← Chapters

အခန်း (၃၈၂)

Vol. 26 Ch. 382

အခန်း (၃၈၂)

Vol. 26 Ch. 382

နှိုင်းယှဥ်ကြည့်ပါက ဓားတစ်လက်သူရဲကောင်းမှာ အလွန်ရိုးရှင်းလှသည်။

သူသည် ထိုနေရာ၌ပင်အတွင်းအားစွမ်းအင်များထုတ်လွှတ်ခြင်းမရှိပဲရပ်နေ၏။

သူထံသို့ တိုက်ခိုက်ရန်ပြေး၀င်လာနေသည့် ရန်သူကိုပင်ကြည့်ရှုခြင်းမရှိပေ။ သူ၏မျက်လုံးများသည် ပရိသတ်အတွင်းတွင်ရှိနေသည့် အမဲရောင်၀တ်ရုံများခြုံထားသော လူနှစ်ယောက်ထံသို့သာကျရောက်နေသည်။ ဓားတစ်လက်သူရဲကောင်းသည် လက်ရှိတိုက်ပွဲနှင့်မသက်ဆိုင်သည့်အရာတစ်ခုအကြောင်းကို စဥ်းစားနေသည့်အတိုင်းပင်။

“စောက်ရူး တိုက်ပွဲလည်မှာ အာရုံပြန့်လွှင့်နေတယ်ပေါ့။ မင်းငါ့ကို လျှော့တွက်လိုက်တာပဲ...သေစမ်းကွာ...”

ပလန်းနစ်သည် ကြုံး၀ါးလိုက်ရင်းဖြင့် ပို၍မြန်မြန်ဆန်ဆန်ပင် အရှေ့သို့ပြေး၀င်သွားသည်။ သူသည် မီတာ၂၀ခန့်အကွာ၀ေးကို ချက်ချင်းပင်ဖြတ်ကျော်သွားပြီး သူ၏တောင်တစ်လုံးကဲ့သို့သော လေးလံသည့်ဓားကြီးနှင့် ဓားတစ်လက်သူရဲကောင်းကို ခုတ်ပိုင်းချလိုက်၏။

စက္ကန့်၀က်အတွင်းမှာပင် ဓားဦးချွန်မှာ ဓားတစ်လက်သူရဲကောင်း၏နဖူးထဲသို့ စိုက်၀င်သွားတော့မည့်အတိုင်းပင်။ ဤစွမ်းအားမြင့်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာသည်လေညင်းကပင် ဓားတစ်လက်သူရဲကောင်း၏ဆံပင်များကို လွှင့်ပျံသွားစေ၏။ ခေါင်းစည်းကြိုးတစ်ခုနှင့် စုချည်ထားသည့် ဆံပင်များမှာ ပြန့်ကျဲသွားသည်။

ဤသည်မှာ အမှန်တကယ်ပင် သေစေနိုင်လောက်သည့် တိုက်ခိုက်မှုတစ်ခုပင်။

ဤသည်မှာ စွမ်းအားမြင့်သည့်သိုင်းကွက်တစ်ခုဖြစ်ကြောင်းကို ဖှေးပြောနိုင်၏။ ဤသိုင်းကွက်သည် ပလန်းနစ်အားရန်သူ၏အနီးသို့လျှင်မြန်စွာပင် ချည်းကပ်သွားနိုင်ပြီး စွမ်းအားများအားလုံးကို တိုက်ခိုက်မှုတစ်ခုတည်းတွင်သာ ပေါင်းထည့်လိုက်ခြင်းဖြစ်သည်။

ဓားတစ်လက်သူရဲကောင်း သူ၏ခေါင်းထိုးဖောက်ခြင်းခံရတော့မည့်အချိန်တွင် သူ၏ညာလက်ကို ညင်သာစွာဖြင့်မြှောက်လိုက်သည်။ ဤလှုပ်ရှားမှုသည် အလွန်ဖြေးညင်းသည်ဟုထင်ရသော်လည်း လေထဲတွင် ပုံရိပ်ယောင်များစွာကို ချန်ထားခဲ့သည်။

နောက်စက္ကန့်တွင် ဓားတစ်လက်သူရဲကောင်း၏ညာလက်သည် နောက်ကျောတွင်လွယ်ထားသည့် ဓားပေါ်သို့ကျရောက်သွား၏။

“၀ုန်း...”

လက်သည် ဓားရိုးပေါ်သို့ရောက်လျှင်ရောက်ခြင်းပင် ဓားသွားစွမ်းအင်တစ်ခုထွက်ခွာသွား၏။

ပလန်းနစ်၏သိုင်းကွက်နှင့်အတူပါလာသည့် အနီရောင်အတွင်းအားစွမ်းအင်မီးတောက်မျာအားလုံးသည် လေလည်ခေါင်တွင်ရပ်တန့်သွားတော့သည်။

ပလန်းနစ်၏ဓားဦးချွန်မှာ ဓားတစ်လက်သူရဲကောင်းကို သတ်ဖြတ်နိုင်ရန်အတွက် တစ်လက်မခန့်သာလိုတော့သည်ဖြစ်သည်။ သူ၏အစွမ်းအကုန်သုံးကာ ပလန်းနစ်သည်အဖွဲ့၀င်တိုင်းပြည်များထဲမှ နံပါတ်၁သိုင်းဆရာကိုသတ်ဖြတ်ခါ သူကိုယ်တိုင်နံပါတ်၁သိုင်းဆရာတစ်ယောက်ဖြစ်လာနိုင်သည့်အခွင့်ရေးနှင့် အလွန်နီးစပ်ခဲ့သည်။

သို့သော် သူ၏ဓားချက်မှာ တစ်လက်မခန့်အကွာ၀ေးမှ ရှေ့သို့ဆက်ပြီးတိုးနိုင်ခြင်းမရှိတော့ပေ။

“မင်း...ဒါက...မဟုတ်ဘူး...” သွေးစီးကြောင်းတစ်ခုသည် ပလန်းနစ်၏နှုတ်ခမ်းများမှ စီးကျလာကာ ဖြူဖက်ဖြူယော်မျက်နှာပေါ်တွင် အနီရောင်တစ်စွန်းထင်းသွားသည်။ အသက်၀ိဉာဥ်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထိန်းချုပ်မရသည့်အနေထားဖြင့် ထွက်ခွာနေပြီဖြစ်သည်။

“ဖုန်း...”

ပလန်းနစ်၏ရင်ဘက်မှ သွေးများပေါက်ကွဲကာ ထွက်လာပြီး သူသည် သွေးလူသားတစ်ယောက်အသွင်သို့ပင်ကူးပြောင်းသွားသည်။ သူ၏ခန္ဓာကိုယ်သည် စတင်တုန်ခါလာရင်းဖြင့်် သူအော်ဟစ်လိုက်၏။ “ငါက...မှော်ချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားတာ ဘယ်လက်နက်မှထိုးဖောက်လို့ရမှာမဟုတ်ဘူး။ မင်းက...မင်းကလက်နက်ကိုတောင်ဆွဲမထုတ်လိုက်ဘူး...မင်း...” သူစကားအထစ်ထစ်ဖြင့် ဖြစ်ပျက်နေသည်များကို ယုံနိုင်ခြင်းမရှိသေးပေ။

“မင်းက မထိုက်တန်ဘူး...”

ဓားတစ်လက်သူရဲကောင်း ထိုကဲ့သို့ပြောပြီးသည့်အချိန်တွင် တစ်ဖက်သို့လှည့်ကာ ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင် စင်မြင့်အောက်သို့လှမ်းလျှောက်ဆင်းသွားတော့၏။

ထိုလူသည် သူ၏ဓားကိုသာထိလိုက်ပြီး ဆွဲထုတ်ခြင်းပင်မရှိခဲ့ပေ။ ဤအချက်တစ်ခုတည်းကပင် အချိန်တန်ကြာပြင်ဆင်ထားခဲ့သည့် သူ၏ရန်သူကို ခုခံနိုင်ခဲ့သည်။ ဤကဲ့သို့စွမ်းအားမျိုးကို ကြားဖူးခြင်းမရှိသေးပေ။

“ဖုန်း...”

ဓားတစ်လက်သူရဲကောင်းခြေလေးလှမ်းခန့်လှမ်းပြီးသည့်အချိန်တွင် သွေးမြူတစ်ခုသည် စင်မြင့်ပေါ်တွင်ထွက်ပေါ်လာ၏။

လိုဒီတိုင်းပြည်၏နံပါတ်၁စ်သည် ပလန်းနစ်မှာ သေဆုံးသွားပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲသွားခဲ့သည်။ သူ၏သွေးများအသားစများသည် နေရာအနှံ့သို့လွှင့်စင်ကုန်၏။ ပလန်းနစ်ပိုင်ဆိုင်သည့်ဓားကြီးမှ မြေပေါ်သို့ပြုတ်ကျသွားသည်။ ဓားကိုယ်တိုင်ပင် နှစ်ခြမ်းပိုင်းပြတ်သွား၏။

တကယ်တန်းတွင် ဓားတစ်လက်သူရဲကောင်းထုတ်လွှတ်လိုက်သည့် ဓားသွားစွမ်းအင်သည် ပလန်းနစ်၏ဓားကို မူလအစကတည်းက ပိုင်းဖြတ်ပစ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤသည်မှာ အလွန်မြန်ဆန်လှသည့်အတွက် ပလန်းနစ်၏ဓားမှာ ချက်ခြင်းပိုင်းပြတ်သွားခြင်းမရှိခဲ့ခြင်းပင်။

ဖှေးသူ၏မျက်လုံးကို မှိတ်ကာ ဓားတစ်လက်သူရဲကောင်းတိုက်ခိုက်လိုက်သည့်ပုံကို ပြန်လည်ကာ မြင်ယောင်ကြည့်လိုက်မိသည်။

ခံစားချက်တစ်ခုတည်းသာရှိသည်။ အလွန်မြန်ဆန်နေခြင်းပင်။

ဤသည်မှာ မယုံနိုင်ဖွယ်ကောင်းလောက်အောင်ပင်မြန်ဆန်လွန်းလှသည်။

လူအုပ်ထဲတွင်ရှိနေသည့်လူများအနက်ဖှေးတစ်ယောက်တည်းသာ ဓားတစ်လက်သူရဲကောင်းတိုက်ခိုက်သည်ကို မြင်နိုင်လိုက်သည်။

ဓားတစ်လက်သူရဲကောင်းသည် သူ၏ဓားရိုးကို ထိလိုက်ပြီး တစ်၀က်ခန့်ဆွဲထုတ်ခဲ့ခြင်းပင်။ ဓားသွားစွမ်းအင်တစ်ခုသည် သံချေးတတ်နေသည့်ဓားကိုယ်မှထွက်လာကာ အရာအားလုံးကို ပိုင်းဖြတ်ပစ်ခဲ့သည်။ ပထမဆုံးအနေဖြင့် သံမဏိကိုအသုံးပြုကာ အကြိမ်ရာပေါင်းများစွာ မာကြောစေရန်ထုလုပ်ထားခဲ့သည် ပလန်းနစ်၏ဓားကို ပိုင်းဖြတ်ပစ်ခဲ့ပြီး ထို့နောက်တွင် ပလန်းနစ်၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်ပစ်လိုက်ခြင်းဖြစ်သည်။ လိုဒီတိုင်းပြည်၏နံပါတ်၁စစ်သည်များ ချွန်ထက်သည့်လက်နက်များ၊ ဓားသွားစွမ်းအင်များကို ကာကွယ်ပေးနိုင်သည်ဟုဆိုသော ရွှေချိန်းကြိုးများဖြင့် ပြုလုပ်ထားသည့် ရတနာချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားသော်လည်း ဓားတစ်လက်သူရဲကောင်း၏ ဓားသွားစွမ်းအင်ကိုမူ ကာကွယ်နိုင်ခဲ့ခြင်းမရှိပေ။

ဓားသွားစွမ်းအင်မှာ အလွန်ပင်ရိုးရှင်းလှသည်။

ဓားတစ်လက်သူရဲကောင်းနှင့် သူ၏သံချေးတပ်နေသည့် ဓားကဲ့သို့ပင်။ အသွင်ပြင်မှာ အံ့သြအထင်ကြီးဖွယ်သိပြီးမရှိလှပေ။ ဖယောင်းတိုင်မှ အလင်းရောင်တစ်ခုကဲ့သို့သာ ဖြစ်၏။ သို့သော် ဤဓားသွားစွမ်းအင်မှာ အရာအားလုံးကို ပိုင်းဖြတ်ပစ်နိုင်စွမ်းရှိ၏။

ကြောက်မက်ဖွယ်ကောင်းသည့်လူတစ်ယောက်ပင်။

ကြောက်မက်ဖွယ်ကောင်းသည့် ဓားတစ်လက်ပင်။

ကြောက်မက်ဖွယ်ကောင်းသည့် ဓားသွားစွမ်းအင်တစ်ခုပင်။

ဖှေးကိုယ်တိုင်ပင် မထင်မှတ်ပဲ ပါးစပ်အဟောင်းသားဖြစ်နေခဲ့၏။ သူသည် ဓားတစ်လက်သူရဲကောင်းကို လျှော့တွက်မိခဲ့သည်ဟုခံစားလိုက်မိသည်။

“ငါမင်းနဲ့တိုက်ခိုက်ဖို့စောင့်နေမယ်...” ဓားတစ်လက်သူရဲကောင်းသည် ရုတ်တရက်ရပ်ကာ ပြောလိုက်သည်။ သူသည် လူအုပ်ထဲတွင်ရှိနေသည့်လူတစ်ယောကိုကြည့်ကာ သူ၏ပခုံးကို လှုပ်ခါလိုက်၏။ သတ်ဖြတ်ရန်ရည်ရွယ်ချက်မပါသည့် ဓားသွားစွမ်းအင်တစ်ခုသည် ထိုလူထံသို့ ပျံသန်းသွားသည်။

“ချွင်...”

လက်တစ်ဖက်သည် ဓားစွမ်းအင်ကို ဖမ်းဆုပ်ကာ ကိုင်တွယ်လိုက်သည်။

ဓားသွားစွမ်းအင်နှင့် လက်တို့ထိတွေ့လိုက်မိသည့်အချိန်တွင် သတ္တုခြင်းရိုက်ခတ်သည့်အသံတစ်ခုထွက်ပေါ်လာခဲ့သည်။ နောက်စက္ကန့်တွင် ထိုလက်သည် ဓားသွားစွမ်းအင်ကို ဂရုတစိုက်ဖြင့် ညှစ်ကာ ဖျက်စီးပစ်လိုက်သည်။ ဖှေးသူ၏မျက်နှာကို ဖုံးကွယ်ထားသည့် ၀တ်ရုံကိုဖယ်ရှားလိုက်ကာ ပြန်ဖြေလိုက်သည်။ “ငါ့ကိုစိန်ခေါ်ချင်ရင် တိုင်းပြည်အဆင့်သတ်မှတ်ပြိုင်ပွဲကို အရင်ရောက်အောင်လုပ်လိုက်...”

“အား...သူက ကောင်းကင်လက်သီး ချမ်းဘော့ဒ်ဘုရင်ပဲ...” လူအုပ်အတွင်းမှ တစ်ချို့လူများ အံ့သြစွာဖြင့် အော်လိုက်မိကြသည်။

လူများစွာသည် မည်သူ့ကိုမှ ရန်သူဟုမြင်ခြင်းမရှိသည့် ဓားတစ်လက်သူရဲကောင်းသည် တစ်စုံတစ်ယောက်အားစိန်ခေါ်နေသည့်အတွက် အံ့သြသွားသလို လူတစ်ချို့မှာလည်း ဓားစွမ်းအင်ကို လက်တစ်ခုတည်းသာအသုံးပြုပြီးဖျက်ဆီးလိုက်သည့်အတွက် အံ့သြသွား၏။

သို့သော် ခနအကြာတွင် သူတို့အားလုံးဖြစ်ပျက်နေသည်များကိုနားလည်သွားကြ၏။

သူတို့ဘေးတွင်ရှိနေသော အမဲရောင်၀တ်ရုံနှင့်လူမှာ အဖွဲ့၀င်တိုင်းပြည်များ၏နံပါတ်၁စစ်သည်အသစ်ဟုကျော်ကြားနေသည့်ချမ်းဘော့ဒ်ဘုရင်ပင်။

ဘုရင်အားကောင်းကင်လက်သီးဟုခေါ်ကြသည်မှာ သိပ်ပြီးမဆန်းကျယ်လှပေ။

သူဓားတစ်လက်သူရဲကောင်း၏စွမ်းအင်ကို လက်ဖြင့်သာဖမ်းလိုက်သည်ကို ကြည့်ရုံဖြင့်ပင် သူ၏စွမ်းအားများသည် တစ်ခြားအဆင့်တစ်ခုသို့ရောက်ရှိနေကြောင်းကို လူတိုင်းသိရှိလိုက်ကြသည်။

ချမ်းဘော့ဒ်ဘုရင်နှင့် ဓားတစ်လက်သူရဲကောင်းတို့ကြားထဲတွင် ယှဥ်ပြိုင်မည့်တိုက်ပွဲတစ်ခုဖြစ်လာနိုင်သည်ကို လူတိုင်းတွက်ဆထားပြီးဖြစ်သည်။ ဤသည်မှာ စစ်သည်များ၏ကံကြမ္မာပင်။

သို့သော်ကြည်ရသည့်ပုံအရ လူတိုင်းတွေးနေခဲ့ကြသည့်တိုက်ပွဲသည် မကြာမှီမှာပင်ဖြစ်ပွားတော့မည်ဖြစ်ပုံရ၏။

သူ၏သရုပ်မှန်ကို ဓားတစ်လက်သူရဲကောင်းဖော်ထုတ်လိုက်ပြီးသည့်နောက်တွင် ဖှေးဤနေရာတွင် ဆက်လက်ရှိနေပြီး ထူးဆန်းသည့်လူတစ်ယောက်ကဲ့သို့ ၀ိုင်း၀န်းကာအကြည့်ခံရန်မှာ အဓိပ္ပါယ်မရှိလှတော့ပေ။ သူသည် ဓားတစ်လက်သူရဲကောင်း၏အစွမ်းများကြီးကျယ်ခမ်းနားပုံကိုလည်း တွေ့မြင်ပြီးဖြစ်သည်။ ထို့ကြောင့် သူအန်ဂျယ်လာ၏လက်များကို ကိုင်ဆွဲကာ ထွက်လာခဲ့တော့သည်။ လမ်းတစ်လျှောက်တွင်ရှိနေသည့်လူများသည် ကြောက်ရွံ့ခြင်း လေးစားအားကျခြင်းတို့ဖြင့် သူတို့နှစ်ဦးထွက်ခွာနိုင်ရန်အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

လျှင်မြင်စွာပင် သူတို့နှစ်ယောက်သည် လူမြင်ကွင်းမှပျောက်ကွယ်သွားကြတော့၏။

ဓားတစ်လက်သူရဲကောင်းသည် ဖှေးနှင့်အန်ဂျယ်လာတို့ထွက်ခွာသွားသည်ကို ငေးကြည့်ရင်းဖြင့် တိတ်ဆိတ်နေ၏။ သူသည် တစ်ဖက်သို့လှည့်လိုက်ပြီး လိုဒီတိုင်းပြည်နားနေရာနေရာသို့ကြည့်လိုက်သည်။ လိုဒီတိုင်းပြည်ဘက်မှမည်သူမှ သူ့အားပြန်လည်ကာ ကြည့်ရဲခြင်းမရှိပေ။

ဤရိုးရှင်းလှသည့်အမပြုမူသည် လိုဒီတိုင်းပြည်၏စိတ်ဓာတ်ကို ပျက်ပြားသွားစေ၏။

နောက်ထပ်ကျန်ရှိနေသည့် တစ်ကိုယ်ရေးစွမ်းအားပြိုင်ပွဲများတွင် အခြေအနေမှာတစ်မျိုးပြောင်းသွားပြီး မေ့ဇ်တိုင်းပြည်မှ အနိုင်ရရှိသွားသည်။

အုပ်စုလိုက်ပြိုင်ပွဲများတွင် လူရှေ့သိပ်ထွက်လေ့မရှိသည့် မေ့ဇ်တိုင်းပြည်၏မင်းသားဓားတစ်လက်သူရဲကောင်း ကိုယ်တိုင်စစ်သည်များကို ဦးဆောင်ကာပါ၀င်တိုက်ခိုက်၏။ ဓားတစ်လက်သူရဲကောင်းကိုယ်တိုင်ဦးဆောင်တိုက်ခိုက်သောကြောင့် မေ့ဇ်တိုင်းပြည်မှစစ်သည်၄၉ယောက်မှာ အလွန်ပျော်ရွှင်သွားကြသည်။ ထို့ကြောင့် သူတို့အုပ်စုလိုက်တိုက်ခိုက်ရေးပြိုင်ပွဲများအားလုံးကိုလည်း လွယ်ကူစွာပင်အနိုင်ရရှိလိုက်ကြသည်။

ထို့နောက်တွင် မေ့ဇ်တိုင်းပြည်သည်လည်း အနောက်ပိုင်းဒေသတွင် ထိပ်တန်း၁၂နိုင်ငံ၀င်ဖြစ်လာတော့၏။

ဓားတစ်လက်နှင့် ကောင်းကင်လက်သီးတို့မှာ မကြာမှီတွင်တစ်ယောက်နှင့် တစ်ယောက်ရင်ဆိုင်ရတော့မည်ဖြစ်သည်။

......

......

ဖှေးနှင့် အန်ဂျယ်လာတို့အနောက်ဘက်တိုက်ပွဲဒေသမှ ထွက်လာသည့်အချိန်တွင် စောနေသေး၏။ နေ့လည်စားစားချိန်ပင်ရောက်ရှိခြင်းမရှိသေးပေ။ ဤသည်မှာ ပထမဆုံးအနေဖြင့် ဖှေးအန်ဂျယ်လာနှင့်နှစ်ဦးတည်းလျှောက်လည်ဖူးခြင်းဖြစ်သောကြောင့် သူတို့နှစ်ဦးလုံးပျော်ရွှင်နေကြသည်။ သူတို့ချမ်းဘော့ဒ်စခန်းကို အလျှင်စလိုဖြင့် ပြန်လိုခြင်းမရှိသေးပေ။ ထို့ကြောင့် သူတို့စခန်းချနေရာတစ်၀ိုက်တွင် ပတ်နေကြသည်။ အန်ဂျယ်လာသည် ကုန်သည်အများပြားစျေးရောင်းနေကြသည့် လူစည်ကားသည့်နေရာများကို ကြိုက်နှစ်သက်သည့်လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမသည် ဖှေးအားဆွဲခေါ်ကာ နေရာအနှံ့သို့လျှောက်သွားကြည့်နေ၏။

ခနအကြာတွင် အန်ဂျယ်လာသည် ဖှေးအား ပြင်းထန်သည့်ယှဥ်ပြိုင်တိုက်ခိုက်ပွဲများစွာဖြစ်ပွားနေသည့် အရှေ့ဘက်တိုက်ပွဲဒေသသို့ခေါ်ဆောင်သွား၏။

“ဟားဟားဟား မင်းလိုကောင်က ငါ့ကိုစိန်ခေါ်ရဲတယ်ပေါ့...” အနီးနားတွင်ရှိသည့် ဓားကွင်းမှ ကျယ်လောင်ကာမာနထောင်လွှားနေသည့်အသံတစ်ခုကို ဖှေးကြားလိုက်မိသည်။ ဖှေးနှင့် အန်ဂျယ်လာတို့နှစ်ဦးလုံးထိုနေရာသို့ကြည့်လိုက်ရာ သားနားသည့်ငွေရောင်ချပ်၀တ်တစ်ခု၀တ်ဆင်ထားသည့် ယောက်ျားတစ်ယောကိုတွေ့လိုက်ရသည်။ သူ၏ရှေ့တွင် ဗလတောင့်တောင့်နှင့် စစ်သည်တစ်ယောက်သည် လည်ပင်းကို ခုတ်ပိုင်းခံရကာ လဲနေလျှက်ရှိသည်။

“နားထောင်စမ်း ငါက ချမ်းဘော့ဒ်ဘုရင်ရော ဓားတစ်လက်သူရဲကောင်းကိုရောအလွယ်တကူသတ်နိုင်တယ်ကွ။ ငါ့ကို လာပြီးစိန်ခေါ်တဲ့ ဘယ်သူမဆိုသေရလိမ့်မယ်။ ငါ့ရဲ့ရည်မှန်းချက်က အင်ပါယာထဲမှာ နံပါတ်၁စစ်သည်တစ်ယောက်ဖြစ်လာဖို့ပဲ....” ဤလူငယ်သည် သူ၏မာနထောင်လွှားမှုကို ဖုံးကွယ်ထားခြင်းမရှိပဲ ကြေငြာလိုက်သည်။

“ချမ်းဘော့ဒ်ဘုရင်နှဲ့ ဓားတစ်လက်သူရဲကောင်းကို အလွယ်တကူသတ်ပစ်မယ်ဟုတ်လား။ သူတို့နာမည်ကြီးလာတုန်းကကျ မင်းက ဘယ်ရောက်နေတာလဲ...” ပရိတ်သတ်ထဲမှ တစ်စုံတစ်ယောက်သည် နှာခေါင်းရှုံ့လိုက်၏။

All Chapters