← Chapters

အခန်း (၃၈၉)

Vol. 26 Ch. 389

အခန်း (၃၈၉)

Vol. 26 Ch. 389

ဤကဲ့သို့ အရှိန်၀ါများအောက်တွင် အာရှဗင်၏ပုံရိပ်မှာကြီးမားထည်၀ါနေပြီး ဖှေးတစ်ခါမှမမြင်ဖူးသေးသည့် ကြောက်မက်ဖွယ်ခံစားချက်တစ်ခုထွက်ပေါ်လာလျှက်ရှိသည်။

ရုတ်တရက် ဇီးနစ်စစ်ပွဲနတ်ဘုရားသည်လည်း စိုက်ကြည့်ခံနေရသည်ကို အာရုံခံလိုက်မိပုံရ၏။ သူသည် ခေါင်းလှည့်လိုက်ကာ ဖှေးအားပြန်လည်ကာ စိုက်ကြည့်လိုက်၏။ သူသည် ဖှေး၏ဘေးတွင်ရပ်နေသည့် ပဲရစ်ကိုလည်းသတိထားလိုက်မိသည်။

အာရှဗင်နှင့် ဖှေးတို့ကြားထဲတွင်ရှိနေသည့်လေထုမှာ အနည်းငယ်တင်းမာနေ၏။

သူတို့သည် အနည်းငယ်၀ေးလှံသည့်နေရာတွင်ရှိသော်လည်း အာရှဗင်၏နှာခေါင်းရှုံ့လိုက်သည့်အသံကို ဖှေးကြားလိုက်မိသကဲ့သို့ပင်။

ဤအသံသည် စစ်သည်များအားလုံး၏စွမ်းအားများစုပေါင်းထားသကဲ့သို့ပင် ဖှေးသည် ဤသည်မှာ နတ်ဘုရားများထံမှ အပြစ်တင်ရှုံ့ချလိုက်သကဲ့သို့ပင်ခံစားလိုက်ရ၏။ ဤသည်မှာ ဖှေးအားအနည်းငယ်အကာကွယ်ကင်းမဲ့သွားသလို ခံစားရစေသည်။

ဤအခိုက်တန့်တွင် ဖှေးသည် အာရှဗင်၏စစ်ပွဲနတ်ဘုရားဆိုသည့် နာမည်ပြောင်၏အဓိပ္ပါယ်အစစ်မှန်ကို ကိုယ်တိုင်တွေ့မြင်လိုက်ရ၏။

အာရှဗင်သည် ဖှေး၏မျက်လုံးထဲတွင် တောက်ပသည့်လူတစ်ယောက်မဟုတ်ခဲ့ပေ။ ဤလူမှာ ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သော်လည်း ပါးကွပ်သားသူရဲကောင်းများ၏အဆင့်တွင်သာရှိ၏။ သူသည် အင်ပါယာထဲတွင် ထိပ်သီးစစ်သည်တစ်ယောက်မဟုတ်ပေ။ ဖှေး ပါးကွပ်သားသူရဲကောင်းများကို အနိုင်ရပြီးသည့်အချိန်တွင် အာရှဗင်ကို စိုးရိမ်စရာတစ်ခုအနေဖြင့်ပင် မမြင်တော့ပေ။

သို့သော် ဤအခိုက်တန့်တွင် အာရှဗင်၏ဂုဏ်အရှိန်၀ါများမှာ သူ၏တစ်ကိုယ်ရည်စွမ်းအားကြောင်ဖြစ်ပေါ်လာသည်မဟုတ်မှန်းသိရှိလိုက်ရသည်။ သူ၏အဓိကပင်ကိုယ်စွမ်းရည်မှာ သိုင်းဆရာတစ်ယောက်ဖြစ်သည်ထက် တပ်ဖွဲ့တစ်ခုကို ခေါင်းဆောင်နိုင်စွမ်းပင်။ စစ်သည်သိန်းနှင့်ချီအား ယုံကြည်ချက်ရှိရှိနှင့် အမိန့်ပေးတိုက်ခိုက်နိုင်သည့်အတွက် နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်၏။

အာရှဗင်သည် သောင်းနှင့်ချီသောစစ်သည်များကို ဦးဆောင်နေသည့်အချိန်တွင်မှာမူ အမှန်တကယ်ပင် စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူသည် ရန်သူ၏လှုပ်ရှားမှုများကို ကြိုတင်ကာ ခန့်မှန်းနိုင်စွမ်းရှိပြီး အရာအားလုံးကို သိမ်းပိုက်ပစ်နိုင်၏။ သူသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းသည့် စစ်ရေးခေါင်းဆောင်တစ်ယောက်ပင်။

ဖှေးဤကဲ့သို့အခိုက်တန့်တွင် အာရှဗင်ထက်အနည်းငယ်ပို၍နိမ့်ကျသွားသလို ခံစားလိုက်ရသည်။

ဖှေး သူ့ကိုယ်သူပြန်မေးလိုက်မိသည်။ “ငါရော သောင်းနဲ့ချီတဲ့စစ်သည်တွေကို အမိန့်ပေးရတော့မယ်ဆိုရင် မင်းသားလောက်ယုံကြည်ချက်ရှိရှိနဲ့ ကျွမ်းကျွမ်းကျင်ကျင်ခေါင်းဆောင်နိုင်ပါ့မလား...”

ထင်ရှားစွာပင် အဖြေမှာ ခေါင်းဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

ဖှေးသူ၏ကိုယ်ပိုင်အတွေးများကြောင့် အနည်းငယ်စိတ်ဓာတ်ကျသွားမိ၏။

“ဟီးဟီးဟီ ဘာလဲ နင်ရော ပထမမင်းသားကိုကြည့်ပြီး ထိတ်လန့်နေတာလား...”

ဉာဏ်ကောင်းသည့် ပဲရစ်သည် ဖှေး၏အမူယာကို မြင်လိုက်ပြီးဖှေး၏အတွေးများကို ရိပ်မိသွားတော့သည်။ သူမသည် ညင်သာစွာပြောပြီး ဖှေးအားနှစ်သိမ့်ပေးလိုက်သည်။

“အလတ်ဇန္ဒား နင်ကအရာအားလုံးမှာ လူတိုင်းထက်ပိုပြီးတော့ တော်နေစရာမလိုပါဘူး။ ဒီလောကမှာ အရာအားလုံးပြည့်စုံတဲ့လူဆိုတာ မရှိဘူးလေ။ နတ်ဘုရားတွေကိုယ်တိုင်တောင် မပြည့်စုံကြဘူး။ အင်ပါယာထဲမှာ ကျွန်မအပါ၀င်မင်းသားအာရှဗင်ကို သဘောမကျတဲ့လူတွေလဲအများကြီးပဲ။ ဒါပေမယ့် အာရှဗင်က ဇီးနစ်အင်ပါယာထဲမှာ အယုံကြည်ရဆုံးစစ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ လူတိုင်း၀န်ခံရလိမ့်မယ်။ တပ်ဖွဲ့ကြီးတွေကို ဦးဆောင်ပြီးတိုက်ခိုက်တဲ့နေရာမှာ အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်ကလွဲပြီးတော့ အာရှဗင်ကိုယှဥ်နိုင်တဲ့လူမရှိဘူးလေ။ သူ့လိုလူမျိုးက စစ်ပွတွေကနေမွေးဖွားလာတဲ့လူပဲ။ သူရဲ့အရည်ချင်းတွေအားလုံးက နတ်ဘုရားတွေစီက ဆင်းသက်လာတာပဲ။ သူ့ရဲ့လက်အောက်မှာ တပ်ဖွဲ့တစ်ခုရှိနေမယ်ဆိုရင် သူကစစ်ပွဲနတ်ဘုရားတစ်ပါးဖြစ်နေမှာပဲ...”

ဖှေး ပဲရစ်ပြောသည်များကို ကြားသည့်အချိန်တွင်သူသည် အာရှဗင်အား မသိခဲ့ကြောင်းကိုတဖြည်းဖြည်းဖြင့် နားလည်လာ၏။ ကမ္ဘာပေါ်တွင် ဖှေးနားမလည်သေးသည့်လူများနှင့်အရာများစွာရှိနေသေးသည်ဖြစ်သည်။

သို့သော်---

“စစ်သည်တွေဘယ်လောက်ကို သူခေါင်းဆောင်နေတယ်ဆိုတာ အရေးမကြီးပါဘူး။ ငါက အဲ့စစ်သည်တွေအကုန်လုံးကို ငါ့လက်သီးနဲ့အနိုင်ယူပစ်လိုက်မယ်...”

ဖှေး မကောင်းသည့်စိတ်ခံစားချက်များကို အလျှင်မြန်ပင် ဖယ်ရှားလိုက်ကာ သူ၏လက်သီးကိုဆုပ်လိုက်ပြီး မိမိကိုယ်မိမိအားပေးလိုက်သည်။

သူသည် ပဲရစ်၏ဆိုလိုရင်းကို နားလည်သည်။ အောင်နိုင်ခြင်းကို ရရှိရန်မှာ နည်းလမ်းအမျိုးမျိုးရှိ၏။ အာရှဗင်၏နည်းလမ်းမှာ စစ်သည်တပ်ဖွဲ့များကိုခေါင်းဆောင်ရန်ဖြစ်သည်။ သို့သော် ဖှေးသည် တစ်ခြားနည်းလမ်းကိုပို၍နှစ်သက်၏။ သူသည် တစ်ခြားလူများအပေါ်တွင် မှီခိုလိုခြင်းမရှိပေ။

အစစ်မှန်စွမ်းအားကြီးသည့်သိုင်းဆရာများမှာ စစ်သည်တပ်ဖွဲ့များကို လိုအပ်ခြင်းမရှိပေ။ မိမိကိုယ်မိမိသာအားကိုးကြ၏။

တစ်ယောက်တည်းစွမ်းအားဖြင့် ပြိုင်ဘက်ကင်းခြင်းကသာ ထာ၀ရပြိုင်ဘက်ကင်းမည်ဖြစ်သည်။

“ငါ့မှာလည်း ငါ့နည်းလမ်းနဲ့ငါရှိတယ်...”

ပဲရစ် ဖှေးဤကဲ့သို့ မင်းသားအာရှဗင်ကို မြင်ရပြီးစိတ်ဓာတ်ကျနေရာမှ လျှင်မြန်စွာပင် စိတ်ဓာတ်ပြန်တက်ကြွလာမည်ဟုမထင်ခဲ့ပေ။

အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် သူမတစ်စုံတစ်ယောက်အားသတိရလိုက်မိသည်။

လွန်ခဲ့သည့်ခြောက်နှစ်ခန့်က မသန်စွမ်းသည့်ခွေးလေးတစ်ကောင်ကို မွေးမြူရန်နှစ်သက်သည့် ခန့်ညားသောလူငယ်တစ်ယောက်သည် မြို့တော်စိန့်ပီတာစဘာ့တ်ရှိခံတပ်နံရံပေါ်တွင် ရပ်နေရင်းဖြင့် ဇီးနစ်စစ်ပွဲနတ်ဘုရား စစ်နိုင်ပြီးပြန်လာသည်ကို ငေးကြည့်နေခဲ့သည်။ ဤသည်မှာ ပထမဆုံးအနေဖြင့် သူတို့နှစ်ဦးတွေ့လိုက်မိခြင်းဖြစ်ပြီး ဒိုမင်ဂူသည် စက္ကန့်အနည်းငယ်ခန့်သာ ထိတ်လန့်အံ့သြသွားခဲ့၏။ ထို့နောက်တွင် သန်းလိုက်ကာ “ပျင်းစရာပဲ ခွေးမွေးရတာကမှ တပ်ဖွဲ့တစ်ခုကို ဦးဆောင်ရတာထက်ပိုကောင်းဦးမယ်...”

“အော် ငါတစ်ခုသိချင်နေတာ လ၀က်လောင်အတွင်းမှာ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ယောက်ရဲ့တိုက်ပွဲလဲဖြစ်ပွားတော့မယ်လို့ သတင်းထွက်ထားသေးတယ်မလား။ အခုကျ အင်ပါယာနှစ်ခုက တိုက်ပွဲလဲဖြစ်ပွားနေတာဆိုတော့ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာတွေရဲ့တိုက်ပွဲကရော ဘယ်လိုလဲ...” ဖှေး ကောင်းကင်ပေါ်သို့ပင် ထောင်တက်နေသည့် သိုင်းပညာတောင်အားငေးကြည့်ရင်းဖြင့် မေးလိုက်၏။

“အေဇာရုတိုက်ပေါ်မှာ စိန်ခေါ်စာပို့ပြီးတာနဲ့ သိုင်းဧကရာဇ်တွေရဲ့တိုက်ပွဲကို ဘယ်အရာကမှ မသက်ရောက်နိုင်တော့ဘူး။ စစ်ပွဲဖြစ်နေတာက အဲ့တိုက်ပွဲကို ပိုပြီးတော့ တောင်အဓိပ္ပါယ်ရှိသွားစေမယ်ထင်တယ်...”ပဲရစ်သူမ၏ဆံပင်များကို ပြင်လိုက်ရင်းဖြင့် ပြန်ဖြေလိုက်သည်။ “သိုင်းဧကရာဇ်တွေရဲ့တိုက်ပွဲက လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအပေါ်မှာ ကြီးကြီးမားမားသက်ရောက်စေလိမ့်မယ်။ သူတို့နှစ်ယောက်ကြားက တိုက်ပွဲက လက်ရှိတောင်ပိုင်းမှာဖြစ်ပွားနေဲ့ စစ်ပွဲနည်းတူအရေးကြီးတာပဲ...”

“ဒါဆို သိုင်းဧကရာဇ်ခါဆစ်ရဲ့ နိုင်နိုင်ချေကဘယ်လောက်ရှိတယ်ဆိုတာကိုရော နင်သိလား...” ဖှေးမေးလိုက်သည်။

“မစ်စတာ ခါဆစ်ကို ဘယ်သူမှ မနိုင်ပါဘူး...” ပဲရစ်ခိုင်မာစွာပြန်ဖြေလိုက်သည်။

ဖှေး တိတ်ဆိတ်သွား၏။

သူသည် ဤသိုင်းဧကရာဇ်ကို အမှန်တကယ်ပင် သိရှိခြင်းမရှိပေ။ သူသည် ဤမစ်စတာ ခါဆစ်မည်မျှသန်မာသည်ဆိုသည်ကိုလည်း သိရှိခြင်းမရှိပေ။ လအဆင့်ကျွမ်းကျင်သူတစ်ယောက်လား။ နေအဆင့်သခင်တစ်ပါးလား။ ဇီးနစ်အင်ပါယာထဲတွင်ရှိနေသည့်လူတိုင်းသည် ဤသိုင်းဧကရာဇ်ကို အမှန်တကယ်ပင် လေးစားကြပုံရသည်။ အလွန်ဉာဏ်ပညာမြင့်မားသည့် ပဲရစ်ပင်သူ့အပေါ်တွင် အကြွင်းမဲ့ယုံကြည်နေ၏။

“သူကဘယ်သူပါလိမ့်...” ဖှေးတွေးလိုက်မိသည်။

အရေးမကြီးသည့် ကိစ္စတစ်ချို့ကိုပြောပြီးသည့်နောက်တွင် ဖှေးအရင်ထွက်လာခဲ့တော့သည်။

“အလတ်ဇန္ဒား နင့်ရဲ့ကတိကိုမမေ့ပါနဲ့...” ပဲရစ် ဖှေး၏ကြောပြင်ကို ငေးကြည့်ရင်းဖြင့် ရုတ်တရက်ပြောလိုက်သည်။

“ဟင်...”

“ကျွန်မတောင်းဆိုလာပြီဆိုရင် နင်မင်းသားဒိုမင်ဂူကို ကူညီပေးရလိမ့်မယ်။ တစ်ချက်ပဲ တိုက်ခိုက်ရမယ်ဆိုရင်တောင်လေ...” ပဲရစ်ကျယ်လောင်သည့်အသံဖြင့်ပြောလိုက်၏။ ဖှေးသူထင်ယောင်ထင်မှားဖြစ်နေသည်ဟူ၍ပင် ခံစားလိုက်မိသည်။ ပဲရစ်သည် သူ၏အဖြေကို စိတ်လှုပ်ရှားစွာဖြင့် ပြန်စောင့်နေ၏။

“အမ်း..”

......

......

ဇီးနစ်အင်ပါယာမှ တပ်ကူများသည် မိုရိုတောင်းတန်းများကို အမဲရောင်နဂါးကြီးတစ်ကောင်ကဲ့သို့ဖြတ်သန်းသွား၏။ ထို့နောက်တွင် သူတို့သည် မိုးကုတ်စက်၀ိုင်းအောက်တွင် ပျော်ကွယ်သွားကြတော့၏။ သန်းနှင့်ချီသည့် အင်ပါယာအတွင်းမှ ပြည်သူများသည် သူတို့အတွက် စုတောင်းပေးနေကြ၏။

ဖှေးထွက်ခွာလာခဲ့ပြီးနောက်တွင် သူချမ်းဘော့ဒ်စခန်းထဲသို့ ပြန်ခဲ့ခြင်းမရှိသေးပေ။ သူရုပ်ဖျက်လိုက်ကာ စခန်းချနေရာတစ်၀ိုက်တွင်လှည့်လည်သွားလာနေ၏။ သူသည် နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ရောက်ရှိလာခဲ့သည့်တိုင်းပြည်များအားလုံးကို တစ်နာရီခန့်လိုက်လံလေ့လာပြီးသည့်အချိန်တွင် သူသည် အဆင့်၆အဖွဲ့၀င်တိုင်းပြည်တစ်ခုဖြစ်သည့် ဘိုင်ဇန်တိုင်းတိုင်းပြည်၏စခန်းထဲသို့ လမ်းလျှောက်၀င်လာခဲ့၏။

ဖှေးသူ၏သရုပ်မှန်ကို ပြသလိုက်ပြီးသည့်နောက်တွင် ဘိုင်ဇန်တိုင်းတိုင်းပြည်မှလူများအားလုံးအံ့သြကုန်ကြသည်။

ဖှေးနွေးထွေးသည့် ကြိုဆိုမှုတစ်ခုကို ရရှိလိုက်သည်။ ဘိုင်ဇန်တိုင်းဘုရင်ငယ်သည် တဲအတွင်းမှ အပြေးထွက်လာကာ ဖှေးအားကြိုဆိုလိုက်သည်။ သူနှင့် မိဘုရားအစ်ဇာလယ်လာတို့ တဲအတွင်းမှထွက်လာပြီး ဖှေးအားလေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်ကြသည်။

ဘိုင်ဇန်တိုင်းစခန်းမှ လူများအားလုံးနီးပါးပင် ဖှေးအား ကျေးဇူးရှင်တစ်ယောက်ကဲ့သို့ ဆက်ဆံကြ၏။

All Chapters