အခန်း (၃၈၄)
Vol. 26 Ch. 384
ဆူညံသည့် လူအုပ်သည် ဓားကွင်းတစ်ခုထံသို့စတင်ကာပြေးသွားနေကြတော့သည်။
ဖှေး ဤကဲ့သို့သောမြင်ကွင်းမျိုးကို အရင်ဘ၀တွင် ဆယ်လီတစ်ယောက်လာသည့်အချိန်တွင်သာမြင်တွေ့ခဲ့ဖူးသည်။ လူအုပ်ထဲတွင်ရှိနေသည့် လူပေါင်းများစွာသူတို့၏ခြေထောက်များတက်နင်းခံရပြီး ဖိနပ်များကျွတ်ကုန်ကြသည်။ အရှေ့ဆုံးမှပြေးနေကြသည့် ခရီးသွားကဗျာဆရာတစ်ချို့မှာ နောက်မှလှမ်းဆွဲခြင်းကို ခံရပြီး အင်္ကျီစများပြဲကုန်ကြသည်။ ပို၍ ကံဆိုးသောလူများမှာ လဲကျကုန်ကြပြီး လူအုပ်၏တက်နင်းခြင်းကို ခံရကာ သေလုမြောပါးပင်။
“အဖွဲ့၀င်တိုင်းပြည်တွေထဲမှာ နံပါတ်၁နတ်သမီးလေးလို့ကိုယ့်ကိုယ်ကို ပြောနေတာဘယ်သူလဲဆိုတာသွားကြည့်ရအောင်။ ငါ့ရဲ့အန်ဂျယ်လာကမှ နံပါတ်၁လေ...” ဖှေး သူ၏ဇနီးလောင်းကို စနောက်ကာ သူမ၏လက်ကိုဆွဲလိုက်၏။ မမြင်နိုင်သည့်စွမ်းအားတစ်ခုကို သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်ပြီးမည်သူမှ သူတို့နှစ်ယောက်အနီးသို့ကပ်နိုင်ခြင်းမရှိကြတော့ပေ။
မကြာမှီတွင် သူတို့နှစ်ယောက်လုံးသည် နံပါတ်၁၄ဓားကွင်းသို့ရောက်ရှိလာကြတော့သည်။
ဓားကွင်းစင်မြင့်ပတ်လည်တွင် လူပေါင်း၄၀၀၀ကျော်ခန့်ပင်ရှိနေကာ ပြုံတိုးနေကြသည်။ ပရိတ်သတ်အင်အားသည် ချမ်းဘော့ဒ်နှင့် တစ်ခြားနံပါတ်၁အဖွဲ့၀င်တိုင်းပြည်များ၏ပြိုင်ပွဲတွင်ရှိသော ပရိသတ်များထက်ပင် ပို၍များပြားနေ၏။ ယုံကြည်ချက်လွန်ကဲ့နေသည့် လူငယ်တစ်ချို့မှာ စင်ဒီ၏နာမည်ကို အော်ဟစ်ကာ အားပေးရင်းဖြင့် သူတို့၏လက်ထဲတွင် နှင်းဆီပွင့်များ၊ လက်ဆောင်များပင်ကိုင်ထားကြသည်။
ဖှေး အန်ဂျယ်လာအား လူအုပ်ကြားထဲတွင် ညှပ်မသွားစေလိုသဖြင့် သူ၏စွမ်းအားအနည်းငယ်ကို ထုတ်လွှင့်ကာ နေရာယူလိုက်သည်။
ပြိုင်ပွဲမစတင်မှီနှင့် စင်ဒီစင်မြင့်ပေါ်သို့ပင် တက်လာခြင်းမရှိသေးသည့်အချိန်မှာပင် လေထုမှာ ဇာတ်ရှိန်အမြင့်ဆုံးသို့ပင်ရောက်ရှိနေပြီဖြစ်သည်။ ဘေးတွင်ရှိသည့်လူများပြောကြားနေသည်အရ ဘူလန်တိုင်းပြည်သည်အလယ်လတ်အဆင့် အဆင့်၃အဖွဲ့၀င်တိုင်းပြည်တစ်ခုသာဖြစ်ပြီး နာမည်ကျော်ကြားလှခြင်းမရှိပေ။ သို့သော် မနေ့ကပြိုင်ပွဲတွင် ဘူလန်တိုင်းပြည်မှ မင်းသမီး စင်ဒီသည် မယုံနိုင်စရာကောင်းလောက်အောက်ပင် အဆင့်၂အဖွဲ့၀င်တိုင်းပြည်တစ်ခုမှ ကျွမ်းကျင်စစ်သည်တစ်ယောက်ကိုတစ်ချက်ထဲဖြင့်ပင် သတ်ပစ်ခဲ့၏။
ဤသည်မှာ လူပေါင်းများစွာကို ထိတ်လန့်အံ့သြစေခဲ့ပြီး အင်ပါယာထဲတွင် နံပါတ်၁ခရီးသွားကဗျာဆရာတစ်ယောက်ဖြစ်သည့် မတ်-ရာဇီကိုယ်တိုင်ပင် မင်းသမီးစင်ဒီသည် တိုင်းပြည်အဆင့်သတ်မှတ်ပြိုင်ပွဲတွင် ထိပ်တန်းသုံးယောက်၀င်နိုင်သည်ဟုမှတ်ချက်ပြုခဲ့၏။
မတ်-ရာဇီသည် မည်သည့်အချိန်ကမှ မှားယွန်းခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့် မင်းသမီးစင်ဒီသည် ဂုဏ်သတင်းများစွာကျော်ဇောလာခဲ့ခြင်းဖြစ်သည်။ တစ်ချို့ခရီးသွားကဗျာဆရာများမှာ သူမကို အဖွဲ့၀င်တိုင်းပြည်များထဲတွင် နံပါတ်၁နတ်သမီးလေးဟုတင်စားခေါ်၀ေါ်ကြပြီး ယောက်ျားများစွာသည် သူမအားကြိတ်ကြွေနေကြပြီဖြစ်သည်။ အချိန်တိုအတွင်းမှာပင် သူမမှာ အလွန်ပေါ်ပျူလာဖြစ်သွားပြီး သူမ၏ဂုဏ်သတင်းသည်လည်း ဓားတစ်လက်သူရဲကောင်း၊ ချမ်းဘော့ဒ်ဘုရင်တို့နှင့်ပင် ရင်မောင်တန်းနေ၏။
“သူမက ထိပ်တန်းသုံးယောက်၀င်လိမ့်မယ်လို့ မတ်-ရာဇီက ပြောခဲ့တာလား...” ဖှေးအနည်းငယ် အံ့သြသွားသည်။
ဖှေးနှင့် ပါးကွပ်သားသူရဲကောင်းများတိုက်ခိုက်ခဲ့စဥ်ကလည်း မတ်-ရာဇီရောက်ရှိလာခဲ့၏။ ဤလူသည် သိပ်ပြီးကြွား၀ါတတ်သည့်လူမဟုတ်သော်လည်း လျို့၀ှက်ထားသည့်စွမ်းအားများနှင့် အလွန်စွမ်းအားကြီးသည့်လူတစ်ယောက်ဖြစ်ကြောင်းကို ဖှေးရိပ်မိခဲ့သည်။ အင်ပါယာ၏နံပါတ်၁ခရီးသွားကဗျာဆရာဟု တင်စားခြင်းခံရသည့်လူသည် လေ့လာကြည့်ရှုစစ်ဆေးနိုင်စွမ်းအလွန်ကောင်းမွန်နေမည်ဖြစ်သည်။ မတ်-ရာဇီကိုယ်တိုင် ဤကဲ့သို့မြင့်မားစွာချီးကျူးခဲ့သောကြောင့် စင်ဒီသည် အထင်ကြီးစရာအမျိုးသမီးတစ်ယောက်ဖြစ်နေမည်မှာ အသေချာပင်။
သူ၏ပတ်၀န်းကျင်တွင်ရှိနေသည့်လူများပြောနေသည့်စကားများကို နားထောင်နေရင်းဖြင့် ဖှေးထိုကောင်အားပို၍စိတ်၀င်စားလာခဲ့သည်။
မကြာမှီတွင် ပြိုင်ပွဲများမှာ စတင်ပြီဖြစ်သည်။ ပထမဆုံးပွဲစဥ်အနည်းငယ်ခန့်တွင် ဘူလန်တိုင်းပြည်မှ ပြိုင်ပွဲ၀င်များမှာ ယောက်ျားလေးများသာဖြစ်ကြသည်။ သူတို့သည် တစ်ကိုယ်ရည်စွမ်းအားပြိုင်ပွဲငါးပွဲအနက်နှစ်ပွဲအနိုင်ရရှိခဲ့သည်။ စွမ်းဆောင်ရည်မှာ သာမန်သာဖြစ်သည့်အတွက် ဖှေးအနည်းငယ်ပင် စိတ်မရှည်ဖြစ်လာခဲ့သည်။
ရုတ်တရက် အနီရောင်၀တ်စုံနှင့် လူတစ်ယောက်သည် စင်မြင့်ပေါ်သို့ရောက်ရှိလာ၏။
မင်းသမီး စင်ဒီပင်။
သူမသည် အကြွင်းမဲ့လှပသည့်မိန်းကလေးတစ်ယောက်ပင်။ နတ်သမီးတစ်ပါးကဲ့သို့ပင် သူမ၏မျက်မှောင်ကြုံ့နေသည့် အမူယာကပင် ယောက်ျားများစွာကို စိတ်လှုပ်ရှားစေ၏။
အနီရောင်မှော်ချပ်၀တ်သည် သူမ၏ရင်ဘက်များလက်မောင်းများကို ကာကွယ်ပေးထားပြီး သူမ၏သွယ်လျသည့် ခါးကိုမူ ထုတ်ဖော်ပြထားသည်။ သူမ၏အနီရောင်စကတ်သည် ခြေထောက်သုံးပုံတစ်ပုံခန့်ကို ဖုံးကာထားပြီး ကျန်ရှိနေသည့် ခြေထောက်အပိုင်းများကို ချပ်၀တ်မှ ထုတ်လွှတ်နေသည့် အနီရောင်မှော်စွမ်းအင်များဖြင့် ကာကွယ်ထားသည်။ သူမ၏အနီရောင်ဆံပင်အများစုကို အဖြူရောင်ခေါင်းစည်းကြိုးတစ်ခုဖြင့် စုကာ ချည်နှောင်ထား၏။ မျက်စိအကျစေဆုံးအရာမှာ ၁၅၀စင်တီမီတာခန့်ရှည်လျားသည့် အနီရောင်မှော်တောင်၀ှေးတစ်ချောင်းပင်။ မှော်တောင်၀ှေးထဲတွင် နဂါးမျက်လုံးအရွယ်စားရှိသည့် အနီရောင်မှော်တလင်းကျောက်တစ်လုံးကို မြုပ်နှံထား၏။
မှော်ဆရာမတစ်ယောက်ပင်။
ဖှေးထက်မံ၍ အံ့သြသွားသည်။ ဤသည်မှာ သူပထမဆုံးအနေဖြင့် မှော်ပညာရှင်တစ်ယောက်ကို ဓားကွင်းစင်မြင့်ပေါ်တွင်မြင်တွေ့ဖူးခြင်းဖြစ်သည့်အတွက်ပင်။
မှော်ဆရာများသည် အရှိန်၀ါကြီးသည့်လူများဖြစ်သော်လည်း မှော်ဆရာအရေတွက်မှာ သိုင်းဆရာအရေတွက်ထက်ပိုနည်း၏။ မှော်ပညာဆိုသည်မှာ ငွေကုန်ကြေးကျများကာ နက်နဲသည့်ပညာရပ်တစ်ခုပင်။ မှော်ပညာရှင်တစ်ယောက်အား မွေးထုတ်ပေးရန် ကုန်ကျစရိတ်မှာ စစ်သည်တပ်ဖွဲ့တစ်ခုကို လက်နက်ချပ်၀တ်အပြည့်စုံတပ်ဆင်သည်ထက်ပင် ပို၍အကုန်ကျများလှသည်။ ထို့ကြောင့် မှော်ဆရာများသည့် သိုင်းဆရာများနှင့် ယှဥ်ပါကနည်းပါးနေခြင်းဖြစ်သည်။ ဖှေးဘူလန်တိုင်းပြည်တွင် စွမ်းအားမြင့်မှော်ပညာရှင်တစ်ယောက်ရှိနေလိမ့်မည်ဟုထင်မထားခဲ့ပေ။
ဤကောင်မလေး၀တ်ဆင်ထားသည့် ချပ်၀တ်သည် စွမ်းအားမြင့်မှော်ပစ္စည်းတစ်ခုပင်။ အနီရောင်မှော်စွမ်းအင်များသည် စင်ဒီ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် ပင်လယ်ပြင်မှ လှိုင်းလုံးများကဲ့သို့ပင် ပြန့်လွှင့်နေလျှက်ရှိသည်။ လယ်ဗယ်၅၄လူရိုင်းဇာတ်ကောင်ဖြစ်သည့် ဖှေးပင် စင်ဒီ၏စွမ်းအားလယ်ဗယ်ကို တွက်ဆနိုင်ခြင်းမရှိပေ။
သူမသည် ဖှေး လေးစားရမည့်လူတစ်ယောက်ပင်။
ဖှေးးကြည့်နေသည်ကို အာရုံခံလိုက်မိသည့်အတိုင်းပင်။ စင်ဒီ၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခုတောက်ပသွားပြီး ဖှေးအားစိုက်ကြည့်လိုက်သည်။ ဤသည်မှာ အဆင့်မြင့် စစ်ဆေးခြင်းမှော်အစွမ်းတစ်ခုပင်။ စွမ်းအားမြင့် မှော်အစွမ်းတစ်ခုသည် ဖှေး၏ခန္ဓာကိုယ်ကို လျှင်မြင်စွာဖြင့် အကြမ်ပေါင်းများစွာ စစ်ဆေးလိုက်သော်လည်း ဘူလန်တိုင်းပြည်၏မင်းသမီးမှာ သူမ၏ခေါင်းကို ခါရမ်းလိုက်သည်။ သူမသည် တစ်စုံတစ်ကိုမှ ရှာတွေ့ခြင်းမရှိသည့်အတွက် ထင်ရောင်ထင်မှားဖြစ်နေသည်ဟူ၍သာ ထင်မှတ်လိုက်၏။
၀တ်ရုံအောက်တွင်ရှိနေသည့်ဖှေးမှာ ပြုံးလိုက်မိသည်။
မိုရိုတောင်တန်းပေါ်တွင် ဖှေးတွေ့ခဲ့သည့် လျို့၀ှက်သည့်လူကဲ့သို့စွမ်းအားမြင့်သိုင်းဆရာများပင် သူလူရိုင်းဇာတ်ကောင်၏စွမ်းအင်အကာရံကို ထိုးဖောက်ကာ မြင်နိုင်စွမ်းရှိသည်။ ထို့အပြင် အေဇာရုတိုက်ပေါ်မှ စစ်သည်များမှော်ဆရာများနှင့် ဒိုင်ယာဘလိုကမ္ဘာမှ ဇာတ်ကောင်၇ကောင်တို့ကြားထဲတွင် ကွာခြားချက်များစွာရှိနေသည်။ ဒိုင်ယာဘလိုကမ္ဘာမှအသုံးပြုသည့်စွမ်းအင်များမှာ လက်ရှိအေဇာရုတိုက်တွင်အသုံးပြုသည့်အတွင်းအားစွမ်းအင်များ၊ မှော်စွမ်းအင်များနှင့် မတူညီသဖြင့် စစ်ဆေးရန်မှာ ခဲယဥ်းလှသည်။