← Chapters

အခန်း (၃၇၃)

Vol. 25 Ch. 373

အခန်း (၃၇၃)

Vol. 25 Ch. 373

လူပေါင်းနှစ်သောင်းကျော်သည် နာရီ၀က်ခန့်စောင့်စားနေကြသော်လည်း အင်ပါယာအရှင်သခင်ယရှင်းကိုမူ တွေ့ရသေးခြင်းမရှိသေးပေ။

သို့သော ထီးနန်းဆက်ခံရနိုင်ခြေရှိသည့် မင်းသားနှစ်ပါးဖြစ်သည့် အာရှဗင်နှင့် ဒိုမင်ဂူတို့နှစ်ဦးလုံးသည် ရှစ်ထပ်မြောက်စင်မြင့်ပေါ်တွင်ရောက်နေကြပြီဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် ရွှေရောင်ချပ်၀တ်များကို ၀တ်ဆင်ထားကြပြီးအမဲရောင်၀တ်ရုံများသည် လေထဲတွင် တလူလူလွှင့်လျှက်ရှိသည်။ သူတို့သည် လူများအားလုံးကိုနတ်ဘုရားများကဲ့သို့ပင် အပေါ်မှငုံ့ကြည့်နေကြပြီး ကျွဲဖြူသုံးကောင်ကို စင်အပေါ်ဆုံးသို့ခေါ်ဆောင်လာပြီးဖြစ်သည်။

လူတိုင်းသည်စောင့်စားနေကြ၏။

ဖှေးသည် မဟူရာမုန်တိုင်း၏ကျောပေါ်တွင် ထိုင်စောင့်နေရင်းဖြင့် ပျင်းလာသဖြင့် အဖွဲ့၀င်တိုင်းပြည်တပ်ဖွဲ့များကိုကြည့်လိုက်မိသည်။

ဇီးနစ်အင်ပါယာထဲတွင် လက်ရှိအဖွဲ့၀င်တိုင်းပြည်၂၄၄ရှိပြီး အဆင့်၆ဆင့်ရှိသည်။ ပိရမစ်တစ်ခုကဲ့သို့ပင် အဆင့်၁အဖွဲ့၀င်၁၀နိုင်ငံ၊ အဆင့်၂အဖွဲ့၀င်နိုင်ငံ၂၀နိုင်ငံ၊ အဆင့်၃အဖွဲ့၀င်နိုင်ငံ၃၀နိုင်ငံ၊ အဆင့်၄အဖွဲ့၀င်နိုင်ငံ၄၀နိုင်ငံ၊ အဆင့်၅အဖွဲ့၀င်နိုင်ငံ၆၀နိုင်ငံနှင့် အဆင့်၆အဖွဲ့၀င်နိုင်ငံ ၈၄နိုင်ငံတို့ရှိကြသည်။

တိုင်းပြည်အများစုမှာ အင်အားနည်းကြပြီး တည်နေရာ၊ စစ်သည်အရေတွက်နှင့် အဖွဲ့၀င်တိုင်းပြည်တစ်ခုခြင်းစီ၍ နေရာချဖွဲ့စည်းပုံတို့မှာ မတူညီကြပေ။

တစ်ချို့အဖွဲ့၀င်တိုင်းပြည်များတွင် စစ်သည်အင်အားနှစ်ရာကျော်ရှိကြပြီး အဆင့်မြင့်လက်နက်ချပ်၀တ်ပစ္စည်းများကို တပ်ဆင်ထားကြသည်။ တစ်ချို့အဖွဲ့၀င်တိုင်းပြည်များတွင် စစ်သည်အင်အားတစ်ရာပင်မပြည့်ကြပဲ လယ်သာချပ်၀တ်များကိုသာ၀တ်ဆင်ထားကြ၏။ ထိုစစ်သည်များတွင် တော်ရုံလက်နက်ပစ္စည်းများပင် တပ်ဆင်ထားခြင်းမရှိကြပေ။ သာမန်လေးမြှားများနှင့် သစ်သားဖြင့်ပြုလုပ်ထားသည့်လှံရှည်တို့ကိုသာ ကိုင်ဆောင်ထားသည့်စစ်သည်များလည်းရှိနေ၏။ ဤတိုင်းပြည်များသည် ချမ်းဘော့ဒ်တိုင်းပြည်ယခင်ကအခြေအနေထက်ပင် ပို၍ဆိုး၀ါးလှသည်။ တစ်ချို့ဘုရင်များဆိုလျှင် ချပ်၀တ်၀တ်ဆင်ရန်ပင် တက်နိုင်ခြင်းမရှိပေ။ တိရိစ္ဆာန်သားမွေးများကိုသာ လူရိုင်းများကဲ့သို့၀တ်ဆင်ထားကြသည်။ သို့သော် ဤလူများသည် တောင့်တောင့်တင်းတင်းဖြစ်သဖြင့် သူတို့ကအင်အားကိုလည်းလျစ်လျူရှု၍မရပေ။

နှိုင်းယှဥ်ကြည့်ပါက ချမ်းဘော့ဒ်တိုင်းပြည်၏ပြင်ဆင်မှုမှာလည်း အရည်သွေးမြင့်လက်နက်ချပ်၀တ်ပစ္စည်းများ၊ အဆင့်၄မီးမှုတ်သားရဲများနှင့် အဆင့်၁အဖွဲ့၀င်တိုင်းပြည်များနှင့်ကွာခြားခြင်းမရှိပေ။

ဖှေးတစ်ခြားလူများကို လေ့လာနေသည့်အချိန်တွင် တစ်ခြားလူများသည်လည်းချမ်းဘော့ဒ်တိုင်းပြည်ကိုလေ့လာကြည့်နေ၏။

တစ်ချို့အကြည့်များသည် အားကျမှုများ၊ မနာလိုမှုများ၊ ဖားယားခြင်းများ၊ အမုန်းတရားများ၊ ရန်လိုမှုများ၊ ရင်းနှီးမှုများ၊ ကြောက်ရွံ့မှုများစသည်ဖြင့်ဤခံစားချက်များကို ပြသနေကြသည်။

ဖှေးစိတ်မရှည်တော့သည့်အချိန်တွင် အလင်းတန်းများစွာသည် ကောင်းကင်ပေါ်တွင် ပေါ်လာ၏။ နတ်ဘုရားကဲ့သို့ ဖြစ်တည်မှုတစ်ခုပေါ်လာပြီး ကွင်းလည်သို့ဦးတည်သွား၏။

လူတိုင်းစိတ်လှုပ်ရှားလာကြပြီး ထိုအရပ်သို့ကြည့်လိုက်ကြသည်။ သူတို့သည် မှော်စွမ်းအားများကိုလောင်ကျွမ်းကာ ပျံသန်းနေသည့်တော်၀င်မှော်ဆရာလေးယောက်ဖြစ်ပြီး သူတို့၏အနောက်တွင် နေမင်းကဲ့သို့တောက်ပသည့်အရာတစ်ခုပါလာ၏။ သူတို့အားလုံးသည် စင်မြင့်ထံသို့ပျံသန်းသွားကြသည်။

ဖှေးသေချာကြည့်လိုက်ရာ ဤနေကဲ့သို့တောက်ပနေသည့်အရာကြီးသည် နဂါးပုံသဏန်ရှိသည့် သားရဲကြီးတစ်ကောင်ဖြစ်မှန်းတွေ့လိုက်ရသည်။ အတောင်ပံများကို ဖြန့်ကာလေထဲတွင် ငှက်တစ်ကောင်ကဲ့သို့ပျံသန်းနေသည်။ သို့သော် သူသည် ရံဖန်ရံခါတွင် ဟိန်းဟောက်လျှက်ရှိကာ သူထုတ်လွှတ်လိုက်သည့်အသံလှိုင်းများသည် တိမ်တိုက်များကိုပင် နှစ်ခြမ်းကွဲသွားစေ၏။

နဂါးမျိုးစပ်သည့် သားရဲတစ်ကောင်ပင်။

ဤအရာကြီးသည် အမှန်တကယ်ပင် နဂါးမျိုးနွယ်၀င်သားရဲတစ်ကောင်ပင်။

ထိုအရာသည် နဂါးသွေးပါရှိသည်ဟု နာမည်ကျော်ကြားသည့်သားရဲကြီးတစ်ကောင်ဖြစ်ပြီး ဤမျိုးစိတ်များသည် ကောင်းကင်၏ဘုရင်တစ်ပါးပင်။ ပြီးပြည့်စုံသည့် လေကြောင်းစီးနင်းစရာပင်။

ဖှေးထိတ်လန့်အံ့သြသွားသည်။

သူမြင်နေရသည့်မြင်ကွင်းသည် အိမ်မက်ကဲ့သို့ပင်ဖြစ်နေသည့်အတွက်ပင်။

သူယခင်ဘ၀တွင်ကြည့်ခဲ့သည့်ရုပ်ရှင်ဇာတ်ကားများ၊ ချမ်းဘော့ဒ်တော်၀င်စာကြည့်တိုက်အတွင်းမှ စာအုပ်များ၊ ခရီးသွားကဗျာဆရာများ၏ပုံပြင်များထဲမှ ဖှေးသည် နဂါးများနှင့်ပတ်သက်သည့်ဒဏာရီများကို သိရှိပြီးခဲ့ပြီဖြစ်သည်။ သို့သော် တောင်ကြီးကဲ့သို့သော နဂါးကြီးတစ်ကောင်ကို မျက်စိရှေ့မှောက်တွင် အမှန်တကယ်ပင်တွေ့လိုက်ရပါက ထိတ်လန့်ခြင်းကိုအချိန်အတန်ကြာခံစားမိမည်ဖြစ်သည်။

ဤသည်မှာ စွမ်းအားနှင့်သက်ဆိုင်ခြင်းမရှိပေ။ နဂါးတစ်ကောင်၏အရွယ်စားနှင့်အရှိန်၀ါတို့သည် လူတစ်ယောက်၏စိတ်ထဲတွင် အကြောက်တရားကြီးစိုးစေရန်အတွက် လုံလောက်၏။ ဤသည်မှာ ပုရွက်စိတ်တစ်ကောင်သည် ဆင်တစ်ကောင်အားပထမဆုံးအကြိမ်အနေဖြင့် မြင်လိုက်ရသကဲ့သို့ပင်။

ဤနဂါးသွေးနှောသည့်သားရဲကြီး၏နောက်ကြောပေါ်တွင် လျို့၀ှက်ထူဆန်းကာကြီးမားသည့်ရွှေရောင်ပုလ္လင်ကြီးတစ်ခုရှိနေပြီး သားရဲကောင်ကြီးသည်လည်း ချောမွေ့စွာပင်ပျံသန်းနေလျှက်ရှိသည်။ တော်၀င်မှော်ဆရာများ၏အကူညီဖြင့် သားရဲကောင်ကြီးသည် ကိုးထပ်မြောက်စင်မြင့်ဘေးတွင် ပျံ၀ဲလိုက်သည်။

နဂါးသားရဲကောင်ကြီးပျံသန်းသွားသည့်အချိန်တွင် ကွင်းပြင်တစ်ခုလုံးထဲတွင် လေးစားမှုများနှင့် အကြောက်တရားတို့ဖြင့် ပြည့်နှက်သွား၏။ တစ်ချို့စစ်မြင်းများမှာ ကြောက်လန့်လွန်းသဖြင့် ခြေထောက်များပင် ခွေခေါက်လဲကျကာ သတိလစ်မေ့မြောကုန်ကြသည်။

ထို့နောက်တွင် နဂါးသားရဲကြီးသည်တစ်ဖက်သို့ညင်သာစွာဖြင့် လှည့်လိုက်သည်။

ငှက်မွေးတစ်ချောင်းကဲ့သို့ပင် ပုလ္လင်ကြီးသည် ကိုးထပ်မြောက်စင်မြင့်ပေါ်သို့ ညင်သာစွာကျဆင်းလာ၏။

“ဖုန်း...” တစ်ချိန်တည်းမှာပင် တော်၀င်မှော်ဆရာများသည်လည်း ၇ထပ်မြောက်စင်မြင့်ပေါ်တွင် ဆင်းသက်လိုက်ကြသည်။ပင်လယ်ပြင်ကဲ့သို့ ကျယ်၀န်းသည့် မှော်စွမ်းအင်အရှိန်၀ါများသည်လည်း သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာလျှက်ရှိသည်။ သူတို့သည် မင်းသားများ၏အောက်တွင်ရှိသောအထပ်တွင်ဖြစ်သည်။

မှော်ဆရာလေးယောက်သည် အရပ်မျက်နှာတစ်ဖက်စီတွင်ရပ်လိုက်ကြသည်။ သူတို့သည် အောက်တွင်ရှိသည့်လူများကို ဂရုတစိုက်ဖြင့်စစ်ဆေးကြည့်ရှုလိုက်ကြသည်။ သူတို့သည် လက်ထဲတွင်ရှိနေသည့် မှော်တောင်၀ှေးများကို တင်းကြပ်စွာဆုပ်ကိုင်ရင်းဖြင့် စင်မြင့်ပေါ်တွင် နေရာချထားသည့်မှော်အစီရင်အတွင်းသို့ မှော်စွမ်းအားများစီး၀င်စေလိုက်သည်။ ညင်သာသည့်တုန်ခါသံတစ်ခုထွက်ပေါ်လာပြီးသည့်နောက်တွင် မမြင်နိုင်သည့်စွမ်းအင်လွှာာတစ်ခုထွက်ပေါ်လာပြီး စင်တစ်ခုလုံးကိုကာကွယ်လိုက်၏။

အ၀ေးမှကြည့်နေရင်းဖြင့် ဖှေးသည် ဤမှော်ဆရာများ၏ရင်ဘက်တွင် ရေးထိုးထားသည့် ကြယ်ခြောက်လုံးကိုရှင်းလင်းစွာမြင်နေရသည်။ ကြယ်ခြောက်လုံးအဆင့်မှော်ဆရာများပင်။ ဖှေး၏အမြင်အာရုံသည် ကောင်းမွန်လှ၏။

တော်၀င်မှော်ဆရာခြောက်ယောက်လုံးသည် ကြယ်ခြောက်လုံးအဆင့်မှော်ဆရာများပင်။

ဖှေးယနေ့တွင် ကြယ်ခြောက်လုံးအဆင့်မှော်ဆရာလေးယောက်ကို တွေ့ရလိမ့်မည်ဟုထင်မထားခဲ့ပေ။

သို့သော် မိုရိုတောင်တန်းများပေါ်မှ ကြယ်ခြောက်လုံးအဆင့်မှော်အစီရင်များအကြောင်းကို ပြန်လည်ကာ စဥ်းစားပြီးသည့်နောက်တွင် ကြယ်ခြောက်လုံးအဆင့်မှော်ဆရာများရောက်ရှိလာခြင်းသည် ထူးဆန်းသည့်အရာမဟုတ်တော့ပေ။ တကယ်တန်းတွင် ဇီးနစ်တော်၀င်မိသားစုတွင်အမှုထမ်းနေသည့် ပို၍အဆင့်မြင့်သောမှော်ဆရာများပင် ရှိနေနိုင်သေးသောကြောင့်ပင်။

ဇီးနစ်အင်ပါယာတွင် လျို့၀ှက်ထားသည့်အင်အားများရှိနေလိမ့်ဦးမည်ဟုဖှေးယုံကြည်၏။ သူသည် အင်ပါယာတော်၀င်နန်းတော်ထဲတွင် ပုန်းအောင်းကာ ကာကွယ်စောင့်ရှောက်နေသည့် ကြောက်မက်ဖွယ်သိုင်းဆရာများ မှော်ဆရာများရှိနေဦးမည်ဟုယုံကြသည်။

မကြာမှီတွင် ဖှေး၏မျက်လုံးများည် ကိုးထပ်မြောက်စင်မြင့်ပေါ်တွင် ရှိသည့် ရွှေပုလ္လင်ထံသို့ ပြန်လည်ကာရောက်ရှိသွားတော့သည်။

ပုလ္လင်အားအသေးစိတ်လေ့လာကြည့်လိုက်ပြီးသည့်နောက်တွင် အမည်မသိတန်ဖိုးကြီး ပစ္စည်းတစ်ခုခုဖြင့်ပြုလုပ်ထားသည်ကို သတိထားလိုက်မိသည်။ ပျံသန်းနေသည့် နဂါးတစ်ကောင်ပုံကို ပုလ္လင်ပေါ်တွင် ထွင်းထုထားပြီး ထိုအရာသည် စင်ကို ပတ်ကာပျံသန်းနေသည့် နဂါးသားရဲနှင့်အလွန်တူညီလှသည်။ ကြီးမားကာချွန်ထက်သည့်ဦးချိုများအောက်တွင် ပါးစပ်ကြီးသည်မှုတ်ထုတ်နေသည့်မီးတောက်များနှင့် အတူအစွယ်များကိုဖော်ပြနေသည်။ ၄င်း၏ခန္ဓာကိုယ်ပေါ်တွင် အ၀ါရောင်ကြေးခွံများရှိနေကြပြီး ကြီးမားသည့် ပုလ္လင်ကြီးတစ်ခုကို သူ၏ကျောပေါ်တွင် သယ်ဆောင်ထား၏။

ဤပုလ္လင်ပေါ်တွင် ထိုင်ခွင့်ရှိသည့်လူတစ်ယောက်သာရှိသည်ကို လူတိုင်းသိရှိကြသည်။

အင်ပါယာအရှင်သခင်ယရှင်းပင်။

အင်ပါယာအရှင်သခင်ယရှင်း ငယ်စဥ်က ရေးသားခဲ့သည့်မှတ်စုများကို ဖတ်ပြီးသည့်နောက်တွင် ဖှေးသည် ဤဒဏာရီလာအင်ပါယာ၏အကြောင်းကို စိတ်၀င်စားနေခဲ့သည်။ သူသည် ဤအရည်ချင်းရှိသည့်လူကို အမှန်တကယ်ပင် အနီးကပ်မြင်ခွင့်ရလိုနေ၏။

သို့သော် ဤအခိုက်တန့်တွင် အနီရောင်စွမ်းအင်များသည် ပုလ္လင်ထံမှထွက်ပေါ်လာပြီး မီးတောက်များကဲ့သို့ပင် အရာအားလုံးကို မမြင်နိုင်အောင်ကာရံလိုက်သည်။ မည်သူမှ ဤစွမ်းအင်မီးတောက်များကို ထိုးဖောက်ကာမြင်နိုင်ခြင်းမရှိပေ။ ကြယ်၇လုံးအလယ်လတ်အဆင့်စွမ်းအင်ရှိသည့် ဖှေးကိုယ်တိုင်ပင်အပါ၀င်ဖြစ်၏။

All Chapters