အခန်း (၃၆၆)
Vol. 25 Ch. 366
နောက်အခိုက်တန့်တွင် အစိမ်းရောင်စွမ်းအင်မြှားများအားလုံးသည် အောက်သို့စီးဆင်းလာပြီး ထိုလူ၏ခန္ဓာကိုယ်ကိုဖုံးလွှမ်းသွားတော့၏။ မြှားတစ်ချောင်းစီတိုင်းသည် တစ်မီတာခန့်ရှည်လျားပြီး မြှားကိုယ်ပေါ်တွင်ပါရှိနေသည့် သင်္ကေတများထွင်းစာများကြောင့် မြှားအစစ်မှန်တစ်ချောင်းကဲ့သို့ပင်။
မြှားဦးများသည် အပြင်သို့လှည့်နေသည့်အတွက် အ၀ေးမှကြည့်ပါက ဤလူသည် ဆူးလုံးကြီးတစ်ခုကဲ့သို့ပင်ဖြစ်နေ၏။
ထိုလူသူ၏လက်ကို၀ှေ့ရမ်းလိုက်ရာ အဖျက်စွမ်းအားကြီးသည့်စွမ်းအင်များသည် ပေါက်ကွဲကုန်တော့၏။ မြှားများသည် အရပ်မျက်နှာအနံ့သို့အညှာတာကင်းမဲ့စွာဖြင့်ပျံသန်းလာ၏။ စူးရှသည့်လေခွင်းသံများသည် ဖှေး၏နားစည်ကို ကွဲအက်စေလုနီးနီးပင်။
ဖှေးဤကဲ့သို့ အရပ်မျက်နှာပေါင်းစုံတိုက်ခိုက်မှု၏အောက်တွင် ဆက်လက်၍ပုန်းအောင်းနေနိင်ခြင်းမရှိတော့ပေ။
ချွန်ထက်ပြီးစွမ်းအားမြင့်မားသည့်မြှားများနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲထားသည့်ဖှေးသည် အတွင်းအားစွမ်းအင်များကိုစုစည်းကာ လက်သီးဖြင့်ထိုးလိုက်သည်။ သူ၏လက်သီးများတွင် မီးများဖုံးလွှမ်းလျှက်သူသည် မီးလက်သီးနှင့် ကျားသိုင်းကွက်တို့ကို ပူးပေါင်းကာအသုံံးပြုလိုက်၏။
ဤသည်မှာ ကြီးမားသည့်ထိခိုက်မှုကြီးတစ်ခုကိုဖြစ်ပေါ်စေ၏။
“ဖုန်း ဖုန်း ဖုန်း...”
မြှားပေါင်းများစွာသည် အစိတ်စိတ်အမွှာမွှာကွဲအက်ကုန်ကြ၏။
ဤမြှားသိုင်းကွက်သည် အရေတွက်ကို ဦးစားပေးသည့်သိုင်းကွက်တစ်ခုဖြစ်သောကြောင့် စွမ်းအင်များများတွင်ပါ၀င်နေသည့်စွမ်းအင်မှာ ယခင်ဓားသွားတိုက်ခိုက်မှုများလောက် များပြားခြင်းမရှိပေ။ ဤအတွက်ကြောင့် ဖှေးမြှားများကို ခုခံနိုင်နေခြင်းဖြစ်သည်။
သို့သော် ဤတိုက်ခိုက်မှုသည် ဖှေးကို ကိုယ်ယောင်ဖျောက်ပုန်းအောင်းနေရာမှ ထွက်ပေါ်လာစေ၏။
“လက်ချောင်းသိုင်းကွက်...”
အေးစက်သည့်အသံသည် ထက်မံထွက်ပေါ်လာပြီး ဖုန်မှုန့်များစွာသည် လေပေါ်သို့ပြန်၀ဲကုန်တော့သည်။
ဤအချိန်တွင်မူ ထိုလူသည် လှုပ်ရှားလိုက်သည်။ သူ၏ပုံစံကိုပြောင်းကာ ဖှေးကို လက်ညိုးတစ်ချောင်းဖြင့်ရွယ်လိုက်သည်။
“ဖောက် ဖောက် ဖောက် ဖောက်...”
ပူပေါင်းများစွာပေါက်နေသကဲ့သို့ပင်။
ဖှေးသည် မမြင်နိုင်သည့်အကျဥ်းထောင်တစ်ခုထဲတွင် ဖမ်းချုပ်ထားခံရသကဲ့သို့ခံစားလိုက်ရပြီး သူသည် ဤတိုက်ခိုက်မှုကိုရှောင်ရှားနိုင်ခြင်းမရှိဟုပ် ခံစားလိုက်ရ၏။
ထိုလူရွေ့လျားလိုက်လျှင် ရွေ့လျားလိုက်ခြင်းပင် လေးမီတာခန့်ရှည်လျားသည့်လက်ချောင်းတစ်ခုသည် ဖှေး၏ခေါင်းပေါ်တွင်ပေါ်လာ၏။ ဤသည်မှာ အလွန်အသေးစိတ်ကျလှသဖြင့် လက်သည်းများနှင့် လက်ဗွေရာများကိုပင်အသေးစိတ်မြင်နေရသည်။ ထိုလူ၏လက်ချောင်းသည် ကြီးထွားလာသည်နှင့်အမျှ ဖှေးအားပိုးကောင်တစ်ကောင်ကို လက်ညိုးဖြင့်ဖိချေသကဲ့သို့ ဖိချေလိုက်သည်။
ဖှေး၏မျက်နှာသည် အရောင်ပြောင်းလဲသွား၏။ သူသည် လူရိုင်းဇာတ်ကောင်အဖြစ်သို့ ချက်ချင်းပင် ပြန်ပြောင်းလိုက်သည်။ လက်သီးရာများစွာထက်မံ၍ပေါ်ပေါက်လာပြန်၏။
ဤတစ်ကြိမ်တွင်မူ သူသည် တစ်ချက်ထိုးကောင်းကင်လက်သီးကို အသုံးပြုရန်ပြင်လိုက်သည်။
လူရိုင်းဇာတ်ကောင်၏ပြင်းထန်စွာရိုက်နှက်ခြင်းအစွမ်းနှင့် ပေါင်းစပ်ထားသဖြင့် ဤတိုက်ခိုက်မှုသည် ဖှေး၏ခွန်အားကိုနှစ်ဆခန့်တိုးမြှင့်ပေးနိုင်သည်။ စွမ်းအားအပေါ်တွင် မူတည်ပြီးဆုံးဖြတ်ပါက ဤတိုက်ခိုက်မှုသည် ဖှေး၏အစွမ်းထက်ဆုံးတိုက်ခိုက်မှုပင်။
သို့သော်....
“ဖုန်း ဖုန်း ဖုန်း...”
ဖှေး၏စွမ်းအားမြင့်ဆုံးတိုက်ခိုက်မှုမှာ လက်ချောင်း၏အစိတ်ပိုင်းအနည်းငယ်ကိုသာ ဖျက်စီးလိုက်နိုင်သည်။ ကျန်ရှိနေသည့်အစိမ်းရောင်စွမ်းအင်လက်ချောင်းကြီးမှာ ဖှေး၏ခေါင်းပေါ်သို့ ကျရောင်လာနေဆဲပင်။
......
နှစ်ဆယ်မိနစ်ခန့်ကုန်ဆုံးသွား၏။
“ကောင်းတယ်...”
လျို့၀ှက်ထူးဆန်းသည့်လူသည် ဆယ်ကြိမ်တိုက်ခိုက်ပြီးသည့်နောက်တွင် လူ၏လက်နှစ်ဖက်ကိုနောက်သို့ပစ်လိုက်သည်။
သူ၏ဓားကဲ့သို့ မျက်ခုံးများသည်လည်း ပြေလျှော့သွား၏။ သူသည် ဖှေးအားတည်ငြိမ်သော်လည်း စိတ်ခံစားချက်ကင်းမဲ့နေသည့် အမူယာဖြင့်ကြည့်လိုက်သည်။ သူဘာတွေးနေသည်ကို မည်သူမှသိနိင်ခြင်းမရှိပေ။ သူလွန်ခဲ့သည့်မိနစ်အနည်းငယ်ခန့်က ဘုရင်ကိုအသေသတ်လုနီးပါးဖြစ်ခဲ့သည်ကိုလည်း မည်သူမှပြောနိုင်လိမ့်မည်မဟုတ်ပေ။
ဤလူနှင့် မီတာနှစ်ဆယ်ခန့်အကွာတွင်ရပ်နေသည့်ဖှေးပင် အလွန်အမင်းထိတ်လန့်သွားမိ၏။
သူတွေ့ကြုံလိုက်ရသည့်တိုက်ပွဲသည် အေဇာရုတိုက်သို့ရောက်သည့်အချိန်မှစကာ သူ့အတွက်အန္တရာယ်အများဆုံးဖြစ်သည့်တိုက်ပွဲတစ်ခုပင်။
စွမ်းအား၊ အတွေ့ကြုံ၊ တိုက်ခိုက်ပုံတိုက်ခိုက်နည်း မည်သည့်နေရာတွင်ဆိုစေကာမူ ဖှေး၏အရှ့တွင်ရပ်နေသည့်လူသည် ဖှေးထက်များစွာပိုသာနေ၏။ တိုက်ပွဲတစ်လျှောက်တွင် ဖှေးသည် ဇာတ်ကောင်၇ကောင်လုံးကိုအသုံးပြုကာ တန်ပြန်တိုက်ခိုက်နည်းများ၊ ထောင်ခြောက်များမျိုးစုံအသုံးပြုခဲ့သည်။ သို့သော် သူလုပ်ခဲ့သမျှအရာအားလုံးသည် ဤလူ၏လွယ်ကူစွာ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
တကယ်တန်းတွင် ဤလူသည် သူ၏ခြေဖ၀ါးကိုပင် တစ်လှမ်းမှရွေ့လျားခြင်းမရှိပေ။ သို့သော် ဖှေးသည် ကွင်းပြင်ပတ်လည်တွင် မျောက်တစ်ကောင်ကဲ့သို့ပတ်ပြေးနေခဲ့ရ၏။
သူတို့နှစ်ယောက်၏စွမ်းအားလယ်ဗယ်ကွာခြားမှုမှာ အလွန်ပင်ကြီးမားလှသည်။
ကြီးမားသည့် စွမ်းအားရှေ့မောက်တွင် ပျိုးပျိုးပြတ်ပြတ်သိုင်းကွက်များနှင့် အစီစဥ်များအားလုံးသည် အသုံးမ၀င်တော့ဖြစ်ကုန်မည်ဖြစ်သည်။
ဖှေးသည် အလွန်ဆိုး၀ါးသည့်အခြေအနေတစ်ခုတွင် ကျရောက်နေ၏။
သူ၏ ဒိုင်ယာဘလိုကမ္ဘာမှအဆင့်၇နှင့် အဆင့်၆ပစ္စည်းများအားလုံးသည် ပျက်ဆီးသွားပြီဖြစ်၏။ သူတို့၏အကြမ်းခံနိုင်မှုများမှာ သုညအောက်သို့ပင်ရောက်ရှိသွားပြီဖြစ်သောကြောင့် ပြန်လည်ပြုပြင်ရန်ပင်မဖြစ်နိုင်တော့ချေ။ ဤပစ္စည်းများသည် ဖှေးအနည်းဆုံးရွှေဒင်္ဂါး၂၀၀၀၀၀ခန့်အကုန်ခံကာ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
ဤပစ္စည်းအစုတ်များအပြင် လူရိုင်းဇာတ်ကောင်၏မာကြောသည့်ခန္ဓာကိုယ်မှာလည်း ဤလူ၏စွမ်းအားမြင့်တိုက်ခိုက်မှုများကို ယှဥ်ပြိုင်နိုင်ခြင်းမရှိပေ။ ဖှေး၏လက်မောင်းပေါ်တွင် ဒဏ်ရာပေါင်းများစွာရှိနေပြီး သွေးများသည် အဆက်မပြတ်စီးကျလာလျှက်ရှိသည်။ တကယ်တန်းတွင် သေစေနိုင်သည့်နေရာများမှ လွဲ၍ဖှေး၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေသည်။
ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ဒဏ်ရာများထက်ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ အစွမ်းရောင်အတွင်းအားစွမ်းအင်များသည် ဖှေး၏ခန္ဓာကိုယ်အတွင်းသို့ပင် စိမ့်၀င်နေခြင်းပင်။ ဤအတွင်းအားစွမ်းအင်များသည် ခန္ဓာကိုယ်ထဲတွင် လှည့်လည်နေကာ ဖှေး၏ကြွက်သားများနှင့် ကိုယ်တွင်းအင်္ဂါများကို အဆက်မပြတ်ထိခိုက်စေလျှက်ရှိသည်။
ဖှေးသည် သူ၏ရန်သူကို ဒဏ်ရာရအောင်ပြုလုပ်နိုင်ခဲ့လား။
မပြုလုပ်နိုင်ခဲ့ပေ။ ဖှေးသည် သူ၏ရန်သူအနီးသို့ပင်ကပ်နိုင်ခဲ့ခြင်းမရှိပေ။ သူအနီးဆုံးကပ်နိုင်ခဲ့သည်မှာ ဤလူ၏ငါးမီတာခန့်အနီးသို့သာ ကပ်နိုင်ခဲ့သည်။
သို့သော် ဒဏ်ရာများရရှိနေသော်လည်း ဖှေး၏မျက်လုံးများသည် အထူးပင်တောက်ပနေလျှက်ရှိသည်။
ဖှေးနောက်ဆုံးတွင် ဤလူမည်သူဖြစ်သည်ကို သိရှိသွားသည့်အတွက်ပင်။
ဆယ်ကြိမ်တိုက်ခိုက်ပြီးသည့်နောက်တွင် ဖှေးရုတ်တရက်တစ်စုံတစ်ခုကို သဘောပေါက်သွားကာ ဤလူမည်သူဖြစ်သည်ကို ရိပ်မိလိုက်သည်။ ဤလူအားဖှေးရင်းနှီးသလိုခံစားရခြင်းသည် ဤလူသည် လျို့၀ှက်ထူးဆန်းသည့် လအဆင့်လုပ်ကြံသတ်ဖြတ်သူနှင့်တိုက်ခိုက်ခဲ့သူဖြစ်သောကြောင့်ပင်။ ဤတိုက်ပွဲမြေပြင်သည် ထိုလူ၏လက်ချက်ပင်။
ဖှေး၏ဤနေရာမှ စွမ်းအင်အကြွင်းကျန်များကိုအာရုံနေခဲ့သည်မှာ ရက်ပေါင်းအတန်ကြာပြီဖြစ်သောကြောင့် သူသည် ဤလူ၏အရှိန်၀ါကို အလွန်ရင်းနှီးနေ၏။ စတွေ့သည့်အချိန်က ဤလူသည် သူ၏စွမ်းအင်တစ်ချို့ကို ဖုံးကွယ်ထားခဲ့ခြင်းကြောင့် ဖှေးတန်းပြီးမသိရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ဤလူစွမ်းအားမြင့်သိုင်းကွက်များတစ်ခုပြီးတစ်ခုထုတ်သုံးလာသည်နှင့်အမျှ ဖှေးသည်လည်း သတိထားမိလာ၏။
အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ဖှေးဤလူကို သိရှိလိုက်ပြီးနောက်တွင် လုံခြုံကာရင်းနှီးကျွမ်း၀င်သည့်ခံစားချက်ကို ခံစားလိုက်ရသည်။
ဤလူသည် သူ့အားလုပ်ကြံသတ်ဖြတ်ရန်ကြိုးစားခဲ့သော သိုင်းဆရာကို ဒဏ်ရာရအောင်တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ချေ။ လူရိုင်းဇာတ်ကောင်၏မသိစိတ်များသည်သူ့အား ဤလူသည် ရန်သူမဟုတ်ပဲ မိတ်ဆွေတစ်ယောက်သာဖြစ်ကြောင်းကို ပြောကြားနေ၏။
“မင်းငါ့ကို သိတာလား...”
ထိုလူ၏စိတ်ခံစားချက်ကင်းမဲ့သည့် အသံကိုကြားလိုက်ရသည်။
“ဟုတ်ပါတယ် အဖိုး...” ဖှေးတွေးကြည့်လိုက်ပြီး အဖိုးဟူသည့်နာမ်စားကိုအသုံးပြုရန်ဆုံးဖြတ်လိုက်သည်။
“အန်း...မင်းက အတော်လေးကောင်းပါတယ်။” လျို့၀ှက်ထူးဆန်းသည့်လူသည် ပြောရင်းဖြင့် သူ၏လက်များကို ၀ှေ့ရမ်းလိုက်သည်။ ရေများကို စုပ်ယူနေသည့်၀ေလငါးတစ်ကောင်ကဲ့သို့ အစိမ်းရောင်စွမ်းအင်များသည်ဖှေး၏ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာသွားကာ ထိုလူ၏လက်ဖ၀ါးအတွင်းသို့ ပြန်လည်၀င်ရောက်သွားတော့သည်။
ဖှေးတုန်လှုပ်သွားသည်။
ထိုလူသည် သူ၏ခန္ဓာကိုယ်အတွင်းထဲတွင်ရောက်ရှိနေသည့် အတွင်းအားစွမ်းအင်များကို ပြန်လည်ယူဆောင်နေခြင်းဖြစ်သည်ကို သိရှိလိုက်သည့်အတွက်ပင်။
သို့သော် ဤလူသည် သူ၏ခန္ဓာကိုယ်ထဲသို့၀င်နေသည့်အတွင်းအားစွမ်းအင်များကိုပါ ထိန်းချုပ်နိုင်နေလိမ့်မည်ဟုထင်မထားမိသည့်အတွက်ပင်။ တစ်နည်းအားဖြင့်ဆိုပါက ဤလူသည် ဖှေး၏ခန္ဓကိုယ်အတွင်းတွင်ရှိနေသည့်အတွင်းအားစွမ်းအင်များကို ပေါက်ကွဲစေရန်ထိန်းချုပ်နိုင်သည့်အတွက်ပင်။ ဤအချက်သည် ဘုရင်အားသေစေနိုင်ခြင်းမရှိစေကာမူ ဒဏ်ရာအပြင်းထန်ရသွားစေမည်ဖြစ်သည်။
ကြောက်မက်ဖွယ်ထိန်းချုပ်နိုင်စွမ်းပင်။
ဤလူသည် သူ၏ဓားသိုင်းကွက်မှော်အစီရင်များနှင့် ထိတွေ့တော့မည့်အချိန်တွင် သူ၏အစွမ်းများကို ပြန်လည်ရုတ်သိမ်းလိုက်သည်ကို ပြန်လည်ကာ သတိရလိုက်မိသည်။ ဤလူသည် ဖှေး၏ယခင်က တိုက်ခိုက်ဖူးခဲ့သည့်ရန်သူများနှင့် နှိုင်းယှဥ်ကြည့်ပါက စွမ်းအားကိုနတ်ဘုရားတစ်ပါးကဲ့သို့ပင် ထိန်းချုပ်နိုင်စွမ်းရှိသည့်လူပင်။
“သိုင်းကွက်ဆယ်ကွက်ကို အောင်မြင်သွားပြီ။ မနက်ဖြန်ကျပြန်လာခဲ့...”
အေးစက်သည့်အသံထွက်ပေါ်လာပြန်သည်။ ဖှေးသည်တစ်စုံတစ်ခုကိုမေးမြန်းလိုသော်လည်း သူ၏အမြင်အာရုံသည်၀ေ၀ါးသွားသလိုခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်ခန့်တွင် ခပ်ပိန်ပိန်လူမှာ လရောင်အောက်တွင်ပျောက်ကွယ်သွားတော့သည်။ အဆင့်၄၆လူရိုင်းဇာတ်ကောင်၏လက်ရှိစွမ်းအားများနှင့်ပင် ဤလူမည်သည့်နေရာသို့ထွက်ခွာသွားသည်ကို ပြောကြားနိုင်ခြင်းမရှိပေ။
ဖှေးသည် အလျှင်မြန်တုန့်ပြန်လိုက်နိုင်ခဲ့ခြင်းမရှိတော့သောကြောင့် သူသည် ပါးစပ်အဟောင်းသားနှင့်သာ ကျန်နေခဲ့၏။
ခနတာကြာသည့်အချိန်တွင် ဘုရင်သည် သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူသည် ယနေ့တွင်ဖြစ်ပျက်ခဲ့သည့်အရာများသည် ထူးဆန်းနေသလိုခံစားလိုက်ရသည်။
ဤလျို့၀ှက်ထူးဆန်းသည့်လူသည် ဇီးနစ်အင်ပါယာထဲတွင် နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်နိုင်သည်။ သို့သော် ဤကဲ့သို့သောလူသည် အကြောင်းပြချက်တစ်စုံတစ်ရာမရှိပဲ ရောက်ရှိလာပြီးဖှေးအားတိုက်ခိုက်မှုသုံးခုကို ရင်ဆိုင်ရန်တောင်းဆိုခဲ့သည်။ ထို့နောက်တွင် ထိုလူသည်တစ်စုံတစ်ရာရှင်းပြချင်းမရှိပဲ ထွက်ခွာသွား၏။
“ဒီစွမ်အားမြင့်သိုင်းဆရာက ပျင်းနေလို့ ငါ့ကိုလာရိုက်နှက်ပြီးအပျော်လာရှာနေတာများလား...”
ဖှေးတွေးလိုက်မိသည်။ “ဒါမှမဟုတ်...”
ဖှေးရုတ်တရက် ထိုလူထွက်ခွာမသွားမှီမပြောခဲ့သည့်စကားကိုအမှတ်ရလိုက်သည်။ “မနက်ဖြန်ကျ ထပ်လာခဲ့...” ဆိုသည်ကိုပင်။
“မနက်ဖြန်ကျထပ်လာခဲ့ဟုတ်လား။ သူက ဒီနေရာကိုလာပြီးတော့ ငါ့ကို ထပ်ပြီးသိပ်ချင်တာထင်တယ်။ သူငါ့ကို ဒီလောက်တောင်မုန်းတီးနေတာလား...”
ဖှေးရယ်မောလိုက်သည်။ ဤလူပြုလုပ်ရန်ကြိုးစားနေသည့်အရာကို သူနားလည်သွားပုံရသည်။ သို့သော် အချိန်ကသာ သူထင်သည့်တိုင်းမှန်မမှန်အတည်ပြုပေးနိုင်မည်ဖြစ်သည်။ သို့သော် အနည်းဆုံးယခုအချိန်တွင် ထိုလူ့ထံတွင်မကောင်းသည့်အကြံမရှိသည်မှာ သေချာ၏။
တွေးကြည့်လိုက်ပြီးသည့်နောက်တွင် ဖှေး သက်ပြင်းချကာ အပန်းဖြေလိုက်သည်။ ဖှေး၏တစ်ကိုယ်လုံးယောင်ကိုင်းကာ ညောင်းညာနေ၏။ သူ့ထံတွင် ခွန်အားတစ်စုံတစ်ရာမကျန်ရှိတော့ပေ။ အေးစက်သည့်လေညင်းတစ်ခုတိုက်ခတ်လိုက်သည့်အချိန်တွင် ဖှေးမြေပြင်ပေါ်သို့လဲကျသွားကာ လှုပ်ရှားလိုခြင်းမရှိတော့ပေ။