← Chapters

အခန်း (၃၅၆)

Vol. 24 Ch. 356

အခန်း (၃၅၆)

Vol. 24 Ch. 356

သူ၏လက်ထဲတွင် ပွေ့ပိုင်ထားသည့်မိန်းကလေးတွင် လူအများကို ကြည်လင်အေးချမ်းစေသည့်စွမ်းအားတစ်မျိုးရှိပုံရသည့်အတွက် ဖှေး၏မျက်နှာသည်လည်း ပြုံးလျှက်ရှိ၏။ ဖှေးမည်ကဲ့သို့အန္တရာယ်မျိုး၊ စိုးရိမ်မှုမျိုးဖြင့် ကြုံနေစေကာမူ သူ၏ပင်ပန်းနွယ်နယ်မှုများသည် အန်ဂျယ်လာကိုမြင်လိုက်ရသည်နှင့်တပြိုင်နက်ပျောက်ကင်းသွားလိမ့်မည်ဖြစ်သည်။

ဖှေးကောင်မလေးကို အဖြူရောင်ခေါင်းအုံးပေါ်သို့ ချသိပ်ပေးလိုက်ပြီး အိပ်ယာပေါ်မှဖြေးညင်းစွာဖြင့် ထွက်ခွာလာခဲ့၏။

ဖှေးအားတစ်ညလုံးစောင့်နေခဲ့ရသဖြင့် ပင်ပန်းသည့်အတွက်ကြောင့်လားမသိချေ။ အန်ဂျယ်လာသည် အိပ်ပျော်နေဆဲဖြစ်ပြီး ဖှေး၏လှုပ်ရှားမှုများကို သိလိုက်ပုံမရချေ။ သူမသည် လှပသည့်အိမ်မက်များကိုမက်နေသည့်အတိုင်းပင် အိပ်နေရင်းဖြင့် ပြုံးလျှက်ရှိ၏။

ဤသည်မှာ အန်ဂျယ်လာသည် ပထမဆုံးအနေဖြင့် သူမချစ်ရသည့်လူဖြင့်နီးနီးကပ်ကပ်နေခဲ့ဖူးခြင်းဖြစ်သည်။ အိမ်မက်တစ်ခုသာဖြစ်သော်လည်း အန်ဂျယ်လာ၏မျက်နှသည် အနည်းငယ်အနီရောင်သန်းလျှက်ရှိနေ၏။

လျှော့ရဲသော၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားရင်းဖြင့် ဖှေးသည် အထဲတွင်သားမွေးစများဖြင့်ကွပ်ထားသည့် သံမဏိဖိနပ်တစ်ရံကို ဆင့်ခေါ်လလိုက်သည်။ ထို့နောက်တွင် သူသည် လိုက်ကာကိုမတင်လိုက်ပြီး တဲအတွင်းမှထွက်လာခဲ့တော့၏။

ကောင်းကင်ပေါ်တွင် နေမင်းကြီးသည်တောက်ပနေပြီဖြစ်သည်။ မနေ့ညမှတွင် လေပြင်းတစ်ခုတိုက်ခတ်သွားသည့်အတွက် မြေပြင်ပေါ်တွင် နှင်းများစုပုံနေ၏။ မျှော်လင့်မထားစွာပင် ထိုအေးစက်သည့်လေပြင်းသည် ယနေ့မနက်တွင်ရပ်တံ့သွားခဲ့၏။ ရွှေရောင်နေရောင်ခြည်သည် ကမ္ဘာမြေပြင်ပေါ်တွင် နွေးထွေးစွာဖြင့်တောက်ပလျှက်ရှိ၏။

ဖှေးချမ်းဘော့ဒ်စခန်းတွင် ဖြေးညှင်းစွာလမ်းလျှောက်ရင်းဖြင့် လေ့ကျင့်နေကြသည့်ချမ်းဘော့ဒ်စစ်သည်များကို ပြုံးပြကာနှုတ်ဆက်လျှက်ရှိသည်။ ထို့နောက်တွင် သူသည် ချမ်းဘော့ဒ်စခန်းအနောက်ဘက်တွင်ရှိသည့် မြစ်ထံသို့လမ်းလျှောက်သွားပြီး သူ၏မျက်နှာကို အေးစက်သည့်မြစ်ရေဖြင့် ဆေးကြောလိုက်သည်။

“ဟမ် သူရဲကောင်းနန်းတော်က လူတွေလဲ ရောက်နေတာပဲ...နောက်ဆုံးရူးသွပ်မှုက ရောက်လာတော့မယ်နဲ့တူတယ်...” သူတွေးလိုက်၏။

ဖှေးစခန်းအပြင်တွင်ရှိသည့် လမ်းများကို ကြည့်ရာ အမဲရောင်ချပ်၀တ်များ၊ အနီရောင်ချပ်၀တ်များနှင့် အမဲရောင်ချပ်၀တ်များတပ်ဆင်ထားသောမြင်းများကို စီးနေကြသည့် မြင်းစစ်သည်များကိုတွေ့လိုက်ရသည်။

စပါတပ်အင်ပါယာမှ လုပ်ကြံသတ်ဖြတ်သူများသည် အင်ပါယာအားအတော်ဒုက္ခရောက်စေခဲ့ပုံရသည်။

လုပ်ကြံသတ်ဖြတ်သူများရောက်ရှိလာခြင်းသည် ပြသနများ၏အစမျှသာဖြစ်သေးသည်ကို လည်း ဖှေးသိရှိ၏။ လုပ်ကြံသတ်ဖြတ်သူများရောက်ရှိလာခြင်းကြောင့် ဖြစ်ရပ်များစွာလည်းထွက်ပေါ်လာ၏။ လုပ်ကြံသတ်ဖြတ်မှု တစ်ရာရှိသည်ဟုဆိုရပါက ၆၀သို့မဟုတ်၇၀ရာခိုင်နှုန်းလုပ်ကြံမှုတို့မှာ စပါတပ်အင်ပါယာမှလုပ်ကြံသတ်ဖြတ်မှုများကို အကာကွယ်ယူကာ နိုင်ငံရေးပြိုင်ဘက်အခြင်းခြင်း သုတ်သင်ခြင်းများလည်း ပါ၀င်နေကြောင်းကို ဖှေးရိပ်မိသည်။

အထူးသဖြင့် နန်းတော်ပြင်ပတွင် ဖြစ်ပွားခဲ့သည့်မင်းသားဒိုမင်ဂူကို လုပ်ကြံရန်ကြိုးစားမှုမှာ စပါတပ်အင်ပါယာမှ ပြုလုပ်ခဲ့ခြင်းလုံး၀မဖြစ်နိုင်ချေ။

မင်းသမီးတာနာရှာ ကြုံတွေ့ခဲ့ရသည့်လုပ်ကြံသတ်ဖြတ်မှုများသည်လည်း ဤကိစ္စများ၏နောက်ကွယ်တွင် တတိယအဖွဲ့စည်းတစ်ခုရှိနေနိုင်ကြောင်းကို သက်သေထူလျှက်ရှိသည်။

မင်းသားနှစ်ပါး၏ယှဥ်ပြိုင်မှုတို့မှာ ဤအခြေအနေအထိပင်ပြင်းထန်လာခဲ့ပြီဖြစ်သည်။ လက်ရှိအခြေအနေတွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် ဆွေကြီးမျိုးကြီးများသည် အယောက်၁၀၀ပင်ကျော်နေပြီဖြစ်ပြီး သူတို့ထဲမှတစ်၀က်ခန့်သည် စပါတပ်အင်ပါယာမှ လုပ်ကြံသတ်ဖြတ်ရေးသမားများ၏လက်ချက်ကြောင့်မဟုတ်ပဲ သူတို့၏နိုင်ငံရေးပြိုင်ဘက်များ၏လက်ချက်ဖြစ်နေသည်။

အမှန်တရားသည် အမှားနှင့်ဆက်နွယ်နေသကဲ့သို့ အမှားသည်လည်း အမှန်တရားနှင့်ဆက်နွယ်နေတတ်သည်။

ပို၍ထင်ရှားသည့်ဖြစ်ရပ်မှာ ဖှေးဦးဆောင်ကာသွေးစွန်းဂိုဏ်းကို တိုက်ခိုက်ခဲ့သည့်စစ်ဆင်ရေးပင်။ ထိုအချက်ကို မြင်းစစ်သည်များ၊ အဖွဲ့စည်းများမှ ကြေငြာသည်မှာ စပါတပ်အင်ပါယာမှ လုပ်ကြံသတ်ဖြတ်သူများ၏လက်ချက်ဟူ၍သာကြေငြာခဲ့ကြသည်ဖြစ်သည်။

အင်ပါယာအရှင်သခင်ယရှင်း နာမကျမ်းဖြစ်နေသဖြင့် မြို့တော်၏အခြေအနေမှာလည်း ဆိုး၀ါးနေသည်။ မင်းသားနှစ်ပါးဖြစ်ကြသည့် အာရှဗင်နှင့် ဒိုမင်ဂူတို့ကြောင့်ဖြစ်လာသည့်အဖွဲ့စည်းကြီးနှစ်ခုမှာလည်း အလွန်ရှုပ်ထွေးသည့်အခြေအနေတစ်ခုသို့ရောက်ရှိနေကြသည်။ တစ်ခြားအဖွဲ့စည်းများမှာလည်း ၀င်ရောက်ပါ၀င်ကာ ပို၍ပင်ဆိုး၀ါးအောင်ဖန်တီးနေကြသည်။ ချက်ချင်းပင် မထိန်းသိမ်းနိုင်ပါက အင်ပါယာသည် လက်ရှိတွင် စပါတပ်အင်ပါယာနှင့်လဲစစ်ပွဲဖြစ်ပွားနေသည့်အတွက် ပျက်သုန်းသွားနိုင်၏။

အင်ပါယာ၏အမှောင်ထုသည်ရောက်ရှိနေပြီဖြစ်ပြီး မည်မျှတောင့်ခံနိုင်မည်ကို မည်သမှ မပြောနိုင်ကြပေ။

သို့သော် ဤအချက်သည် ဆွေကြီးမျိုးကြီးများ၏ စွမ်းအားနှင့်အာဏာဆာလောင်မှုတို့ကို ရပ်တံ့သွားစေခြင်းမရှိပေ။

ဖှေးမြစ်ကမ်းဘေးတွင်ထိုင်နေရင်းဖြင့် အ၀ေးတွင်ရှိသော မိုရိုတောင်တန်းများကို ကြည့်လိုက်သည်။ သူသည် လုပ်ခဲ့သမျှအရာအားလုံးကို ပြန်လည်ကာ ဆင်ခြင်ကြည့်နေ၏။

ယခုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ကံကြမ္မာသည် ဖှေး၏ပခုံးပေါ်သို့ကျရောက်နေပြီဖြစ်သည်။ ဖှေး၏ဆုံးဖြတ်မှုတစ်ခုခြင်းစီတိုင်းသည် ချမ်းဘော့ဒ်သားများအားလုံး၏ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည်။ ဖှေးသည် အချိန်နှင့်ယှဥ်ပြိုင်ပြီး ချမ်းဘော့ဒ်တိုင်းပြည်ကို ဤကဲ့သို့ သောနိုင်ရာစားလောကကြီးထဲတွင် ယှဥ်သန်နိုင်အောင်ဆောင်ရွက်ပေးရဦးမည်ဖြစ်သည်။

“စခန်းတံခါးကို ရှာဖွေစစ်ဆေးဖို့အတွက် ဖွင့်လိုက်ပါ...”

စခန်းအပေါက်၀မှာကျယ်လောင်သည့်အော်သံတစ်ခုထွက်ပေါ်လာကာ ဖှေး၏အတွေးများကို ရပ်တံ့စေလိုက်သည်။

ဘုရင်သည်မျက်မှောင်ကြုံ့ပြီး ကြည့်လိုက်ရာသူရဲကောင်းနန်းတော်မှမြင်းစစ်သည်များသည် ရှာဖွေစစ်ဆေးရန်အတွက် စခန်း၀သို့ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ တပ်ဖွဲ့ခေါင်းဆောင်သည် ဒေါသကြီးကာဂုဏ်ယူနေသည့်အသံနေအသံထားတစ်ခုဖြင့် အော်လိုက်၏။

ချမ်းဘော့ဒ်မှသူတော်စဥ်တပ်ဖွဲ့၀င်များသူ့ကိုကြည့်နေကြသည်ကို မြင်လိုက်မိပြီးနောက်တွင် ဖှေးသည် လက်၀ှေ့ရမ်းပြလိုက်ပြီး သူတို့ကို ၀င်ခွင့်ပေးရန်အတွက် ညွှန်ကြားလိုက်သည်။

အဖွဲ့၀င်တိုင်းပြည်များအားလုံးကို ရှာဖွေစစ်ဆေးရခြင်းသည် မြို့တော်မှအမိန့်ဖြစ်ပြီး မည်သူမှ ဤအမိန့်ကို လွန်ဆန်ခွင့်မရှိပေ။ ဖှေးသည်လမ်း ချမ်းဘော့ဒ်ကို အမိန့်မာခံမှုများ၏ခေါင်းဆောင်မဖြစ်စေလိုပေ။ ဤအခိုက်တန့်တွင် မျက်လုံးများစွာသည် ချမ်းဘော့ဒ်တိုင်းပြည်အမှားကျူးလွန်မည့်အချိန်ကို စောင့်ကြည့်နေကြသဖြင့် ဤကိစ္စကြောင့်တိုက်ခိုက်ရန်မှာ ဉာဏ်နည်းသည့်အပြုမူသာဖြစ်နေမည်ဖြစ်သည်။

စခန်းဂိတ်တံခါးကို ဖွင့်လိုက်သည်အချိန်တွင် မြင်းစစ်သည်လေးဆယ်ခန့်သည် မြစ်ရေစီးဆင်းသကဲ့သို့ ၀င်လာကြ၏။ မြင်းခွာသံများသည်လည်း စခန်းတစ်ခုလုံးတွင် ဆူညံသွားတော့သည်။

ကျာပွတ်ရိုက်ခတ်သည့်အသံများမှာ အဆက်မပြတ်ထွက်ပေါ်နေလျှက်ရှိသည်။ မြင်းစစ်သည်များသည် တဲများကို ကြာပွတ်များဖြင့်လိုက်ရိုက်ကာတဲအတွင်းတွင်ရှိနေကြသည့်လူများကို ထွက်လာရန်ညွှန်ကြားလျှက်ရှိသည်။

“ချမ်းဘော့ဒ်သားတွေအားလုံးနားထောင်ကြ။ ဆယ်စက္ကန့်အတွင်းမှာ စခန်းအလည်ခေါင်မှာ တန်းစီထားလိုက်။ ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားကရောဘယ်မှာလဲ...ချမ်းဘော့ဒ်မှာရှိတဲ့ အရွယ်ရောက်ပြီးလူစာရင်းကိုအမြန်သတင်းပို့။ အမြန်လုပ်ကြ လူတိုင်းကိုစစ်ဆေး။”

မြင်းတပ်ဖွဲ့၏ခေါင်းဆောင်မှာ အရပ်ရှည်ရှည်ထွားထွားကျိုင်းကျိုင်းနှင့် လူ၀ံကြီးတစ်ကောင်ကဲ့သို့ပင်။ အမဲရောင်ချပ်၀တ်သည့် သူ၏တောင့်တင်းလှသည့်ကြွက်သားများကြောင့် ပေါက်ကွဲထွက်တော့မည့်အတိုင်းပင်။ သူသည် ဦးဆောင်းကိုချွတ်လိုက်ပြီး သန်မာထွားကျိုင်းသည့်မြင်းတစ်ကောင်ပေါ်တွင်ထိုင်လျှက်ရှိနေသည်။ သူ့ထံတွင် ရက်စက်သည့်အသွင်ပြင်ရှိသည့်မျက်နှာသည့် သားကောင်ရှာဖွေနေသည်ဟန်ရသည့် ကျားသစ်ကဲ့သို့သောမျက်လုံးများရှိနေ၏။

လမ်းပါ့ဒ်တို့ တပ်ဖွဲ့ရောက်ရှိလာပြီးသည့်အချိန်တွင် ချမ်းဘော့ဒ်တပ်ဖွဲ့တွင် လူအင်အားတစ်ရာကျော်ခန့်ရှိနေပြီဖြစ်သည်။ မြင်းစစ်သည်များ၏ညွှန်ကြားမှုအတိုင်းပင် သူတို့အားလုံးစခန်း၏အလည်တွင် တန်းစီလိုက်ကြသည်။

သူရဲကောင်းနန်းတော်မှ မြင်းစစ်သည်များသည် အင်ပါယာကင်းလှည့်တပ်ဖွဲ့နှင့် တခြားတပ်ဖွဲ့ကြီးလေးခုမှ စစ်သည်များထက်ပင် များစွာပို၍အတင့်ရဲကြသည်။ ဖှေးသည် နံပါတ်၁ဓားကွင်းတွင် အထူးပါးကွပ်သားသူရဲကောင်းလေးယောက်ကို အနိုင်ယူခဲ့သည့်အတွက်ကြောင့်လားမသိချေ။ ဤမြင်းစစ်သည်များသည် ရန်လိုသည့်အမူယာများရှိနေကြ၏။

ဖှေးစခန်းလည်သို့ အေးဆေးပင်လမ်းလျှောက်သွားလိုက်သည်။

“ရှာလို့တော့ရပါတယ်။ ဒါပေမယ့် လွန်လာရင်တော့....” သူတွေးလိုက်မိသည်။

ဤအခိုက်တန့်တွင်...

“နောက်ဆုတ်ကြ ဒါကအရှင်မင်းကြီးရဲ့တဲပဲ။ အရှင်မက အ၀တ်လဲနေတယ်။ သူမအ၀တ်လဲပြီးရင်ထွက်လာလိမ့်မယ်...” စခန်း၏အလည်ခေါင်တွင်ရှိသည့် တဲရှေ့တွင် ဒရော့ဂ်ဘာသည် ဒေါသဖြစ်စွာဖြင့်အော်ဟစ်ကာ တဲထဲသို့ ပြေး၀င်ရန်ကြံရှိနေကြသည့် မြင်းစစ်သည်နှစ်ယောက်ကို ရပ်တန့်လိုက်သည်။

အန်ဂျယ်လာသည် မနေ့က အလွန်ပင်ပန်းခဲ့သဖြင် အိပ်မောကျလျှက်ရှိနေဆဲပင်။

“ဖျောင်း...ဖယ်စမ်းကွာ။ ဘယ်ကအရှင်မလဲ...ချက်ချင်းနေရာဖယ်လိုက် ငါတို့က လုပ်ကြံသတ်ဖြတ်သူတွေကို ရှာနေတာကွ..” မြင်းစစ်သည်တစ်ယောက်သည် သူ၏ကြာပွတ်ကို ၀ှေ့ရမ်းလိုက်သည်။

“ဖုန်း...”

ဒရော့ဂ်ဘာ သူ၏လက်ကို မြှောက်လိုက်ပြီး ကြာပွတ်၏အစွန်းမှဖမ်းလိုက်သည်။ သူ၏လက်ကောက်၀တ်ကို လှုပ်ရှားလိုက်သည့်အချိန်တွင် မြင်းစစ်သည်လည်း အနောက်သို့လွှင့်ထွက်သွားတော့၏။

ဤသည်မှာ စွမ်းအားများစွာကွာခြားနေသည့်အတွက်ပင်။

“မင်းကများ...”မြင်းစစ်သည်များ၏ခေါင်းဆောင်ဖြစ်သည့် အမဲရောင်မျောက်၀ံကြီးသည်ဤမြင်ကွင်းကို မြင်လိုက်ရ၏။ သူ၏မျက်လုံးများထဲတွင် ကျေနပ်သွားသည့်အရိပ်ယောင်တစ်ခုဖြတ်ကနဲတောက်ပသွားပြီး ဒေါသဖြစ်စွာဖြင့်အော်ဟစ်လို်က်သည်။ “မင်းက သူရဲကောင်းနန်းတော်က မြင်းစစ်သည်တစ်ယောက်ကို ရိုက်ပြီးတော့ စပါတပ်အင်ပါယာက လုပ်ကြံသတ်ဖြတ်သူတွေရှာဖွေနေတာာကို တားဆီးလိုက်တာပေါ့။ တစ်ယောက်ယောက် ဒီအတင့်ရဲတဲ့ကျေးကျွန်ကို ဖမ်းလိုက်ကြစမ်ကွာ...”

တစ်ချို့မြင်းစစ်သည်များသည် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ သူတို့၏ချွန်ထက်သည့်လက်နက်များကို ဆွဲထုတ်ကာ ပြေး၀င်သွားကြ၏။

ဒရော့ဂ်ဘာဤအခြေအနေကို မြင်သည့်အချိန်တွင် အလျှော့ပေးခြင်းမရှိပေ။ ကြယ်လေးလုံးအဆင့်အတွင်းအားစွမ်းအင်များသည် သူ၏ခန္ဓကိုယ်ပေါ်တွင် လွှမ်းခြုံသွားပြီး သူသည် တံခါးရွက်တစ်ခုစာမျှအရွယ်စားရှိသည့်ပုဆိန်ကြီးကို ကိုင်ဆွဲကာ သူ့ထံသို့ပြေး၀င်လာနေသည့် မြင်းစစ်သည်များကို အေးစက်သည့်အမူယာဖြင့်ကြည့်လိုက်၏။

ဤလူသည်လုံး၀ပင်ကြောက်လန့်ခြင်းမရှိပေ။

လမ်းပါ့ဒ်နှင့် သူ၏လူများစခန်းသို့လာခဲ့စဥ်က အင်ပါယာစစ်သည်များ၏အနိုင်ကျင့်ခံခဲ့ရပုံကို ဖှေးကြားသည့်အချိန်တွင် ဖှေးအလွန်ဒေါသဖြစ်သွားပြီး သူတို့၏ခြေထောက်များကို ဘာလို့မချိုးခဲ့လဲဟုပင်မေးခဲ့သည်။ ဤအချက်သည် ဒရော့ဂ်ဘာအားအထောက်ပံ့ပေးနေသည်။ ဘုရင်မှတားဆီးခြင်းမရှိပဲ ဤမြင်းစစ်သည်များသည်သူ့ထံသို့ ရန်လိုစွာဖြင့် ပြေး၀င်လာနေပါက ဤလူများကို သင်ခန်းစာပေးရန်အတွက်အကြောင်းပြချက်တစ်ခုပင်။

“ငါ့ရဲ့ပုဆိန်က သွေးဆာနေတာကြာပြီ...” ဤလူသည် သူ၏ခြေထောက်ကို လှုပ်ကာတွေးလိုက်၏။

ဒရော့ဂ်ဘာ၏အမူယာကို တွေ့လိုက်ရသည့်အချိန်တွင် သူထံသို့ ပြေး၀င်လားနေကြသည့်မြင်းစစ်သည်များသည်လည်း ပျော့်ပျောင်းသွားတော့သည်။

ယခင်က ဤမြင်းစစ်သည်များနှင့်ရင်ဆိုင်ရသည်လူမည်သူမဆိုသည် ကြောက်လန့်သွားကာ ဒူးထောက်ပြီးအသနားခံကြမည်ဖြစ်သည်။ သို့သော် ဤကဲ့သို့ဦးနောက်မဲ့သည့်လူတစ်ယောက်ရှိနေဦးလိမ့်မည်ဟုမည်သူမှထင်ထားခြင်းမရှိပေ။ ဤလူ၏ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေသည့်ကြယ်လေးလုံးအဆင့်အတွင်းအားစွမ်းအင်များနှင့် လူများကိုခုတ်ပိုင်းသည့် ပုဆိန်ကြီးကို မြင်လိုက်ရသည့်အချိန်တွင် မြင်းစစ်သည်များသည် ဆက်လက်ချီတပ်ရမည်လား ဆုတ်ခွာရမည်လားကိုပင် မသဲကွဲတော့ချေ။ ဤလူသည် အမှန်တကယ်ပင် လက်ရဲဇက်ရဲဖြင့် လုပ်မည့်သူဖြစ်ကြောင်းကို သူတို့ရိပ်မိသည့်အတွက်ပင်။

မြင်းစစ်သည်များသည် သူရဲကောင်းနန်းတော်မှဖြစ်သောကြောင့် အထူးပါးကွပ်သားသူရဲကောင်းလေးယောက်နှင့် ချမ်းဘော့ဒ်ဘုရင်၏တိုက်ပွဲအကြောင်းကိုလဲကြားပြီးဖြစ်သည်။ အချိန်တိုလေးအတွင်းမှာပင် ချမ်းဘော့ဒ်ဘုရင်သည် ပါးကွပ်သားသူရဲကောင်းလေးယောက်ကို အပြင်းထန်ရိုက်နှက်ခဲ့သည်ဖြစ်သည်။ ဤသည်မှာ မုန်လာထုပ်များမဟုတ်ပဲ ပါးကွပ်သားသူရဲကောင်းများပင်။

ချမ်းဘော့ဒ်ဘုရင်သည် ဦးနှောက်မရှိသည့်လူတစ်ယောက်မှန်းသိရှိပြီဖြစ်သော်လည်း သူ၏လူများသည်လည်း သေရမည်ကို မကြောက်ပဲဦးနောက်မရှိသည့်လူများဖြစ်နေလိမ့်မည်ဟု သူတို့ထင်မထားကြချေ။

“ဘယ်လိုလုပ်ကြမလဲ...”

မြင်းစစ်သည်များသည် တစ်ဖက်သို့လှည့်လိုက်ပြီး သူတို့၏ခေါင်းဆောင်ကို ကြည့်လိုက်သည်။

မြင်းတပ်ဖွဲ့၏ခေါင်းဆောင်မှာ ဒေါသဖြစ်နေ၏။ သူ၏လက်သည်လည်း တိုက်ခိုက်ရန်အတွက် သူရဲကောင်းလှံရှည်ပေါ်သို့ အသင့်တင်ထားပြီးပြီဖြစ်သည်။ သို့သော် သူရုတ်တရက် ချမ်းဘော့ဒ်ဘုရင်၏နာမည်ပြောင်းများဖြစ်ကြသည့် ခွေးရူးနှင့် ကောင်းကင်လက်သီးစသည်တို့ကို ပြန်လည်သတိရလိုက်ကာ သူ၏ဒေါသများသည်လည်းတစ်၀က်ခန့်ကျဆင်းသွားတော့သည်။

All Chapters