← Chapters

အခန်း (၃၈၀)

Vol. 26 Ch. 380

အခန်း (၃၈၀)

Vol. 26 Ch. 380

“ဖြူးကောင်တွေက သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာဆူးတွေရှိနေကြတယ်။ အဲ့တိရစ္ဆာန်တွေက ရန်သူကို ခြောက်လန့်နိင်ဖို့အတွက် ဒီလိုအရာတွေရှိနေတာပဲ။ ဒါတွေက အားနည်းတဲ့တိရစ္ဆာန်တွေမှာပဲ ရှိတတ်သည့်အရာတွေလေ။ တစ်ခြားလူတွေရဲ့မျက်လုံးထဲမှာ ကျွန်တော့ရဲ့ပုံရိပ်က ဘာအကျိုးဆက်ကိုမှ မကြောက်တတ်တဲ့သားရဲကောင်တစ်ကောင်လိုပဲဖြစ်နေရမယ်။ ဒီလိုပုံရိပ်ကမှ ချမ်းဘော့ဒ်တိုင်းပြည်ကို ရန်လာစချင်တဲ့လူတိုင်းကို ကြောက်လန့်သွားစေလိမ့်မယ်။ အဲ့လိုလုပ်ချင်တဲ့လူတွေကလဲ အကျိုးဆက်ကိုရင်ဆိုင်ဖို့အသင့်ပြင်ထားရမယ်ဆိုတာလေ...”

ဖှေးထိုကဲ့သို့ပြောပြီးတွင် ခနတာခန့်ရပ်နားလိုက်သည်။ လျို့၀ှက်သည့်လူစိတ်ဆိုးခြင်းမရှိသည်ကို မြင်တွေ့ရပြီးသည့်နောက်တွင် သူဆက်ပြောလိုက်၏။ “ကျွန်တော့အမြင်အရဆိုရင် အားနည်းတဲ့လူတွေစီမှာ ရှိသင့်တဲ့တစ်ခုတည်းသောလက်နက်က ပြန်လည်တိုက်ခိုက်ရဲတဲ့သတ္တိနဲ့ ရန်သူနဲ့အတူသေရဲတဲ့သတ္တိပဲ။ အဲ့လိုသတ္တိမျိုးရှိနေမယ်ဆိုရင် စွမ်းအားကြီးတဲ့လူတွေတောင် သူတို့မလုပ်ခင်မှာ ပြန်လည်သုံးသပ်ကြလိမ့်မယ်...”

“ရန်သူနဲ့အတူသေရဲရမယ်...” လျို့၀ှက်သည့်လူသည် ရေရွတ်လိုက်မိသည်။ ထို့နောက်တွင် အချိန်အတန်ကြာတိတ်ဆိတ်သွားတော့၏။

အချိန်တချို့ကုန်ဆုံးသွားပြီးသည့်နောက်တွင် ထူးဆန်းသည့်အပြုံးတစ်ခုသည် လျို့၀ှက်သည့်လူ၏မျက်နှာပေါ်တွင် ပေါ်လာ၏။ ဤသည်မှာ ဖှေးပထမဆုံးအနေဖြင့် ထိုလူ၏မျက်နှာပေါ်တွင် စိတ်ခံစားချက်တစ်ခု ထင်ဟပ်ပြသသည်ကို မြင်တွေ့ဖူးခြင်းပင်။ လျို့၀ှက်သည့်လူသည် ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်သည်။ သူ၏အကြည့်များသည်လည်း ကြယ်များကြားထဲတွင်ပျောက်ဆုံးသွား၏။ လွန်စွာရှည်ကြာခဲ့သည့်အချိန်တစ်ခုကို ပြန်လည်ကာစဥ်းစားကြည့်လိုက်ပြီးသည့်နောက်တွင် ထိုလူသည် တိတ်ဆိတ်စွာဖြင့် ရေရွတ်လိုက်မိသည်။ “ဟုတ်တယ် ပြန်လည်ရင်ဆိုင်ရဲတဲ့ သတ္တိပဲ...အချိန်တွေက မြန်မြန်ဆန်ဆန်နဲ့ကုန်ဆုံးသွားတာပဲ။ တစ်ခြားလူတစ်ယောက်ကလဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာတုံးက အဲ့လိုစကားမျိုးပြောခဲ့ဖူးတယ်။ သူလဲမင်းလိုပဲ တူညီတဲ့အခြေအနေတစ်ခုမှာပြောခဲ့ပြီးတော့ သူပြောခဲ့သလိုပဲတကယ်လက်တွေ့လုပ်ခဲ့တယ်။ နောက်ပြီးတော့ သူလုပ်ခဲ့တဲ့အရာတွေက အတော်လေးပိုပြီးအထင်ကြီးစရာကောင်းတယ်....”

“အဖိုး အဖိုးပြောတဲ့လူက အင်ပါယာအရှင်သခင် ယရှင်းလား...” ယရှင်းဟူသည့် နာမည်သည် ဖှေး၏ပါးစပ်မှ အမှတ်မထင်ထွက်သွား၏။

“ဟမ်...” လျို့၀ှက်သည့်လူသည် အံ့သြသွားသည်။ “ဟုတ်တယ် အဲ့တာသူပဲ...” ဤကဲ့သို့ပြောပြီးနောက်တွင် သူသည် တိတ်ဆိတ်သွား၏။

ဘုရင်ငယ်သည် ထိုလူနှင့် အလွန်တူနေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ ဘုရင်ငယ်နှင့် အင်ပါယာအရှင်သခင်တို့သည် တူညီသည့်လူအမျိုးအစားဖြစ်နေနိုင်သည်။ သူသည် ဖှေးကိုကြည့်နေရင်းဖြင့် လွန်ခဲ့သည့်နှစ်သုံးဆယ်ခန့်က ယရှင်းကိုပြန်လည်ကာမြင်တွေ့နေရသကဲ့သို့ခံစားနေရ၏။

“ကျွန်တော်က အင်ပါယာအရှင်သခင် ယရှင်းလိုလူလား...” ဖှေးသည်လည်း အနည်းငယ်အံ့သြသွားသည်။ သူသည် ပထမဆုံးအနေဖြင့် ဤကဲ့သို့ မှတ်ချက်မျိုးကိုကြားဖူးခြင်းပင်။

“အင်း...” လျို့၀ှက်သည့်လူသည် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက်တွင် ရှည်ကြာစွာတိတ်ဆိတ်သွားပြန်၏။

သို့သော် ထိုလူဖှေးအားထက်မံ၍မော့ကြည့်လိုက်ရာ ဘုရင်ငယ်၏စိတ်ရှုပ်ထွေးနေသော်လည်း ဂုဏ်ယူသည့်အမူယာကိုတွေ့သည့်အချိန်တွင် သူရုတ်တရက်တစ်စုံတစ်ခုကို သတိရလိုက်သည်။ သူ၏အမူယာသည် လေးနက်သွားပြီးပြောလိုက်၏။ “မင်းသူ့လို ပြုမူလို့မရဘူး...”

“ဟမ်...” ဖှေးပို၍ပင် နားမလည်နိုင်ဖြစ်သွား၏။

ဤသည်မှာ ပထမဆုံးအနေဖြင့် လျို့၀ှက်ထူးဆန်းသည့်လူတစ်စုံတစ်ခုကို အသားပေးပြောဆိုလိုက်ခြင်းပင်။ အသံနေအသံထားမှာ အမိန့်ပေးနေသည့်ဟန်ရှိ၏။

သို့သော် ဖှေးထိုအရာကို စိတ်ခုစရာဟူ၍သဘောမထားပေ။ သူသည် ၀ေ၀ါးသည့် ဂရုစိုက်သည့်အာရုံကို ထိုအသံများထဲတွင် ခံစားနေရသည့်တွက်ပင်။

လျို့၀ှက်သည့်လူသည် သူ၏ခေါင်းကိုညင်သာစွာခါရမ်းလိုက်ပြီး ရုတ်တရက်မက်တပ်ထလိုက်သည်။

နောက်အခိုက်တန့်တွင် သူ၏ခန္ဓာကိုယ်မှ တိုက်ခိုက်လိုသည့်အရှိန်၀ါများထွက်ပေါ်လာ၏။ သူသည် နောက်လူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားသည့်အတိုင်းပင် ရင်းနှီးသည့်ခံစားချက်ကို သူထံမှ ခံစားရခြင်းမရှိတော့ပေ။ အစိမ်းရောင်အတွင်းအားစွမ်းအင်များထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကို ၀န်းရံသွားတော့၏။

သူသည် ဖှေးနှင့်တိုက်ပွဲမြေပြင်တွင် စတွေ့ခဲ့စဥ်ကအတိုင်း စိတ်ခံစားချက်ကင်းမဲ့သည့်လူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားကာ ပြောလိုက်သည်။ “တိုက်ခိုက်တော့ အရင်ကလိုပဲ ဆယ်ကြိမ်တိုက်ခိုက် ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ငါအစွမ်းကုန်ထုတ်သုံးရလိမ့်မယ်...”

ဖှေးသည် အနည်းငယ်အံ့သြသွားသည်။ သို့သော် သူခေါင်းငြိမ့်ကာ မက်တပ်ရပ်လိုက်သည်။

ဤလူသည် စကားပြောလိုခြင်းမရှိတော့သည်ကို သူသိလိုက်ရသည့်အတွက်ကြောင့်ပင်။

ယနေ့ညတွင်ဖြစ်ပျက်ခဲ့သည့်အရာသည် ဖှေးအားအံ့သြစေခဲ့ပြီးဖြစ်သည်။

သူသည် စကားတစ်လုံးစနှစ်လုံးစသာပြောလေ့ရှိသည့်လူနှင့် ဤကဲ့သို့စကားပြောခွင့်ရလိမ့်မည်ဟုထင်ထားခဲ့ခြင်းမရှိပေ။ ဖှေးသိလိုသည့်အချက်များကို မေးခွင့်မရလိုက်သော်လည်း ဖှေးအရိပ်မွတ်တစ်ချို့ကို မူရရှိလိုက်ခဲ့သည်။ အနည်းဆုံးဤလူသည် အင်ပါယာအရှင်သခင်ယရှင်းနှင့် အချိန်အကြာကြီးရင်းနှီးခဲ့သည့်လူဖြစ်ကြောင်းကို ဖှေးသိရှိလိုက်ရ၏။

“ဒီလူက ဘယ်သူလဲ...” ဖှေးစတင် လေ့ကျင့်တိုက်ခိုက်ခြင်းမပြုလုပ်မူ ဤမေးခွန်းကိုသာ ထပ်တလဲလဲတွေးနေမိ၏။

ဒုတိယမြောက်နေ့တွင်ဖြစ်သည်။

နေထွက်လာပြီဖြစ်ပြီး ကောင်းကင်ပေါ်တွင် တိမ်တိုက်များကင်းစင်နေသည်။

မြောက်ပိုင်းတိုက်ပွဲဒေသတွင်ဖြစ်သည်။

ယနေ့အတွက် ချမ်းဘော့ဒ်တိုင်းပြည်ရင်ဆိုင်ရမည့်ရန်သူမှာ အဆင့်၃ကီဒစ်အဖွဲ့၀င်တိုင်းပြည်ပင်။

ကီဒစ်တိုင်းပြည်သည် သိပ်ပြီးသန်မာခြင်းမရှိပေ။ သူတို့သည် မနေ့က အဆင့်ခြောက်အဖွဲ့၀င်တိုင်းပြည်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရသဖြင့်ကံကောင်းကာ နောက်တစ်ဆင့်သို့တက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယနေ့တွင် သူတို့၏ကံကြမ္မာမှာ သိပ်ပြီးကောင်းမွန်လှခြင်းမရှိပေ။

မကြာမှီတွင် ပြိုင်ပွဲ၏ရလဒ်သည် လူတိုင်းထင်ထားသည့်အတိုင်းပင်။

ကီဒစ်တိုင်းပြည်သည် ရဲရင်ပြီးပို၍သန်မာသည့် ချမ်းဘော့ဒ်တိုင်းပြည်အား အရှုံးပေးခဲ့ခြင်းမရှိသော်လည်း တစ်ပွဲမှပင်နိုင်ခဲ့ခြင်းမရှိပေ။

ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များသည် ငြိမ်းချမ်းလှပြီးအကြောင်းမဲ့သတ်ဖြတ်ခြင်းမရှိသည်မှာ သူတို့အတွက် ကံကောင်းသည်ဆိုရမည်။ တစ်ချို့စစ်သည်များမှာမူ အခွင့်ရေးရသည်နှင့် သတ်ဖြတ်ပစ်လေ့ရှိကြသောကြောင့်ပင်။ ကီဒစ်တိုင်းပြည် ရှုံးနိမ့်သူများစာရင်းထဲတွင် ရောက်ရှိသွားပြီးဖြစ်ပြီး ထိုထဲတွင် ဆက်လက်၍ယှဥ္ပ်ပြိုင်ရဦးမည်ဖြစ်သည်။

ပြိုင်ပွဲသည် မိနစ်ငါးဆယ်ခန့်သာ ကြာမြင့်လိုက်သည်။

ချမ်းဘော့ဒ်သည် ဒုတိယမြောက်နေ့တွင်လည်း ရှင်းလင်စွာပင်အနိုင်ရရှိသွားပြီး ဒေသထဲတွင် ထိပ်တန်း၁၂နိုင်ငံထဲသို့၀င်ရောက်သွား၏။

မနေ့က ချမ်းဘော့ဒ်တိုင်းပြည်၏စွမ်းဆောင်မှုမှာ အလွန်ပြောင်မြောက်လှပြီး ချမ်းဘော့ဒ်ဘုရင်နှင့် သူ၏လူများတွင် လျို့၀ှက်ချက်များစွာရှိနေကြသဖြင့် ခရီးသွားကဗျာဆရာများစွာသည် ချမ်းဘော့ဒ်တိုင်းပြည်၏ဇာတ်လမ်းများကို လူများစွာရှိလေ့ရှိသည့် ဘုံဆိုင်များတွင် ပြောဆိုကြ၏။ ယနေ့တွင်မူ လူပေါင်းများစွသည် ဆံဖြူလျင်မြန်ဓား၊ ဆံနက်လက်သီးပြင်း၊ မျှော်လင့်ချက်များဖျက်ဆီးသူ၊ အဖျက်စွမ်းအားကြီးလက်သီး၊ လေညင်း၏သားတော်၊ အရိပ်မဲ့လုပ်ကြံသတ်ဖြတ်သူ စသည့်နာမည်ပြောင်များကို ကြားဖူးနေပြီဖြစ်ပြီး ယနေ့တွင် ချမ်းဘော့ဒ်၏ပြိုင်ပွဲကို လာရောက်ကြည့်ရှုကြသည့်လူများမှာ နှစ်ထောင်ကျော်နေပြီဖြစ်သည်။ ဤနေရာတွင်ရှိနေသည့်ပရိသတ်အင်အားသည် အဆင့်၁အဖွဲ့၀င်တိုင်းးပြည်တစ်ချို့၏ပြိုင်ပွဲများမှ ပရိသတ်အရေတွက်ထက်ပင် ကျော်လွန်နေ၏။

လူအုပ်ကြီးမှာ တိုး၀ှေ့လျှက်ရှိကြပြီး အလွန်စိတ်လှုပ်ရှားနေကြလျှက်ရှိသည်။

“ဘုရားရေ ဆံဖြူလျှင်မြန်ဓားက ဘယ်မာလဲဆိုတာ ငါ့ကိုပြောနိုင်လား။ အတော်မြန်လွန်းတယ်...ငါမမြင်နိုင်...” ဓားသမားတစ်ယောက်သည် သူ၏ဓားကိုကြည့်ကာ စိတ်ဓာတ်ကျသွား၏။ သူသည် ဓားကိုရန်သူပင်မြင်နိုင်ခြင်းမရှိအောင် မည်မျှလျှင်လျှင်မြန်မြန်ခုတ်ပိုင်းရမည်ဆိုသည်ကို သိရှိခြင်းမရှိသည့်အတွက်ပင်။

“ဟ လေညင်းရဲ့သားတော်က အတော်မိုက်လှပါလား။ သူက လေးကြိုးကိုဆွဲတင်လိုက်ရင် နတ်သူငယ်တစ်ယောက်လိုပဲ။ သူက ငါ့ရဲ့အိုက်ဒေါပဲ...” လေးသည်တော်တစ်ယောက်သည် တိုးရိစ်၏တိုက်ပွဲကိုကြည့်ရင်းဖြင့် အော်ဟစ်လိုက်မိသည်။

ဤကဲ့သို့မြင်ကွင်းများမှာ ပရိသတ်များကြားထဲတွင် ဖြစ်ပွားလျှက်ရှိသည်။ တစ်ချို့လူများသည် ခရီးသွားကဗျာဆရာများပြောသည့်ဇာတ်လမ်းများသည် အနည်းငယ်ချဲ့ကားထားခြင်းသာဖြစ်လိမ့်မည်ဟု ထင်ခဲ့မိကြသည်။ သို့သော် ယခုအချိန်တွင်မူ သူတို့အမှန်တရားကို ကိုယ်တိုင်မြင်တွေ့နေရ၏။

လူအုပ်ထဲတွင်ရှိသည့်လူအများစုသည် အဆင့်နိမ့်စစ်သည်များသာဖြစ်ကြသည်။ တစ်ချို့မှာ ကြယ်တစ်လုံးအဆင့်သို့ပင် ရောက်ရှိခြင်းမရှိကြသေးပေ။ ဤလူများသည် အဆင့်နိမ့်သည့်အဖွဲ့၀င်တိုင်းပြည်များမှ ဖြစ်ကြပြီးချမ်းဘော့ဒ်တိုင်းပြသည်လည်း အဆင့်နိမ့်တိုင်းပြည်တစ်ခုအဖြစ်မှ အင်အားကောင်းလာခဲ့ခြင်းသည် သူတို့အားစိတ်အားထက်သန်စေသည်။

အထူးသဖြင့် ချမ်းဘော့ဒ်စစ်သည်များ ကီဒစ်စစ်သည်များကို ဒိုင်းကာများဖြင့် စင်ပေါ်မှတွန်းချနေသည်ကို မြင်တွေ့နေရသည့်အချိန်တွင်ဖြစ်သည်။ ပရိတ်သတ်များမှာအော်ဟစ်သံများနှင့် ဆူညံကုန်တော့သည်။ သူတို့ကိုယ်တိုင်အနိုင်ရလိုက်သည့်အတိုင်းပင် သူတို့၏သွေးများမှာလည်း ဆူပွက်နေကြ၏။

ပရိသတ်အားစိတ်ပျက်စေသည့်တစ်ခုတည်းသောအရာမှာ ချမ်းဘော့ဒ်ဘုရင်ပါ၀င်ယှဥ်ပြိုင်တိုက်ခိုက်သည်ကို မြင်တွေ့ရခြင်းမရှိခြင်းပင်။

ချမ်းဘော့ဒ်ဘုရင်ကို နားနေရာနေရာ၌ပင် သူတို့မြင်တွေ့ရခြင်းမရှိပေ။

“ချမ်းဘော့ဒ်ဘုရင် ဘယ်ရောက်နေတာလဲ....”

......

ဖှေးသည် နောက်ထပ်ပြိုင်ပွဲတစ်ခုကို ကြည့်ရှုနေခြင်းဖြစ်သည်။

အမဲရောင်၀တ်ရုံတစ်ခုကို ခြုံကာ ရုတ်ဖျက်လိုက်ပြီး သူသည် အနောက်ပိုင်းတိုက်ပွဲဒေသမှ အရှိန်ဟုန်မြင့်မားနေသည့်တိုက်ပွဲတစ်ခုကို အန်ဂျယ်လာနှင့်တူကြည့်ရှုနေသည်။ အဆင့်၁မေ့ဇ်အဖွဲ့၀င်တိုင်းပြည်မှာ အလွန်ပင်ကံဆိုးနေ၏။ သူတို့သည် မနေ့က အဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး ယနေ့တွင်လည်း အဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခုဖြစ်သည့်လိုဒီတိုင်းပြည်နှင့် ထက်မံရင်ဆိုင်နေရပြန်သည်။

ပထမနေ့တွင် ပြင်းထန်သည့်တိုက်ပွဲများကို တိုက်ခိုက်ထားခဲ့ရသည့်အတွက် မေ့ဇ်တိုင်းပြည်သည် ခြေကုန်လက်ပန်းကျနေပြီဟုဆိုနိင်၏။ ယနေ့တွင် တစ်ကိုယ်ရည်စွမ်းအားပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့သည့် မေ့ဇ်တိုင်းပြည်မှ သိုင်းဆရာသုံးယောက်သည်လည်း အနိုင်ရရှိခဲ့ခြင်းမရှိသည့်အပြင် တစ်ဦးသေဆုံးသွားခဲ့၏။ ကျန်နှစ်ယောက်မှာလည်း ပြင်းထန်စွာပင်ဒဏ်ရာရရှိသွားခဲ့ကြသည်။

All Chapters