← Chapters

အခန်း (၃၈၅)

Vol. 26 Ch. 385

အခန်း (၃၈၅)

Vol. 26 Ch. 385

ဖှေးမကြာမှီမှာပင် အန်ဂျယ်လာနှင့်အတူ နံပါတ်၁၄ဓားကွင်းမှ ထွက်လာခဲ့၏။ သူတိုက်ပွဲကြည့်ရှုခဲ့ခြင်းမရှိပေ။

မတ်-ရာဇီပြောသည်မှာ မှန်ကန်ကြောင်းကိုဘုရင်ကိုယ်တိုင်သိသည့်အတွက်ပင်။ ဤမင်းသမီးသည် ထိပ်သီးသုံးယောက်ထဲသို့ သေချာပေါက်ရောက်ရှိမည့်လူဖြစ်သည်။ ဤတိုက်ပွဲဒေသအတွင်းတွင်ရှိနေသည့် မည်သူမဆိုသူမအားယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

“ငါအန်ဂျယ်လာနဲ့အတူ လျှောက်လည်ဖို့ပဲထွက်လာတာကို စွမ်းအားကြီးပြိုင်ဘက်တွေနဲ့တွေ့ရလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။ ဒီပြိုင်ပွဲက ငါထင်ထားသလိုတော့ ပျင်းစရာမကောင်းလောက်ဘူးထင်တယ်...”

ဖှေး ဖြေးညင်းစွာဖြင့် ပြိုင်ပွဲအပေါ်တွင်စိတ်၀င်စားလာခဲ့သည်။

သူတို့တစ်ခြားတိုက်ပွဲစင်မြင့်များအား လှည့်ပတ်ကြည့်ရှုပြီးသည့်နောက်တွင် နေ့လည်ခြင်းအချိန်သို့ပင်ရောက်ရှိလာပြီဖြစ်၏။ ဖှေးနှင့် အန်ဂျယ်လာတို့ ကောင်းမွန်သည့်စားသောက်ဆိုင်တစ်ခုသို့သွားကာ နေ့လည်စာစားရန်ပြင်လိုက်ကြသည်။

သူတို့ထိုင်လိုက်ပြီးနောက်တွင် အင်ပါယာ၏အဓိကတပ်ဖွဲ့ကြီးလေးခုဖြစ်ကြသည့် မိုးကြိုးနတ်ဘုရားတပ်ဖွဲ့၊ မီးနတ်ဘုရားတပ်ဖွဲ့၊ မဟာသစ်တောတပ်ဖွဲ့နှင့် နှင်းမုန်တိုင်းတပ်ဖွဲ့တို့မှာ ကောင်းကင်ပင် တုန်လှုပ်စေသည့် အချက်ပေးခရာသံကြီးတစ်ခုနှင့် အတူစတင်လှုပ်ရှားကြတော့သည်။ စခန်းချနေရာများတွင်ရှိသည့် လူတိုင်းထိုအချက်ပေးသံကို ကြားလိုက်ကြရ၏။

“ဒီခရာသံက...” ဖှေး၏မျက်နှာအမူယာသည် ပြောင်းလဲသွား၏။ “ဒါက စစ်ပွဲသတိပေးတဲ့အချက်ပေးသံပဲ။ ဘာတွေဖြစ်ကုန်တာလဲ။ မဟုတ်မှလွဲရော ရှေ့တန်းစစ်မျက်နှာက ဇီးနစ်နဲ့ စပါတပ်အင်ပါယာတို့တဲ့တိုက်ပွဲအခြေအနေတွေပြောင်းလဲသွားတဲ့အတွက်ကြောင့်လား...”

မိုးချုန်းသံကဲ့သို့သော ခရာသံသည် စခန်းချနေရာတစ်၀ိုက်နှင့် အင်ပါယာမြို့တော်ထဲတွင် မြည်ဟည်းသွား၏။

ဖှေး နေ့လည်စာအေးအေးဆေးဆေးစားသောက်လိုစိတ်ပင်မရှိတော့ပေ။ သူနှင့် အန်ဂျယ်လာတို့မှာယူထားသည့်အစားစာများကို အမြန်စားသုံးလိုက်ကြပြီး ချမ်းဘော့ဒ်စခန်းသို့ပြန်လာခဲ့ကြ၏။

မကြာမှီတွင် ထိတ်လန့်ဖွယ်သတင်းတစ်ခုသည် စခန်းချနေရာတစ်၀ိုက်တွင် ပြန့်နှံ့လာတော့၏။

နယ်စပ်တွင် တစ်လခွဲခန့်တိုက်ပွဲဖြစ်ပွားပြီးချိန်တွင် အခြေအနေမှာပို၍ပင် ဆိုး၀ါးလာတော့၏။ စပါတပ်အင်ပါယာမှ တပ်ဖွဲ့များသည် ဇီးနစ်အင်ပါယာတောင်ပိုင်းအချက်ချာကျသည့်နေရာဖြစ်သည့် ရေဇာမြို့တွင် နေရာချထားသည့် ခံတပ်ရုတ်တရက်ဖောက်ထွင်းလိုက်နိုင်ပြီဖြစ်၏။ ပင်မတပ်ဖွဲ့ကြီးဆယ်ခုထဲမှ တစ်ခုဖြစ်သည့် စစ်သည်အင်အား၂၀၀၀၀ကျော်ခန့်ပါ၀င်သော သန်းခေါင်ရံတပ်ဖွဲ့မှာ ပျက်ဆီးသွားပြီဖြစ်သည်။ ဇီးနစ်အင်ပါယာထဲတွင် ဒုတိယအကျော်ကြားဆုံးခေါင်းဆောင်ဖြစ်သည့် ဘိုလောင်ဇန်းသည် ဆုတ်ခွာရန်ဆန္ဒမရှိခဲ့ပေ။ သူသည် အင်ပါယာအပေါ်တာ၀န်မကျေခဲ့သလို ခံစားမိသည့်အတွက် သူ၏ကိုယ်ရံတော်စစ်သည်တစ်ရာနှင့် အတူ ရေဇာမြို့တွင် ခုခံတိုက်ခိုက်ရင်း ကျန်ရစ်ခဲ့၏။ သူသေလားရှင်လားကိုမည်သူမှ ပြောနိုင်ခြင်းမရှိပေ။

တစ်ညတွင် စပါတပ်အင်ပါယာသည် ရုတ်တရက်စစ်ကူများစေလွှတ်လိုက်ရာ စပါတပ်အင်ပါယာမှ စစ်သည်၆၀၀၀၀ခန့်သည် ဇီးနစ်အင်ပါယာပိုင်နက်အတွင်းသို့ ၁၅၀ကီလိုမီတာခန့်ချီတပ်လာနေပြီဖြစ်သည်။ ဇီးနစ်အင်ပါယာ၏တောင်ပိုင်းဒေသသုံးခုမှာ စပါတပ်အင်ပါယာ၏လက်ထဲသို့ ကျရောက်သွားပြီဖြစ်သည်။ ဒေသသုံးခု၏အုပ်ချုပ်ရေးစနစ်မှာ ပျက်ပြားသွားပြီး ဆွေကြီးမျိုးကြီးမိသားစုများနှင့် အရာရှိများစွာအသတ်ခံလိုက်ရ၏။ စစ်ဘေးသည် ဇီးနစ်အင်ပါယာထဲသို့ ကျရောက်လာပြီဖြစ်သည်။ စစ်ဘေးရှောင်ပြည်သူများစွာနှင့် ရှုံးနိမ့်သွားသည့်စစ်သည်များသည် မြို့တော်ထံသို့ပြန်လည်ဆုတ်ခွာလာနေကြ၏။ သင့်လျော်သည့်ခံတပ်အနေထားနှင့် မြေမျက်နှာသွင်ပြင်အားသာမှုမရှိသည့်အတွက် စပါတပ်အင်ပါယာမှစစ်သည်များသည် ဇီးနစ်အင်ပါယာအတွင်းသို့ အလွယ်တကူပင် ကျူးကျော်လာလျှက်ရှိသည်။

ဇီးနစ်အင်ပါယာအတွက် အခြေအနေမှာမူ အဆိုးဆုံးသို့ရောက်ရှိနေပြီဖြစ်သည်။

စပါတပ်အင်ပါယာမှ စစ်သည်များသည်နောက်ထပ်၁၅၀ကီလိုမီတာခန့် ဆက်လက်ချီတပ်လာနိုင်ပါက သူတို့သည် မြို့တော် စိန့်ပီတာစဘာ့တ်ထဲသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။

ဤသတင်းသည် လူပေါင်းများစွာကို ထိတ်လန့်သွားစေ၏။

ထိုနေ့လည်ခင်းတွင် ရှေ့တန်းစစ်မျက်နှာပြင်မှသတင်းပို့မှုသည် မြို့တော်စိန့်ပီတာစဘာ့တ်တောင်ဘက်တွင်ရှိသည့် စစ်ဘက်ဆိုင်ရာဌာနချုပ်သို့ရောက်ရှိသွားသည်။ ဇီးနစ်အင်ပါယာမှ စစ်ဘက်ဆိုင်ရာခေါင်းဆောင်များသည် အင်ပါယာအရှင်သခင်ယရှင်း၏အပြစ်တင်ခြင်းကို ခံနေကြရ၏။ ယခုအချိန်တွင် စစ်ရေးခေါင်းဆောင်များနှင့် အရာရှိများမှာ စိုးရိမ်နေကြသည်။ ရှေ့တန်းထိုးဖောက်ခံလိုက်ရသဖြင့် ဆွေကြီးမျိုးကြီးတော်တော်များများအပြစ်တင်ခြင်းခံရကာ သူရဲကောင်းနန်းတော်ထဲတွင်ရှိသည့် မဟူရာအကျဥ်းထောင်ထဲတွင် ဖမ်းချုပ်ထားခြင်းခံနေရ၏။ ဆုတ်ခွာခြင်းမရှိပဲ ဆက်လက်တိုက်ခိုက်နေခဲ့သည့် စစ်ရေးခေါင်းဆောင်ဘိုလောင်ဇန်း၏မိသားစုပင် အနီးကပ်စောင့်ကြည့်ခြင်းခံနေရ၏။

မြို့တော်ထဲတွင် ကင်းထောက်များ၀င်လိုက်ထွက်လိုက်ဖြင့် သွားလာနေကြသဖြင့် ဇီးနစ်အင်ပါယာထဲတွင်မြင်းများစွာအမောလွန်ပြီး သေဆုံးကုန်ကြ၏။ အင်ပါယာထဲတွင်ရှိနေသည့် လူများစွာသည်လည်း စိုးရိမ်လျှက်ရှိနေကြသည်။

တစ်ချို့လူများမှာ စပါတပ်အင်ပါယာမှ ကျွမ်းကျင်တပ်ဖွဲ့များသည် မြို့တော်စိန့်ပီတာစဘာ့တ်သို့ရောက်ရှိလာတော့မည်ဟုလည်း ပြောနေကြသည်။ တစ်ချို့မှာ ခေါင်းဆောင်ဘိုလောင်ဇန်းသည် ရန်သူထံတွင်လက်နက်ချအရှုံးပေးသွားပြီးဟူ၍လဲပြောနေကြ၏။ တစ်ချို့မှာ အင်ပါယာယရှင်းသည် ရောဂါကြောင့်သေဆုံးတော့မည်ဟူ၍လည်း ပြောနေကြသည်။ ပြန့်နှံ့နေသည့် ကောလဟာလများအရ ဆွေကြီးမျိုးကြီးမိသားစုများသည် အင်ပါယာမြောက်ဖျားပိုင်းသို့ထွက်ပြေးရန်စီစဥ်နေကြပြီး ဇီးနစ်အင်ပါယာကြီးသည်လည်း ပြိုလဲတော့မည်ဟုဆိုနေကြ၏။ အရာအားလုံးသည် စိတ်ဓာတ်ကျဖွယ်ပင်။

ကောလဟာလများထွက်ပေါ်လာပြီးသည့်နောက်တွင် စခန်းချနေရာတစ်၀ိုက်မှာ ပို၍ပင် ၀ရုန်းသုန်းကားဖြစ်လာတော့သည်။

အင်ပါယာတောင်ပိုင်းဒေသမှဖြစ်ကြသည့် အဖွဲ့၀င်တိုင်းပြည်၃၀နိုင်ငံသည် အဆိုးဆုံးပင်။ ထိုနိုင်ငံများမှစစ်သည်များနှင့် ဘုရင်များသည် အထိကရုန်းတစ်ခုကို စတင်လုနီးနီးပင်။

သူတို့၏တိုင်းပြည်များမှာ အင်ပါယာတောင်ပိုင်းဒေသတွင်တည်ရှိကြပြီး တောင်ပိုင်းဒေသတွင်ရှိနေသည့်အဖွဲ့၀င်တိုင်းပြည်တော်တော်များများကို စပါတပ်အင်ပါယာမှ သိမ်းပိုက်ထားလိုက်ပြီဖြစ်သည်။ စစ်မီးသည် သူတို့ပိုင်သည့်မြေများကို လောင်ကျွမ်းနေပြီး သူတို့ချစ်ရသည့်လူများမှာလည်း သိပ်ပြီးအခြေအနေမကောင်းလှချေ။ စပါတပ်အင်ပါယာမှစစ်သည်များသည် သွေးအေးကာရက်စက်တတ်သည်ဟု လူသိများပြီး သူတို့သည် တစ်ရက်အတွင်းမှာပင် ဇီးနစ်အင်ပါယာမှ အပြစ်မဲ့မြို့သူမြို့သားတစ်သိန်းခန့်ကို အကြောင်းပြချက်မရှိသတ်ဖြတ်ပြီးသွားပြီဖြစ်သည်။ အင်ပါယာနှစ်ခုကြားထဲတွင်ရှိသည့်အမုန်းတရားမှာ ကြီးမားသဖြင့် စပါတပ်စစ်သည်များသိမ်းလိုက်သည့် ဇီးနစ်အဖွဲ့၀င်နိုင်ငံများထဲတွင် အရိုးများပြာများကိုသာ ချန်ရစ်ခဲ့၏။

ဤကဲ့သို့သေအခြေအနေများကြောင့် တောင်ပိုင်းဒေသမှဘုရင်တစ်ချို့သည် သေလောက်သည်အထိပင် စိုးရိမ်နေကြ၏။ သူတို့သည် ပြိုင်ပွဲအပေါ်တွင် စိတ်၀င်စားခြင်းမရှိကြတော့ပဲ သူတို့၏တိုင်းပြည်အားပြန်ကာ ရန်သူကိုတိုက်ခိုက်ကာ သူတို့ချစ်ရသည့်လူများကို ကယ်တင်ခွင့်ပြုရန်အင်ပါယာအားခွင့်တောင်းနေကြ၏။

တစ်ချို့ဘုရင်များမှာမူ အင်ပါယာ၏ဆုံးဖြတ်ချက်ကို စောင့်စားနေကြသည်။ တစ်ချို့ဘုရင်များမှာမူ အင်ပါယာအား ကျန်ရှိနေသေးသည့် ပင်မတပ်ဖွဲ့ကြီးသုံးခုကို စေလွှတ်ပေးရန်အတွက် အပြင်းထန်တောင်းဆိုနေကြသည်။ လူတိုင်းသည် စပါတပ်အင်ပါယာမှ ကျူးကျော်လာသူများကို တိုက်ထုတ်လိုစိတ်ပြင်းပြနေကြ၏။

ဤအချိန်တွင် နာမည်တစ်ခုအား လူပြောများနေလျှက်ရှိသည်။

ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်ပင်။

အင်ပါယာအရှင်သခင်ယရှင်းသည် ရောဂါဖြစ်နေသဖြင့် တပ်ဖွဲ့ကို ဦးဆောင်တိုက်ခိုက်နိုင်သည့်အနေထားတွင်မရှိတော့သည်အတွက် လူများစွာသည် နယ်စပ်တွင် စပါတပ်အင်ပါယာမှစစ်သည်များစွာကို သတ်ဖြတ်ခဲ့ဖူးသည့် ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်အပေါ်မျှော်လင့်ချက်ထားနေကြ၏။ အာရှဗင်သည် အသက်၃၅ခန့်သာရှိသေးသော်လည်း တပ်ဖွဲ့တစ်ခုကို နှစ်ပေါင်း၂၀ခန့်ဦးဆောင်ခဲ့သည့်အတွေ့ကြုံရှိသည်။ သွေးသံမဏိတပ်ဖွဲ့သည် သူ၏ဦးဆောင်မှုအောက်တွင် ပြိုင်ဘက်ကင်းမဲ့ပြီး စပါတပ်အင်ပါယာမှစစ်သည်များသည် သူ့အားကြောက်ရွံ့ကြသည်။ ဤလူနှင့် သူ၏တပ်ဖွဲ့သည် စပါတပ်အင်ပါယာအားတန်ပြန်တိုက်ခိုက်နိုင်သောကြောင့်ပင်။

အချိန်တိုအတွင်းမှာပင် မင်းသားအာရှဗင်ကို ထောက်ခံနှုန်းမှာ မြင့်တက်သွား၏။

တစ်ချိန်တည်းမှာပင် အင်ပါယာထီးနန်းပြိုင်ပွဲအခြေအနေမှာလည်း သိသိသာသာပင် ပြောင်းလဲသွားသည်။

ယခင်က မင်းသားနှစ်ပါး၏အခြေအနေမှာ ၅၀/၅၀တွင်ရှိနေကြသည်။ သို့သော် ယခုအချိန်တွင်မူ အခြေအနေမှာ ဇီးနစ်အင်ပါယာအတွက်အောင်နိုင်ခြင်းကို ယူဆောင်ပေးလိမ့်မည်ဟု လူပေါင်းများစွာယုံကြည်ကြသည့်မင်းသားအာရှဗင်ဘက်သို့ တိမ်းစောင်းလာနေပြီဖြစ်သည်။

တောက်ပသည့် စွမ်းဆောင်ရည်သမိုင်းကြောင်းများရှိသည့်မင်းသားအာရှဗင်နှင့် နှိုင်းယှဥ်ကြည့်ပါက ဒိုမင်ဂူမှာတရားမ၀င်သားတစ်ယောက်သာဖြစ်သည်။ သူသည် မြို့တော်စိန့်ပီတာစဘာ့တ်သို့ရောက်ရှိလာခဲ့စဥ်မှစပြီး အရည်ခြင်းပြသနိုင်ခဲ့ခြင်းမရှိသေးပေ။ သူ့အားအင်ပါယာအရှင်သခင်ယရှင်းမှ နှစ်သက်သည့်အတွက် ဆွေကြီးမျိုးကြီးမိသားစုတော်တော်များများမှ ထောက်ပံ့ပေးကြခြင်းဖြစ်သည်။ အင်ပါယာအရှင်သခင် ယရှင်း၏ရောဂါအခြေအနေမှာလည်း တစ်စတစ်စပို၍ပို၍ဆိုး၀ါးလာနေပြီး ဒိုမင်ဂူသည်လည်း ထီးနန်းပြိုင်ပွဲတွင် မင်းသားအာရှဗင်အားရှုံးနိမ့်တော့မည့်အခြေအနေသို့ရောက်ရှိနေ၏။

......

စခန်းချနေရာတစ်ခုလုံးတွင် ၀ရုန်းသုန်းကားဖြစ်နေကြသော်လည်း ချမ်းဘော့ဒ်စခန်းမှာမူငြိမ်းချမ်းလျှက်ရှိသည်။

အကြောင်းပြချက်တစ်ခုမှာ ချမ်းဘော့ဒ်တိုင်းပြည်သည် မြောက်ဖျားပိုင်းတွင်ရှိနေသောကြောင့်ပင် ထို့ကြောင့် မြို့တော်စိန့်ပီတာစဘာ့တ်ကျရှုံးသွားစေကာမူ ချမ်းဘော့ဒ်တိုင်းပြည်မှာ လုံခြုံဆဲဖြစ်နေဦးမည်ဖြစ်သည်။ ဤသည်မှာ ၀ေးလှံခေါင်ဖျားသည့် ဒေသတွင်ရှိနေရခြင်း၏အကြောင်းပြချက်တစ်ခုပင်ဖြစ်သည်။ ချမ်းဘော့ဒ်အား တောသူတောင်သားများဟုပြောခဲ့ကြသည့် ဆွေကြီးမျိုးကြီးများ၊ ဘုရင်များမှာမူယခုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်အား အားကျနေကြ၏။

အမှန်ပင် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များသည် တိုက်ပွဲကို နှစ်သက်ကြသည်။

ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့် အိုလတ်ဂ်ကဲ့သို့သောလူများသည် ရှေ့တန်းသို့သွားကာ ရန်သူနှင့်တိုက်ခိုက်ရန်အတွက် စိတ်အားထက်သန်နေကြသည်။ အကျိုးကြောင်းဆင်ခြင်တတ်သည့် ပီတာပင် ဥပဒေပြုစစ်သည်များနှင့် သူတော်စဥ်စစ်သည်များကိုစစ်ပွဲအတွင်းတွင် ဦးဆောင်တိုက်ခိုက်ရန်ဆန္ဒရှိနေ၏။ စစ်ပွဲအစစ်မှန်တစ်ခုသည် သူ၏စစ်သည်များကို ပို၍ရင့်ကျက်သန်မာလာစေမည်ဟု ယုံကြည်သောကြောင့်ပင်။

သူတို့၏စွမ်းအားများအစမတန်မြင့်တက်လာပြီးသည့်အချိန်တွင် သူတို့၏မိမိကိုယ်မိမိယုံကြည်မှုများသည်လည်း ကောင်းကင်ရောက်သည်အထိပင်မြင့်မားနေကြသည်။

ဤကဲ့သို့ဖြစ်ရခြင်းမှာ သူတို့၏ဘုရင်အပေါ်တွင် အကြွင်းမဲ့ယုံကြည်ကြသည့်အတွက်လဲဖြစ်၏။

ဖှေးဤလူများကို လောလောဆယ်တွင် ၀င်မပါကြသေးရန်အမိန့်ပေးထားသည်။ သူသည် စစ်ပွဲများကို မုန်းတီးသူဖြစ်သည်။ စစ်ပွဲတွင်ပါ၀င်ရစေကာမူချမ်းဘော့ဒ်တိုင်းပြည်သည် နောက်ဆုံးမှ တိုက်ခိုက်ရမည့်တိုင်းပြည်ဖြစ်၏။

ဖှေးမှန်သည်။

မြို့တော်တစ်ခုလုံးနှင့် စခန်းချနေရာတစ်၀ိုက်၀ရုန်းသုံးကားဖြစ်နေသည့်အချိန်တွင် အင်ပါယာယရှင်းနှင့် စစ်ဘက်ဆိုင်ရာဌာနချုပ်မှာ အမိန့်တစ်ခုသည် နေမ၀င်မှီတွင်ထွက်ပေါ်လာ၏။ မင်းသားအာရှဗင်အား ခေါင်းဆောင်အနေဖြင့် ခန့်ကာ သူ၏သွေးသံမဏိတပ်ဖွဲ့နှင့်အတူကျန်ရှိနေသည့် ပင်မတပ်ဖွဲ့ကြီးဆယ်ခုထဲမှနှစ်ခုဖြစ်သည့် မိုးကြိုးနတ်ဘုရားတပ်ဖွဲ့နှင့် မီးနတ်ဘုရားတပ်ဖွဲ့တို့ကို ဦးဆောင်စေကာ စစ်သည်အင်အား၅၀၀၀၀နှင့် အတူရှေ့တန်း ၃ရက်ကြာခုခံတိုက်ခိုက်ရန်စေလွှတ်လိုက်သည်ဆိုသည့် အမိန့်ပင်။

ထိုအမိန့်ထွက်လာသည့်အချိန်တွင် လူအုပ်မှာအနည်းငယ်ငြိမ်သွား၏။

မကြာမှီတွင် နောက်ထပ်အမိန့်တစ်ခုထွက်ပေါ်လာ၏။

အင်ပါယာသည်တောင်ပိုင်းဘုရင်များတောင်းဆိုသည့် သူတို့၏တိုင်းပြည်များကို ပြန်ကာ ခုခံတိုက်ခိုက်လိုသည့်တောင်းဆိုချက်ကို ငြင်းဆန်လိုက်သည်။ သူတို့အားလုံးကို စခန်းချနေရာထဲတွင်သာရှိနေပြီး ပြိုင်ပွဲပြီးဆုံးသည်အထိယှဥ်ပြိုင်ရန်မှာကြားလိုက်သည်။

ရုတ်တရက်ဖြစ်ပေါ်လာသည့် တိုက်ပွဲကြောင့် ပြိုင်ပွဲအားပြင်ဆင်လိုက်သည်။ စိန်ခေါ်ခြင်းပွဲစဥ်များကို ပယ်ဖျက်လိုက်ပြီး ဒေသအသီးသီးမှ ထိပ်တန်းစစ်သည်ဆယ်ယောက်နှင့် ထပ်တန်းငါးနိုင်ငံတို့မှာ တိုင်းပြည်အဆင့်သတ်မှတ်ခြင်းပြိုင်ပွဲသို့တိုက်ရိုက်တတ်ရောက်ကာ ယှဥ်ပြိုင်ရမည်ဖြစ်သည်။

ပြိုင်ပွဲပြီးဆုံးသွားပါက အဖွဲ့၀င်တိုင်းပြည်၂၄၄တိုင်းပြည်စုပေါင်းကာ ပင်မတပ်ဖွဲ့တစ်ခုကို တည်ထောင်ပြီး ရှေ့တန်းတွင် စပါတပ်အင်ပါယာနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်သည်။ ပြိုင်ပွဲမှ ထိပ်သီးစစ်သည်ဆယ်ယောက်သည် လယ်ဗယ်၁ဆွေကြီးမျိုးကြီးများအဖြစ်သက်မှတ်ခြင်းခံရမည်ဖြစ်ပြီး အသစ်ဖွဲ့စည်းမည့်အဖွဲ့၀င်တိုင်းပြည်များစုပေါင်းထားသော ပင်မတပ်ဖွဲ့တွင် စစ်ရေးခေါင်းဆောင်ရာထူးများရရှိမည်ဖြစ်သည်။

အဖွဲ့၀င်တိုင်းပြည်တစ်ခုခြင်းစီတိုင်း၏ စပါတပ်အင်ပါယာနှင့်ဖြစ်ပွားသည့်တိုက်ပွဲတွင် စွမ်းဆောင်ရည်ပြနိုင်မှုများသည် တိုင်းပြည်များကို အဆင့်သတ်မှတ်ရန်အတွက် အသုံးပြုသွားမည်ဖြစ်သည်။

စွမ်းဆောင်ရည်အမြင့်မားဆုံးတိုင်းပြည်ဆယ်ခုသည် အဆင့်၁အဖွဲ့၀င်များအဖြစ်သက်မှတ်ခြင်းခံရမည်ဖြစ်သည်။

ဤကဲ့သို့သောစနစ်သစ်ကြောင့် စိန်ခေါ်မှုပွဲစဥ်များကိုပယ်ဖျက်လိုက်ရာမှ ဖြစ်ပေါ်လာသည့် ပြသနာများကို ဖြေရှင်းပြီးဖြစ်သွား၏။ ထို့အပြင် ဤသည်မှာ အဖွဲ့၀င်တိုင်းပြည်များအတွက် အခွင့်ရေးတစ်ခုပင်။

ယခင်ပြိုင်ပွဲမှ စိန်ခေါ်မှုပွဲစဥ်များသည် စွမ်းအားမြင့်ပြီးဖြစ်သည့် ထိပ်တန်းအဖွဲ့၀င်တိုင်းပြည်အဟောင်းများကို အားသာမှုပေးနေသည့်အတွက်ပင်။ သူတို့တွင် စုဆောင်ထားသည့်အင်အားများနှင့် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် ဆွေကြီးမျိုးကြီးမိသားစုများနှင့်အဆက်သွယ်များကြောင့် သူတို့သည်သာလျှင်စွမ်းအားကြီးတိုင်းပြည်များဖြစ်နေလျှက်ရှိသည်။ သို့သော် အဆင့်သတ်မှတ်ခြင်းမှာ ယခုအချိန်တွင် တိုက်ပွဲစွမ်းဆောင်ရည်ပေါ်တွင်သာ မူတည်တော့သည့်အတွက် အားနည်းသည့်တိုင်းပြည်များတွင်လည်း တောက်ပနိုင်သည့်အခွင့်ရေးရရှိလာပြီဖြစ်သည်။

ဤစွမ်အားကြီးတိုင်းပြည်များစုဆောင်းထားသည့် အင်အားများသည် စစ်ပွဲကြီးတစ်ခုတွင်မူ သိပ်ပြီးအရေးမပါလှချေ။ စစ်ပွဲတွင် လူပေါင်းများစွာသေဆုံးကြမည်ဖြစ်ပြီး သူရဲကောင်းများစွာလည်း ထွက်ပေါ်လာမည်ဖြစ်သည်။ အခွင့်ရေးသာရှိပါက သာမန်လူတစ်ယောက်ပင် အစွမ်းပြနိုင်ပြီး သူရဲကောင်းတစ်ယောက်ဖြစ်လာနိုင်၏။

တိုင်းပြည်ငယ်များအတွက် ဤသည်မှာ သူတို့၏အခွင့်ရေးတွင်။

စိန်ခေါ်မှုပြိုင်ပွဲများနှင့် နှိုင်ယှဥ်ကြည့်ပါက စစ်ပွဲတွင်သူတို့အတွက် အခွင့်ရေးပိုရှိနိုင်၏။

အခိုက်တန့်တစ်ခုကြာခန့် အဖွဲ့၀င်တိုင်းပြည်များသည် အင်ပါယာတောင်ဘက်တွင် စပါတပ်အင်ပါယာနှင့် တိုက်ခိုက်ရမည့်တိုက်ပွဲအတွက် စိတ်လှုပ်ရှားနေကြသည်။

ထိပ်တန်း၁၀ယောက်၀င်နိုင်ရန်အခွင့်ရေးရှိသည့် သိုင်းဆရာများနင့် တိုင်းပြည်များမှာ အကောင်းဆုံးပြင်ဆင်နေကြသည်။ သူတို့သည် ဆွေကြီးမျိုးကြီးရာထူးကိုသာ လိုချင်ကြသည်မဟုတ်ပေ။ အသစ်ဖွဲ့စည်းတော့မည့် ပင်မတပ်ဖွဲ့တွင်ဦးဆောင်နိုင်ခွင့်ရရှိလိုသည့် ကြောင့်လဲဖြစ်ကြ၏။

ချမ်းဘော့ဒ်တိုင်းပြည်သည်လည်း ခေါင်းဆောင်နေရာအတွက် အလားလာရှိသည့် တိုင်းပြည်တစ်ခုပင်။

......

အပြင်ဘက်တွင် ဆူညံပွက်လောရိုက်နေသည့်အချိန်တွင် ဖှေး ဇိုလာရစ်နှင့် ကောင်လေးလူကာတို့ကို တဲအတွင်းသို့ခေါ်လိုက်သည်။ ၂နာရီခန့်လျို့၀ှက်ဆွေးနွေးပြီးနောက်တွင် သူတို့နှစ်ယောက်သည် လွယ်အိပ်များလွယ်လျှက်ချမ်းဘော့ဒ်စခန်းအတွင်းမှ ထွက်ခွာသွားကြတော့၏။ မကြာမှီတွင် သူတို့အားတွေ့ရတော့ခြင်းမရှိပေ။

ရက်ပေါင်းအနည်းငယ်ကြသည့်အချိန်တွင် စာချွန်လွှာအဖွဲ့စည်းဟုခေါ်သည့် အဖွဲ့စည်းတစ်ခုသည် မြို့တော်ထဲတွင် လှုပ်ရှားလျှက်ရှိသည်။

မည်သူမှ ဤအဖွဲ့စည်းသည် မည်သူနှင့် ဆက်နွယ်နေသည့် အဖွဲ့စည်းမှန်းမသိကြချေ။ သူတို့သိသည်မှာ ထိုအဖွဲ့သည်အလွန်လျို့၀ှက်ပြီး အရေးကြီးသတင်းများနှင့် အရေးမပါသည့်သတင်းများအားလုံးကို လိုက်လံစုဆောင်းနေသည်ဟူသည်ကိုပင်။ ထို့အပြင် သူတို့သည် အရည်ခြင်းအမျိုးမျိုးရှိသည့် လူများကိုလည်း ရှာဖွေစုဆောင်းလျှက်ရှိသည်။ မကြာမှီတွင် တစ်ခြားအင်အားကြီးအဖွဲ့စည်းများ၏အာရုံစိုက်ခြင်းခံလာရတော့၏။ အနည်းငယ်စုံစမ်းပြီးနောက်တွင် ဤကိစ္စများ၏နောက်ကွယ်တွင်ရှိနေသည့် လူသုံးယောက်ကို သိရှိလာရ၏။ ထိုသုံးယောက်သည် အမြဲလိုလိုအတူရှိနေကြသည်။ အဖိုးကြီးနှင့် ကောင်လေးမှာ သာမန်လူများပင်။ စွမ်းအားမြင့်သိုင်းဆရာများမဟုတ်ကြပေ။ သို့သော် သူတို့နှင့် မျက်နှာဖုံးတစ်ခု၀တ်ဆင်ထားသည့် လူထွားကြီးတစ်ယောက်ရှိနေ၏။ ဤလူသည် စကားပြောခြင်းမရှိပေ။ သို့သော် သူ၏စွမ်းအားလယ်ဗယ်အား ခန့်မှန်း၍မရနိုင်ပေ။

အဖိုးကြီးနှင့်ကောင်လေးမှာ စာချွန်လွှာအဖွဲ့စည်းအားခေါင်းဆောင်သူမျာဖြစ်ကြပြီး မျက်နှာဖုံးနှင့် လူသည် သူတို့အားကာကွယ်ပေးနေသည့် ချွန်ထက်သောဓားတစ်ချောင်းကဲ့သို့ပင်။

All Chapters