အခန်း (၃၅၇)
Vol. 24 Ch. 357
သူရဲကောင်းနန်းတော်စတင်တည်ထောင်သည့်အချိန်ကတည်းက စစ်သည်များနှင့် အထူးပါးကွပ်သားသူရဲကောင်းများသည် အင်ပါယာအရှင်သခင်ယရှင်း၏အမိန့်တစ်ခုတည်းကိုသာ နာခံကြသူများဖြစ်ကြသည်။ သူတို့သည် မြို့တော်စိန့်ပီတာစဘာ့်ထဲတွင်ရှိသည့် ဆွေကြီးမျိုးကြီးမိသားစုများကိုပင် စောင့်ကြည့်စစ်ဆေးအရေးယူခွင့်ရှိကြသည်။ သူတို့သည် အင်ပါယာအရှင်သခင်ကို ကိုယ်စားပြုကာ အဖွဲ့၀င်တိုင်းပြည်များကိုလည်း လှည့်လှည်သွားလာနိုင်ခွင့်ရှိသည်။ ထို့အပြင် သူရဲကောင်းနန်းတော်အတွင်းမှ မဟူရာအကျဥ်းထောင်ထဲတွင် မည်သူကိုမဆိုထိန်းချုပ်ထားခွင့်ရှိသည်။ ဆွေကြီးမျိုးကြီးတော်တော်များများပင် ထိုအကျဥ်းထောင်ထဲတွင် သေဆုံးခဲ့ဖူးသည်။ ဤအကြောင်းပြချက်များအားလုံးကြောင့် သူရဲကောင်းနန်းတော်မှ သာမန်စစ်သည်တစ်ယောက်ကပဲ ဆွေကြီးမျိုးကြီးမိသားစုများ၏ရှေ့တွင် ရင်ကော့နေနိုင်၏။
သို့သော် ဤကဲ့သို့ အထိန်းချုပ်ကင်းမဲ့လုနီးပါးဖြစ်သည့် အာဏာကြောင့် သူရဲကောင်းနန်းတော်မှလူများသည် မာနထောင်လွှားလာကြသည်။
သူတို့သည် လုပ်ချင်သာလုပ်ကြပြီး ဖှေးကဲ့သို့သောသူတို့၏ပါ၀ါအာဏာကို ဂရုမစိုက်သည့်လူမျိုးနှင့်ကြုံတွေ့ဖူးခြင်းမရှိသေးပေ။ ယခင်ကလိုသာဖြစ်ပါက သူတို့သည် ဖှေးကိုသင်ခန်းစာပေးကြလိမ့်မည်ဖြစ်သည်။ သူတို့ထံတွင် လူတစ်ယောက်ကို သေချင်သည့်အထိနှိတ်စက်ရန်အတွက် နည်းလမ်းပေါင်းများစွာရှိ၏။
သို့သော် ချမ်းဘော့ဒ်ဘုရင်သည် ထူးခြားသည့်အခြေအနေတစ်ခုသည်။ ချမ်းဘော့ဒ်သည် အင်အားနည်းသည့်တိုင်းပြည်တစ်ခုဖြစ်သော်လည်း ဖှေး၏တစ်ကိုယ်ရည်စွမ်းအားမှာမူ ယှဥ်ပြိုင်၍မရပေ။ သူသည် ဓားကွင်းတွင် ပါးကွပ်သားသူရဲကောင်းသုံးယောက်နှင့် ယှဥ်ပြိုင်ကာတိုက်ခိုက်နိုင်ခဲ့ပြီး သူသည်လည်း မည်သူ့ကိုမှဂရုမစိုက်တတ်သည့်လူတစ်ယောက်ပင်။ တစ်နည်းအားဖြင့် သူသည် ပထမမင်းသားနှင့်ဒုတိယမင်းသားတို့နှစ်ဦးလုံး၏ထောက်ခံမှုကိုရရှိခဲ့ပြီး မဟာဘုရားကျောင်းမှတစ်ချို့အရေးကြီးပုဂ္ဂိုလ်များ၏သဘောကျနှစ်သက်ခြင်းကိုပင်ခံခဲ့ရသည်။ ထို့အပြင် သူရဲကောင်းနန်းတော်၏ခေါင်းဆောင်ဖြစ်သည့် အဆင့်၁ပါးကွပ်သားသူရဲကောင်းအာကင်ဖိပင် ဤလူငယ်အပေါ်တွင် ရှင်းလင်းသည့်သဘောထားရှိပုံမရပေ။ ထို့ကြောင့် သူရဲကောင်းနန်းတော်မှ စစ်သည်များသည် ပထမဆုံးအနေဖြင့် စွမ်းအားကင်းမဲ့ခြင်းကိုခံစားနေရသည်။ သူတို့သည် ဖှေးအားစွမ်းအားအနေဖြင့်ရော အရှိန်အ၀ါအနေဖြင့်ပါယှဥ်ပြိုင်နိုင်ခြင်းမရှိပေ။
ကျားသစ်မျက်လုံးနှင့် မြင်းစစ်သည်ခေါင်းဆောင်သည် ဖှေးအားတိုက်ခိုက်ရန်ကြံစည်နေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဖှေး၏ကောင်းကင်လက်သီးဟူသည့်နာမည်ပြောင်ကို ပြန်လည်ကာစဥ်းစားမိပြီးသည့်အချိန်တွင် သူသည် အားနည်းသကဲ့သို့ခံစားလိုက်ရသည်။ တဲရှေ့တွင်ရပ်စောင့်နေသည့် ဒရော့ဂ်ဘာနှင့် စခန်း၏အလည်ခေါင်တွင်ရပ်နေသည့် ဖှေးတို့ကို ကြည့်ရင်းဖြင့် သူပြောလိုက်သည်။ “ချမ်းဘော့ဒ်ဘုရင် စစ်ဆေးရှာဖွေဖို့အမိန့်ကအင်ပါယာအရှင်သခင်စီကနေနော် အရှင်က ကျွန်တော်တို့ရဲ့စစ်ဆင်ရေးကို ဟန့်တားပြီးတော့ သစ္စာဖောက်ဖို့ကကြံစည်နေတာလား...”
ဖှေးသည် ဤခေါင်းဆောင်ကို တစ်ချက်ပင် လည့်မကြည့်ချေ။
ဤကဲ့သို့လူမျိုးသည်သူနှင့်စကားပြောဆိုရန်အဆင့်တန်းမှီခြင်းမရှိပေ။
“မင်း...” မြင်းတပ်ဖွဲ့ခေါင်းဆောင်သည် မခံချင်ဖြစ်သွား၏။
လေထုသည် ချက်ချင်းပင် တင်းမာလာတော့သည်။
အမှန်ပင် ဤတင်းမာမှုကို အ၀ေးမှလှမ်းကြည့်နေကြသည့်အဖွဲ့၀င်တိုင်းပြည်များကသာ ခံစားနေရခြင်းဖြစ်သည်။
မကြာသေးမှီအချိန်က အဖွဲ့၀င်တိုင်းပြည်အားလုံနီးပါးပင် တစ်နေ့တွင် အကြိမ်ပေါင်းများစွာရှာဖွေစစ်ဆေးခြင်းခံခဲ့ကြရသည်။ ဇီးနစ်အင်ပါယာ၏အဖွဲ့၀င်တိုင်းပြည်တစ်ခုအနေဖြင့် ချမ်းဘော့ဒ်သည်လည်း သူတို့၏ဘုရင်သည် နာမည်ကျော်ကြားသော်လည်းရှာဖွေစစ်ဆေးခံရဆဲပင်။ သို့သော် ယခင်က လာရောက်ရှာဖွေသည့်အဖွဲ့များသည် ချမ်းဘော့ဒ်တိုင်းပြည်အပေါ်တွင် လေးလေးစားစားနှင့် ဂရုတစိုက်ဆက်ဆံကြပြီး ဤသူရဲကောင်းနန်းတော်မှတပ်ဖွဲ့များကဲ့သို့ ပြုမူရဲခြင်းမရှိကြပေ။
စခန်းချရာနေရာတွင် လူတိုင်းနီးပါးပင် သူရဲကောင်းနန်းတော်နှင့် ချမ်းဘော့ဒ်ဘုရင်တို့ကြားတွင်ရှိသည့် ပဍိပတ်ခကိုသိရှိကြသည်။
သူတို့သိရှိကြသည့်အတွက် ဤရှာဖွေစစ်ဆေးမှုကို ဂရုတစိုက်ဖြင့်စောင့်ကြည့်နေကြခြင်းဖြစ်သည်။ ဉာဏ်ကောင်းသည့် လူတော်တော်များများသည် သူရဲကောင်းနန်းတော်မှ မြင်းတပ်ဖွဲ့များသည် ချမ်းဘော့ဒ်ဘုရင်အတွက်လာရောက်နေကြောင်းကို ရိပ်မိကြပြီးဖြစ်သည်။ ဤမြင်းစစ်သည်များသည် တစ်ခြားအဖွဲ့၀င်တိုင်းပြည်များ၏စခန်းများကို ရှာဖွေသည့်အချိန်တွင် တင်းကြပ်လှသော်လည်း ဤမျှရက်စက်ရိုင်းစိုင်းခြင်းမရှိပေ။ သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်ကို သက်သက်မဲ့ရန်စနေသည်မှာ ထင်ရှားလှသည်။
အဖွဲ့၀င်တိုင်းပြည်တော်တော်များများသည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေကြ၏။
ချမ်းဘော့ဒ်စခန်းထဲတွင်ဖြစ်သည်။
မြင်းစစ်သည်များသည် အလွန်ခက်ခဲသည့်အခြေအနေတစ်ခုထဲတွင် ကျရောက်နေသကဲ့သို့ခံစားနေကြရသည်။ သူတို့၏ခေါင်းဆောင်ထံမှ အမိန့်မပါပဲဖြင့် သူတို့နောက်သို့ဆုတ်ခွာခွင့်မရှိပေ။ သို့သော် သူတို့ဖှေးအနားသို့လည်း ဆက်လက်ချည်းကပ်ရဲသည့်သတ္တိမရှိလှပေ။ ငါးမိနစ်ခန့်ကြာသည့်အချိန်တွင် အန်ဂျယ်လာနှင့် အန်မာတို့သည် တဲအတွင်းမှထွက်လာကြတော့သည်။
ဤသည်မှာ အလွန်မြန်သည်ဟုပြောရမည်ဖြစ်သည်။
အန်ဂျယ်လာသည် ယခင်ကတည်းက အားနည်းသူတစ်ယောက်ဖြစ်သည်။ သူမသည် ဖှေးအားစောင့်ရင်းဖြင့် တစ်ညလုံးမအိပ်ပဲနေခဲ့ပြီးမိုးလင်းခါနီးအချိန်မှ အချိန်အနည်းငယ်သာအိပ်စက်ခဲ့ရသည်။ တဲပေါ်တွင်ပါရှိသည့် မှော်အစီရင်တော်တော်များများသည် အပြင်မှဆူညံသံများကို ကာစီးထားသောကြောင့်သူမမြင်းစစ်သည်များတဲကို ကြာပွတ်ဖြင့်ရိုက်သည့်အချိန်မှနိုးလာခဲ့ခြင်းဖြစ်ပြီး အန်ဂျယ်လာ၏အကူညီဖြင့် နိုးလာခဲ့ခြင်းဖြစ်သည်။
သူမသည် အသေးမွှားကိစ္စလေးများကြောင့် ဖှေးကို ဒုက္ခမပေးလိုချေ။
အန်ဂျယ်လာတဲအတွင်းမှ လမ်းလျှောက်ထွက်လာသည့်အချိန်တွင် သူရဲကောင်းနန်းတော်မှလူများသည် သူတို့၏ကမ္ဘာကြီးတစ်ခုလုံးလင်းသွားသကဲ့သို့ခံစားလိုက်ရ၏။ သူတို့နတ်သမီးတစ်ပါးကို မြင်လိုက်ရသည့်အတိုင်းပင် သူတို့အားလုံးဓားများကို ဓားအိမ်အတွင်းသို့ပြန်ထည့်လိုက်ကြသည်။ထို့အပြင် ရက်စက်ကြမ်းကြုတ်သည့်စစ်သည်များသည် သူတို့၏ရိုင်းပြသည့် အပြုမူသည်မသင်လျှော်လှသဖြင့်ရှက်ရွံ့သွားသကဲ့သို့ခေါင်းငြိမ့်လိုက်ကြသည်။
ကျားသစ်မျက်လုံးနှင့်မြင်းစစ်သည်ပင် အံ့သြသွား၏။
သူသည်လည်း သူရဲကောင်းနန်းတော်တွင် ရာထူးနိမ့်ကျသည့်လူတစ်ယောက်သဖြင့် ဆွေကြီးမျိုးကြီးအမျိုးသမီးတော်တော်များများကို မြင်တွေ့ဖူးပြီးဖြစ်သည်။ သူသည် မြို့တော်အတွင်းတွင် ထင်ရှားသည့်မိန်းမလှလေးများပင် ဤမိန်းကလေးနှင့်ယှဥ်ပြိုင်နိုင်ခြင်းမရှိသလိုခံစားလိုက်ရ၏။ သူမြင်ခဲ့ဖူးသည့်မည်သည့်မိန်းကလေးမှ သူ့အားဤကဲ့သို့အံ့သြစေခဲ့ခြင်းမရှိပေ။
သူသည် ဘုရင်အလတ်ဇန္ဒားတွင် နတ်သမီးကဲ့သို့သော မိဘုရားတစ်ပါးရှိသည်ဟု ကြားခဲ့ဖူးသည်။ သို့သော်လည်း ဤသည်မှာ ကောလဟာလတစ်ခုမျှသာဟု သူထင်ခဲ့၏။ ယခုအချိန်တွင်မူ ထိုကောလဟာလှသည် အမှန်တရားကိုပင် ယှဥ်နိုင်ခြင်းမရှိသည်ကို မျက်မြင်တွေ့လိုက်ရပြီဖြစ်၏။
အန်ဂျယ်လာသည် ဖှေး၏ဘေးတွင် ရပ်လိုက်သည်။ သူတို့နှစ်ယောက်သည်အလွန်လိုက်ဖက်လှသည်။ တစ်ယောက်သည်ခန့်ညားပြီးစွမ်းအားကြီးမားသူဖြစ်၍ တစ်ယောက်မှာ အသက်ရှူမှားလောက်သည်အထိလှပသည့်ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူတို့၏ဘေးတွင်ရှိသည့်လူများအားလုံးနီးပါးသည် အားကျနေကြသည်။ ဤလူနှစ်ယောက်သည် ကမ္ဘာပေါ်တွင်ရှိသည့်လှပခြင်းများအားလုံးကိုခိုးယူသွားသည့်အတိုင်းပင်။
မိနစ်အနည်းငယ်ခန့်ကြာသည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှလူများအားလုံးသည် စခန်း၏အလည်တွင်ရောက်ရှိနေကြပြီဖြစ်သည်။
မြင်းစစ်သည်တစ်ချို့သည် ဂရုတစိုက်ဖြင့် ရှာဖွေစစ်ဆေးပြီး သူတို့၏ခေါင်းဆောင်ထံသို့ တစ်စုံတစ်ခု ကပ်ကာပြောလိုက်သည်။ ထို့နောက်တွင်ခေါင်းဆောင်သည် ခေါင်းငြိမ့်ပြလိုက်ပြီး ချမ်းဘော့ဒ်တိုင်းပြည်မှလူများကိုရက်စက်စွာဖြင့်ကြည့်လိုက်သည်။ ထို့နောက်တွင် စာအုပ်ငယ်လေးတစ်ခုကို ထုတ်ယူလိုက်ပြီး ထိုစာအုပ်ပေါ်တွင်ရေးထားသည့် နာမည်များကိုတစ်ခုပြီးတစ်ခုခေါ်တော့သည်။
ဤစာအုပ်ကို ချမ်းဘော့ဒ်တပ်ဖွဲ့စတင်ရောက်ရှိလာစဥ်က ဖှေးအင်ပါယာကင်းလှည့်တပ်ဖွဲ့သို့ပေးခဲ့ရသည့်စာအုပ်တစ်အုပ်ပင်။ ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုတည်းသာမဟုတ်ပေ တစ်ခြားအဖွဲ့၀င်တိုင်းပြည်များသည်လည်း ပါရှိသည့်လူစာရင်းကို အင်ပါယာကင်းလှည့်တပ်ဖွဲ့သို့ပေးခဲ့ကြရသည်။ ဤသည်မှာစခန်းချနေရာသို့ စီမံကွပ်ကဲရန်ဖြစ်ပြီး အင်ပါယာ၏ရန်သူများစပိုင်အဖြစ်၀င်ရောက်နေခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်ကတည်းက သွေးသံမဏိစခန်းနှင့် အင်ပါယာကင်းလှည့်တပ်ဖွဲ့မှလူများဤနေရာသို့လာကာ လူစာရင်းစစ်နေကြပင်။
“နင်တို..နင်တို့ ဟိုခွေးမရှစ်ကောင်ဒီကိုလာခဲ့စမ်း...”
လူစာရင်းစစ်ပြီးသည့်နောက်တွင် နာမည်ခေါ်ခြင်းမခံရသည့်ကောင်မလေးရှစ်ယောက်ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် ကျန်ရှိနေ၏။ အော်ခံလိုက်သံကို ကြားလိုက်ရသည့်အချိန်တွင် ကောင်မလေးများသည် အလွန်ကြောက်လန့်သွားကြပြီး သူတို့၏ခြေထောက်များပင် ယိုင်နဲ့လာတော့သည်။ လမ်းလျှောက်ရန်အတွက် တုန့်နှေးနေသည့်ကောင်မလေးတိုင်းသည် မြင်းစစ်သည်များ၏ကြာပွတ်စာမိသွားကြတော့၏။ နောက်ဆုံးမှလိုက်ပါနေသည့် ကောင်မလေးတစ်ယောက်သည် ကြာပွတ်ဖြင့်ရိုက်နှက်ခံလိုက်ရသဖြင့် ကြောပြင်တစ်ခုလုံးနီရဲလာကာ လဲကျလုနီးနီးပင်။
ရှည်ကြာစွာစောင့်ဆိုင်းနေခဲ့ရသည့် ကျနပ်သည့်အမူယာသည် ကျားသစ်မျက်လုံးနှင့်မြင်းတပ်ဖွဲ့ခေါင်းဆောင်၏မျက်နှာပေါ်တွင်ပေါ်လာတော့သည်။
ဖှေးမျက်မှောင်ကြုံ့လိုက်သည်။
ဤကောင်မလေးရှစ်ယောက်သည် ချမ်းဘော့ဒ်တိုင်းပြည်မှမဟုတ်ကြချေ။
အဖြူရောင်၀တ်စုံနှင့်ကောင်မလေးခြောက်ယောက်သည် သွေးစွန်းဂိုဏ်းမှ ဖယ်လွန်မိသားစုကိုယ်စားချမ်းဘော့ဒ်တိုင်းပြည်ကို လက်ဆောင်အနေဖြင့်ဆက်သခဲ့သည်များဖြစ်သည်။ ဤကောင်မလေးများသည် သွေးစွန်းဂိုဏ်း၏ဖမ်းစီးခြင်းကို ခံခဲ့ရပြီး ရောင်းစားလက်ဆောင်ပေးခြင်းကိုခံရသည်မှာ သနားစရာပင်။
ဖှေးသူမတို့ကို သနားမိသဖြင့် အန်ဂျယ်လာအားသူမတို့ကို ကြည်ရှုစောင့်ရှောက်ရန်တာ၀န်ပေးခဲ့သည်။
အနည်းငယ်စုံစမ်းပြီးသည့်အချိန်တွင် ဤကောင်မလေးများ၏မိသားစုများသည် သွေးစွန်းဂိုဏ်း၏သတ်ဖြတ်ဖျက်ဆီးခြင်းကိုခံခဲ့ရပြီဖြစ်သည်။ ထို့ကြောင့်သူတို့တွင် သွားစရာနေရာမရှိတော့သောကြောင့် သူတို့ကိုချမ်းဘော့ဒ်စခန်းတွင် နေထိုင်ခွင့်ပေးထားခဲ့ခြင်းဖြစ်သည်။ ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များသည် မာကြောသည့်လူများဖြစ်ကသဖြင့် ဘုရင်၏၀ေယာ၀တ်စများပြုလုပ်ရန်မှာအဆင်မပြေလှချေ။ အန်မာသည်လည်း သိပ်ပြီးဂရုမစိုက်တတ်သည့်ကောင်မလေးတစ်ယောက်ပင်။ ထို့ကြောင့် ဤကောင်မလေးခြောက်ယောက်သည် ဖှေးကို အစေခံအနေဖြင့် အမှုထမ်းပေးနေကြခြင်းဖြစ်သည်။
ကျန်ရှိနေသည့်အနီရောင်၀တ်ရုံနှင့်ကောင်မလေးနှစ်ယောက်မှာ လမ်းပါ့ဒ်သွေးစွန်းဂိုဏ်းမှ မြေပြင်ကျားကို သတ်ဖြတ်ခဲ့စဥ်က ကယ်တင်ခဲ့သည့် ကောင်မလေးနှစ်ယောက်ဖြစ်သည်။