အခန်း (၃၇၅)
Vol. 25 Ch. 375
သုံးနာရီခန့်ကြာသည့်အချိန်တွင် ယစ်ပူဇော်ခြင်းအခမ်းနားမှာ မင်းသားနှစ်ပါး၏ဦးဆောင်ကျင်းပမှုနှင့်အတူပြီးမြောက်သွား၏။ အဆင့်သက်မှတ်ခြင်း၏ပထမပွဲစဥ်မှာ နေ့လည်ခင်းတွင် စတင်တော့မည်ဖြစ်သည်။
ဓားကွင်းငါးဆယ်ရှိပြီး ဒေသငါးခုခွဲခြားထား၏။ ဒေသတစ်ခုခြင်းစီတိုင်းသည် ဓားကွင်းဆယ်ကွင်းစီရရှိထားသည်။
ကျပန်းရွေးချယ်ရာမှ ချမ်းဘော့ဒ်ယှဥ်ပြိုင်ရမည့် ပထမဆုံးပြိုင်ဘက်မှာ နံပါတ်၄၂ ဂူဒီတိုင်းပြည်ပင်။
ဂူဒီတိုင်းပြသည်လည်း အင်ပါယာ၏မြောက်ပိုင်းတွင် တည်ရှိပြီး အဆင့်၃အဖွဲ့၀င်တိုင်းပြည်တစ်ခုဖြစ်သည်။ တိုင်းပြည်နှစ်ခုသည် နီးစပ်ခြင်းမရှိသည့်အတွက် သူတို့အကြားတွင် ဆက်ဆံရေးတစ်စုံတစ်ရာမရှိပေ။ ဤဂူဒီတိုင်းပြည်သည် ထိပ်တန်းအဆင့်၃အဖွဲ့၀င်တိုင်းပြည်တစ်ခုဖြစ်သည်။ ထိုတိုင်းပြည်၏မင်းသား ဒရန်သီသည် ၀ံပုလွေသုံးကောင်အဖွဲ့၀င် [၀ံပုလွေနက်]ဟုအမည်ရသည့် စစ်သည်တစ်ယောက်ဖြစ်၏။ သူတွင် ကောင်းမွန်သည့်ကိုယ်ပိုင်စွမ်းအားရှိပြီး တိုင်းပြည်သည်လည်းအဆင့်၃အဖွဲ့၀င်တိုင်းပြည်တစ်ခုဖြစ်သောကြောင့် ကျွမ်းကျင်စစ်သည်အင်အား၃၀၀ခန့်ရှိ၏။
ဂူဒီတိုင်းပြည်သည် ဤပြိုင်ပွဲပြီးသည့်အချိန်တွင် အဆင့်၂တိုင်းပြည်အဖြစ်သို့ပင် တက်နိုင်သည်ဟုလူပေါင်းများစွာခန့်မှန်းခဲ့ကြသည်။ သို့သော် သူတို့ချမ်းဘော့ဒ်တိုင်းပြည်နှင့် စောစွာရင်ဆိုင်ရလိမ့်မည်ဟုမည်သူမှ ထင်မထားခဲ့ကြပေ။ ယခုအချိန်တွင်မူ သူတို့၏အခြေအနေမှာ သိပ်ပြီးတောက်ပခြင်းမရှိတော့ပေ။
နံပါတ်၄၄ဓားကွင်းတွင်ဖြစ်သည်။
လူပေါင်းများစွာသည် ကွင်းပတ်လည်တွင် ၀ိုင်းရံနေကြသည်။ ချမ်းဘော့ဒ်ကဲ့သို့သော တိုင်းပြည်များတိုက်ခိုက်မည့် ဓားကွင်းများမှာ ပေါ်ပျူလာဖြစ်ပြီးလူများအုံနေလျှက်ရှိသည်။ တိုင်းပြည်နှစ်ခုနားနေရန်နေရာများနှင့် အရေးကြီးပုဂ္ဂိုလ်များကြည့်ရှုသည့်နေရာမှလွှဲ၍ ကျန်ရှိနေသည့် နေရာများတွင် လူများထူထပ်လျှက်ရှိသည်။ လူများသည် ချမ်းဘော့ဒ်တိုင်းပြည်နှင့် ဂူဒီတိုင်းပြည်တို့ တစ်ကိုယ်ရည်စွမ်းအားယှဥ်ပြိုင်မည့် အဆင့်သက်မှတ်ပြိုင်ပွဲကို စိတ်၀င်တစားဖြင့်စောင့်ကြည့်နေကြ၏။
"ဟီးဟီး ဒီဂူဒီတိုင်းပြည်က ချမ်းဘော့ဒ်ဘုရင်ကိုမြင်တာနဲ့ အရှုံးပေးလိုက်သင့်တယ်လို့ ငါမြင်တယ်။ သူတို့မှာ ခွန်အားကျန်နေသေးသ၍တော့ ကျန်သေးတဲ့ပွဲစဥ်တွေမှာ အမှတ်များများရအောင်လုပ်ပြီး အဆင့်ကောင်းအောင်လုပ်လို့ရသေးတယ်လေ။ သူတို့အခုချိန်မှာ ချမ်းဘော့ဒ်နဲ့တိုက်ခိုက်လိုက်မယ်ဆိုရင်တော့ သေဆုံးမှုတွေရှိလာပြီးအထိနာကုန်လိမ့်မယ်..."
"အန်း ဟုတ်တယ်။ ကြည့်ရသလောက်တော့ အရှုံးပေးတာက တစ်ခုတည်းသော နည်းလမ်းပဲ။ ချမ်းဘော့ဒ်လို ပြိုင်ဘက်တစ်ယောက်နဲ့ယှဥ်ပြိုင်ရလို့ အရှုံးပေးတာကို ဘယ်သူကမှလည်း လှောင်ပြောင်ကြမှာမဟုတ်ဘူး..."
"ဟမ် တစ်ယောက်ယောက်က စင်ပေါ်တက်လာတယ်ဟ။ ကြည့်စမ်း ဂူဒီတိုင်းပြည်က ချမ်းဘော့ဒ်တိုင်းပြည်နဲ့ယှဥ်ပြိုင်ဖို့တစ်ယောက်ယောက်ကို လွှတ်လိုက်တယ်..."
"သူတို့က ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ရင်ဆိုင်ဖို့ရွေးချယ်လိုက်တာပဲ။ သူတို့မှာလည်း ၀ှက်ဖဲတွေရှိနေလို့လား..."
လူအုပ်ထဲတွင်ရှိနေသည့်လူအများစုမှာ တိုက်ပွဲကိုကြည့်ရှုရန်အတွက် ရောက်ရှိနေကြခြင်းဖြစ်သည်။ တစ်ချို့မှာ ကျွမ်းကျင်သိုင်းဆရာများ၏တိုက်ပွဲကို လေ့လာရင်းဖြင့် မိမိကိုယ်မိမိတိုးတတ်အောင်လုပ်လိုသည့်လူများဖြစ်သည်၊ တစ်ချို့မှာ ကြေးစားစစ်သည်များဖြစ်၏၊ တစ်ချို့မှာ တစ်ခြားတိုင်းပြည်များမှ စေလွှတ်ထားသည့်ကင်းထောက်များဖြစ်သည်...ကုန်ပစ္စည်းများရောင်းချလိုသည့် ကုန်သည်များ လောင်းကစားသမားများ၊ ကုန်ကြမ်းရရန်အတွက် လာရောက်ကြည့်ရှုကြသည့် ခရီးသွားကဗျာဆရာများ လူပေါင်းများစွာလူအုပ်ထဲတွင်ရှိနေကြသည်။
ဂူဒီတိုင်းပြည်သည် အရှုံးပေးလိမ့်မည်ဟုလူပေါင်းများစွာမှ တွက်စထားသော်လည်း ဂူဒီတိုင်းပြည်ကို ကိုယ်စားပြုကာယှဥ်ပြိုင်မည့် စစ်သည်တစ်ယောက်စင်ပေါ်သို့တက်လာခဲ့သည့်အတွက် လူအုပ်အတွင်းတွင် စကားပြောသံများဖြင့် ဆူညံကုန်၏။
ပထမစေလွှတ်လိုက်သည့် ဂူဒီတိုင်းပြည်မှစစ်သည်သည် မုတ်ဆိတ်များနှင့် သန်မာထွားကျိုင်းသည့်လူတစ်ယောက်ဖြစ်သည်။ သူသည် အမဲရောင်ချိန်းကြိုးချပ်၀တ်တစ်ခုကို ၀တ်ထဆင်ထား၏။ အမဲရောင်အရိုးဦးဆောင်းတစ်ခုနှင့် ဆူးချွန်များပါရှိသည့် တင်းပုတ်တစ်စုံကို လက်နက်အဖြစ်ကိုင်ဆောင်ထားသည်။
သူသည် စင်ပေါ်သို့ခုန်တက်လာပြီးသည့်နောက်တွင် တင်းပုတ်ကို ၀ှေ့ရမ်းလိုက်ရာ လေခွင်းသည့်စူးရှသောအသံများထွက်ပေါ်လာသည်။
"ဖုန်း..."
သူသည် တိုက်ပွဲစင်မြင့်၏ကြမ်းပြင်ကို တင်းပုတ်ဖြင့် ထုနှက်လိုက်ပြီး ကျယ်လောင်သည့်ဆူညံသံနှင့်အတူမီးပွားစများထွက်ပေါ်လာသည်။ ဤသည်မှာ လူအုပ်စုအားစိတ်လှုပ်ရှားလာစေသည်။ လူများ၏အော်ဟစ်အားပေးသံများနှင့်အတူ ထိုလူသည် သူ၏ရင်ဘက်ကို ပုတ်လိုက်ပြီးချမ်းဘော့ဒ်တိုင်းပြည်ကို စိန်ခေါ်လိုက်၏။
"စိန်ခေါ်နေတာပဲ။ ဒီကောင့်ကို ငါတို့အတွက် ဘယ်သူရှင်းပေးမလဲ..." ဖှေးသည် နားနေရာနေရာတွင်ရှိသည့်အမြင့်ဆုံးပုလ္လင်ပေါ်တွင် ထိုင်နေရင်း မေးလိုက်သည်။
"အရှင်မင်းကြီး ကျွန်တော့ကို သွားခွင့်ပြုပါ..." ဖတ်တီးအိုလတ်ဂ်မှာ ပြုံးလိုက်၏။ သူသည် အရှေ့သို့ လမ်းလျှောက်သွားလိုက်ပြီး သူ၏၀ဖိုင့်ဖိုင့်ခန္ဓာကိုယ်ကို ၀ှေ့ရမ်းကာ တောင်းဆိုလိုက်သည်။
"ကျွန်တော့ကို သွားခွင့်ပေးပါ။ ကျွန်တော်သွားပါမယ်..." တစ်ခြားချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များသည်လည်း မတ်တပ်ရပ်ကာ အပြိုင်အဆိုင်တောင်းဆိုနေကြသည်။
နောက်ဆုံးတွင် ဖှေး၏မျက်လုံးများသည် ပီတာအပေါ်သို့ ကျရောက်သွားသည်။
ချမ်းဘော့ဒ်စစ်ဘက်ဆိုင်ရာခေါင်းဆောင်၏အစွမ်းမှာလည်း လျစ်လျူရှု၍မရပေ။ သို့သော် ပီတာသည် ချမ်းဘော့ဒ်တပ်ဖွဲ့နှင့်ဆိုင်သည့်ကိစ္စများကို ကြိုးစားကာ စီမံခန့်ခွဲခေါင်းဆောင်မှုများပြုလုပ်နေခဲ့ရသည်။ ဤအကြောင်းပြချက်ကြောင့် ဘုရင်သည် ဖိအားသိပ်မရှိပဲ စွမ်းအားတိုးမြှင့်ရေးကိုသာ အာရုံစိုက်ပြီးလေ့ကျင့်နေနိုင်ခြင်းဖြစ်သည်။
ပီတာသည် ဤခရီးစဥ်တစ်လျှောက်လုံးတွင် သူ၏အစွမ်းကိုပြသခွင့်မရသေးပေ။ အေဇာရုတိုက်ပေါ်တွင် ခေါင်းဆောင်တစ်ယောက်သည် သူ၏အစွမ်းကိုပြသနိုင်ခြင်းမရှိပါက တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရန်မှာ ခဲယဥ်းမည်ဖြစ်သည်။
ထို့ကြောင့်ဖှေး ပီတာကိုအခွင့်ရေးတစ်ခုပေးရန်ဆုံးဖြတ်လိုက်သည်။
"ရန်သူကို မသေစေနဲ့..." ဖှေးပီတာကို မှာကြားလိုက်သည်။ သူပြိုင်ပွဲတွင် မလိုလားသည့်အမုန်းတရားများကိုမဖြစ်ပွားစေလိုသည့်အတွက်ပင်။
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး..." ပီတာသည် ဖှေးသူ့အားပထမဆုံးတိုက်ခိုက်ခွင့်ပြုလိုက်ခြင်း၏အကြောင်းပြချက်ကို နားလည်သည်။ သူဒူးထောက်ကာ ဘုရင်ကို ကျေးဇူးတင်လိုက်ပြီး နံပါတ်၄၄ဓားကွင်းစင်မြင့်ပေါ်သို့တက်သွား၏။
အလွန်လျင်မြန်စွာရွေ့လျားလိုက်ခြင်းပင်။
ဂူဒီတိုင်းပြည်အတွက် အော်ဟစ်အားပေးနေသည့်လူများမှာ ခနတာခန့်တိတ်ဆိတ်သွားသည်။ ပီတာ စင်မြင့်ပေါ်သို့ ရိုးရှင်းစွာတက်သွားသည့်မြင်ကွင်းမှာ ချမ်းဘော့ဒ်တိုင်းပြည်သည်လည်း စွမ်းအားမြင့်စစ်သည်တစ်ယောက်ကို စေလွှတ်လိုက်သည်ဟူသည့်အဓိပ္ပါယ်ကို ဖော်ဆောင်နေသည်။
တစ်ချိန်တည်းမှာပင် ကြွား၀ါကာ စိန်ခေါ်နေခဲ့သည့် ဂူဒီတိုင်းပြည်မှစစ်သည်လည်း ရပ်တန့်သွားသည်။ သူသည် ပီတာအား သူ၏ရက်စက်သည့်မျက်လုံးများဖြင့် လေ့လာကြည့်လိုက်သည်။
"တိုက်ပွဲ..တိုက်ပွဲ..တိုက်ပွဲ...တိုက်ပွဲ..တိုက်ပွဲ..တိုက်ပွဲ...တိုက်ပွဲ..တိုက်ပွဲ..တိုက်ပွဲ..."
ပရိသတ်၏အားပေးသံများထက်မံကာ ထွက်ပေါ်လာသည်။ လူတိုင်းသည် သူတို့၏လက်များကို မြှောက်ကာအော်ဟစ်နေရင်းဖြင့် ဖြစ်လာတော့မည့််တိုက်ပွဲကို ကြည်ရှုရန်အတွက် စိတ်အားထက်သန်နေကြသည်။ ကျွမ်းကျင်စစ်သည်နှစ်ယောက်၏တိုက်ပွဲမှာ စတင်တော့မည်ဖြစ်သည်။ အပြာရောင်စွမ်းအင်အလွှာတစ်ခုမှာ စင်မြင့်ကို ကာရံလိုက်သည်။ ဤသည်မှာ စင်ပတ်လည်တွင်ရှိသည့် အကာကွယ်မှော်အစီရင်များမှာ စတင်အသက်၀င်လာပြီဆိုသည့်အဓိပ္ပာယ်ပင်။ တိုက်ပွဲမှာ စတင်ပြီဖြစ်သည်။
"ဟားဟား ဒါကို စားလိုက်စမ်း ချမ်းဘော့ဒ်သားလေး..."
ဂူဒီတိုင်းပြည်မှ မုတ်ဆိတ်နှင့်စစ်သည်၏ခန္ဓာကိုယ်ပေါ်တွင် အ၀ါရောင်စွမ်းအင်မီးတောက်များ ထွက်ပေါ်လာသည်။ ဤစစ်သည်သည် မြေဂုဏ်သတ္တိအတွင်းအားစွမ်းအင်ကို အသုံးပြုသည့် သိုင်းဆရာတစ်ယောက်ဖြစ်ပြီးခွန်အားကြီးမားသည်ဟူသည့်အဓိပ္ပါယ်ပင်။ ဤအမဲရောင်ချပ်၀တ်၀တ်ဆင်ထားသည့် လူသည် ပီတာထံသို့ သားရဲကောင်ကြီးတစ်ကောင်ကဲ့သို့ ပြေး၀င်လာ၏။
"ဖုန်း..."
ပေါင်၆၀၀၊ ၇၀၀ခန့်အလေးချိန်ရှိသည့် တင်းပုတ်ကြီးနှစ်ခုကို ပီတာ၏ဦးခေါင်းကို ဦးတည်ကာ ၀ှေ့ရမ်းလိုက်တော့သည်။ သူတို့အားအလွန်မြန်ဆန်စွာ၀ှေ့ရမ်းလိုက်သဖြင့် အမဲရောင်တိမ်တိုက်ကြီးနှစ်ခုကဲ့သို့ပင်။