← Chapters

အခန်း (၃၇၂)

Vol. 25 Ch. 372

အခန်း (၃၇၂)

Vol. 25 Ch. 372

အတွင်းအားရစ်ပတ်ခြင်းနှင့် ကွယ်ပျောက်စွမ်းအင်လွှာသိုင်းကွက်တို့မှာ ဖှေးမနေ့ညတွင်လေ့လာခဲ့သည်ထက်ပင် အတွင်းအားကိုပို၍ထိန်းချုပ်တတ်ရန်လိုအပ်၏။ အသိဉာဏ်ဗဟုသုတပိုရှိရန်လိုအပ်ပြီး သိုင်းကွက်များကိုယ်တိုင်ကပင် စွမ်းအားမြင့်ပြီးအရည်ချင်းရှိသည့်စစ်သည်များကဲ့သို့ပင်။ သို့သော် ဖှေးသည်အင်ပါယာယရှင်း၏မှတ်စုများမှ အတွင်းအားထိန်ုးချုပ်ခြင်းကို လေ့လာခဲ့သည့်အတွက် ဤတစ်ခုမှာလည်း နားလည်ရန်သိပ်ပြီးမခဲယဥ်းလှပေ။

ညသည် ရှည်လျားလှပြီး ဖှေးသည် မှတ်စုများကိုဖတ်ရင်းဖြင့်နစ်မျှောသွား၏။

အချိန်များသည် လျှင်မြန်စွာပင်ကုန်ဆုံးသွားသည်။

နေထွက်ခါနီးအချိန်တွင် ဖှေးသိုင်းကွက်အသစ်များကိုလေ့လာနေခြင်းကို ရပ်တန့်လိုက်သည်။ သူသည် တိုက်ပွဲမြေပြင်ပတ်လည်တွင်ရှိသည့်မှော်အစီရင်များကိုဖြတ်ကျော်ခြင်းနှင့် ခရမ်းရောင်စာအုပ်ထဲမှ နည်းလမ်းများကိုအသုံးပြုကာ သူ၏၀ိဉာဥ်စွမ်းအားလယ်ဗယ်ကိုမြှင့်တင်လိုက်သည်။ ယခင်က ဖှေးသည် ချမ်းဘော့ဒ်စခန်းသို့ နေမထွက်မှီတွင်ပြန်လာလေ့ရှိသည်။ ယခုအချိန်တွင်မူ သူသည် မှတ်စုအားလေ့လာနေခြင်းကို ရပ်တန့်နိုင်ခြင်းမရှိပဲဖြစ်နေ၏။

သူသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြန်ပြောင်းလိုက်ပြီးနောက်တွင် စခန်းချနေရာများထံသို့ ပြေးသွားတော့၏။ နေထွက်နေပြီဖြစ်သော်လည်း သူသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏ ကိုယ်ရောင်ဖျောက်အစွမ်းများကို အသုံးပြုကာအတားဆီးများအစစ်ဆေးများကို ဖြတ်ကျော်လာခဲ့သည်။

သူချမ်းဘော့ဒ်စခန်းသို့ ပြန်ရောက်သည့်အချိန်တွင် ယနေ့တိုက်ပွဲတွင်ပါ၀င်ကြမည့်စစ်သည်များသည် ချပ်၀တ်များ၀တ်ဆင်ကာအသင့်စောင့်နေကြပြီဖြစ်သည်။ သူတို့သည် ဘုရင်၏ အမိန့်ကိုစောင့်နေကြခြင်းဖြစ်သည်။ ပြိုင်ပွဲထံသို့သွားရောက်ပြီး တိုင်းပြည်အတွက် သာလွန်သည့်ဂုဏ်သရေများကိုဆွတ်ခူးရန်အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

ဖှေးအပြာရောင်ဘုရင်၀တ်ရုံကို ၀တ်ဆင်လိုက်ပြီး ရွှေသရဖူကိုဆောင်းလိုက်ကာ တဲအပြင်သို့လမ်းလျှောက်ထွက်လာသည့်အချိန်တွင်မူ ချမ်းဘော့ဒ်စခန်းတစ်ခုလုံးတွင် ပျော်ရွှင်စွာအော်ဟစ်အားပေးသံများနှင့် ဆူညံသွား၏။ လူတိုင်း၏သွေးများသည် ဆူပွက်နေကြသည်။ သူတို့သည် ဘုရင်၏အပြုံကိုကြည့်ရင်းဖြင့် ယုံကြည်ချက်များနှင့်ပြည့်နှက်နေကြသည်။ သူတို့၏ဘုရင်သည် စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ခံစားနေရ၏။ သူတို့သည် အသက်၀ိဉာဥ်ကို တိုင်တည်ကာ သစ္စာပြုလိုက်ကြသည်။

“ကျွန်တော်တို့က အရှင်မင်းကြီးအတွက် သေတဲ့အထိတိုက်ခိုက်ဖို့ စိတ်အားထက်သန်နေပါတယ်...”

“အရှင်မင်းကြီးဘုန်းကြီးပါစေ...”

“အရှင်မင်းကြီးအသက်ရှည်ပါစေ...”

တောက်ပပြီးချွန်ထက်သည့်လက်နက်များသည် အေးစက်သည့်ဆောင်းရာသီ၏နေရောင်ခြည်ကို အလင်းပြန်လျှက်ရှိပြီး သတ်ဖြတ်လိုသည့်ဆန္ဒများသည် စစ်သည်များ၏သွေးကြောများထဲတွင် စီးဆင်းနေ၏။ ဘေး၏ဘေးတွင်ရပ်နေသည်မှာ ပြိုင်ဘက်ကင်းသည့်တပ်ဖွဲ့ကြီးပင်။ သူတို့သည် ဘုရင်တစ်ယောက်တည်းကိုသာ ကိုးကွယ်ကြပြီးသေရမည်ကို မကြောက်ကြပေ။

သူတို့၏ဓားများကို ဘုရင်အတွက် ၀ှေ့ရမ်းပေးကြမည်ဖြစ်သည်။

သူတို့၏သွေးများကိုလည်း ဘုရင်အတွက် မြေပေါ်သို့အကျခံကြမည်ဖြစ်သည်။

ဖှေးသည်လည်း သူမြင်နေရသည့်မြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွားရ၏။ သူ၏ဓားကို လေပေါ်သို့မြှောက်လိုက်သည်။ စစ်သည်များအားလုံးတိတ်ဆိတ်သွားသည့်အချိန်တွင် သူပြောလိုက်သည်။ “အောင်နိုင်ရမယ်...”

“အောင်နိုင်ရမယ်...” စစ်သည်များအားလုံးသည် သူနှင့်အတူလိုက်အော်ကြ၏။ ဤသည်မှာ မိုးကြိုးကဲ့သို့ပင် ကျယ်လောင်၏။

“ဂုဏ်သရေက ငါ့ရဲ့အသက်ပဲ...” ဖှေးသည် အော်ဟစ်လိုက်ကာ မဟူရာမုန်တိုင်း၏ကြောပေါ်သို့ခုန်တက်လိုက်သည်။

“ဂုဏ်သရေက ငါ့ရဲ့အသက်ပဲ...” စစ်သည်များသည်လည်း မြင်းဇာတ်ကြိုးများကို ကိုင်ကာ သူတို့၏လက်နက်များကို ကိုင်မြှောက်လိုက်ကြ၏။

“စထွက်ကြတော့...”

ဖှေးသည် အမိန့်ပေးလိုက်ကာ မဟူရာမုန်တိုင်းသည် ဟိန်းဟောက်လိုက်ပြီး စခန်းအပြင်သို့ထွက်ခွာသွားတော့သည်။

နဂါးတစ်ကောင်၏ဟိန်းဟောက်သံနှင့်ပင် နှိုင်းယှဥ်၍ရနိုင်သည့် မဟူရာမုန်တိုင်း၏ထူးဆန်းသော ဟိန်းဟောက်သံသည် စခန်းချနေရာတစ်၀ိုက်တွင် ပြန့်နှံ့သွားတော့၏။ ဤရက်ပိုင်းအတွင်းတွင် မဟူရာမုန်တိုင်းသည် ဟော့ခ်ဆေးပုလင်းများစွာကို သောက်သုံးနေခဲ့သည်။ ဆေးပုလင်း၏အာနိသင်ကြောင့် သူ၏ခန္ဓာကိုယ်သည်လည်း ဆက်တိုက်ပင် ကြီးထွားလာလျှက်ရှိသည်။ ယခုအချိန်တွင် ခွေးကြီးသည်၃မီတာခန့်ပင် မြင့်မားနေပြီး ကြည့်ရသည်မှာ ထည်၀ါလှသည်။ သူ၏အမဲရောင်အမွှေးများသည် အပြာရောင်သန်းနေပြီး ကျားတစ်ကောင်ကဲ့သို့ပင် ပြေးလွှားနေ၏။ သူ့အားခွေးတစ်ကောင်ဟုပင် ပြောရန်ခဲယဥ်းလှသည်။ မဟူရာမုန်တိုင်းသည် နတ်ဆိုးသားရဲကြီးတစ်ကောင်ကဲ့သို့ပင်။

ဖှေး၏နောက်တွင် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည် ပုဆိန်တစ်လက်၊ ဓားတစ်လက်နောက်ခံနှင့် ခွေးခေါင်းနှစ်လုံးပါသည့်အလံတို့ကို ကိုင်မြှောက်ထား၏။

လူသန်ကြီးနှစ်ယောက်လုံးသည် နှစ်မီတာကျော်ခန့်အရပ်ရှိပြီး သူတို့၏ကြွက်သာများမှာလည်းကြီးမားလှသည်၊ တောင်ငယ်နှစ်လုံးကဲ့သို့ပင်။ သူတို့စီးနှင်းနေသည့် မီးမှုတ်သားရဲများ၏ ခြေလေးဘက်လုံးတွင် မီးမှော်စွမ်းအင်များရှိနေကြပြီဖြစ်သည်။ သတ်ဖြတ်လိုသည့် ဆန္ဒများသည်လည်း သူတို့၏မျက်လုံးများအတွင်းမှ ရံဖန်ရံခါတွင် ထွက်ပေါ်လာလျှက်ရှိသည်။

ချီရှူအီတိုင်းပြည်မှ သိမ်းဆည်းထားသည့် ဆုလာဘ်မျာအနေဖြင့် အန်ဂျယ်လာသည့်သူတို့ကို များစွာဂရုစိုက်ခဲ့သည်။ အစာအဟာရများစွာကျွေးပြီးသည့်နောက်တွင် သူတို့သည် သဘာ၀အခြေအနေသို့ပြန်ရောက်ကာ အလွန်သန်စွမ်းသည့် သားရဲများဖြစ်လာကြပြီဖြစ်သည်။

အဆင့်၄နတ်ဆိုးသားရဲများပေါ်တွင် သားရဲကောင်ကဲ့သို့လူသန်ကြီးများတက်စီးနေ၏။ ဤသည်မှာ ကြောက်မက်ဖွယ်ပင်။

ဤလူနှစ်ယောက်၏နောက်တွင် တိုးရိစ်၊ ပီတာ၊ အယ်လီနာတို့နှင့် တစ်ခြားချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များရှိနေ၏။ သူတို့လည်း အဆင့်၄မှော်သားရဲများကို စီးနင်းကာ မြင်းချောများဆွဲနေသည့် မှော်ရထားလုံးတစ်ခုကို ကာကွယ်စောင့်ရှောက်လျှက်ရှိကြသည်။ ထိုရထားလုံးထဲတွင် အန်ဂျယ်လာ၊ အန်မာနှင့် ဖှေးကာကွယ်စောင့်ရှောက်ရန်ဆုံးဖြတ်ထားသည့် ကောင်မလေးရှစ်ယောက်တို့ပါရှိသည်။ ထိုကောင်မလေးရှစ်ယောက်သည်လည်းချမ်းဘော့ဒ်စခန်းထဲတွင်နေရသည်မှာ အသားကျနေပြီဖြစ်၏။

သူတို့၏နောက်တွင် အဆင်သင့်ဖြစ်နေကြသည့်ချမ်းဘော့ဒ်စစ်သည်အယောက်၅၀ပင်။

သူတို့အားလုံးသည်လည်း အဆင့်၄မီးမှုတ်သားရဲများကို စီးနင်းနေကြ၏။ သူတို့အားလုံးလမ်းများပေါ်တွင် ဖြတ်သွားသည့်အချိန်တွင် ကြမ်းကြုတ်သည့်လေထုသည် တစ်ခြားလူများအား အနောက်သို့ဆုတ်ခွာသွားစေသည်။ သူတို့သည် သွေးဆားနေသည့်သားရဲအကောင်ငါးဆယ်ကဲ့သို့ပင် ခံစားနေရသည်။ သာမန်လူသားများမဟုတ်ကြချေ။ ဖိအားမှာ အလွန်များလှ၏။

ဤသည်မှာ ပြိုင်ပွဲတွင်ပါ၀င်ယှဥ်ပြိုင်ကြမည့်အဖွဲ့များပင်။

ချမ်းဘော့ဒ်တိုင်းပြည်၏ယခင်နံပါတ်၁စစ်သည်လမ်းပါ့ဒ်သည် ကျန်ရှိနေသည့်စစ်သည်များနှင့်အတူ စခန်းကိုကာကွယ်ကာ ချမ်းဘော့ဒ်တိုင်းပြည်၏အောင်နိုင်မှုကို စောင့်စားရင်းကျန်နေခဲ့၏။

ချမ်းဘော့ဒ်တပ်ဖွဲ့သည် လူတိုင်း၏လေးစားအားကျသည့်အကြည့်များအောက်တွင် စခန်းချနေရာအလည်သို့ချီတပ်သွားကြ၏။

“ဘုရားရေ ဒါကချမ်းဘော့ဒ်တပ်ဖွဲ့လား။ စွမ်းအားမြင့်လွန်းတယ်။ အတော်ကို စွမ်းအားမြင့်လွန်းတယ်...”

“ဟမ် ငါဒါကိုထင်မထားဘူး။ ချမ်းဘော့ဒ်တိုင်းပြည်မှာ ကျွမ်းကျင်စစ်သည်တွေအများကြီးနဲ့ လက်နက်ပစ္စည်းအကောင်းစားတွေရှိနေလိမ့်မယ်လို့ထင်မထားဘူး။ မင်းသူတို့စီးနေတဲ့သားရဲတွေကိုမြင်ရလား။ အဲ့တာနာမည်ကြီး မီးမှုတ်သားရဲကောင်တွေပဲ။ စစ်သည်တော်တော်များများအိမ်မက်မက်ရုံပဲတက်နိုင်တဲ့ဟာတွေပေါ့။

“သေစမ်း ငါချမ်းဘော့ဒ်ဘုရင်ကိုပဲ သတိထားရမည်လို့ထင်နေခဲ့တာ။ ငါတို့မှာ ချမ်းဘော့ဒ်ဘုရင်ကို ယှဥ်နိုင်ဖို့အခွင့်ရေးရှိသေးတယ်မှတ်နေတာ။ ငါထင်တာမှားသွားခဲ့တဲ့ပုံပဲ...”

“ဟားဟား စိတ်၀င်စားစရာပဲ။ ဒီနှစ်ပြိုင်ပွဲကတော့ စိတ်၀င်စားစရာပဲ။ အဆင့်၁အဖွဲ့၀င်တိုင်းပြည်ဆယ်ခုမှာတော့ ပြိုင်ဘက်အသစ်တစ်ယောက်ရှိလာတဲ့ပုံပဲ။ ချမ်းဘော့ဒ်တိုင်းပြည်က အစဥ်လာတွေကို ချိုးဖောက်ပစ်နိုင်လောက်တယ်...”

“ချမ်းဘော့ဒ်တိုင်းပြည်က တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲတွေရဲ့ ဘုရင်တောင်ဖြစ်လာနိုင်လားမသိဘူး...”

“ဒါကတော့မသေချာဘူး။ ချမ်းဘော့ဒ်ဘုရင်မှာတော့ အခွင့်ရေးရှိရင်ရှိလိမ့်မယ်။ သူက ပါးကွပ်သားသူရဲကောင်းတွေကိုအနိုင်ယူနိုင်ခဲ့ပြီးတော့ စွမ်းအားကြီးတဲ့လူတစ်ယောက်ပဲ။ ဒါပေမယ့် အုပ်စုလိုက်ပြိုင်ပွဲတွေမှာဆိုရင်ရော သူ့ရဲ့တပ်ဖွဲ့က အဆင့်၁အဖွဲ့၀င်တိုင်းပြည်တပ်တွေကို ယှဥ်နိုင်ပါ့မလား...။ အဆင့်၁အဖွဲ့၀င်တိုင်းပြည်တွေမှာက ပိုင်ဆိုင်ကြွယ်၀မှုတွေအများကြီးရှိနေတာဆိုတော့လေ။ အခုမှတက်လာတဲ့အဖွဲ့တွေနဲ့ ယှဥ်လို့ရမှာမဟုတ်ဘူး...”

“ဟီးဟီး စောင့်သာကြည့်နေလိုက်ပါ။ အရာတွေက အဲ့လောက်မရိုးရှင်းလောက်ဘူး။ မြင့်မားတဲ့သစ်ပင်တွေတောင်လေကြောင့် လဲပြိုရသေးတာပဲ။ ချမ်းဘော့ဒ်တိုင်းပြည်က လက်တလောမှာ နာမည်ကြီးနေတာကြာပြီ။ သူတို့က သူတို့ရဲ့စွမ်းအားတွေကို အများကြီးပြသပြီးသွားပြီ။ သူတို့ရဲ့အားနည်းချက်ကရော ဘာလဲ။ သူတို့တွေက အရာအားလုံးကိုပြောင်းလဲပစ်ချင်တာလား။ အင်အားစုအဟောင်းတွေက သူတို့ကို သင်ခန်းစာပေးလိုက်လိမ့်မယ်...”

ချမ်းဘော့ဒ်တိုင်းပြသည် စခန်းချနေရာများ၏အလည်ခေါင်တွင်ရှိသည့် ကွင်းထဲသို့ချီတပ်လာသည်နှင့်အမျှ စကားပြောသံများသည်လည်း ကျယ်လောင်သည်ထက်ကျယ်လောင်လာ၏။

......

......

စခန်းချနေရာများ၏အလည်ခေါင်တွင်ရှိသည့် ကွင်းထဲတွင်ဖြစ်သည်။

အဖွဲ့၀င်တိုင်းပြည်၂၄၄နှင့် ဘုရင်များမင်းသားများ၊ ကျွမ်းကျင်စစ်သည်များစွာပါ၀င်သည့် လူပေါင်း၂သောင်းကျော်ခန့်ရှိနေကြသည်။

အလံပေါင်းများစွာသည် တောက်ပသည့်နေရောင်အောက်ရှိ အေးစက်သည့်လေညင်းနှင့်အတူလွှင့်ပျံလျှက်ရှိကြပြီး စစ်မြင်းများသည် နှာမှုတ်နေရင်းဖြင့် သူတို့၏အရှေ့တွင် အဖြူရောင်မြူခိုးများကိုဖန်တီးနေကြသည်။ ဇီးနစ်မှ ကျွမ်းကျင်သူများအားလုံးသည် အလည်တွင်ရှိသည့် ကွင်းပြင်ထဲတွင်ရောက်ရှိနေကြပြီဖြစ်၏။

စစ်သည်ပေါင်း၂သောင်းခန့်သည် ကွင်းပြင်ထဲတွင် ဖွဲ့စည်းပုံအသီးသီးဖြင့်ရှိနေကြသည်။

ချမ်းဘော့ဒ်သည်လက်တလောတွင် နာမည်ကျော်ကြားလာသော်လည်း အဆင့်၆အဖွဲ့၀င်တိုင်းပြည်တစ်ခုသာဖြစ်သေးသည့်အတွက် ချမ်းဘော့ဒ်တပ်ဖွဲ့တည်ရှိသည့်နေရာမှာ စခန်းအစွန်ဖျားတွင်ဖြစ်သည်။ ချမ်းဘော့ဒ်တပ်ဖွဲ့မှလူများသည် အလယ်ခေါင်တွင်ရှိနေသည့်စင်မြင့်ကိုအ၀ေးမှ ၀ေ၀ေ၀ါး၀ါးသာမြင်နေရ၏။

ဤစင်မြင့်သည် မိုရိုတောင်တန်းများပေါ်မှ နှစ်ပေါင်းတစ်ရာကျော်သစ်သားများဖြင့်ပြုထုပ်ထားခြင်းဖြစ်သည်။

စင်မြင့်၏အောက်ဆုံးအထပ်မှာ တစ်ဖက်တွင် မီတာတစ်ရာခန့်ကျယ်၀န်းသည့် စတုရန်းပုံစင်မြင့်တစ်ခုပင်။ ထို့နောက်တွင် ပထမထပ်၏အပေါ်တွင် အထပ်ရှစ်ထပ်ရှိနေပြီး ဘေးနှစ်ဖက်တွင် အပေါ်သို့တက်ရောက်နိုင်ရန်လှေကားများတပ်ဆင်ထား၏။ ထုံးတမ်းစဥ်လားများအရ အင်ပါယာအရှင်သခင်ယရှင်းသည် စင်မြင့်၏အပေါ်ဆုံးအထပ်တွင် ရောက်ရှိလာမည်ဖြစ်သည်။ သူသည် အဖွဲ့၀င်တိုင်းပြည်များမှ စစ်သည်များကိုအပေါ်မှလေ့လာကြည့်ရှုမည်ဖြစ်ပြီး မဟာဘုရားကျောင်းမှ သူတော်စဥ်များ၏အကူညီဖြင့် နတ်ဘုရားများအားယစ်ပူဇော်ခြင်းအခမ်းနားကိုလည်း ပြုလုပ်မည်ဖြစ်သည်။ အင်ပါယာအရှင်သခင်သည် ပါးလွှာသည့်ဓားတစ်ချောင်းကိုအသုံးပြပြီး ၃နှစ်သားကျွဲဖြူသုံးကောင်ကို သတ်ပေးရမည်ဖြစ်သည်။ ကျွဲများ၏နှလုံးသားများကိုထုတ်ကာ မဟာဘုရားကျောင်းမှသူတော်စဥ်များသည်လည်း အင်ပါယာကိုနောက်ထပ်သုံးနှစ်ကြည့်ရှုပေးမည်ဖြစ်သည်။

ယစ်ပူဇော်ခြင်းအခမ်းနားသည် ပြိုင်ပွဲ၏အရေးကြီးအစိတ်ပိုင်းတစ်ခုပင်ဖြစ်ပြီး ထိုအရာသည် အရေးကြီးကိစ္စတစ်ခုကို ကိုယ်စားပြုသည်။

သို့သော် ဤနှစ်တွင်မူ အခြေအနေများမှာ တူညီခြင်းမရှိပေ။

All Chapters