အခန်း (၃၆၅)
Vol. 25 Ch. 365
“သေစမ်း...”
ဘုရင်သည် အကျင့်အတိုင်းပင် ကျိမ်ဆဲလိုက်ကာ သူ၏ဓားနှစ်လက်ဖြင့် ကြက်ခြေခတ်ပုံကာလိုက်သည်။ အဆင့်၄၆လူရိုင်းဇာတ်ကောင်၏ခွန်အားများကို အမြင့်ဆုံးထုတ်လွှတ်ထားပြီးမားသည့် မီးကြက်ခြေခတ်ကြီးတစ်ခုသည် အဆင့်၇စုံလိုက်ပစ္စည်းအစွမ်းကြောင့် ပေါ်ပေါက်လာ၏။ သို့သော် ဤမီးကြက်ခြေခတ်ကြီးသည် အစိမ်းရောင်စွမ်းအင်ဓားကို လုံး၀ပင်ခုခံနိုင်ခြင်းမရှိပေ။
ဤအချက်သည်ဖှေးအားချက်ချင်းပင်အားနည်းသည့်အခြေအနေသို့ ကျရောက်သွားစေ၏။
“၀ုန်း..”
များပြားလှသည့်စွမ်းအင်များသည် ဖှေး၏အကာရံကို ထိုးဖောက်လိုက်ပြီး ဓားနှစ်လက်မှတဆင့် သူ၏လက်မောင်းများအတွင်းသို့ပင် စိမ့်၀င်လာ၏။
တစ်ချိန်တည်းမှာပင် ကြီးမားသည့်အစိမ်းရောင်စွမ်းအင်ဓားသည် ညင်သာစွာလှုပ်ရှားလိုက်ပြီး မီးကြက်ခြေခတ်ကို ဖျက်ဆီးပစ်လိုက်သည်။ ဖှေး၏ခေါင်းထံသို့ ပျံသန်းလာပြီး ဖှေး၏မျက်လုံးနှစ်ခုကြားနေရာသို့ ပစ်မှတ်ထားလိုက်သည်။ ဓားကို၀န်းရံနေသည့်စွမ်းအင်တစ်ခုတည်းကပင် ဖှေး၏နဖူးပေါ်တွင် နက်ရှိုင်းသည့်အမာရွတ်ကြီးတစ်ခုကို ထင်ကျန်သွားစေ၏။
ဤရုတ်တရက်စွမ်းအားများထုတ်လွှတ်လိုက်မှုကြောင့် ဖှေး၏လက်ထဲမှ ဓားနှစ်လက်သည်လည်း လွှင့်ထွက်သွားတော့သည်။
သို့သော် ဤတားဆီးလိုက်မှုသည် ဖှေးအားတုန်ပြန်ရန်အတွက် အချိန်တစ်စက္ကန့်မျှရရှိစေလိုက်သည်။
သူသည် ခုန်ကျော်ခြင်းအစွမ်းကို အသုံးပြု၍လေပေါ်သို့ ခုန်တက်လိုက်သည်။
၁၀မီတာခန့်ရှည်သည့် အစိမ်းရောင်စွမ်းအင်ဓားကြီးသည် ဖှေး၏ခြေထောက်အောက်မှဖြတ်သန်းသွားပြီး ဓားပတ်လည်တွင်ရှိသည့် စူးရှသောစွမ်းအင်များသည် ဖှေး၏ခြေထောက်နှစ်ဖက်ကို ထုံကျဥ်စေလုနီးပါးပင်။ သူသည် ဟန်ချက်ပျက်ကာ ပြန်လည်ပြုတ်ကျလုနီးနီးပင်။
ဖှေးအားဖြတ်ကျော်သွားအပြီးတွင် စွမ်းအင်ဓားသည် တိုက်ပွဲမြေပြင်ကို ကာရံထားသည့် မှော်အစီရင်များထံသို့ဦးတည်သွားတော့သည်။
“သေစမ်း..” ဖှေးအော်ဟစ်လိုက်သည်။
ဤဓားသွားစွမ်းအင်သည် အဖျက်စွမ်းအားကြီးမားလှသည်။ အကယ်၍ မှော်အစီရင်တစ်ခုခုကိုသာ ၀င်ရောက်ထိမှန်သွားပါက ပေါက်ကွဲမှုများစွာဖြစ်ပွားစေလိမ့်မည်ဖြစ်သည်။ ၁၀ကီလိုမီတာအချင်း၀က်ပတ်၀န်းကျင်တွင်ရှိသည့် သစ်တောများတောင်တန်းများအားလုံးသည် ပျက်ဆီးသွားနိုင်၏။
သို့သော် ဓားသည် မှော်အစီရင်နှင့် ထိတွေ့တော့မည့် တစ်စက္ကန့်အချိန်လောက်တွင် ပျောက်ကွယ်သွား၏။
ကြောက်မက်ဖွယ်ကောင်းသည့် ထိန်းချုပ်နိုင်စွမ်းပင်။
ကျောက်တုံးတစ်တုံးပေါ်သို့ ခုန်ဆင်းလိုက်သည့် ဖှေးသည် ဤအရာကိုမြင်တွေ့လိုက်ရသည့်အချိန်တွင်ကြောက်လန့်သွား၏။
သူ၏အရှေ့တွင်ရှိနေသည့် ခပ်ပိန်ပိန်လူသည် သူ၏အတွင်းအားများကို ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ထိန်းချုပ်နိုင်စွမ်းရှိ၏။ ဖှေးသည် အစွမ်းကုန်ထုတ်သုံးပါက ဤကဲ့သို့လယ်ဗယ်ရှိသည့် ဓားသွားစွမ်းအင်တိုက်ခိုက်မှုမျိုးကို ဖန်တီးနိုင်ကောင်းဖန်တီးနိုင်သော်လည်း ဤကဲ့သို့ ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။
“ဖုန်း...”
အေးစက်သည့်လေညင်းတစ်ခုတိုက်ခိုက်သွားပြီး ဖှေး၏ဦးဆောင်းသည် အစိတ်စိတ်အမွှာမွှာကွဲအက်ကာ မြေပြင်ပေါ်သို့ပြုတ်ကျသွား၏။
ဤဦးဆောင်းသည် ဒိုင်ယာဘလိုကမ္ဘာမှအဆင့်၆တီထွင်ပစ္စည်းတစ်ခုပင်။ ဤသည်မှာ လက်ရှိအဆင့်တွင်အကောင်းဆုံးပစ္စည်းများထဲမှတစ်ခုပင်။ ဖှေးဤဦးဆောင်းကို ရွှေဒင်္ဂါး၅၀၀၀၀ပေးကာ ကူရက်စ်ဆိပ်ကမ်းမှ ကစားသူမဟုတ်သောဇာတ်ကောင် အော်မက်စ်ထံမှ ၀ယ်ခဲ့ခြင်းပင်။ သို့သော် သူ၏အရှေ့တွင်ရှိသည့်လူ၏ လွယ်ကူစွာဖျက်ဆီးလိုက်ခြင်းကို ခံလိုက်ရ၏။
ကြောက်မက်ဖွှယ်ပင်။
အကြွင်းမဲ့ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
သွေးများသည် ဖှေး၏ခေါင်းပေါ်မှစီးကျလာပြီး ဖှေး၏ဘယ်ဘက်မျက်လုံးကိုဖုံးလွှမ်းလိုက်သည်။
“ဒုတိယတိုက်ချက်...ဓားသွားသိုင်းကွက်...”
ခံစားချက်ကင်းမဲ့သည့်အသံ ထွက်ပေါ်လာပြန်တော့သည်။
ထို့နောက်တွင် အစိမ်းရောင်စွမ်းအင်တစ်ခုသည် ထိုလူ၏နောက်တွင် ဖြေးညင်းစွာပေါ်ပေါက်လာသည်။ ဤသည်မှာ ယခင်တိုက်ခိုက်မှုနှင့် တူညီလုနီးပါးပင်။ သို့သော် ဤတစ်ကြိမ်တွင်မူအတွင်းအားစွမ်းအင်များသည် အစိမ်းရောင်ဓားသွားတစ်ခုကို ဖန်တီးလိုက်၏။ ဤဓားသွားသည်လည်း ဆယ်မီတာခန့်အရှည်ရှိ၏။
ဤအတွင်းအားစွမ်းအင်များဖြင့် ပြုလုပ်ထားသည့်ဓားသွားပေါ်တွင် လျို့၀ှက်သည့်သင်္ကေတများနှင့် ထွင်းစာများစွာရှိနေ၏။ ဓားသွားသည် လေပါ်တွင်အေးခဲနေသကဲ့သို့ ဓားသွားအစိတ်ပိုင်းတိုင်းကို ဖှေးကောင်းမွန်စွာမြင်နိုင်နေ၏။
“၀ှီး...”
ဓားသွားသည်အရှေ့သို့ပျံသန်းသွားပြီး လေထုကို ခွဲလိုက်သည်။
အစိမ်းရောင်ဓားသွားသည် ဖှေးထံသို့ ထူးဆန်းသည့်လမ်းကြောင်းတစ်ခုအတိုင်းပျံသန်းလာ၏။ ဤသည်မှာအလွန်မြန်ဆန်လှသဖြင့် အလင်းတန်းတစ်ခုကဲ့သို့ပင်။ သို့သော်တစ်ချိန်တည်းမှာပင် ဖြေးညင်းစွာပျံသန်းနေသကဲ့သို့မြင်နေရ၏။
“သေစမ်း...”
ဖှေးလန့်ဖြန့်သွားသည်။
နောက်တစ်ကြိမ်လျို့၀ှက်ထူးဆန်းပြီး အန္တရာယ်များသော်တိုက်ခိုက်မှုတစ်ခုပင်။
ဓာသွားသိုင်းကွက်သည် ဓားသိုင်းကွက်ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။ ယခင်သိုင်းကွက်လောက်တောက်ပမှုမရှိသော်လည် လွှမ်းမိုးနိုင်မှုမှာ ပို၍မြင့်မား၏။ ဤသိုင်းကွက်၏ လွှမ်းမိုးနိုင်သည့်အရှိန်၀ါမှာ လူရိုင်းဇာတ်ကောင်ဖြစ်သည့် ဖှေးကိုပင် ထိတ်လန့်စေ၏။
“ကောင်းကင်လက်သီး...”
ဖှေးဆက်တိုက်ပင် လက်သီးဖြင့်ထိုးလိုက်ရာ ထိုးဖောက်မြင်နိုင်သည့်လက်သီးရာများသည် လေပေါ်တွင်တစ်ခုပြီးတစ်ခုပေါ်လာတော့၏။ ဤလက်သီးရာများအားလုံးသည် ဤဓားသွားကိုပစ်မှတ်ထားနေကြခြင်းဖြစ်သည်။
“ဖုန်း ဖုန်း ဖုန်း...”
စွမ်းအင်များ ယိုဖိတ်ကုန်၏။ လက်သီးရာများသည်လည်း တစ်ခုပြီးတစ်ခုပိုင်းဖြတ်ခြင်းခံနေရ၏။ စွမ်းအင်လှိုင်းများသည် နေရာတစ်ခုလုံးကိုပင်တုန်ခါနေစေသည်။ စွမ်းအင်ဓားသွားလမ်ကြောင်းတစ်လျှောက်တွင်ရှိနေသည့် ကျောက်တုံးများအားလုံးသည် ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲသွားကြ၏။
“ကောင်းကင်ဖုံး..”
ဖှေးအော်ဟစ်လိုက်ရာ လက်သီးရာများစွာသည် စုပေါင်းသွားကြပြီး ၁၀မီတာမြင့်မားကာ ၁၀မီတာခန့်ကျယ်ပြန့်သည့် လက်ကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားကြသည်။ ဤလက်ကြီးသည် အလွန်ထင်ရှားလှသဖြင့် လက်ဖ၀ါးပေါ်တွင်ရှိနေသည့်အကြောင်းအရာများတစ်ခုခြင်းစီကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ဖှေးကြုံး၀ါးနေရင်းဖြင့် လက်ဖ၀ါးကြီးသည် ဖြေးညင်းစွာဆုပ်လိုက်ပြီး ကြီးမားသည့်လက်သီးကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့၏။ လက်ချောင်းများသည် လေထဲတွင် ပုံရိပ်ယောင်များစွာကိုထင်ထားခဲ့ပြီး ပွင့်ဖက်များပိတ်သိမ်းနေသည့် ပန်းပွင့်ကြီးတစ်ပွင့်ကဲ့သို့ပင်။
“ဖုန်း...”
ကြီးမားသည့် လက်သီးရာကြီးနှင့် စွမ်းအင်ဓားသွားတို့တွေ့ဆုံလိုက်ကြသည်။ ဤအခိုက်တန့်တွင် အချိန်သည် ရပ်တန့်သွား၏။ ဤတိုတောင်းသည့်ကာလသည် ရာစုနှစ်တစ်ခုကဲ့သို့ပင်ရှည်ကြာသည်ဟုထင်ရ၏။
ထို့နောက်တွင် ပေါက်ကွဲနေသည့် မီးတောင်တစ်ခုကဲ့သို့ပင် စွမ်းအင်များသည် နေရာအနှံ့သို့လွှင့်စင်ကုန်တော့သည်။ တိုက်ပွဲမြေပြင်တစ်ခုလုံးတွင် ယခုအချိန်တွင် ရှုပ်ထွေးကုန်တော့၏။ လွှင့်စင်ကုန်သည့်စွမ်းအင်များသည် မှော်အစီရင်များစွာကို ပေါက်ကွဲသွားစေပြီး ရောင်စုံမှော်စွမ်းအင်ပေါက်ကွဲမှုများစွာ ဖြစ်ပွားစေတော့၏။ ဤပေါက်ကွဲမှုများသည် ညအမှောင်အောက်တွင် မီးရှူးမီးပန်းများကဲ့သို့ပင် လှပနေသည်။
ဖှေးတွင် ဤမြင်ကွင်းကိုရှုစားနေရန်အတွက် အချိန်မရှိသေးပေ။
ကြီးမားသည့်တွန်းကန်အားသည် သူ၏ခန္ဓကိုယ်တစ်၀က်ခန့်ကို မြေပြင်အတွင်းသို့၀င်ရောက်သွားစေသည်။ သူ၏ပါးစပ်အတွင်းမှ သွေးများစီးကျလာ၏။ လက်သီးရာကြောင့်အစိမ်းရောင်ဓားသွားစွမ်းအင်မှာ အားပျော့သွားသော်လည်း ကွဲအက်သွားခြင်းမရှိသေးပေ။ ဓားသွားပတ်ပတ်လည်တွင်ရှိနေသည့်အစိမ်းရောင်စွမ်းအင်များသည် မှေးမိန်သွားပြီး ဓားသွားကိုယ်ပေါ်တွင် ကွဲအက်ရာတစ်ချို့ပေါ်လာ၏။ ထိုဓားသွားသည် ခုတ်ပိုင်းလိုက်ပြီးဖှေးအားအသက်ရှူရန်အချိန်ပင် ပေးခြင်းမရှိပေ။
“ဒွီ...”
သေရေးရှင်ရေးအချိန်တွင် ဖှေး၏ခန္ဓာကိုယ်သည် ရုတ်တရက်၀ေ၀ါးကာ ကွယ်ပျောက်သွား၏။
“ဖုန်း...”
အစိမ်းရောင်ဓားသွားကြီးသည် အောက်သို့ခုတ်ပိုင်းလာပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသည့်ဓားရာကြီးတစ်ခုကို ချန်ထားခဲ့၏။
ဖှေးသည် ထိုလူ၏ခေါင်းပေါ်တွင် ရုတ်တရက်ပေါ်လာ၏။
ဖှေးသည် မှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲအပြီးတွင် တယ်လီပေါ့အစွမ်းကို အသုံးပြုကာ ထိုနေရာသို့ချက်ချင်းရောက်ရှိသွားခြင်းပင်။
ဖှေးထို့နောက်တွင် လူရိုင်းဇာတ်ကောင်အဖြစ်သို့ချက်ချင်းပြန်ပြောင်းလိုက်သည်။ သူ့ထံတွင် ရွေးချယ်စရာမရှိပေ။
လက်ရှိတွင် လူရိုင်းဇာတ်ကောင်သည် သူ၏အစွမ်းအထက်ဆုံးဇာတ်ကောင်ဖြစ်ပြီး သူကျွမ်းကျင်စွာအသုံးပြုတတ်ဆုံးဇာတ်ကောင်ဖြစ်သောကြောင့်ပင်။ သူသည် နတ်ဆိုးအကြွင်းကျန်များနှင့် ပြုလုပ်ထားသည့်ဓားနှစ်လက်ကို ထုတ်ယူလိုက်သည်။ အရှိန်ကိုအသုံးပြပြီး သူသည် ထိုလူ၏ဦးခေါင်းကို ဦးတည်ကာ ခုတ်ပိုင်းချလိုက်တော့သည်။
ပြန်လည်တိုက်ခိုက်ခြင်းပင်။
ဤသည်မှာ ဖှေးအစီစဥ်၏တစိတ်တပိုင်းပင်။
အကောင်းဆုံးခုခံမှုသည် ကောင်းမွန်စွာတိုက်ခိုက်ခြင်းပင်။ သူသည် ထိုနေရာ၌ပင် ငြိမ်နေကာ ခုခံနေပါက သူသည် ဤလူ၏တတိယတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်တော့လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်သူသည် တယ်လီပေါ့အစွမ်းကိုအသုံးပြုကာ တန်ပြန်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
“လက်ဖ၀ါးသိုင်းကွက်...”
ဖှေးအခွင့်ရေးကို ကိုင်ဆွဲကာ တန်ပြန်တိုက်ခိုက်လိုက်သော်လည်း ဤလူသည် လုံး၀ပင် တုန်လှုပ်ခြင်းမရှိပေ။
ခံစားချက်ကင်းမဲ့သည့်အသံထက်မံထွက်ပေါ်လာပြန်သည်။ ထိုလူသည် ထိုနေရာ၌ပင်ရပ်လျှက်ရှိသော်လည်း အစိမ်းရောင်လက်တစ်ခုသည် သူ၏ဦးခေါင်းပေါ်တွင်ပေါ်လာ၏။ ဤလက်သည် ဖှေး၏ကောင်းကင်လက်သီးနှင့်အနည်းငယ်ဆင်သည်။ သို့သော် အသေးစိတ်မကျလှပေ။ သို့သော် ဤလက်သည် ဖှေး၏တိုက်ခိုက်မှုကို လွယ်ကူစွာပင်ကာကွယ်လိုက်သည်။
“ချွတ်...”
အစိမ်းရောင်စွမ်းအင်လက်ကြီးနှင့် ဓားများနှစ်ခုလုံးကွဲအက်သွား၏။
ဖှေးထိတ်လန့်သွားသည်။
ဤသည်မှ သူပထမဆုံးအနေဖြင့် နတ်ဆိုးအကြွင်းကျန်များဖြင့်ပြုလုပ်ထားသည့် လက်နက်ပစ္စည်းများကွဲအက်သွားသည်ကို မြင်တွေ့ဖူးခြင်းပင်။ နတ်ဆိုးအကြွင်းကျန်များဖြင့်ပြုလုပ်ထားသည့်လက်နက်များသည် အတွင်းအားစွမ်းအင်များကို ကောင်းမွန်စွာပင် ထိုးဖောက်နိုင်သည်။ ဤလက်ဖ၀ါးသည် အတွင်းအားစွမ်းအင်များဖြင့်ပြုလုပ်ထားသည်မှာ ထင်ရှားသော်လည်း တိုက်ခိုက်မှုအောက်တွင် ကျိုးပဲ့သွာခြင်းမရှိပေ။ အစိမ်းရောင်စွမ်းအင်များ၏အရည်သွေးနှင့် ထူထပ်မှုမှာ အထင်ကြီးဖွယ်ပင်။
“သူကဘယ်သူလဲ...”
“သူကဘယ်သူလဲ...”
“သူကဘယ်သူလဲကွာ...”
ဖှေးသူ၏စိတ်ထဲမှအော်ဟစ်လိုက်သည်။ သို့သော် သူအရှိန်လျှော့ရဲခြင်းမရှိပေ။ တိုက်ခိုက်မှု၏အရှိန်ကြောင့် သူသည် ကောင်းကင်ပေါ်သို့လွှင့်ထွက်ကာ ပျောက်ကွယ်သွား၏။
ဖှေးလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ကိုယ်ယောင်ဖျောက်ခြင်းအစွမ်းကိုအသုံးပြုကာ ညအမှောင်အောက်တွင် ပျောက်ကွယ်သွား၏။
အခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် သူသည် တိုက်ရိုက်နိုင်နိုက်မည်ဟုတ်ကြောင်းကို သိရှိလိုက်သည်။ သူသည် ဤလူ၏ခန္ဓာကိုယ်ကို လေ့လာကာ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် အားနည်းချက်များကို လိုက်လံရှာဖွေကြည့်နေ၏။
ဖှေးသူ၏တည်နေရာကို ဂရုတစိုက်ဖြင့်ရုတ်တရက်ပြောင်းလဲကာ ဤလူကိုလေ့လာကြည့်နေလျှက်ရှိသည်။
နောက်ဆုံးတွင် သူသည် ထိုလူ၏အရှေ့သို့ရောက်ရှိသွားပြီး သူ၏မျက်နှာကိုမြင်လိုက်ရပြီဖြစ်သည်။
အလွန်ရိုးရှင်းသည့် မျက်နှာပင်။ ဤလူသည် မျက်လုံးများကို ပိတ်ထားလျှက်ရှိနေဆဲပင်။ သို့သော် သူ၏မျက်ခုံးများမှာ ဓားတစ်ချောင်းကဲ့သို့ပင် ချွန်ထက်နေသည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် လည်ပတ်နေသည့်စွမ်းအင်များကိုလည်း ၀ေ၀ေ၀ါး၀ါးခံစားနေရ၏။
ဖှေးဤလူကိုမြင်တွေ့ဖူးခြင်းမရှိပေ။
ထို့အပြင် သူသည်သတ်ဖြတ်လိုသည့် ဆန္ဒလည်းရှိပုံမရပေ။
ဤလူသည် သူ့အားသတ်ဖြတ်ရန်ကြိုးစားခဲ့ဖူးသည့် လုပ်ကြံသတ်ဖြတ်သူမဟုတ်သည်မှာသေချာသည်။ ပို၍အံ့သြစရာကောင်းသည်မှာ ဖှေးဤလူအားတစ်နေရာရာတွင်မြင်တွေ့ဖူးနေသကဲ့သိ့ခံစားမိနေခြင်းပင်။
“မြှားသိုင်းကွက်...”
ဖှေး အားနည်းချက်ရှာဖွယ်ရန်ကြိုးစားနေဆဲတွင် အော်ဟစ်သံထွက်ပေါ်လာပြန်၏။ အစိမ်းရောင်စွမ်းအင်များသည် ထိုလူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ အစိမ်းရောင်စွမ်းအင်မြှားပေါင်းများစွာသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ပေါ်လာတော့၏။
ဖှေး၏မျက်နှာသည် အရောင်ပြောင်းလဲသွားပြီး ဆက်လက်ပုန်းအောင်းနေ၍မရတော့မှန်းသိရှိသွား၏။