← Chapters

အခန်း (၃၆၉)

Vol. 25 Ch. 369

အခန်း (၃၆၉)

Vol. 25 Ch. 369

ဖှေးအ၀ေးမှကြည့်နေသည့်လူများကို ဂရုစိုက်ခြင်းမရှိပေ။

စာရင်းအင်းတစ်ချို့ပြုလုပ်ပြီးသည့်နောက်တွင် ဖှေးရတနာပစ္စည်းအနည်းငယ်ကို ဘိုင်ဇန်တိုင်းတိုင်းပြည်သို့လက်ဆောင်အနေဖြင့်ပို့ခိုင်းလိုက်သည်။ ရတနာပစ္စည်းတစ်ချို့အား သူ၏စစ်သည်များကို ဆုလာဘ်အနေဖြင့်ပေးလိုက်ပြီး ရတနာပစ္စည်းများကို တိုင်းပြည်ဘဏ္ဏာအနေဖြင့် ကာကွယ်စောင့်ရှောက်ရန်မှာကြားလိုက်သည်။

ထိုညတွင် ဖှေးသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး အတားဆီးအစစ်ဆေးများစွာကို လွယ်ကူစွာကျော်ဖြတ်ကာ မိုရိုတောင်တန်းများထံသို့ဦးတည်သွား၏။

ကြီးမားသည့်တိုက်ပွဲမြေပြင်ကြီးကို မှော်အစီရင်များစွာက ကာရံထားပြီး ထိုတိုက်ပွဲမြေပြင်ပေါ်တွင် စွမ်းအားအကျွင်းကျန်များစွာသည့်လွှင့်မျောနေလျှက်ရှိသည်။ ခပ်ပိန်ပိန်လူတစ်ယောက်သည် ကြေးရောင်၀တ်ရုံတစ်ခုကို ၀တ်ဆင်ရင်းဖြင့် ထိုနေရာ၏အလည်တွင် ရပ်နေလျှက်ရှိသည်။ သူသည် ဖှေး၏အာရုံစိုက်မှုများအားလုံးကို ဆွဲဆောင်လိုက်၏။

ထိုလူသည် မနေ့ညက လျို့၀ှက်ထူးဆန်းသည့် သိုင်းဆရာပင်။

သူသည် ထက်မံ၍ရောက်ရှိလာခြင်းပင်။

လျို့၀ှက်သည့်အပြုံးတစ်ခုသည် ဖှေး၏မျက်နှာပေါ်တွင် ပေါ်လာ၏။

ပုန်းကွယ်ခြင်းမရှိပဲ သူသည် တောင်အောက်သို့ပြေးဆင်းလိုက်ပြီး တိုက်ပွဲမြေပြင်ရှေ့သို့ဦးတည်သွား၏။ ထို့နောက်တွင် သူသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အနေဖြင့်မှော်အစီရင်များကို ထူးခြားသည့်ခြေလှမ်းနှင့်ကျော်ဖြတ်ကာ တိုက်ပွဲမြေပြင်အတွင်းသို့ရောက်ရှိလာ၏။

“ဟမ်...” လျို့၀ှက်သည့်သိုင်းဆရာသည် ဖှေးမှော်အစီရင်များကိုကျော်ဖြတ်လာသည့်ပုံကိုတွေ့သည့်အချိန်တွင် အနည်းငယ်အံ့သြသွား၏။

ဤလူသည် အတွင်းအားစွမ်းအင်လေ့ကျင့်သည့်လူဖြစ်သော်လည်း မှော်ပညာနှင့်ပတ်သက်၍လည်းဗဟုသုတအနည်းငယ်ရှိ၏။ ဖှေးသည် မှော်လမ်းကြောင်းအခု၃၀၀ခန့်ပါရှိသည့် ကြယ်၇လုံးအဆင့်မှော်အစီရင်တစ်ခုကို ကျော်ဖြတ်လာခဲ့ခြင်းပင်။ ဤမှော်လမ်းကြောင်းများသည် တစ်ခုနှင့်တစ်ခုဆက်သွယ်လျှက်ရှိပြီး မှော်စွမ်းအားများသည် မတူညီသည့်အမြန်နှုန်း ထောင့်အနေထားများနှင့် စီးဆင်းနေလျှက်ရှိသည်။ အနည်းငယ်ပင် ထိုလမ်းကြောင်းများကို ထိမိပါက ကြယ်၇လုံးအဆင့်မှော်တိုက်ခိုက်မှုကြီးတစ်ခုထွက်ပေါ်လာလိမ့်မည်ဖြစ်သည်။ ဖှေးကျော်ဖြတ်ခဲ့သည့်နည်းလမ်းမှာ မှော်စီးကြောင်းများကို ခန့်မှန်းကြည့်ပြီးနေရာအတိကျခြေလှမ်းကာ မထိမိအောင်ထိန်းပြီးကျော်ဖြတ်ခဲ့ခြင်းပင်။ ဤသည်မှာ အထင်ကြီးဖွယ်ပင်။

လျို့၀ှက်သည့်လူသည် စဥ်းစားကြည့်လိုက်ပြီး သူသည် ချမ်းဘော့ဒ်ဘုရင်ထက်များစွာပို၍သန်မာသည့်တိုင်အောင်ထိုကဲ့သို့ပြုလုပ်နိုင်ခြင်းမရှိသည်ကို သိလိုက်ရ၏။

“အဖိုး...” ဖှေးမှော်အစီရင်အားကျော်ဖြတ်ပြီးချိန်တွင် ခနတာခန့်နားလိုက်ပြီး မက်တပ်ရပ်ကာ ထိုလူကိုနှုတ်ဆက်လိုက်သည်။

“အေး..” ထိုလူ၏မျက်နှာပေါ်မှ အံ့သြနေသည့်အမူယာသည်ပျောက်ကွယ်သွား၏။ သူဖှေးအားအနည်းငယ်ခန့်အကဲခတ်ကြည့်ပြီးသည့်နောက်တွင် မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်ခေါင်းငြိမ့်ပြလိုက်၏။

“အဖိုးက ဘယ်သူ...” ဖှေးသည် ဤလူမည်သူဖြစ်သည်ကို သိရှိလိုနေ၏။

“တိုက်ခိုက်တော့...” လျို့၀ှက်သည့်လူသည် သူ၏လက်ကိုဖှေးအား၀ှေ့ရမ်းပြလိုက်သည်။ သူသည်ထိုအကြောင်းကို ပြောလိုခြင်းမရှိသည့်ပုံပင်။

“ဟင်...” ဖှေးသည် အံ့သြသွား၏။ ထိုလူမည်သည်ကိုဆိုလိုသည်ကို နားမလည်သောကြောင့်ပင်။

“ငါ့ကို ထိုးလိုက်...” လျို့၀ှက်သည့်လူသည် ပြောလိုက်၏။ သူ၏အသံသည် စိတ်ခံစားချက်ကင်းမဲ့နေဆဲပင်။ သူသည်ထို့နောက်တွင် ဆက်ပြောလိုက်သည်။ “မင်းရဲ့အစွမ်းကုန်သုံးပြီး ငါ့ကို တိုက်ခိုက်ကြည့်...”

ဖှေးယခုအချိန်တွင်မှ နားလည်သွား၏။

“သေစမ်း နောက်ထပ်တိုက်ပွဲတစ်ခုပဲ...” သူတွေးလိုက်၏။

“သူကမနေ့က ငါ့ကိုဖိအားပေးပြီးတော့ တိုက်ခိုက်ခဲ့တာပဲ။ ဒီနေ့က ငါ့တိုက်ခိုက်ရမယ့်အလှည့်ပေါ့။ ငါ့အထင်ကမှန်နေတဲ့ပုံပဲ...”

ဖှေးဤလူထံတွင် ထူးခြားသည့်အချက်တစ်ခုရှိနေသည်ကို သတိထားလိုက်မိသည်။ သူသည် စကားပြေရန်နှစ်သက်ခြင်းမရှိပေ။ သူသည် သူ၏စကားလုံးများကို ရတနာများကဲ့သို့ပင် တန်ဖိုးထားပုံရ၏။

“ဂရုစိုက်ပါ အဖိုး...”

ဖှေးအော်လိုက်ပြီး ရောင်စုံအလင်းရောင်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင်ပေါ်လာ၏။ ကူရက်စ်ဆိပ်ကမ်မှ ဇာတ်ကောင်များထံမှ သူ၀ယ်ခဲ့သမျှပစ္စည်းများအားလုံးသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာတော့သည်။ သူ၏ခန္ဓာကိုယ် အစိတ်ပိုင်းများအားလုံးကို ခြေဆုံးခေါင်းဆုံးချပ်၀တ်အစိတ်ပိုင်းများဖြင့် ကာကွယ်ထား၏။ ချပ်၀တ်ပစ္စည်များအားလုံးတွင် ထူးဆန်းသည့်ဒီဇိုင်းများရှိနေသဖြင့် ဖှေးသည် သွေးဆာနေသည့်တိုက်ပွဲသားရဲတစ်ကောင်ကဲ့သို့ပင်။

နောက်အခိုက်တန့်တွင် မှော်အစွမ်းအင်အရှိန်၀ါများတောက်ပသွားပြီးနောက် ဖှေးသည် အသက်ပြင်းပြင်းရှူလိုက်ကာ အဆင့်၄၉လူရိုင်းဇာတ်ကောင်၏အစွမ်းများကို အမြင့်ဆုံးထုတ်လွှတ်လိုက်သည်။ သူသည်လက်သီးများကို ဆုပ်လိုက်သည်။ ဤကဲ့သို့လှုပ်ရှားမှုသည် ကမ္ဘာတစ်ခုလုံးတွင်ရှိနေသည့် စွမ်းအားများအားလုံးကို စုပ်ယူလိုက်သကဲ့သို့ပင်။ အ၀ေးမှကြည့်ပါက အထင်ကြီးဖွယ်ကောင်းလှ၏။

“တစ်ချက်ထိုးကောင်းကင်လက်သီး..”

ဖှေးချက်ချင်းပင် သူ၏အစွမ်းအထက်ဆုံးသိုင်းကွက်ကို အသုံးပြုလိုက်သည်။

သူ၏ခေါင်းပေါ်တွင် ကြီးမားသည့်လက်သီးရာကြီးတစ်ခုသည် ကြာပွင့်ကြီးတစ်ခုကဲ့သို့ပေါ်ထွက်လာတော့သည်။ ထိုလက်သီးရာကြီးသည် လျို့၀ှက်သည့်လူထံသို့ ချက်ချင်းပင် ပျံသန်းသွားသည်။ ဤသည်မှာ အလွန်လျှင်မြန်လှသဖြင့်လေထုထဲတွင် မီးပွားစများကိုပင် ထင်ကျန်စေခဲ့ပြီး စူးရှသည့်အသံတစ်ခုထွက်ပေါ်လာစေသည်။

“ဟမ်...” လျို့၀ှက်သည့်လူသည် ယနေ့တွင် ဒုတိယအကြိမ်အနေဖြင့် အံ့သြသွားသည်။ သူသည်ခါင်းငြိမ့်ကာ ပြောလိုက်၏။ “မဆိုးဘူး...”

သူထိုကဲ့သို့ပြေအပြီးတွင် စတင်၍လှုပ်ရှားတော့သည်။ သူနောက်တွင်ပစ်ထားသည့်လက်များကို လှုပ်ရှားလိုက်သည်။ သူသည်လက်များကိုဖုန်မှုန့်များခါလိုက်သကဲ့သို့ ညင်သာစွာ၀ှေ့ရမ်းလိုက်၏။ အဖျက်စွမ်းအားကြီးသည့်လက်သီးရာကြီး၏အရှေ့တွင် ကြီးမားသည့် အစိမ်းရောင်လက်ဖ၀ါးကြီးတစ်ခုသည် ထိုလူ၏အရှေ့တွင် ပေါ်လာတော့၏။

လက်ဖ၀ါးသိုင်းကွက်..

“ဖုန်း..”

လက်သီးနှင့် လက်ဖ၀ါးတို့တွေ့ဆုံလိုက်ကြသည်။

လေထုမှာ အလွန်ပင်တင်းမာလှသည်။ ခနတာခန်တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ပေါက်ကွဲသံများသည် တိုက်ပွဲမြေပြင်တွင်ဟိန်းထွက်လာ၏။ လက်သီးမှစွမ်းအင်အပိုင်းစများမနှင့် အစိမ်းရောင်စွမ်းအင်မီးတောက်များသည် ဘေးပတ်၀န်းကျင်သို့မီးရှူးမီးပန်းတစ်ခုကဲ့သို့ လွှင့်ပျံကုန်၏။ ဤသည်မှာ လှပသော်လည်း အန္တရာယ်များလှသည်။ ဤမီးရှူးမီးပန်းကြီး၏အောက်တွင် ကျောက်စများဖုန်များသည် လေပေါ်တွင် ၀ဲပျံနေကြသည်။ နတ်ဘုရားများစိတ်ဆိုးသွားသည့်အတိုင်းပင် မြေပြင်ကြီးပင်ကွဲအက်သွားတော့၏။

ဤဖြစ်စဥ်သည် မိနစ်အနည်းငယ်ခန့်ကြာသည့်အချိန်မှ ငြိမ်ကျသွား၏။

လက်သီးရာနှင့် အစိမ်းရောင်စွမ်းအင်လက်ဖ၀ါးကြီးတို့သည်လည်း ကွယ်ပျောက်သွားကြပြီဖြစ်သည်။

“မင်းရဲ့အစွမ်းတွေက ထက်ပြီးတိုးလာပြန်ပြီပဲ...” လျို့၀ှက်ထူးဆန်းသည့်လူသည် အနည်းငယ်စိတ်ရှုပ်သွားသည်။

ဖှေးခေါင်းငြိမ့်ပြလိုက်သည်။

“မြန်လွန်းတယ်မကောင်းဘူး...” ထိုလူသည် မျက်မှောင်ကြုံ့လိုက်သည်။

ဖှေးသည် ပထမပိုင်းတွင် အံ့သြသွားသော်လည်း မကြာမှီတွင် ထိုလူဆိုလိုသည်ကို နားလည်လိုက်၏။

အေဇာရုတိုက်ပေါ်တွင် သိုင်းဆရာများသည် သူတို့၏အတွင်းအားအစွမ်း၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ၀ိဉာဥ်စွမ်းအားတို့ကို ပြိုင်တူကျင့်ကြံရန်လိုအပ်၏။ အစွမ်းတစ်ခုထဲသာမြင့်တက်လာခြင်းသည် မျှချေကို ပျက်ဆီးစေနိုင်၏။ ဤမညီမျှမှုတွင် အန္တရာယ်များသည့်အကျိုးဆက်များမရှိသော်လည်း အနာဂတ်တွင်ဖြစ်လာနိုင်သည့်အလားလာကို အနှောင့်ယှက်ပေးနိုင်သည်။ ကြယ်အဆင့်များစွာကို အမြန်တိုးလာခဲ့သည့် ပါရမီရှင်စစ်သည်များစွာရှိခဲ့၏။ သို့သော် သူတို့သည် ဤကဲ့သို့ညီမျှခြင်းမရှိသည့်အတွက် ကြယ်ကိုးလုံးအဆင့်သို့ရောက်သည့်အချိန်တွင် ဆက်လက်တိုးတက်လာခြင်းမရှိပဲ လအဆင့်သို့မတတ်နိုင်ဖြစ်လာကြရ၏။

အတွင်းအားကျင့်စဥ်လမ်းကြောင်းသည် ကမ္ဘာပေါ်တွင်ရှိနေသည့် တစ်ခြားအရာများကဲ့သို့ပင် ခိုင်မာသည့်အခြေခံသည်မရှိမဖြစ်လိုအပ်လှ၏။

မိုးမျှော်တိုက်တစ်ခု၏အမြင့်သည့် မြေအောက်တွင်ရှိနေသည့်အုတ်မြစ်၏အနက်အပေါ်တွင်မူတည်နေသကဲ့သို့ပင်။

သိုင်းဆရာတစ်ဦး၏အနာဂတ်သည် အခြေခံအုတ်မြစ်အပေါ်တွင်များစွာမူတည်နေ၏။

လျို့၀ှက်သည့်သိုင်းဆရာသည် ဖှေး၏အစွမ်းများတိုးတက်လာခြင်းနှင့်ပတ်သက်၍ထိတ်လန့်အံ့သြသွားရ၏။ မနေညမှနှင့် နှိုင်းယှဥ်ကြည့်ပါက ယခုအချိန်တွင် ဖှေးသည် ကြယ်၇လုံးအလယ်လတ်အဆင့်စစ်သည်တစ်ယောက်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ လျို၀ှက်သည့်သိုင်းဆရာသည် ဖှေးသည် အစွမ်းများကိုပင် မြှင့်တက်အောင်ကျင့်ကြံနေပြီး အခြေခံအချက်များကို လျစ်လျူရှုနေသည်ကိုထင်မိသွားပုံရသည်။ သူသည် ဖှေးအား အနာဂတ်အလားလာကို ဖျက်ဆီးပစ်လိုက်မိသည့် ပါရမီရှင်များကဲ့သို့ဖြစ်နေလိမ့်မည်ကို စိုးရိမ်မိသည့်အတွက်ပင်။

ဖှေးသည် ထိုလူ၏ကြင်နာသည့်စကားလုံးများကို ခံစားလိုက်မိသည်။

ဤသည်မှာ သူအေဇာရုတိုက်သို့ရောက်သည့်အချိန်မှစပြီး တစ်စုံတစ်ယောက်မှသူ့အားသင်ပြပေးခြင်းပင်။ ဤရိုးရှင်းသည့်အကြံပေးချက်တစ်ခုသည် ဖှေးအားအတိတ်ဘ၀ကို ပြန်လည်ကာ သတိရစေသည်။ သူ၏ တက္ကသိုလ်ရှိစာသင်ခန်းထဲတွင် ထိုင်နေရင်းဖြင့် ဆရာများ၏သင်ပြခြင်းကို ခံနေရသကဲ့သို့ခံစားရသည့်အတွက်ပင်။

သို့သော် ဖှေးဤလူအားဖြစ်နေသည့်အရာများကိုမည်ကဲ့သို့ပြောရမည်ဟုမသိဖြစ်နေသည်။

သူ၏အစွမ်းများတိုးတတ်ပုံမှာ သာမန်အတိုင်းမဟုတ်ပေ။ သူသည် ဒိုင်ယာလိုကမ္ဘာကိုအသုံးချနေခြင်းပင်။ ဖှေး၏စွမ်းအားများတိုးတတ်လာနှုန်းသည် မည်သည့်အချိန်မှာမှ နှေးကွေးသွားလိမ့်မည်မဟုတ်ပေ။ သူ၏၀ိဉာဥ်စွမ်းအားလယ်ဗယ်မြင့်တက်လာပါက သူသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် ပို၍ပင် ကြာကြာနေနိုင်လာမည်ဖြစ်ပြီး သူ၏အစွမ်းများတိုးတတ်လာနှုန်းသည်လည်း ပို၍ပင် မြန်ဆန်လာဦးမည်ဖြစ်သည်။

အမှန်ပင် ဖှေး ဒိုင်ယာဘလိုကမ္ဘာမှ လျို့၀ှက်ချက်များကို သူများအားပြောပြ၍မရပေ။

“အကြံပေးလို့ကျေးဇူးပါ အဖိုး...” ဤသည်မှာ ဖှေးပြောနိုင်သည့်တစ်ခုတည်းသောအရာပင်။

ကံကောင်းစွာပင် လျို့၀ှက်သည့်လူသည်လည်း ဖှေး၏အဖြေကို သိလိုခြင်းမရှိပေ။ ဖှေး မှော်အစီရင်ကို ကျော်ဖြတ်သည့်ပုံကိုပြန်လည်ကာ စဥ်းစားကြည့်ပါက ချမ်းဘော့ဒ်တိုင်းပြည်တွင်လည်း ၀ှက်ဖဲများရှိနေသည်မှာထင်ရှားသည်။ ကမ္ဘာပေါ်တွင် လူတိုင်းတွင် လျို့၀ှက်ချက်ကိုယ်စီရှိနေကြသည်ဖြစ်သည်။ လျို့၀ှက်သည့်သိုင်းဆရာသည်ဖှေးအား သတိပေးလိုခြင်းသာဖြစ်ပြီး ဖှေး၏လျို့၀ှက်ချက်များကို သိရှိလိုခြင်းမရှိပေ။

“မင်းရဲ့သိုင်းကွက်တွေက တိုက်ရိုက်ဆန်လွန်းနေတယ်။ မင်းက လုံလုံလောက်လောက်ထိန်ုးချုပ်နိုင်စွမ်းမရှိသေးဘူး။ မင်းက သိုင်းကွက်ရဲ့စွမ်းအားအကြွင်းကျန်တွေကို အသုံးမပြုနိုင်သေးဘူး...”

ထိုလူပြောနေရင်းဖြင့် သူသည် ညင်သာစွာလက်သီးဆုပ်လိုက်သည်။ လေပေါ်တွင် တူညီသည့်လက်သီးရာတစ်ခုပေါ်လာ၏။ ထိုလက်သီးရာကို အစိမ်းရောင်အတွင်းအားများဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း ဖှေး၏လက်သီးရာအတိုင်းပင်။ လူလက်သီဖြင့်ထိုးလိုက်သည်။ ဤလက်သီးမှာ ပို၍မြန်ဆန်သော်လည်း ဖှေး၏သိုင်းကွက်ကဲ့သို့ လေထဲတွင် မီးပွာစများ၊ စူးရှသည့်ဆူညံသံများထွက်ပေါ်လာခြင်းမရှိပေ။ ပို၍မြန်ဆန်ပြီး တိတ်ဆိတ်သည်။

လျှပ်စီးအလင်းတန်းတစ်ခုကဲ့သို့ပင် လက်သီးရာကြီးသည်ကောင်းကင်ပေါ်သို့ပျံသန်းသွား၏။

နောက်အခိုက်တန့်တွင် စူးရှသည့်အသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်တွင် အနီရောင်အလင်းတန်းကြီးတစ်ခုသည် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာတော့၏။ ဤအလင်းတန်းကြီးသည် အချိန်အတန်ကြာသည်အထိကွယ်ပျောက်သွားခြင်းမရှိပေ။

ဖှေးသည် ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူဘာမှပြောနိုင်ခြင်းမရှိပေ။

ဤသိုင်းကွက်သည် ဖှေး၏သိုင်းကွက်ကဲ့သို့ပင်။ တူညီသည့်နည်းပညာ၊ တူညီသည့်စွမ်းအားအဆင့် တူညီသည့်လက်သီးရာပင်။ သို့သော် လျို့၀ှက်သည့်သိုင်းဆရာ၏လက်ထဲတွင် ထိုသိုင်းကွက်သည်ဖှေးအသုံးပြုသည်ထက်လေးငါးဆခန့် ပိုအစွမ်းထက်ကာ ပို၍ကြောက်မက်ဖွယ်ကောင်းလာ၏။

ထို့အပြင် အမြန်နှုန်းသည်လည်း အသံထက်ပင် ပို၍မြန်ဆန်နေသည်။ ပေါက်ကွဲသံများနှင့် မီးပွားစများမှာ လက်သီးရာကြီးပျောက်ကွယ်သွားသည့်အချိန်မှသာထွက်ပေါ်လာ၏။

လျှန်မြန်လွန်းလှသည်။

မယုံနိုင်စရာကောင်းလောက်အောင်ပင် လျှင်မြန်လှသည်။

သို့သော် ဖှေးထိုထက်ပိုမိုကာ သတိထားလိုက်သည်။

“မင်းဘာမြင်လိုက်လဲ...” လျို့၀ှက်သည့်လူသည် ဖှေးအားအချိန်အနည်းငယ်ခန့်စိုက်ကြည့်ပြီးမေးလိုက်သည်။

“ထိန်းချုပ်နိုင်စွမ်းပါ..”

“အန်း...”

“အဖိုးအသုံးပြုတဲ့အရာအကုန်လုံးက ကျွန်တော်နဲ့အတူတူပဲ။ ဒါပေမယ့် ထိရောက်မှုကလေးဆလောက်ပို ပြီးမြင့်မားနေတယ်...။ အဲ့တာက ဘာလို့လဲဆိုတော့ အဖိုးရဲ့အတွင်းအားထိန်းချုပ်နိုင်စွမ်းက အံ့သြစရာကောင်းတဲ့အဆင့်တစ်ခုမှာရှိနေလို့ပါ။ ဒီလိုသိုင်းကွက်မျိုးကို နတ်ဘုရားတစ်ပါးလိုအတွင်းအားထိန်းချုပ်နိုင်မှလဲ အသုံးပြုနိုင်လိမ့်မယ်...” ဖှေးသည် ဖြေးညှင်းစွာဖြင့် ပြန်ဖြေလိုက်သည်။

လျို့၀ှက်သည့်လူသည် ခေါင်းငြိမ့်ပြလိုက်သည်။

“မင်းက ကောင်းသားပဲ...” သူပြောလိုက်သည်။

ထို့နောက်တွင် လူလက်ညိုးကိုတောက်လိုက်ရာ အစိမ်းရောင်အထုပ်လေးတစ်ခုသည် ဖှေးထံသို့ပျံသန်းသွား၏။ ဖှေးဖမ်းယူလိုက်ပြီး ထိုအရာသည် စာအုပ်တစ်အုပ်ဖြစ်ကြောင်းကို သိရှိလိုက်သည်။ မည်သည့်စာအုပ်ဖြစ်ကြောင်းမမြင်နိုင်မူ လျို့၀ှက်သည့်သိုင်းဆရာသည် ၀ေ၀ါးကာခြေရာလက်ရာကျန်ခဲ့ခြင်းမရှိပဲ ပျောက်ကွယ်သွားတော့၏။

All Chapters