← Chapters

အခန်း (၃၆၂)

Vol. 25 Ch. 362

အခန်း (၃၆၂)

Vol. 25 Ch. 362

“ဟေး နင်ငါတို့ကို ဘယ်ခေါ်သွားနေတာလဲ...” သူတော်စဥ်အာကာရာသည် စိတ်မရှည်စွာဖြင့်မေးလိုက်သည်။

လွန်ခဲ့သည့်သုံးမိနစ်ခန့်က ဖှေးသည် သူပုန်စခန်းသို့အလျင်စလိုဖြင့် ရောက်ရှိလာခဲ့သည်။ သူသည် အာကာရာနှင့် ကိန်းတို့၏အလုပ်များကို နှောင့်ယှက်လိုက်ပြီး သူတို့နစ်ယောက်အားစခန်းနှင့်၀ေးကွာသည့်နေရာတစ်ခုသို့ခေါ်လာခဲ့သည်။ ထို့နောက်တွင် သူပေါ်တယ်တစ်ခုကို ဖွင့်လိုက်ပြီး သူတို့ကို ဖိတ်ခေါ်လိုက်၏။

“ဟုတ်တယ်။ ကျွန်တော့ရဲ့အချိန်တွေကတန်ဖိုးရှိတယ်။ မင်းအမြဲပြောခဲ့တာက သူများတွေရဲ့အချိန်ကိုဖြုန်းတီးတယ်ဆိုတာ သူတို့ကို ဖြေးဖြေးခြင်းသတ်နေတာနဲ့အတူတူပဲဆို။ ငါမင်းကို ပြောစရာရှိတယ်။ ငါဒီနေ့ရှာဖွေတွေ့ရှိမှုအသစ်လုပ်နိုင်ခဲ့တယ်ကွ? ဟားဟား မင်းငါ့ကို အဲ့တယ်လီပေါ့တ်ပေါ်တယ်ကို ဖွင့်ကြည့်ဖို့ပြောထားတာ သတိရသေးလား။ ငါအဲ့မှော်အစီရင်မှာ ရှိတဲ့မှော်စီကြောင်းသုံးရာထဲကနေ လမ်းကြောင်းတစ်ရာကို ဖွင့်နိုင်ပြီးသွားပြီ။ ငါအတော်အလုပ်များနေတယ်ကွ...” အဖိုးကြီးကိန်းသည်လည်း အလွန်စိတ်မရှည်ဖြစ်နေ၏။

“ခင်ဗျားတို့တွေ ဒီပေါ်တယ်ထဲ၀င်ပြီးရင်သိပါလိမ့်မယ်။ အဲ့တာက နေရာကောင်းတစ်ခုပါ...”

ဖှေးသည် သူတို့အားကြိုတင်ပြောထားခြင်းမရှိပေ။ သူ၏လက်ကို လူကြီးနှစ်ယောက်အား၀ှေ့ရမ်းပြလိုက်ပြီး အရှေ့တွင်ရှိနေသည့်ပေါ်တယ်အတွင်းသို့ လမ်းလျှောက်၀င်သွားလိုက်၏။

“ဒွီ...”

ညင်သာစွာတုန်ခါသွားပြီးသည့်နောက်တွင် ဖှေးသည် လိုဏ်ဂူတစ်ခုအားဖြတ်သန်းလာလိုက်ရသကဲ့သို့ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်ခန့်ကြာသည့်အချိန်တွင် နံရံပေါ်တွင် ငွေရောင်စွမ်းအင်များတောက်ပနေသည့် အခန်းကျဥ်းလေးထဲသို့ရောက်ရှိလာခဲ့၏။ အမဲရောင်စာအုပ်ထူကြီးတစ်ခုသည် လေပေါ်တွင် ၀ဲပျံနေလျှက်ရှိပြီး မျက်စိအကျစေဆုံးအရာမှာ မည်သူမှပင်အနီးသို့ကပ်နိုင်ဖွယ်မရှိသည့် ရွှေရောင်အရိုးစုတစ်ခုပင်။

ဤသည်မှာ ဖှေးသွေးစွန်းဂိုဏ်း၏မြေအောက်ခန်းအတွင်းမှရှာဖွေတွေ့ရှိခဲ့သောလျို့၀ှက်ခန်းတစ်ခုပင်။ ဖှေးသည် သွေးစွန်းဂိုဏ်းဌာနချုပ်အတွင်းတွင်ရှိသည့် တယ်လီပေါ့တ်ပေါ်တယ်ကို ဖျက်ဆီးလိုက်ပြီး သူ၏ပေါ်တယ်တစ်ခုတည်းကိုသာ ဆင့်ခေါ်ခြင်းအစွမ်းအသုံးပြပြီး နေရာချထားခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် ဤအခန်းထဲသို့၀င်နိုင်သည့်လူသည် ဖှေးတစ်ယောက်တည်းသာရှိတော့သည်ဟုဆိုနိုင်၏။

“ဒွီ...ဒွီ...” တုန်ခါသံများထွက်ပေါ်လာပြီးသည့်နောက်တွင် အာကာရာနှင့် ကိန်းတို့နှစ်ယောက်သည်လည်း တယ်လီပေါ့တ်ပေါ်တယ်မှတဆင့်ဤအခန်းကျဥ်းထဲသို့ ရောက်ရှိလာခဲ့ကြတော့၏။

“ဘုရားရေ..ဒါကဘယ်နေရာလဲ။ ငါဒီနေရာကိုတစ်ခါမှမရောက်ဖူးသေးပေမယ့်ရင်းနှီးတဲ့ခံစားချက်တစ်ခုကို ခံစားနေရတယ်....” အမြဲလိုလိုတည်တည်ငြိမ်ငြိမ်နေထိုင်လေ့ရှိသည့် သူတော်စဥ်အာကာရာပင် ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူသည် အ၀ါဖျော့ရောင်နံရံများနှင့်နတ်ဆိုးဘုရင်၏ဉာဏ်ပညာစာအုပ်ကိုစိတ်၀င်တစားစိုက်ကြည့်နေသည်။

“ဘုရားရေ...ဒါက...ဒါက...”

ကိန်း၏အာရုံစိုက်မှုများသည် ချက်ချင်းလိုလိုပင် အခန်း၏အလည်ခေါင်တွင်ရှိနေသော စာအုပ်ပေါ်သို့ ကျရောက်သွားသည်။ သူ၏မျက်လုံးများသည် ထိုအရာကိုစိုက်ကြည့်ရင်းဖြင့် တောက်ပလာ၏။ ညစာစားပွဲ၏ရှေ့တွင်ရှိနေသည့် ဗိုက်ဆာနေသောလူတစ်ယောက်ကဲ့သို့ သွားရေများပင် ကျလာတော့သည်။ အကယ်၍ အရိုးစုထံမှထွက်ပေါ်လာနေသည့် အရှိန်၀ါများကသာစွမ်းအားပြင်းထန်နေခြင်းမရှိပါက ကိန်းသည် ချက်ချင်းပင် ပြေးကာ ထိုအရိုးစုကို ဖက်နမ်းမိတော့မည်ဖြစ်သည်။

“ငါ့ကိုပြောဦးဖှေး ဒါက ဘယ်နေရာလဲ...” သိပ်ပံပညာရှင်နှစ်ယောက်သည် အမြန်စိတ်ငြိမ်အောင်ထိန်းလိုက်ကြပြီး ဖှေးအားပြိုင်တူမေးလိုက်ကြသည်။

“ခင်ဗျားတို့ပဲအစကလိုက်ဖို့စိတ်မပါဖြစ်နေကြတာမဟုတ်ဘူးလား...” ဖှေးသည် ဖြေးညှင်းစွာဖြင့် သူတို့နှစ်ယောက်ကို ဤအခန်းအကြောင်းကို ပြောပြလိုက်၏။

“အမ်...မင်းပြောတာက ဘာမှလဲသိပ်မရှင်းပါလား...” သူတို့နှစ်ယောက်သည် ဖှေးရှင်းပြသည်နှင့်ပတ်သက်၍သိပ်ပြီးကျေနပ်ကြခြင်းမရှိပေ။

“ရိုးရိုးသားသားပြောရမယ်ဆိုရင်ကျွန်တော်လဲ ဒါဘယ်နေရာလဲမသိဘူး။ ဒါပေမယ့် ဒီအခန်းထဲမှာ လျို့၀ှက်ချက်တွေအများကြီးရှိနေတယ်ဆိုတာကတော့ ထင်ရှားပါတယ်။ ခင်ဗျားတို့နှစ်ယောက်များ ရှာဖွေလေ့လာပေးနိုင်မလားလို့။ နောက်ပြီး အဲ့နတ်ဆိုးဘုရင်၏ဉာဏ်ပညာလို့ခေါ်တဲ့စာအုပ်ကိုရော ခင်ဗျားတို့စိတ်၀င်စားကြလိမ့်မယ်ထင်တယ်...” ဖှေးသူ၏ပခုံးကို တွန့်ပြကာပြောလိုက်၏။

ရိုးရိုးရှင်းရှင်းပင် ဖော်ပြရပါက ဘုရင်သည် သူ့အားဤအခန်းနှင့်ပတ်သက်သည့် လျို့၀ှက်ချက်များကို ဖော်ထုတ်ပေးမည့် အလုပ်သမားနှစ်ယောက်ကို ခန့်အပ်လိုက်ခြင်းပင်ဖြစ်သည်။

“ဒါက ဒဏာရီလာ အတားဆီးတွေနဲ့ အာကာသအကျဥ်းကျထားခြင်းတွေပဲ။ ဒီလိုဒဏာရီတွေထဲမှာပဲ ကြားဖူခဲ့တဲ့အရာတွေကို တစ်သက်နဲ့တစ်ကိုယ်မြင်တွေ့ခွင့်ရမယ်လို့ ငါမထင်ခဲဘူး...”

ကိန်းသည် အလွန်စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏အဖြူရောင်မုတ်ဆိတ်များကိုပင် ဆွဲဆောင့်နေ၏။ သူသည် အ၀ါရောင်နံရံများကို သူ၏အိုမင်းရွတ်တွနေသောလက်များဖြင့် ပွတ်သပ်ကြည့်လိုက်သည်။ သူထို့နောက်တွင် တစ်ဖက်သို့လှည့်လိုက်ပြီးဖှေးကိုအရာအားလုံးရှင်းပြလိုက်၏။ နံရံပေါ်တွင် ရှိနေသည့်ငွေရောင်စွမ်းအင်များသည် ရှေးကျသည့် စာလုံးသင်္ကေတများပင်ဖြစ်သည်။ ထိုစာလုံးများကို နတ်ထွင်းစာများဟုလည်ခေါ်ကြသည်။ သူတို့တွင် မယုံနိုင်စရာကောင်းလောက်သည့်အစွမ်းများပါ၀င်နေပြီး အချိန်နှင့်အာကာသထဲတွင် တစ်စုံတစ်ခုကို တည်မြဲနေနိုင်အောင်ဆောင်ရွက်ပေးနိုင်သည်။ ဤလျို့၀ှက်ခန်းသည် ဟင်လင်းပြင်တစ်ခုတွင်ရှိနေခြင်းဖြစ်နိုင်သည်။ ဗလာနတ္တိဟင်းလင်ပြင်တွင်တည်ရှိနေနိုင်စေရန်အတွက် ဤငွေရောင်သင်္ကေသများက ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။

ဖှေးခေါင်းငြိမ့်ပြလိုက်သည်။

ဤစိတ်ကူးမယဥ်နိုင်သည့်စွမ်းအားနှင့်ပတ်သက်၍သူသိရှိခြင်းမရှိသော်လည်း ဤသည်မှာ သူခန့်မှန်းထားသည်နှင့် သိပ်ပြီးကွာခြားလှခြင်းမရှိပေ။ ဤအ၀ါရောင်သန်းနေသည့် နံရံများသည် မြေများ၊ သဘာ၀ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပေ။ အစိုင်ခဲပုံသဏန်ယူဆောင်နေသည့် စွမ်းအင်များသာဖြစ်၏။

“ဆိုးတာက ဒီလိုနည်းပညာတွေကို အသုံးပြပုံက အရမ်းကိုရှုပ်ထွေးလွန်းတာပဲ။ အဲ့တာအပြင်ကို ဒီသင်္ကေတတွေက နံရံထဲမှာ မြုပ်နေပြီးတော့ သူတို့ရဲ့ပုံသဏန်အစစ်မှန်ကို ပြထားတာမဟုတ်ဘူး....”

အဖိုးကြီးကိန်းသက်ပြင်းချလိုက်သည်။ သူ၏လက်ရှိအစွမ်းအဆင့်ဖြင့် သူသည် ကူးချနိုင်ခြင်းမရှိသေးပေ။ တောက်ပနေသည့်ငွေရောင်သင်္ကေတများကိုကြည့်ရုံဖြင့်ပင် သူတို့သည် အာကာသအကျဥ်းချခြင်းကို လိုက်လံ၍တုပပြုလုပ်နိုင်ကြဦးမည်မဟုတ်ပေ။ အချိန်ကသာလျှင်သူ့အားလေ့လာနိုင်ရန်အတွက် ကူညီပေးသွားမည်ဖြစ်သည်။

အကယ်၍တစ်စုံတစ်ယောက်ကသာ နတ်ထွင်းစာများကိုနားလည်သွားနိုင်ပါက အာကာသဟင်းလင်ပြင်ထဲတွင် နေရာတစ်ခုယူကာ နန်းတော်တစ်ခုတည်ဆောက်ရန်မှာမဖြစ်နိုင်သည့်အရာမဟုတ်တော့ချေ။

ဒိုင်ယာဘလိုကမ္ဘာတွင်ဖြစ်စေ၊ အေဇာရုတိုက်တွင်ဖြစ်စေကာမူ နတ်ဘုရားများသည်သက်ရှိများနှင့်နေရာများကို ဖန်တီးခဲ့သည်ဟူသည့် ဒဏာရီများရှိနေသည်။ ဤအရာများသည် သာမန်လူများစိတ်ကူးယဥ်နိုင်သည့်အရာများမဟုတ်ကြပေ။

“ငါတို့တွေ ဒီငွေရောင်သင်္ကတအကြောင်းတွေကို ဖြေးဖြေးခြင်းလေ့လာကြည့်လို့ရပါတယ်။ ဒီအခန်းက ပျောက်ကွယ်သွားမှာမှမဟုတ်တာ...”

ဖှေးကိန်း၏အလွန်စိတ်၀င်စားနေသည့်ပုံကိုကြည့်ကာ ရယ်စရာကောင်းသည်ဟုထင်မြင်မိသည်။ သူရယ်မောလိုက်ပြီး အာကာရာနှင့်ကိန်းတို့ ဤနေရာနှင့် သူပုန်စခန်းတို့ကို ကူးပြောင်းနိုင်ရန်အတွက် တယ်လီပေါ့တ်ပေါ်တယ်များစီစဥ်ပေးလိုက်သည်။

ဤနည်းဖြင့် သူတို့သည် ဤအခန်းအတွင်းသို့ တစ်နေ့လျှင်အချိန်အတိုင်းတာတစ်ခုခန့်လာရောက်နိုင်ကြမည်ဖြစ်သည်။ သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်အနောက်ဘက်တောင်တန်းများထဲတွင်ရှိသည့် ချမ်းဘော့ဒ်တက္ကသိုလ်သို့နေ့စဥ်ပညာသင်သွားသင်ပေးနေသကဲ့သို့ပင်။ ဖှေး၏လက်ရှိ၀ိဉာဥ်စွမ်းအားလယ်ဗယ်ကြောင့် သူတို့နှစ်ယောက်သည် ဒိုင်ယာဘလိုကမ္ဘာ၏ပြင်ပတွင် အလွန်ဆုံးလေးနာရီနှင့် မိနှစ်နှစ်ဆယ်ခန့်သာနေနိုင်ကြသေး၏။ ဤအချက်ကို လောလောဆယ်တွင် ပြောင်းလဲ၍မရနိုင်သေးသည့်အတွက် သူတို့သည်ရသမျှအချိန်ကို ထိထိရောက်ရောက်အသုံးပြုရမည်ဖြစ်သည်။

အာကာရာသည် လေပါ်တွင်၀ဲနေသည့် နတ်ဆိုးဘုရင်၏ဉာဏ်ပညာစာအုပ်ကို စိုက်ကြည့်နေဆဲပင်။

“ဘုရားရေ ဒါကမယုံနိုင်စရာကောင်းတဲ့စာအုပ်ပဲ။ ဒီကောင်က စစ်သည်တွေမှော်ဆရာတွေအားလုံးအတွက် စွယ်စုံကျမ်းကြီးတစ်ခုလိုပဲ။ စာအုပ်ထဲမှာရေးထားတဲ့ ပညာဗဟုသုတတွေကအများကြီးပဲ။ ပင်လယ်ပြင်လိုပဲ ကျယ်ပြန့်တယ်။ နောက်ပြီးတော့ ရေးသားမှတ်တမ်ထားတဲ့နည်းလမ်းတွေကလည်းအထင်ကြီးလောက်တယ်။ ဒီစာအုပ်ကို ဉာဏ်ပညာလို့ခေါ်ဖို့ဆိုတာထိုက်တန်ပါတယ်။ ဘာလို့ နတ်ဆိုးဘုရင်၏ဉာဏ်ပညာလို့နာမည်ပေးထားလဲမသိဘူး။ နတ်ဘုရားဉာဏ်ပညာလို့ခေါ်သင့်တာပဲ...”

အချိန်တိုအတွင်းမှာပင် အာကာရာသည် စာအုပ်ထဲတွင်ရေးထားသည့်အချက်လက်များ၏၈၀ရာခိုင်နှုန်းကို ဖတ်ရှုပြီးသွားပြီဖြစ်သည်။

သူမသည် လက်ရှိရှေးဟောင်းဘာသာစကားကိုလေ့လာစဖှေးကဲ့သို့မဟုတ်ပေ။ ဒိုင်ယာဘလိုကမ္ဘာ၏ရှေးဟောင်းဘာသာစကားကိုကျွမ်းကျင်စွာတတ်မြောက်ထားသည့်လူတစ်ယောက်အနေဖြင့် သူသည် ရှေးဟောင်းအရာများကိုလေ့လာရန်စိတ်၀င်စားသည်။ ထို့အပြင် ဒိုင်ယာဘလိုကမ္ဘာနှင့် အေဇာရုတိုက်တို့ကြားတွင် ဆက်နွယ်မှုတစ်ချို့လဲရှိနေ၏။ မှော်ကျင့်စဥ်များ၊ အတွင်းအားကျင့်စဥ်များအပြင် ရှေးဟောင်းဘာသာစကားများသည်လည်း အနည်းငယ်ဆက်နွယ်မှုများရှိနေသည်။ ထို့ကြောင့် အာကာရာသည် စာအုပ်ထဲတွင်ရေးထားသည့်အရာများကို အကြမ်းဖျင်းနားလည်နိုင်နေခြင်းဖြစ်သည်။

နောက်ဆုံးတွင် ကိန်းသည် သူ၏မျက်လုံးများကို နံရံများထံမှခွာလိုက်၏။

သို့သော် အဖိုးကြီးသည် စာအုပ်ထဲတွင်ရေးထားသည့်အချက်လက်များကိုစိတ်၀င်စားခြင်းမရှိပေ။ ထိုအစားသူသည် နတ်ဆိုးဘုရင်၏ဉာဏ်ပညာစာအုပ်၏ဘေးတွင်ရှိနေသည့်သံချိန်းကြိုးများနှင့်တွဲချည်ထားသော မီးအိမ်များကိုအာရုံစိုက်လိုက်သည်။

“ဘုရားရေ ဒါကလဲထူးဆန်းတာပဲ...”ကိန်းသည် မီးအိမ်များပေါ်တွင်တောက်ပနေသည့် မှော်သင်္ကေတများကိုကြည့်ရင်းဖြင့် ကျောက်တုံးချိန်းကြိုးများကို ပွတ်သပ်ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် တုန်ခါသွားပြီးပြောလိုက်သည်။ “အား ဒါတွေက အငယ်စားအကျဥ်းချခြင်းမှော်သင်္ကေတတွေပဲ...။ ဒီလိုထွင်းစားတွေက တကယ်ရှိနေတာပဲ...ဒဏာရီတွေက တကယ်ပဲ....”

အဖိုးကြီးသည်ရူးသွပ်သွားသကဲ့သို့ ပြုမူနေသည့်အတွက် ဖှေးသူ့ထံမှ အချက်လက်များမေးလို့ရတော့မည်မဟုတ်ကြောင်းကို သိရှိလိုက်သည်။

ကိန်းဤအခြေအနေသို့ရောက်ရှိသွားပါက သူ၏စကားများကို ဘယ်သူမှနားမလည်နိုင်တော့ချေ။

ခနတာစဥ်းစားပြီးသည့်အချိန်တွင် ဖှေးမြေအောက်လိုဏ်ဂူ၏ဂိတ်တံခါးနှင့် ဖှေးခိုးယူထားသည့် လျို့၀ှက်သည့် သင်္ကေတကိုးခုကိုလည်းထုတ်ယူလိုက်သည်။ ထို့နောက်တွင် သူသည် ထိုအရာများကိုလည်း အာကာရာနှင့်ကိန်းတို့လေ့လာရန်အတွက် အခန်းထဲတွင်ချထားခဲ့သည်။

“အား...ဘုရားရေ...”

“အာဟ ဒီလိုဟာတွေက တကယ်ရှိတာပဲ...”

ဖှေးအပြင်သို့မထွက်ခွာမှီအချိန်ထိ သူသည် အာကာရာနှင့် ကိန်းတို့၏အာမေဍိတ်သံများ အော်ဟစ်သံများကို ကြားနေရဆဲပင်။

ဖှေးဒိုင်ယာဘလိုကမ္ဘာသို့ပြန်ရောက်သည့်အချိန်တွင် သူသည် ခနတာခန့်တွေးလိုက်ပြီး အယ်လီနာအားဆင့်ခေါ်လိုက်သည်။ ထို့နောက်တွင် သူတို့သည် ကူရက်ဆိပ်ကမ်းအတွင်းသို့ လယ်ဗယ်မြှင့်တင်ရန်အတွက် ၀င်လာခဲ့ကြတော့သည်။

All Chapters