အခန်း (၃၈၇)
Vol. 26 Ch. 387
“နင်ပေးလိုက်တဲံ့ ဆေးပုလင်းဖော်မြူလာနှစ်ခုက အတော်လေးမှော်ဆန်တာပဲ။ ခေါင်းဆောင်တော်၀င်မှော်ဆရာကြီး လီလော့ခ်ျနဲ့ တစ်ခြားတော်၀င်မှော်ဆရာတွေက ဆေးပုလင်းတစ်ချို့ကို ဖော်စပ်ပြီးသွားပြီ။ တစ်ခုရှိတာက ဆေးပုလင်းကို အောင်မြင်စွာဖော်စပ်နိုင်ချေက အတော်လေးကို နည်းနေတာပဲ နောက်ပြီးတော့ ဆေးပုလင်းအာနိသင်ကလည်း တည်ငြိမ်မှုမရှိဘူး။ နင့်ရဲ့ဆေးပုလင်းတွေလောက် ထိရောက်မှုမရှိဘူးဖြစ်နေတယ်။ တွက်ချက်ကြည့်လိုက်တော့ ဆေးပုလင်းဖော်စပ်ဖို့အတွက် လိုအပ်တဲ့ကုန်ကျစရိတ်နဲ့ အကျိုးကျေးဇူးက သိပ်ပြီးမကွာပါဘူး...”
မင်းသမီးသည် မျက်နှာတွင် အပြုံးတစ်ခုနှင့်အတူဖှေးအားပြောလိုက်သည်။
မင်းသမီးသည် အလွန်ဉာဏ်ကောင်းသူဖြစ်ပြီး ဖှေးသူမထံမှ တစ်စုံတစ်ခုဖုံးကွယ်ထားသည်ကို သိနေသည့်ပုံပင်။ သူမ ပြောလိုက်သည်မှာ ဖှေးအားစမ်းသပ်လိုက်ခြင်းပင်။
သို့သော် ဖှေးပြန်လည်ကာ ပြုံးပြလိုက်သည်။
ဖှေးသူမအားရေပူစမ်းဂိတ်တံခါးတွင် ပေးခဲ့သည့်ဖော်မြူလာနှစ်ခုမှာ အာကာရာနှင့်ကိန်းတို့ဖန်တီးထားသည့် ဖော်မြူလာနှစ်ခုပင်။ ဖှေး၏ ဗျူဟာမှူးနှစ်ယောက်သည် ကုသနိုင်စွမ်းလျှော့နည်းပြီး ကုန်ကြမ်းပစ္စည်းများများလိုသည့် ဖော်မြူလာနှစ်ခုကို ဤအခြေအနေတွင်အသုံးပြုရန်အတွက် သေချာဖန်တီးထားခဲ့ခြင်းပင်။
ဖှေးထံ၌သာ ဖော်မြူလာအစစ်မှန်များရှိနေပြီးသူသည် ထိုဖော်မြူလာများကိုမည်သူ့ကိုမှပေးလိမ့်မည်မဟုတ်ပေ။
တာနာရှာအားပေးလိုက်သည့် လက်ရှိဆေးပုလင်းများမှာ ရေရောထားသည့်အတွက် တော်၀င်မှော်ဆရာများကိုယ်တိုင်ပြုလုပ်သည့် ဆေးပုလင်းများထက်အနည်းငယ်မျှသာပိုကောင်း၏။ ဖော်မြူလာများ၏ အာနိသင်မတည်ငြိမ်မှုကြောင့်သာ ဤကဲ့သို့ဖြစ်ရသည်ဟူ၍ ဖှေးအကြောင်းပြချက်ပေးနိုင်သည်။
“ဒါပေမယ့် စစ်ဖြစ်နေတဲ့အချိန်မှာတော့ နင့်ရဲ့ဖော်မြူလာတွေက အတော်အသုံး၀င်ပါတယ်။ နောက်ပြီးတော့ နင်က အင်ပါယာကိုဒီဆေးပုလင်းတွေတောင် ထပ်ပြီးတော့ ပံ့ပိုးခဲ့သေးတာပဲ။ ဒါတွေအကုန်လုံးကိုချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဆောင်ရွက်ချက်တွေအနေနဲ့မှတ်သားပေးသွားမှာပါ။” တာနာရှာသည် ဖှေး၏တုန့်ပြန်မှုကို တွေ့သည့်အချိန်တွင် စကားလမ်းကြောင်းလွှဲလိုက်၏။
“ကျေးဇူးတင်ပါတယ် အရှင့်သမီး...” ဖှေးဆက်လက်ပြုံးနေလိုက်သည်။
သူစကားများစွာပြေပါက ဤမင်းသမီးသည် တစ်စုံတစ်ခုကို ရိပ်မိသွားနိုင်ကြောင်းကို ဖှေးသိရှိသည်။ ထို့ကြောင့် ဖှေးစကားစောင့်ထိန်းနေခြင်းပင်။ ဤမင်းသမီးသည် မင်းသားအာရှဗင်ဘက်မှဖြစ်သည်မှာ ထင်ရှားလှသည်။ ဖှေးထိုဘက်ခြမ်းကို သွားရောက်လိုခြင်းမရှိပေ။ သူတို့နှစ်ယောက်ကြားထဲတွင် မမြင်နိုင်သည့်အတားဆီးတစ်ခုရှိနေသကဲ့သို့ပင်။
“သုံးနာရီလောက်နေရင် ကျွန်မရဲ့အကိုအာရှဗင်က ပင်မတပ်ဖွဲ့တွေကို ဦးဆောင်ပြီး အင်ပါယာတောင်ပိုင်းကိုသွားတော့မှာ အလတ်ဇန္ဒား ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့ နင်ဘယ်လိုမြင်လဲ...” ဖှေးသည် သူမအား ပြန်လည်ပြုံးပြခြင်းကိုသာ ပြုလုပ်နေသည်ကို တွေ့ရသည့်အတွက် မင်းသမီးမှာ အနည်းငယ်စိတ်ဓာတ်ကျလျှက်ရှိသည်။ သူမသည် ဤဘုရင်ငယ်ကို သူမ၏အဖွဲ့ထဲသို့ စည်းရုံးသိမ်းသွင်းလို၏။
“အရှင့်သား ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်က ပြိုင်ဘက်ကင်းတဲ့လူပဲ။ သူက စပါတပ်က ကျူးကျော်လာသူတွေကို သေချာပေါက်သုတ်သင်နိုင်မှာပါ...” ဖှေးပြန်ဖြေလိုက်သည်။
“ဟုတ်လား။ နင်တကယ်အဲ့လိုထင်တာလား။ စပါတပ်အင်ပါယာက တပ်ဖွဲ့တွေက ရေဇာမြို့တော်က ခံတပ်ကို ရုတ်တရက်ချိုးဖောက်လာနိုင်ခဲ့တာက နည်းနည်းလောက်မူမမှန်ဖြစ်နေတယ်လို့ နင်မထင်ဘူးလား။ အဲ့မတိုင်ခင်က သူတို့၁၅ရက်လောက်ကြိုးစားခဲ့တာ တောင်မထိုးဖောက်နိုင်ခဲ့ဘူးလေ။
ဖှေးအမှန်တကယ်ပင် အံ့သြသွားသည်။
“ဒါဆို ဒီမင်းသမီးဆိုလိုတာက ဒီကြီးမားတဲ့ဆုံးရှုံးမှုကြီးရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့လျို့၀ှက်ချက်တွေ ရှိနေသေးတယ်ဆိုတဲ့သဘောပေါ့...”
ဖှေးမေးခွန်းများပို၍မေးလိုနေသည့်အချိန်တွင် မြင်းတပ်ဖွဲ့တစ်ခုရောက်ရှိလာခဲ့၏။ ပထမဆုံးမြင်းပေါ်မှဆင်းလာသည့်မြင်းစစ်သည်မှာ ကပ္ပတိန်ရိုမန်ပင်။ သူဖှေးအားယဥ်ကျေးစွာဖြင့် နှုတ်ဆက်ပြီးသည့်အချိန်တွင် သူမင်းသမီး၏နားနားသို့ကပ်သာ တစ်စုံတစ်ခုကို တီတိုးပြောကြားလိုက်သည်။
“တပ်ကူတွေက စစ်ပွဲအကြိုအခမ်းနားစတင်တော့မှာ ကျွန်မပြန်ရတော့မယ်။ နောက်ပြီး ကျွန်မအန်ဂျယ်လာလေးကိုလဲ သတိရမိတယ်။ အချိန်ရှိတယ်ဆိုရင် သူမနဲ့အတူ မြို့တော်ထဲမှာ လည်ပတ်ခွင့်ပေးပါလား။”
မင်းသမီးသည် ထလိုက်ပြီးဖှေးအားနှုတ်ဆက်လိုက်သည်။ သူမမှော်ရထားလုံးပေါ်သို့ တက်ရောက်ကာ ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်၏စစ်ကြိုအခမ်းနားသို့တက်ရောက်ရန်ထွက်ခွာသွားတော့၏။ သူမအား ကောင်မလေး ဇီလျန်း၊ ရိုမန်နှင့် ရိုမန်၏မြင်းတပ်ဖွဲ့များမှ ကာကွယ်စောင့်ရှောက်နေကြသည်။
ဖှေး သူမထွက်ခွာသွားသည်ကို ကြည့်ရင်းဖြင့် သူ၏မေးစေ့ကို ပွတ်သပ်နေသည်။
မင်းသမီးပြောသွားသည့်အရာမှာ ကြီးမားကာ ထိတ်လန့်ဖွယ်ကောင်းသည့် ကိစ္စတစ်ခုပင်။
ဖှေးလည်း ဤကဲ့သို့တွေးမိနေခဲ့သည်မှာကြာပြီဖြစ်သည်။ ဇီနစ်အင်ပါယာသည် နယ်စပ်တွင်စစ်သည်အင်အားများစွာချထားပြီး စပါတပ်အင်ပါယာသည်လည် ထို့နည်းလည်းကောင်းပင်။ အင်ပါယာနှစ်ခုတွင် တူညီသည့်စစ်အင်အားရှိကြသည်။ ထို့အပြင် ရေဇာမြို့တွင်ရှိနေသည့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှာ ဘိုလောင်ဇန်းပင်။ သူသည် အာရှဗင်လောက်ရန်လိုပြီး တိုက်ခိုက်သည့်နေရာတွင်မကောင်းလှသော်လည်း ခုခံကာကွယ်သည့် အပိုင်းမှာမူ သူသည် မင်းသားအာရှဗင်ထက်ပင် ပို၍ ကျွမ်းကျင်သူဖြစ်သည်။ အင်ပါယာနှစ်ခုမသင့်မြတ်သည်မှာလည်း အချိန်အတော်ကြာပြီဖြစ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက်အနေထားကို အတော်သင့်သိရှိသည်ဟူ၍ပင် ဆိုနိုင်၏။ ရေဇာမြို့သည် ခံတပ်အဖြစ်တည်ဆောက်ရန်ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်ပြီး သိမ်းပိုက်ရန်မှာအလွန်ခက်ခဲလှသည်။ ဇီးနစ်အင်ပါယာမှစစ်သည်များတစ်ညထဲမှာပင် စစ်ရှုံးသွားခြင်းသည် ထိတ်လန့်ဖွယ်အချက်တစ်ခုပင်။
စပါတပ်အင်ပါယာသည် နယ်စပ်မှစစ်အင်အားကို နှစ်ဆတိုးချဲ့လိုက်သည်လည်းဖြစ်နိုင်သည်။ သို့မဟုတ်ပါက ရေဇာမြို့ထဲတွင် သစ္စာဖောက်များရှိနေပြီး ရန်သူများ၀င်လာနိုင်ရန်မြို့တံခါးကို အတွင်းမှဖွင့်ပေးလိုက်ခြင်းလဲဖြစ်နိုင်၏၊
ဤအချက်နှစ်ခုလုံးမှာမူ အင်ပါယာအတွက် မကောင်းလှချေ။
ယခုအချိန်တွင်မူ သူ၏ ဇိုလာရစ်နှင့် ကောင်လေးလူကာတို့၏အရည်ချင်းကို အသုံးပြုပြီး ချမ်းဘော့ဒ်အတွက် ကိုယ်ပိုင်သတင်းအချက်လက်ကွန်ယက်တစ်ခုတည်ဆောက်ရန်အကြံမှာ အလွန်ကောင်းမွန်သည့်အကြံတစ်ခုဖြစ်ကြောင်းကို ဖှေးသိလိုက်ရသည်။ ဤကွန်ယက်သည် အနည်းငယ်အားနည်းနေသေးပြီး လက်ရှိတွင်ဖှေးအားကူညီနိုင်ခြင်းမရှိသေးသော်လည်း ထိုကွန်ယက်သည် လျှင်မြန်စွာပင် ကြီးထွားလာနိင်၏။ တစ်နေ့တွင် ထိုကွန်ယက်သည် ဖှေးအားမည်သူမှမသိသေးသည့် သတင်းအချက်လက်များကိုပေးလိမ့်မည်ဖြစ်ညသ်။ သူသည် တစ်ခြားလူများ၏စကားများကို နားစွန့်ကာ ကိုင်တိုင်ခန့်မှန်းကောက်ချက်ချခြင်းများပြုလုပ်ရန်လိုအပ်တော့မည်မဟုတ်ပေ။ သူသည် အမှန်တရားကို သိရှိရန်အတွက်အကောင်းဆုံးသတင်းအချက်လက်များကို လိုအပ်၏။
မင်းသမီးနှင့် သူ၏လူများအခမ်းနားထံသို့ထွက်ခွာသွားကြသည်ကို ကြည့်ရင်းဖြင့် ဖှေးဤအရာများကို စဥ်းစားကြည့်မိနေ၏။
သူတစ်ဖက်သို့လှည့်လိုက်သည့်အချိန်တွင် ပဲရစ်အား သူမ၀တ်နေကျအဖြူရောင်၀တ်စုံနှင့်အတူတွေ့လိုက်ရ၏။ သူမသည် ဆယ်မီတာခန့်ကွာ၀ေးသည့်နေရာတွင် ရပ်နေသည်။ သူမသည် ဖှေးအားကြောင်တောင်တောင်အမူယာတစ်ခုဖြင့် စိုက်ကြည့်နေ၏။
“ဘာလဲ။ အရှင်မင်းကြီး အရှင်က အာရှဗင်ကလက်ရှိမှာ ပိုပြီးအားသာနေတယ်ဆိုပြီးတော့ သူ့ဘက်ပြောင်းသွားတာလား။ အဲ့တာကြောင့်မင်းသမီးကို ရက်ရောပြနေတာလား။” ပဲရစ် သူမ၏မျက်နှာပေါ်တွင် ယောက်ျားများစွာကို ဖမ်းစားနိုင်ခဲ့သောအပြုံးတစ်ခုနှင့်အတူဖှေးထံသို့လမ်းလျှောက်လာ၏။ သူမသည် ပြုံးနေသော်လည်း သူမ၏အသံနေအသံထားမှာမူ အနည်းငယ်ရန်လိုနေသည့်အတိုင်းပင်။ ဖှေးမင်းသမီးအား ဆေးပုလင်းများပေးလိုက်သည်ကို သူမမြင်တွေ့ခဲ့သည်မှာ ထင်ရှားလှသည်။