← Chapters

အခန်း (၃၈၆)

Vol. 26 Ch. 386

အခန်း (၃၈၆)

Vol. 26 Ch. 386

ဤမျက်နှာဖုံးနှင့်လူ၏တိုက်ခိုက်မှုတစ်ချက်ကို မည်သူမှပင်ခံနိုင်ခြင်းမရှိပေ။ ဤလူဘယ်ကလာသည်ဆိုသည်ကိုလည်း မည်သူမှသိရှိခြင်းမရှိပေ။ ဖြေရှင်း၍မရနိုင်သည့်ပုစ္ဆာတစ်ခုကဲ့သို့ပင် ဤလူ၏သရုပ်မှန်ကို စုံစမ်းဖော်ထုတ်၍မရပေ။ သို့သော် စာချွန်အဖွဲ့စည်း၏လမ်းတွင် ပိတ်နေသည့်လူမှန်သမျှသည် ဤလူနှင့်ရင်ဆိုင်ရမည်ဖြစ်၏။

ဇီနစ်အင်ပါယာတောင်ပိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲသည်ပို၍ပြင်းထန်လာသည်နှင့်အမျှ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲသည်လည်း အရှိန်အမြင့်ဆုံးသို့ရောက်ရှိလာ၏။ မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် မြေအောက်အဖွဲ့စည်းတစ်ချို့ ပြောင်းလဲသွားသည်ကို လူတစ်ချို့သာသိရှိလိုက်ကြသည်။ လူပေါင်းများစွာမှာ သတိထားမိကြခြင်းမရှိပေ။ သိရှိလိုက်သည့်လူများအတွက်မှာမူ ကျယ်လောင်သည့် မိုးချုန်းသံတစ်ခုကဲ့သို့ ထိတ်လန့်အံ့သြဖွယ်ပင်။ သွေးထွက်သံယိုမှုနောက်စာမျက်နှာတစ်ခုကို လှန်လိုက်သည့်အတိုင်းပင်။

ဤမိုးခြိမ်းသံကဲ့သို့သောအပြောင်းလဲသည် လျှင်မြန်စွာပင်ဖြစ်ပျက်သွားသည်။

အချိန်တိုအတွင်းမှာပင် လျို့၀ှက်သည့် စာချွန်အဖွဲ့စည်းဟုခေါ်သည့်အဖွဲ့သည် ကြေးစားစစ်သည်တစ်ချို့နှင့် တစ်ခြားအဖွဲ့စည်းများကို ငွေကြေးအရသော်လည်းကောင်း၊မျက်နှာဖုံး၀တ်ဆင်ထားသည့်လူ၏အစွမ်းအရသော်လည်းကောင်း စည်းရုံးနိုင်လိုက်၏။ အဖွဲစည်းမှာ သေးငယ်နေဆဲဖြစ်သော်လည်း ခြေကုပ်ယူပြီးသွားပြီဖြစ်သည်။ အရောင်အဆင်းကင်းမဲ့သည့် အဆိပ်တစ်ခုကဲ့သို့ အဖွဲ့စည်းများစွာထဲတွင် စိမ့်၀င်စပြုနေပြီဖြစ်သည်။

......

နှစ်ရက်အတွင်းတွင် အစပိုင်းပွဲစဥ်များမှာ ပြီးဆုံးသွား၏။

လေးရက်ကြာယှဥ်ပြိုင်ပြီးသည့်အချိန်တွင် ဒေသတစ်ခုခြင်းဆီတွင် ထိပ်တန်းစစ်သည်၁၀ယောက်နှင့် ထိပ်တန်းတိုင်းပြည်၅ခုတို့ထွက်ပေါ်လာပြီဖြစ်၏။ ရှုံးနိမ့်သွားခဲ့သည့် တိုင်းပြည်များ၊ စစ်သည်များမှာ အင်ပါယာတောင်ဘက်တိုက်ပွဲတွင် ၀င်ရောက်တိုက်ခိုက်ရန်အတွက် ပြင်ဆင်နေကြ၏။ နောက်တစ်ဆင့်သို့တက်လှမ်းသွားနိုင်သည့် တိုင်းပြည်များမှာမူ တိုင်းပြည်အဆင့်သက်မှတ်ခြင်းပြိုင်ပွဲများမစတင်မှီ တစ်ရက်နားခွင့်ပေးထား၏။

တိုင်းပြည်အဆင့်သတ်မှတ်ပြိုင်ပွဲများမှ ထွက်ပေါ်လာမည့်ရလဒ်များသည် အလွန်အရေးကြီးလှ၏။ ပို၍ရလဒ်ကောင်းသည့် သိုင်းဆရာစစ်သည်များသည် အသစ်ဖွဲ့စည်းမည့် ပင်မတပ်ဖွဲ့ကို ပို၍ထိန်းချုပ်ခေါင်းဆောင်ခွင့််ရရှိမည်ဖြစ်သောကြောင့်ပင်။ စစ်ဘက်ဆိုင်ရာဌာနချုပ်အရ ပင်မတပ်ဖွဲ့ခေါင်းဆောင်များနှင့် အဆင့်မြင့်ရာထူးနေရာများကို တိုင်းပြည်အဆင့်သတ်မှတ်ခြင်းပြိုင်ပွဲများမှ ရလဒ်များအပေါ်တွင် မူတည်ကာ သတ်မှတ်ပေးသွားမည်ဖြစ်သည်။ ဤသည်မှာ မဟာအခွင့်ရေးတစ်ခုပင်။ ဇီးနစ်အင်ပါယာစတင်တည်ထောင်စဥ်ကတည်းက မည်သည့်တိုင်းပြည်မှ ဤကဲ့သို့အခွင့်ရေးမျိုးကို ရရှိဖူးခြင်းမရှိသေးပေ။ ဆွဲဆောင်မှုရှိသည့် ဆုလာဘ်များကြောင့် တိုင်းပြည်အဆင့်သတ်မှတ်ခြင်းတိုက်ပွဲများသို့ တက်ရောက်နိုင်ခဲ့သည့် တိုင်းပြည်များမှ တက်ကြွနေကြ၏။

ချမ်းဘော့ဒ်တိုင်းပြည် မြောက်ပိုင်းဒေသတွင် ပြိုင်ဘက်ကင်းမဲ့ခဲ့သည်။ သူတို့သည် အဆင့်၁အဖွဲ့၀င်တိုင်းပြည်နှစ်ခုနှင့် အဆင့်၂အဖွဲ့၀င်တိုင်းပြည်၃ခုတို့အပါ၀င် ပြိုင်ဘက်များအားလုံးကို ရှုံးပွဲမရှိပဲ အနိုင်ယူခဲ့၏။

မြောက်ပိုင်းဒေသမှ ထိပ်တန်းစစ်သည်ဆယ်ယောက်ရွေးချယ်ခဲ့သည့်အနက် ၈ယောက်မှာ ချမ်းဘော့ဒ်သားများပင်။ တစ်ချိန်တည်းမှာပင် သူတော်စဥ်စစ်သည်အယောက်၅၀သည်လည်း အုပ်စုလိုက်တိုက်ပွဲများအားလုံးတွင် အနိုင်ရရှိခဲ့ပြီး ဒေသအတွင်းတွင် နံပါတ်၁တပ်ဖွဲ့တစ်ခုဖြစ်လာ၏။

အဆင့်၆အဖွဲ့၀င်နိုင်ငံလေးတစ်ခုသည် အဖွဲ့၀င်တိုင်းပြည်များအားလုံးထဲတွင် တစ်ခုတည်းသော ရှုံးပွဲမရှိသည့် တိုင်းပြည်တစ်ခုဖြစ်နေခြင်းသည် လူပေါင်းများစွာကို အံ့သြစေခဲ့သည်။

......

တစ်ခြားဒေသများတွင်လည်း စွမ်းအားမြင့်စစ်သည်များစွာပေါ်ပေါက်ခဲ့သည်။

ဘိုင်ဇန်တိုင်းဘုရင် ကွန်စတန်တိုင်းသည် တောင်ပိုင်းဒေသတွင် အဆင့်၉ထိပ်တန်းစစ်သည်တစ်ယောက်အဖြစ်၀င်ရောက်နိုင်ခဲ့သည်။ သို့သော် သူ၏တိုင်းပြည်မှာမူ ထိပ်တန်းတိုင်းပြည် ၅ခုထဲတွင် မပါ၀င်သည့်အတွက် ဆက်လက်ယှဥ်ပြိုင်နိုင်ခြင်းမရှိပေ။ ဂူဒေါင်တိုင်းပြည်မှ [မီးနှင့်လေညီနှောင်နှစ်ဖော်]ဖြစ်ကြသည့် ဟူအက်နှင့် ကာနော့တ်တို့မှာ လည်း သူတို့နှင့််သက်ဆိုင်သည့် တိုက်ပွဲဒေသတွင် ထိပ်တန်းစစ်သည်ဆယ်ယောက်ထဲသို့ရောက်ရှိလာခဲ့၏။ သူ၏ရန်သူခြောက်ယောက်ကို အရိုးစုများအဖြစ်သို့ပြောင်းလဲပစ်ခဲ့သည့် [သွေးသောက်ဓားနှစ်လက်]သည်လည်းထိပ်တန်းဆယ်ယောက်၀င်ခဲ့သည်။ ဖှေးတွေ့ခဲ့သည့် [ငွေရောင်ဓားသွား]မှာမူအရှေ့ပိုင်းဒေသမှ နံပါတ်၁စစ်သည်တစ်ယောက်ဖြစ်လာခဲ့သည်။ ဘူလန်တိုင်းပြည်မှ မင်းသမီးစင်ဒီမှာမူ အနောက်ပိုင်းဒေသတွင် ဓားတစ်လက်သူရဲကောင်းပြီးပါက နံပါတ်၂စစ်သည်တစ်ယောက်ဖြစ်လာခဲ့၏။

ဒေသငါးခု စစ်သည်အယောက်၅၀၊ တိုင်းပြည်၂၅ခုတို့မှာ မနက်ဖြန်တွင် ယှဥ်ပြိုင်တိုက်ခိုက်ကြတော့မည်ဖြစ်သည်။

လွန်ခဲ့သည့်လေးရက်ခန့်တွင် သိုင်းဆရာ၆၀၀ကျော်သေဆုံးခဲ့ပြီး သိုင်းဆရာ၁၀၀၀ကျော်ဒဏ်ရာရရှိခဲ့ကာ သာမန်စစ်သည်၂၀၀၀ကျော်သေဆုံးခဲ့သည်။ ဤသည်မှာ ယခင်ပြိုင်ပွဲများနှင့် နှိုင်းယှဥ်ကြည့်ပါက အထိခိုက်နည်းသည်ဟူ၍ပင် ဆိုနိုင်၏။ စစ်ပွဲတစ်ခုဖြစ်ပွားနေသဖြင့် တိုင်းပြည်များစွာသည် ငြိမ်းချမ်းစွာယှဥ်ပြိုင်တိုက်ခိုက်ပြီး ကျူးကျော်လာသည့် ရန်သူအား ခုခံနိုင်ရန်အတွက် အင်အားချွေတာရန်ဆုံးဖြတ်ကြသည့်အတွက်ပင်။ သို့သော် လာမည်တိုင်းပြည်အဆင့်သတ်မှတ်ပွဲစဥ်များမှာမူ ထိုကဲ့သို့ဖြစ်လိမ့်မည်မဟုတ်ပေ။ အသစ်ဖွဲ့စည်းမည့် ပင်မတပ်ဖွဲ့ကြီးတစ်ခုကို ခေါင်းဆောင်နိုင်သည့်အခွင့်ရေးတစ်ခုရှိနေသောကြောင့် တိုင်းပြည်များမှာ အကြိတ်နယ်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး သွေးထွက်သံယိုများနှင့် သေဆုံးမှုများမှာလည်း ပို၍များပြားလာလိမ့်မည်ဖြစ်၏။

တိုင်းပြည်အဆင့်သတ်မှတ်ပြိုင်ပွဲများမစတင်မှီနားနေသည့်ရက်တွင် ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်သည် သွေးသံမဏိတပ်ဖွဲ့၊ မိုးကြိုးနတ်ဘုရားတပ်ဖွဲ့နှင့် မီးနတ်ဘုရားတပ်ဖွဲ့တို့ကို ဦးဆောင်ကာ မြို့တော်စိန့်ပီတာစဘာ့တ်၏ဂိတ်တံခါး၀တွင် စစ်ပွဲမစမှီထုံးတမ်းဓလေ့များပြုလုပ်လျှက်ရှိသည်။ ကျွမ်းကျင်စစ်သည်အင်အား၅၀၀၀၀ခန့်ဖြင့် ပင်မတပ်ဖွဲ့ကြီးသုံးခုံစုပေါင်းထားသည့် စစ်သည်များသည် မနက်ဖြန်တွင် စပါတပ်အင်ပါယာမှ ကျူးကျော်လာသည့်လူများကို တိုက်ထုတ်ရန်အတွက် တောင်ပိုင်းဒေသို့သွားတော့မည်ဖြစ်သည်။ ပင်မတပ်ဖွဲ့ကြီးသုံးခုအပြင် တော်၀င်မှော်ဆရာ၁၀၀ကျော်မှာလည်း အာရှဗင်နှင့် အတူလိုက်ပါမည်ဖြစ်မည်။ ထိုအရာများအပြင် ပါးကွပ်သားသူရဲကောင်းလေးယောက်ဖြစ်သည့် [တိမ်ဖြူသူရဲကောင်း], [အရိပ်သူရဲကောင်း], [သွေးဆာနေသည့်သူရဲကောင်း]နှင့် [အပြစ်ပေးခြင်းသူရဲကောင်း]တို့မှာလည်း သူတို့၏မြင်းတပ်ဖွဲ့များနှင့်အတူ အာရှဗင်နှင့်လိုက်ပါကြမည်ဖြစ်သည်။

တောင်ပိုင်းသို့ပို့မည့်တပ်ကူများသည် အင်ပါယာစစ်အင်အား၏ ငါးပုံတစ်ပုံခန့်ရှိသည်ဟုပင်ဆိုနိုင်၏။ တပ်ဖွဲ့များမှာ ကြံ့ခိုင်သန်မာကြသည်။ စစ်ရေးခေါင်းဆောင်အာရှဗင်မှာ တိုက်ပွဲတစ်ပွဲမှပင် ရှုံးနိမ့်ဖူးခြင်းမရှိသေးပေ။ ထို့ကြောင့် အခိုက်တန့်တစ်ခုခန့် လူတိုင်းစစ်ပွဲနှင့်ပတ်သက်၍စိတ်အေးသွားကြ၏။

တပ်ကူများတောင်ပိုင်းသို့မချီတပ်မှီ ဖှေးရေပူစမ်းမြို့တွင် နောက်ဆုံးတွေ့ခဲ့ရသည့် မင်းသမီးတာနာရှာနှင့် တွေ့ဆုံလိုက်သည်။

ယခုအချိန်တွင်မူ ဖှေးကိုယ်တိုင်တွေ့ဆုံရန်အတွက် ကပ္ပတိန်ရိုမန်မှတဆင့်မင်းသမီးအား တောင်းဆိုခဲ့ခြင်းပင်။

ချမ်းဘော့ဒ်တိုင်းပြည်အား ပြန်လည်တည်ထောင်သည်မှာ ပြီးမြောက်ခြင်းမရှိသေးပေ။ ချမ်းဘော့ဒ်တိုင်းပြည်မှာ ကိုယ်တိုင်မရပ်တည်နိုင်ခင်တွင် ကြီးမားသည့် သစ်ပင်ကြီးတစ်ခုအောက်တွင် ပုန်းအောင်းကာ အကာကွယ်ယူရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် သစ်ပင်ကြီးတစ်ခုဖြစ်သည့် ဇီးနစ်အင်ပါယာကို ပြိုလွဲခွင့်ပြုမည်မဟုတ်ပေ။

လူပေါင်းများစွာသည် အာရှဗင်သည် စစ်ပွဲကိုအပြောင်းလဲဖြစ်အောင်ပြုလုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေကြသော်လည်း ဖှေးသည် အေဇာရုတိုက်သို့မလာခဲ့စဥ်က ဘ၀တစ်ခုကိုဖြတ်သန်းခဲ့သူတစ်ယောက်ဖြစ်သည့်အတွက် ရှုံးနိမ့်ခြင်းမရှိသည့်ခေါင်းဆောင်ဟူသည်မှာ မရှိကြောင်းကို ဖှေးသိရှိသည်။ အရေးကြီးသည့်အချိန်တွင် သူသည် အင်ပါယာကို တတ်နိုင်သလောက်ကူညီရမည်ဖြစ်သည်။

သူ၏အကူညီမှာ စစ်ကူသွားရောက်မည့်အာရှဗင်၏တပ်ဖွဲ့အတွက် ဒိုင်ယာဘလိုကမ္ဘာမှဆေးပုလင်းများ ကူညီပေးရန်ဖြစ်သည်။

သွေးပုလင်းသည် ကျွမ်းကျင်စစ်သည်များ၏ အသက်ကိုကယ်တင်ပေးနိုင်ပြီး စစ်သည်များကို ပို၍ကြာကြာတိုက်ခိုက်စေနိုင်မည်ဖြစ်သည်။ သက်လုံဆေးပုလင်းသည်လည်း စစ်သည်များ၏ပင်ပန်းနွမ်းနယ်မှုခံနိုင်စွမ်းကို မြင့်တက်သွားစေမည်ဖြစ်သည်။ မန်နာဆေးပုလင်းသည် တော်၀င်စစ်သည်များသူတို့၏မှော်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းကာ မှော်အစွမ်းများအဆက်မပြတ်သုံးနိုင်ရန်အတွက် ကူညီပေးမည်ဖြစ်သည်။

ဖှေးအားစိတ်ပျက်စေသည့် တစ်ခုတည်းသောအရာမှာ မင်းသမီးတာနာရှာသည် သွေးပုလင်းအလုံး၃၀၊ သက်လုံဆေးပုလင်း အလုံး၄၀နှင့် မန်နာဆေးပုလင်း အလုံး၄၀တို့ကို ရရှိသည့်တိုင်အောင် အံ့သြသည့်ပုံမရှိပေ။ သူမသည် ဤအရာများကို မျှော်လင့်နေနှင့်ပြီးသည့်အတိုင်းပင်။

အခိုက်တန့်တစ်ခုကြာသည့် ဖှေးသည် ဤနေမကောင်းဖြစ်နေသော လှပသည့်မင်းသမီး၏ထိုးဖောက်မြင်ခြင်းကိုခံနေရသကဲ့သို့ခံစားနေရ၏။

ဤမင်းသမီးမှာ အနည်းငယ်နေမကောင်းဖြစ်နေသော်လည်း ဆိုး၀ါးသည့်အခြေအနေမဖြစ်သေးပေ။ ဖှေးသူမနှင့် တွေ့ခါစက မဟာဘုရားကျောင်းမှ သူတော်စဥ်များကပင် သူမသည်နှစ်၀က်လောက်သာ အသက်ရှင်နိုင်တော့သည်ဟူ၍ပြောခဲ့ကြ၏။ ဖှေးသူမအားပေးခဲ့သည့် ပြန်လည်သစ်လွင်ဆေးပုလင်းသည် ထိရောက်ပုံရသည်။ သူမသည် ပို၍ကျန်းမာလာသည့်ပုံရှိနေ၏။

All Chapters