← Chapters

အခန်း (၃၇၆)

Vol. 26 Ch. 376

အခန်း (၃၇၆)

Vol. 26 Ch. 376

ဤကြမ်းတမ်းသည့်တိုက်ခိုက်မှုကြောင်ဖြစ်ပေါ်လာသည့်လေသည် ပီတာ၏ဆံပင်များကိုရွေ့လျားသွားစေသော်လည်း ပီတာသည် အလွန်တည်ငြိမ်နေသည်။ သူ၏မျက်နှာပေါ်တွင် စိတ်ခံစားချက်တစ်စုံတစ်ရာကို ပြသခြင်းမရှိပေ။

“၀ုန်း...”

တိုက်ခိုက်မှုသည် နီးကပ်လာသည့်နှင့်အမျှ ပရိသတ်ထဲတွင်ရှိနေသည့် လူတစ်ချို့သည် မျက်လုံးများကိုပင် မှိတ်လိုက်မိကြသည်။ သူတို့သည် ပီတာ၏ဦးခေါင်းပေါက်ကွဲတော့မည်ကိုမြင်နိုင်နေသည့်အတွက်ပင်။ တင်းပုတ်ပေါ်တွင်ရှိနေသည့် ဆူးချွန်များသည် ပီတာ၏ဦးခေါင်းအားထိုးစိုက်တော့မည်ဖြစ်သည်။

ဤအခိုက်တန့်တွင်...

“ချွတ် ချွတ် ချွတ်...”

ညင်သာသည့်ကွဲအက်သံများစွာ ထွက်ပေါ်လာသည်။

တိုက်ပွဲသည် စက္ကန့်၀က်မျှအချိန်အတွင်းမှာပင် ပြောင်းလဲသွား၏။

ဤအချိန်တွင် ဓားကွင်းပေါ်တွင်ရှိနေသည့် အရာအားလုံံးသည် ရပ်တန့်သွားသည့်အတိုင်းပင်။

ပီတာထံသို့ပြေး၀င်နေသည့် ဂူဒီတိုင်းပြည်မှစစ်သည်သည်လည်း ရုတ်တရက်ရပ်တန့်သွား၏။ ပီတာထံသို့ လွှဲရိုက်လိုက်သည့် တင်းပုတ်နှစ်ခုသည်လည်း လေပေါ်တွင်ရပ်တန့်သွားတော့သည်။

တင်းပုတ်နှစ်ခုသည် ဆက်လက်ရွေ့လျားနိုင်စွမ်းမရှိတော့ပေ။

သူတို့အား တားဆီးလိုက်သည်မှာ လက်ချောင်းနှစ်ချောင်းပင်။

လက်ချောင်းနှစ်ချောင်းမှာ ထိုမျှလဲကြီးမားခြင်းမရှိပေ။

တည်ငြိမ်နေခဲ့သည့်ပီတာသည် သူ၏လက်များကိုမြှောက်လိုက်ပြီး လက်ချောင်းနှစ်ခုကို ထုတ်လိုက်သည်။ လက်နှစ်ချောင်းသည် တင်းပုတ်၏ထိပ်ကိုဖိအာ ဤတိုက်ခိုက်မှုကိုတားဆီးလိုက်သည်။

တကယ်တန်းတွင် တိုက်ခိုက်မှုကို တားဆီးလိုက်ရုံသာမကပေ။

ဂူဒီတိုင်းပြည်မှစစ်သည်ကိုလည်း အနိုင်ယူလိုက်သည်။

မကြာမှီတွင် မယုံနိုင်စရာကောင်းသည့်တစ်စုံတစ်ခုကို မြင်လိုက်ရသည့်အတိုင်းပင် ပရိသတ်အတွင်းမှလူများသည် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြတော့၏။

ပီတာ၏လက်ချောင်းနှစ်ဖက်ဖြင့် ဖိထားသည့်တင်းပုတ်ပေါ်တွင် အက်ကွဲကြောင်းများပေါ်လာတော့သည်။ ပင်ကူအိမ်များကဲ့သို့ပင် အက်ကွဲကြောင်းများသည် စတင်ကာပြန့်နှံ့လာ၏။ တဖြည်းဖြည်းဖြင့် အဆင့်မြင့်သံမဏိသားဖြင့် ထုလုပ်ထားသည့်တင်းပုတ်နှစ်စုံသည် သံတိုသံစများအဖြစ်သို့ပြောင်းလဲသွားတော့သည်။

“ဟာ...”

ဂူဒီတိုင်းပြည်မှ စစ်သည်သည် သူ၏လက်ထဲတွင်ရှိသည့် တင်းပုတ်လက်ကိုင်နှစ်ခုကို ကြည့်ရင်းဖြင့် ထိတ်လန့်သွား၏။ သူ၏မျက်နှာသည် သရဲမြင်လိုက်ရသကဲ့သို့ ဖြူဖက်ဖြူယော်ဖြစ်သွားပြီး သူ၏ခြေထောက်များသည်လည်း အကြောက်တရားကြောင့် စတင်တုန်ခါလာတော့သည်။

အရည်သွေးမြင့်သံမဏိဖြင့်ပြုလုပ်ထားသည့်တင်းပုတ်နှစ်ခုကို လက်နှစ်ချောင်ထဲဖြင့်သာ ဖျက်ဆီးပစ်လိုက်ခြင်းသည် သူတို့နှစ်ယောက်ကြားထဲတွင်ရှိသည့် စွမ်းအားကွာခြားမှုကို ပြသလိုက်ခြင်းပင်။ ဂူဒီတိုင်းပြည်မှစစ်သည်သည် သူ၏ရန်သူသတ်ဖြတ်လိုပါက သူ့အားအလွယ်တကူပင် သတ်ဖြတ်ပစ်နိုင်ကြောင်းကို သိရှိလိုက်မိသည်။

“ခင်ဗျားရှုံးသွားပြီး...” ပီတာသူ၏လက်ချောင်းများကို ပြန်လည်ရုတ်သိမ်းကာပြောလိုက်သည်။ “ကျွန်တော်ဒီနေ့ဘယ်သူ့ကိုမှ မသတ်ချင်ဘူး ခင်ဗျားစင်ပေါ်ကခုန်ဆင်းလိုက်တော့...”

“ငါ...” မုတ်ဆိတ်နှင့်စစ်သည်သည် တစ်စုံတစ်ရာပြောလိုသော်လည်း သူ၏ရဲစွမ်းသတ္တိများသည် ကြမ်းပြင်ပေါ်တွင်ရှိနေသည့် သံတိုသံစများကိုမြင်သည်နှင့် ပြန်လည်ကာပျောက်ကွယ်သွားတော့သည်။ သူသည် ခနတာခန့်တွန့်ဆုတ်သွားပြီး စင်ပေါ်မှခုန်ဆင်းသွားတော့၏။

“ဒီပွဲစဥ်ရဲ့အနိင်ရရှိသူကတော့ ချမ်းဘော့ဒ်တိုင်းပြည်က ပီတာပဲဖြစ်ပါတယ်...”

ဒိုင်လူကြီးသည် ရလဒ်ကို ကြေငြာလိုက်သည်။ အသံချဲ့ပေးသည့် မှော်ပစ္စည်းတစ်ခုကို အသုံးပြုကာ ကြေငြာလိုက်သည့်အတွက် လူတိုင်းရှင်းလင်းစွာကြားလိုက်ရ၏။

“ပီတာ ပီတာ ပီတာ...”

မည်သူမှ ဤကဲ့သို့စောသေးသည့်အချိန်တွင် အံ့သြဖွယ်ကောင်းသည့်တိုက်ပွဲကို မြင်တွေ့ရလိမ့်မည်ဟုထင်ထားခဲ့ခြင်းမရှိပေ။ အတွင်းအားစွမ်းအင်ပေါက်ကွဲမှုများမရှိခဲ့သော်လည်း လယ်သာချပ်၀တ်ကိုသာ၀တ်ဆင်ထားခဲ့သည့်ပီတာသည် သံမဏိတင်းပုတ်များကို လွယ်ကူစွာဖျက်ဆီးလိုက်ခြင်းသည် လူပေါင်းများစွာကို အံ့သြသွားစေခဲ့သည်။

ဤထိတ်လန့်အံ့သြမှုသည် မည်သည့်ကောင်းမွန်သည့်တိုက်ပွဲများကို ကြည့်ရသည်ထက်ပင်ပို၍သာလွန်နေ၏။ ဒိုင်လူကြီး၏ကြေငြာမှုသည် ပါးစပ်အဟောင်းသားနှင့် အံ့သြနေကြသည့်လူများကို နိုးထလာစေသည်။ ပရိသတ်အတွင်းတွင်ရှိနေကြသည့်လူများသည် ပီတာ၏နာမည်ကို အော်ဟစ်ကာအားပေးကြတော့သည်။ ဤမြင်ကွင်းသည် အလွန်ပင်စိတ်လှုပ်ရှားဖွယ်ပင်။

ဓားကွင်းစင်မြင့်ပေါ်တွင် ပီတာသည် စစ်သည်တစ်ယောက်နှင့် ခေါင်းဆောင်တစ်ယောက်၏စွမ်းအားတို့ကို ရှင်းလင်းစွာပင် ပြသလိုက်သည်။ သူ၏လယ်သာချပ်၀တ်သည် နေရောင်အောက်တွင် တောက်ပနေပြီး သူ၏၀တ်ရုံသည်လည်း လေထဲတွင် ဆံပင်ရှည်းများနှင့်အတူလွှင့်ပျံလျှက်ရှိ၏။

နားနေရာနေရာတွင် ထိုင်နေသည့်ဖှေးသည် ရယ်မာကာ လက်ခုပ်တီးအားပေးလိုက်သည်။

ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်၅၀သည်လည်း စိတ်လှုပ်ရှားကာပျော်ရွှင်နေကြသည်။ သူတို့သည် လက်နက်များနှင့် ဒိုင်းကာများကို ထုရိုက်၍ဆူညံသံများပြုလုပ်ကာ သူတို့၏ခေါင်းဆောင်ကို အားပေးနေကြသည်။ ဤသည်မှာ ပထမဆုံးအနေဖြင့် သူတို့ ပီတာတိုက်ခိုက်သည်ကို မြင်ဖူးခြင်းဖြစ်သည်။

သူတို့၏သိုသိုသိပ်သိပ်ပင် နေထိုင်ကာ သိပ်ပြီးတိုက်ခိုက်လေ့ရှိသည့် ခေါင်းဆောင်သည် ဤမျှစွမ်းအားကြီးမားလိမ့်မည်ဟုထင်ထားခြင်းမရှိသည့်အတွက်ပင်။ ပီတာသည် ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့် တစ်ခြားခေါင်းဆောင်များထက်အားနည်းလိမ့်မည်ဟု သူတို့ထင်ခဲ့ကြသည်။ သူတို့၏စကားနည်းသည့်ခေါင်းဆောင်အား စင်ပေါ်တွင် ဤကဲ့သို့တွေ့လိုက်ရသည့်အချိန်တွင် သူတို့၏သွေးများပင် ဆူပွက်လာခဲ့၏။

“ချမ်းဘော့ဒ်တိုင်းပြည်က နောက်ထပ်သိုင်းဆရာတစ်ယောက်လား...”

“ပီတာ-စီ့ခ်ျဟုတ်လား ငါတို့ဒီနာမည်ကို ဘာလို့အရင်က မကြားဖူးခဲ့တာလဲ။ သူက အတွင်းအားတောင်သုံးလိုက်တဲ့ပုံမပေါ်ဘူး။ သံမဏိတင်းပုတ်တွေကို အလွယ်တကူချေမွပစ်လိုက်တာပဲ။ ကြည့်ရတဲ့ပုံအရ ဒီလူက မြောက်ပိုင်းဒေသထိပ်တန်းစစ်သည်ဆယ်ယောက်ထဲမှာ ပါလာနိုင်တယ်...”

“အတော်ကြီးတဲ့စွမ်းအားပဲ...အန်း..သူကကြယ်ငါးလုံးအဆင့်လောက်ရှိလောက်တယ်..”

“အန်း အတော်ကောင်းတဲ့စစ်သည်ပဲ။ သူ့ကို ငါတို့ဘက်ပါအောင်ဆွဲဆောင်နိုင်မလား ကြိုးစားကြည့်ရမယ်...”

“VIPပွဲကြည့်ခုံများတွင် ရှိနေသည့်လူများသည် ဤအရာကိုမြင်လိုက်ရသည့်အတွက် ထိတ်လန့်အံ့သြနေကြသည်။ စကားပြောသံများနှင့် အားပေးသံများကြားထဲတွင် တစ်ချို့အရှိန်၀ါကြီးသည့် ပုဂ္ဂိုလ်များသည် ပီတာကိုစည်းရုန်းရန်ပင် ပြင်ဆင်နေကြပြီဖြစ်သည်။

တကယ်တန်းတွင် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲသည် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် အင်အားကြီးအဖွဲ့စည်းများ၊ ဆွေကြီးမျိုးကြီးမိသားစုများအတွက် အရည်ချင်းရှိသည့်မှော်ဆရာများ၊ စစ်သည်အသစ်များကို စုဆောင်းနိင်သည့်အခွင့်ရေးတစ်ခုပင်။ အဖွဲ့စည်းများစွာသည် ငွေကြေးများ၊ ချိန်းခြောက်သည့်နည်းလမ်းများကိုအသုံးပြုကာ သူတို့သဘောကျသည့်လူများကို သူတို့ဘက်ပါလာစေရန်အတွက် ကြိုးစားကြမည်ဖြစ်သည်။

ဤလုပ်ရပ်များကို ဖုံးကွယ်ကာလုပ်ဆောင်ကြခြင်းဖြစ်သော်လည်း အင်ပါယာမှ ထိပ်တန်းပုဂ္ဂိုလ်များသိရှိသွားလျှင်လည် အရေးယူခြင်းသိပ်မရှိလှချေ။ လူပေါင်းများစွသည် ဤကဲ့သို့ပြုမူခြင်းကို ကောက်ရိတ်သိမ်းခြင်းဟုခေါ်ကြသည်။ ပြိုင်ပွဲတစ်ခုနှင့် တစ်ခုခြားတွင် အချိန်သုံးနှစ်ခန့်ကွာဟ၏၊ အင်အားကြီးအဖွဲ့စည်းတော်တော်များများသည် အလားလာရှိသည့် သိုင်းဆရာများ၊ မှော်ဆရာများကြီးထွားလာသည်ကို စောင့်မည်ဖြစ်ပြီး သုံးနှစ်ပြည့်သည့်အချိန်တိုင်းတွင် ရိတ်သိမ်းကြမည်ဖြစ်သည်။

ဤသည်မှာ အလွန်ရှုပ်ထွေးသည့်အကြောင်းပြချက်တစ်ခုကြောင့်ပင်။

အင်ပါယာသည် အဖွဲ့၀င်တိုင်းပြည်များအပေါ်တွင် ၁၀၀ရာခိုင်နှုန်းယုံကြည်ခြင်းမရှိပေ။ အဖွဲ့၀င်တိုင်းပြည်များအင်အားကောင်းလာပြီး မိခင်အင်ပါယာကို ပုန်ကန်သည့်ဖြစ်စဥ်များမှာ အေဇာရုတိုက်ပေါ်တွင် ဖြစ်နေကြအကြောင်းရာများဖြစ်နေသည့်အတွက်ပင်။ ဇီးနစ်အင်ပါယာကိုယ်တိုင်ပင် မိခင်စပါတပ်အင်ပါယာကို ပုန်ကန်ကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ “ကောက်ရိတ်သိမ်းခြင်း”ဖြင့် အင်ပါယာ၏အင်အားမှာ ပို၍အားကောင်းလာပြီး အဖွဲ့၀င်တိုင်းပြည်၏အင်အားမှာ လျှော့နည်းသွားမည်ဖြစ်သည်။ ဤသည်မှာ အင်ပါယာသူ၏အာဏာတည်မြဲရန်အတွက် အသုံးပြုသည့်နည်းလမ်းများထဲမှ တစ်ခုပင်။

ထို့အပြင် ကောက်ရိတ်သိမ်းခြင်းမှာ အမြဲတန်းအောင်မြင်ခြင်းမရှိပေ။

ပုံမှန်အားဖြင့် အေဇာရုတိုက်တွင် စစ်သည်တစ်ယောက်သည် သူ၏သစ္စာကိုဘုရင်တစ်ပါးပေါ်တွင် တိုင်တည်ထားပါက သူ၏သခင်ကို တစ်သက်လုံးပြောင်းလဲတော့မည်မဟုတ်ပေ။

ဤသည်မှာ သိုင်းဆရာများ၊ စစ်သည်များ၏ ဂုဏ်ကျက်သရေတစ်ခုဖြစ်သည်ဟု ရှေးရိုးစွဲယုံကြည်မှုတစ်ခုပင်။

သို့သော် နိုင်ရာစားလောကတစ်ခုဖြစ်သည့်အေဇာရုတိုက်ပေါ်တွင် တစ်ချို့လူများသည် သစ္စာတည်ရန်ရွေးချယ်ကြသလို တစ်ချို့သည်လည်း ငွေကြေးနှင့် ရာထူးဂုဏ်ရှိန်တို့နောက်သို့လိုက်ခဲ့ကြသည်။ ဘုရင်များကိုယ်တိုင်ကပင် ဆွေကြီးမျိုးကြီးမိသားစုများနှင့် အပေးယူလုပ်ကာ သူတို့၏မှော်ဆရာများ၊ စစ်သည်များကို ပေးအပ်ခဲ့သည့်ဖြစ်ရပ်များပင် ရှိခဲ့သည်။ သူတို့သည် အင်ပါယာ၏ချိမ်းခြောက်ခြင်း သို့မဟုတ်ဆွဲဆောင်ခြင်းတို့ကို ခံခဲ့ရသည်။

ဤကဲသို့ဖြစ်ရပ်များမှာ အကြိမ်ပေါင်းများစွာပင် ဖြစ်ပျက်ခဲ့ဖူးသည်။

ချမ်းဘော့ဒ်ဘုရင်ပေါ်ပျူလာဖြစ်လာမှုကြောင့် ချမ်းဘော့ဒ်တိုင်းပြည်သည်လည်းအာရုံစိုက်မှုများစွာရရှိခဲ့သည်။ ချမ်းဘော့ဒ်သားများသည် စွမ်းအားတိုးမြင့်လာကြသော်လည်း အင်ပါယာမှအင်အားကြီးအဖွဲ့စည်းများ၏မျက်လုံးထဲတွင် အရသာရှိသည့်အစာများကဲ့သို့ပင်။ ထိုလူများသည် ချမ်းဘော့ဒ်တိုင်းပြည်အား၀ါးမျိုအား အင်အားများကို စုပ်ယူလိုနေကြသည်။

ဤကဲ့သို့လူများသည် စိတ်ရှည်သော်လည်း ရက်စက်တတ်သည့်၀ံပုလွေများကဲ့သို့ပင်။ သူတို့သည် အခွင့်ကောင်းကိုစောင့်နေကြခြင်းပင်။

ယခုအချိန်တွင် ထိုအခွင့်ကောင်းမှာ ရောက်ရှိလာာပြီဖြစ်သည်။

သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တစ်ယောက်ခြင်းစီတိုင်း၏ စွမ်းအားများကိုယ်ရေးရာဇ၀င်များကို စုံစမ်းထားကြသည်။ ထို့နောက်တွင် သူတို့အား ဆွဲဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းများဖြင့် နှစ်ကိုယ်ကြားဆွေးနွေးကာ သူတို့အဖွဲ့ထဲပါလာအောင် ကြိုးစားကြတော့မည်ဖြစ်သည်။

ချမ်းဘော့ဒ်တိုင်းပြည်သည် ၁၀၀ရာခိုင်နှုန်းစည်းလုံးမှုရှိလိမ့်မည်ဟု မည်သူမှမထင်ကြပေ။ ကြွယ်၀မှုနည်းပါးသည့် ဒေသမှစစ်သည်များအား ငွေကြေးရာထူးများနှင့် ဆွဲဆောင်နိုင်လိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။

သစ်သီးများသည် ရင့်မှည့်နေပြီဖြစ်ရာ ရိတ်သိမ်းရန်အချိန်ပင်။

......

နောက်ပွဲစဥ်ငါးခုသည် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များသည် သူတို့၏ရန်သူများအားလုံးကို လွယ်ကူစွာပင်အနိုင်ယူလိုက်သည်။

ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ တိုးရိစ်၊ အိုလတ်ဂ်နှင့် အစ်ဇာနီတို့သည် စင်ပေါ်သို့ အသီးသီးတက်လာကြပြီး သူတို့နှင့်သက်ဆိုင်သည့် တိုက်ပွဲများအားလုံးတွင် အနိုင်ရရှိခဲ့သည်။

ရန်သူများကြားထဲတွင် ဂူဒီတိုင်းပြည်၏မင်းသား ၀ံပုလွေခုနှစ်ကောင်အဖွဲ့၀င်ဖြစ်သည့် ၀ံပုလွေနက်နှင့် တိုက်ခိုက်သည့်တိုက်ပွဲမှာ အကြာဆုံးဖြစ်သည်။ သူသည် တိုးရိစ်နှင့်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ မိနစ်၂၀ခန့်ကြာမြင့်သည်။ သို့သော်သူသည် တိုးရိစ်၏လေးများမှ ထွက်လာသည့် မြှားများကို လုံး၀ပင်ရင်ဆိုင်နိုင်ခြင်းမရှိပေ။ သူ၏ဘယ်ဘက်ပုခုံးကိုမြှားထိမှန်ခဲ့ပြီး ဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပဲ စင်ပေါ်မှခုန်ဆင်းကာအရှုံးပေးခဲ့သည်။

တစ်ကိုယ်ရည်စွမ်းအားအအဆင့်သက်မှတ်ပွဲခြောက်ပွဲလုံးသည် ပွဲကြီးပွဲကောင်းများပင်။

ချမ်းဘော့ဒ်တိုင်းပြည်၏စွမ်းအင်သည် နံပါတ်၄၄ဓားကွင်းပတ်လည်တွင်ရှိသည့် ပရိသတ်များကို ထိတ်လန့်အံ့သြစေခဲ့သည်။

ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့၏ရက်စက်ခြင်းနှင့် ခွန်အားများ၊ အိုလတ်ဂ်၏ ကြောက်မက်ဖွယ်ခုခံခြင်းနှင့် ထူးဆန်းသည့်သိုင်းကွက်များ၊ တိုးရိစ်၏ လျင်မြန်ဖြတ်လတ်မှုနှင့် နတ်ဘုရားအဆင့် လေးအစွမ်းများနှင့် ကောင်လေးအစ်ဇာနီ၏ ကြောက်မက်ဖွယ်လုပ်ကြံသတ်ဖြတ်ခြင်းအစွမ်းများ...

ချမ်းဘော့ဒ်မှစစ်သည်တစ်ယောက်ခြင်းစီတိုင်းသည် မတူညီသည့်တိုက်ခိုက်မှုစတိုင်အသစ်တစ်ခုစီကို ပြသခဲ့သည်။ ပရိသတ်တော်တော်များများမှာ ဓားကွင်းများစွာထဲမှ ဤဓားကွင်းကို ရွေးချယ်ကာကြည့်ခဲ့မိသည့်အတွက် ပျော်ရွှင်နေကြသည်။

တစ်ချို့အာရွှင်သည့် ခရီးသွားကဗျာဆရာတစ်ချို့သည် ဤစစ်သည်များကို နာမည်ပြောင်များပင် ပေးအပ်ပြီးပြီဖြစ်သည်။ ဤနာမည်များသည် ပြိုင်ပွဲများမပြီးခင်မှာပင် ပြန့်နှံ့သွား၏။

“ဆံဖြူလျင်မြန်ဓားသွား...ပေါလ်-ပီးရာ့စ်...” သူသည် ချမ်းဘော့ဒ်ဘုရင်၏လက်အောက်တွင် အမှုထမ်းနေသည့် သွေးအေးဓားသမားတစ်ယောက်ပင်။ သူသည် ကျွဲတစ်ကောင်ကဲ့သို့ပင် မာကြောလှပြီး သူ၏ဓားသွားသည်လည်း လျှပ်စီးကဲ့သို့ပင် လျှင်မြန်လှသည်။ မည်သူမှ သူ၏ဓားသွားလမ်းကြောင်းကိုမြင်နိုင်ခြင်းမရှိပေ။ လေညင်းတစ်ခုတိုက်ခတ်သွားသည်ဟု ခံစားလိုက်မိပါက သင်သေသွားပြီဟူသည့်အဓိပ္ပါယ်ပင်။

“ဆံနက်လက်သီးပြင်း...ဒိုက်ဒီရာ-ဒရော့ဂ်ဘာ...သူက မြောက်ပိုင်းဘုရင်အလတ်ဇန္ဒားလက်အောက်က စစ်သည်တစ်ယောက်ပဲ။ သူက သားရဲတစ်ကောင်ထက်တောင်ပိုသန်မာပြီး တော့ သူ့ရဲ့လက်သီးက အရာအားလုံးကိုအမှုန့်ချေပစ်နိုင်တယ်။ သူ့ရဲ့လက်သီးတွေကမင်းကို ဖျက်ဆီးပစ်လိမ့်မယ်...”

“မျှော်လင့်ချက်မဲ့ခြင်းများကို ဖန်တီးသူ...ဖတ်တီးအိုလတ်ဂ်။ သူက ကြီးမားတဲ့စစ်ပွဲမကောင်းဆိုး၀ါးကြီးတစ်ကောင်ပဲ။ သူ့ရဲ့ရှေ့မှာဆိုရင် နဂါးတွေတောင်မျှော်လင့်ချက်မဲ့ခြင်းကို ခံစားရလိမ့်မယ်။ သူ့ရဲ့ခန္ဓာကိုယ်က တိုက်ခိုက်မှုတွေအကုန်လုံးကို ခုခံနိုင်ပြီးတော့ သူ့ရဲ့လက်သီးတွေက ကုန်းမြေကိုတောင်နှစ်ခြမ်းပိုင်းနိုင်တယ်။ မင်းသူ့ကိုရင်ဆိုင်မယ်ဆိုရင် မင်းရဲ့မျှော်လင့်ချက်က အ၀ီစိထိရောက်သွားလိမ့်မယ်...”

“[အဖျက်စွမ်းအားကြီး လက်ချောင်း] ပီတာ။ သူ့ရဲ့လက်ချောင်းတွေက သံမဏိတွေကိုရော ရှေ့မှာရှိနေတဲ့အရာအားလုံးကိုအမှုန့်ချေပစ်နိုင်တယ်...”

“လေညင်း၏သားတော်...ဖာနမ်ဒို-တိုးရိစ်။ သူ့ရဲ့မြှားတွေက လေညင်းထက်တောင်ပိုပြီးမြန်တယ်။ သူ့ရဲ့ကျက်သရေရှိတဲ့ ခန္ဓာကိုယ်ကလဲ လေညင်းထက်တောင်ပိုပြီးအေးစက်တယ်...”

“အရိပ်မဲ့လုပ်ကြံသတ်ဖြတ်သူ ဖီးလစ်-အစ်ဇာနီ...သူ့ရဲ့ရန်သူတွေက သူနဲ့မတွေ့ရဖို့ကို ဆုတောင်းရလိမ့်မယ်။ မင်းသူ့ကို တွေ့လိုက်ရတဲ့အချိန်မှာ သူ့ရဲ့ဓားက မင်းရဲ့နှလုံးသားထဲကိုရောက်နေပြီလေ။”

All Chapters