← Chapters

အခန်း (၃၈၈)

Vol. 26 Ch. 388

အခန်း (၃၈၈)

Vol. 26 Ch. 388

ဖှေးသူ၏ဘေးတွင်ရှိသည့် ထိုင်ခုံတစ်ခုကို ညွှန်ပြလိုက်ပြီး ပဲရစ်ကို ထိုင်ရန်အချက်ပြလိုက်သည်။ သူထို့နောက်တွင် ရယ်မောလိုက်ပြီး “နင်အထင်လွဲနေပြီ။ အင်ပါယာက အရေးကြီးတဲ့အချိန်ကိုရောက်နေလို့ လူတိုင်းက အင်ပါယာကို ကူညီရမယ့်တာ၀န်ရှိတယ်လေ။ ငါက အဖွဲ့၀င်နိုင်ငံတစ်ခုရဲ့ဘုရင်တစ်ပါးပြုလုပ်သင့်တဲ့ဟာကို လုပ်နေတာပါ။ မြို့တော်စိန့်ပီတာစဘာ့တ်ကျဆုံးသွားရင် ငါတို့တွေ့တစ်ယောက်မှ လုံခြုံတော့မှာ မဟုတ်ဘူးလေ...”

“ကျွန်မက တာနာရှာထိုင်သွားတဲ့ထိုင်ခုံပေါ်မှာ မထိုင်ချင်ပါဘူး။” ပဲရစ်ဖှေးအားစိုက်ကြည့်လိုက်ပြိး ဖှေးထိုငနေသည့် ထိုင်ခုံကို ဆွဲယူလိုက်သည်။ သူမထိုထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ပြောလိုက်၏။ “နင်က သူထိုင်ခဲ့တဲ့ထိုင်ခုံမှာထိုင်လိုက်...”

ဖှေး ပဲရစ်ညွန်ပြသည့် ထိုင်ခုံပေါ်တွင်သာ ၀င်ထိုင်လိုက်ပြီး ကလေးကဲ့သို့ပြုမူနေသည့် ကောင်မလေးကိုကြည့်ကာ ခေါင်းရမ်းလိုက်၏။ သူသည် ဤဉာဏ်များသည့် အမျိုးသမီးကို အနည်းငယ်ကြောက်ရွံ့နေ၏။ “နောက်ပြီး ပထမမင်းသားက အားသာနေတယ်လို့ ဘယ်သူတွေက ပြောနေတာလဲ။ သူ့ကိုလက်ရှိမှာထောက်ခံနေတဲ့လူတွေအများကြီးရှိနေတယ်ဆိုပေမယ့် ထီးနန်းကို သူရတော့မယ်လို့တော့ ပြောလို့မရသေးဘူးလေ။ အရှင့်သားဒိုမင်ဂူကို အင်ပါယာအရှင်သခင်ယရှင်းက နှစ်သက်နေတုံးပဲ။ ဟီးဟီး ပထမမင်းသားစစ်နိုင်ပြီးပြန်လာရင် ပလ္လင်ပေါ်မှာထိုင်နေတဲ့လူက ဒိုမင်ဂူဖြစ်ရင်ဖြစ်နေလိမ့်မယ်...”

ဤကဲ့သို့သောအဖြစ်များမှာ တရုတ်သမိုင်းကြောင်းတစ်လျှောက်တွင် များစွာပင်ဖြစ်ပျက်ခဲ့သည်။ ထီးနန်းလုပွဲမှာ နိုင်ငံရေးလောကတွင်ဖြစ်ပွားသည့်အရာဖြစ်ပြီး စစ်မြေပြင်တွင်ဖြစ်ပွားသည့် အရာမဟုတ်သည့်အတွက်ပင်။

ဖှေး၏စကားလုံးများကို ကြားသည့်အချိန်တွင် ပဲရစ်ပြုံးလိုက်ကာ အလွန်ပင်ချစ်စဖွယ်ကောင်းလာတော့၏။ သူမ အရှေ့သို့ ယိမ်းလိုက်ကာ ဖှေးကို သူမ၏ကြီးမားတောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ဒါဆို နင်က အရှင့်သားဒိုမင်ဂူကို ပိုပြီးနှစ်သက်တယ်ဆိုတဲ့သဘောလား...” သူမ ညင်သာစွာဖြင့် မေးလိုက်၏။

ဖှေး၏မျက်လုံးများသည် ပဲရစ်၏မျက်နှာမှအောက်သို့လျှောဆင်းကာ မသိစိတ်အလျှောက်သူမ၏ရင်သားများကို ခိုးကြည့်လိုက်မိသည်။ ထို့နောက်တွင် သူ၏ခုံပေါ်သို့အမြန်ပြန်မှီလိုက်ပြီး ရယ်မောလိုက်သည်။ “ငါက ဘယ်သူ့ကို နှစ်သက်တယ်ဆိုက အရေးကြီးလို့လား...”

“အန်းလေ။ တကယ်အရေးကြီးတာပဲ..”ပဲရစ် ဖှေးပြုမူသည့်အရာကို သထိထားလိုက်မိပြီး ဂုဏ်ယူစွာရယ်မောလိုက်သည်။ သူမ၏ခုံတွင်ပြန်လည်ကာ မှီထိုင်လိုက်ပြီး လေးနက်သည့်မျက်နှာအမူယာပြန်ပြောင်းလိုက်၏။ “စစ်ရေးအမိန့်အရ အဖွဲ့၀င်တိုင်းပြည်၂၄၄ခုစုပေါင်းပြီးတော့ ပင်မတပ်ဖွဲ့ကြီးတစ်ခုဖွဲ့စည်းရမယ်လေ။ နောက်ပြီးတော့ တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲမှာ ထွက်လာတဲ့ နံပါတ်၁စစ်သည်က ဒီပင်မတပ်ဖွဲ့အသစ်ကြီးကို ဦးဆောင်တဲ့ စစ်ရေးခေါင်းဆောင်တစ်ယောက်လုပ်ရမယ်။ အလတ်ဇန္ဒား နင်ကလည်း ဒီရာထူးအတွက်ဖြစ်နိုင်ခြေအရှိဆုံးလူတွေထဲက တစ်ယောက်ပဲ။ ဒီအာဏာကိုပိုင်ဆိုင်ရတဲ့လူက နင်ဖြစ်လာနိုင်တာပဲ။ အဲ့လိုဆို နင်ကအရေးမကြီးတဲ့လူတစ်ယောက်လို့ ထင်နေတုန်းလား...”

“ဟားဟား အဲ့လိုကျတော့လဲ ငါက တော်တော်အရေးကြီးသွားတဲ့ပုံပဲ...”

ဖှေးပြန်ဖြေလိုက်သည်။ ရုတ်တရက်အခြေအနေများဖြစ်ပေါ်လာသည့်အတွက် အင်ပါယာထဲတွင်သူ၏ရာထူးမှာလည်း မြင့်မားလာခဲ့သည်ဟုဆိုရမည်။ ယခင်ကသူသည် တစ်ကိုယ်ရေစွမ်းအားကြီးပြီးတိုက်ခိုက်တတ်သည့် လူတစ်ယောက်သာဖြစ်ပြီး ယခုအချိန်တွင်မူ ဇီးနစ်အင်ပါယာထဲမှ အဓိကအင်အားစုတစ်ခုကဲ့သို့ဖြစ်လာခဲ့၏။

“ဟီးဟီးဟီး နင်က ဒီကိစ္စနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ်မနေဘူးပဲ။ နံပါတ်၁စစ်သည်တစ်ယောက်ဘယ်လိုဖြစ်လာနိုင်လဲဆိုတာကို နင်အရင်ကြိုးစားကြည့်သင့်တယ်။ ဒီပြိုင်ပွဲက ထွက်လာတဲ့အရည်ချင်းရှိတဲ့ လူငယ်စစ်သည်တွေအများကြီးလေ။ နင့်ရဲ့ပြိုင်ဘက်က ဓားတစ်လက်သူရဲကောင်းတစ်ယောက်ထဲတော့ မဟုတ်လောက်ဘူး...”

“တကယ်လို့ငါသာ နံပါတ်၁ဖြစ်ချင်တယ်ဆိုရင် ကျန်တဲ့လူတွေက ကြည့်နေရုံပဲတက်နိုင်တယ်...” ဖှေး၏စကားလုံးများသည် သူ၏မိမိကိုယ်မိမိအကြွင်းမဲ့ယုံကြည်မှုကို ပြသနေ၏။ ဤယုံကြည်ချက်သည် ဖှေး၏တစ်ကိုယ်ရည်စွမ်းအားကြောင့်ဖြစ်ပေါ်လာခြင်းပင်။

“ဟုတ်ပါတယ် ဒါပေမယ့် ပိုပြီးဂရုစိုက်တာလဲ မလွန်ပါပဲ...” ပဲရစ်သည် ဤဘုရင်ငယ်၏ယုံကြည်ချက်ကြောင့် ထိတ်လန့်အံ့သြသွားကြသည်။ ထူးဆန်းသည့်အလင်းတန်းတစ်ခုသည် ပဲရစ်၏မျက်လုံးများထဲတွင် တောက်ပသွားရင်းဖြင့် ဖှေးအားသတိပေးကာ ပါးလွှာသည့် စာအုပ်တစ်ခုကို ပစ်ပေးလိုက်သည်။ စာအုပ်မှာ အရည်သွေးမြင့်စာရွက်သားတစ်ခုဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ “အဲ့တာကိုဖတ်ကြည့်လိုက် အကူညီရကောင်း ရလိမ့်မယ်...” သူမပြောလိုက်၏။

“ဒေသငါးခုမှသိုင်းဆရာများ၏ စွမ်းအားအဆင့်ခန်မှန်းချေများ...”

ဖှေးစာအုပ်ကို လှန်ကြည့်လိုက်သည့်အချိန်တွင် နောက်ဆုံးအဆင့်သို့ရောက်ရှိသွားခဲ့သည့် သိုင်းဆရာအယောက်၅၀လုံး၏ စွမ်းအားလယ်ဗယ်များ၊ နာမည်များ၊ သိုင်းကွက်များ၊ တိုက်ခိုက်ပုံစတိုင်များ၊ အမူကျင့်များကို အသေးစိတ်ရေးသားထားသည်ကို တွေ့လိုက်ရသည်။ ဖှေးသူ၏နာမည်ကို ပထမဆုံးမြင်လိုက်ရသည်။ ထို့နောက်တွင် ဓားတစ်လက်သူရဲကောင်း၊ ဘူလန်တိုင်းပြည်မှ မင်းသမီးစင်ဒီ၊ ဟူအက်ခ်နှင့် ကန်နော့ဒ်၊ သွေးသောက်ဓားနှစ်လက်နှင့် ငွေရောင်ဓားသွားတို့၏အချက်လက်များကို တွေ့လိုက်ရသည်။ ထိုလူများသည် ပြိုင်ပွဲတွင် ဖှေးနှင့် ရင်ဆိုင်ရနိုင်ချေရှိသည့် လူများပင်။

ဘိုင်ဇန်တိုင်းဘုရင် ကွန်စတန်တိုင်းသည် မှတ်တမ်းတွင် နံပါတ်၃၃နေရာတွင်ရှိနေ၏။ ဖှေးမှလွဲ၍ ချမ်းဘော့ဒ်တိုင်းပြည်မှအဆင့်မြင့်ဆုံးစစ်သည်မှာ နံပါတ်၁၃နေရာတွင်ရှိနေသည့် ပီတာဖြစ်ပြီး အဆင့်နိမ့်ဆုံးပါ၀င်သည့် ချမ်းဘော့ဒ်သားမှာ နံပါတ်၄၁ အရိပ်လုပ်ကြံသတ်ဖြတ်သူ ဖီးလစ်-အစ်ဇာနီပင်။

ဤလူများ၏အဆင့်ကိုကြည့်ရုံဖြင့်ပင် စာအုပ်ထဲတွင်ရေးထားသည့် စွမ်းအားခန့်မှန်းချက်များကို များစွာမှန်ကန်နေကြောင်းကို ဖှေးရိပ်မိလိုက်၏။

အရာအားလုံးကိုဖတ်ပြိးသည့်နောက်တွင် နောက်ဆုံးစာမျက်နှာပေါ်တွင် ရေးထားသည့် စာကြောင်းတစ်ခုကို ဖှေးတွေ့လိုက်ရသည်။ “ဇီးနစ်နံပါတ်၁ခရီးသွားကဗျာဆရာ မတ်-ရာဇီ၏ စာအုပ်။ အုပ်ရေ - ၁၀၀ ရောင်းစျေး - ရွှဒင်္ဂါး၁၀၀၀၀။

“သေစမ်း ဒီလူပဲဟ...”

ဖှေး၏ခေါင်းထဲတွင် မတ်-ရာဇီ၏ပုံရိပ်ပေါ်လာ၏။ “ဒီလူက ငွေတော်တော်ချစ်ပုံရတယ်။ သူ့ရဲ့၀တ်ရုံက သားနားနေပြီးတော့ ၀ိုင်ခွက်ကိုတောင် ရွှေကွပ်ထားတာ မဆန်ပါဘူး။ သူက ဘယ်လို ပိုက်ဆံရှာရမလဲဆိုတာကို သိတဲ့လူပဲ....”

သို့သော် လောဘကြီးသော်လည်း မတ်-ရာဇီ၏သုံးသပ်မှုများမှာ အလွန်တိကျလှသည်။ ဖှေးစာအုပ်ထဲတွင် ရေးသားထားသည့် အချက်လက်၈၀ရာခိုင်နှုန်းခန့်သည် မှန်ကန်လိမ့်မည်ဟုယုံကြည်သည်။

ဤအခိုက်တန့်တွင် ကျယ်လောင်သည့် ခရာသံကြီးတစ်ခုထွက်ပေါ်လာသည်။

ဖှေးနှင့် ပဲရစ်တို့အသံထွက်ပေါ်လာရာအရပ်ထံသို့ကြည့်လိုက်မိကြပြီး စစ်ကြိုအခမ်းနားပြီးဆုံးသွားသည်ကိုတွေ့လိုက်ရ၏။ ကပ္ပတိန်ရိုမန်အား ရှေပြေးအဖြစ်ခန့်အပ်လိုက်ကာ သူသည် မြင်းစစ်သည် ၃၀၀၀ခန့်ကို ဦးဆောင်ပြီး အခမ်းနားကျင်းပနေရာကွင်းပြင်မှ ချီတပ်ထွက်ခွာသွားတော့၏။

ပထမမြင်းစစ်သည်တပ်ဖွဲ့ တောင်ပိုင်းသို့ ချီတပ်သွားသည့်အချိန်တွင် စစ်ကြိုအခမ်းနားကျင်းပနေသည့် ကွင်းပြင်မှဦ အနည်းငယ်ကစဥ့်ကလျားဖြစ်နေကြတော့သည်။ လူတိုင်းသည် မထွက်ခွာမှီပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်နေကြ၏။ လူများသည် အော်ဟစ်နေပြီး၊ မြင်းဟီသံများနှင့် ပွက်လောရိုက်နေ၏။ စစ်ဌာနချုပ်မှ အရေးကြီးပုဂ္ဂိုလ်များ၊ ဆွေကြီးမျိုးကြီးများနှင့် တော်၀င်မိသားစုများမှာ တပ်ဖွဲ့များပတ်လည်တွင် စစ်မထွက်မှီအားပေးရန်အတွက်ရောက်ရှိနေကြ၏။ ဒိုမင်ဂူနှင့် သူတို့အဖွဲ့လဲရောက်ရှိနေကြသည်။

ဖှေးအား အခမ်းနားကိုတက်ရောက်ရန်ဖိတ်ကြားခဲ့သော်လည်း သူသွားရောက်ခဲ့ခြင်းမရှိပေ။

ခရာသံကြီးထက်မံထွက်ပေါ်လာသည့်အချိန်တွင် ပင်မတပ်ဖွဲ့ကြီးသုံးခုမှာ စတင်၍ချီတပ်ကြတော့သည်။

မြင်ကွင်းမှာ ကြီးကျယ်ခမ်းနားလှသည်။

ဖှေးသည် ဤကဲ့သို့သောစစ်ချီသည့်မြင်ကွင်းကို ပထမဆုံးအနေဖြင့် မြင်တွေ့ဖူးခြင်းဖြစ်သည်။ လှံရှည်များအလံတိုင်းများအား ထောင်မက်ထားသည်မှာ သစ်တောကြီးတစ်ခုကဲ့သို့ပင်ဖြစ်ပြီး စစ်သည်များသည် ပင်လယ်မှလှိုင်းလုံးကြီးများကဲ့သို့ချီတပ်နေကြသည်။ လေးနက်ပြီးတင်းမားသည့်လေထုတစ်ခုဖြစ်ပေါ်လာ၏။ သောင်းနှင့်ချီသည့်စစ်သည်များသည် ဤကဲ့သို့ခံစားချက်မျိုးကိုထုတ်လွှတ်နေခြင်းပင်။ ထိုခံစားချက်သည် စစ်သည်များစွာစုပေါင်းထားသည့်အတွက် ပို၍ပင် ပြင်းထန်နေ၏။ ကောင်းကင်ပေါ်တွင်ရှိနေသည့် တိမ်တိုက်များပင် ဤအရှိန်၀ါကြောင့်လွှင့်စင်ကုန်ကြ၏။ ဤသည်မှာ ထိတ်လန့်ဖွယ်ဖြစ်စဥ်တစ်ခုပင်။

ဤကဲ့သို့ သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည့် အရှိန်၀ါသည် ဖှေးကဲ့သို့ စွမ်းအားမြင့်စစ်သည်တစ်ယောက်ကိုပင် သိမ်ငယ်သွားသလိုခံစားရစေ၏။

စစ်သည်များသည် ရေလှိုင်းကဲ့သို့ပင် ချီတပ်သွား၏၊ ဤအချိန်တွင်ဖှေးသည် ကိုယ်ရံတော်အစောင့်စစ်သည်များခြံရံလျှက်ရှိနေသည့် ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်ကို မြင်တွေ့လိုက်ရ၏။ ဤလူသည် တောက်ပနသည့်အမဲရောင်ချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားသောမြင်းဖြူတစ်ကောင်ကို စီးလျှက်ရှိပြီး ယုံကြည်ချက်မြင့်မားကာ ဂုဏ်ယူနေသည့်ဟန်ရှိ၏။

ဇီးနစ်အင်ပါယာ၏တော်၀င်အလံအောက်တွင် စစ်သည်အင်အား ၆၀၀၀၀ကျော်၏အမိန့်ပေးခေါင်းဆောင်မှာ ထို၍အရှိန်၀ါတောက်ပနေ၏။ သူ၏အပြုမူတစ်ခုခြင်းစီတိုင်းသည် စစ်သည်များ၏အာရုံစိုက်မှုကို ရရှိလျှက်ရှိပြီး သူသည်လက်ရှိပုံအနေထားတွင် ပြိုင်ဘက်ကင်းနေသကဲ့သို့ပင်။ ဤတပ်ဖွဲ့ကြီးတစ်ခုလုံး၏အင်အားသည် ဤလူအပေါ်တွင် ပေါင်းစည်းနေသကဲ့သို့ပင်။

All Chapters