← Chapters

အခန်း (၃၇၀)

Vol. 25 Ch. 370

အခန်း (၃၇၀)

Vol. 25 Ch. 370

အေးစက်သည့် ညသန်းခေါင်လေညှင်းသည် တိုက်ခတ်လျှက်ရှိရာ ဓားသွားများကဲ့သို့ပင် စူးရှ၏။

တောအုပ်အတွင်းတွင်ရှိနေသည့် သစ်ပင်များသည် ရေလှိုင်းများကဲ့သို့ပင် ယိမ်းခါလျှက်ရှိကြပြီး သားရဲကောင်းများ၏ဟိန်းဟောက်သံများကို ရံဖန်ရံခါကြားနေရ၏။ မိုရိုတောင်တန်းများထဲတွင်ရှိသည့် တောအုပ်များသည် နတ်ဆိုးသားရဲများပျော်စံရာ နတ်ဘုံတစ်ခုကဲ့သို့ပင်။ ကြည့်ရသည်မှာ ခမ်းနားလှသလို ပုန်းကွယ်နေသည့်အန္တရာယ်များစွာလည်းရှိနေ၏။

ဖှေး သူ၏ခေါင်းကိုခါရမ်းလိုက်သည်။

လျို့၀ှက်သည့်လူသည် သူ၏စိတ်တိုင်းကျအတိုင်းပင်ထွက်ခွာသွားပြီး အလွန်လဲလျင်မြန်လှသည်။ မည်သူမှ သူ့အားတားဆီးနိုင်ပုံမရပေ။ ဖှေးတွင် မေးလိုသည့်မေးခွန်းများစွာရှိနေသေးသော်လည်း သူသည် မနက်ဖြန်အထိစောင့်ရဦးမည့်ပုံပင်။

ဖှေးထို့နောက်တွင် သူ၏လက်ထဲတွင်ရှိနေသည့်စာအုပ်ကိုကြည့်လိုက်သည်။ စာအုပ်အသားမှာ အလွန်ပင်ထူးဆန်းလှသည်။

စာအုပ်သည် အလွန်ပင်အသေးစိတ်ဆန်လှသည်။ အမည်မသိသားရဲတစ်ကောင်၏အ၀ါရောင်သားမွှေးများဖြင့် ပြုလုပ်ထားပြီး ကိုင်တွယ်ရသည်မှာ ချောမွေ့ပြီး နူးညံ့နေ၏။ စာအုပ်ကို ဖွင့်ထားပါက ၁မီတာရှည်ကာ ၁၀စင်တီမီတာခန့်ကျယ်၀န်းပြီး ဆယ်ခေါက်ခေါက်ပြီးသိမ်းရသည့် စာအုပ်မျိုးဖြစ်သည်။ တကယ်တန်းဆိုရပါက ဤအရာသည် စာအုပ်ဆိုသည်ထက် ပုရပိုက်တစ်ခုကဲ့သို့ပင်။

ပုရပိုက်ရှည်သည် သပ်ရပ်စွာခေါက်သိမ်းထားပြီး စာအုပ်အဖုံးပေါ်တွင် စာအုပ်နာမည်ကိုရွှေသားဖြင့် ကွပ်ကာရေးထိုးထား၏။

“အတွင်းအားသိပ်သည်းခြင်းနှင့် ထိန်းချုပ်ခြင်းကျင့်စဥ်...”

ဖှေး၏မျက်လုံးများသည် ခေါင်းစဥ်ပေါ်သို့ကျရောက်သွားသည်။ ဤသည်မှာ အတွင်းအားများကို သိပ်သည်းခြင်းနှင့်ထိန်းချုပ်ခြင်းနှင့်ပတ်သက်သည့်မှတ်စုတစ်ခုပင်။ စာအုပ်အားကြည့်သည်ဖြင့်ပင် အဖိုးတန်ကြောင်းသိသာလှသည်။ “အဲ့လျို့၀ှက်တဲ့ သိုင်းဆရာများကိုယ်တိုင်ရေးထားတဲ့ကျင့်စဥ်လား...” ဖှေးတွေးလိုက်မိသည်။

ဖှေးမစောင့်နိုင်တော့ပဲ စာအုပ်ကို ဖွင့်ကာဖတ်လိုက်၏။

ဤအခိုက်တန့်တွင် သူသည် ခေါင်းစဥ်အောက်တွင်ရေးသားထားသည့် စာကြောင်းတစ်ချို့ကို မြင်တွေ့လိုက်ရ၏။ ထိုစာကြောင်းများကို အမဲရောင်မှင်တစ်မျိုးအသုံးပြုကာရေးသားထားခြင်းပင်။ အချိန်ကြောင့်ဖြစ်လိမ့်မည် စာလုံးများသည်မှေးမှိန်ကာ ပျောက်ကွယ်လုနီးနီးပင်။ ဖှေးအတက်နိုင်ဆုံးကြိုးစားကာဖတ်လိုက်သည်။ “မင်းသားယရှင်းမှ ဇီးနစ်ဘုရင်ကို လက်ဆောင်ပေးခဲ့သည်”

ဤစာကြောင်းကို ဖတ်ကြည့်ပြီးသည့်နောက်တွင် ဖှေးမှာ ထိတ်လန့်အံ့သြသွား၏။

ဤသည်မှာ ဇီးနစ်အင်ပါယာ၏အရေးကြီးမှတ်တမ်းတစ်ခုပင်။

ပို၍ပင် အံ့သြဖို့ကောင်းသည်မှာ အင်ပါယာအရှင်သခင်ယရှင်းရေးသားထားခြင်းပင်။ မင်းသားနှင့် ဇီးနစ်ဘုရင်ဟူသည့်စာလုံးများကိုကြည့်ပါက အလွန်ကြာခဲ့သည့်အချိန်ကရေးသားထားခဲ့ပုံပင်။

ဖှေး သိရှိသည်အရ ဇီးနစ်အင်ပါယာသည် လွန်ခဲ့သည့်နှစ်နှစ်ဆယ်ခန့်က စပါတပ်အင်ပါယာ၏အဖွဲ့၀င်တိုင်းပြည်တစ်ခုသာဖြစ်၏။ ဇီးနစ်ဘုရင်သည် မင်းသားယရှင်းရောက်မလာခင်အချိန်ထိ အင်ပါယာအရှင်သခင်တစ်ယောက်ဖြစ်သေးခြင်းမရှိပေ။ သူ၏ ပြိုင်ဘက်ကင်းသည့်တစ်ကိုယ်ရည်အစွမ်းများကို အသုံးပြုကာ ယရှင်းသည် ဇီးနစ်တစ်၀ိုက်တွင်ရှိနေသည့် အဖွဲ့၀င်တိုင်းပြည်များစွာကို သိမ်းပိုက်ပြီး စပါတပ်အင်ပါယာ၏နယ်မြေများကို လုယူခဲ့သည်။

ဤအချိန်တွင် လယ်ဗယ်၃စပါတပ်အင်ပါယာသည် အထိနာသွားပြီးပြိုကွဲလုနီးနီးပင်။ ကျန်ရှိနေသည့် စပါတပ်အင်ပါယာမှတော်၀င်မိသားစုများနှင့် သစ္စာရှိတိုင်းပြည်များသည် စပါတပ်အင်ပါယာကို ပြန်လည်ကာ ထူထောင်ခဲ့ကြသည်။ ထိုအင်ပါယာသည် လက်ရှိ လယ်ဗယ်၁စပါတပ်အင်ပါယာပင်။

ဤသည်မှာ စပါတပ်အင်ပါယာနှင့် ဇီးနစ်အင်ပါယာတို့ကြားထဲတွင်ရှိနေသည့် အမုန်းတရားများ၏အကြောင်းရင်းပင်။

သူတို့သည် တစ်ယောက်နှင့် တစ်ယောက်ရန်သူများအဖြစ်မြင်ခဲ့ကြပင်။

လွန်ခဲ့သည့်နှစ်နှစ်ဆယ်လုံးတွင် အင်ပါယာနှစ်ခုသည် တူညီသည့်ခွန်အားများရှိနေကြသည်။ စစ်ပွဲကြီးများဖြစ်ပွားခဲ့ခြင်းမရှိသေးသော်လည်း နယ်စပ်တစ်လျှောက်တွင်မူ မဍိပတ်ခအငယ်စားများမှာမူ အဆက်မပြတ်ဖြစ်ပေါ်နေခဲ့လျှက်ရှိသည်။ အင်ပါယာနှစ်ခု၏အဓိရည်ရွယ်ချက်မှာ တစ်ဖက်အင်ပါယာကိုချေမှုန်းပစ်ရန်ဖြစ်သည်။ ရှည်ကြာသည့်အမုန်းတရားများနှင့် အငြိုးတေးများသည်တစ်ဖက်အင်ပါယာပျက်ဆီးသည့်အချိန်မှသာလျှင် ကွယ်ပျောက်တော့မည့်အခြေအနေသို့ပင် ရောက်ရှိနေပြီဖြစ်သည်။

လွန်ခဲ့သည့်နှစ်နှစ်ဆယ်က မင်းသားယရှင်းသည် ယနေ့အင်ပါယာအရှင်သခင်ယရှင်းပင်။

အင်ပါယာအရှင်သခင်တစ်ယောက်ဖြစ်နေခြင်းအပြင် ယရှင်း၏သိုင်းကျင့်ခဲ့သည့်ခရီးစဥ်မှာလည်း မယုံနိုင်စရာကောင်းသည့်ဒဏာရီတစ်ခုဖြစ်ခဲ့သည်။

မင်းသားယရှင်းသည် အသက်နှစ်ဆယ်မရောက်ခင်ထိ သာမန်လူတစ်ယောက်သာဖြစ်ခဲ့သည်။ သို့သော် အသက်နှစ်ဆယ်ပြည့်ပြီးသည့်နောက်တွင်မူ အရာအားလုံးသည်ပြောင်းလဲသွား၏။ သူ၏နာမည်သည် နွေရာသီလည်ခေါင်မှနေမင်းကဲ့သို့ပင် မည်သူမှ စိုက်ကြည့်ရဲခြင်းမရှိခဲ့ပေ။ ဆယ်နှစ်ခန့်ဖြင့်ပင် ကြယ်လေးလုံးအဆင့်စစ်သည်လေးတစ်ယောက်သည် လအဆင့်စစ်သည်တစ်ယောက်အဖြစ်သို့ရောက်ရှိသွားခဲ့ပြီး ဇီးနစ်အင်ပါယာပတ်လည်တွင်ရှိသည့် တိုင်းပြည်တစ်ရာကျော်မှစစ်သည်များအားလုံးကိုအနိုင်ယူခဲ့သည်။ ယနေ့အချိန်တိုင် အင်ပါယာယရှင်း၏ပုံပြင်များကို ပြောနေသည့် ခရီးသွားကဗျာဆရာများရှိနေဆဲပင်။

ဒဏာရီများထဲတွင် ယရှင်းသည် အရည်ချင်းရှိသည့် ပါရမီရှင်စစ်သည်တစ်ယောက်ပင်။

သူသည် ပိုင်ဆိုင်မှုအနည်းငယ်ဖြင့်သာစတင်ခဲ့ပြီး ကျင့်စဥ်စာလိပ်များစွာနှင့် သိုင်းကွက်များစွာကို ဖန်တီးနိုင်ခဲ့သည်။ တော်၀င်မိသားစု၏ အဆင့်၁လျို့၀ှက်သိုင်းဖြစ်သည့် နဂါးလက်သီးကို သူဖန်တီးခဲ့ခြင်းဖြစ်သည်။ ဤသိုင်းကွက်သည် ကြယ်အဆင့်ကို ကျော်လွန်သည့်အဆင့်ဖြစ်ပြီး လအဆင့်သိုင်းကွက်တစ်ခုဖြစ်သည်ဟု ပြောကြ၏။ ကိုယ်ပိုင်အစွမ်းအပြင် သူ၏သိုင်းကွက်များနှင့် ကျင့်စဥ်များအပေါ်တွင် နားလည်တက်ကျွမ်းမှုမှာလည်း နက်ရှိုင်လှသည်။

“ခေတ်ထဲမှာ ယရှင်းက မှော်ဆန်မှုတွေနဲ့ လွှမ်းမိုးနိုင်မှုကိုပြတယ်..”

“ဘယ်ရန်သူမဆို ယရှင်းရဲ့ဓားရှေ့မှာဆို အနောက်ကို ဆုတ်သွားရလိမ့်မယ်...”

ယရှင်းကဲ့သို့သောလူသည် သူ့ခေတ်သူ့အချိန်က ထိပ်တန်းသို့ရောက်ခဲ့သည့်လူတစ်ယောက်ပင်။

လူပေါင်းများစွာသည် ယရှင်းသည် ဤဒေသတ၀ိုက်တွင် ပထမဆုံးအနေဖြင့် နေအဆင့်သို့ရောက်ရှိမည့်လူတစ်ယောက်ဟုပင် ယုံကြည်ခဲ့ကြသည်။ သို့သော် ယရှင်းသည် အင်ပါယာအားထူထောင်ပြီးသည့်အချိန်တွင် အုပ်ချုပ်ရေးစီမံကွပ်ကဲရေးတို့ကိုသာ အာရုံစိုက်ခဲ့ရသည့်အတွက် လူအများမျှော်လင့်ထားသကဲ့သို့ ကျင့်ကြံရာတွင် အဆင့်တက်ခဲ့ခြင်းမရှိပေ။ ထိုအစားသူသည် အားနည်းလာပြီး သူ၏ဂုဏ်သတင်းသည်လည်း တဖြည်းဖြည်း မှေးမိန်လာခဲ့၏။

လွန်ခဲ့သည့်၁၆နှစ်ကာလပတ်လုံးတွင် အင်ပါယာအရှင်သခင်ယရှင်းသည် မည်သူနှင့်မှ တိုက်ခိုက်ခဲ့ခြင်းမရှိပေ။ ဖြေးညင်းစွာဖြင့် ငယ်ရွယ်သည့်သိုင်းဆရာသည် သူသည် သိုင်းဆရာတစ်ယောက်ဖြစ်သည်ကိုပင် မေ့လျှော့သွားပြီး အင်ပါယာအရှင်တစ်ယောက်အနေဖြင့်သာ နာမည်ကျော်ကြားတော့၏။

မျှော်လင့်မထားစွာပင် ရန်သူများစွာကိုအောင်နိုင်ခဲ့သည့် သိုင်းဆရာများ၏ဘုရင်သည် ဒဏ်ရာဟောင်းများနှင့် ပို၍ဆိုး၀ါးလာသည့် ကျန်းမာရေးကြောင့်အဆုံးသက်တော့မည်ဖြစ်သည်။ အချိန်သည် အညှာတာကင်းမဲ့သည့်အတွက် သူရဲကောင်းများပင် အိုခြင်းတရားကို မလွန်ဆန်နိုင်ပေ။

ဖှေး ဤအတွင်းအားသိပ်သည်းခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာမှတ်စုကို အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်ရေးသားထားလိမ့်မည်ဟု ထင်ထားခြင်းမရှိပေ။

တစ်ခြားစကြ၀ဠာတစ်ခုမှလာခဲ့သူဖြစ်သည့်အတွက် ဖှေးသည် ဤနိုင်ရာစားလောက၏ ဥပဒေများကိုအပြည့်၀နားလည်ခြင်းမရှိသေးသော်လည်း ဤကဲ့သို့သောစာအုပ်မျိုးသည် အင်ပါယာထဲတွင် တန်ဖိုးဖြတ်၍မရသော ရတနာတစ်ခုဖြစ်ကြောင်းသိရှိသည်။ ၀ူရှစာအုပ်များထဲမှ လျို့၀ှက်သိုင်းကျမ်းများကဲ့သို့ပင် ဤစာအုပ်ကိုရရှိရန်စစ်သည်ပေါင်းများစွာသည် သတ်ရဲသေရဲကြမည်ဖြစ်သည်။ မှတ်စုများကိုယရှင်းမင်းသားဘ၀က ရေးသားထားခြင်းဖြစ်သော်လည်း ဤသည်မှာ သူဂုဏ်သတင်းမတက်သေးခင်ကာလဖြစ်သောကြောင့် ထင်ရှားစွာအဖိုးတန်နေဆဲပင်။

လျို့၀ှက်ထူးဆန်းသည့် သိုင်းဆရာသည် တော်၀င်စာကြည့်တိုက်ထဲတွင် တင်းကြပ်စွာစောင့်ရှောက်ထားရမည့် စာအုပ်မျိုးကိုပိုင်ဆိုင်ထားသည်ဖြစ်သည်။

“သူက တော်၀င်မိသားစုကို အလုပ်ကျွေးပြုတဲ့သိုင်းဆရာတွေထဲက တစ်ယောက်များလား...”

“ဒါမှမဟုတ်...”

ဖှေးအရာများသည် ပို၍ရှုပ်ထွေးလာသကဲ့သို့ခံစားနေရ၏။ သူစဥ်းစား၍မရနိုင်ဖြစ်နေသည်။ သူ၏ခေါင်းကိုခါရမ်းကာ မှတ်စုများကို ဖွင့်ကြည့်လိုက်သည်။ သူသည်ဒုတိယစာမျက်နှာတွင် ရေးသားထားည့်မှတ်စုများကို လရောင်အောက်တွင် ဂရုတစိုက်ဖတ်ကြည့်နေ၏။

မကြာမှီတွင် ဖှေးစိတ်၀င်စားသွားတော့သည်။

နှစ်နာရီခန့်လုံးတွင် ဖှေးသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ပင် ထိုနေရာ၌ပင်ရပ်ကာမှတ်စုကို မမှိတ်မသုံကြည့်နေကာ ပတ်၀န်းကျင်တွင်ရှိသည့်အရာများကို ဂရုစိုက်ခြင်းမရှိပေ။ လေညင်းကသာ သူ၏အမဲရောင်ဆံပင်များကို လေထဲတွင် လွှင့်ပျံနေစေ၏။

ဖှေး၏အစွမ်းများသည် ဒိုင်ယာဘလိုကမ္ဘာမှလာသည်ဖြစ်ပြီးလျှင်မြန်စွာပင် တိုးတတ်လာလျှက်ရှိသည်။ ဒိုင်ယာဘလိုကမ္ဘာမှစွမ်းအားများသည် သန်မာသော်လည်း သိုင်းကွက်များကိုအသုံးပြုပုံနှင့် အတွေ့ကြုံများသည် ဖှေး၏မကောင်းဆိုး၀ါးများ ရန်သူများနှင့်တိုက်ခိုက်ရာမှ ရရှိလာခြင်းမဖြစ်သည်။ ယရှင်းကဲ့သို့ အေဇာရုတိုက်ပေါ်မှ ကျွမ်းကျင်စစ်သည်များနှင့် နှိုင်းယှဥ်ကြည့်ပါက ဖှေးသည် စွမ်းအားများအပေါ်တွင် နားလည်တက်ကျွမ်းမှုမှာ အားနည်းနေသေးသည်။

မှတ်စုများကို ဖတ်ပြီးသည့်နောက်တွင် အလင်းပွင့်သွားသလိုခံစားလိုက်ရ၏။ ဖှေးယခင်က နားမလည်ခဲ့သည့်အရာများစွာရှိရာ ယခုအချိန်တွင် ဖှေးနားလည်သွားပြီဖြစ်သည်။ ညသန်းခေါင်းသည် မှောင်မဲနေဆဲဖြစ်သော်လည်း ဖှေး သူ၏အနာဂတ်သည် ရှင်းလင်းပြီးတောက်ပသွားသလိုခံစားလိုက်ရ၏။

“ဒီလိုဆို....”

ဖှေးမှတ်စုများကို ဖတ်ပြီးသွားသည့်နောက်တွင် အလွန်ပျော်ရွှင်သွား၏။

သူသည် တစ်ခါမှမတွေ့ဖူးသည့်အင်ပါယာအရှင်သခင်ယရှင်းကိုလေးစားမိသွားသည်။ မှတ်စုများကို ဖတ်ပြီးသည့်နောက်တွင် ငယ်ရွယ်သည့် ပါရမီရှင်သိုင်းဆရာတစ်ယောက်၏အကြံဉာဏ်များ၊ တွေးခေါ်ပုံများကို ဖှေး၏ခေါင်းထဲတွင် ကွက်ကွက်ကွင်းကွင်းမြင်တွေ့လိုက်ရသည်။

......

......

နောက်တစ်ရက်တွင် ပြိုင်ပွဲမစတင်မှီတစ်ရက်သာလိုတော့သည်ဖြစ်သည်။

ဖှေး ချမ်းဘော့ဒ်စခန်းသို့နေမထွက်မှီပြန်လာခဲ့ပြီး လှပသည့်ဇနီးလောင်းကို လက်မောင်းများထဲတွင် ပွေ့ကာအိပ်စက်လိုက်သည်။ သူသည် နေထွက်လာသည့်အချိန်တွင် အိပ်ယာမှထလိုက်၏။ မနက်စာစားပြီး တစ်ခြားခေါင်းဆောင်များနှင့် ပြိုင်ပွဲတွင် ချမ်းဘော့ဒ်တပ်ဖွဲ့အသုံးပြုမည့် ဗျူဟာများအစီစဥ်များကို ဆွေးနွေးပြီးသည့်နောက်တွင် ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့၀င်ကာ လယ်ဗယ်မြှင့်တင်ရန်ကြိုးစားတော့သည်။ ဤတစ်ကြိမ်တွင်မူ ဖှေးသည် မှတ်စုထဲမှသူဖတ်ထားသည့်အချက်လက်များကို လက်တွေ့စမ်းသပ်အသုံးချကြည့်နေခဲ့သည့်အတွက် လယ်ဗယ်မြှင့်တင်ခြင်းမှာ ယခင်ကလောက်မြန်ဆန်ခြင်းမရှိပေ။ သို့သော် သူ၏လူရိုင်းဇာတ်ကောင်၏အစွမ်းများကို ထိန်းချုပ်ကိုင်တွယ်အသုံးပြုနိုင်စွမ်းများ မိုးပေါ်ထိပင် ထောင်တက်သွား၏။

လေးနာရီခွဲခန့်ကြာပြီးသည့်နောက်တွင် လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၅၁သို့ရောက်ရှိသွားပြီဖြစ်သည်။

All Chapters