← Chapters

အခန်း (၃၆၈)

Vol. 25 Ch. 368

အခန်း (၃၆၈)

Vol. 25 Ch. 368

ပထမအဖွဲ့မှာ မုတ်ဆိတ်နီဂရမ်နယ်လိုဦးဆောင်သည့် ဧည့်သည်တော်များပင်။

ဒုတိယမင်းသားလက်အောက်မှ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ရောက်ရှိလာခြင်းသည် စခန်းချနေရာတစ်၀ိုက်တွင်ရှိသည့်လူများစွာ၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။ အင်ပါယာကင်းလှည့်တပ်ဖွဲ့မှ စစ်သည်အယောက်၂၀သည် ရထားလုံးခြောက်လုံးကိုကာကွယ်စောင့်ရှောက်ကာ ဂရမ်နယ်လို၏အနောက်မှ လိုက်ပါလာကြသည်။

“ဒါတွေက သွေးစွန်းဂိုဏ်းရဲ့ရတနာတွေပါ အရှင့်သားက ကျွန်တော်တို့ကို ပို့ခိုင်းလိုက်လို့ပါ...”

မုတ်ဆိတ်နီဂရမ်နယ်လိုသည် အလွန်ယဥ်ကျေးပျူငှာလှသည်။ သူသည် ယနေ့တွင် တိတ်ဆိတ်ကာစကားနည်းသည့် မင်းသား၏ကိုယ်ရံတော်တစ်ယောက်မဟုတ်ချေ။ သူသည် ရယ်မောကာ ပြောလိုက်သည် “မစ်ပဲရစ်က ကိုယ်တိုင်လာမလို့ပဲ ဒါပေမယ့် အရေးကြီးကိစ္စတစ်ခုရှိတာနဲ့ သူမအဲ့ကိစ္စတွေကို ကိုင်တွယ်နေရတယ်လေ။ ဒါကြောင့် ကျွန်တော်ပဲလာခဲ့လိုက်ရတော့တာ မစ်ပဲရစ်ကလဲ သူမလာနိုင်လို့ တောင်းပန်ခိုင်းလိုက်သေးတယ်...”

“ရပါတယ်ဗျာ မစိုးရိမ်ပါနဲ့။ ကျေးဇူးပါ မစ်စတာဂရမ်နယ်လို..” ဖှေးသူ၏လက်ကို၀ှေ့ရမ်းပြလိုက်ရာ ချမ်းဘော့ဒ်ဥပဒေပြုအရာရှိများသည် ရထားလုံးများကိုတာ၀န်ယူလိုက်သည်။

သွေးစွန်းဂိုဏ်းပျက်ဆီးသွားပြီးသည့်နောက်တွင် ဒုတိယမင်းသားသည် သူ၏ခွဲတမ်းရတနာများကို ချမ်းဘော့ဒ်ကိုပေးမည်ဟုပြောခဲ့သည်။ ယနေ့တွင် သူ၏ကတိအတိုင်းပင် ရတနာများကိုလာရောက်ပို့ဆောင်ပေးခြင်းပင်။

ဖှေးသည် ရတနာများကို သိပ်ပြီးဂရုစိုက်ခြင်းမရှိသော်လည်း ပိုင်ဆိုင်မှုများများရှိရုံဖြင့်ခေါင်းကိုက်စေလိမ့်မည်ဟုတ်သဖြင့် လက်ခံထားခြင်းပင်။ ထို့အပြင် လက်ဆောင်များကို လက်ခံခြင်းသည်လည်း လေးစားမှုကို ပြသခြင်းတစ်ခုပင်။ အကယ်၍ဖှေးသည်သာ လက်မခံပဲငြင်းဆန်ခဲ့ပါက ရိုင်းပြသကဲ့သို့ဖြစ်နေလိမ့်မည်ဖြစ်သည်။

“အရှင့်သားက မနေ့ကဖြစ်ခဲ့တာတွေကိုလဲကြားခဲ့ပါတယ်။ အရှင့်သားမှားလိုက်တာက အရှင်သူရဲကောင်းနန်းတော်ကို စိုးရိမ်နေစရာမလိုတော့ဘူးတဲ့...” မုတ်ဆိတ်နီဂရမ်နယ်လိုသည် ချမ်းဘော့ဒ်စခန်းထဲတွင် အချိန်ကြာနေခဲ့ခြင်းမရှိပေ။ စကားစမြည်အနည်းငယ်ပြောပြီးသည့်နောက်တွင် ဖှေးအားထိုကဲ့သို့ပြောကာ ထွက်ခွာသွား၏။

ဖှေးခေါင်းငြိမ့်ပြလိုက်သည်။

ဤသည်မှာ သူထင်ထားသည့်အတိုင်းဖြစ်သော်လည်း သူ၏ဒုတိယမင်းသားအပေါ်ထားရှိသည့်အမြင်မှာ ပို၍ပင်ကောင်းလာခဲ့၏။ မင်းသားသည် သူရဲကောင်းနန်းတော်ကို ဖိအားပေးခဲ့လိုက်ပုံရသည်။ သူသည် ဤကဲ့သို့အရေးကြီးသည့်အချိန်မျိုးတွင် ထိုကဲ့သို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထီးနန်းလုပြိုင်ပွဲတွင် သူရဲကောင်းနန်းတော်၏ပါ၀င်မှုမှာလည်း အရေးကြီးနေသောကြောင့်ပင်။

ဤအချက်ကြောင့် ဒိုမင်ဂူသည် ဖှေး၏စိတ်ထဲတွင် ပို၍ယုံကြည်ရသည့်လူဖြစ်သွား၏။

ထို့အပြင် ဤလက်ဆောင်များသည်လည်း မှန်ကန်သည့်အချိန်တွင်ရောက်ရှိလာခြင်းဖြစ်သည်။

ယနေ့အချိန်မှစပြီး ဖှေး၏ပစ္စည်းသိမ်းမှော်လက်စွပ်ထဲတွင်ရှိနေသည့် သွေးစွန်းဂိုဏ်းမှရတနာများကိုလည်း အပြင်ဘက်တွင် ထားနိုင်ပြီဖြစ်သည်။ ဤအရာများအားလုံးသည် ဒုတိယမင်းသားပေးခဲ့သည်ဟူသည့်အကြောင်းပြချက်ဖြင့် ဖြေရှင်းချက်ပေးနိုင်သွားသည့်အတွက်ပင်။ ဒိုမင်ဂူသည်လည်း ဤအကြောင်းပြချက်ကြောင့်လူရှေ့သူရှေ့တွင် ဖှေးအားလက်ဆောင်များပေးခဲ့ခြင်းဖြစ်သည်ဟုလည်း ဖှေးယုံကြည်၏။

တစ်ချိန်တည်းမှာပင်ဤအချက်သည်လည်း ဖှေးတွင်ပိုင်ဆိုင်မှုများစွာရှိနေရခြင်းကို အကြောင်းပြချက်ပေးလိမ့်မည်ဖြစ်သည်။ ဟိုလာဒရစ်ကုဗတုံး၏စွမ်းအားကို လူများသိရှိသွားပါက ဖှေးအတွက် အန္တရာယ်များနိုင်သောကြောင့်ပင်။

“အရှင့်သားကို ကျွန်တော့အစားကျေးဇူးတင်စကားပြောပေးပါဦး...” ဖှေးသည် ဂရမ်နယ်လို၏ပုခုံးကိုပုတ်ကာ မုတ်ဆိတ်နီနှင့် သူ၏လူများကို နှုတ်ဆက်စကားပြောလိုက်သည်။

ဤမြင်ကွင်းကို တစ်ခြားအဖွဲ့၀င်တိုင်းပြည်များလည်းမြင်တွေ့လိုက်ရသည်။

“ဒုတိယမင်းသားနဲ့ချမ်းဘော့ဒ်ဘုရင်က သဘောတူညီမှုတစ်ခုရသွားတဲ့ပုံပဲ...”

“ချမ်းဘော့ဒ်ဘုရင်က အင်ပါယာတစ်ခုလုံးကို တုန်လှုပ်သွားစေကတည်းက သူကအင်ပါယာထီးနန်းလုပွဲကို အပြောင်းလဲဖြစ်အောင်လုပ်နိုင်တဲ့လူစာရင်း၀င်သွားတာပဲ...”

“ချမ်းဘော့ဒ်ဘုရင်က ဒုတိယမင်းသားကို ပိုသဘောကျနေတဲ့အချိန်မှာ ဘာတွေဖြစ်သွားနိုင်မလဲငါသိချင်လာပြီ...”

“ထူးဆန်းတယ်...ချမ်းဘော့ဒ်ဘုရင်က ဘာလို့ ဒုတိယမင်းသားကို ပိုသဘောကျနေတာလဲ...”

ထိုကဲ့သို့စကားပြောသံများမှာ စခန်းချနေရာတစ်၀ိုက်တွင် ပြန့်နှံ့နေ၏။ အဆင့်၁အဖွဲ့၀င်တိုင်းပြည်များသည် သိုသိုသိပ်သိပ်နေနေကြသည့်အတွက် ချမ်းဘော့ဒ်သည်စကားပြောစရာအကြောင်းရာတစ်ခုအဖြစ်ခေတ်စားနေ၏။ ကင်းထောက်များ၊ သတင်းပေးများစွာသည်ချမ်းဘော့ဒ်တိုင်းပြည်ကို အဆက်မပြတ်စောင့်ကြည့်နေလျှက်ရှိကြသည်။ ဂရန်နယ်လိုကိုယ်တိုင်ရောက်ရှိလာခြင်းသည် လူပေါင်းများစွာကိုအတွေးနက်စေ၏။

သို့သော် နောက်ထပ်ဖြစ်ပျက်သည့်အရာကိုမူ မည်သူမှထင်ထားခြင်းမရှိပေ။

ပထမဧည့်သည်အဖွဲ့ကို ပြန်ပို့လိုက်ပြီးသည့်နောက်တွင် နောက်တစ်ဖွဲ့မှာ ဖှေးတဲအတွင်းသို့ပြန်မ၀င်ရသေးခင်ပင် ရောက်ရှိလာ၏။ ဖှေးမြင်နေရသည်မှာ အ၀ေးတစ်နေရာမှ ခရမ်းရောင်အလင်းတန်းတစ်ခုပင်။ သူသည် ထိုအလင်းတန်းသည် မင်းသမီးဘေးတွင်ရှိနေလေ့ရှိသည့် ခရမ်းရောင်၀တ်ရုံနှင့်ကောင်မလေးဇီလျန်းဖြစ်သည်ဟုသိလိုက်သည်။

ဇီလျန်း၏အနောက်တွင် ရထားလုံးခြောက်လုံးပင်။ အစိမ်းရောင်၀တ်ရုံများနှင့် ဖုံးကွယ်ထားသည့်အတွက် ရထားလုံးပေါ်တွင် မည်သည့်အရာများတင်လာသည်ကိုမသိနိုင်သော်လည်း ဘီးရာများကိုကြည့်ရုံဖြင့်ပင် ရတနာပစ္စည်းများနှင့် မှော်တလင်းကျောက်များဖြစ်သည်မှာ ထင်ရှားလှသည်။

သတင်းအချက်လက်များစွာရှိသည့်လူတစ်ချို့မှလွှဲ၍ လူပေါင်းများစွာသည် ဤခရမ်းရောင်၀တ်စုံနှင့်ကောင်မလေးမည်သူဖြစ်သည်ကို သိရှိခြင်းမရှိကြပေ။

ဤငယ်ရွယ်ကာလှပသည့်ကောင်မလေးသည် အေးစက်ကာ သန့်စဥ်သည့်ခံစားချက်တစ်ခုကိုပေးလျှက်ရှိသည်။ ခရမ်းရောင်၀တ်ရုံနှင့် သူ၏မခန္ဓာကိုယ်ကို ပေါ်လွင်စေသည့် လယ်သာချပ်၀တ်နှင့်အတူသူမသည် ယောက်ျားလေးများအားလုံး၏အာရုံစိုက်မှုကို ဖမ်းစားနေလျှက်ရှိသည်။

သို့သော် မည်သူမှ သူမကို ချည်းကပ်ပြီး စကားပြောရဲခြင်းမရှိပေ။ အဖွဲ့၀င်တိုင်းပြည်များမှ မင်းသာများပင် သိုးငယ်များကဲ့သို့ဖြစ်နေကြ၏။ ကောင်မလေးထံမှ ထွက်ပေါ်နေသည့်စွမ်းအားကြီးသည့်အရှိန်၀ါများသည် သူတို့ကိုတုန်ခါစေသည့်အတွက်ပင်။ ထို့အပြင် သူမ၏ဘေးတွင် သွေးသံမဏိစခန်းမှ ကျွမ်းကျင်စစ်သည်အယောက်လေးဆယ်လဲပါရှိနေ၏။

“အရှင်မင်းကြီး ဒီသွေးစွန်းဂိုဏ်းရဲ့ရတနာတွေကိုအရှင့်သမီးက မင်းသားအာရှဗင်ကိုယ်စားပေးလိုက်တာပါ။ အရှင်အသုံးလိုနိုင်လို့ပါ။” သူမဖှေး၏အရှေ့သို့ရောက်သည့်အချိန်တွင် ပထမဆုံးအနေဖြင့် ဤကဲ့သို့စကားများစွာပြောလိုက်၏။

ဖှေးရယ်လိုက်သည်။ “ငါမမှားဘူးဆိုရင်တော့ ဒါကမင်းသမီးတစ်ယောက်တည်းရဲ့ဆန္ဒထင်တယ်။ မင်းသားက ဘာမှပြောတာမရှိဘူးမလား...”

ဇီလျန်းသည် အံ့သြသည့်အမူယာဖြင့်ဖှေးကိုမော့ကြည့်လိုက်သည်။ သူမပါးစပ်အဟောင်းသားဖြင့် သူမသည် ဖှေးအား “နင်ဘယ်လိုသိတာလဲ..”ဟုမေးနေသကဲ့သို့ပင်။ ကောင်မလေးသည် သူမ၏သိလိုစိတ်ကိုထိန်းချုပ်ထားသော်လည်း သူမ၏အမူယာမှာ သူမကို သစ္စာဖောက်လျက်ရှိသည်။

ဖှေးသူ၏ခေါင်းကို ညင်သာစွာခါရမ်းလိုက်သည်။

တကယ်တန်းတွင် မင်းသားအာရှဗင်သည် ဖှေးအပေါ်တွင် အမြင်မကြည်မှုအနည်းငယ်ရှိနေသည်။ ဤသည်ကို ဖှေးမူလအစကတည်းက ခံစားမိသည်။ မင်းသမီးသည် ဤအချက်ကို လျှော့ပါးအောင်လုပ်နေသဖြင့် အမြင်မကြည်ခြင်းသည် အမုန်းတရားအဖြစ်သို့ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော်ဖှေးလည်း သိပ်ပြီးစိုးရိမ်ခြင်းမရှိပေ။ အာရှဗင်သည် အင်ပါယာအရှင်သခင်တစ်ယောက်မဟုတ်သေးသည့်အတွက် ဖှေးအတွက်ကြီးမားသည့်အန္တရာယ်တစ်ခုမဟုတ်ပေ။ သူသည် နှစ်အနည်းငယ်အတွင်းတွင် ထီးနန်းရရှိစေကာမူ ထိုအချိန်တွင် ဖှေးသည်ဇီးနစ်အင်ပါယာကိုရင်ဆိုင်နိုင်သည်အထိအင်အားကောင်းနေမည်ဖြစ်သည်။

ဤလက်ဆောင်များ၏ရည်ရွယ်ချက်မှာလည်း အတူတူပင်။ ပဲရစ်ကဲ့သို့ပင် မင်းသမီးသည်လည်း ဖှေးသွေးစွန်းဂိုဏ်းမှရတနာများကိုပိုင်ဆိုင်ရခြင်း၏တရား၀င်အကြောင်းပြချက်ကို ရရှိစေလို၍ဖြစ်သည်။

ရထားလုံးခြောက်လုံးကို ချမ်းဘော့ဒ်စခန်းအတွင်းသို့ လူများစွာ၏မျက်စိရှေ့တွင်သွင်းလိုက်သည်။ သွေးသံမဏိစခန်းမှစစ်သည်များသည် အ၀တ်စများကို ဖယ်လိုက်ပြီးတင်လာသည့်အမဲရောင်သံမဏိသတ္တာကြီးများကို ပြသလိုက်သည်။ ထို့နောက်တွင် သူတို့သေတ္တာအဖုံးများကို ဖွင့်လိုက်ကြပြီးရွှေရောင်အလင်းရောင်များလင်းလတ်လာ၏။ ရွှေရောင်ငွေရောင်အလင်းများအပြင် မှော်တလင်းကျောက်များမှ မှော်စွမ်းအင်အရှိန်၀ါများလည်း ပါရှိနေ၏။ ဤအရောင်များကြောင့် မီတာတစ်ရာခန့်အ၀ေးမှကြည့်နေသည့်လူများပင် သေတ္တာများထဲတွင် ပါရှိသည့်အရာများကို ခန့်မှန်းမိသွားကြ၏။

အားကျမနာလိုသည့်အရိပ်ယောင်များသည် လူပေါင်းများစွာ၏မျက်လုံးများထဲတွင် ထွက်ပေါ်လာ၏။

ဤရတနာများအားလုံးသည်အဆင့်၄အဖွဲ့၀င်တိုင်းပြည်တစ်ခု၏သုံးနှစ်စာ၀င်ငွေနှင့်ညီမျှ၏။ ဤပိုင်ဆိုင်များအားလုံးနှင့် ချမ်းဘော့ဒ်ဘုရင်ကို အဖွဲ့၀င်တိုင်းပြည်များကြားထဲတွင် အချမ်းသာဆုံးဘုရင်တစ်ပါးဖြစ်သည်ဟူ၍ပင်ဆိုနိုင်၏။

ချမ်းဘော့ဒ်ဘုရင်သည် ရုပ်ပိုင်းဆိုင်ရာသာလျှင်သန်မာနေသည်မဟုတ်ပေ။ ငွေရေးကြေးရေးပိုင်းတွင်လည်း သန်မာနေ၏။

ချမ်းဘော့ဒ်တိုင်းပြည်အား ပို၍ပင် ထိတ်လန့်လာကြတော့သည်။

ဇီလျန်းသည် စကားပြောရန်နှစ်သက်သည့်ကောင်မလေးမဟုတ်ပေ။ ရတနာများကို ပေးပြီးသည့်နောက်တွင် သူမနှုတ်ဆက်စကားပြောလိုက်သည်။ “အရှင်မင်းကြီး မင်းသမီးမှာလိုက်တာက အရှင်နဲ့သူရဲကောင်းနန်းတော်တို့ကြားက မပြေလည်မှုက ပြီးဆုံးသွားပြီလို့ပါ။ အရှင်စိုးရိမ်စရာမလိုတော့ပါဘူး...”

ဖှေးရယ်လိုက်သည်။ “မင်းသမီးကို ကျွန်တော့ကိုယ်စားကျေးဇူးတင်စကားပြောပေးပါ...”

“ပထမမင်းသားဘက်ကလည် သူရဲကောင်းနန်းတော်ကို ဖိအားပေးလိုက်တာပဲ...” ဖှေးသည် အနည်းငယ်ဂုဏ်ယူသွားသည်။ “ဒီလိုဆိုငါ့ရဲ့ဂုဏ်အရှိန်၀ါတော်တော်မြင့်နေတာပဲ။ စွမ်းအားကြီးတဲ့မင်းသားနှစ်ပါးလုံးက သူရဲကောင်းနန်းတော်ကို ငါ့အတွက်နဲ့ ဖိအားပေးနေကြတာပဲ။ ဒါဆို ငါ့ရဲ့ တန်ဖိုးက သူရဲကောင်းနန်းတော်ထက်မြင့်မားနေလို့ပေါ့...” သူတွေးလိုက်မိသည်။

“ကျေးဇူးပြုပြီး ဂရုစိုက်ပါအရှင်မင်းကြီး...” ခရမ်းရောင်၀တ်စုံနှင့်ကောင်မလေးသည် မပြန်မှီဖှေးအားပြောသွား၏။

ဖှေးသည် အံ့သြသွား၏။

ဤသည်မှာ မင်းသမီးမှာလိုက်သည့်စကားမဟုတ်သည်မှာထင်ရှားသည်။ ဇီလျန်းကိုယ်တိုင်ပြောလိုသည့်စကားလုံးများပင်။

ဖှေသည် ကျေးဇူးတင်စကားပြောလိုသော်လည်း ဇီလျန်းသည် ခရမ်းရောင်အလင်းတန်းတစ်ခုအသွင်သို့ပြောင်းသွားပြီး ပျံသန်းကာပျောက်ကွယ်သွားတော့၏။

“ဒါဆိုမင်းသားကြီးက ဘာလို့ချမ်းဘော့ဒ်ဘုရင်ကို ဒီလိုတန်ဖိုးကြီးတဲ့လက်ဆောင်တွေပေးလိုက်တာလဲ...” အ၀ေးမှကြည့်နေသည့်လူတစ်ချို့စိတ်ရှုပ်ထွေးကုန်ကြသည်။

သူတို့သည် စစ်သည်များ၏ချပ်၀တ်ပေါ်မှ သွေးသံမဏိစခန်းသင်္ကေတများကိုကြည့်ရုံဖြင့်ပင် မင်းသားအာရှဗင်ကို ကိုယ်စားပြုသည့်လူများဖြစ်ကြောင်းကိုသိရှိကြသည်။

“ချမ်းဘော့ဒ်ဘုရင်က စျေးကြီးကြီးကိုင်နေပြီးတော့ စောင့်နေတာလား။ သူကဘယ်ဘက်က ပါမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလား...”

“သေစမ်းချမ်းဘော့ဒ်ဘုရင်။ တယ်သတ္တိကောင်းလှပါလား။” တစ်ချို့လူများသည် နှာခေါင်းရှုံ့လိုက်ကြသည်။ အကယ်၍တစ်စုံတစ်ယောက်သည်သာ ဤနည်းလမ်းကိုအသုံးပြုပြီး ကိုယ်ကျိုးရှာပါက မင်းသားတစ်ပါးပါးထီးနန်းဆက်ခံလိုက်ပါက အငြိုတေးထားစရာကိစ္စတစ်ခုဖြစ်လာနိုင်၏။ “ဒီဘုရင်က တကယ်တောသားပါပဲကွာ။ ဗဟုသုတမရှိဘူး။ သူတော့ အမှားတစ်ခုကို လုပ်မိနေတာပဲ။” လူများတွေးလိုက်မိကြ၏။

All Chapters