← Chapters

အခန်း (၃၈၁)

Vol. 26 Ch. 381

အခန်း (၃၈၁)

Vol. 26 Ch. 381

လိုဒီတိုင်းပြည်နှင့် မေ့ဇ်တိုင်းပြည်တို့ကြားထဲတွင် အမုန်းတရားများရှိနေပုံရသည်။ လိုဒီတိုင်းပြည်မှ စစ်သည်များသည် တိုက်ခိုက်သည့်နေရာတွင် အလွန်ပင် ရက်စက်လှသည်။

စတုတ္ထမြောက်တစ်ကိုယ်ရည်စွမ်းအားပြိုင်ပွဲတွင်ဖြစ်သည်။

လိုဒီတိုင်းပြည်ဘက်မှစစ်သည်သည် လိုဒီတိုင်းပြည်၏နံပါတ်၁စစ်သည်ဟုကျော်ကြားသည့် ပလန်းနစ်ပင်။

သူသည် ခန့်ညားကာအရပ်ရှည်သည့် ဓားသမားတစ်ယောက်ပင်။ သူသည် အပြာရောင်၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားပြီး သူ၏ဆံပင်ရှည်များသည်လည်း လေထဲတွင် လွှင့်မြောလျှက်ရှိသည်။ လေးလံသည့်ဓားရှည်တစ်လက်ကို ပုခုံးပေါ်တွင် ထမ်းလျှက်သူသည် လိုဒီစစ်သည်များ၏အော်ဟစ်အားပေးသံများနှင့်အတူ စင်မြင့်ပေါ်သို့ခုန်တက်သွား၏။

ခန့်ညားသည့် ဓားသမား၏မျက်နှာပေါ်တွင် အလွန်မာနထောင်လွှားသည့်အမူယာတစ်ခုရှိနေပြီး သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့်အနီရောင်စွမ်းအင်မီးတောက်များသည် ကောင်းကင်ထိပင်ထောင်တက်နေ၏။ စင်မြင့်တစ်ခုလုံးကို အနီရောင်အဖြစ်သို့ပြောင်းလဲပစ်လိုက်ခြင်းအပြင် သူ၏စွမ်းအင်မီးတောက်များထဲတွင် ကြယ်ငါးလုံးမှာ ရစ်ပတ်လျှက်ရှိသည်။ သူသည် ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည်ကို ပြသနေခြင်းပင်။

အသက်၃၀အောက် ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်သည် အေဇာရုတိုက်ပေါ်တွင် ပါရမီရှင်စစ်သည်သိုင်းဆရာတစ်ယောက်ဟုသတ်မှတ်ခြင်းခံရလိမ့်မည်ဖြစ်သည်။

ပလန်းနစ်စွမ်းအားမြင့်မားလာလေလေ မေ့ဇ်တိုင်းပြည်ရင်ဆိုင်နေရသည့်ဖိအားများသည်လည်း ပို၍ကြီးထွားလာလေလေဖြစ်သည်။

ပလန်းနစ်သည် စင်မြင့်ပေါ်တွင်ရပ်နေရင်းဖြင့် မေ့ဇ်တိုင်းပြည်ဘက်သို့လှည့်ကာ လက်ခကို အောက်သို့ချပြကာ ရန်စလိုက်သည်။ ထို့နောက်တွင် မေ့ဇ်တိုင်းပြည်တက်လာမည့်မြေပြင်ကို တံထွေးဖြင့်ထွေးလိုက်၏။ သူ၏ လှောင်ပြောင်နှိမ်ချသည့် ဗျူဟာမှာအတိုင်းတာတစ်ခုထိအလုပ်ဖြစ်သွား၏။

အခိုက်တန့်တစ်ခုကြာခန့် မေ့ဇ်တိုင်းပြည်မှမည်သူမှ စင်မြင့်ပေါ်သို့တက်သွားရဲခြင်းမရှိပေ။

တစ်ချို့လိုဒီစစ်သည်များ၏ဦးဆောင်မှုနှင့်အတူ လူအုပ်အတွင်းမှ လှောင်ပြောင်ရယ်မောသည့်အသံများထွက်ပေါ်လာတော့သည်။

“ကျွန်မအဲ့လူကို သဘောမကျဘူး...” အန်ဂျယ်လာသည် ရုတ်တရက်ဖှေး၏အနားသို့ကပ်လာကာ ပြောလိုက်သည်။ သူမ၏သင်းပျံ့သည့်ကိုယ်သင်းရနှံ့သည် ဖှေး၏နှာခေါင်းထဲသို့၀င်ရောက်သွား၏။

သူမသည် ဖှေး၏လက်များကို သူမ၏သေးသွယ်ချောမွေ့သည့်လက်များဖြင့် ကိုင်ထားပြီး ပလန်းနစ်သည် စစ်သည်ကောင်းတစ်ယောက်ကဲ့သို့ ပြုမူနေခြင်းမဟုတ်ဟုထင်မြင်မိပုံရသည်။

“ဟုတ်တာပေါ့ နင်သူ့ကို သဘောကျလို့မရဘူးလေ။ ငါ့ကိုပဲ သဘောကျရမှာပေါ့...” ဖှေးအန်ဂျယ်လာ၏လက်များကို ညှစ်ကာ အနည်းငယ်စနောက်လိုက်သည်။

“မဟုတ်ဘူး...ကျွန်မပြောတာက သူကမာနထောင်လွှားလွန်းနေလားလို့လေ...” အန်ဂျယ်လာသည် ရှက်ရွံ့သည့်အမူယာတစ်ခုနှင့်အတူရှင်းပြလိုက်သည်။

“ဒါပေမယ့် လူတော်တော်များများက ငါ့ကိုလည်း မာနထောင်လွှားတယ်လို့ပြောကြတယ်လေ။”ဖှေးအန်ဂျယ်လာကို ထက်မံ၍စနောက်လိုက်သည်။ “အဲ့ကျတော့ ငါ့ကိုရော နင်သဘောမကျဘူးလား...”

အန်ဂျယ်လာသည် အနည်းငယ်အံ့သြသွားသည်။ သူမဖှေး၏လက်များကို ရှိသမျှအားနှင့် ညှစ်လိုက်၏။

လူအုပ်ထဲတွင် ကောင်မလေးနှင့်ကောင်လေးနှစ်ယောက်တို့မှာ အမဲရောင်၀တ်ရုံများကို ခြုံကာ ရပ်နေလျှက်ရှိ၏။ ၀တ်ရုံတွင်ပါသည့် ဦးဆောင်းသည် သူတို့၏မျက်နှာတစ်၀က်ခန့်ကို ဖုံးကွယ်ထားသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်လွတ်လပ်စွာဖြင့် စနောက်ပျော်ပါးနိုင်နေကြသည်။ သူတို့သည် အထက်တန်းကျောင်းမှ ငယ်ရွယ်သည့် ချစ်သူစုံတွဲများကဲ့သို့ပင်။

ဖှေးရုတ်တရက် သူ၏အရင်ဘ၀တွင် အထက်တန်းကျောင်းတက်ခဲ့စဥ်က သူ၏crushဘေးတွင် ရပ်နေခဲ့ဖူးသည့်အချိန်ကို သတိရလိုက်မိ၏။ အနည်းငယ် စိုးရိမ်နေခြင်း၊ အနည်းငယ်ပျော်ရွှင်နေခြင်းနှင့် အနည်းငယ်ရှက်ရွံ့နေခြင်းတို့ပင်...စသည့် ခံစားချက်တို့ကို ခံစားနေရ၏။

ကွာခြားသည့်တစ်ခုမှာ ဖှေး၏အထက်တန်းကျောင်းမှ ခွက်သည် ဖှေးအားအရေးမလုပ်ခဲ့သော်လည်း ယခုသူ၏ဘေးတွင်ရှိနေသည့် အန်ဂျယ်လာ၏အာရုံစိုက်မှုများမှာမူ သူ့ထံသို့သာရောက်ရှိနေသည့်အတွက်ပင်။ ဤကဲ့သို့ခံစားလိုက်ရသည့်အချိန်တွင် သူ၏ဘေးတွင်ရှိနေသည့် ကောင်မလေးသည် ဘ၀တွင် သူ၏ဘ၀တွင်အလွန်အရေးပါသည့်အစိတ်ပိုင်းတစ်ခုဖြစ်သည်ဟု ဖှေးခံစားလိုက်ရ၏။

ဖှေးဤကမ္ဘာသို့ရောက်ရှိလာခဲ့စဥ်က ပထမဆုံးအနေနှင့် စိတ်အေးချမ်းမှုကို ခံစားလိုက်မိခဲ့သည်မှာ အန်ဂျယ်လာကို မြင်တွေ့လိုက်ရသည့်အချိန်တွင်ဖြစ်သည်။ သူသည် ဤအကြောင်းကို သူမအားပြောပြဖူးခြင်းမရှိသော်လည်း ဖှေးအန်ဂျယ်လာအားတစ်သက်လုံးကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု စိတ်ထဲတွင် ကတိပေးထားမိသည်။

သူတို့နှစ်ယောက်တစ်ဦးနှစ်တစ်ဦးစနောက်ကျီဆယ်နေကြသည့်အချိန်တွင် အပြောင်းလဲများဖြစ်ပေါ်သွားသည်။

ရုတ်တရက် စင်ပတ်လည်တွင်ရှိနေသည့် ဆူညံသံများမှာ ကွယ်ပျောက်သွား၏။ ပရိသတ်ထဲတွင်ရှိနေသည့်လူများအားလုံးသည်လည်း ပါးစပ်ပိတ်သွားကြသည်။ စိန်ခေါ်ရန်စနေခဲ့သည့်လိုဒီတိုင်းပြည်မှ စစ်သည်များအပါ၀င်ပင်ဖြစ်၏။ တကယ်တန်းတွင် လိုဒီတိုင်းပြည်မှစစ်သည်များသည် စင်ပေါ်သို့ပင် ကြည့်ရဲခြင်းမရှိကြတော့ပေ။

ဖှေးသည် ဤအရာများအားလုံးကြောင့် အံ့သြသွားပြီးအပေါ်သို့မော့ကြည့်လိုက်သည်။

၀တ်ရုံကြမ်းတစ်ခုကို ၀တ်ထားသည့်လူတစ်ယောက်သည် မေ့ဇ်တိုင်းပြည်နားနေရာနေရာမှ လမ်းလျှောက်ထွက်လာ၏။

ဤလူသည် အရပ်မရှည်ပဲ လူကောင်ကြီးခြင်းလဲမရှိလှပေ။ သူသည် သာမန်အရွယ်စားရှိသည့်ဓားတစ်လက်ကို အနောက်တွင် လွယ်ထား၏။ ဓားရှည်သည် တစ်၀က်ခန့်သံချေးတပ်နေပြီး ဓားသွားများမှာ ကျိုးပဲ့နေသည်။ သူစင်ပေါ်သို့လမ်းလျှေက်လာသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်မှစွမ်းအားအရှိန်၀ါများကိုခံစားရခြင်းမရှိပေ။ သာမန့်လူတစ်ယောက်ကဲ့သို့ပင် သူသည် လှေကားများကိုသာအသုံးပြပြီးစင်ပေါ်သို့တက်သွား၏။

သူသည် စွမ်းအားကင်းမဲ့သည့် သာမန်ပြည်သူတစ်ဦးကဲ့သို့ပင်။

သံကြေးတက်နေသည့်ဓားမှာလည်း ရန်သူများကို သုတ်သင်ခြင်းထက် ထင်းခုတ်သည့်ဓားတစ်ချောင်းကဲ့သို့ပင်။

သို့သော် မည်သူမှသူ့အားသာမန်လူတစ်ယောက်ကဲ့သို့ မဆက်ဆံရဲပေ။ မည်သူမှ ဤဓားကိုလည်း ထင်းခုတ်ထားတစ်ချောင်းဟုလည်း မည်သူမှမသက်မှတ်ရဲပေ။

သူဘယ်သူဖြစ်သည်ကို လူတိုင်းသိရှိသည့်အတွက်ပင်။

လူတိုင်းသည် ထိုထားသည်မည်သည့်ရန်သူများကို သတ်ဖြတ်ခဲ့သည်ကို သိရှိသည့်အတွက်ပင်။

ဖှေးထိုလူအားသိရှိလိုက်သဖြင့် သူ၏မျက်လုံးများသည် ကျဥ်းမြောင်းသွားသည်။

[ဓားတစ်လက်သူရဲကောင်း]

သူသည် ဓားတစ်လက်သူရဲကောင်းပင်။

မေ့ဇ်တိုင်းပြည်၏ပထမမင်းသား၊ အဖွဲ့၀င်တိုင်းပြည်များထဲမှ နံပါတ်၁စစ်သည်တစ်ယောက်ပင်။

အင်ပါယာမင်းသားနှစ်ပါးဖြစ်သည့် အာရှဗင်နှင့် ဒိုမင်းဂူတို့နှစ်ဦးလုံးပင် ဓားတစ်လက်သူရဲကောင်းကို သူတို့ဘက်ပါအောင်ကြိုးစားခဲ့ဖူးကြသည်။

ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ဓားတစ်လက်သူရဲကောင်းသည် ပဲရစ်၏ ထောင်ချောက်မှမင်းသမီးကို ကာကွယ်ပေးလိုက်ပြီး ကျွမ်းကျင်စစ်သည်ငါးယောက်ကို တစ်ချိန်တည်းမှာပင် ဒဏ်ရာရအောင်တိုက်ခိုက်ခဲ့သည်။

ဖှေးနာမည်ကြီးမလာခင်က ဓားတစ်လက်သူရဲကောင်းသည် ဒဏာရီတစ်ခုပင်။

လူတိုင်း သူ၏အစွမ်းများမြင့်မားသည်ကို သိရှိသော်လည်း သူ၏အစွမ်းမည်မျှထိမြင့်မားသည်ဆိုသည်ကိုမူ အတိကျမည်သူမှသိရှိကြခြင်းမရှိပေ။ ဓားတစ်လက်သူရဲကောင်းသည် တိုက်ပွဲတိုင်းတွင် ဓားချက်တစ်ချက်ကိုသာအသုံးပြုခဲ့ပြီး ထိုဓားချက်တစ်ချက်ကို မည်သူမှပင် ခံနိုင်ခြင်းမရှိသည့်အတွက် သူ၏အစွမ်းများကိုခန့်မှန်းနိုင်ရန်မှာ ခဲယဥ်းလှသည်။ ဓားတစ်လက်သူရဲကောင်းဆိုသည့် နာမည်ပြောင်ကိုလည်း ဤကဲ့သို့ဖြင့်ရရှိလာခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင်မူ ဓားတစ်လက်သူရဲကောင်းသည် တိုက်ပွဲစင်မြင့်ပေါ်သို့ရောက်ရှိနေပြီဖြစ်သည်။

ဤလူ၏ဂုဏ်ရှိန်၀ါနှင့် ပြိုင်ဘက်ကင်းမဲ့သည့်ဇာတ်လမ်းများမှာ လူအုပ်ကို တိတ်ဆိတ်ငြိမ်သက်စေသည်။

ဖှေးရယ်လိုက်သည်။

သူသည် ဤတိုက်ပွဲ၏ရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်လိုက်သည့်အတွက်ပင်။

ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်ပေါ်တွင် ဓားတစ်လက်သူရဲကောင်းသည် ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့် နှင်းတောင်၌ပုန်းကွယ်နေသူ ဒန်တီ အပြင် ကျန်ရှိနေသည့် စွမ်းအားမြင့် လုပ်ကြံသတ်ဖြတ်သူလေးယောက်ကိုလည်း လွယ်ကူစွာပင်အနိုင်ယူခဲ့သည်။ လက်ရှိအချိန်တွင် အပြာရောင်၀တ်ရုံနှင့်ဓားသမားသည် ကြယ်ငါးလုံးအဆင့်သာရှိသေးသည့်အတွက် ဓားတစ်လက်သူရဲကောင်း၏ပြိုင်ဘက်ဟု မဆိုနိုင်ချေ။

သို့သော် ဓားတစ်လက်သူရဲကောင်း၏စင်မြင့်ပေါ်သို့ရောက်ရောက်ခြင်းတွင် ပြုမူခဲ့သည့်အပြုမူကိုမည်သူမှထင်မထားခဲ့ပေ။

“၀ှစ် ၀ှစ် ၀ှစ်...”

ဓားသွားစွမ်းအင်ပေါင်းများစွာသည် ဓားတစ်လက်သူရဲကောင်းသူ၏ပုခုံးကို အသာယာလှုပ်ရှားလိုက်သည့်အချိန်တွင် သူ၏ဓားကိုယ်မှ ပျံသန်းထွက်ခွာသွား၏။

“အား...”

အော်ဟစ်သံများစွာထွက်ပေါ်လာပြီးသည့်နောက်တွင် ဦးခေါင်းပြတ်များစွသည် လေပေါ်သို့မြောက်တက်လာတော့၏။ တစ်ချိန်တည်းမှာပင် ပရိသတ်များအတွင်းတွင် သွေးအိုင်များဖြစ်ပေါ်လာတော့သည်။

လူအုပ်မှာထိတ်လန့်သွားကြပြီး ဦးခေါင်းကင်းမဲ့နေသည့် အလောင်းများအတွက် နေရာချဲ့ပေးလိုက်ကြသည်။

အသတ်ခံလိုက်ရသည့် လူများမှာ မေ့ဇ်တိုင်းပြည်ကို အော်ဟစ်လှောင်ပြောင်နေရာတွင် အသံကျယ်ဆုံးပြုလုပ်နေခဲ့ကြသည့် လိုဒီတိုင်းပြည်မှစစ်သည်များပင်။ သူတို့၁၆ယောက်လုံးဦးခေါင်းပြတ်သွားကြပြီး သူတို့၏ခန္ဓာကိုယ်များသည် တုန်ခါနေကြဆဲပင်။ သူတို့သည် အလွန်အားနည်းကြသည့်ဓားတစ်လက်သူရဲကောင်း၏တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ခြင်းမရှိပေ။

စူးရှသည့်သွေးနံ့များသည် စင်ပတ်လည်တွင် ပြန့်နှံ့သွား၏။

အန်ဂျယ်လာသူမ၏နှာခေါင်းကိုအုပ်ကာ နေရခက်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် ဖှေးမျက်မှောင်ကြုံ့ကာသူ၏လက်ကို ၀ှေ့ရမ်းလိုက်သည်။ အလောင်း၁၆လောင်းသည် မမြင်ရသည့်စွမ်းအားတစ်ခု၏သယ်ဆောင်ခြင်းကို ခံလိုက်ရပြီး လိုဒီတိုင်းပြည်နားနေရာနေရာသို့ရောက်ရှိသွား၏။ မြေပြင်ပေါ်တွင်ရှိနေသည့် သွေးများပင် ကျန်ရှိခဲ့ခြင်းမရှိပေ။ ပြန့်နှံ့နေသည့်သွေးနှံ့အများစုသည်လည်း ပျောက်ကွယ်သွားပြီဖြစ်၏။

တိုက်ပွဲစင်မြင့်ပေါ်တွင်ရှိနေသည့် ဓားတစ်လက်သူရဲကောင်းသည် ဖှေးအသုံးပြုလိုက်သည့်စွမ်းအားများကို အာရုံခံလိုက်မိသဖြင့် ဖှေးနှင့် အန်ဂျယ်လာတို့ရောထွေးနေသည့် ပရိသတ်များအတွင်းသို့စင်မြင့်ပေါ်မှကြည့်လိုက်၏။ တစ်စုံတစ်ခုကို တွေးနေသည့်အတိုင်းပင် ဓားတစ်လက်သူရဲကောင်း၏မျက်လုံးများသည် လင်းလတ်နေ၏။

“ဟေ့ယောင် ဓားတစ်လက်သူရဲကောင်းဆိုတာမင်းလား...” ပလန်းနစ်သည် သူ၏ဓားကို ပခုံးပေါ်မှချလိုက်ပြီး သူ၏ရန်သူကို သေချာလေ့လာလိုက်သည်။ သူရုတ်တရက်ရယ်မောလိုက်၏။ “မင်းက ဒီထက်ပိုပြီး စွမ်းအားကြီးမယ်လို့ငါထင်ခဲ့တာ ဒါပေမယ့် မဆိုးပါဘူး။ ဟီးဟီး စတိုက်ခိုက်လိုက်စမ်းပါ မင်းဓားချက်တစ်ချက်ပဲ သုံးတယ်ဆိုတာဟုတ်မဟုတ်ကြည့်ရသေးတာပေါ့...”

သူစကားပြောပြီးသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသည့်စွမ်းအားအရှိန်၀ါများမှာလည်း ပို၍ပင်ပြင်းထန်လာတော့သည်။ အနီရောင်စွမ်းအင်မီးတောက်များသည် ကြီးမားသည်ထက်ကြီးမားလာ၏။

“ဟမ်...” ဖှေး၏မျက်လုံးများသည် ကျဥ်းမြောင်းသွား၏။

ဖြစ်သွားသည့်အရာမှ ရုတ်တရက်ဖြစ်သော်လည်း ပလန်းနစ်၏စွမ်းအားခံစားချက်မှာ ထူးဆန်းနေကြောင်းကိုဖှေးပြောနိုင်၏။ ပလန်းနစ်သည် စွမ်းအားကိုယာယီတိုးမြှင့်ပေးသည့် ဆေးတစ်မျိုးကို သောက်သုံးထားပုံရသည်။ သို့သော် ဆေးပုလင်းများအကြောင်းကို အနည်းငယ်နားလည်သည့်ဖှေးသည် ထိုကဲ့သို့သောဆေးပုလင်းများ၏ အန္တရာယ်များလှသောဘေးထွက်ဆိုးကျိုးများအကြောင်းကို ကောင်းစွာသဘောပေါက်သည်။

လိုဒီတိုင်းပြည်သည် ဤပြိုင်ပွဲကို အနိုင်ရရှိရန်အလွန်ပင် စိတ်အားထက်သန်နေပုံရ၏။

“ဟားဟား ဓားတစ်လက်သူရဲကောင်း မင်းရဲ့ပုံပြင်တွေက ဒီနေ့ပဲအဆုံးသတ်ပြီ။” ပလန်းနစ်သည် ဓားတစ်လက်သူရဲကောင်းထံသို့ ဖြေးညင်းစွာလမ်းလျှောက်လာ၏။ သူ၏အတွင်းအားစွမ်းအင်များသည်လည်း ပို၍ပို၍ပင် အားကောင်းလာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ၀ါးမျိုသွားတော့သည်။

All Chapters