက်စကားပြောပြီးသည့်အချိန်တွင် အန်မာသည် ယခင်ကလိုပဲရစ်ကို မုန်း
တီးခြင်းမရှိတော့သော်လည်း ဤကိစ္စသည် အန်ဂျယ်လာအတွက်ဖြစ်သောကြောင့် သူ
မဂရုတစိုက်ဖြင့် လေးလေးနက်နက်ကိုင်တွယ်နေဆဲပင်။ စစ်ဆင်ရေးမစမှီတွင် အန်မာ
သည်ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကို ဘုရင်အားသေချာစွာစောင့်ကြည့်ရန်နှင့် အနာဂတ်
တွင် အန်ဂျယ်လာ၏ပြိုင်ဘက်ဖြစ်လာနိုင်ချေရှိသော ပဲရစ်နှင့် နီးကပ်စေမည့်အခွင့်
ကောင်းမျိုးမပေးရန်အသေချာညွှန်ကြားထားခဲ့သည်။ သို့သော် ယနေ့ညတိုက်ပွဲတွင်
ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့မှာ တိုက်ခိုက်ရခြင်းတွင် သဘောကျပျော်ရွှင်သွားခဲ့မိသည့်
အတွက် အန်မာမှာကြားခဲ့သည်ကို မေ့သွားခဲ့ကြသည်။
ရွှေရောင်ဆံပင်နှင့်ကောင်မလေး၏ မကျေနပ်သည့်အမူယာကိုမြင်ရသည့်အတွက် ပီးရာ့
စ်နှင့် ဒရော့ဂ်ဘာတို့မှာလည်း နေမသာထိုင်သာဖြစ်နေကြ၏။
“မစိုးရိမ်ပါနဲ့ အန်မာရယ်။ အရှင်မအန်ဂျယ်လာက နူးညံ့ပြီးကြင်နာတတ်တဲ့နှလုံးသား
ရှိတယ်၊ သူမကကောင်းကင်ပေါ်ကဆင်းသက်လာတဲ့နတ်သမီးပဲ၊ သူမက ချမ်းဘော့ဒ်
တိုင်းပြည်ရဲ့တန်ဖိုးအရှိဆုံးရတနာပဲ။ အရှင်မင်းကြီးက ပဲရစ်လိုကြောက်စရာမိန်းက
လေးကို ကြိုက်ပါ့မလား။”
“ဟုတ်တယ်၊ ဟုတ်တယ်..နင်မမြင်လို့ အဲ့ကြောက်စရာကောင်းတဲ့အမျိုးသမီးကလဲ
ခွေးလေးတစ်ကောင်ကိုင်ထားတဲ့ အတော်လေးကြည့်လို့ကောင်းတဲ့လူငယ်လေးတစ်
ယောက်နဲ့အတူရှိနေတာ။ အဲ့ကောင်လေးက သူမရဲ့ချစ်သူဖြစ်လိမ့်မယ်။ သူကလဲအရှင်
မင်းကြီးကို ကြိုက်နေစရာအကြောင်းမရှိပါဘူး...”
ပီးရာ့စ်နဲ့ ဒရော့ဂ်ဘာတို့သည် အကြောင်းပြချက်မျိုးစုံကို ရှာဖွေက တာ၀န်များမှရှော
င်ထွက်လိုက်ကြသည်။ သူတို့သည် အန်မာအားဖျောင်းဖျရန်အတွက် နည်းလမ်းများ
စွာအသုံးပြုကာ သူတို့ကြောက်လန့်ရသည့်အန်မာကို ပြန်လွှတ်နိုင်လိုက်ကြ၏။
“ပီးရာ့စ် ငါပဲရစ်ရဲ့အမူယာတွေကို အကဲ့ခတ်ကြည့်ရသလောက်တော့ သူမကလည်း
အရှင်မင်းကြီးကိုတကယ်ကြိုက်နေလောက်တယ်ထင်တယ်...” ဒရော့ဂ်ဘာသည်
သူ့တဲထံသို့ပြန်ကာ ခေါင်းကို ကုတ်ရင်းဖြင့်ပြောလိုက်၏။
“အဲ့ကြောက်စရာကောင်းတဲ့အမျိုးသမီးတင်မဟုတ်သေးဘူး မင်းသမီးတာနာရှာကလဲ
အရှင်မင်းကြီးအပေါ်မှာ အတော်အထင်ကြီးသွားတဲ့ပုံပဲ။ ဟီးဟီး သူတို့ပြောတာက မ
င်းသမီးက ထွက်ခွာသွားတုန်းက အရှင်မင်းကြီးကို အမဲရောင်တိုကင်တစ်ခုကို လ
က်ဆောင်အနေနဲ့ပေးသွားခဲ့တယ်တဲ့...” ပီးရာ့စ်သည် အတင်းပြောရသည်ကို နှစ်
သက်သည့်လူတစ်ယောက်ကဲ့သို့ပင်။
“ဘယ်တတ်နိုင်မလဲ။ အရှင်မင်းကြီးက အသက်ကလဲငယ်သေးတယ်၊ ရုပ်ကလ
ည်းဖြောင့်တယ် စွမ်းအားကလည်းကြီးပြီးတော့ လူတိုင်းက သူ့ရဲ့ကောင်းကင်လက်သီး
ချမ်းဘော့ဒ်ဘုရင်ဆိုတဲ့နာမည်ကို သိနေကြပြီလေ။ ဟီးဟီး အဲ့လိုယောက်ျားလေးတ
စ်ယောက်ကို မိန်းမတိုင်းသဘောကျတတ်ကြတာမဟုတ်ဘူးလား...” ပီးရာ့စ်သည်
အချစ်အကြောင်းကို အကုန်သိသည့်ဆရာကြီးတစ်ယောက်ဟန်ဖြင့်ပြောလိုက်သည်။
......
......
ဤသည်မှာ နေမထွက်ခင် အမှောင်မိုက်ဆုံးအချိန်တစ်ခုပင်။
အမဲရောင်တိမ်တိုက်များသည် မိုရိုတောင်တန်းများပေါ်မှနေ၍ ကောင်းကင်ပေါ်တွင်
ရှိသောကြယ်တာရာများကို ဖုံးလွှမ်းထားလျှက်ရှိသည်။
လှပသည့်အမျိုးသမီးစစ်သည်အယ်လီနာသည် မြစ်ကမ်းတစ်ခုပေါ်တွင် သူမ၏ဒူများကို
လက်ဖြင့်ပိုက်ထားရင်းထိုင်လျှက်ရှိ၏။ သူမအမြဲကိုင်ဆောင်ထားသည့်လေးရှည်အား
သူမ၏ဘေးတွင် သေချာချထားပြီး သူမ၏ချောမွေ့လှပသည့်မေးစေ့ကိုလည်း ဒူးပေါ်တွ
င်တင်ထား၏။ သူမသည် စီးဆင်းနေသောရေများကို တိတ်ဆိတ်စွာဖြင့်ကြည့်နေလျှ
က်ရှိသည်။
သူမသည် တိုက်ပွဲများနှင့် သူမ၏နှလုံးသားထဲတွင်ရှိနေသည့်လူတစ်ယောက်အကြော
င်းကိုသာတွေးတောနေတတ်သည့်စစ်နတ်သမီးတစ်ပါးပင်။
ကြယ်ခြောက်လုံးအဆင့်နီးပါးအစွမ်းများကို ပိုင်ဆိုင်ထားသည့်အတွက်သူမသည် အလွ
န်အေးစက်သည့်ရာသီဥတုဖြစ်သောလည်းအအေးဒဏ်ကို ခံစားရခြင်းမရှိပေ။ သူမနှင့်
တစ်မီတာပတ်၀န်းကျင်ခန့်တွင် မှော်စွမ်းအင်တစ်ခုသည် မှိတ်တုန်မှိတ်တုန်ဖြင့် တော
က်ပနေလျှက်ရှိသည်။ ဤသည်မှာ ညကောင်းကင်ရံအောက်တွင် လှပကာ အိမ်မက်
ဆန်လှသည်။
သူမသည် တိုက်ပွဲတစ်ခုမှပြန်လာကာစဖြစ်သော်လည်း မောပန်းနွမ်းနယ်ခြင်းမရှိပေ။
သို့သော် ထိုလူသာသူမ၏ဘေးတွင်ရှိပါက သူ၏ပုခုံးပေါ်တွင်မှီရန်မှာမည်မျှကောင်းလိမ့်
မည်ဖြစ်ကြောင်းကို သူမတွေးနေမိသည်။
သို့သော် မည်ကဲ့သို့ပင်ဖြစ်လာခဲ့စေကာမူ အယ်လီနာသည် ထိုလူအတွက်သူမ၏လေး
ရှည်ကို ကိုင်ဆွဲကာ အချိန်မရွေးတိုက်ခိုက်ပေးလိမ့်မည်ဖြစ်သည်။
ဤသည်မှာ အိပ်ပျော်ရန်ခက်ခဲသည့်ညတစ်ခုပင်။
......
“အင်း သူတော်စဥ်ဘေးလ်က ရတနာတွေအကုန်လုံးကို အလတ်ဇန္ဒားကို လက်ဆော
င်အနေနဲ့ပေးလိုက်တာလား...”
အင်ပါယာြမို့တော် မင်းသမီး၏နန်းတော်တွင်ဖြစ်သည်။
မင်းသမီးတာနာရှာသည် သူမ၏သေးငယ်သောလည်းအချိုးစားကျသည့်ခန္ဓာကိုယ်နှင့်လို
က်ဖက်သည့် ၀တ်စုံတစ်ခုကို ၀တ်ဆင်ထား၏။ သူမနှင့်ပတ်သက်သည့်အရာအားလုံး
သည် ကျော့ရှင်းကာဉာဏ်ပညာမြင့်မားသည့် အရှိန်၀ါမျိုးကို ပေးလျှက်ရှိသည်။ သူ
မ၏ခြေထောက်များသည် ကျောက်စိမ်းကဲ့သို့ပင် အရောင်ဖျော့နေပြီး နူးညံ့သည့်အိ
ပ်ယာပေါ်တွင်တင်ထား၏။ လှပသည့်ခရမ်းရောင်၀တ်ရုံနှင့်ကောင်မလေးဇီလျန်းပြော
ကြားသည်ကို နားထောင်ပြီးသည့်နောက်တွင် သူမသည်တိတ်ဆိတ်သည့်အသံဖြင့် တ
စ်စုံတစ်ခုကို နားမလည်နိုင်သကဲ့သို့မေးလိုက်၏။
“ဟုတ်ပါတယ် အရှင့်သမီးသူကဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ် မစ်စတာ
ကာကာရဲ့ကိုယ်စားလှယ်အနေနဲ့လာရောက်ပြီးတော့ သူမပြန်ခင်မှာလဲ အလတ်ဇန္ဒား
ကိုနောက်တစ်ကြိမ်တွေ့ဆုံဖို့အတွက် ဖိတ်ခေါ်သွားပါသေးတယ်။”
ဇီလျန်းသည် သွေးစွန်းဂိုဏ်းဌာနချုပ်တွင် ဖြစ်ပျက်ခဲ့သမျှကို မင်းသမီးအားအကျဥ်းချု
ပ်အနေဖြင့် ပြန်ပြောလိုက်၏။
“မဟာဘုရားကျောင်းက သူတို့ကိုယ်သူတို့အတော်တန်ဖိုးထားတဲ့လူတွေမလား။ သူ
တို့က ဘယ်သူ့ကိုမှဂရုစိုက်တဲ့လူတွေမဟုတ်ဘူး။ နောက်ပြီးတော့ ဘုရားသခင်ရဲအနှ
စ်သက်ဆုံးကလေးငယ် မစ်စတာကာကာဆိုတာကလည်း သူတို့ပြောပုံအရဆို မဟာ
ဘုရားကျောင်းဌာနချုပ်မှာ အတော်အရေးပါတဲ့လူတစ်ယောက်ပဲ။ သူက လှည့်လည်ခ
ရီးသွားနေရင်းနဲ့ လူမသိသူမသိပဲနေထိုင်လာတဲ့လူလေ။ သူ မြို့တော်စိန့်ပီတာစဘာ့တ်
ထဲကို ရောက်လာတုန်းက ခမည်းတော်အပါ၀င်တစ်ခြားဘယ်သူမှနဲ့တောင်လက်ခံပြီး
တွေ့ခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် ကာကာက အလတ်ဇန္ဒားကို တွေ့ဖို့ဖိတ်လိုက်တာ
ပဲ..ဘာလို့ပါလိမ့် အလတ်ဇန္ဒားရဲ့စွမ်းအားနဲ့အရည်ခြင်းက ကြောက်စရာကောင်းတ
ယ်ဆိုပေမယ့် မဟာဘုရားကျောင်းရဲ့အနာဂတ်ဆက်ခံသူတစ်ယောက်ဖြစ်လာနိုင်တဲ့ မစ်
စတာကာကာရဲ့အဆင့်တော့ မဟုတ်သေးပါဘူး။ မဟုတ်မှ လွဲရော ငါတို့မသိသေးတဲ့
အရာတစ်ခုများရှိနေသေးတာလားမသိဘူး...”
မင်းသမီး ရေရွတ်လိုက်မိသည်။
သူမ ပို၍ပင်မျက်မှောင်ကြုံ့လိုက်သည်။ သူမစဥ်းစားရအလွန်ခက်ခဲနေပုံပင်။ သူမသည်
အလွန်အားနည်းသည့်ဟန်ပေါက်နေပြီး လူတိုင်းသူမကို ကာကွယ်ပေးလိုနေ၏။
“အလတ်ဇန္ဒားက စတုတ္ထမင်းသားကိုလူလယ်ခေါင်မှာ အရှက်ခွဲခဲ့ပေမယ့် ဒိုမင်ဂူက
မတားဆီးခဲ့ဘူး။ ဒိုမင်ဂူက အလတ်ဇန္ဒားကို သူ့ကိုအိုကာလို့ခေါ်ခွင့်တောင်ပေးခဲ့သေး
တာပဲ။ ဒီရူးသွပ်တဲ့မင်းသားကလဲ ချမ်းဘော့ဒ်ဘုရင်ကို အထင်ကြီးသွားပုံရတယ်။
နောက်ပြီးတော့ ဒီနေ့ညမှာ သူကအကိုအာရှဗင်ထက်ပိုပြီးတော့ တော်သွားတယ်ဆို
တာကို တော့ ငါ၀န်ခံရလိမ့်မယ်။”
“ဒါပေမယ့် ငါနားမလည်တာက အကိုအာရှဗင်က သူရဲကောင်းတွေ၊ အရည်ချင်းရှိ
တဲ့လူတွေကို အမြဲစုဆောင်းနေတတ်တဲ့လူပါ။ ဒါပေမယ့် သူက အလတ်ဇန္ဒားကိုကျ
ဘာလို့အမြင်မကြည်တဲ့ပုံပေါက်နေတာလဲ...”
မင်းသမီးသည်တွေးရင်းတွေးရင်းဖြင့် ပို၍ပင်ရှုပ်ထွေးလာ၏။
သို့သော် သူမလျှင်မြန်စွာပင် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။ “တစ်ယော
က်ယောက်ကို လွှတ်လိုက် ငါတို့ရရှိထားတဲ့သွေးစွန်းဂိုဏ်းကရတနာတွေကို ချမ်းဘော့
ဒ်စခန်းစီကို ပို့ခိုင်းလိုက်။ ကျွန်မတာနာရှာက သူငယ်ချင်းအန်ဂျယ်လာနဲ့ အန်မာတို့
အတွက် ပေးခိုင်းလိုက်တာလို့သာပြောလိုက်ပါ...”
“ဟုတ်ကဲ့ပါ အရှင့်သမီး...” ဇီလျန်းခေါင်းငြိမ့်ပြလိုက်သည်။
ဤသည်ကို မြင်သည့်အချိန်တွင် မင်းသမီးရုတ်တရက်ရယ်မောလိုက်ရာခန်းမဆောင်တ
စ်ခုလုံးလင်းလတ်သွားတော့သည်။ “ဇီလျန်း ငါသိရလောက်ဆိုရင် နင်က ချမ်းဘော့
ဒ်ဘုရင်နဲ့အတော်စောစောမှာ စတွေ့ခဲ့တဲ့လူပဲ။ အဲ့တုန်းက ငါ့ကို ချမ်းဘော့ဒ်ဘုရင်ကို
သတ်ပစ်သင့်တယ်ဆိုပြီးတောင်အကြံပေးသေးတယ်မလား။ အခုရော နင်ဘယ်လိုထင်
လဲ...ဒီလူကိုဘယ်လိုမြင်လဲ...”
“ဟမ်...ကျွန်မသူ့ကို အခုအချိန်မှာ မသတ်နိုင်တော့ပါဘူးအရှင့်သမီး...” ဇီ
လျန်း သူမ၏ခေါင်းကို နိမ့်လိုက်သည်။
“ဟားဟား တကယ်လို့ သတ်နိုင်တယ်ဆိုရင်ရော သတ်မှာလား...”
“ကျွန်မ...ချမ်းဘော့ဒ်ဘုရင်ကို မသတ်သင့်ဘူးလို့မြင်ပါတယ်...”
“ဇီလျန်းက မသတ်သင့်ဘူးလို့ထင်တဲ့လူတစ်ယောက်တောင်ရှိသေးတာပဲ..” မင်းသ
မီးရယ်မောလိုက်၏။
......
......
ဒုတိယမြောက်နေ့တွင်ဖြစ်သည်။
နေထွက်ခါစတွင်ပင် စခန်းချနေရာများထဲတွင် ၀ရုန်းသုန်းကားဖြစ်နေ၏။ ကြက်များပျံ
သန်းနေကာ ခွေးများလည်းအလန့်တကြားဖြင့်ခုန်ပေါက်နေကြသည်။
အင်ပါယာနန်းတော်မှာ စစ်သည်များစွာပြေး၀င်လာကြပြီးအလွန်တင်းကြပ်သည့်စစ်ဆေး
ရှာဖွေမှုမျိုးကို ပြုလုပ်နေကြသည်။ မြင်းစစ်သည်များစွာသည် အဖွဲ့၀င်စခန်းတစ်ခုနှင့်
တစ်ခုကြားတွင် နေရာယူထားကြပြီးအဆင့်၁အဖွဲ့၀င်တိုင်းပြည်များကိုပင် မိမိ၏စခန်း
အတွင်း၌သာ နေထိုင်ကြရန်ညွှန်ကြားထားသည်။ စခန်းချနေရာတစ်ခုလုံးတွင် အင်
ပါယာကင်းလှည့်စစ်သည်များ, သွေးသံမဏိစခန်းမှစစ်သည်များ၊ ကျန်သည့်စစ်အင်
အားအဖွဲ့စည်းများမှ စစ်သည်များတို့အပြင် သူရဲကောင်းနန်းတော်မှ မြင်းစစ်သည်များ
လည်းပါ၀င်နေ၏။