← Chapters

အခန်း (၃၆၇)

Vol. 25 Ch. 367

အခန်း (၃၆၇)

Vol. 25 Ch. 367

ဖှေးအားကုန်သုံးကာ တိုက်ခိုက်ရသည့်တိုက်ပွဲပြီးသည့်အချိန်တွင် ဖှေး၏စွမ်းအားများစွာကုန်ဆုံးသွားသဖြင့် သူ၏လက်ချောင်းများကိုပင် ရွေ့လျားလိုခြင်းမရှိတော့ပေ။အတွင်းဒဏ်ရာအပြင်ဒဏ်ရာများအားလုံးသည် ဖှေးအားပုရွက်ဆိတ်ပေါင်းများစွာ ၀ိုင်းကိုက်နေသကဲ့သို့ခံစားရစေ၏။ သူ၏ခန္ဓာကိုယ်ကို ရွေ့လျားလိုက်သည့်အချိန်တိုင်းတွင် သူသည် အပ်ချောင်းများစွာဖြင့်အထိုးခံနေရသကဲ့သို့ခံစားရသည်။

ခနတာနားပြီးသည့်နောက်တွင် ဖှေး၏အတွေးများသည်လည်း လေအေးထဲတွင် ပို၍ရှင်းလင်းလာတော့သည်။

သူရုန်းကန်ကာ ထလိုက်ပြီး သူ၏ထားသိုရာအကန့်အတွင်းမှ သွေးပုလင်းတစ်လုံးကိုထုတ်ယူလိုက်သည်။ ထိုဆေးပုလင်းကိုသောက်လိုက်ပြီးသည့်နောက်တွင် ဒဏ်ရာများအားလုံးပျောက်ကင်းသွား၏။

ဖှေးပို၍အစွမ်းထက်လာပြီးသည့်နောက်တွင် သွေးပုလင်း၏အာနိသင်မှာလည်း လျှော့ကျသွားလာလျှက်ရှိသည်။

ဤသည်မှာ မျှော်လင့်ထားသည့်အတိုင်းပင်။

အကြောင်းပြချက်မှာ ရိုးရှင်းသည်။ လယ်ဗယ်၁၀လူရိုင်းဇာတ်ကောင်သည် သွေး၁၀၀ရှိပါက လယ်ဗယ်၄၆လူရိုင်းဇာတ်ကောင်တွင် စုစုပေါင်းသွေး၆၀၀ကျော်ရှိလိမ့်မည်ဖြစ်သည်။ သွေးပုလင်းတစ်လုံးသည် သွေးအမှတ်၅၀ခန့်သာဖြည့်ပေးသည်ဖြစ်သောကြောင့်ဖှေး၏လူရိုင်းဇာတ်ကောင်ပို၍ လယ်ဗယ်မြင့်မားလာသည့်နှင့်အမျှ သွေးအပြည့်ဖြစ်ရန်သွေးပုလင်းအရည်တွက်များများလိုအပ်လာလေဖြစ်သည်။ ဖှေးအေဇာရုတိုက်သို့ရောက်ရှိခဲ့စဥ်က ဆေးပုလင်းသည်ပီးရာ့စ်ကို သေဆုံးတော့မည့်ဆဲဆဲကပင် ကယ်တင်ခဲ့နိုင်ပြီး ယခုအချိန်တွင်မူထိုဆေးပုလင်းသည် ပီးရာ့စ်ကြယ်လေးလုံးအဆင့်သို့ရောက်ရှိသွားသည့်အတွက် ဒဏ်ရာအနည်းငယ်ကိုသာပျောက်ကင်းစေနိုင်တော့၏။

သွေးပုလင်းကို မော့သောက်ပြီးသည့်အချိန်တွင် ဖှေးခံစားနေရသည့်ပင်ပန်းနွယ်းနယ်မှုများမှာလည်း ပျောက်ကွယ်သွား၏။

အတွေ့ကြုံမှသင်ယူတတ်သည့် လူတစ်ယောက်အနေဖြင့် ဖှေးသည် ပီးခဲ့သည့်အန္တရာယ်များလှသောတိုက်ပွဲအကြောင်းကို ပြန်လည်ကာ သုံးသပ်မိသည်။

ထိုလျို့၀ှက်ထူးဆန်းသည့်လူသည် အလွန်အစွမ်းထက်လှပြီး သိုင်းကွက်များစွာကို သိရှိ၏။ ဓားသိုင်းကွက်၊ ဓားသွားသိုင်းကွက်၊ လက်ဖ၀ါးသိုင်းကွက်၊ မြှားသိုင်းကွက်၊ လက်သီးသိုင်းကွက်၊ လက်ချောင်းသိုင်းကွက်..စသည်တို့ကို ဤလူသည်အလွယ်တစ်ကူပင်အသုံးပြုခဲ့ပြီးသိုင်းကွက်တစ်ခုခြင်းစီမှာလည်း အလွန်အစွမ်းထက်လှ၏။ ဖှေး၏လယ်ဗယ်၄၆လူရိုင်းဇာတ်ကောင်သည် ကြယ်၇လုံးအဆင့်စစ်သည်တစ်ယောက်နှင့် ညီမျှသော်လည်း သူသည် ဖှေးအားကလေးတစ်ယောက်ကဲ့သို့ပင် အနိုင်ယူခဲ့သည်။

သို့သော် ဖှေးတွေးနေသည့်အရာမှာ ဤလူ၏အစွမ်းများအကြောင်းမဟုတ်ပေ။ အကြောင်းပြချက်တစ်စုံတစ်ရာကြောင့်ဘုရင်သည် အရေးကြီးအချက်တစ်ခုကို မေ့နေသည်ဟုခံစားနေရ၏။

သူမျက်မှောင်ကြုံ့ကာအသေချာစဥ်းစားကြည့်နေ၏။ သို့သော်လည်း သူစဥ်းစားနိုင်ခြင်းမရှိသေးပေ။ သူသည် ထိုနေရာ၌ပင် မိနစ်သုံးဆယ်ခန့်ရပ်နေ၏။ သူသည် နဖူးများပင် နာကျဥ်လာသည်။ ချွေးများသည်လည်း သူ၏နားထင်မှရေတံခွန်ကဲ့သို့စီးကျလာနေလျှက်ရှိသည်။ ဤသည်မှာ လေးနက်စွာတွေးခေါ်နေခြင်းကြောင့်ပင်။

လေးအေးတစ်ခုတိုက်ခတ်သွားသည်။ ဖှေးသက်ပြင်းချလိုက်ပြီး အရှုံးပေးတော့မည့်အချိန်တွင် သူ၏ခေါင်းထဲတွင် အတွေးတစ်ခုဖျက်ကနဲပေါ်လာ၏။

“ဖုန်း...”

ဖှေးသူ၏မျက်ခုံးများကို ဖြေလျှော့လိုက်ပြီးချက်ချင်းလက်သီးဖြင့်ထိုးလိုက်သည်။

ကြီးမားသည့်လက်သီးရာကြီးတစ်ခုပျံသန်းသွား၏။ ဆယ်မီတာခန့်ပျံသန်းသွားပြီးသည့်နောက်တွင် ထိုလက်သီးရာကြီးသည်တစ်စက္ကန့်ကြာခန့်ရပ်တန့်သွားသည်။ တောက်ပနေသည့်အလင်းရောင်များသည်လည်း အနည်းငယ်မှေးမှိန်သွားပြီး အရွယ်စားသည်လည်းများစွာလျှော့ကျသွား၏။ သို့သော် ဤကဲ့သို့ပြောင်းလဲသွားပြီးသည့်နောက်တွင် လက်သီးရာသည် သိုင်းဆရာနှစ်ဦး၏စွမ်းအားအကြွင်းကျန်များရှိနေသည့် နေရာထံသို့ဆက်လက်ပျံသန်းသွား၏။ အစိမ်းရောင်နှင့် အနီရောင်အတွင်းအားစွမ်းအင်များသည် ချက်ချင်းပင် ကောင်းကင်ကြီးတစ်ခုလုံးကို ထွန်းလင်းသွားစေပြီး အတွင်းအားစွမ်းအင်များသည် အရပ်မျက်နှာအနှံ့သို့ယိုဖိတ်ကုန်ကြတော့သည်။ သိုင်းဆရာများစွာတစ်ယောက်နှင့် တစ်ယောက်တိုက်ခိုက်နေသကဲ့သို့ပင်။

ဖှေး မျက်မှောင်ကြုံ့လိုက်သည်။

ဤလက်သီးချက်သည် သူမျှော်မှန်းထားသကဲ့သို့ဖြစ်မလာသည့်အတွက်ပင်။

သူထိုနေရာဤပင်ရပ်နေပြီးခနတာခန့်ဆက်လက်စဥ်းစားကြည့်နေသည်။ သူ၏ခေါင်းထဲတွင် ထိုလျို့၀ှက်ထူးဆန်းသည့်လူသိုင်းကွက်များအသုံးပြုခဲ့စဥ်က အချိန်ကို ပြန်လည်ကာ စဥ်းစားကြည့်နေ၏။ ထိုလူ၏စိတ်အခြေအနေ၊ ထိုလူ၏မိမိကိုယ်မိမိယုံကြည်မှု ထိုလူ၏ထိန်းချုပ်နိုင်စွမ်းစသည်တို့ကိုပင်။

“ဖုန်း ဖုန်း ဖုန်း ဖုန်း..”

ဖှေးခနတာတွေ့လိုက်ပြီး လက်သီးချက်များထိုးကာ လေ့ကျင့်ကြည့်နေ၏။ ဖှေးသည် သူယခင်က တစ်ခါမှမကြုံတွေ့ခဲ့ဖူးသည့်အရာတစ်ခုကို ကြုံတွေ့နေရခြင်းပင်။

ဖှေးသည် နေမထွက်ခင်အချိန်ထိဆက်လက်လေ့ကျင့်နေပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ခံစားလိက်ရသည်။။

သူသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး တိုက်ပွဲနေရာမှထွက်ခွာလာခဲ့၏။ မှော်အစီရင်များကို အာရုံစိတ်ကာကျော်ဖြတ်ရခြင်းကြောင့် ၀ိဉာဥ်စွမ်းအားများကုန်ဆုံးသွားခဲ့သည့်အချိန်တွင် ခရမ်းရောင်စာအုပ်အတွင်းမှ နည်းလမ်းများကို အသုံးပြုကာ၀ိဉာဥ်စွမ်းအားကျင့်စဥ်များကိုလေ့ကျင့်လိုက်သည်။ သူ၏၀ိဉာဥ်စွမ်းအားများအနည်းငယ်မြင့်တက်လာသည့်အချိန်တွင် သူစိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပြီး မိုရိုတောင်တန်းများပေါ်မှ ပျောက်ကွယ်သွားတော့၏။

......

မနက်ခင်းနေရောင်ခြည်သည် ကမ္ဘာကြီးတစ်ခုလုံးကိုထွန်းလင်းစေလျှက်ရှိသည်။

တင်းကြပ်သည့်ညမထွက်ရအမိန့်များ၊ နေ့ခင်းအချိန်ကာကန့်သက်မှုများ မြောက်များသည် ရှာဖွေစစ်ဆေးမှုများအပြီးတွင် အလှုပ်ရှုပ်ပြီးစည်ကားသည့်လေထုသည် စခန်းချနေရာတစ်၀ိုက်တွင် ပြန်လည်ရောက်ရှိလာတော့၏။

စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲကြီးသည် နှစ်ရက်အတွင်းတွင်စတင်တော့မည်ဖြစ်သည်။ တိုင်းပြည်၂၄၄တိုင်းပြည်သည် ထိုပြိုင်ပွဲအတွက် အသဲသန်ပြင်ဆင်နေကြ၏။ အဖွဲ့၀င်ခြောက်နိုင်ငံသည် သစ္စာဖောက်မှုဖြင့် ကွပ်မျက်ခြင်းခံလိုက်ရသည့်အတွက် လက်ရှိတွင် အဖွဲ့၀င်တိုင်းပြည် ၂၄၄တိုင်းပြည်သာ ကျန်ရှိနေတော့ခြင်းပင်။ အဖွဲ့၀င်တိုင်းပြည်များမှ ကျွမ်းကျင်စစ်သည်များအားလုံးသည် သူတို့၏အစွမ်များကို အကောင်းဆုံးအခြေအနေသို့ရောက်ရှိအောင် ကြိုးစားနေကြ၏။ တစ်ချို့မှာ ဓားကွင်းများတွင် သူတို့အခြင်းခြင်းတိုက်ခိုက်ကာ လေ့ကျင့်နေကြသည်။ သူတို့သည် နည်းအမျိုးမျိုးကို အသုံးပြုပြီး ပြိုင်ပွဲမစတင်မှီစွမ်းအားများကိုမြှင့်တင်နိုင်ရန်ကြိုးစားနေကြခြင်းပင်။

ချမ်းဘော့ဒ်တပ်ဖွဲ့သည်လည်း ထို့နည်းတူပင်။

သူတော်စဥ်တပ်ဖွဲ့၀င်များနှင့် ဥပဒေပြုတပ်ဖွဲ့များ၏လေ့ကျင့်မှုကို ခေါင်းဆောင်ကိုယ်တိုင်ပြုလုပ်ပေးနေလျှက်ရှိသည်။

ပီတာ၏အစွမ်းများသည်လည်း များစွာတိုးတတ်လာပြီဖြစ်ပြီး သူသည်လည်းဆွေကြီးမျိုးကြီးမိသားစုတစ်ခုမှ ပေါက်ဖွားလာသူဖြစ်သောကြောင့် ဒရော့ဂ်ဘာ၊ ပီးရာ့စ်၊ အိုလတ်ဂ်တို့နှင့် နှိုင်းယှဥ်ပါက ဦးဆောင်နိုင်စွမ်းပိုရှိသူဖြစ်သည်။ ဖှေးသည် သူ၏လူများကို ယုံကြည်မှုရှိစွာဖြင့် လူမှန်နေရာမှန်တာ၀န်ပေးထားခြင်းပင်။ ဤသည်မှာပဲ ကောင်းမွန်စွာပင် အလုပ်ဖြစ်နေ၏။

တိုးရိစ်သည် ဖှေး၏ ကိုယ်ရံတော်ပင်။ သူသည်လည်း သူ၏အစွမ်းအများကိုမြှင့်တင်ရန်အလွန်စိတ်အားထက်သန်နေ၏။ ထို့ကြောင့် သူသည် စီမံကွပ်ကဲရသည်ကို မနှစ်သက်သည့်လမ်းပါ့ဒ်အားတောင်းဆိုကာ အတူလေ့ကျင့်လျှက်ရှိသည်။ ဤလူငယ်၏အစွမ်းများသည်လည် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းတွင် များစွာတိုးတက်လာခဲ့ပြီဖြစ်သည်။

ဖှေးမိုရိုတောင်တန်းများပေါ်မှ ပြန်ရောက်လာခဲ့ပြီးနောက်တွင် အန်ဂျယ်လာ၊ အန်မာတို့နှင့် အတူမနက်စာစားလိုက်သည်။ ကောင်မလေးများနှင့် အချိန်အနည်းငယ်သုံးပြီးနောက်တွင် သူသည် သူ၏လေ့ကျင့်မှုများကို စခန်း၏အလည်တွင်ရှိသောတဲထဲတွင်စတင်ကာပြုလုပ်တော့သည်။

နေ့လည်စာစားပြီးချိန်တွင် ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာထဲသို့၀င်လာခဲ့သည်။

အာကာရာနှင့် ကိန်းတို့နှစ်ယောက်လုံးသည် လျို့၀ှက်ထူးဆန်းသည့်အခန်းထဲမှ ပစ္စည်းများကို သိလိုက်သည့်အချိန်မှစပြီး အလွန်စိတ်၀င်စားနေခဲ့ကြသည်။ ပစ္စည်းများကိုသာအသဲသန်လေ့လာနေသဖြင့် သူတို့နှင့်စကားပြောရသည်မှာ အဆင်မပြေလှချေ။ ထို့ကြောင့် သူနှင့် အယ်လီနာတို့သည် သူပုန်စခန်းတွင်ရှိသောပေါ်တယ်မှတဆင့် ကူရက်စ်ဆိပ်ကမ်းသို့ထွက်လာခဲ့ကြ၏။

ကူရက်စ်ဆိပ်ကမ်းသည် ပင်လယ်ပြင်နှင့် သစ်တောတို့ကြားထဲတွင်ရှိနေသည့် ဆိပ်ကမ်းမြို့တစ်ခုပင်။

အဆောက်ဦးတော်တော်များများကို သစ်သားဖြင့်ရေပါ်တွင် ဆောက်လုပ်ထားပြီး မြို့ကို အဓိကအစိတ်ပိုင်းများဖြင့် ခွဲခြားထားသည်။ သိမ်းဆည်းရနေရာများနှင့် ပေါ်တယ်များရှိနေသည့်နေရာများမှလွဲ၍ ကစားသူမဟုတ်သည့်ဇာတ်ကောင်များဖြင့်သာ ပြည့်နှက်နေ၏။ တစ်ချို့မှာ အလုပ်များပေးရန်တာ၀န်ရှိပြီး တစ်ချို့မှာ ဆေးပုလင်းအမျိုးမျိုးရောင်းချကြသည့် ဇာတ်ကောင်များဖြစ်ကြသည်။

ဒုတိယမြေပုံဖြစ်သည့် လု့တ်ဂိုလိမ်မြို့တော်ကဲ့သို့ပင် ကူရက်စ်ဆိပ်ကမ်းမှ ဇာတ်ကောင်များသည်လည်း ကိုယ်ပိုင်အသိဉာဏ်ပိုင်ဆိုင်ခြင်းမရှိကြချေ။ ပရော်ဂရမ်ရေးထားသည့် စက်ရုပ်များကဲ့သို့ပင်ဖြစ်နေ၏။ သူတို့သည် ရေးသားထားသည့်အတိုင်းသာ ပြောဆိုဆက်ဆံနိုင်ကြသည်။ ဖှေးယခင်ဘ၀တွင်ကစားခဲ့သည့် ဂိမ်းထဲမှ ဇာတ်ကောင်များနှင့် ထပ်တူကျလုနီးပါးပင်။

တကယ်တန်းတွင် သူပုန်းစခန်းမှဇာတ်ကောင်များသာလျှင်ကိုယ်ပိုင်အသိဉာဏ်ရှိနေကြပြီး ဖှေးယခင်ဘ၀တွင် ကြုံတွေ့ဖူးခြင်းမရှိသည့် ဖြစ်ရပ်များကိုတွေ့ကြုံစေလျှက်ရှိသည်။

ကူရက်စ်ဆိပ်ကမ်း၏ထူးခြားမှုမှာ ဤမြေပုံသည် ယခင်မြေပုံနှစ်ခုထက်များစွာပို၍ကျယ်၀န်းပြီး လျို့၀ှက်ထူးဆန်းလှသည်။ ဤနေရာတွင်ရှိသည့် နတ်ဆိုးများမကောင်းဆိုး၀ါးများသည်လည်း ပို၍အစွမ်းထက်လှသည်။ လယ်ဗယ်၄၆လူရိုင်းဇာတ်ကောင်ဖြစ်သည့် ဖှေးပင် ဂရုတစိုက်နှင့် ကိုင်တွယ်နှိမ်နင်းနေရ၏။

ဤသည်မှာ ဒိုင်ယာဘလိုကမ္ဘာ၏ကောင်းမွန်သည့်အချက်တစ်ခုပင်။

ဖှေးလယ်ဗယ်မြင့်မားလာသည်နှင့်အမျှ ဖှေးရောက်ရှိသည့်ပတ်၀န်းကျင်မှ မကောင်းဆိုး၀ါးများသည်လည်း အဆင့်မြင့်ကာအစွမ်းထက်လာသည်။ ဖှေးရောက်ရှိနေသည့်နေရာအသစ်တိုင်းသည် အမြဲလိုလိုအန္တရာယ်များနှင့် ပြည့်နှက်နေပြီးဖှေးအထူးဂရုစိုက်နေရသည်။ ဤနည်းဖြင့် ဖှေး၏လက်တွေ့တိုက်ပွဲအတွေ့ကြုံသည်လည်း အမြဲလိုလိုတိုးတတ်လာလျှက်ရှိသည်။ သူ၏စွမ်းအားအပေါ်ကျွမ်းကျင်စွာအသုံးပြုလာနိုင်မှုမှာလည်း တိုးတတ်လာလျှက်ရှိသည်။ ဓားသွားပေါ်တွင် ကခုန်ခြင်းသည် စစ်သည်တစ်ယောက်အတွက်အကောင်းဆုံးလေ့ကျင့်မှုတစ်ခုပင်။

ကူရက်စ်ဆိပ်ကမ်းမှမကောင်းဆိုး၀ါးများသည် အန္တရာယ်များလှသလို သတ်ဖြတ်ရာမှ ရရှိလာသည့်အတွေ့ကြုံအမှတ်များသည်လည်းများပြားလှသည်။

နေ့စဥ်အချိန်အကန့်သက်ဖြစ်သည့် လေးနာရီနှင့် မိနစ်သုံးဆယ်ပြည့်သည့်အချိန်တွင် ဖှေးသည် ဤမြေပုံတွင် ရှိသည့်တတိယမြောက်အလုပ်ကို ပြီးမြောက်ခဲ့ခြင်းမရှိပေ။ သူသည် အချိန်အများစုကိုလေ့လာကာ လမ်းတွင်တွေ့သည့်မကောင်းဆိုး၀ါးများကိုသတ်ဖြတ်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။ သို့သော် ဖှေးဒိုင်ယာဘလိုမှမထွက်ခွာရခင်တွင် သူသည် လယ်ဗယ်သုံးခုခန့်မြင့်တက်ခဲ့သည်။ သူ၏လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၄၉သို့ရောက်ရှိသွားပြီဖြစ်၏။

စွမ်းအားများတိုးတတ်လာခြင်းအပြင် ဖှေးသည်ကစားသူမဟုတ်သည့်ဇာတ်ကောင်များထံသို့လဲသွားပြီး ရွှေဒင်္ဂါး၂၀၀၀၀၀အသုံးပြုကာပစ္စည်းများ၀ယ်ယူခဲ့သည်။ သူသည် ခုခံကာကွယ်အမှတ်၂၀၀ပါသည့် ရွှေရာင်ချပ်၀တ်တစ်စုံ၊ ခုခံခြင်းအမှတ်၁၀၀ပါသည့် ဦးဆောင်းတစ်ခု၊ လက်အိပ်တစ်စုံ၊ ဖိနပ်များနှင့် ခါးပတ်တို့ကို ၀ယ်ယူခဲ့သည်။

ဤပစ္စည်းများသည် လယ်ဗယ်၅အပြာရောင်မှော်ပစ္စည်းများသာဖြစ်သော်လည်း ဖှေးတွင်ရှိနှင့်ပြီးဖြစ်သည့် လယ်ဗယ်၆ရှားပါးပစ္စည်းများထက်ပင် ဒီဇိုင်း၊ အရည်သွေးတို့မှာ သာလွန်နေ၏။ ဤအချက်ကြောင့် ဖှေးအနည်းငယ် မခံနိုင်ဖြစ်နေသည်။

သို့သော် လယ်ဗယ်၆ရှားပါးပစ္စည်းများကိုမူ ကစားသူမဟုတ်သည့်ဇာတ်ကောင်များထံမှ ၀ယ်နိုင်သည်မှာရှားပါးလှသည်။ မကောင်းဆိုး၀ါးများကို သတ်ဖြတ်ရာမှ ကံကောင်းသည့်အချိန်မှသာ ရရှိနိုင်၏။

သို့သော် ဖှေးထံတွင် နတ်ဆိုးဘုရင်၏အသိပညာစာအုပ်ရှိနေသည့်အတွက် သိပ်ပြီးစိုးရိမ်လှခြင်းမရှိပေ။

ထိုစာအုပ်ထဲတွင် နတ်ဘုရားများကဲ့သို့ပင် လက်နက်များထုလုပ်နည်းများကိုရေးသားထားသည်။ အာကာရာနှင့် ကိန်းတို့သာ ဘာသာပြန်ပေးနိုင်ပါက အမျိုးသမီးပန်းပဲဆရာမ ချယ်စီသည် ထိုနည်းပညာများကိုအသုံးပြပြီးအဆင့်၆ရှားပါးပစ္စည်းများကို လွယ်ကူစွာပင် ဖန်တီးနိုင်မည်ဖြစ်သည်။ တကယ်တန်းတွင် အဆင့်၇နှင့် အဆင့်၈ ဒဏာရီလာပစ္စည်းများကိုပင် ဖန်တီးရန်မှာ အိမ်မက်တစ်ခုမဟုတ်တော့ချေ။

ဖှေး အပြင်ကမ္ဘာသို့ပြန်ရောက်သည့်အချိန်တွင် ညနေခင်းသို့ပင်ရောက်ရှိနေပြီဖြစ်သည်။

ထိုအချိန်တွင် ဂုဏ်သရေရှိဧည့်သည်အုပ်စုနှစ်ခုသည် ဖှေးနှင့်တွေ့ဆုံရန်အတွက် ရောက်ရှိလာကြ၏။

All Chapters