အခန်း (၃၇၈)
Vol. 26 Ch. 378
အဖွဲ့၀င်တိုင်းပြည်များထဲတွင် ဤကဲ့သို့ပြုလုပ်သည်မှာ ချမ်းဘော့ဒ်ဘုရင်တစ်ဦးတည်းသာရှိသည်မဟုတ်ပေ။
စစ်သည်များကို ပျော်ပါးရန်အမျိုးသမီးရှာဖွေပေးခြင်းသည် စစ်သည်များအပန်းဖြေရန်နှင့် စိတ်အားတက်ကြွရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ဘုရင်အများပြားယုံကြည်ကြသည်။
အေဇာရုတိုက်ပေါ်တွင် စစ်သည်များကိုစိတ်ကျေနပ်မှုပေးခြင်းသည် ရှေးရိုးစွဲရိုးရာဓလေ့များထဲမှတစ်ခုပင်။ အင်အားကြီးအင်ပါယာများစွာ၏ တပ်ဖွဲ့များထဲတွင် စစ်သည်များပျော်ပါးနိုင်ရန်အတွက် မိန်းမများစွာလည်းထားရှိပေးထားလေ့ရှိသည်။ ဤအမျိုးသမီးများသည် မိမိအလိုအတိုင်းသော်လည်းကောင်း အတင်းကြပ်စေခိုင်း၍သော်လည်းကောင်း အပျော်မယ်များအဖြစ်လုပ်ဆောင်ကြရသည်။ တစ်ချို့မှာ ဆင်းရဲသည့်မိသားစုများမှဖြစ်သလို တစ်ချို့မှာ ပျက်ဆီးသွားသည့် ဆွေကြီးမျိုးကြီးရပ်၀န်းများမှလည်း ဖြစ်သည်။ တစ်ချို့မှာ စစ်ပွဲများမှ ကျေးကျွန်များလည်း ပါ၀င်သည်။ အင်ပါယာများသည် သူတို့အားစစ်သည်များနှင့်ပျော်ပါးစေခြင်းဖြင့် အခကြေးငွေအနည်းငယ်ခန့်ပေးအပ်မည်ဖြစ်သည်။
ဤသည်မှာ ထုံးတမ်းစဥ်လာတစ်ခုဖြစ်သော်လည်း စခန်းချနေရာတစ်၀ိုက်တွင်ရှိနေသည့်လူများစွာသည် ချမ်းဘော့ဒ်ဘုရင်၏ရက်ရောမှုကြောင့် ထိတ်လန့်အံ့သြနေကြရသည်။
ချမ်းဘော့ဒ်စခန်းထဲတွင်ရှိနေသည့် အမျိုးသမီးများသည် ရွှေလိုဏ်ဂူဟုခေါ်သည့်နေရာတစ်နေရာမှဖြစ်သည်။ ချမ်းဘော့ဒ်ဘုရင်သည် ရွှေဒင်္ဂါးမြောက်များစွာကိုအသုံးပြုကာ သူမတို့ကို စခန်းအတွင်းသိုဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသီးများသည် ပြိုင်ပွဲမပြီးဆုံးမခြင်း ချမ်းဘော့ဒ်စခန်းထဲတွင် နေထိုင်မည်ဖြစ်ပြီး ဖိအားအမြောက်များခံစားနေရသည့် ချမ်းဘော့ဒ်စစ်သည်များကို အပန်းဖြေနိုင်ရန်ကူညီပေးလိမ့်မည်ဖြစ်သည်။
ဤအရာကိုမြင်သည့်အချိန်တွင် အဖွဲ့၀င်တိုင်းပြည်မှမင်းသားများပင် ဤအမျိုးသမီးများနှင့်အိပ်စက်နိုင်ရန်အတွက် ချမ်းဘော့ဒ်တပ်ဖွဲ့ထဲသို့ပင် ၀င်လိုစိတ်ပေါက်လာကြတော့သည်။
မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် ရွှေလိုဏ်ဂူပြည့်တန်ဆာအိမ်သည် ယောက်များအများပြားသွားရောက်လိုသည့်နေရာဖြစ်သော်လည်း အတော်များများမှာ ငွေကြေးမတက်နိုင်သဖြင့် သွားနိုင်ခြင်းမရှိသည့်နေရာများပင်။
.....
ချမ်းဘော့ဒ်စခန်းထဲတွင်ဖြစ်သည်။
ကပွဲတစ်ခုပြီးသွားပြီးသည့်နောက်တွင် အမျိုးသမီးများမှာ ထိုင်ကာလက်ခုပ်တီးနေကြသည့်စစ်သည်များကို အတူတွဲကာကခုန်ရန်အတွက် ဖိတ်ခေါ်ကြတော့သည်။
ဖိတ်ခေါ်ခြင်းခံရသည့်အချိန်တွင် ၀ေးလှံသည့်မြောက်ဖျားပိုင်းတွင်နေထိုင်သည့် ချမ်းဘော့ဒ်သားများသည် အနည်းငယ်ပင်ရှက်ရွံ့နေကြသည်။ လူတိုင်းမှ ၀ိုင်း၀န်းတိုက်တွန်းလိုက်ပြီးနောက်တွင် လက်ရဲဇက်ရဲရှိသည့် ဥပေဒေပြုစစ်သည်တစ်ချို့သည် ၀င်ရောက်ကခုန်ကြ၏။
လှပပြီး၊ ကောင်းမွန်စွာ၀တ်ဆင်ထားကာ ကိုယ်သင်းနံ့မွှေးပြန့်သည့်အမျိုးသမီးများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ရန်သူများအားတိုက်ခိုက်ရန်မကြောက်ရွံ့တတ်သည့် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များသည် သေးသိမ်ကုန်ကြတော့သည်။ မျက်နှာပြောင်လေ့ရှိသည့် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ပင်ရှက်အန်းအန်းဖြစ်နေကြသည်။
စခန်းအလည်တွင်ရှိသည့် ပုလ္လင်ပေါ်တွင် မှီလျှက်ထိုင်နေသည့်ဖှေးပင် ဤအရာကိုမြင်သည့်အချိန်တွင် ရယ်မောလိုစိတ်ကို မနည်းချုပ်ထိန်းထားရ၏။
မိန်းမများခေါ်ပေးခြင်းသည် ဖှေး၏အကြံမဟုတ်ပေ။
ဤအကြံကိုပေးခဲ့သည့်လူမှာ အတွေ့ကြုံများစွာရှိသည့် အဖိုးကြီးဇိုလာရစ်ပင်ဖြစ်သည်။
ဖှေးပထမဆုံးထိုအကြောင်းကို ကြားသည့်အချိန်က ထိတ်လန့်သွားခဲ့ရသည်။ “အဲ့လိုဆို ငါက မကောင်းတဲ့လူတစ်ယောက်လိုဖြစ်နေမလား...” သူတွေးလိုက်မိသည်။
ဇိုလာရစ်သည် ဤအေဇာရုတိုက်၏မဟာထုံးတမ်းအစဥ်လာကို ရှင်းပြလိုက်ပြီးသည့်နောက်တွင် ဖှေးသေချာတွေးကြည့်လိုက်သည်။ သူယခင်ဘ၀မှ ရရှိခဲ့သည့်အတွေ့ကြုံများအရ သူ၏စစ်သည်များသည် စိတ်မထိန်းနိုင်ပဲ စျေးပေါသည့်ပြည့်တန်ဆာအိမ်များသို့သွားပါက လိင်ပိုင်းဆိုင်ရာရောဂါများရရှိလာမည်ကိုလည်း စိုးရိမ်မိသည်။ ထို့အပြင် သူ၏စစ်သည်များကို ပြည့်တန်ဆာများနှင့် အပျော်ပါးကြရန်အမိန့်ထုတ်ပြန်လျှင်လည်း ရက်စက်ရာကျပေလိမ့်မည်ဖြစ်သည်။
ခနတာစဥ်းစားကြည့်ပြီးသည့်နောက်တွင် ဖှေးငွေကြေးမြောက်များစွာနှင့် ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ မန်နေဂျာဟယ်ရီ၏အဆက်သွယ်များကို အကူညီတောင်းကာ ရွှေလိုဏ်ဂူမှ အမျိုးသမီးများကို အခပေးငှားယူလိုက်သည်။ သူသည် ဤပြသနာကို တစ်ခါတည်းအကုန်ဖြေရှင်းရန်ဆုံးဖြတ်လိုက်၏။
“ငါတို့ရဲ့စစ်သည်တွေက အသန်မာဆုံးရန်သူတွေကို တောင်နှိမ်နင်းနိုင်တာပဲ အဲ့တာကြောင့် သူတို့တွေက စျေးအကြီးဆုံးအမျိုးသမီးတွေကိုလည်း ထိုက်တန်ပါတယ်...”
မန်နေဂျာဟယ်ရီသည် တောင်းဆိုမှုကို ပထမဆုံးကြားသည့်အချိန်တွင် ခနတာခန့်တုန်လှုပ်သွား၏။ ခနကြာသည့်အချိန်တွင် သူဖှေးအားထိုကဲ့သို့ပြုလုပ်လိုသည်မှာ သေချာကြောင်းကို နှစ်ခါပြန်မေးလိုက်ပြီး စတင်ကာ ဆောင်ရွက်တော့သည်။
မီးပုံမှ ထွက်နေသည့် ချိုးချိုးချွတ်ချွတ်အသံများမှာ ကျယ်လောင်လှပြီး ပါတီပွဲသည်လည်း အရှိန်အမြင့်ဆုံးသို့ရောက်ရှိနေပြီဖြစ်သည်။ ချမ်းဘော့ဒ်သားများသည်လည်း အရက်ရှိန်ရလာကြသဖြင့် နေရသည်မှာ ပို၍သက်တောင့်သက်သာရှိလာကြပြီဖြစ်သည်။
ဖှေးသည် ကြည့်နေရင်းဖြင့် ကလေးတစ်ယောက်ကဲ့သို့ပြုံးနေ၏။
ဤအခိုက်တန့်တွင် သူသည်ဘုရင်တစ်ပါးကဲ့သို့ မခံစားရချေ။ အိမ်နီးနားခြင်းများနှင့် အတင်းပြောရသည်ကို နှစ်သက်သည့်အသက်ကြီးပိုင်းလူတစ်ယောက်ကဲ့သို့ ခံစားနေရသည်။
အန်ဂျယ်လာသည် နတ်ဆိုးသားရဲကောင်၏သားရေဖြင့်ချုပ်လုပ်ထားသည့် အပြာရောင်၀တ်ရုံကို ၀တ်ဆင်ကာ ဖှေး၏ဘေးတွင် တိတ်ဆိတ်စွာထိုင်လျှက်ရှိသည်။
ကြီးမားသည့် ၀တ်ရုံကြီးသည် သူမနှင့်အလွန်လိုက်ဖက်လှသည်။ ကောင်မလေး၏ချိုသာသည့်အပြုံးမှာ မီးပုံအလင်းအောင်အောက်တွင် ရင်သက်မှုမောဖွယ်ပင်။
အနာဂတ်ဘုရင်မလောင်းမှာ သူမ၏ရှေ့တွင်ရှိသည့် တောင်းထဲမှ သစ်သီးများကိုခွာကာ ဖှေးအားခွံကျွေးနေလျှက်ရှိသည်။
ယခင်ကရွှေလိုဏ်ဂူမှ အမျိုးသမီးတော်တော်များများသည် ခန့်ညားကာ ချမ်းသာသည့်ဘုရင်ကို ဆွဲဆောင်လိုကြသည်။ အကယ်၍လက်ရှိတွင် နာမည်ကျော်ကြားနေသည့်ဘုရင်သည် သူမတို့ကိုနှစ်သက်သွားပါက သူမတို့၏ပြည့်တန်ဆာဘ၀အဆုံးသက်သွားနိုင်သောကြောင့်ပင်ဖြစ်သည်။ သို့သော် ဘုရင်၏ဘေးတွင်ရှိနေသည့် အသက်ရှူမှားလောက်အောင်လှပသည့်ကောင်မလေးကို မြင်တွေ့လိုက်ရပြီးနောက်တွင် သူမတို့သည် ဘုရင်ကို အတူတွဲကရန်ဖိတ်ခေါ်မည့်အစီစဥ်ကို စွန့်လွှတ်လိုက်ရ၏။
ဘုရင်၏ညာဘက်ဘေးတွင်ရှိသည့် သစ်သားစားပွဲတစ်ခုပေါ်တွင် အညိုရောင်ဆံပင်ကောက်များနှင့် ကောင်မလေးတစ်ယောက်ထိုင်နေ၏။ သူမ၏ဆံပင်များသည် ချောမွေ့နူးညံ့သည့်ပုံရှိသည်။ သူမ၏မျက်နှာတစ်ခြမ်းကို ရွှေကြောင်းများဖြင့် အလှဆင်ထားသော အဖြူရောင်ပ၀ါစတစ်ခုဖြင့် ဖုံးကွယ်ထားသဖြင့် သူမကိုကြည့်ရသည်မှာ အလွန်လျို့၀ှက်နေ၏။ သူမ၏မျက်လုံးများသည် ညလည်ခေါင်တွင် တောက်ပနေသည့် ကြယ်ပွင့်လေးများကဲ့သို့ပင်။ သူမ၏ဆံထိုးပေါ်တွင် ရောင်စုံကျောက်မြတ်ရတနာများစီချယ်ထားပြီး ငွေရောင်သရဖူပေါ်တွင်မူ ရွှေဖြင့်ပြုလုပ်ထားသည့် လိပ်ပြာတစ်ကောင်ပုံပါရှိသည်။
ဤကောင်မလေး၏ဖြစ်တည်မှုသည် လျို့၀ှက်ချက်များပင်။
သူမ၏နောက်တွင် တောက်ပသည့်ချပ်၀တ်များဖြင့် ရပ်နေကြသည့် စစ်သည်ခြောက်ယောက်ခန့်ရှိနေသည်။ ချပ်၀တ်များကို သံမဏိဖြင့်ပြုလုပ်ထားကြပြီးဦးဆောင်းများမှာ သူတို့၏မျက်နှာကို ဖုံးကွယ်ထားကြသည်။ ဦးဆောင်များ၏နောက်တွင်ရှိနေသည့် သူတို့၏မျက်လုံးများမှာ အေးစက်နေ၏။ ဤလူများမှာ စွမ်းအားမြင့်စစ်သည်များဖြစ်ကြသည်မှာ ထင်ရှားလှသည်။
ထိုစစ်သည်များသည် ဤကောင်မလေး၏ကိုယ်ရံတော်များပင်။
ဖှေးထိုမိန်းကလေးကို စတွေ့စဥ်က ဆွေကြီးမျိုးကြီးအမျိုးသမီးတစ်ယောက်ဟုသာထင်ခဲ့သည်။
သို့သော် ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ မန်နေဂျာဟယ်ရီသူ့အားမိတ်ဆက်ပေးသည့်အချိန်တွင်မူ ဤကောင်မလေးသည် အမျိုးသမီးပြည့်တန်ဆာခေါင်းတစ်ယောက်ဖြစ်မှန်းသိရှိခဲ့၏။ ဤသည်မှာ အတော်တန်ပင် ထိတ်လန့်အံ့သြဖွယ်ရာပင်။
ဖှေးသည် ထိုကောင်မလေးကို ခနတာခန့်လေ့လာကြည့်ပြီးနောက်တွင် ထူးခြားသည့်လူတစ်ယောက်ဖြစ်ကြောင်းကို ပြောနိုင်၏။ တစ်ချိန်လုံးတွင် သူမသည် သစ်သားစားပွဲ၏နောက်တွင်သာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုင်နေလျှက်ရှိပြီး ဖှေးသိသည့် တစ်ခြားပြည့်တန်ဆာခေါင်းများနှင့် မတူပဲကွာခြားလှသည်။
ပါတီပွဲမှာ အရှိန်ကောင်းနေဆဲပင်။
ဖှေးပီတာအားခေါ်လိုက်ပြီး အရေးကြီးအကြောင်းရာတစ်ချို့ကို သတိပေးလိုက်သည်။ ထို့နောက်တွင် ဖှေးမက်တပ်ရပ်လိုက်ပြီး အန်ဂျယ်လာအန်မာတို့နှင့် ကျန်ရှိနေသည့်ကောင်မလေးရှစ်ယောက်တို့နှင့်အတူစခန်းအလည်တွင်ရှိသည့် တဲအတွင်းသို့ပြန်လည်ကာ ၀င်ရောက်သွားတော့သည်။
သူသည်ဘုရင်တစ်ပါးအနေဖြင့် ဤနေရာတွင်ထိုင်နေသည့်အတွက် စစ်သည်များအနေကြပ်မည်ကို စိုးရိမ်သည့်အတွက်ပင်။ ထို့ကြောင့် သူပထမဦးစွာထွက်ခွာလာခဲ့သည်။
ဖှေးမသိလိုက်သည်မှာ သစ်သားစားပွဲခုံနောက်တွင် ထိုင်နေသည့်ကောင်မလေးသည် သူ့အားထူးဆန်းသည့် ခံစားချက်များပါရှိသည့်မျက်လုံးများဖြည့် လိုက်ပါကြည့်ရှုနေခဲ့သည်ဆိုသည်ကိုပင်။
......
ဖှေးစခန်းအလည်တွင်ရှိသည့် တဲအတွင်းသို့ပြန်ရောက်သည့်အချိန်တွင် အန်ဂျယ်လာနှင့် ခနတာခန့်စကားပြောလိုက်သည်။ သူ၏ဇနီးလောင်းအိပ်ပျော်သွားသည့်အချိန်တွင် ဖှေးဒိုင်ယာဘလိုကမ္ဘာအတွင်းမှ သူ၏လေ့ကျင့်မှုကို ပြန်လည်ကာ စတင်တော့သည်။
အာကာရာနှင့် ကိန်းတို့နှစ်ယောက်လုံးသည် လျို့၀ှက်သည့်ကျောက်တုံးအခန်း၊ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများကြားထဲတွင်ရှိသည့် ချမ်းဘော့ဒ်တက္ကသိုလ်တို့တွင် ကူးချီသန်းချီနှင့်အလုပ်များနေကြသည်။
ဤအချိန်တစ်လျှောက်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏တည်ဆောက်ရေးမှာလည်း အရှိန်ဟုန်ဖြင့် တိုးတက်နေလျှက်ရှိသည်။ နတ်ဆိုးဘုရင်၏အသိပညာများစာအုပ်အတွင်းမှ အစိတ်ပိုင်းတစ်ချို့ကို အာကာရာမှ ဘာသာပြန်ပေးပြီးဖြစ်သောကြောင့် ချမ်းဘော့ဒ်တိုင်းပြည်၏တည်ဆောက်ရေးအစီစဥ်မှာလည်း ကြီးမားစွာပင် ပြောင်းလဲသွားခဲ့သည်။ ချမ်းဘော့ဒ်တိုင်းပြည်အား ယခင်က စိတ်ကူးယဥ်နိုင်ခြင်းမရှိသည့် နည်းလမ်းတစ်ခုနှင့် ပြန်လည်ကာ တည်ဆောက်နေကြ၏။ ဘရွတ်နှင့် ဘတ်စ်တို့ပေးပို့လိုက်သည့် တင်ပြချက်ကို ဖတ်ပြီးသည့်နောက်တွင် ချမ်းဘော့ဒ်တိုင်းပြည်သည် အင်ပါယာမြောက်ပိုင်းဒေသတွင် ကြယ်တစ်ပွင့်ဖြစ်လာတော့မည်ဟု တွက်ဆမိ၏။
လျို့၀ှက်ထူးဆန်းသည့်ကျောက်တုံးအခန်းကို လေ့လာနေခြင်းသည်လည်း ဆက်လက်၍ဖြစ်ပွားလျှက်ရှိသည်။
အာကာရာနှင့် ကိန်းတို့သည် ထိုကဲ့သို့လေ့လာနိုင်ရန်အတွက် အချိန်အမြောက်များအသုံးပြုနေကြပြီး ကောင်းမွန်သည့်ရလဒ်များကိုရရှိလျှက်ရှိသည်။ သို့သော် ဖုံးကွယ်ထားသည့်လျို့၀ှက်ချက်များအားလုံးကို သိရှိရန်မှာမူ အချိန်အတန်ငယ်လိုသေး၏။ ဖှေး လက်ရှိဖြစ်ပျက်နေသည့်အရာများကိုသာနားလည်နိုင်ရန်အတွက် ရိုးရှင်းသည့်မေးခွန်းများမေးခဲ့သည်။ သူသည် လျို့၀ှက်ချက်များခ၀ါချတော့မည့်အချိန်ကို စောင့်ပြီးမှသာ မေးစရာရှိသည့်မေးခွန်းများအားလုံးကိုမေးမြန်းနိုင်မည်ဖြစ်သည်။
အာကာရာထံမှဆေးပုလင်းဖော်စပ်နည်းများကို ၁၅မိနစ်ခန့်၊ ဒိုင်ယာဘလိုကမ္ဘာမှ မှော်ပညာနှင့် အပြင်ကမ္ဘာမှ မှော်ပညာသီအိုရီများကို ကိန်းထံမှ ၁၅မိနစ်ခန့်လေ့လာသင်ယူပြီးသည့်နောက်တွင် ဖှေးသည် ကျန်ရှိနေသည့် လေးနာရီကို အယ်လီနာနှင့် အတူမကောင်းဆိုး၀ါးများကို သတ်ဖြတ်ကာ လယ်ဗယ်မြှင့်တင်ရန်အတွက် အသုံးပြုလိုက်သည်။
လေးနာရီကြပြီးသည့်နောက်တွင် ဖှေး၏လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၅၄သို့ရောက်ရှိသွားပြီဖြစ်သည်။
ဖှေး၏စွမ်းအားများသည်လည်း အလွန်မြန်ဆန်စွာပင် မြင့်တက်လာလျှက်ရှိသည်။
တိုက်ပွဲများတွင် ဖှေးသည် စွမ်းအားထိန်းချုပ်ခြင်း၊ အတွင်းအားရစ်ပတ်အသုံးပြခြင်းတို့ကို ဦးစာပေးကာ လေ့ကျင့်ကြည့်နေခဲ့သည်။ ကောင်းကင်လက်သီး၏ငါးခုမြောက်သိုင်းကွက်သည်လည်း ပြီးမြောက်သွားပြီဖြစ်ပြီး တဖြည်းဖြည်းနှင့် ပြည့်စုံလုနီးပါးဖြစ်လာပြီဖြစ်သည်။ ဖှေးသည် မကောင်းဆိုးများကို ပို၍ပင်မြန်ဆန်စွာသတ်ဖြတ်နိုင်လာပြီး လူရိုင်းဇာတ်ကောင်၏တစ်ချို့အစွမ်းများသည် ဖှေး၏လက်ထဲတွင် ပို၍အစွမ်းထက်လာတော့သည်။
ဖှေးကိုယ်တိုင်ပင် သူ၏ကျင့်စဥ်ခရီးတစ်လျှာက်လုံးသည် အလွန်မိုက်လွန်းနေသည်ဟုမြင်မိ၏။