← Chapters

အခန်း (၃၆၄)

Vol. 25 Ch. 364

အခန်း (၃၆၄)

Vol. 25 Ch. 364

ဖှေးထို့နောက်တွင် အနည်းဆုံးကီလိုမီတာတစ်ရာခန့်ကျယ်၀န်းသည့်စခန်းချနေရာတစ်ခုလုံးကို လှည့်လှည်ကာ ဖြှေးညင်းစွာဖြင့်လမ်းလျှောက်နေ၏။ သူထိုကဲ့သို့လမ်းလျှောက်နေသည့်အချိန်တွင် အန်ဂျယ်လာနှင့်တစ်ခြားလူများစိုးရိမ်နေခြင်းမရှိစေရန် ညဘက်ပြန်လာဖြစ်မည်မဟုတ်သည်ကို လျို့၀ှက်စွာဖြင့်သတင်းပို့လိုက်သည်။ ညအချိန်သို့ရောက်သည့်အချိန်တွင် ဖှေးသည်လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး သူ၏ခန္ဓာကိုယ်သည်လည်း ညအမှောင်ထုနှင့်ရောထွေးကာ ပျောက်ကွယ်သွားတော့၏။

ဖှေးချမ်းဘော့ဒ်းစခန်းသို့ ပြန်သွားခြင်းမရှိပေ။ အကယ်၍သူ့အနောက်မှလိုက်နေသည့် စွမ်းအားမြင့်စစ်သည်သည် ရုတ်တရက်တိုက်ိခိုက်လာပါက အထူးသဖြင့် အတွင်းအားစွမ်းအင်များပိုင်ဆိုင်ထားခြင်းမရှိသည့် အန်ဂျယ်လာနှင့်ကောင်မလေးများသည် မြေစာပင်ဖြစ်ကုန်ကြမည်ဖြစ်သည်။ သူနှင့် ဤအမည်မသိစစ်သည်ကြားတွင် တိုက်ပွဲဖြစ်ပွားပါက စွမ်းအင်လှိုင်းများထွက်ပေါ်လာမည်ဖြစ်ပြီး မိမိကိုယ်မိမိမကာကွယ်နိုင်သည့်ဘေးပတ်၀န်းကျင်မှလူများအတွက် အန္တရာယ်ရှိသည့်အခြေအနေသို့ရောက်ရှိသွားမည်ဖြစ်သည်။

ထို့ကြောင့် သူသည် မိုရိုတောင်တန်းများကိုရွေးချယ်လိုက်၏။

လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲထားသည့်ဖှေးသည်အလွန်လျင်မြန်လှသည်။ မကြာမှီတွင်သူသည် အဆင့်မြင့်သိုင်းဆရာနှစ်ယောက်တိုက်ခိုက်ခဲ့ကြသည့် မိုရိုတောင်တန်းများထံသို့ရောက်ရှိလာတော့သည်။

ဖှေးသည် လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ထိုနေရာ၌ပင်တိတ်ဆိတ်စွာဖြင့်ရပ်နေ၏။

သူ့တွင် သိုင်းကွက်များအကြံဉာဏ်များ များစွာရှိနေသည့်အတွက် လိုအပ်လာပါက ဤလူထံမှ လွတ်အောင်ထွက်ပြေးနိုင်ရန်အတွက် ၁၀၀ရာခိုင်နှုန်းယုံကြည်ချက်ရှိနေ၏။ ဤသည်ကြောင့်သာ သူသည် မိုရိုတောင်တန်းများထံသို့လာခဲ့ခြင်းဖြစ်သည်။ သူ့နောက်မှလိုက်နေသည့်လူထွက်ပေါ်လာသည်ကို မြင်တွေ့လိုသည့်အတွက်ကြောင့်ပင်။

သူ၏လူရိုင်းဇာတ်ကောင်သည် ပို၍စွမ်းအားမြင့်မားလာသည်နှင့်အမျှဖှေးသည်လည်း ပို၍မြင့်မားသည့်လယ်ဗယ်တစ်ခုသို့ရောက်ရှိနေပြီဖြစ်သည်။ ဖှေးသည် ဤကဲ့သို့သေရေးရှင်ရေးအခြေအနေတိုက်ပွဲတစ်ခုကို အသုံးပြု၍သူ၏ကိုယ်ရည်ကိုယ်စွမ်းကိုလည်းမြှင့်တင်လို၍ဖြစ်သည်။

ခနတာစောင့်နေရင်းဖြင့် ဖှေးမျက်မှောင်ကြုံ့လိုက်သည်။

သူ၏အနောက်မှလိုက်ပါနေသည့်လူသည် ပျောက်ကွယ်သွားသည်ကို ဖှေးအာရုံခံလိုက်မိသည့်အတွက်ကြောင့်ပင်။ ထိုလူသည် မည်သည့်အချိန်ကမှ မရှိခဲ့သည့်အတိုင်းပင်။

“လူရိုင်းဇာတ်ကောင်ရဲ့ အာရုံခံနိုင်စွမ်းကတော့ မမှားနိုင်ဘူး။ ငါတကယ်ပဲ သူ့ကိုမျက်ခြေဖျက်နိုင်လဲ့တာလုး....”

ဖှေးနောက်နာရီ၀က်ခန့်ဆက်လက်စောင့်ကြည့်နေသော်လည်း ထူးခြားခြင်းမရှိပေ။ သူသည် နောက်ယောင်ခံလိုက်ခြင်းခံနေရသည့်ခံစားချက်မှာလည်း လုံး၀ပျောက်ကွယ်သွားသည်မှာအသေချာပင်။

ဤသည်မှာ ဖှေးကိုအနည်းငယ်စိတ်ပျက်သွားစေ၏။

သူသည် ထိုလျို၀ှက်ထူးဆန်းသည့် လုပ်ကြံသတ်ဖြတ်သူထွက်ပေါ်လာကာ သူ့ကိုတိုက်ခိုက်ရန်တွက် မျှော်လင့်နေခဲ့ခြင်းဖြစ်သည်။ သူသည် ထိုသေရေးရှင်ရေးတိုက်ပွဲကို အလွန်ပင်တိုက်ခိုက်ကြည့်လိုနေ၏။ ဤရက်ပိုင်းအတွင်းတွင်သူသည် စွမ်းအားများကိုမြှင့်တင်ကာ အကောင်းဆုံးပြင်ဆင်နေခဲ့သည့်အတွက် အရင်ကလိုထိုလုပ်ကြံသတ်ဖြတ်သူနှင့်ရင်ဆိုင်နေရသည့်အချိန်တွင်အကာကွယ်ကင်းမဲ့နေတော့မည်မဟုတ်ပေ။

“ဘာနေနေကွာ အဲ့လူသွားပြီးဆိုတော့ ငါအစွမ်းတွေတိုးမြှင့်ဖို့ကိုပဲအာရုံစိုက်တာကောင်းတယ်...”

ဖှေးအရှေ့သို့ပြေးလိုက်ပြီး ကြီးမားသည့်တိုက်ပွဲမြေပြင်၏အရှေ့တွင်ရပ်လိုက်သည်။

တော်၀င်မှော်ဆရာများပြုလုပ်ထားသည့် ကြီးမားကာထိန်လန့်ဖွယ်မှော်အစီရင်ကြီးများသည် လည်ပတ်လျှက်ရှိနေဆဲပင်။ ဖှေးသူ၏ အထူးခြေလှမ်းကွက်ကိုအသုံးပြုကာ မှော်အစီရင်အားဖြတ်ကျော်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည့် မြေပြင်အတွင်းသို့၀င်ရောက်လာခဲ့သည်။

ကြီးမားသည့်တွင်းကြီးထဲတွင် အတွင်းအားစွမ်းအင်များသည် လှည့်လှည်ကာ ပျံသန်းနေဆဲပင်။ သူတို့သည် ညကောင်းကင်ထဲတွင် မီးရှူးမီးပန်းများကဲ့သို့ပင်ဖြစ်နေ၏။

ထိုအရာများသည် လက်သီး၀ိဉာဥ်အတားဆီးများပင်။

လျို့၀ှက်ထူးဆန်းသည့် စစ်သည်နှစ်ယောက်တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ကြသည့်အချိန်တွင် သူတိူ့အသုံးပြုသည့်သိုင်းကွက်များ၊ အတွင်းအားများသည် အလွန်ပင်အစွမ်းထက်လွန်းလှသည်။ ထို့ကြောင့်သေချာပြုလုပ်ခဲ့သည့်မဟုတ်သော်လည်း သူတို့၏အတွင်းအားစွမ်းအင်များသည် နေရာအာကာသထဲတွင်ပိတ်လောင်ကာ ကျန်နေခဲ့၏။ အကယ်၍ ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်သာ ထိုစွမ်းအင်များနှင့် ထိတွေ့မိပါက အသားစများအဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။

တိုက်ပွဲပြီးသည်မှာ ရက်၂၀ခန့်ရှိပြီဖြစ်သောကြောင့် တစ်ချို့စွမ်းအင်များသည် ပျောက်ကွယ်သွားပြီဖြစ်သော်လည်းကျန်ရှိနေသည့်စွမ်းအားများမှာမူ အားကောင်းနေဆဲပင်။

ဤလေထဲတွင် လွှင့်ပျံနေသည့်အတွင်းအားစွမ်းအင်များသည် ဖှေးအတွက် စိတ်ဓာတ်တတ်ကြွဖွယ်ရာအကြောင်းတစ်ခုပင်။ သူသည် ချမ်းဘော့ဒ်ဂိတ်တံခါးအရှေ့တွင် မျဥ်းကြောင်းဆွဲပြီးစွမ်းအင်များကို ချန်ထားခဲ့နိုင်ရသည့်အကြောင်းရင်းမှာ သူသည် ဤနေရာတွင်ရှိသည့်အတွင်းအားစွမ်းအင်များကိုလေ့လာတုပခဲ့သောကြောင့်ပင်။ သူအသုံးပြုခဲ့သည်မှာလက်သီး၀ိဉာဥ်အကန့်သက်မဟုတ်ပေ။ သို့သော်လည်း တူညီသည့်အရာတစ်ခုပင်။ သို့သော်ဖှေးသည်လက်ရှိတွင်လအဆင့်စစ်သည်တစ်ဦးမဟုတ်သေးပေ။

ဖှေးမှော်အစီရင်အားဖြတ်ကျော်လာပြီးသည့်နောက်တွင် သူချက်ချင်းပင်ထိုင်ချလိုက်ပြီး ခရမ်းရောင်စာအုပ်အတွင်းတွင် ရေးသားထားသည့်နည်းလမ်းများကိုအသုံးပြုကာ သူ၏၀ိဉာဥ်စွမ်းအားကိုလေ့ကျင့်လိုက်သည်။ ဖှေး၏၀ိဉာဥ်စွမ်းအားလယ်ဗယ်သည် ရက်ပေါင်းအတန်ကြာလေ့ကျင့်ပြီးသည့်နောက်တွင် လယ်ဗယ်၃၀၀သို့ရောက်ရှိနေပြီဖြစ်၏။

သူ၏၀ိဉာဥ်စွမ်းအားတိုးပွားလာသည်နှင့် အမျှသူသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် အချိန်ကြာကြာပို၍နေနိုင်လာမည်ဖြစ်သည်။

ထိုကဲ့သို့ဖြင့် ဖှေးသည်လယ်ဗယ်မြှင့်တင်ရန်အတွက် အချိန်ကြာကြာပိုရမည်ဖြစ်ပြီး သူ၏အစွမ်းများသည်လည်း ပို၍မြန်မြန်ဆန်ဆန်ပင်တိုးတတ်လာမည်ဖြစ်သည်။

ဖှေးစိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူထို့နောက်တွင် မတ်တပ်ရပ်လိုက်ပြီးလေပေါ်တွင် ပျံ၀ဲနေသည့်အတွင်းအားစွမ်းအင်များအားဖြတ်သန်းပြေးလွှားရန်ပြင်လိုက်သည်။ ဤသည်မှာပင် ဖှေးလက်တလောတွင်သူ၏စွမ်းအားများကို မြှင့်တင်ရန်အသုံးပြုနေသည့်နည်းလမ်းတစ်ခုပင်။ သို့သော် သူမတ်တပ်ရပ်ကာ ရှေ့သို့ကြည့်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများသည် ပြူးကျယ်ကာ ကျက်သေသေသွားတော့သည်။

မည်သည့်အချိန်ကတည်းကမှန်းမသိချေ။ သို့သော် သိပ်မ၀ေးသည့်နေရာတွင် လူတစ်ယောက်ရပ်နေ၏။

ဤလူသည် ပိန်သည့်ခန္ဓာကိုယ်ရှိသည်။

ဤလူသည် အရပ်ရှည်သည့်လူတစ်ယောက်လည်းမဟုတ်ချေ။ သို့သော် သူသည် လှံတစ်ချောင်းကဲ့သို့ပင် ဖြောင့်မက်စွာရပ်နေ၏။ သူသည် ဖှေးထံမှမျက်နှာလွှဲနေသည်။ ဖှေးသည် ထိုလူ၏မျက်နှာကိုမြင်တွေ့နိုင်ခြင်းမရှိပေ။ သို့သော် ထိူလူ၀တ်ဆင်ထားသည့် အညိုညောင်၀တ်ရုံနှင့် ခါးပတ်တို့ကိုမြင်နေရသည်။ ဤလူ၏ဆံပင်ရှည်များသည် ရေတံခွန်တစ်ခုကဲ့သို့ပင်ဖြစ်နေပြီး ထိုလူ၏ဖြစ်တည်မှုသည် အထီးကျန်ကာလူတိုင်း၏အထက်တွင်ရောက်နေသကဲ့သို့ပင်။

ဖှေးအားအံ့သြစေသည်မှာ ဤလူ၏စွမ်းအားပင်။ သူ၏စွမ်းအားကို ဖှေးလုံး၀ပင်ခန့်မှန်းတွက်ဆကြည့်နိုင်ခြင်းမရှိပေ။

ဤလူသည် သူ၀ိဉာဥ်စွမ်းအားလေ့ကျင့်နေသည့်အချိန်က ဤနေရာတွင်ရှိနေခြင်းမရှိသည်ကို ဖှေးသေချာသိသည်။ မိနစ်သုံးဆယ်အတွင်းမှာပင် ဤလူသည် ကြီးမားသည့်ကျဥ်းကြီးထဲသို့ ရောက်ရှိလာခဲ့ခြင်းပင်။ ထို့အပြင် ဖှေးပင်သတိမထားမိလိုက်ပဲ ဖှေးနှင့်ပတ်လည်အချင်း၀တ်၁၀မီတာအနီးသို့ရောက်နေခဲ့သည်။ ဤသည်မှာ ဖှေးအတွက်ဖြစ်လေ့ဖြစ်ထမရှိသောအရာတစ်ခုပင်။

မှော်အစီရင်များကိုလည်း ဖြတ်ကျော်လာခဲ့ခြင်းပင်။ ဒီလူက ဘယ်လောက်တောင်အစွမ်းထက်တာလဲ...

ဖှေးသည် ပို၍ပို၍အံ့သြလာခဲ့၏။

ထိုလူသည် အတွင်းအားစွမ်းအင်များလွှင့်ပျံနေသည့်နေရာတွင် ရပ်နေခြင်းဖြစ်သော်လည်း သူ့တွင်အတွင်းအားစွမ်းအင်တစ်စုံတစ်ရာပိုင်ဆိုင်ထားပုံပင်မရချေ။ သို့သော် ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်ကို တစ်စစီဆုတ်ဖြဲပစ်နိုင်သည့်အတွင်းအားစွမ်းအင်များသည် ထိုလူအပေါ်တွင်သက်ရောက်မှုတစ်စုံတစ်ရာပင်မရှိပေ။ စွမ်းအင်အကျွင်းကျန်များနှင့် ထိတွေ့မိသည့်တိုင်အောင် ထိုလူ၏၀တ်ရုံပင် ရွေ့လျားသွားခြင်းမရှိပေ။

ဖှေး၏မျက်လုံးများပြူးကျယ်သွားသည်။

သူတစ်စုံတစ်ခုကို သတိထားလိုက်မိသည့်အတွက်ကြောင့်ပင်။ ကြောက်မက်ဖယ်ကောင်းသည့်စွမ်းအားအကြင်းကျန်များသည် ထိုလူနှင့်ထိတွေ့လိုက်သည့်အချိန်တွင် နေရောင်အောက်မှနှင်းစက်များကဲ့သို့ ပျောက်ကွယ်သွားသည့်အတွက်ကြောင့်ပင်။

အေးစက်သည့် လေညင်းတစ်ခုတိုက်ခတ်သွားသည့်အချိန်တွင် ဖှေးသည်လည်း အံ့သြထိတ်လန့်နေရာမှ နိုးထလာတော့သည်။

“ခင်ဗျားက ဘယ်သူလဲ..”

ဘုရင်သည် သူ၏လူရိုင်းဇာတ်ကောင်အစွမ်းများကို အပြည့်၀ထုတ်လွှတ်လိုက်ရင်းဖြင့်မေးလိုက်သည်။ သူ၏ပစ္စည်းများအားလုံးကိုလည်း ဆင့်ခေါ်ကာတပ်ဆင်လိုက်သည်။ ဤလူသည် သူ၏စွမ်းအားများကို ဖော်ထုတ်ပြသခြင်းမရှိသော်လည်း ဖှေးသူ့ထံမှကြောက်မက်ဖွယ်ကောင်းလောက်အောင်များပြားသည့်အန္တရာယ်အရိပ်ယောင်များကို ခံစားနေရ၏။ ထိုခံစားမှုသည် သူ့အားလုပ်ကြံသတ်ဖြတ်ရန်ကြိုးစားခဲ့သည့်လအဆင့်စစ်သည်ထက်များစွာပင် ပို၍သန်မာနေ၏။

“ချမ်းဘော့ဒ်ဘုရင်လား..” စိတ်ခံစားချက်မပါသည့်အသံတစ်ခုထွက်ပေါ်လာသည်။

“ဟုတ်တယ်..”

“ကောင်းတယ် မင်းငါ့ရဲ့တိုက်ခိုက်မှုတွေကို ဆယ်ချက်ထက်ပိုပြီးခုခံနိုင်မယ်ဆိုရင် မင်းကိုငါမသတ်ဘူး...”

ထိုလူသည် စကားမဆုံးခင်ပင်စတင်လှုပ်ရှားသည်ကို ဖှေးတွေ့လိုက်ရသည်။ ချက်ချင်းပင် ထိုလူသည် သူ၏အစွမ်းတစ်ချို့ကို ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအင်များသည် ၁၀မီတာကျော်ခန့်ရှည်လျားသည့် ဓားတစ်ချောင်းအဖြစ်သို့ပြောင်းလဲသွား၏။ ထိုစွမ်းအင်ဓားသည် အနည်းငယ်တုန်ခါကာ ပျံသန်းလာပြီးဖှေးနှင့် ၁၀စ်တီမီတာခန့်နီးကပ်သည့်နေရာသို့ရောက်ရှိလာတော့သည်။

လျှင်မြန်လှသည်။

အလွန်ပင် လျှန်မြန်လှသည်။

All Chapters