အခန်း (၃၆၃)
Vol. 25 Ch. 363
ဤမတိုင်မင် ဖှေးသည် တတိယမြောက်မြေပုံ၏ပထမဆုံးအလုပ်ဖြစ်သည့် [ရွှေရောင်ငှက်]ကို အောင်မြင်ပြီးဖြစ်သည်။
ဤအလုပ်ကိုအောင်မြင်ခဲ့သည့်အတွက် ရရှိခဲ့သည့်ဆုလာဘ်မှာ သွေးအတိုင်းတာကို အမှတ်၂၀ထာ၀တိုးမြှင့်ပေးနိုင်သည့်မှော်ဆေးပုလင်းတစ်ခုပင်။ ဖှေးထိုဆေးပုလင်းကို ချက်ချင်းအသုံးမပြုသေးပဲ သူ၏ထားသိုရာအကန့်အတွင်းတွင်အသုံးပြုကာသိမ်းထားလိုက်သည်။
သူ၏လူရိုင်းဇာတ်ကောင်၊ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၊ မှော်ဆရာဇာတ်ကောင်၊ ပါလာဒင်ဇာတ်ကောင်၊ ဒရူးဇာတ်ကောင်၊ အောက်လမ်းဆရာဇာတ်ကောင်နှင့် အမေဇုန်ဇာတ်ကောင်တို့မှာ ယခုအချိန်တွင် လယ်ဗယ်၄၅၊ ၃၉၊ ၄၁၊ ၃၉၊ ၃၉၊ နှင့် ၄၀သို့ အသီးသီးရောက်ရှိနေကြပြီဖြစ်သည်။ အောက်လမ်းဆရာဇာတ်ကောင်နှင့် အမေဇုန်ဇာတ်ကောင်တို့မှလွဲ၍ ကျန်ရှိနေသည့်ဇာတ်ကောင်များသည် ဒုတိယမြေပုံဖြစ်သည့်လူ့တ်ဂိုလိမ်မြို့တော်မှ အလုပ်များအားလုံးကိုပြီးမြောက်သွားပြီးဖြစ်သည်။ ထိုဇာတ်ကောင်နှစ်ကောင်ဖြင့်သာ လူ့တ်ဂိုလိမ်မြေပုံရှိအလုပ်များကို ပြီးမြောက်သွားပါက ဖှေးသည်ဒိုင်ယာဘလိုကမ္ဘာ၏အခန်း၂ကို အောင်မြင်သွားမည်ဖြစ်သည်။
သို့သော် ဇီးနစ်အင်ပါယာ၏လက်ရှိအခြေအနေသည် ပရမ်းပတာဖြစ်ကာ အန္တရာယ်များလာပြီး စွမ်းအားမြင့်မားသည့်ရန်သူများသည် တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာနေသည့်အတွက် ဖှေးသည် သူ၏အစွမ်းများကို အမြန်ဆုံးမြင့်တင်နိုင်ရန်လိုအပ်နေ၏။ ထို့ကြောင့်သူသည် သူ၏လယ်ဗယ်မြှင့်တင်ရေးဗျူဟာကိုပြောင်းလဲလိုက်သည်။ သူသည် ဇာတ်ကောင်းများအားလုံးကို လယ်ဗယ်ညီတူညီမျှမြှင့်တင်ပြီး မသေချာသည့်အပိုဆုလာဘ်များရရှိရန်ဒိုင်ယာဘလိုကမ္ဘာမှ အခန်းများအားလုံးကိုအောင်မြင်အောင်ကြိုးစားသည့်နည်းလမ်းကိုစွန့်လွှတ်လိုက်ပြီး သူ၏လူရိုင်းဇာတ်ကောင်ကိုသာ လယ်ဗယ်အဓိကမြှင့်တင်ပြီးလအဆင့်စစ်သည်တစ်ယောက်အမြန်ဆုံးဖြစ်လာနိုင်ရန်ကြိုးစားနေ၏။
ကူရက်ဆိပ်ကမ်းမြေပုံမှ ဒုတိယအလုပ်ကို ပြီးမြောက်ပြီးသည့်နောက်တွင် ဖှေး၏လူရိုင်းဇာတ်ကောင်သည် ယခုအချိန်တွင် လယ်ဗယ်၄၆သို့ရောက်ရှိသွားပြီဖြစ်သည်။
အယ်လီနာသည်လည်း ပို၍အစွမ်းထက်လာသည်။ သူမသည် ယခုအချိန်တွယ် လယ်ဗယ်၄၀သို့ရောက်ရှိနေပြီဖြစ်ပြီးမှော်စွမ်းအင်လေးမျိုးလုံးကို ကျွမ်းကျင်စွာအသုံးပြုနိင်နေပြီဖြစ်သည်။ ထို့အပြင် သူမနှင့် ဖှေးတို့ကြားတွင်ရှိသည့်ဆက်ဆံရေးသည်လည်း ပို၍ချောမွေ့လာ၏။ သူတို့မကောင်းဆိုး၀ါးများ၊ နတ်ဆိုးများနှင့်တိုက်ခိုက်နေသည့်အချိန်တွင် တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်ရုံဖြင့်ပင် အချိတ်ဆက်မိမိနှင့်ပူးပေါင်းတိုက်ခိုက်နိုင်နေကြပြီဖြစ်သည်။ ဤကဲ့သို့သော တစ်ယောက်နှင့်တစ်ယောက်နားလည်မှုမျိုးဖြင့် သူတို့နှစ်ယောက်လုံးကို လူတစ်ယောက်တည်းမှထိန်းချုပ်နေသကဲ့သို့ပင်ဖြစ်နေ၏။
သူတို့နှစ်ဦးကြားထဲတွင်ရှိသည့်ခံစားချက်များသည်လည်း ပြောင်းလဲလျှက်ရှိသည်။
ချမ်းဘော့ဒ်မြေအောက်ကျောက်ခန်းမထဲမှ ကိစ္စဖြစ်ခဲ့ပြီးသည့်အချိန်မှစပြီး သူတို့၏ဆက်ဆံရေးမှာ တိုးတက်လာခြင်းမရှိသေးပေ။ သို့သော် ဖှေးသည် သူပုန်စခန်း၏လှပပြီးရဲရင့်သည့်ကောင်မလေးအယ်လီနာသည် သူမကိုယ်သူမ ဖှေး၏သာမန်အစေခံတစ်ယောက်ကဲ့သို့ သက်မှတ်ထားခြင်းမရှိတော့သည်ကို ရိပ်မိလာသည်။ ဖှေးအယ်လီနာ၏နှလုံးသားထဲတွင်ရှိနေသည့် အချစ်တို့ကို ခံစားမိနေသည့်အတွက်ကြောင့်ပင်။ သူတို့ကြားထဲတွင်ရှိနေသည့်လက်ရှိဆက်ဆံရေးမှာ ရင်းနှီးပြီးချစ်စဖွယ်ပင်။
တိုက်ခိုက်မှုများမှ အနားယူနေသည့်အချိန်တွင် ဖှေးသည် အယ်လီနာ၏နူးညံ့ချောမွေ့သောလက်များကို ကိုင်ထားမည်ဖြစ်သည်။
ယနေ့အတွက်အချိန်အကန့်သက်မှာ ပြည့်တော့မည်ဖြစ်သောကြောင့် သူတို့နှစ်ယောက်လုံးဒိုင်ယာဘလိုကမ္ဘာအတွင်းမှ ထွက်ခွာလာခဲ့၏။
.....
“အရာအားလုံးက ပုံမှန်ပါပဲ။ မူမမှန်တာမရှိပါဘူး။ သူရဲကောင်းနန်းတော်ကမြင်းစစ်သည်တွေလဲ ထပ်ပြီးတော့ ရောက်မလာခဲ့ပါဘူး...”
ဖှေးပြန်လည်ရောက်ရှိလာသည့်အချိန်တွင် သူ၏ကိုယ်ရံတော်တိုးရိစ်ရောက်လာပြီး လွန်ခဲ့သည့်နာရီပိုင်းအတွင်းဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သတင်းပိုလျှောက်တင်လိုက်၏။ အရာအားလုံးသည် ဖှေးကြိုတင်ခန့်မှန်းထားခဲ့သည့်အတိုင်းပင် ယနေ့မနက်တွင်ဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်အပြီးတွင် သူရဲကောင်းနန်းတော်မှာ တိတ်ဆိတ်သွားပြီး ပြန်လည်လက်စားချေရန်ကြိုးစားခြင်းမရှိတော့ပေ။
ထို့နောက်တွင် ဖှေးသည် စခန်းချနေရာတစ်၀ိုက်တွင် လမ်းပတ်လျှောက်လိုက်၏။ စပါတပ်အင်ပါယာမှ လုပ်ကြံသတ်ဖြတ်သူများကို ရှာဖွေရေးအစီစဥ်မှာပြီးမြောက်သွားပြီဖြစ်သောကြောင့် အဖွဲ့၀င်တိုင်းပြည်များမှ လူများသည် စခန်းချနေရာတစ်၀ိုက်တွင် ပုံမှန်အတိုင်းပင် လှည့်လည်လမ်းလျှောက်ခွင့်ရကြသည်။ တစ်ချိန်တည်းမှာပင် အင်ပါယာအရှင်သခင်ယရှင်းသည်လည်း အဖွဲ့၀င်နိုင်ငံများကို အဆင်သင့်ပြင်ထားကြရန်အမိန့်ပေးထား၏။ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲကြီးသည် လာမည့်နှစ်ရက်တွင် စတင်တော့မည့်အတွက်ပင်။
နောက်ဆုံးတွင် လူတိုင်း၏အာရုံစိုက်မှုများသည် ပြိုင်ပွဲထံသို့သာပြန်လည်ကျရောက်လာပြီဖြစ်သည်။
ဖှေးသူ၏အစောင့်များကို ပြန်လွှတ်လိုက်ပြီး စခန်းချနေရာတစ်၀ိုက်တွင်လှည့်လည်နေ၏။ သူသည်မကြာမှီတွင် ဘိုင်ဇန်တိုင်းတိုင်းပြည်စခန်းအနီးသို့ရောက်ရှိလာခဲ့၏။ ယခင်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် ဤတိုင်းပြည်၏စခန်းမှာ ယခုအချိန်တွင်မူ လူများစည်ကားကာ ဆူညံနေ၏။ ဘိုင်ဇန်တိုင်းဘုရင်ငယ်ကို ချမ်းဘော့ဒ်ဘုရင်ထောက်ခံကြောင်းကို လူတိုင်းသိရှိကြသည့်အတွက်ပင်။ ထို့ကြောင့် တိုင်းပြည်များ၊ ဆွေကြီးမျိုးကြီးမိသားစုများမှ သံတမန်၊ ကိုယ်စားလှယ်များသည် ဘိုင်ဇန်တိုင်းတိုင်းပြည်နှင့်ကောင်းမွန်သောဆက်ဆံရေးရရန်ကြိုးစားနေကြ၏။ သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်ထံသို့ တိုက်ရိုက်သွားရန်ရှိန်နေလျှက်ရှိကြပြီး ကျင်းပတော့မည့်ပြိုင်ပွဲတွင်လည်း အကျိုးမြတ်များရရှိလိုနေသည့်အတွက်ပင်။
အ၀ေးမှကြည့်ရင်းဖြင့် ဘိုင်ဇန်တိုင်းဘုရင်သည် အခွင့်ရေးကိုကောင်းမွန်စွာအသုံးချနေသည်ကို မြင်တွေ့ရသည့်အတွက် ပြုံးလိုက်မိသည်။ သူသည် ယခင်ကကဲ့သို့သိမ်ငယ်ခြင်းမရှိတော့ပဲ ယုံကြည်ချက်ရှိစွာဖြင့် လူတိုင်းနှင့် ပြောဆိုဆက်ဆံနေ၏။
သို့သော် ဖှေးသွားရောက်နှုတ်ဆက်ခြင်းမရှိပေ။ သူတစ်ဖက်သို့လှည့်ကာထွက်လာခဲ့၏။
လွန်ခဲ့သည့်တစ်နာရီခန့်လုံး သူထူးဆန်းသလိုခံစားနေရသည်။ သူ့အားတစ်စုံတစ်ယောက်မှ အနောက်မှလိုက်ကာလေ့လာနေသကဲ့သို့ပင်။ သို့သော် သူမည်မျှပင် ကြိုးစားစေကာမူ ထိုလူကိုအာရုံခံနိုင်ခြင်းမရှိပေ။
လူရိုင်းဇာတ်ကောင်သည် အန္တရာယ်ကိုအလွန်အာရုံခံနိုင်စွမ်းမြင့်မားသည့်အစွမ်းရှိသည်။ ဖှေးမည်သည့်အချိန်ကမှ မှားယွင်းခဲ့ဖူးခြင်းမရှိပေ။ သူထိုလူကို ရှာမတွေ့နိုင်သော်လည်း သူအလိုက်ခံနေရသည်မှာ သေချာသည်။
သူ့နောက်မှ လိုက်နေသည့်လူသည် အလွန်စွမ်းအားကြီးသည့်လူတစ်ယောက်ပင်။
ဖှေး၏လယ်ဗယ်၄၆လူရိုင်းဇာတ်ကောင်သည် ကြယ်၇လုံးအဆင့်စစ်သည်နှင့် ညီမျှသည်။ ထို့အပြင် ဒိုင်ယာဘလိုကမ္ဘာမှအစွမ်းများတိုင်းသည်လည်း အံ့သြဖွယ်သက်ရောက်မှုများရှိနေကြ၏။ သို့သော် ဖှေးသူ၏လမ်းကြောင်းကို လျို့၀ှက်စွာဖြင့်အမျိုးမျိုးပြောင်းလဲပြီးသည့်အချိန်တိုင်အောင် ထိုလူအားမျက်ခြေဖျက်နိုင်ခြင်းမရှိပေ။
ဖှေး သူ့ကိုယ်သူထင်ယောင်ထင်မှားဖြစ်နေသည်ဟုလည်း မထင်ပေ။
ရှင်းပြချက်တစ်ခုတည်းသာရှိ၏။ သူ့အနောက်သို့လိုက်ပါနေသည့်လူသည် အလွန်စွမ်းအားကြီးမားသည့်လူဖြစ်နေသည့်အတွက်ကြောင့်ပင်။ ဤလူသည် သူမယှဥ်နိုင်သည့်အဆင့်တစ်ခုတွင်ရှိနေသည်ဟုပင် ဖှေးခံစားလိုက်ရသည်။
ဖှေးသည် မိမိကိုယ်မိမိထွက်ပြေးရန်ကြိုးစားနေသည့် ပုရွက်စိတ်တစ်ကာင်ကဲ့သို့ခံစားလိုက်ရသည်။ သူ့အားလိုက်နေသည့်လူမှာ ကောင်းကင်ဘုံပေါ်မှ ငုံ့ကြည့်နေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
“ဒီလူက အရင်တုန်းကများငါ့ကို သတ်ဖို့လုပ်ခဲ့တဲ့လုပ်ကြံသတ်ဖြတ်သူများလား...” ဖှေးတွေးလိုက်မိသည့်အချိန်တွင် အနည်းငယ်ထိတ်လန့်သွား၏။
ဖှေးသူပုန်စခန်း၏ဘိုးဘေးများထံမှ ခရမ်းရောင်စာအုပ်ကိုရသည့်အချိန်မှစပြီး လုပ်ကြံသတ်ဖြတ်သူသူ၏ခန္ဓာကိုယ်ပေါ်တွင် ချန်ထားခဲ့သည့်၀ိဉာဥ်အမှတ်သားကို ယာယီအားဖြင့် ဖုံးကွယ်ထားနိုင်ခဲ့သည်။ ထို့ပြင် ထိုလုပ်ကြံသတ်ဖြတ်သူသည် မိုရိုတောင်တန်းပေါ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ဒဏ်ရာအပြင်းထန်လဲရရှိသွားခဲ့၏။ ထို့ကြောင့် ဖှေးထိုလုပ်ကြံသတ်ဖြတ်သူ သူ့အားထက်မံသတ်ဖြတ်ရန်ကြိုးစားမည်ကို သိပ်ပြီးစိုးရိမ်နေခဲ့တော့ခြင်းမရှိပေ။ သို့သော်....
ဖှေးအားအနည်းငယ်စိတ်အေးစေသည့်အချက်တစ်ခုမှာ ထိုလူသည် တိုက်ခိုက်မှုတစ်ခုကို စတင်ခြင်းမရှိသေးသောကြောင့်ပင်။ သူ့အနောက်သို့သာ လိုက်ပါမြဲလိုက်ပါနေ၏။