← Chapters

အခန်း (၃၅၉)

Vol. 24 Ch. 359

အခန်း (၃၅၉)

Vol. 24 Ch. 359

“ခေါင်းဆောင် ကျွန်တော်ဒီပစ္စည်းတွေကို တဲတစ်ခုထဲကနေရှာတွေ့ခဲ့တာပါ။ လေ့

လာမှုတစ်ချို့ပြုလုပ်ပြီးတဲ့အချိန်မှာတော့ ဒီရတနာပစ္စည်းတွေက ဇီးနစ်အင်ပါယာထဲမှာ

ရှိတဲ့ လေးခုမြောက်အကြီးဆုံးကြေးစားစစ်သည်အဖွဲ့ဖြစ်တဲ့ သွေးစွန်းကြေးစားစစ်သ

ည်အဖွဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေပါ။” မြင်းစစ်သည်သည်ကျယ်လောင်စွာဖြင့် သတင်းပို့တ

င်ပြလိုက်သည်။

“စပါတပ်အင်ပါယာက လုပ်ကြံသတ်ဖြတ်သူတွေရဲ့လက်ချက်နဲံ ပျက်ဆီးသွားတဲ့ သွေး

စွန်းဂိုဏ်းလား။ သူတို့ရဲ့ရတနာတွေကိုလဲ လုပ်ကြံသတ်ဖြတ်သူတွေက ယူသွားတ

ယ်ကြားတယ်။ ဒါဆိုဘယ်လိုလုပ်ပြီးတော့ ဒီနေရာကိုရောက်နေတာလဲ....” မြ

င်းတပ်ဖွဲ့၏ခေါင်းဆောင်သည် အလင်းတန်းတစ်ခုသူ၏မျက်လုံးများထဲတွင် လင်းလ

တ်သွားရင်းဖြင့် ရေရွတ်လိုက်မိသည်။ သူသည် မော့ကြည့်ကာ အော်ဟစ်လိုက်သည်။

“ချမ်းဘော့ဒ်တိုင်းပြည်က စပါတပ်အင်ပါယာက လုပ်ကြံသတ်ဖြတ်သူတွေနဲ့ဆက်နွယ်

နေတာများလား။ ချမ်းဘော့ဒ်ဘုရင် ခင်ဗျားဘာပြောနိုင်သေးလဲ။ ဒီပစ္စည်းတွေက ခ

င်ဗျားတို့ရဲ့စခန်းထဲကို ဘာလို့ရောက်နေရတာလဲ...”

ဤအော်ဟစ်သံထဲတွင် အတွင်းအားစွမ်းအင်များအသုံးပြုထားသည့်အတွက် အသံကို

အ၀ေးကပင် ကြားနိုင်နေသည်။

တစ်ခြားစခန်းများတွင်ရှိနေသည့်လူများသည်လည်း ဤအော်ဟစ်လိုက်သံကိုရှင်းလင်း

စွာကြားလိုက်ရသည်။

ချက်ချင်းပင် လူပေါင်းများစွာ၏မျက်နှာများသည် အရောင်ပြောင်းလဲသွားတော့သည်။

လုပ်ကြံသတ်ဖြတ်သူများနှင့် ဆက်နွယ်နေခြင်းသည် မည်သူမှခံနိုင်ခြင်းမရှိသည့် စွပ်စွဲ

မှုတစ်ခုပင်။ ဤစွပ်စွဲချက်ကြောင့်ချွင်းချက်မရှိကွပ်မျက်ခံခဲ့ရသည့် ဆွေကြီးမျိုးကြီးများ၊

အရာရှိများစွာပင်ရှိနေ၏။ ဤကိစ္စတွင်ပါ၀င်သည့် မည်သူမဆိုသတ်ဖြတ်ခြင်းခံရမည်ဖြ

စ်သည်။ အပြစ်ပေးခံရခြင်းအပြင် ဤရာဇ၀တ်မှုဖြင့်စွပ်စွဲခံရသည့်မည်သည့်အဖွဲ့စည်း

မဆို အင်ပါယာ၏ဆန့်ကျင်ဘက်သို့ရောက်ရှိသွားမည်ဖြစ်သည်။ ချမ်းဘော့ဒ်ဘုရင်မည်

မျှပင် စွမ်းအားကြီးစေကာမူ ဇီးနစ်အင်ပါယာထဲတွင်ရှိသည့်အဖွဲ့စည်းများအားလုံးကို ရ

င်ဆိုင်နိုင်လိမ့်မည်မဟုတ်ပေ။

“ချမ်းဘော့ဒ်ဘုရင် ခင်ဗျားလက်နက်ချအညံ့ခံလိုက်ဖို့အကြံပေးချင်တယ်။ ဒီကိစ္စမှာ

မရေရာမှုတစ်ချို့ရှိနေသေးတယ်။ ခင်ဗျားသူရဲကောင်းနန်းတော်နဲ့ပူးပေါင်းဆောင်ရွက်

ပြီးတော့ ခင်ဗျားမှာ အပြစ်မရှိကြောင်းသက်သေပြနိုင်ရင် လွတ်ငြိမ်းနိုင်ချေရှိသေးတ

ယ်။” စခန်းအပြင်ဘက်တွင် စစ်ကူအနေဖြင့် လာရောက်နေကြသည့်မြင်းစစ်သည်

များစွာကိုမြင်ရပြီးသည့်နောက်တွင် ကျားသစ်မျက်လုံးနှင့်ခေါင်းဆောင်သည် စိတ်သ

က်သာသွား၏။ ထို့ကြောင့် သူသည် သူ၏အထက်စီးဆန်သည့်အသံဖြင့် ပြန်လည်ကာ

ပြောနိုင်လာခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ဖှေးသည်ဖြစ်ပျက်နေသည်များကိုနားလည်သွားတော့သည်။

ဤသည်မှာတိုက်ဆိုင်မှုတစ်ခုမဖြစ်နိုင်ချေ။

သွေးစွန်းဂိုဏ်း၏ရတနာများကိုတွေ့လိုက်သည့်အချိန်တွင် သူရဲကောင်းနန်းတော်မှ မြင်း

စစ်သည်များလည်း တစ်ချိန်တည်းမှာရောက်ရှိလာခဲ့ခြင်းပင်။ ဤစစ်သည်များသည်

အဆင့်သင့်ကြိုစောင့်နေကြသည်မှာ ထင်ရှားသည်။ ဤသည်မှာ သူ့အားဇာတ်လမ်းဆ

င်၍လွှဲချရန်ကြိုတင်စီစဥ်ထားခြင်းသာဖြစ်၏။

မြို့သူမြို့သားများကို ဖြေရှင်းချက်ပေးရန်အတွက် မနေ့ညစစ်ဆင်ရေးတွင်ပါ၀င်ခဲ့ကြသ

ည့်အဖွဲ့စည်းများသည် သွေးစွန်းဂိုဏ်းအား၀င်ရောက်တိုက်ခိုက်ခြင်းကို စပါတပ်အင်ပါ

ယာမှလုပ်ကြံသတ်ဖြတ်သူများကို လွှဲချခဲ့ကြသည်။

ဖှေးသည်လည်း ဤရှင်းပြချက်ကို နားလည်လက်ခံခဲ့သည်။

သို့သော် တစ်စုံတစ်ယောက်သည် ဤရှင်းပြမှုတွင်ရှိနေသည့် အားနည်းချက်ကို သ

တိထားမိခဲ့ပြီး ချမ်းဘော့ဒ်အားဤအချက်ကိုအသုံးပြုပြီး မတရားစွပ်စွဲရန်အသုံးချခဲ့ခြင်း

ပင်။

“ဘယ်သူ့လက်ချက် ဖြစ်နိုင်မလဲ...”

ဖှေးတွေးနေရင်းဖြင့် သူ၏မျက်လုံးများထဲတွင် အေးစက်သည့်အလင်းရောင်တစ်ခုဖြ

တ်သန်းသွား၏။

သူသည် မြင်းတပ်ဖွဲ့ခေါင်းဆောင်ကို အာရုံစိုက်ခြင်းမရှိပေ။ သူ့အပေါ်တွင်မျက်လုံး

များအားလုံးကျရောက်နေရင်းဖြင့် သူသည် ရတနာများကိုရှာတွေ့ခဲ့သည်ဟုဆိုသောမြ

င်းစစ်သည်ထံသို့လမ်းလျှောက်သွားကာ မြေပေါ်တွင်ရှိနေသည့်ရတနာပစ္စည်းများကို ငုံ့

ကြည့်ရင်းဖြင့်မေးလိုက်သည်။ “ငါ့ကိုပြောစမ်း ဘယ်သူကဒီပစ္စည်းတွေကို ငါ့စခန်း

ကိုယူလာခဲ့ခိုင်းတာလဲ...”

မြင်းစစ်သည်၏အရောင်သည် အရောင်ပြောင်းလဲသွား၏။ သို့သော် ချက်ချင်းပင် သူ

စိတ်ကိုထိန်းလိုက်၏။ ဤမြင်းစစ်သည်သည် ပြန်လည်ကာပြောလိုက်သည်။ “ခင်

ဗျားဘာတွေလာပြောနေတာလဲ။ ဒီပစ္စည်းတွေကို ခင်ဗျားစခန်းထဲကနေတွေ့ခဲ့တာ..

.”

“ဖျောင်း...”

ဤမြင်းစစ်သည်၏စကားမဆုံးသေးခင်မှာပင် ဖှေးသည် လက်ပြန်ရိုက်လိုက်ရာ ဆယ်

မီတာခန့်အနောက်သို့လွှင့်ထွက်သွားတော့သည်။ သူသည် မြေပေါ်သို့ပြုတ်ကျသွားသ

ည့်အချိန်တွင် သတိလစ်မေ့မြောသွားတော့သည်။ သူအသက်ရှင်လျှက်ရှိသေးလားဆို

သည်ကိုမည်သူမှသိရှိခြင်းမရှိကြပေ။

“မင်းကများ...”

“ဒီဘုရင်က သစ္စာဖောက်မှုကို ကျူးလွန်နေတာပဲ သူ့ကို ဖမ်းလိုက်ကြစမ်း...”

ချမ်းဘော့ဒ်ဘုရင်သည် ဤကဲ့သို့အချိန်မျိုးတွင်စတင်တိုက်ခိုက်လိမ့်မည်ဟုမည်သူမှထင်

မှတ်ထားခြင်းမရှိကြပေ။ ခနတာခန့် အံ့သြသွားပြီးသည့်နောက်တွင် မြင်းစစ်သည်များ

သည် အော်ဟစ်လိုက်ရာ စခန်းအပြင်ဘက်တွင်နေရာယူများသည့် သူရဲကောင်းန

န်းတော်မှမြင်းစစ်သည်များသည်လည်း တဟုန်ထိုးချီတပ်ကာ ၀င်လာကြတော့သည်။

“ဖုန်း...”

ဖှေးသူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ကြီးမားသည့်စွမ်းအားတစ်ခုသည်

ထွက်ခွာသွား၏။

“ဖုန်း ဖုန်း ဖုန်း ဖုန်း...”

ရှေ့ဆုံးမှပြေး၀င်လာကြသည့်မြင်းစစ်သည်တစ်ချို့သည် သူတို့၏မြင်းများနှင့်အတူသွေး

မြူစိုင်များအဖြစ်သို့ပြောင်းလဲသွားကြတော့သည်။

၀ေ၀ါးသည့်စစ်သည်ရုပ်တုပုံရိပ်ကြီးတစ်ခုသည် ဖှေး၏အနောက်မှပေါ်ထွက်လာပြီး

အောက်သို့စစ်ပွဲနတ်ဘုရားကဲ့သို့ပင် ငုံ့ကြည့်နေ၏။ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများ

သည် ဖှေး၏ခန္ဓာကိုယ်မှ ပင်လယ်ပြင်ရေလှိုင်းများကဲ့သို့ထွက်ခွာလာတော့သည်။ ဤ

စွမ်းအင်လှိုင်းများကြောင့်ဖြစ်ပေါ်လာသည့်လေပြင်းသည် မြင်းစစ်သည်များကို တစ်နေ

ရာထဲမှာပင် ရပ်နေနိုင်ရန်အတွက်ခက်ခဲစေသည်။

စခန်းအတွင်းသို့မရောက်သေးသည့်မြင်းစစ်သည်များသည် အရှေ့သို့ဆက်လက်၍မတ

က်လာရဲတော့ပေ။ သူတို့သည် ချီတပ်နေသည်ကို ရပ်တန့်လိုက်ကာ နောက်လာမည့်

အမိန့်ကို စောင့်လျှက်ရှိကြသည်။

ဖှေးသည် နှာခေါင်းရှုံ့လိုက်ကာ သူ၏လက်ချောင်းကိုရွေ့လျားလိုက်သည်။ ဓားပုံသဏ

န်ရှိသည့် ကြည်လင်သည့်အရောင်ရှိသောစွမ်းအင်တစ်ခုသည် သူ၏လက်ချောင်းထိပ်မှ

ထွက်ခွာသွား၏။

“ချွင်...”

ကြီးမားသည့်ဓားသွားသည် ဂိတ်တံခါးကိုဖြတ်ကျော်သွားပြီး မီတာတစ်ရာခန့်အရှည်ရှိပြီး

မြေအောက်သို့မီတာ၀က်ခန့်နက်ရှိုင်းသည့် မျဥ်းရှည်တစ်ခုကို ရေးဆွဲလိုက်သည်။

“ဒီမျဥ်းကိုကျော်တာနဲ့မင်းတို့တွေအကုန်သေမယ်...”

ဖှေးထိုကဲ့သို့ ပြောအပြီးတွင် မျဥ်းအနီးတွင်ရှိနေကြသည့်မြင်းစစ်သည်များသည် ဤမျ

ဥ်းသည် ငရဲပြည်၀င်ပေါက်တစ်ခုကဲ့သို့ပင် ထင်မှတ်လိုက်ကြရ၏။ ထိုအရာထံမှထွ

က်ပေါ်လာနေသည့် အေးစက်သောစွမ်းအင်များသည် သူတို့၏ကျောရိုးများကိုပင်အေး

စက်သွားစေသည်။

မည်သူမှ ထိုဓားရာကိုမကြည့်ရှုရဲပေ။ မည်သူမျှပင် ချမ်းဘော့ဒ်ဘုရင်သည်နောက်နေ

ခြင်းသာဖြစ်သည်ဟူ၍မတွေးရဲကြပေ။ သွေးမြူများသည် လေထဲတွင် ပြန့်နှံ့နေဆဲဖြ

စ်သောကြောင့်ပင်။

“မင်း...မင်းက အတင့်ရဲလွန်းနေတာပဲ..ချမ်းဘော့ဒ်ဘုရင် ခင်ဗျား... “

ကျားသစ်မျက်လုံးနှင့်ခေါင်းဆောင်သည် အလွန်ထိတ်လန့်သွားသဖြင့် သူ၏အသံပင်

ပြောင်းလဲသွားသည်။

“ငါက မင်းလောက်အတင့်မရဲပါဘူး။ မင်းတို့က ငါ့ကို စွပ်စွဲရဲတယ်ပေါ့။” ဖှေးသည်

မကျေနပ်သည့်အမူယာဖြင့်ပြောလိုက်၏။ သူသည် တစ်ဖက်သို့လှည့်ကာ ပီးရာ့စ်၊

ဒရော့ဂ်ဘာ၊ တိုးရိစ်၊ ပီတာနှင့် အိုလတ်ဂ်တို့ကို ပြောလိုက်သည်။ “အထဲကို၀င်

လာတဲ့လူတွေအကုန်လုံးကို ဖမ်းလိုက်။ တစ်ယောက်ကို ခြေထောက်တစ်ချောင်းစီ

ချိုးလိုက်ပြီး ချမ်းဘော့ဒ်တိုင်းပြည်ကို မတရားစွပ်စွဲဖို့ဘယ်သူက ကြံစည်လဲဆိုတာကို

မသိရမခြင်းနှိပ်စက်မေးမြန်းကြစမ်း။”

ဖှေးထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ကျားသစ်မျက်လုံးနှင့်ခေါင်းဆောင်ကို စိုက်ကြ

ည့်လိုက်ပြီး အေးစက်စွာထပ်ဖြည့်လိုက်သည်။ “ခုခံဖို့လုပ်တဲ့လူဘယ်သူ့ကိုမဆို သတ်

ပစ်လိုက်ကြ...”

“အား...အား...”

“ကျေးဇူးပြုပြီး မရိုက်ပါနဲ့တော့...”

“တော်ပါတော့ ကျွန်တော်ပြောပါ့မယ်...ကျွန်တော်ပြောပါ့မယ်...”

ချမ်းဘော့ဒ်စခန်းမှနာကျင်စွာအော်ဟစ်သံမျိုးစုံထွက်ပေါ်နေ၏။ ဤကိစ္စကိုစိတ်၀င်တ

စားစောင့်ကြည့်နေသည့်လူများသည် သူတို့ကြားနေရသည်ကိုပင် ယုံကြည်နိုင်ခြင်းမရှိ

ကြတော့ပေ။ “စောက်ပြသနာတော့တက်တော့မယ်။ ချမ်းဘော့ဒ်ဘုရင်က ခွေးရူးတ

စ်ကောင်လိုပဲ။ သူက သူရဲကောင်းနန်းတော်ကမြင်းစစ်သည်တွေကို ဖမ်းဆီးရိုက်နှက်

ရဲနေတာပဲ။။ ဘာတွေဖြစ်ကုန်ပြီလဲ...” လူများတွေးလိုက်မိကြသည်။

လွန်ခဲ့သည့်ဆယ်မိနစ်ခန့်က စပါတပ်အင်ပါယာမှလုပ်ကြံသတ်ဖြတ်သူများ၏တိုက်ခိုက်

ခြင်းကို ခံခဲ့ရသည့်သွေးစွန်းဂိုဏ်းပိုင်ဆိုင်သောရတနာပစ္စည်းများကို ချမ်းဘော့ဒ်တိုင်းပြ

ည်၏စခန်းထဲတွင် တွေ့ရှိခဲ့ပြီး သူရဲကောင်းနန်းတော်မှမြင်းစစ်သည်များစွာသည် မည်

သည့်နေရာမှထွက်ပေါ်လာမှန်းမသိပဲထွက်ပေါ်လာခဲ့သည်။သူတို့သည် ချမ်းဘော့ဒ်တိုင်း

ပြည်ကို သစ္စာဖောက်မှုဖြင့် ဖမ်းဆီးကာ ချမ်းဘော့ဒ်တိုင်းပြည်၏စခန်းကို ထိန်းချုပ်

ကြရန်ဖြစ်သည်။

ချမ်းဘော့ဒ်ဘုရင် အပြစ်ပေးခံရတော့မည့်အချိန်တွင် မည်သူမှအဖြစ်ပျက်များပြောင်း

လဲသွားမည်ကို ထင်မှတ်မထားကြပေ။

ချမ်းဘော့ဒ်ဘုရင်သည် လုံး၀ပင်သောက်ဂရုစိုက်ခြင်းမရှိပေ။ တွန့်ဆုန်ခြင်းမရှိပဲ ဘုရ

င်သည်သူ၏လွှမ်းမိုးနိုင်မှုကို ပြသခဲ့သည်။ အချိန်အနည်းငယ်အတွင်းမှာပင် သူသည်

မြင်းစစ်သည်အင်အား ၃၀၀၊ ၄၀၀ခန့်ပါရှိသည့်တပ်ဖွဲ့တစ်ခုကို ထိတ်လန့်စေခဲ့သည်။

သူမြေပြင်ပေါ်တွင် မျဥ်းတစ်ကြောင်းကိုရေးဆွဲလိုက်သည့်အချိန်တွင် မည်သူမှထိုမျဥ်း

ကိုဖြတ်ကျော်ရဲခြင်းမရှိကြချေ။ ချမ်းဘော့ဒ်စခန်းထဲတွင်ရောက်နေနှင့်ပြီးဖြစ်သည့် သူ

ရဲကောင်းနန်းတော်မှမြင်းစစ်သည်များကိုသာ ဖမ်းစီချုပ်နှောင်ထားကြ၏။

ပထမဆုံးတွင် တစ်ချို့လူများသည် ခုခံကာကွယ်နိုင်ရန်အတွက် ကြိုးစားနေခဲ့ကြသည်။

သို့သော် ကျားသစ်မျက်လုံးနှင့်တပ်ဖွဲ့ခေါင်းဆောင်၏ခြေလက်လေးခုလုံးရိုက်ချိုးခံလိုက်

ရပြီး အချိန်တွင် မည်သူမှ ခုခံရဲခြင်းမရှိကြတော့ပေ။ တစ်ချို့မြင်းစစ်သည်များဆိုလျှင်

မီးခဲကိုကိုင်လိုက်မိသည့်အတိုင်းပင် သူတို့၏လက်နက်များကို မြေပြင်ပေါ်သို့အလျှင်မြန်

ပစ်ချလိုက်ကြ၏။ မြင်းစစ်သည်အများစုသည် သူတို့၏လက်များကိုခေါင်းပေါ်သို့ တင်

လိုက်ကြပြီး လှုပ်ရှားရဲခြင်းမရှိကြတော့ပေ။

ဤနည်းလမ်းသည် အလွန်ထိရောက်လှသည်။ မြင်းစစ်သည်များသည် ချမ်းဘော့ဒ်

သားများသည် နောက်ပြောင်နေခြင်းမဟုတ်သည်ကို သိရှိသွားသည့်အတွက်ပင်။ သူ

တို့သည် အမိန့်နာခံခြင်းမရှိပါက အမှန်တကယ်ပင် သတ်ဖြတ်ခံရတော့မည့်အတွက်ပင်။

အရာအားလုံးကိုထိန်းချုပ်ပြီးသည့်နောက်တွင် ချမ်းဘော့ဒ်ဘုရင်သည် အန်ဂျယ်လာနှ

င့်ကြောက်လန့်နေကြစဲဖြစ်သည့် ကောင်မလေးရှစ်ယောက်တို့ကို စခန်းအလည်တွင်

ရှိသော တဲအတွင်းသို့ခေါ်ဆောင်သွားပြီး ပြန်လည်ထွက်ပေါ်လာခြင်းမရှိတော့ပေ။ တ

စ်ချိန်တည်းမှာပင် နှိပ်စက်သည့်ပစ္စည်းကိရိယာများစွာကိုလည်းထုတ်ယူလာခဲ့သည်။ မြ

င်းစစ်သည်လေးငါးဆယ်ခန့်ကို ကြိုးများဖြင့်ချည်နှောင်ထား၏။ သူတို့ကို တန်းစီကာ

ထားပြီးတစ်ဦးခြင်းစီ စစ်ဆေးမေးမြန်းမည်ဖြစ်သည်။

ဤကဲ့သို့စစ်ဆေးမေးမြန်းရန်အတွက် တာ၀န်ရှိသူမှာ ကျားသစ်မျက်လုံးနှင့်ခေါင်းဆော

င်ကိုပင် အသေသတ်လုနီးပါးပြုလုပ်ခဲ့သည့် ခပ်၀၀နှင့် ထိပ်ပြောင်ပင်။

စောင့်ကြည့်နေကြသည့်လူများသည် မကြာမှီတွင် အမြဲလိုလိုပြုံးနေလေ့ရှိသည့်ဖတ်

တီးသည် ငရဲပြည်မှလာသည့်နတ်ဆိုးတစ်ကောင်ဖြစ်မှန်းကို သိရှိသွားကြ၏။

သူသည် ဤမြင်းစစ်သည်များမည်သူဖြစ်သည်ကို ဂရုမစိုက်ပေ။ သူ၏ထူဆန်းရက်စ

က်သည့်နှိပ်စက်ခြင်းအတတ်များသည် ကြမ်းတမ်းလွန်းလှသဖြင့် အ၀ေးမှလှမ်းကြည့်

နေသည့်လူများပင် ချွေးအေးများပျံနေ၏။ မိမိကိုယ်မိမိအသဲမာသည်ဟုယူဆထားသ

ည့်လူများပင် ဤနှိပ်စက်မှုများကိုမြင်လိုက်သည့်အချိန်တွင် အ၀ေးသို့မျက်နှာလွှဲလိုက်မိ

သည်အထိပင်။

သူရဲကောင်းနန်းတော်မှမြင်းစစ်သည်များသည်လည်း မာကြောသည့်လူများသည်။ သူ

တို့သည် သူရဲကောင်းနန်းတော်အတွင်းရှိမဟူရာအကျဥ်းထောင်ထဲတွင် ရက်စက်သည့်နှိ

ပ်စက်နည်းများအသုံးပြုသည်ကိုမြင်တွေ့ဖူးပြီးဖြစ်သောကြောင့်ပင်။ တစ်ချို့စစ်သည်

များသည် အားတင်းကာခံနိုင်ရန်ကြိုးစားခဲ့ကြသော်လည်း မကြာမှီအချိန်တွင် အော်ဟ

စ်ငိုကြွေးကာ အသနားခံကြတော့သည်။ ရက်စက်ကြမ်းကြုတ်သည့် ကျားသစ်မျက်လုံး

နှင့်ခေါင်းဆောင်ပင် ငါးမိနစ်မခံနိုင်လိုက်ချေ။ သူသိသမျှအရာအားလုံးကို အိုလတ်ဂ်

အားပြောပြလိုက်၏။

ဤစစ်ဆေးမေးမြန်းခြင်းဖြစ်စဥ်ကို ဖုံးကွယ်ထားခြင်းမရှိပေ။ လူမြင်ကွင်းနေရောင်

အောက်တွင်သာ လုပ်ဆောင်နေခြင်းပင်။ ဤသည်မှာ သူရဲကောင်းနန်းတော်၏မျက်

နှာကို ပိတ်ရိုက်လိုက်သကဲ့သို့ပင်။

ဤကဲ့သို့ဖြစ်သော်လည်း ချမ်းဘော့ဒ်စခန်း၏အပြင်ဘက်တွင်ရှိသောမြင်းစစ်သည်များ

သည်လည်း ရွေ့လျားနိုင်သည့်သတ္တိမရှိကြချေ။ သူတို့ထဲတွင် ကျွမ်းကျင်စစ်သည်တစ်

ချို့လဲပါရှိနေသော်လည်း သူတို့ကိုယ်တိုင်ပင် ထိတ်လန့်နေကြ၏။

မီတာတစ်ရာခန့်မြင့်မားသည့် စစ်သည်တစ်ယောက်၏ပုံရိပ်ကြီးသည်လည်း ဖှေးအထဲ

သို့၀င်သွားသည့်တိုင်အောင်ပျောက်ကွယ်သွားခြင်းမရှိပေ။ စစ်ဆေးမေးမြန်းနေသည့် ဖ

တ်တီးအပြင် တစ်ခြားချမ်းဘော့ဒ်တိုင်းပြည်၏စစ်သည်တစ်ချို့သည်လည်း သူတို့၏အ

တွင်းအားစွမ်းအင်များကိုထုတ်လွှင့်ထားကြသည်။ အတွင်းအားစွမ်းအင်မီးတောက်များ

သည် သူတို့၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းလျှက်ရှိပြီး စခန်းတစ်ခုလုံးတွင်တောက်လောင်

လျှက်ရှိသည်။

ဤလူများထံမှ ထွက်ပေါ်လာနေသည့်စွမ်းအင်အရှိန်၀ါများကို အာရုံခံလိုက်မိသည့်အချိ

န်တွင် အ၀ေးမှလှမ်းကြည့်နေသည့်လူများအားလုံးပါးစပ်အဟောင်းသားဖြစ်သွားကြ၏။

ချမ်းဘော့ဒ်ဘုရင်မရှိစေကာမူ ဤချမ်းဘော့ဒ်တိုင်းပြည်မှကျွမ်းကျင်သိုင်းဆရာများသည်

အင်အား၄၀၀ခန့်ရှိသည့် သူရဲကောင်းနန်းတော်မှမြင်းတပ်ဖွဲ့ကို ဆယ်မိနစ်အတွင်းမှာပင်

သုတ်သင်ပစ်နိုင်သောကြောင့်ပင်။

လူတိုင်းသည် ချမ်းဘော့ဒ်တိုင်းပြည်၏ခွန်အားကြောင့်အံ့သြသွားရသည်။

ဤအခြေအနေကို နားလည်သည့်လူများသည် မိမိကိုယ်မိမိစိတ်ငြိမ်အောင်ထိန်းနေကြ၏။

ချမ်းဘော့ဒ်ဘုရင်အတွက် စိုးရိမ်နေသည့်လူတစ်ချို့လည်းရှိနေသည်။ သူတို့သည် အဖွဲ့

၀င်တိုင်းပြည်များဖြစ်ကြသဖြင့် ချမ်းဘော့ဒ်ဘတ်မှရပ်တည်ကြခြင်းပင်။ သို့သော် ဇီးန

စ်အင်ပါယာကဲ့သို့ စစ်ယန္ဒရားတစ်ခုကို ရင်ဆိုင်နေရသည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်း

ပြည်သည် သူရဲကောင်းနန်းတော်ကို ဤမျှရန်စလိုက်ပြီးသည့်နောက်တွင် ကောင်းမွန်

စွာရပ်တည်နိုင်တော့မည်မဟုတ်ပေ။

အသေးစိတ်စောင့်ကြည့်နေကြသည့် လူများသည် မြင်းစစ်သည်တစ်ချို့မြို့တော်စိန့်ပီ

တာစဘာ့တ်ထံသို့ ပြန်သွားကြသည်ကိုလည်းသတိထားလိုက်မိသည်။

စခန်းချနေရာတစ်၀ိုက်တွင်ရှိသည့် လူတိုင်းသည် ဤဖြစ်ရပ်ကို အာရုံစိုက်နေကြသည်။

ပို၍ပို၍စိတ်၀င်စားစရာကောင်းလာနေသည့်အတွက်ပင်။

၂၀မိနစ်အတွင်းမှာပင် စစ်ကူရောက်ရှိလာပြီဖြစ်သည်။

အနီရောင်အလင်းစက်တစ်ခုသည် ကောင်းကင်ပေါ်မှပေါ်ထွက်လာပြီး စူးရှသည့်လေခွ

င်းသံတစ်ခုနှင့်အတူ ချမ်းဘော့ဒ်တိုင်းပြည်၏စခန်းပေါ်တွင် ရပ်တန့်သွား၏။

အနီရောင်အလင်းတန်းကွယ်ပျောက်သွားပြီးသည့်နောက်တွင် အလင်းရောင်ထဲတွင် လွှ

မ်းခြုံနေသည့်လူထွက်ပေါ်လာ၏။ သူ၀တ်ဆင်ထားသည့်ချပ်၀တ်မှာ သာမန်သူရဲကောင်း

နန်းတော်အမှတ်တံဆိပ်ပါချပ်၀တ်ဖြစ်သည်။ သို့သော်လည်း မျက်နှာပြင်ပေါ်တွင်

သွေးများစီးဆင်းနေသည့်အတိုင်းပင် နီရဲနေ၏။ လေထဲတွင် ပျံ၀ဲနေသည့်အနီရောင်၀

တ်ရုံနှင့်အတူ ဤလူသည် တိုက်ပွဲမြေပြင်မှထွက်ခွာလာသကဲ့သို့ပင်။ သူနှင့်ပတ်သက်

၍ထူးခြားသည့်အရာတစ်ခုမရှိသော်လည်း သူရပ်နေရင်းဖြင့်ပင် အဖိခံနေရသည့်ခံစား

ချက်တစ်ခုသည် သူ၏ခန္ဓာကိုယ်မှထွက်ပေါ်လာနေလျှက်ရှိသည်။

“အဆင့်၁ပါးကွပ်သားသူရဲကောင်းပဲ...”

ဤလူကိုမြင်လိုက်ရသည့်အချိန်တွင် မြင်းစစ်သည်များစွာသည် မြေပြင်ပေါ်တွင်ဒူး

ထောက်ကာ အလေးပြုလိုက်ကြသည်။

အ၀ေးမှကြည့်နေသည့်လူများသည်လည်း ဤလူကိုကြည့်ကာ ဤသာမန်လူပုံပေါက်

နေသည့်လူသည် သူရဲကောင်းနန်းတော်၏ခေါင်းဆောင်အဆင့်၁ပါးကွပ်သားသူရဲကောင်း

[နတ်ဘုရားသူရဲကောင်း]ဖြစ်သည်ကို သိလိုက်ကြ၏။ သူသည် အသန်မာဆုံးနှင့်

အမြင့်မြတ်ဆုံးသူရဲကောင်းတစ်ယောက်ပင်။

အလှည့်ပြောင်းများလာတော့မည်ဖြစ်သည်။

မည်သူနိုင်မည်နည်း။ နတ်ဘုရားသူရဲကောင်းလား ကောင်းကင်ဖုံးလွှမ်းလက်သီးလား.

..

ဤပါးကွပ်သားသူရဲကောင်းသည်အလွန်အစွမ်းထက်လှသည်။ သူသည် သူရဲကောင်းန

န်းတော်တွင်ရှိသည့်ပါးကွပ်သားသူရဲကောင်းများထဲတွင် အသန်မာဆုံးဖြစ်ပြီး သူ၏နာမ

ည်တွင်နတ်ဘုရားဟူသည့်စာလုံးပင် ပါရှိနေသည့်အတွက်ပင်။

မျက်လုံးများအားလုံးသည် သူ့အပေါ်တွင်ကျရောက်နေကြသည်။

ဤအချိန်တွင် မျက်လုံးများအားလုံးသည် သူ့အပေါ်တွင်ကျရောက်နေကြသည်။

ဤအချိန်တွင် ချမ်းဘော့ဒ်စခန်းထဲမှ အပြစ်ပေးမှုများနှိပ်စက်ညင်းပန်းမှုများသည် ပြီး

ဆုံးသွားပြီဖြစ်သည်။ မြင်းစစ်သည်အယောက်လေးဆယ်ခန့်ကို တိုင်များပေါ်တွင် ချ

ည်နှောင်ထားပြီး သူတို့၏မျက်နှာများသည်လည်း ယောင်ကိုင်းနေကြသည်။ ခန္ဓာကို

ယ်ပေါ်တွင်ရှိနေသည့်သွေးများဖြင့် သူတို့သည် အစွယ်မဲ့နေသည့်ကျားများကဲ့သို့ပင်။

ကြောက်လန့်စရာမကောင်းတော့ပေ။

နတ်ဘုရားသူရဲကောင်းသည် စခန်းအတွင်းတွင်ရှိနေသည့်မြင်းစစ်သည်များကို ကြည့်

ကာမျက်မှောင်ကြုံ့လိုက်သည်။ သူသည် လူများထင်ထားသကဲ့သို့ ဒေါသပေါက်ကွဲ

သွားခြင်းမရှိပေ။ ချက်ချင်းပင် သူသည် ဖှေးမြင်ပြင်ပေါ်တွင်ရေးဆွဲခဲ့သည့်မျဥ်းကြော

င်းကို ကြည့်ကာ ရပ်တန့်သွားတော့သည်။

သူသည်ရွေ့လျားခြင်းမရှိပဲ ထိုမျဥ်းကိုဆယ်မိနစ်ကျော်ခန့်စိုက်ကြည့်နေ၏။

အ၀ေးမှကြည့်နေသည့်လူများ ရှုပ်ထွေးသွားကြသည်။ နတ်ဘုရားသူရဲကောင်းသည်

နောက်ဆုံးတွင် မျဥ်းထံသို့ ရွေ့လျားသွား၏။

ခြေတစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း...

လေးမီတာ...သုံးမီတာ...နှစ်မီတာ...

နတ်ဘုရားသူရဲကောင်းသည် မျဥ်းအနီးသို့ရောက်ရှိသွားသည့်အချိန်တွင် သူသည် ရှေ့

သို့ဆက်တိုးခြင်းမရှိတော့ပေ။ ထို့အစားသူသည် ဓားရာကို မိနစ်အနည်းငယ်ခန့်ဆက်

လက်ကြည့်ရှုလိုက်သည်။ လူတိုင်းသည် သူ၏မျက်နှာအမူယာကိုသာမြင်နိုင်ပါက ထိ

တ်လန့်အံ့သြခြင်းနှင့် ရှုပ်ထွေးခြင်းတို့ကို သူရဲကောင်း၏မျက်နှာပေါ်တွင်မြင်နိုင်လိမ့်မည်

ဖြစ်သည်။

နောက်ဆုံးတွင် သူသည် သူ၏လက်ကို ဆန့်တန်းလိုက်သည်။

သူ၏လက်ချောင်းများသည် မျဥ်းကြောင်းအပေါ်တွင်ရှိသည့်နေရာသို့ပြန့်နှံ့သွားကြတော့

သည်။

ဤအခိုက်တန့်တွင် ရုတ်တရက်ပြောင်းလဲမှုတစ်ခုဖြစ်ပျက်သွား၏။

“ဖုန်း....”

မြေပြင်ပေါ်တွင်ရှိနေသည့်မျဥ်းထံမှ ကြည်လင်သောအရောင်ရှိသည့် ဓားသွားစွမ်းအင်တ

စ်ခုထွက်ပေါ်လာတော့သည်။

နတ်ဘုရားသူရဲကောင်းသည် ဤအရာကို ကြိုတင်ကာတွက်ဆထားသည့်အတိုင်းပင်

အနီရောင်အတွင်းအားစွမ်းအင်မီးတောက်တစ်ခုထွက်ပေါ်လာပြီး သူ၏လက်ကို ဖုံးလွှ

မ်းသွား၏။ ဤအရာသည် ချက်ချင်းပင်ဓားသွားစွမ်းအင်ကို ခုခံကာကွယ်လိုက်ပြီး န

တ်ဘုရားသူရဲကောင်းသည်လည်း သူ၏လက်ကိုအမြန်အနောက်သို့ပြန်ဆွဲလိုက်သည်။

“ချွင်...”

လက်တွင်တပ်ဆင်ထားသည့်အနီရောင်ချပ်၀တ်အစိတ်ပိုင်းတစ်ခုသည် ကွဲအက်ကာမြေ

ပြင်ပေါ်သို့ ပြန်ကျသွားကြ၏။

ဤရုတ်တရက်ပြောင်းလဲမှုသည် လူတိုင်းကို ထိတ်လန့်အံ့သြသွားစေ၏။

“ဒါ...ဒီဓားသွားစွမ်းအင်က...လက်သီး၀ိဉာဥ်အတားဆီးပဲ။ ဒီသိုင်းကွက်ကို လ

အဆင့်ကျွမ်းကျင်သိုင်းဆရာတွေပဲ အသုံးပြုနိုင်တယ်...” တစ်စုံတစ်ယောက်မှရေ

ရွတ်လိုက်သည်။

ဤသည်မှာ လက်သီး၀ိဉာဥ်အတားဆီးပင်။

ဖှေးသူ၏လက်ချောင်းကို ဓားတစ်ချောင်းကဲ့သို့အသုံးပြုကာ ချမ်းဘော့ဒ်စခန်း၏အရှေ့

တွင် ရှည်လျားနက်ရှိုင်းသည့်မျဥ်းကြောင်းတစ်ခုကို ရေးဆွဲခဲ့သည်။ ပို၍အံ့သြဖွယ်

ကောင်းသည်မှာ ထိုမျဥ်းကြောင်းထဲတွင် သူသည် ဓားသွားစွမ်းအင်ကို ထည့်သွင်းခဲ့ခြ

င်းပင်။ ဤမျဥ်းကိုဖြတ်ကျော်သည့်လူမည်သူမဆိုပင် ဤဓားသွားစွမ်းအင်ကို အသက်၀

င်စေပြီးပိုင်းဖြတ်ခြင်းခံရမည်ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသည့် သိုင်းကွက်တစ်ခုပင်။

All Chapters