အခန်း (၃၆၁)
Vol. 25 Ch. 361
ချမ်းဘော့ဒ်စခန်း၏အလည်တွင်ရှိသည့် တဲထဲတွင်ဖြစ်သည်။
အန်ဂျယ်လာနှင့် အန်မာတို့သည် ကြောက်လန့်နေကြသည့်ကောင်မလေးရှစ်ယောက်ကို နှစ်သိမ့်ပေးနေကြသည်။
ကြာပွတ်ဖြင့်ရိုက်နှက်ခြင်းခံခဲ့ရသည့်ကောင်မလေးကို ဖှေးပါလာဒင်ဇာတ်ကောင်အနေဖြင့် ကုသခြင်းအစွမ်းကိုအသုံးပြုကာ ကုသပေးပြီးဖြစ်သည်။ ထို့အပြင် ဒူးထောက်အသနားခံခြင်းဖြင့် ပွန်းပဲ့သွားခဲ့ကြသည့်ကောင်မလေးများကိုလည်း ပါလာဒင်ဇာတ်ကောင်၏အတွင်းအားအနည်းငယ်အသုံးပြုခြင်းဖြင့် ကုသပေးပြီးဖြြစ်သည်။ ဇီးနစ်ဘာသာစကားမတတ်သည့်ကောင်မလေးနှစ်ယောက်တို့၏မျက်လုံးများထဲတွင်လည်း အကြောက်တရားများကိုအတိုင်းသားမြင်တွေ့နေရသည်။ သူတို့သည် ယခုအချိန်တွင် အန်ဂျယ်လာနှင့်ဖှေးတို့ကို ပိုမို၍ယုံကြည်လာပြီဖြစ်သောကြောင့် လမ်းပါ့ဒ်၏ဘေးနားတွင်ပင် ကပ်နေခြင်းမရှိကြတော့ပေ။
“သူတို့ကို လောလောဆယ်တော့ စခန်းမှာပဲနေခွင့်ပေးထားလိုက်မယ် နင်တို့လဲအဖော်ရတာပေါ့။ သူ့တို့ကို ယောက်ျားလေးတွေလုပ်ခိုင်းလို့မရတဲ့ ကိစ္စတွေကို လုပ်ခိုင်းလို့ရတာပေါ့။” ဖှေးသည် သူမတို့ကို သနားမိသဖြင့် ဤကောင်မလေးများကို လုံခြုံစွာစောင့်ရှောက်ပေးထားလိုသည်။ သူသည်ရယ်မောကာ အန်ဂျယ်လာကိုပြောလိုက်သည်။ “ငါတို့ချမ်းဘော့ဒ်ကိုပြန်ရောက်တဲ့အချိန်ကျရင် ငါတို့သူတို့ကို ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာ နေရာချထားပေးပြီးတော့ သူတို့လိုချင်တယ်ဆိုရင် ချမ်းဘော့ဒ်တိုင်းပြည်သူတွေအဖြစ်နဲ့ မှတ်ပုံတင်ပေးကြတာပေါ့...”
တိုင်းသူပြည်သားများကို မှတ်ပုံတင်ခြင်းသည် အပြုမူအသစ်တစ်ခုပင်။
ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ရှိသည့်လူများကို စီမံကွပ်ကဲနိုင်ရန်အတွက် ဖှေးမြေကမ္ဘာပေါ်တွင် အသုံးပြုခဲ့သည့်နည်းလမ်းကိုအသုံးပြုထားခြင်းဖြစ်သည်။ ဤနည်းသည် အလွန်ထိရောက်သည့် နည်းလမ်းတစ်ခုပင်။ ချမ်းဘော့ဒ်မှအရာရှိများသည် ဤနည်းလမ်းကို အသုံးပြုပြီးချမ်းဘော့ဒ်တိုင်းပြည်မှလူများအားလုံးကို မှတ်ပုံတင်ပေးထားကြသည်။ မှတ်ပုံတင်ထားသည့်လူများသာလျှင် ချမ်းဘော့ဒ်တိုင်းပြည်သူ/တိုင်းပြည်သားအစစ်မှန်များဖြစ်ကြ၏။
အန်ဂျယ်လာနှင့် အန်မာတို့သည် ကောင်မလေးများကို ခေါ်သွားကြ၏။
ထို့နောက်တွင် ချမ်းဘော့ဒ်တပ်ဖွဲ့၏အဓိကခေါင်းဆောင်များဖြစ်ကြသော လမ်းပါ့ဒ်၊ ပီတာတို့ကဲ့သို့ လူများသည် တဲအတွင်းသို့ ၀င်လာကြသည်။
“အရှင်မင်းကြီး သူရဲကောင်းနန်းတော်ကလူတွေ ကျွန်တော်တို့ကို ပြန်လာပြီးတော့ ပြသနာရှာမှာ မစိုးရိမ်ဘူးလား။ ကျွန်တော်တို့အပြစ်ကင်းကြောင်းရှိသမျှသက်သေတွေကို နတ်ဘုရားသူရဲကောင်းကို ပေးလိုက်တာဆိုတော့လေ...” သူတို့အားလုံးထိုင်ပြီးသည့်နောက်တွင် လမ်းပါ့ဒ်သည် လူပေါင်းများစွာ၏စိတ်ထဲတွင်ရှိနေသည့်မေးခွန်းကို မေးလိုက်၏။
ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များသည် မာနထောင်လွှားနေသည့်သူရဲကောင်းနန်းတော်မှမြင်းစစ်သည်များကို သင်ခန်းစာပေးလိုက်ရသည့်အတွက် ကျေနပ်နေကြ၏။
စုံစမ်စစ်ဆေးပြီးသည့်နောက်တွင် မြင်းစစ်သည်များသည် ချမ်းဘော့ဒ်စခန်းအတွင်းသို့ သက်သေရတနာများကို သေချာယူဆောင်လာခဲ့ပြီး မတရားစွပ်စွဲရန်ကြိုးစားခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ ဒိုင်ဗီတလင်းကျောက်ထဲတွင် ဤမှတ်တမ်းများအားလုံးကို သိမ်းဆည်းထားသဖြင့် ဤတလင်းကျောက်သည် ချမ်းဘော့ဒ်တိုင်းပြည်၏အပြစ်ကင်းစင်မှုကို သက်သေပြရန်အတွက် အရေးပါ၏။ သို့သော် ဖှေးသည် ဤသက်သေအချက်လက်များအားလုံးကို နတ်ဘုရားသူရဲကောင်းကို ပေးလိုက်သည့်အတွက် ချမ်းဘော့ဒ်မှစစ်သည်များသည် ဤကိစ္စနှင့်ပတ်သက်၍စိုးရိမ်နေကြခြင်းပင်။
“လက်ရှိအခြေအနေမှာဆိုရင် ငါတို့တွေက သူရဲကောင်းနန်းတော်နဲ့တိုက်ခိုက်နိုင်ဦးမှာမဟုတ်ဘူး...” ဖှေးသူ၏ခေါင်းကို ညင်သာစွာခါရမ်းလိုက်ပြီးပြောလိုက်သည်။ “အဲ့တာကြောင့် ငါတို့တွေသက်သေအချက်လက်တွေကို သိမ်းထားရင်လည်းဘာမှထူးမှာမဟုတ်ဘူး။ ထပ်ပြီးတော့ ပြောရမယ်ဆိုရင် ငါတို့အဲ့သက်သေတွေနဲ့ဘာမှလုပ်နိုင်မှာလဲမဟုတ်ဘူး။ ငါတို့ သူတို့ကို စစ်ဆေးမေးမြန်တုန်းက နှိပ်လဲနှိပ်စက်ခဲ့သေးလို့ပဲ။ အဲ့လိုနှိပ်စက်ခဲ့လို့ အဲ့ကောင်တွေက ငါတို့ကို အတင်းကြပ်ပြောခိုင်းတာဆိုပြီး ပြန်စွပ်စွဲလို့လဲရသေးတာပဲ။ ဉာဏ်များမှုတွေနဲ့ သက်သေအချက်လက်တွေအကုန်လုံးက ကြီးမားတဲ့ခွန်အားရှေ့မှာဆိုရင် ဟာသတွေဖြစ်ကုန်တာလေ။ ငါမြင်းစစ်သည်တွေကို နှိပ်စက်မေးမြန်းခိုင်းတာ အမှန်တရားကို ရချင်လို့မဟုတ်ဘူး။ အမှန်တရားကို နတ်ဘုရားသူရဲကောင်းကိုယ်တိုင် သိရှိပြီးသားဖြစ်တယ်လို့လဲ ငါယုံကြည်တယ်။ ဒါမယ့်ငါဘာလို့ အဲ့လိုလုပ်ခိုင်းခဲ့တာလဲဆိုတော့ မင်းတို့ရဲ့ဒေါသတွေကို ပေါက်ကွဲလို့ရအောင်လို့ပဲ။ နောက်ပြီးတော့ ချမ်းဘော့ဒ်တိုင်းပြည်ကို မကောင်းကြံနေတဲ့လူတွေအကုန်လုံးကိုလဲ နမူနာသင်ခန်းစာတစ်ခုပေးလိုက်ချင်လို့...”
ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များသည် သူတို့၏ဘုရင်ရှင်းပြသည်ကို နားထောင်ရင်းဖြင့် ယုံကြည်ချက်များမြင့်မားလာသည်ကို ခံစားလိုက်ရသည်။
သိပ်မကြာသေးမှီအချိန်က ချမ်းဘော့ဒ်တိုင်းပြည်သည် အားနည်းခြင်းနှင့် အရှက်တရားတို့၏ရုပ်ပြသင်္ကေတတစ်ခုကဲ့သို့ပင်။ ချမ်းဘော့ဒ်တိုင်းပြည်မှလူများသည် တစ်ခြားလူများ၏အနိုင်ကျင့်ခြင်းကိုခံခဲ့ရပြီးအမှိုက်သရိုက်ကဲ့သို့ပင်ဆက်ဆံခြင်းခံခဲ့ရသည်။ ယခုအချိန်တွင် အဆင့်၁အဖွဲ့၀င်နိုင်ငံများနှင့် ဆွေကြီးမျိုးကြီးမိသားစုများကပင် ချမ်းဘော့ဒ်တိုင်းပြည်ကို လေးစားမှုဖြင့်ဆက်ဆံနေရပြီဖြစ်သည်။ ဤကဲ့သို့ ပြောင်းလဲခြင်းများသည် သူတို့၏ရှေ့တွင်ရှိနေသည့်လူငယ်ကြောင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၏။
“မဟုတ်မှလွဲရောအရှင်မင်းကြီးက ဒီမတရားစွပ်စွဲမှုရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာကို သိပြီးသွားပြီလား...” ပီတာ၏မျက်လုံးများသည် လင်းလတ်သွားသည်။
“သေချာတော့မသိပေမယ့်။ ခြေရာခံဖို့တော့ မခက်ခဲပါဘူး။ သွေးစွန်းဂိုဏ်းရဲ့ရတနာတွေကိုရရှိသွားတဲ့ အဖွဲ့စည်းအနည်းငယ်ပဲရှိတာလေ။ ငါပဲရစ်ကိုဖြစ်ဖြစ်မင်းသမီးကို ဖြစ်ဖြစ်ဒီရတနာတွေဘယ်ကိုရောက်သွားတာလဲမေးလိုက်ရင် ငါတို့တွေဒီနေ့ကိစ္စရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာကို တန်းသိမှာပါ...”
ဖှေးသူ၏မေးစေ့ကို ပွတ်ကာ ဆက်ပြောလိုက်သည်။ “ဒါပေမယ့် ဒီလိုလှည့်ကွက်တွေက ငါတို့အပေါ်မှာထိခိုက်စေနိုင်မှာမဟုတ်ဘူး။ မင်းတို့တွေအာရုံစိုက်ရမှာက မင်းတို့ရဲ့စွမ်းအားတွေကို မြင့်တက်လာအောင်လုပ်ဖို့ပဲ။ ဒီလိုဉာဏ်နီဉာဏ်နက်တွေက စွမ်းအားကြီးတဲ့လူနဲ့ယှဥ်လိုက်ရင် ဘာမှမဟုတ်လို့ပဲ။ ဒီနေ့ကိစ္စမှာဆိုရင်တော့ ငါတို့ရဲ့ထောင်မှူးကြီးက အတော်ကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်ခဲ့တာပဲ...”
ဤသည်ကို ကြားလိုက်ရသည့်အချိန်တွင် လူတိုင်းရယ်မောလိုက်မိကြသည်။
ဘုရင်ဆိုလိုသည်ကို သူတို့အားလုံးနားလည်ကြသည့်အတွက်ပင်။
လွန်ခဲ့သည့် ရက်၂၀ခန့်က အိုလတ်ဂ်သည် သွေးစွန်းဂိုဏ်း၏မြောက်ပိုင်းလူကုန်ကူးတပ်ဖွဲ့ကို စစ်ဆေးမေးမြန်းခဲ့သော်လည်း အသုံး၀င်သည့်အချက်လက်တစ်စုံတစ်ခုမှစစ်ဆေးမေးမြန်းနိုင်ခဲ့ခြင်းမရှိပေ။ ဤအချက်ကြောင့်လူတိုင်းသည် ထောင်မှူးအိုလတ်ဂ်၏စစ်ဆေးမေးမြန်းခြင်းစွမ်းရည်ကို မေးခွန်းထုတ်စရာဖြစ်လာခဲ့၏။ သို့သော် ယနေ့တွင်မူ အိုလတ်ဂ်သည် လူတိုင်းကို သူ၏အစွမ်းအားထုတ်ဖော်ပြသလိုက်ခြင်းပင်။ သူ၏ နှိပ်စက်မေးမြန်းသည့် နည်းပညာများသည် အရက်စက်ဆုံးမဟုတ်သော်လည်း အသင့်လျှော်ဆုံးနှင့်အထိရောက်မှုရှိဆုံးနည်းလမ်းများကို ပင်အသုံးခဲ့သည့်အတွက်ပင်။ ထိုကဲ့သို့ စစ်ဆေးမေးမြန်းပြီးသည့်အချိန်တွင် စိတ်ဓာတ်မာကြောသည့် သူရဲကောင်းနန်းတော်မှ စစ်သည်များပင် သိသမျှအားလုံးကိုအမှန်တိုင်း၀န်ခံခဲ့ရ၏။ အကယ်၍အိုလတ်ဂ်သာ အလိုရှိပါက သူရဲကောင်းနန်းတော်မှမြင်းစစ်သည်များ၏အတွင်းခံအရောင်ကိုပင် စစ်ဆေးမေးမြန်းကာ သိရှိနိုင်၏။
ဘုရင်၏ချီးကျူးခြင်းကို ခံရပြီးသည့်အချိန်တွင်တောက်ပသည့်အပြုံးတစ်ခုသည် အိုလတ်ဂ်၏မျက်နှာပေါ်တွင်ပေါ်လာတော့၏။ သူသည် ခေါင်းငြိမ့်အရိုသေပေးလိုက်ပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး သင်ပေးခဲ့လို့ပါ...”
ဤသည်မှာ အမှန်ပင်။ ယနေ့တွင် အိုလတ်ဂ်အသုံးပြုခဲ့သည့်နည်းလမ်းတော်တော်များများသည် ဖှေးသူ့အားပြောပြခဲ့သည့်နည်းလမ်းများပင်။ ဖှေးသည် ယခင်ဘ၀က နှိပ်စက်မေးမြန်းသည့်အခန်းများပါရှိသည့်ရုပ်ရှင်ဇာတ်ကားတော်တော်များများကို ကြည့်ရှုခဲ့ဖူးသဖြင့် သူသည် အိုလတ်ဂ်အားအကြံပေးခဲ့ခြင်းဖြစ်သည်။
“ငါမမှားဘူးဆိုရင်တော့ သူရဲကောင်းနန်းတော်က ငါတို့ကို အနှောင့်ယှက်ပေးတော့မှာမဟုတ်ဘူး။ ဒါပေမယ့် ငါတို့သတိတော့အမြဲရှိနေရမယ်။ တစ်ခုခုလွဲမှားသွားရင်တော့ အရင်က ချထားတဲ့အစီစဥ်တိုင်းသာဆက်ပြီးတော့ ဆောင်ရွက်တော့....”
“အမိန့်အတိုင်းပါ အရှင်မင်းကြီး...”
ခေါင်းဆောင်များတဲအတွင်းမှထွက်ခွာသွားပြီးသည့်နောက်တွင် ဖှေးသည် ခနတာခန့်ပြန်လည်စဥ်းစားကာ သူမည်သည့်အရာမှမေ့ခဲ့ခြင်းမရှိသည်ကို အတည်ပြုလိုက်သည်။ သူသည် အကြံဉာဏ်တစ်ချို့နှင့်အတွေးတစ်ချို့ကို သူအသုံးပြုလေ့ရှိသည့်စာအုပ်ပေါ်တွင် ရေးသားကာ မှတ်သားထားလိုက်သည်။ ထို့နောက်တွင် ဆင့်ခေါ်ြခင်းအစွမ်းကိုအသုံးပြုကာ တယ်လီပေါ့တ်ပေါ်တယ်တစ်ခုကို ဖန်တီးလိုက်ပြီး ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့၀င်ရောက်လာခဲ့တော့၏။
“ဟေး မင်းငါတို့ကို ဘယ်ခေါ်သွားနေတာလဲ...” သူတော်စဥ်အာကာရာသည် စိတ်မရှည်စွာဖြင့်မေးမြန်းလိုက်သည်။