← Chapters

အခန်း (၃၇၉)

Vol. 26 Ch. 379

အခန်း (၃၇၉)

Vol. 26 Ch. 379

အင်ပါယာအရှင်သခင်ရေးထားသည့် မှတ်စုနှစ်ခုလုံးတွင် အဓိကအစွမ်းများကိုရရှိရန်အတွက် စိတ်ရှည်စွာကျင့်ကြံရန်အချက်ကို အသားပေးထားသည်။ တစ်ချိန်တည်းမှာပင် အကြောင်းရာများအားလုံးကို နားလည်သွားနိုင်ရန်မှာ ခက်ခဲသည့်အရာတစ်ခုပင်။ သို့သော် ဖှေးကြိုးစားကြည့်သည့်အချိန်တွင်မူ သူ၏ခန္ဓာကိုယ်သည် မှတ်စုများတွင်ရေးထားသည့်အရာတိုင်းကို တိတိကျကျစွမ်းဆောင်နိုင်သည်ကို တွေ့ရသည်။ သူ၏လမ်းကြောင်းတွင် အခက်ခဲဟူ၍မရှိလှပေ။

ဖှေးအယ်လီနာအား အတွင်းအားထိန်းချုပ််နည်းနှင့် အတွင်းအားရစ်ပတ်ခြင်းတို့ကို သင်ကြားပေးသည့်အချိန်တွင်မူ အယ်လီနာသည် အချက်လက်များကိုနားလည်နိုင်ရန်အတွက် ခဲယဥ်းနေသည်ကို တွေ့ရသည်။

အယ်လီနာသည် ပင်ကိုယ်အားဖြင့် ဉာဏ်ကောင်းသည့်လူတစ်ယောက်ဖြစ်သော်လည်း မှတ်တမ်းတွင်ပါသည့်အချက်များကို နားလည်နိုင်ရန်ခက်ခဲနေသည့်အတွက် ဖှေးနားမလည်နိုင်ဖြစ်နေ၏။

ဖှေးဒိုင်ယာဘလိုကမ္ဘာမှ ပြန်ထွက်လာသည့်အချိန်တွင် ညနက်နေပြီဖြစ်သည်။

အန်ဂျယ်လာ၊ အန်မာတို့နှင့် အစေခံကောင်မလေးရှစ်ယောက်တို့သည်လည်း အိပ်မောကျနေကြပြီဖြစ်သည်။

ဖှေးစခန်းအလည်တွင်ရှိသည့် တဲအတွင်းမှ လမ်းလျှောက်ထွက်လိုက်ရာ အေးစက်သည့်လေညင်းသည် သူ့အားဖြတ်သန်းတိုက်ခတ်သွားသည်။ ဆောင်းရာသီသည် ပို၍ပို၍အေးစက်လာပြီဖြစ်သည်။ စခန်းချနေရာတစ်ခုလုံးမှာ နောက်ဆုံးတွင် တိတ်ဆိတ်သွားပြီး အလင်းရောင်နှင့် မီးတုတ်တစ်ချို့ကိုသာမြင်တွေ့ရတော့သည်။ သို့သော် လမ်းမများပေါ်တွင် လမ်းလျှောက်နေကြသည့်လူတစ်ချို့မှာမူ ဤအချိန်ထိရှိနေဆဲပင်။

ချမ်းဘော့ဒ်စခန်းထဲတွင်ရှိနေသည့် ပါတီပွဲမှာလည်း နောက်ဆုံးတွင်ပြီးမြောက်သွားပြီဖြစ်သည်။

စခန်းထဲတွင် ရွှေရောင်တဲအသစ်တစ်ချို့ရှိနေကြသည်။ ဤတဲများသည် မြို့တော်စိန့်ပီတာစဘာ့တ်အတွင်းမှ ဖှေးခေါ်ထားသည့်အမျိုးသမီးများ၏တဲများပင်ဇ။

ဤတဲများသည် မှော်ပစ္စည်းများမဟုတ်ကြသော်လည်း ချမ်းဘော့ဒ်တပ်ဖွဲ့အသုံးပြုသည့် ရွက်ဖျင်တဲများနီးနီးပင် စျေးကြီးလှသည်။ ရွှေရောင်သင်္ကေတများနှင့် ရုပ်ပုံများကို ရွက်ဖျင်တဲပေါ်တွင်ရေးထိုးထားပြီး တဲများကို ကြည့်ရသည်မှဦ ကြီးကျယ်ခမ်းနားသည်။ ထိုတဲများကြားထဲတွင် တစ်ခြားရွက်ဖျင်တဲများဖြင့် ပို၍ထူးခြားသည့် တဲတစ်ခုရှိနေသည်။ ထိုတဲမှာ အမျိုးသမီးများ၏ခေါင်းဆောင်အမျိုးသမီးနေထိုင်နေသည့် တဲပင်။

ဤအချိန်ထိတိုင်အောင် ချမ်းဘော့ဒ်တိုင်းပြည်၏အစောင့်ကြပ်များမှာ လျှော့ကျသွားခြင်းမရှိပေ။

ချပ်၀တ်လက်နက်အပြည့်စုံနှင့် ဥပဒေပြုစစ်သည်အယောက်၅၀သည် စခန်းထဲတွင် ကင်းလှည့်နေကြသည်။ မျှော်စင်များပေါ်တွင်လည်း အစောင့်စစ်သည်များနေရာချထား၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ကာကွယ်မှုမှာ ယနေ့တွင်အနိင်ရရှိမှု နှင့် ပါတီပွဲတို့ရှိနေသော်လည်း လျှော့နည်းသွားခြင်းမရှိပေ။ အမဲရောင်၀တ်ရုံတစ်ခုနှင့် ကင်းစောင့်နေသည့် ပီတာနှင့် မြစ်ကမ်းဘေးတွင် ကင်းလှည့်နေကြသည့် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကိုလည်း ဖှေးမြင်တွေ့လိုက်ရသည်။

ဖှေး သူမြင်ရသည့်အရာများကြောင့် စိတ်ကျေနပ်သွားသည်။

ဖှေးခေါင်းငြိမ့်လိုက်ပြီး လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။ လူများ၏အာရုံစိုက်မှုကိုရရှိခြင်းမရှိပဲ သူသည် စခန်းချနေရာတစ်၀ိုက်မှ အတားဆီးအစစ်ဆေးများကို ကျော်လွန်ကာ မိုရိုတောင်တန်းများထံသို့ ဦးတည်သွားတော့သည်။

......

မိုရိုတောင်တန်းများပေါ်ရှိ တိုက်ပွဲမြေပြင်တွင်ဖြစ်သည်။

ကြယ်ရောင်များအောက်တွင် လျို့၀ှက်သိုင်းဆရာသည် တိုက်ပွဲမြေပြင်အစွန်တစ်ဖက်တွင်ရှိသော ကျောက်တုံးကြီးတစ်ခုပေါ်တွင် မက်တပ်ရပ်နေ၏။ သူ၏နောက်တွင် မီးရှူးမီးပန်းများကဲ့သို့ လှပသည့် အတွင်းအားစွမ်းအင်အကြွင်းကျန်များရှိနေ၏။ ငြိမ်းချမ်းသော်လည်း အန္တရာယ်များလှသည့် မြင်ကွင်းသည် တစ်နည်းတစ်ဖုံဖြင့် ရင်သပ်ရှုမောဖွယ်ပင်။

လှုပ်ရှားခြင်းမရှိပဲ လျို့၀ှက်သည့်လူသည် ဖှေးမှော်အစီရင်များကို ဖြတ်ကျော်လာသည်ကို တိတ်ဆိတ်စွာဖြင့်ကြည့်နေ၏။

ထိုလူသည် ချမ်းဘော့ဘုရင်ဤကဲ့သို့မှော်အစီရင်များကိုကျော်ဖြတ်သည်ကို အကြိမ်များစွာမြင်တွေ့ဖူးပြီးဖြစ်သော်လည်း သူသည် ဖှေးအားစိတ်ထဲမှနေ၍ ချီးကျူးနေမိသည်။

ဖှေးမသိသည်မှာ လျို့၀ှက်သည့်သိုင်းဆရာသည်လည်း မှော်အစီရင်များကို ဖှေးကဲ့သို့သောနည်းလမ်းဖြင့် ဖြတ်ကျော်နိုင်ရန်ကြိုးစားခဲ့ပြီးပြီဖြစ်သည်။ ဤလူသည် ဖှေး၏လှုပ်ရှားမှုခြေလှမ်းများကို အတူယူကာ မှော်အစီရင်တစ်ခုကိုဖြတ်ကျော်နိုင်ရန်ကြိုးစားကြည့်ခဲ့သည်။ ဤလူသည် ဖှေးထက်အစပေါင်းများစွာအစွမ်းထက်သော်လည်း သူသည် တစ်မိနစ်ခန့်သာ ကြာနိုင်လိုက်သည်။ ထို့နောက်တွင် သူသည် သူ၏ကြွက်သားများကို ထိန်းချုပ်နိုင်ခြင်းမရှိပဲ မှော်စီးကြောင်းတစ်ခုကို အသက်သွင်းလိုက်မိသည်။

လျို့၀ှက်သည့်သိုင်းဆရာတွင် မှော်အစီရင်များကို ဖြတ်ကျော်ကာ တိုက်ပွဲမြေပြင်ကို ၀င်ရောက်ရန်နည်းလမ်းပေါင်းများစွာရှိ၏။ သို့သော် ထိုနည်းလမ်းများသည် ဖှေးအသုံးပြုသည့်နည်းလမ်းမျိုးမဟုတ်ပဲ စွမ်းအားအလွန်ကြီးသည့်လူများသာအသုံးပြုနိုင်သည့် နည်းလမ်းများပင်။

ဤအချက်ကြောင့် လျို့၀ှက်သည့်လူသည် ဖှေးအားပို၍ပင် အထင်ကြီးမိသွားသည်။

အေးစက်သည့်လေညင်းတစ်ခုတိုက်ခတ်သွားသည်။

ဖှေးမှော်အစီရင်ကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် အားတင်းကာ သူ၏၀ိဉာဥ်စွမ်းအားလယ်ဗယ်ကိုမြှင့်တင်နိုင်ရန်အတွက် ခရမ်းရောင်စာအုပ်ထဲမှ ကျင့်စဥ္မ်များကိုကျင့်ကြံလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ယောင်ကိုင်းနေကာ ပြင်းထန်စွာအာရုံစိုက်ခဲ့ရသည့်အတွက် သူ၏ခေါင်းသည် အနည်းငယ်နာကျင်နေ၏။ ထို့ပြင်သူသည် လျို့၀ှက်သည့်လူ၏ရှေ့တွင် ဒီတိုင်းထိုင်ကာ သူ၏အားနည်းချက်များကို ပြသထားနေသည်။

သို့သော် လျို့၀ှက်သည့်လူသည် နောက်တစ်ကြိမ်ပို၍ထိတ်လန့်အံ့သြသွားသည်။ သူ၏အမူယာသည် တည်ငြိမ်နေသည်ပုံရှိသော်လည်း သူသည် ဖှေးအားမကောင်းဆိုး၀ါးတစ်ကောင်ကို ကြည့်သကဲ့သို့အကြိမ်ပေါင်းများစွာ သုံးသပ်ကြည့်ရှုနေသည်။

အဘယ်ကြောင့်ဆိုသော် ချမ်းဘော့ဒ်ဘုရင်၏စွမ်းအားများ နောက်တစ်ကြိမ်မြင့်တက်သွားသည်ကို သူတွေ့လိုက်ရသည့်အတွက်ပင်။

ဤသည်မှာ မယုံနိုင်ဖွယ်ပင်။

သာမန်စစ်သည်တစ်ယောက်ကျင့်ကြံရာတွင် တွေ့ရသည့်အခက်ခဲများ၊ အတားဆီးများသည် ရှိပုံမရပေ။ အကယ်၍ဤဘုရင်သာ အလိုရှိပါက သူသည် လျှင်မြန်စွာပင် ပို၍အစွမ်းထက်လာနိုင်သကဲသို့ပင်။

လျို့၀ှက်သည့်လူသည် ဤကဲ့သို့ရလဒ်များနှင့် လူတစ်ယောကိုသာ သိဖူးခဲ့သည်။ ချမ်းဘော့ဒ်ဘုရင်သည် ဒုတိယမြောက်လူပင်။

ဤရှာဖွေတွေ့ရှိမှုကြောင့် လျို့၀ှက်သည့်လူမှာ ခနတာတွေ၀ေသွား၏။ သူပြုလုပ်နေသည့်အရာများသည် မှန်ရဲ့လားလိုသည်ကို သူသံသယ၀င်လာ၏။ အင်ပါယာအတွက် အကျိုးရှိနိုင်မည်လား။ ဤဘုရင်သည် အချိန်တိုအတွင်းမှာပင် ရင့်မှည့်လာတော့မည်ဖြစ်သည်။ ဘာတွေဖြစ်လာနိုင်လဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကဖြစ်ခဲ့တဲ့အရာတွေက ထက်ပြီးဖြစ်လာမှာလား။ သမိုင်းက တစ်ကြော့ပြန်လာတော့မှာလား။ “ငါ့မိတ်ဆွေတစ်ယောက်ပြောတာကို နားထောင်ပြီးတော့ ဒီသိမ်းငှက်ကို ကောင်းကင်ပေါ်ပျံပြီးမကြီးစိုးခင်မှာ အတောင်ပံတွေကို ရိုက်ချိုးလိုက်သင့်လား...” ထိုလူတွေးလိုက်မိသည်။

ဤအခိုက်တန့်တွင် လျို့၀ှက်ထူးဆန်းသည့်သိုင်းဆရာသည် သူ၏ရွေးချယ်မှုကို ပထမဆုံးအနေဖြင့်သံသယ၀င်လာမိသည်။

ချမ်းဘော့ဒ်ဘုရင်၏ကျင့်ကြံခြင်အမြန်နှုန်းမှာ သူ့အားထိတ်လန့်စေသည့်အတွက်ပင်။

ဤလူငယ်အကြောင်းကို သူပို၍သိလာလေလေ ဤလူငယ်၏ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိကြီးမားသည့် အလားလာတို့ကို ပို၍မြင်နိုင်လာလေလေဖြစ်သည်။ ဤလူငယ်သည် အင်ပါယာနှင့်အေဇာရုတိုက်တစ်ခုလုံးကို မည်မျှပင်ရိုက်ခတ်စေမည်ဆိုသည်ကို ခန့်မှန်းရန်မှာ ခဲယဥ်းလှသည်။

“အဖိုး စောင့်ရသွားတဲ့အတွက်တောင်းပန်ပါတယ်...”

လျို့၀ှက်သည့်လူသည် မိမိကိုယ်မိမိသံသယ၀င်နေသည့်အချိန်တွင် ဖှေး၏အံ့သြကာ ရင်းနှီးနေသည့်အသံကို ကြားလိုက်ရသည်။

လျို့၀ှက်သည့်လူသည် မော့ကြည့်လိုက်ပြီးဖှေး၏ကြည်လင်သောမျက်လုံးများကို မြင်တွေ့လိုက်ရသည်။

မျက်လုံးများသည် ရေကဲ့သို့ပင်ကြည်လင်နေသည်။ လျို့၀ှက်သည့်လူသည် စိုးမိုးလိုစိတ်များ၊ အနိုင်ယူလိုစိတ်များကို ထိုမျက်လုံးများထဲတွင် မြင်တွေ့ရခြင်းမရှိပေ။ စွမ်းအားမြင့်စစ်သည်များနှင့် တွေ့ရသည့်အချိန်တွင် လူအများစုဖြစ်ပေါ်လေ့ရှိသည့် အကြောက်တရားတို့ကိုလည်း မြင်တွေ့ရခြင်းမရှိပေ။ တပည့်တစ်ယောက်က သူ၏ဆရာအပေါ်တွင်ထားရှိသည့် အလုံးစုံယုံကြည်မှုတို့ကိုသာ မြင်တွေ့နေရသည်။

“ငါဒီလိုမျက်လုံးတွေကိုမမြင်ရတာ ဘယ်လောက်တောင်ကြာပြီလဲ...”

လျို့၀ှက်သည့်လူသည် သူ့ကိုယ်သူပြန်မေးလိုက်မိသည်။

အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် လျို့၀ှက်သည့်လူသည် အပြစ်ရှိသည့်ခံစားချက်ကို ခံစားလိုက်ရ၏။

“ဒီဘုရင်ငယ် ငါ့ရှေ့မှာ လေ့ကျင့်နေတယ်ဆိုတာက ငါ့အပေါ်မှာ ယုံကြည်လေးစားမှုကို ပြတာပဲ။ ငါဘာလို့များ အဲ့လိုစိတ်မျိုး၀င်ခဲ့မိတာပါလိမ့်...ဘာတွေဖြစ်ကုန်တာလဲ...”

“ထိုင်ဦး...” ခနတာတွေ၀ေပြီးသွားသည့်နောက်တွင် လျို့၀ှက်သည့်လူသည် တစ်မီတာခန့်အမြင့်ရှိသည့် ကျောက်တုံးတစ်ခုကို လက်ညိုးထိုးပြကာပြောလိုက်သည်။ ဖှေးမတုန့်ပြန်နိုင်သေးခင်မှာပင် ထိုလူသည် ကျောက်တုံး၏တစ်ဖက်တွင် ၀င်ထိုင်လိုက်၏။

ထိုလူသည် ဘုရင်ငယ်နှင့် ခနတာခန့်စကားပြောကြည့်ရန်လိုအပ်သလိုခံစားမိသည့်အတွက်ကြောင့်ပင်။

ဤသည်မှာ ပထမဆုံးအနေဖြင့် ဤလျို့၀ှက်သည့်လူဖှေးနှင့် ဆက်ဆံခြင်းပင်။

ဖှေးအနည်းငယ်အံ့သြမိသွားပြီး ထိုလူ၏ဘေးတွင်ပျော်ရွှင်စွာဖြင့် ၀င်ထိုင်လိုက်သည်။

တကယ်တန်းတွင် ဖှေးထိုလူအားမေးလိုသည့်မေးခွန်းများစွာရှိနေ၏။ သို့သော် သူ၏ပုံစံမှာ ထိုလူကိုမသင်္ကာဖြစ်နေရာမှာ တဖြည်းဖြည်းခြင်းဖြင့် လေးစားသည့်လက်သို့ရောက်ရှိလာပြီဖြစ်သည်။ သူသည် သိပ်ပြီး သတိထားခြင်းမရှိတော့ပဲ ထိုလူကို ဆရာတစ်ယောက်အနေဖြင့် ဆက်ဆံမိနေ၏။ သူ၏လူရိုင်းဇာတ်ကောင်၏မသိစိတ်များသည်လည်း ဤလူသည် ရန်သူမဟုတ်ပဲ မိတ်ဆွေတစ်ယောက်ဖြစ်သည်ကို ပြောကြားနေသည့်အတွက်ပင်။

“အဖိုး အဖိုးရဲ့မှတ်စုနှစ်ခုအတွက်ကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော့ကို ကမ္ဘာသစ်ထဲခေါ်သွားလိုက်သလိုပါပဲ...” လျို့၀ှက်သည့်သိုင်းဆရာသည် ဘာမှမပြောပဲတိတ်ဆိတ်စွာထိုင်နေလျှက်ရှိသည်ကိုမြင်တွေ့ရသည့်အတွက် ဖှေးသူ၏ထားသိုရာအကန့်အတွင်းမှ စာအုပ်နှစ်အုပ်ကိုထုတ်ယူကာ လျို့၀ှက်သည့်သိုင်းဆရာအားပြန်ပေးလိုက်ရင်းဖြင့် စကားစလိုက်သည်။

“ဟမ်..” ထိုလူမှာ မျက်မှောင်ကြုံ့လိုက်သည်။

“ကျွန်တော်ဒီမှတ်စုထဲမှာပါတဲ့ သိုင်းကွက်တွေအကုန်လုံးကို လေ့ကျင့်ပြီးသွားပါပြီ အဲ့တာကြောင့်...”

“မင်းယူထားလို့ရပါတယ်...”

“ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီမှတ်စုတွေကို အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်ရေးခဲ့တာ ဖြစ်လို့ အတော်အဖိုးတန်ပုံရပါတယ်။ အဖိုးဘယ်လို ရခဲ့တယ်ဆိုတာကို ကျွန်တော်မသိခဲ့ပေမယ့် အင်ပါယာအရှင်သခင်ယရှင်းက အဲ့မှတ်စုတွေ တော်၀င်စာကြည့်တိုက်ထဲက ပျောက်သွားတာကို သိရင်ကြိုက်မှာမဟုတ်ဘူး။ ကျွန်တော်က သိုင်းကွက်တော်တော်များများကိုလည်း သင်ပြီးပြီးဆိုတော့ ကျွန်တော်လောဘကြီးပြီးတော့ အပိုင်ယူထားဖို့မသင့်တော်ပါဘူး...”

ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် လျို့၀ှက်သည့်လူသည် သူ၏လက်များကို၀ှေ့ရမ်းလိုက်ပြီး ဖှေး၏လက်ထဲတွင်ရှိသည့် မှတ်စုနှစ်ခုသည် သူ့ထံသို့ပျံသန်းသွား၏။

“သူရဲကောင်းနန်းတော်ကိုရန်စ၊ မင်းသားခရစ်စတယ်ကို ပါးရိုက်၊ မိသားစုကြီးတွေကို အရှက်ခွဲ၊ သွေးစွန်းဂိုဏ်းကို ဖျက်ဆီး...” လျို့၀ှက်သည့်လူသည် ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် ပြောလိုက်သည်။ ဤလူသည် ဖှေးလုပ်ခဲ့သည့်အရာများအားလုံးကို သိရှိသည့်ပုံရသည်။ သူဖှေးအားမေးလိုက်သည်။ “မင်းကလူသတ်ရတာသဘောကျတဲ့လူတစ်ယောက်မဟုတ်ပါဘူး။ ဒီပြသနာတွေကို ဖြေရှင်းဖို့မင်းက ဘာလို့ပိုပြီးလိမ္မာပါးနပ်တဲ့ နည်းလမ်းတွေကို အသုံးမပြုခဲ့တာလဲ...”

“အလုပ်ရှုပ်လို့ပါ...” ဖှေးခနတာတွေးပြီးသည့်နောက်တွင် ရိုးရိုးသားသားပင်ပြန်ဖြေလိုက်သည်။ “ကျွန်တော်က မထင်မရှားလူတစ်ယောက်ဆိုတော့ ကျန်တဲ့တုန့်ပြန်နည်းတွေက ကျွန်တော့ကို သူတို့ကို ကြောက်လို့လို့ထင်သွားလိမ့်မယ်။ ကျွန်တော်နောက်ကို တစ်လှမ်းနောက်ဆုတ်ပေးလိုက်မယ်ဆိုရင် သူတို့က ရှေ့ကိုခြေဆယ်လှမ်းထပ်တက်လာလိမ့်မယ်...”

“အန်း...” လျို့၀ှက်သည့်လူသည် ဖှေး၏အဖြေကို အံ့သြသွားခြင်းမရှိပေ။ သူသည် ဖှေးပြောမည့်အဖြေကို ကြိုသိနှင့်နေပြီးသည့်အတိုင်းပင်။ သို့သော် ထိုလူသည် ဘာမှ၀င်ပြောခြင်းမရှိပေ။ ဖှေးပြောသည်ကိုသာ ဆက်လက်၍နားထောင်နေ၏။

All Chapters