← Chapters

အခန်း (၃၇၇)

Vol. 26 Ch. 377

အခန်း (၃၇၇)

Vol. 26 Ch. 377

ကျန်ရှိနေသည့်အုပ်စုလိုက်ပွဲစဥ္မ်များမှာလည်း လွယ်ကူလှသည်။

နံပါတ်၄၄ဓားကွင်းစင်မြင့်ပေါ်တွင် ချမ်းဘော့ဒ်သူတော်စဥ်စစ်သည်အယောက်၅၀သည်

လေးကြိမ်တိုက်ချီတပ်တိုက်ခိုက်ပြီး ဂူဒီတိုင်းပြည်မှစစ်သည်များကို စင်အောက်သို့ဆု

တ်ခွာစေကာ ပွဲစဥ်လေးခုလုံးတွင် အနိုင်ရရှိခဲ့သည်။

သူတော်စဥ်တပ်ဖွဲ့များချီတပ်သည့်အချိန်တွင် ပုံမျန်ဖွဲ့စည်းပုံမှ တိုက်ပွဲဖွဲ့စည်းပုံသို့ကူး

ပြောင်းပြီးချီတပ်ကြခြင်းဖြစ်သည်။ သူတို့သည် လေးလံသည့်သံမဏိချပ်၀တ်မြင်းစစ်

သည်များကဲ့သို့ပင်။ သူတော်စဥ်စစ်သည်များ၏လက်ထဲတွင် ကြီးမားလေးလံသည့်အ

မဲရောင်ဒိုင်းကာကြီးများသည် ပေါ့ပါးသည်ဟုထင်ရသော်လည်း ဒိုင်းကာများနှင့် ထုရို

က်ခံလိုက်ရသည့် ဂူဒီတိုင်းပြည်မှစစ်သည်များသည် ပေါင်တစ်ထောင်လေးသည့်တူ

ကြီးများနှင့် ထုရိုက်ခြင်းခံလိုက်ရသကဲ့သို့ပင်။ ဂူဒီတိုင်းပြည်မှစစ်သည်များသည် အရု

ပ်များကဲ့သို့ပင် စင်ပေါ်မှ လွှင့်စင်ကျကုန်တော့သည်။

“ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ဂူဒီတိုင်းပြည်တို့ရဲ့ပြိုင်ပွဲမှာ ချမ်းဘော့ဒ်က ဆယ်ပွဲလုံးနိုင်

ပြီးတော့ အနိုင်ရရှိသွားပါတယ်...”

ဒိုင်လူကြီး၏အသံကို ပရိသတ်များရှင်းလင်းစွာဖြင့် ကြားလိုက်ရသည်။ ချမ်းဘော့ဒ်

တိုင်းပြည်၏ ပထမပွဲစဥ်မှ တိုက်ပွဲများပြီးဆုံးသွားပြီဟူသည့်အဓိပ္ပါယ်ပင်။

ဤရလဒ်သည် လူများထင်ထားသည့်အတိုင်းပင်။

သို့သော် တိုက်ပွဲကို မြင်တွေ့လိုက်ရသည့်လူတိုင်းသည် ချမ်းဘော့ဒ်တိုင်းပြည်၏အစွ

မ်းကြောင့် အံ့သြမိနေစဲပင်။ ပါးကွပ်သားသူရဲကောင်းများကိုအနိုင်ယူခဲ့သည့်ချမ်းဘော့

ဒ်ဘုရင်သည် ကိုယ်တိုင်တိုက်ခိုက်ခြင်းမရှိပဲ သူ၏လူရုံများကိုသာစေလွှတ်ကာ ထိပ်

တန်းအဆင့်၃အဖွဲ့၀င်တိုင်းပြည်ဖြစ်သည့် ဂူဒီတိုင်းပြည်ကိုအောင်နိုင်ခဲ့သည်။

တစ်ကိုယ်ရည်စွမ်းအင်ပြိုင်ပွဲ ခြောက်ပွဲနှင့် အဖွဲ့လိုက်တိုက်ခိုက်ရေးပြိုင်ပွဲလေးပွဲတို့သည်

တစ်နာရီခန့်သာကြာမြင့်လိုက်သည်။

ချမ်းဘော့ဒ်တိုင်းပြည်အနားယူသည့်နေရာမှထွက်ခွာသွားပြီး စခန်းသို့ပြန်သည့်အချိန်တွင်

အော်ဟစ်အားပေးသည့်အသံများမှာ ကောင်းကင်ပေါ်သို့ပင်ထောင်တက်နေရင်း သူတို့

၏အနောက်တွင်ကျန်ရစ်ခဲ့၏။

“ငါတို့လဲ ငါတို့တက်နိုင်သလောက်လုပ်ခဲ့တာပဲ။ သူတို့လည်းချမ်းဘော့ဒ်တိုင်းပြည်ရဲ့

အစွမ်းကို လေ့လာပြီးသွားလောက်ပြီ။ နောက်ထပ်ဖြစ်မယ့်အရာတွေက ငါတို့နဲ့မဆို

င်တော့ဘူး...” ဂူဒီတိုင်းပြည်၏ဘုရင်အိုကြီးသည် သူ၏ခေါင်းကိုခါရမ်းကာ သ

က်ပြင်းချလိုက်သည်။ သူသည် ပထမမင်းသား၏ပုခုံးကို ပုတ်ရင်းဖြင့် သူ၏လေးန

က်သောမျက်နှာတွင် စိတ်သက်သာသည့်အမူယာတစ်ခုနှင့်အတူဆက်ပြောလိုက်၏။

“ငါတို့တွေ ပထမဆုံးပွဲစဥ်မှာချမ်းဘော့ဒ်တိုင်းပြည်နဲ့ ရင်ဆိုင်ရတာက ကံဆိုးသလို

တစ်နည်းအားဖြင့်လည်း ကံကောင်းသလိုပဲ။ ချမ်းဘော့ဒ်သားတွေက သတင်းတွေထဲ

ကလို လူသတ်သမားတွေမဟုတ်တာ တော်သေးတယ်။ ငါတို့ဘက်မှာ အကျဆုံးမရှိ

လိုက်ဘူး။နောက်လာမယ့်ပွဲစဥ်တွေမှာ ငါတို့အတွက် မျှော်လင့်ချက်ရှိပါသေးတယ်..

.”

၀ံပုလွေနက်သည် ခေါင်းငြိမ့်ပြလိုက်သည်။

ဘုရင်အိုပြောသည်မှာ မှန်ကန်သည်။ ချမ်းဘော့ဒ်တိုင်းပြည်သည် ဂူဒီတိုင်းပြည်ရင်ဆို

င်နိုင်သည့်တိုင်းပြည်တစ်ခုမဟုတ်ပေ။ ဂူဒီတိုင်းပြည်မှမင်းသား၀ံပုလွနက်သည် အဖွဲ့၀

င်တိုင်းပြည်များကြားထဲတွင် နာမည်ရှိသည့်စစ်သည်တစ်ယောက်ပင်။ သို့သော် သူ

သည် ချမ်းဘော့ဒ်မှ အမည်မသိစစ်သည်တစ်ယောက်၏အရှေ့တွင် စွမ်းအားကင်းမဲ့

သွားခဲ့၏။ သူ၏ရန်သူသာအလိုရှိပါက သူယခုအချိန်တွင် သေဆုံးနေလောက်ပြီဖြစ်

သည်။

“ချမ်းဘော့ဒ်တိုင်းပြည်နဲ့ရင်ဆိုင်ဖို့ ခင်ဗျားကိုယ်ပိုင်စွမ်းအားပဲသုံးပါ။ ငါတို့ဂူဒီတိုင်းပြ

ည်က နောက်တစ်ကြိမ်ခင်ဗျားတို့ရဲ့အသုံးချကို ခံမှာမဟုတ်တော့ဘူး...”

......

......

ငါးနာရီကြာပြီးသည့်နောက်တွင် ဇီးနစ်အင်ပါယာစစ်ဘက်လေ့ကျင့်ရေးပြိုင်ပွဲကြီး၏ပထ

မရက်မှာ နေမ၀င်မှီ အောင်မြင်စွာပြီးမြောက်သွားပြီဖြစ်သည်။

ချမ်းဘော့ဒ်သည် သူ၏ပြိုင်ဘက်ကို အနိုင်ယူပြီး နောက်အဆင့်ပွဲစဥ်တစ်ခုသို့တက်

ရောက်သွားပြီဖြစ်သည်။ မြောက်ပိုင်းဒေသတွင် အသီးသီးအနိုင်ရရှိခဲ့ကြသည့်တိုင်းပြ

ည်များသည် မနက်ဖြန်တွင် ယှဥ်ပြိုင်တိုက်ခိုက်ကြရမည်ဖြစ်သည်။ ထိပ်တန်းစစ်သ

ည်ဆယ်ယောက်နှင့် အနိုင်ရရှိသည့်တိုင်းပြည်များကို ရွေးချယ်ပြီးပါက တိုင်းပြည်အ

ဆင့်သက်မှတ်ပြိုင်ပွဲကို စတင်မည်ဖြစ်သည်။

ယနေ့တွင် ပြိုင်ပွဲ၁၂၀ဖြစ်ပွားခဲ့ရာ ကျွမ်းကျင်သိုင်းဆရာ၊ နှင့် မှော်ဆရာများစွာပေါ်

ထွက်လာခဲ့သည်။

ချမ်းဘော့ဒ်သည် တိုက်ပွဲများကိုတစ်နာရီအတွင်းမှာပင် အပြီးသက်ခဲ့သော်လည်း ဤ

သည်မှာ အမြန်ဆုံးမဟုတ်သေးပေ။

မြောက်ပိုင်းဒေသတွင် အဆင့်၁အဖွဲ့၀င်တိုင်းပြည်နှစ်ခုဖြစ်ကြသည့် မီဇီနှင့် ကာတာ

တိုင်းပြည်တို့နှင့် ရင်ဆိုင်ရမည့်တိုင်းပြည်များနှင့် အဆင့်၂အဖွဲ့၀င်တိုင်းပြည်နှစ်ခုဖြစ်

ကြသည့် ဆန်နှင့် ဇန်နိုတိုင်းပြည်တို့နှင့် ရင်ဆိုင်ရမည့်တိုင်းပြည်များသည် ချက်ချင်း

ပင်အရှုံးပေးခဲ့ကြသည်။ ထို့ကြောင့် ထိပ်တန်းအဖွဲ့၀င်တိုင်းပြည်များမှာ တိုက်ခိုက်စ

ရာပင်မလိုလိုက်ပဲ နောက်အဆင့်သို့ရောက်ရှိသွားခဲ့ကြ၏။

မြောက်ပိုင်းတိုက်ပွဲဒေသတွင်လူအများထင်ထားခဲ့သည့်အတိုင်း အင်အားကြီးတိုင်းပြ

ည်များသာ အနိုင်ရရှိခဲ့ကြသော်လည်း ကျန်ရှိနေသည့်ဒေသများတွင်မူ ထူးခြားသည့်

အံ့သြဖွယ်ရာများရှိနေသည်။

တောင်ပိုင်းတိုက်ပွဲဒေသတွင်ဖြစ်သည်။

အဆင့်၆ဘိုင်ဇန်တိုင်းတိုင်းပြည်သည် အဆင့်၃ကဲဂျင်းတိုင်းပြည်ကို အနိုင်ရရှိခဲ့သည်။

ဘိုင်ဇန်တိုင်းသည် တစ်ကိုယ်ရည်အစွမ်းပြိုင်ပွဲခြောက်ပွဲတွင် သုံးပွဲအနိုင်ရရှိခဲ့ပြီး အ

ဖွဲ့လိုက်တိုက်ခိုက်မှုပြိုင်ပွဲလေးပွဲတွင် သုံးပွဲအနိုင်ရရှိခဲ့သည့်အတွက် အမှတ်အရအနိုင်ရ

ရှိကာ နောက်အဆင့်သို့ရောက်ရှိသွားခြင်းဖြစ်သည်။ ဘုရင်ငယ် ကွန်စတန်တိုင်းသည်

သူ၏ဒဏ်ရာ၇သွယ်လက်သီးအစွမ်းကိုအသုံးပြုကာ ကန်ဂျင်းတိုင်းပြည်၏မင်းသားဖြစ်

သည့် ၀ံပုလွေရိုင်းကိုအနိုင်ယူခဲ့သည်။ ဒဏ်ရာခုနှစ်သွယ်လက်သီးသည် စွမ်းအားမြင့်

မားကာ အဖျက်ဆီးကြမ်းလှသည်။ သိုင်းဆရာတော်တော်များများသည် ဘိုင်ဇန်တို

င်းဘုရင် ကြိုးစားပါက မြောက်ပိုင်းဒေသ၏ထိပ်တန်းစစ်သည်ဆယ်ယောက်ထဲတွင်

ပါ၀င်နိုင်သည်ဟု သုံးသပ်နေကြ၏။

အရှေ့ပိုင်းတိုက်ပွဲဒေသတွင်ဖြစ်သည်။

ဂူဒေါင်တိုင်းပြည်ကို လူပေါင်းများစွာမှ သူတို့၏လူရိုင်းကဲ့သို့သောအသွင်ပြင်ကြော

င့်လှောင်ရီခဲ့ကြသည်။ သူတို့၏ဂိုဏ်းထဲတွင်ရှိသည့် ပါရမီရှင်စစ်သည်နစ်ယောက်ဖြ

စ်သော ဟူအက်ခ်နှင့် ကာနော့တ်တို့ရောက်လာပြီး ဤစစ်သည်နှစ်ယောက်သည် သ

စ်သားတုတ်များကိုသာ လက်နက်အဖြစ်အသုံးပြကာ ဂျီယာပန်းတိုင်းပြည်မှ ကျွမ်းကျ

င်စစ်သည်ခြောက်ယောက်လုံးကိုအနိုင်ယူခဲ့ကြသည်။ ထို့နောက်တွင် သူတို့သည် လူ

ရိုင်းစစ်သည်အယောက်၃၀ကို ဦးဆောင်ခဲ့ပြီး ဂျီယာပန်းတိုင်းပြည်မှစစ်သည်တပ်ဖွဲ့ကို

လေးကြိမ်တိုင်အနိုင်ယူခဲ့ပြီး နောက်အဆင့်သို့ရောက်ရှိသွားကြ၏။

ဤလူရိုင်းစစ်သည်နှစ်ယောက်သည် ရိုးရှင်းသော်လည်း ရက်စက်ကြမ်းကြုတ်လှသည်။

သူတို့၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှုမှာ အလွန်ပင်မြင့်မားလှပြီး မည်သူမှ သူတို့

၏တိုက်ခိုက်မှုတစ်ချက်ကို ခံနိုင်ခြင်းမရှိကြပေ။ ဂျီယာပန်းတိုင်းပြည်၏ ကြယ်လေး

လုံးအဆင့်စစ်သည်များပင် တစ်စက္ကန့်ခံနိုင်လိုက်ခြင်းမရှိပေ။

ဂူဒေါင်တိုင်းပြည်သည် အရှေ့ပိုင်းဒေသ၏ရွက်ပုန်းသီးတစ်ခုအဖြစ်သက်မှတ်ခြင်းခံရ၏။

လူရိုင်းစစ်သည်နှစ်ယောက်သည်လည်း သူတို့၏မျိုးဆက်တွင် ထိတ်တန်းစစ်သည်န

စ်ယောက်ပင်။

အနောက်ပိုင်းတိုက်ပွဲဒေသတွင်ဖြစ်သည်။

နာမည်ကြီးသိုင်းဆရာတစ်ယောက်ဖြစ်သည့် ဓားတစ်လက်သူရဲကောင်း၏တိုင်းပြည်ဖြ

စ်သော် မေ့ဇ်တိုင်းပြည်မှာ သိပ်ပြီးကံကောင်းခဲ့ခြင်းမရှိပေ။ ပထမှပွဲမှာပင် သူတို့သည်

တစ်ခြားအဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခုဖြစ်သည့် ဒက်ခ်တိုင်းပြည်နှင့် ရင်ဆိုင်ခဲ့ရသ

ည်။ အဆင့်၁အဖွဲ့၀င်တိုင်းပြည်နှစ်ခုယှဥ်ပြိုင်တိုက်ခိုက်သည့် တိုက်ပွဲဖြစ်သဖြင့် အလွ

န်ပြင်းထန်လှသည်။ မေ့ဇ်တိုင်းပြည်မှာ အနိုင်ရရှိခဲ့သော်လည်း ဓားတစ်လက်သူရဲ

ကောင်းရောက်ရှိလာခဲ့ခြင်းမရှိပေ။ ဤအချက်သည် ဓားတစ်လက်သူရဲကောင်းကို မြ

င်တွေ့ရရန်စောင့်စားနေခဲ့ကြသည့်ပရိသတ်များစွာကို စိတ်ပျက်သွားစေခဲ့သည်။

သို့သော် ဤအချက်သည့် လူပေါင်းများစွာအား ဓားတစ်လက်သူရဲကောင်း၏အစွမ်း

တွင် မည်သည့်အဆင့်တွင်ရှိနေသည်ဖြစ်ကြောင်းကို ခန့်မှန်းရခက်စေ၏။

သိုင်းဆရာကြီးများစွာသည် ဓားတစ်လက်သူရဲကောင်းတစ်ယောက်ထဲကသာ အဖွဲ့၀င်

တိုင်းပြည်များထဲတွင် ချမ်းဘော့ဒ်ဘုရင်နှင့် ယှဥ်နိုင်သည့်သိုင်းဆရာဖြစ်သည်ဟု ခန့်မှ

န်းကြ၏။

အလည်ပိုင်းတိုက်ပွဲဒေသတွင်ဖြစ်သည်။

အလည်ပိုင်းဒေသတွင် အဆင့်၁အဖွဲ့၀င်ဆယ်နိုင်ငံခြောက်နိင်ငံပါ၀င်ပြီး အဆင့်၂နှင့်

အဆင့်၃တိုင်းပြည်များသည်လည်း ကျန်ရှိနေသည့်ဒေများနှင့် နှိုင်းယှဥ်ပါက ပို၍ပါ၀

င်ကြသည်။ ထို့ကြောင့် ထိုဒေသတွင်ဖြစ်ပွားသည့်တိုက်ပွဲများမှာ ကျန်ဒေသများထက်

ပို၍ပြင်းထန်လှ၏။

ထိုဒေသတွင် အဆင့်၁အဖွဲ့၀င်လေးနိုင်ငံသည် နောက်တစ်ဆင့်သို့တက်လှမ်းသွားနိုင်ခဲ့

ကြပြီး လူတိုင်းထင်ထားသည့်အတိုင်းပင်။ ရွက်ပုန်းသီးများ ထွက်ပေါ်လာခဲ့ခြင်းမရှိပေ။

တစ်ခုတည်းသောအံ့သြစရာမှာ အဆင့်၄အဖွဲ့၀င်တိုင်းပြည်ဖြစ်သည့် ဂါနာတိုင်းပြည်

သည် အဆင့်၂အဖွဲ့၀င်တိုင်းပြည်တစ်ခုကိုအနိုင်ယူကာ နောက်အဆင့်သို့တက်လှမ်း

သွားခြင်းပင်။

......

ပြိုင်ပွဲပထမရက်ပြီးဆုံသည့်အချိန်တွင် စခန်းချနေရာတစ်၀ိုက်မှု အလွန်ပင်ဆူညံလျှက်

ရှိသည်။

အင်ပါယာသည် ညမထွက်ရအမိန့်များနှင့် စခန်းချနေရာတွင် နေရာချထားသည့်အ

စောင့်ကြပ်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ ကုန်သည်များ၊ အိမ်ခြေမဲ့စစ်

သည်များ၊ ကြေးစားစစ်သည်အဖွဲ့များ၊ ပြည့်တန်ဆာများ၊ ပန်းပဲဆရာများ၊ ဆေးပု

လင်းဖော်စပ်ရောင်းချသူများ၊ ကျေးကျွန်ရောင်း၀ယ်သည့်လူများနှင့် စခန်းချနေရာတစ်

၀ိုက်တွင် စည်ကားနေလျှက်ရှိသည်။

အချိန်တိုအတွင်းမှပင် စခန်းချနေရာတွင်ရှိသည့် လူဦးရေအရေတွက်မှာ နှစ်ဆခန့်မြ

င့်မားသွား၏။

အကယ်၍တစ်စုံတစ်ယောက်သည် မိုရိုတောင်တန်းများပေါ်မှ စခန်းချနေရာတစ်၀ိုက်ကို

ငုံ့ကြည့်လိုက်ပါက နေရာတစ်ခုလုံးတွင် မီးတုတ်အလင်းရောင်များနှင့် တောက်ပနေ

သည်ကိုမြင်ရမည်ဖြစ်သည်။ ဤအလင်းရောင်းများသည် တောက်ပသည့်ကြယ်ပွင့်

များကဲ့သို့ပင်။

တိုက်ပွဲပထမရက်ပြီးဆုံးသွားသည့်အချိန်တွင် တစ်ချို့လူများမှာ ပျော်ရွှင်နေကြပြီး တ

စ်ချို့လူများမှာ ၀မ်းနည်းနေကြသည်။

တစ်နေ့လုံးပင်ပန်းနေခဲ့ကြရသည့် စစ်သည်များသည် မီးပုံများရှေ့တွင်ထိုင်ကာ လွတ်

လွတ်လပ်လပ်ဖြင့် သောက်စားပျော်ပါးနေကြ၏။ အမူးလွန်ပြီး ဖြစ်ပွားသည့်ရန်ပွဲ

များသည်လည်း အများပြားပင်။ တစ်ချို့စစ်သည်များဆိုလျှင် အမူးလွန်ကာ မီးပုံရှေ့

တွင်ပင် အိပ်ပျော်နေကြ၏။

အဖြစ်ပျက်များစွာ ဖြစ်ပျက်နေလျှက်ရှိသည်။

ဤစစ်သည်များသည် နောက်ရပ်တွင် အသက်ဆုံးရှုံးနိုင်သည်။ ဤသည်မှာ စစ်သ

ည်များ၏ဘ၀ပင်။ ဓားများကြားထဲတွင် ကခုန်ရင်းဖြင့် သူတို့၏အသက်များသည်

တိုက်ပွဲများထဲတွင်သာအဆုံးသက်ရသည်များ၏။ ထို့ကြောင့် တစ်ချို့လူများမှာ အရ

က်များ၊ မိန်းမများကိုသာအသားကုန်လိုက်စားနေကြသည်။ တစ်ချို့စစ်သည်များမှာမူ

တရားထိုင်ကာ နောက်တစ်နေ့တွင် ပို၍အသက်ရှင်နိုင်ချေများရန်အတွက် သူတို့၏

အတွင်းအားစွမ်းအင်များကိုလေ့ကျင့်နေကြ၏။

ချမ်းဘော့ဒ်စခန်းထဲတွင်ဖြစ်သည်။

ချမ်းဘော့ဒ်သားများသည်လည်း အောင်ပွဲခံနေကြသည်။ အောင်ပွဲခံပါတီမှာ အရှိန်အ

မြင့်ဆုံးသို့ရောက်ရှိနေပြီဖြစ်ပြီး အကောင်းဆုံးစားသောက်ဖွယ်ရာများနှင့် ၀ိုင်များကို

သုံးဆောင်နေကြသည်။ လူများ၏ရယ်မောသံနှင့် စကားပြောသံများမှာ စခန်းတစ်ခု

လုံးတွင် ဟိန်းထွက်နေ၏။

မီးပုံများမှ အ၀ါရောင်အလင်းရောင်သည် လူများ၏အပြုံးများကို ပို၍ပင်တောက်ပ

စေသည်။ ထို့ပြင် ဆယ်မီတာကျော်ခန့်မြင့်မားသည့် မီးပုံကြီးနှစ်ခုသည် ဘေးပတ်

ပတ်လည်တွင်လှည့်လည်ကာ ကနေကြသည့်အမျိုးသမီးများကို အသားပေးကာ ထွ

န်းလင်းထား၏။

ချမ်းဘော့ဒ်စခန်း၏အပြင်တွင် လူများစွာသည် ချမ်းဘော့ဒ်တိုင်းပြည်၏အောင်ပွဲခံပါ

တီကို အားကျစွာဖြင့်ကြည့်နေကြသည်။

ဤအကြည့်အများစုမှာ မီးပုံများဘေးတွင်ကနေကြသည့် အမျိုးသမီးများထံသို့ကျ

ရောက်နေကြ၏။

ဤအမျိုးသမီးများသည် ပိန်ပါးသည်။ သူတို့၏ခါးများမှာ သွယ်လျပြီး သူတို့၏အ

သားရေမှာလည်း ပိုးသားကဲ့သို့ပင် ချောမွေ့နူးညံ့လှသည်။ ဤအမျိုးသမီးများသည်

မြို့တော်စိန့်ပီတာစဘာ့တ်မှ စျေးအကြီးဆုံးပြည့်တန်ဆာများပင်။

ယနေ့ပြိုင်ပွဲပြီးသည့်အချိန်တွင် ချမ်းဘော့ဒ်ဘုရင်သည် သူမတို့အားအဆက်သွယ်များ

ကိုအသုံးချကာ စခန်းအတွင်းသို့ဖိတ်ကြားခဲ့သည်။

All Chapters