← Chapters

အခန်း (၃၉၀)

Vol. 26 Ch. 390

အခန်း (၃၉၀)

Vol. 26 Ch. 390

သူတို့သည် ချမ်းဘော့ဒ်ဘုရင်ကြောင့်သာမဟုတ်ပါက လူတိုင်းအနိုင်ကျင့်နိုင်သည့် တောင်ပိုင်းတိုင်းပြည်တစ်ခုဖြစ်နေဦးမည်ဖြစ်သောကြောင့်ပင်။ ချမ်းဘော့ဒ်ဘုရင်သည် သူတို့အလိုအပ်ဆုံးအချိန်တွင် လက်နက်မျာ၊ ချပ်၀တ်များကူညီထောက်ပံ့ခဲ့သောကြောင့် သူတို့ နာမည်ပြသခွင့်ရလာခဲ့ခြင်းဖြစ်သည်။ သူတို့၏ဘုရင် ကွန်စတန်တိုင်းဆိုလျှင် တောင်ပိုင်းဒေသ၏ထိပ်တန်းစစ်သည်ဆယ်ယောက်စာရင်း၀င်လာခဲ့နိုင်၏။

သို့သော် ဖှေးဤနေရာ၌အချိန်ကြာစွာမနေခဲ့ပေ။

သူသည် ကွန်စတန်တိုင်းလေ့ကျင့်နေသည့် ဒဏ်ရာခုနှစ်သွယ်လက်သီးကျင့်စဥ်နှင့်ပတ်သက်သည့် ပြသနာကို ဖြေရှင်းပေးရန်သွားရောက်ခြင်းဖြစ်သည်။

ဖှေးအနီးကပ်လေ့လာမှုတစ်ချို့ပြုလုပ်ပြီးသည့်နောက်တွင် ဘိုင်ဇန်တိုင်းဘုရင်ငယ်၏ကိုယ်တွင်းအင်္ဂါများမှာ ထိခိုက်နေသည်ကို တွေ့လိုက်ရ၏။ နှလုံး၊ အဆုတ်၊ ကျောက်ကတ်၊ အစာအိမ်စသည့် ကိုယ်တွင်းအင်္ဂါများမှာ အတိုင်းသာတစ်ခုထိ ထိခိုက်နေကြကာ ဖှေးမျှော်မှန်းထားသည်ထက်ပင် ဆိုး၀ါးနေသည်။

ဘိုင်ဇန်တိုင်းဘုရင်ငယ်သည် စွမ်းအားများမြင့်တက်လိုစိတ်အလွန်ပြင်းပြနေကြောင်းကို ဖှေးရိပ်မိလိုက်သည်။ ကွန်စတန်တိုင်းသည် အလွန်အကျွံလေ့ကျင့်မှုမျိုးကို ပြုလုပ်ခဲ့ပုံရ၏။ ထိုကဲ့သို့လေ့ကျင့်ခြင်းကြောင့် စွမ်းအားများအတိုင်းတာတစ်ခုထိမြင့်တက်လာခဲ့သော်လည်း ဆိုးကျိုးများမှာလည်း ပို၍ဆိုး၀ါးလာခဲ့သည်။

"ဒါက ကြယ်ခြောက်လုံးအဆင့် သစ်သားဂုဏ်သတ္တိအတွင်းအားကျင့်စဥ်စာလိပ်ပဲ။ အဲ့စာလိပ်မှာ အတွင်းအားသိပ်သည်းအောင်လုပ်ပြီးတော့ သစ်သားဂုဏ်သတ္တိအတွင်းအားကို ခန္ဓာကိုယ်ကို ပြန်လည်ကုသဖို့အသုံးချနည်းတွေပါတယ်။ မင်း ဒီအတွင်းအားကျင့်စဥ်နဲ့ ဒဏ်ရာခုနှစ်သွယ်လက်သီးကျင့်စဥ်ကို တွဲသုံးလို့ရတယ်။ အဲ့လိုနှစ်ခုပေါင်းသုံးမယ်ဆိုရင် ဒဏ်ရာခုနစ်သွယ်လက်သီးရဲ့အစွမ်းကလဲ ပိုမြင့်မားသွားပြီးတော့ ဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေလဲ သစ်သားအတွင်းအားစွမ်းအင်ရဲ့ ကုသနိုင်တဲ့ဂုဏ်သတ္တိကြောင့်နည်းပါးသွားလိမ့်မယ်..."

ဖှေးကြယ်ခြောက်လုံးအဆင့်အတွင်းအားကျင့်စဥ်စာလိပ်ကော်ပီတစ်ခုကို ကွန်စတန်တိုင်းအားပေးလိုက်သည်။

ဤသည်မှာ ထိုလျို့၀ှက်သည့် သိုင်းဆရာထံမှရရှိသည့် စာလိပ်ကို ကူးရေးထားခြင်းပင်။

ဤရက်ပိုင်းတွင် ဖှေးသည် မေးခွန်းများနှင့် သူကြုံတွေ့နေရသည့် ပြသနာများ၊ နားမလည်သည့်အကြောင်းရာများကို သူ၏ဆရာဖြစ်သည့် လျို့၀ှက်ထူးဆန်သည့်သိုင်းဆရာနှင့် တွေ့ဆုံရသည့်အချိန်များတွင် မေးလေ့ရှိသည်။ ထိုလျို့၀ှက်သည့်လူမှာ စကားနည်းသူတစ်ယောက်ဖြစ်သော်လည်း ဖှေး၏ပြသနာများကို နားထောင်ပြီး သင့်လျှော်သည့်အင်ပါယာအရှင်သခင်ယရှင်း၏ကျင့်စဥ်စာလိပ်မှတ်တမ်းများကို ယူဆောင်လာပေးလေ့ရှိသည်။

ဖှေးသည် အခွင့်ရေးကို အပြည့်၀အသုံးချကာ လိုအပ်သည့်စာလိပ်များကိုလည်း တောင်းဆိုလျှက်ရှိသည်။ သူ့အတွက်ကြည့်သာမဟုတ်ပဲ သူနှင့်နီးစပ်ရာလူများအတွက်ရောပင်။

ဥပမာအားဖြင့် ဤသစ်သားဂုဏ်သတ္တိအတွင်းအားကျင့်စဥ်စာလိပ်မှာ ကွန်စတန်တိုင်းအတွက်ပင်ဖြစ်၏။

၀ူရှသိုင်း၀တ္ထုထဲတွင် အဓိက ဇာတ်ကောင်ဖြစ်သည့် ဇန်း-၀ူကျိသည် အတွင်းဒဏ်ရာမရပဲ ဒဏ်ရာခုနှစ်သွယ်လက်သီးကို အသုံးပြုနိုင်ရခြင်းမှာ သူ့ထံတွင်အတွင်းအားမြောက်များစွာပိုင်ဆိုင်ထားသည့်အတွက်ပင်။ ထို့အပြင် သူပိုင်ဆိုင်ထားသည့်အတွင်းအားများကြောင့် ဒဏ်ရာခုနှစ်သွယ်လက်သီးသည်လည်း ပို၍သန်မာလာခဲ့သည်။ ဖှေးသည် ၀ူရှ၀တ္ထုထဲတွင် ပါရှိသည့်အတွင်းအားကျင့်စဥ်စာလိပ်ကိုမရှာဖွေနိုင်သဖြင့် သစ်သားဂုဏ်သတ္တိအတွင်းအားကျင့်စဥ်စာလိပ်ကို ရွေးချယ်ခဲ့သည်။ သစ်သားဂုဏ်သတ္တိအတွင်းအားစွမ်းအင်မှာ အတွင်းအားစွမ်းအင်များထဲတွင် ကုသနိုင်စွမ်းအကောင်းဆုံးစွမ်းအင်တစ်ခုဖြစ်သောကြောင့်ပင်။

သူ၏သီအိုရီမှန်ကန်ကြောင်း သေချာစေရန်အတွက် ဖှေးကွန်စတန်တိုင်းအားကျင့်စဥ်စာလိပ်မပေးခင် ကိုယ်တိုင်လေ့ကျင့်ကာ အတည်ပြုခဲ့သည်။ ဖှေး၏ ခန္ဓာကိုယ်မှာ ထူးခြားသောကြောင့် အေဇာရုတိုက်မှ ကျင့်စဥ္မ်များကိုလေ့ကျင့်နိုင်သော်လည်း လေ့ကျင့်ရာမှ ရရှိလာသည့်အစွမ်းများသည် အချိန်အတိုင်းတာတစ်ခုရောက်ပါက ပြန်လည်ကာပျောက်ကွယ်သွားသည်ဖြစ်သည်။ ထို့ကြောင့် ဖှေး၏ခန္ဓာကိုယ်မှာ ကျင့်စဥ်များကို စမ်းသပ်ရန်အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုပင်။ ကျင့်စဥ်၏သက်ရောက်မှုများကို သေချာလေ့လာအတာည်ပြုပြီးနောက်တွင် ကွန်စတန်တိုင်းကို ပေးလိုက်သည်။

ဖှေးပြုလုပ်ရမည့် ကိစ္စများမှာ အလွန်များပြားနေ၏။

တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲများမှာ မနက်ဖြန်တွင်ကျင်းပတော့မည်ဖြစ်ပြီး ပိုပြီးပြင်းထန်ကာ ရက်စက်မည်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ဂရုမစိုက်ပါက သူတို့သည်တိုက်ပွဲစင်မြင့်ပေါ်၌ပင် သေဆုံးသွားနိုင်သည်။ ဖှေး ချမ်းဘော့ဒ်တိုင်းပြည်မှ အဓိကခေါင်းဆောင်များကို စွမ်းအားတိုးမြှင့်ပေးရန်အတွက် အကောင်းဆုံးကြိုးစားရမည်ဖြစ်သည်။

ဖှေးပြန်ရောက်သည့်အချိန်တွင် တစ်ယောက်တည်းအရင်လေ့ကျင့်ရန်ဆုံးဖြတ်လိုက်သည်။

သူသည် ဤတစ်ကြိမ်တွင်မူဒိုင်ယာဘလိုကမ္ဘာအတွင်းသို့သွားခဲ့ခြင်းမရှိပေ။ သူသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏အတွင်းအားများစီးဆင်းနေပုံကို ဂရုတစိုက်ဖြင့် အာရုံခံလိုက်သည်။ သူဖန်တီးထားသည့် အတွင်းအားစွမ်းအင်နှင့် သိုင်းကွက်ကျင့်စဥ်စာလိပ်များကို အဆင့်မြှင့်တင်မွမ်းမံရန်ကြိုးစားနေခြင်းပင်။

ကနေဦးစွမ်းအားအများပြားတိုးပွားလာပြီးသည့်နောက်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှ ခေါင်းဆောင်များ၏စွမ်းအားများမြင့်တက်နှုန်းမှာ အနည်းငယ်နှေးကွးလာသည်။ သူတို့၏စွမ်းအင်များသည် သိသိသာသာတိုးမြှင့်လာခြင်းမရှိတော့ပေ။

ဤကဲ့သို့ဖြစ်ရခြင်းမှာ သူတို့တွင်အရည်ချင်းမရှိသောကြောင့်မဟုတ်မှန်းဖှေးသိရှိသည်။

ဟော့ခ်ဆေးပုလင်းသောက်သုံးပြီးချိန်တွင် ချမ်းဘော့ဒ်ခေါင်းဆောင်များ၏အတွင်းအားစီးဆင်းရာလမ်းကြောင်းများမှာ ကျယ်ပြန့်သွား၏။ သူတို့၏ခန္ဓာကိုယ်သည်လည်း သန့်စင်သွားသည်။ သူတို့၏အရည်ချင်းအလားလာများသည်လည်း သာမန်လူများထက်မြင့်တက်လာခဲ့သည်။

သူတို့သည် ပင်ကိုယ်ပါရမီရှင်းများနှင့် နှိုင်းယှဥ်၍မရသော်လည်း ဆိုး၀ါးသူများမဟုတ်ကြပေ။

သူတို့၏စွမ်းအားမြင့်တက်မှုနှုန်းများကျဆင်းလာရခြင်းမှာ သူတို့၏ကျင့်စဥ်စာလိပ်များသည် လယ်ဗယ်နိမ့်နေသောကြောင့်ပင်။ ဖှေးဖန်တီးခဲ့သည့် ကျင့်စဥ်စာလိပ်များဖြစ်သည့် အလင်းလက်သီး၊ အလောင်းထပ်ငလျင်လှိုင်းစသကဲ့သို့သော သိုင်းကွက်များသည် ဖှေးသူတော်စဥ်ဇိုလာထံမှရရှိသည့် ကြယ်နှစ်လုံးသုံးလုံးအဆင့် ကျင့်စဥ်စာလိပ်များကို အခြေခံထားသောကြောင့်ပင်။ ဖှေးသည် အတွင်းအားလမ်းကြောင်းများကို ထပ်ဖြည့်လိုက်ပြီး ကြယ်လေးလုံးအဆင့်ကျင့်စဥ်စာလိပ်များအဖြစ်ဖန်တီးလိုက်သော်လည်း လက်ရှိတွင် ထိုစာလိပ်များမှာ လုံလောက်ခြင်းမရှိတော့ပေ။

လမ်းပါ့ဒ်သည် ကြယ်လေးလုံးအဆင့်ကျင့်စဥ်စာလိပ်ဖြစ်သည့် အလင်းလက်သီးကျင့်စဥ်ကိုအသုံးပြုကာ ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်လာနိုင်ခဲ့သည်။ ယခင်ချမ်းဘော့ဒ်တိုင်းပြည်၏နံပါတ်၁စစ်သည်သည် ဤကဲ့သို့ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ သူ့ထံတွင် ဖှေးမသိသည့် ကိုယ်ပိုင်လျို့၀ှက်ချက်များရှိနေသောကြောင့်ပင်။ ကျန်ရှိနေကြသည့် ချမ်းဘော့ဒ်တိုင်းပြည်၏ခေါင်းဆောင်များမှာ ကြယ်လေးလုံးအဆင့်များပင်။

All Chapters