အခန်း (၃၅၈)
Vol. 24 Ch. 358
ဤမိန်းကလေးနှစ်ယောက်သည် အလွန်မင်းလှပကြပြီး သူတို့ပြုမူသည့်ပုံကိုကြည့်ပါက
သူတို့သည် ဆွေကြီးမျိုးကြီးနွယ်၀င်များဖြစ်ကြပုံရသည်။ သူမတို့မည်ကဲ့သို့အဖမ်းခံခဲ့ရ
သည်ကို မည်သူမှမသိချေ။ သူမတို့အားကယ်တင်ပြီးသည့်နောက်တွင် သူမတို့သည်
လမ်းပါ့ဒ်တစ်ယောက်တည်းမှလွဲ၍ကျန်သည့်လူများကို ယုံကြည်ခြင်းရှိပုံမရပေ။ ထို့အ
ပြင်ကောင်မလေးနှစ်ယောက်လုံးသည် ဇီးနစ်အင်ပါယာထဲတွင် အသုံးပြုသည့်ဘာသာ
စကားကို မပြောတတ်ကြချေ။ ထို့ကြောင့် သူမတို့၏နေက်ကြောင်းကို စုံစမ်းရန်မှာခ
က်ခဲလှသည်။ ထို့ကြောင့်ဖှေးသည် သူမတို့ကို ချမ်းဘော့ဒ်စခန်းထဲတွင် နေထိုင်ခွင့်
ပြုထားခဲ့ခြင်းပင်။
“နင်တို့ရဲ့နာမည်တွေက ဘာလို့ ဒီစာရင်းထဲမှာ မပါရတာလဲ။ နင်တို့ဘယ်သူတွေလဲ
ဆိုတာ အမြန်ပြောကြစမ်း....”
မြင်းတပ်ဖွဲ့ခေါင်းဆောင်သည် စာအုပ်ကို ၀ှေ့ရမ်းပြလိုက်ပြီးကောင်မလေးများကို ရက်
စက်ကြမ်းကြုတ်စွာဖြင့်ကြည့်လိုက်သည်။ သူသည် ရေခဲကဲ့သို့ပင်အေးစက်နေ၏။
မြင်းစစ်သည်များသူတို့၏လက်နက်များဖြင့် ချပ်၀တ်များကိုထုရိုက်နေသည့်အသံများ
ကြောင့်အရာအားလုံးသည်သတ်ဖြတ်လိုသည့်အရှိန်၀ါဖြင့်ကြောက်မက်ဖွယ်ကောင်းနေ
သည်။ ဤမြင်းစစ်သည်များအားလုံးသည်တိုက်ပွဲများစွာတိုက်ခိုက်ဖူးသည့်ကျွမ်းကျင်စစ်
သည်များဖြစ်ကြသဖြင့် ဤကဲ့သို့သောလေထုကို လွယ်ကူစွာပင်ဖန်တီးနိုင်၏။
မိန်းမလှလေးများသည် ဤကဲ့သို့သောမြင်ကွင်းကိုမြင်တွေ့ဖူးခြင်းမရှိသည့်အတွက် အ
လွန်ကြောက်လန့်ကာ စကားပင်ကောင်းကောင်မပြောနိုင်ကြတော့ပေ။
“ဟမ် မျက်နှာတွေကဖြူဖက်ဖြူယော်နဲ့စကားတွေကလဲ ထစ်နေပါ့လား။ သေချာတယ်
ဒီကောင်မတွေက စပါတပ်အင်ပါယာက လုပ်ကြံသတ်ဖြတ်သူတွေပဲ။ အမြန်ဖမ်းလို
က်ပြီးတော့ မဟူရာအကျင်းထောင်ထဲကို ပို့လိုက်ကြကွာ...”
မြင်းတပ်ဖွဲ့ခေါင်းဆောင်သည် ကောင်မလေးများကို ရှင်းပြရန်အတွက် အခွင့်ရေးပင်
မပေးချေ။ သူမတို့၏ကံကြမ္မာကို စကားလုံးအနည်းငယ်ဖြင့်ပင် အဆုံးဖြတ်ပေးလိုက်၏။
ကောင်မလေးများ၏ဘေးတွင်ရှိသည့်မြင်းစစ်သည်များသည် လူဖမ်းသည့်ကိရိယာများဖြ
စ်ကြသည့် ဆူးချွန်နဲ့ ပစ္စည်းများကို ယူဆောင်လာကြသည်။
ဤကိရိယာသည် အလွန်ရက်စက်သော ချည်နှောင်သည့်ကိရိယာတစ်ခုဖြစ်သည်။ တ
ပ်ဆင်လိုက်ပါက သံမဏိဆူးချွန်များသည် လူ့ခန္ဓာကိုယ်၏အရေးကြီးသောအရိုးအစိတ်
ပိုင်းနေရာများကို ထိုးစိုက်သွားမည်ဖြစ်သည်။ အားနွဲ့သည့် မိန်းကလေးများမဆိုစေကာမူ
ထောင်ထောင်မောင်းမောင်းယောက်ျားတစ်ယောက်ပင် ဤကဲ့သို့နှိပ်စက်မှုမျိုးကြောင့်
သေဆုံးသွားနိုင်သည်။
“မဟုတ်ဘူး မလုပ်ပါနဲ့ ကျွန်မက လုပ်ကြံသတ်ဖြတ်သူမဟုတ်ပါဘူး...”
“မစ်စတာ ကျေးဇူးပြုပြီးတော့ သနားပါဦးကျွန်မက ဓားတစ်ချောင်းကိုတောင်ကော
င်းကောင်ကိုင်နိုင်တဲ့လူမဟုတ်ပါဘူး...”
“အား...မလုပ်နဲ့ မလုပ်နဲ့ အမေရေကယ်ပါဦး...”
ကျားသစ်မျက်လုံးနှင့်ခေါင်းဆောင်၏အေးစက်သောအမိန့်နှင့် မြင်းစစ်သည်များယူဆော
င်လာသည့် ဆူးချွန်များပါရှိသော ဖမ်းချုပ်ရေးကိရိယာများကိုမြင်လိုက်ရသည့်အချိန်တွင်
ကောင်မလေးများသည် ဖြစ်ပျက်တော့မည်ကို ရိပ်လိုက်မိ၏။ သူမတို့သည် ၀ိဉာဥ်လွှင့်မတတ်ပင် အလွန်ကြောက်လန့်သွားကြသည်။ မျှော်လင့်ချက်မဲ့သည့်အရိပ်ယောင်များသည် သူမတို့၏မျက်လုံးများထဲတွင် ပြည့်နှက်သွားပြီး တုန်ယဥ်လာကြတော့သည်။
သူရဲကောင်းနန်းတော်ထဲတွင်ရှိသည့် မဟူရာအကျဥ်းထောင်၏ရက်စက်သောညှင်းပန်းနှိတ်စက်မှုတို့မှာ ကျော်ကြားလှသည်။ ဇီးနစ်အင်ပါယာ၏ဘာသာစကားမသိသည့်ကောင်မလေးနှစ်ယောက်သည် ကျန်လူများ၏မျက်နှာအမူယာများနှင့် ဖမ်းဆီးချုပ်နှောင်သည့်ပစ္စည်းများကို ကြည့်လိုက်မိရုံဖြင့်ပင် အခြေအနေကို သဘောပေါက်ကာ ကြောက်လန့်သွားကြ၏။ သူမတို့၏မျက်နှာအမူယာများသည် ပြောင်းလဲသွားကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသနားခံကြတော့၏။
သို့သော် မြင်းတပ်ဖွဲ့ခေါင်းဆောင်မှာ လုံး၀ပင်ဂရုမစိုက်ချေ။ သူသည်ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်သည်။ “ဟားဟား ဇီးနစ်အင်ပါယာရဲ့ဘာသာစကားကိုတောင်မသိဘူးပဲ။ စပါတပ်အင်ပါယာကဆိုတာ အတော်သေချာနေပြီ....ဖမ်းလိုက်ကြစမ်းကွာ...”
ယခုအချိန်တွင် တွန့်ဆုန်နေခဲ့သည့်စစ်သည်တစ်ချို့မှာ သေချာသွားကြပြီဖြစ်သည်။ မြင်းစစ်သည်များသည် ဖမ်းဆီးချုပ်နှောင်သည့်ပစ္စည်းများကိုမလိုက်ကြသည်။ သူတို့သည် ဤပစ္စည်းများဖြင့် သနားစရာကောင်းသည့်ကောင်မလေးများကို ဖမ်းဆီးချုပ်နှောင်ကြတော့မည်ဖြစ်သည်။
“ရှင်တို့....”
ဤအခိုက်တန့်တွင် နူးညံ့သော်လည်း ခိုင်မာသည့် အသံတစ်ခုထွက်ပေါ်လာ၏။
အန်ဂျယ်လာသည် ဖှေး၏ဘေးမှ လမ်းလျှောက်သွားပြီး ကောင်မလေးများ၏အရှေ့မှ ၀င်ကာလိုက်သည်။ သူမကဲ့သို့သော အမြဲညင်ညင်သာသာပြောလေ့ရှိသည့်ကောင်မလေးတစ်ယောက်၏အော်ဟစ်သံကိုကြားရန်မှာ ခဲယဥ်းလှသည်။ သူမသည် ရက်စက်ကြမ်းကြုတ်သည့်မြင်းစစ်သည်များကို ရပ်လိုက်ပြီးကောင်မလေးရှစ်ယောက်ကို မြေပြင်ပေါ်မှထူပေးလိုက်သည်။ ယုံကြည်ကိုးကွယ်သူများကို ကာကွယ်စောင့်ရှောက်ပေးနေသည့် နတ်ဘုရားမတစ်ယောက်ကဲ့သို့ပင် သူမသည် ကောင်မလေးများကို သူ၏သေးငယ်သော်လည်း ရဲရင့်သည့် ခန္ဂာကိုယ်ဖြင့်အကူညီပေးလိုက်သည်။
ချမ်းဘော့ဒ်တိုင်းပြည်၏ဘုရင်မလောင်းမှာ မြင်းစစ်သည်များကို မျက်လုံးလွှဲသွားစေသည်။ သူမ၏မျက်လုံးများသည် ဒေါသဖြစ်သည့်အရိပ်ယောင်များဖြင့် ပြည့်နှက်နေသည့်အတွက်ပင်။
ဖမ်းဆီးချုပ်နှောင်ရန်အသုံးပြုသည့်သံမဏိဆူးချွန်ပါချိန်းကြိုးများကို ကိုင်ဆောင်ထားသော မြင်းစစ်သည်များသည် အပြစ်ရှိသလိုခံစားလိုက်ရသည်။ ပုံမှန်အားဖြင့်ဆိုပါက သူတို့သည် လမ်းတွင်ပိတ်နေသည့်လူအားလုံးကြာပွတ်စာကျွေးကြမည်ဖြစ်သည်။ သို့သော် သူတို့၏အရှေ့တွင် ဤအလွန်တရာလှပသည့်ကောင်မလေးရပ်နေသည့်အချိန်တွင်မူ သူတို့မလှုပ်ရှားရဲကြတော့ပေ။
“ဟမ်း ဒါက ဓားလေ့ကျင့်ရေးကွင်းမဟုတ်ဘူးနော်။ချမ်းဘော့ဒ်ဘုရင် စပါတပ်အင်ပါယာက လုပ်ကြံသတ်ဖြတ်သူတွေကိုအရှင့်ရဲ့စခန်းထဲမှာ ရှာဖွေတွေ့ခဲ့တာကတောင်အတော်ကြီးလေးတဲ့ ရာဇ၀တ်မှုဖြစ်နေပြီ။ အရှင်က အင်ပါယာအရှင်သခင်စီမှာ အသနားခံသင့်နေပြီ။ ဒါတောင် ဒီလုပ်ကြံသတ်ဖြတ်သူတွေကို ဆက်လက်ပြီးတော့ ကာကွယ်ပေးချင်နေတာလား။ အရှင် အင်ပါယာသစ္စာဖောက်မှုကို ကျူးလွန်ဖို့ကြံစည်နေတာလား...”
ကျားသစ်မျက်လုံးနှင့် ခေါင်းဆောင်သည် သူပြောသည်မှာ သဘာ၀ကျသည့်ဟန်ဖြင့် ဖှေးကိုကြည့်ကာ အော်ဟစ်လိုက်သည်။
သို့သော် ဖှေးသည် သူ့အားတစ်ချက်ပင်လှည့်မကြည့်ချေ။ နှာခေါင်းရှုံ့ခြင်းဖြင့်သာသူ့ကိုတုန့်ပြန်လိုက်၏။ ဖှေးသည် သူရဲကြောင်းနန်းတော်ကို ပြသနာရှိသည်ဟုတွေးမထားသည့်အတွက်ပင်။
“မင်း...”
မြင်းတပ်ဖွဲခေါင်းဆောင်မှာ ဒေါသဖြစ်သွားသည်။ သို့သော် သူဘာမှမတတ်နိုင်ချေ။
ဉာဏ်ကောင်းသည့်လူတစ်ယောက်သည် မိုက်မဲသည့်အပြုမူတစ်ခုကို ပြုလုပ်လိမ့်မည်မဟုတ်သောကြောင့်ပင်။ ချမ်းဘော့ဒ်ဘုရင်သည် အကျိုးဆက်များကို ထည့်မတွက်ပဲ လှုပ်ရှားတတ်သူတစ်ယောက်ဖြစ်သည်ကို လူတိုင်းသိရှိကြသည်။ သူသည် ရူးသွပ်နေသည့်မြေခွေးတစ်ကောင်ကဲ့သို့ပင်။ ဖှေးသည် သူဒေါသဖြစ်သွားသည့်မည်သည့်အချိန်တွင် မဆိုတိုက်ခိုက်လာနိုင်ပြီး သူရဲကောင်းနန်းတော်မှမြင်းစစ်သည်များသည် သူ့အားရင်ဆိုင်နိုင်မည်မဟုတ်ပေ။ သူရဲကောင်းနန်းတော်မှ ချမ်းဘော့ဒ်အားနောက်တွင် အပြစ်ပေးနိုင်ကောင်းပေးနိုင်သော်လည်း သူတို့မှာမူဤဘုရင်၏လက်ထဲတွင် သေဆုံးသွားနိုင်သောကြောင့်ပင်။
“အရှင်မ အရှင်မလုပ်နေတာကိုရောသိရဲ့လား...” မြင်းတပ်ဖွဲ့ခေါင်းဆောင်သည် အန်ဂျယ်လာအပေါ်တွင်အာရုံစိုက်လိုက်သည်။ သူသည် ရက်စက်ကြမ်းကြုတ်ကာ ရိုင်းစိုင်းသည့်လူတစ်ယောက်ဖြစ်သော်လည်း ဤကောင်မလေး၏မျက်လုံးများကိုမြင်သည့်အချိန်တွင် သူပြောနေကြအတိုင်းဆဲဆိုကြိမ်းမောင်းသည့်အပြုမူများကို ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ သူသည် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။ “အရှင်မက ဒီလုပ်ကြံသတ်ဖြတ်သူတွေကို ကာကွယ်ပေးလိုက်မယ်ဆိုရင် အင်ပါယာအရှင်သခင်ယရှင်း ဒေါသဖြစ်သွားရင်တော့ ချမ်းဘော့ဒ်တိုင်းပြည် ဖျက်ဆီးခံရနိုင်တယ်....”
“သူတို့တွေက လုပ်ကြံသတ်ဖြတ်သူတွေမဟုတ်ဘူး...”
အန်ဂျယ်လာသည် သူမ၏ဦးခေါင်းကို ခါရမ်းလိုက်သည်။ သူမဘာမှဆက်ပြောခြင်းမရှိတော့ပေ၊ သူမသည် ကြောက်လန့်နေဆဲဖြစ်သည့် ကောင်မလေးများကို ဖှေးထံသို့ပြန်ဆွဲခေါ်သွားတော့၏။
“မင်း...မင်း...” ကျာသစ်မျက်လုံးနှင့်ခေါင်းဆောင်မှာ ဒေါသဖြစ်သွားသည်။
“ခေါင်းဆောင် ကျွန်တော်တို့ရှာဖွေမှုအသစ်တွေတွေ့ခဲ့ပါတယ်...” ဤအခိုက်တန့်တွင် စခန်းကိုရှာဖွေနေဆဲဖြစ်သည့် မြင်းစစ်သည်တစ်ယောက်သည် အော်ဟစ်လိုက်သည်။
သူ့အားမျက်လုံးများစွာကြည့်နေရင်းဖြင့် မြင်းစစ်သည်သည် ပစ္စည်းတစ်ချို့ကို ယူဆောင်လာကာ မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။ ဤသည်မှာ ရွှေများ၊ ကျောက်မျက်ရတနာများနှင့် အဆင့်မြင့်ချပ်၀တ်လက်နက်ပစ္စည်းများပင်။
ဖှေး၏မျက်လုံများကျဥ်းမြောင်းသွားသည်။
သူသည် ချက်ချင်းပင်ဤပစ္စည်းများကို သိရှိလိုက်သည်။
သွေးစွန်းဂိုဏ်း၏မြေအောင်ခန်းမဆောင်အတွင်းမှ ရတနာပစ္စည်းများပင်။ ချမ်းဘော့ဒ်တိုင်းပြည်သည် ရတနာပစ္စည်းအများစုကိုရရှိခဲ့သော်လည်း မြေပြင်ပေါ်တွင်ရှိနေသည့် ရတနာပစ္စည်းများသည် ချမ်းဘော့ဒ်တိုင်းပြည်ပိုင်ဆိုင်သည့်ရတနာပစ္စည်းများမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဖှေးရရှိခဲ့သည့်သွေးစွန်းဂိုဏ်းမှရတနာများသည် သူ၏ပစ္စည်းသိမ်းမှော်လက်စွပ်အတွင်းတွင်ရှိနေဆဲဖြစ်သောကြောင့်ပင်။
ဤပစ္စည်းများသည် ချမ်းဘော့ဒ်တိုင်းပြည်စခန်းတွင် မည်သည့်အတွက်ကြောင့်ရောက်နေရသနည်း။