အခန်း (၃၉၁)
Vol. 27 Ch. 391
ကြယ်လေးလုံးအဆင့် ကျင့်စဥ်စာလိပ်များမှာ အနှောင့်ယှက်အတားဆီးများပင်။
အချိန်များကုန်ဆုံးသွားသည်နှင့်အမျှ သူ၏လူယုံများအတွက် ပို၍ကောင်းမွန်ပြီးအဆင့်မြင့်သည့်ကျင့်စဥ်စာလိပ်များဖန်တီးပေးရန်မှာ ဖှေးအတွက်ဦးစားပေးကိစ္စတစ်ခုဖြစ်လာခဲ့သည်။
ဖှေးသည် မျက်နှာပြောင်တိုက်ပြီး လျို့၀ှက်သည့် သူ၏ဆရာထံမှ အဆင့်မြင့်ကျင့်စဥ်စာလိပ်များကို ခနတောင်းကာ လေ့လာကြည့်နိုင်သည်။ ထို့အပပြင် ပို၍လယ်ဗယ်မြင့်လာပြီဖြစ်သော လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏အတွင်းအားစီးဆင်းပုံကိုလေ့လာရင်းဖြင့် ဖှေးသည် ချမ်းဘော့ဒ်မှခေါင်းဆောင်များအတွက် ပို၍ကောင်းမွန်သည့်စာလိပ်များကို ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်သည်။ အတွင်းအားလမ်းကြောင်းအသစ်များကို ဖန်တီးခဲ့ပြီး ယခုအချိန်တွင်ရှိသည့်စာလိပ်များမှာ ချမ်းဘော့ဒ်မှ ခေါင်းဆောင်များကို ကြယ်ခုနှစ်လုံးအဆင့်ထိရောက်အောင်ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။
ဤစာလိပ်များမှာ လက်ရှိအခြေအနေအတွက်လုံလောက်၏။
လေးနာရီခန့်ကြာသည့်အချိန်တွင် ဖှေးသည် ကျင့်စဥ်စာလိပ်အသစ်၁၂ခုခန့်ဖန်တီးပြီးသွားပြီဖြစ်သည်။
နေ့ခင်းအချိန်မှာစောသေးသောကြောင့် ဖှေးချမ်းဘော့ဒ်တိုင်းပြည်မှခေါင်းဆောင်များကို စခန်းအလည်တွင်ရှိသည့်တဲအတွင်းသို့ တစ်ယောက်ခြင်းဆင့်ခေါ်လိုက်သည်။ ပြိုင်ပွဲတွင်ကောင်းကောင်းမွန်မွန်စွမ်းဆောင်နိုင်ခဲ့သည့်အတွက် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကဲ့သို့သော လူများကို ကျင့်စဥ်စာလိပ်အသစ်များပေးလိုက်သည်။
“ကြယ်ခုနှစ်လုံးအဆင့်ကျင့်စဥ်စာလိပ်တွေလား...” ကျင့်စဥ်စာလိပ်များရရှိလိုက်သည့် လူတိုင်းသည် ထိတ်လန့်အံ့သြသွားကာ သူတို့၏လက်များပင် တုန်ခါလာတော့သည်။
ဤကျင့်စဥ်စာလိပ်များသည် အင်ပါယာထဲတွင် ထိပ်တန်းစာလိပ်များပင်။ ပါးကွပ်သားသူရဲကောင်းများပင် ကြယ်၇လုံး၈လုံးကျင့်စဥ်စာလိပ်များသာ ပိုင်ဆိုင်ကြသည်ဖြစ်သည်။ ဇီးနစ်အင်ပါယာထဲတွင် စုစုပေါင်းကြယ်၇လုံးအဆင့်ကျင့်စဥ်စာလိပ်များမှာ တစ်ရာခန့်သာရှိသည်ဟုဆိုပါက လွန်ရာကျမည်မဟုတ်ပေ။ ဤကျင့်စဥ်စာလိပ်များထဲမှ အများစုကို အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်ပြီ ကျင့်ကြံအသုံးပြုရန်မှာ ခက်ခဲလှဿည်။ ဤအကြောင်းကြောင့် ပါးကွပ်သားသူရဲကောင်းများကိုယ်တိုင်ပင် ကြယ်ခြောက်လုံးအဆင့်တွင်သာ ပိတ်မိနေကြခြင်းဖြစ်သည်။
“မင်းတို့မှတ်ထားရမှာက ကြယ်ခုနှစ်လုံးအဆင့်ကျင့်စဥ်စာလိပ်တစ်ခုကို ပိုင်ဆိုင်တိုင်း ကြယ်၇လုံးအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးဆိုတာပဲ။ ကျင့်ကြံခြင်းခရီးလမ်း သွေးတွေချွေးတွေနဲ့ပြည့်နှက်နေတယ်။ ဒီကျင့်စဥ်စာလိပ်တွေက မင်းတို့ကို ကြယ်၇လုံးအဆင့်စစ်သည်ဖြစ်လာနိုင်မယ့် လမ်းကိုပဲ ပြသပေးနိုင်လိမ့်မယ်။ ကျန်တာက မင်းတို့ရဲ့အရည်ခြင်းနဲ့ ကြိုးစားအားထုတ်မှုပေါ်မှာပဲ မူတည်လိမ့်မယ်...”
ဖှေး သူ၏လူများ၏စိတ်လှုပ်ရှားနေသော အကြည့်များကိုမြင့်တွေ့လိုက်ရသည့်အချိန်တွင် ညွှန်ကြားမှုများပေးလိုက်၏။ “မှတ်ထားရမှာ စွဲစွဲမြဲမြဲနဲ့ အပြင်းထန်ကြိုးစားလိုစိတ်ပြင်းပြတဲ့လူတွေကပဲ အဆင့်မြင့်သိုင်းဆရာတွေဖြစ်လာနိုင်တယ်ဆိုတာပဲ။ ကြယ်ခြောက်လုံးအဆင့်ဆိုတာက စစ်သည်တိုင်းကြုံတွေ့ရလေ့ရှိတဲ့ အတားဆီးတစ်ခုပဲ။ မင်းတို့ ကြယ်ခြောက်လုံးအဆင့်ကို ကျော်နိုင်သွားပြီဆိုရင် လအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာနိင်ဖို့အတွက် အခွင့်ရေးရှိသွားပြီလို့ပြောလို့ရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းတို့တွေကြယ်ခြောက်လုံးအဆင့်မှာတင်ပိတ်မိနေလိမ့်မယ်။ အဲ့အတွက်ကြောင့် မင်းတို့တွေကြယ်ခြောက်လုံးအဆင့်ကို မကျော်နိုင်ဘူးဆိုရင် ငါ့စီကနေကျင့်စဥ်စာလိပ်တွေ ထပ်ပြီးတော့ရမှာ မဟုတ်တော့ဘူး...”
ဖှေးသူတို့အား ခြောက်လန့်နေခြင်းမဟုတ်ပေ။
သူသည် ဒိုင်ယာဘလိုကမ္ဘာကို အသုံးပြုကာလယ်ဗယ်မြှင့်တင်နေခြင်းဖြစ်သော်လည်း သူသည် ကြယ်ခြောက်လုံးအဆင့်တွင်သာ အချိန်အတော်ကြာပိတ်မိနေခဲ့သည်။ သူထံတွင် အတွင်းအားထိန်းချုပ်နည်းများ၊ နည်းပညာများ၊ သီအိုရီများနှင့် အခြေခံများမရှိသေးသောကြောင့်ပင်။ သူသည် လျို့၀ှက်သည့်သိုင်းဆရာနှင့်တွေ့ပြီးသည့်အချိန်မှသာ ထိုလူ၏သင်ကြားပြသမှုကြောင့် ကြယ်၇လုံးအဆင့်သို့တက်ရောက်နိုင်ခဲ့သည်။ ထိုလူသည် ဖှေး၏လိုအပ်ချက်များကိုမြင်ကာ အင်ပါယာအရှင်သခင်ယရှင်း၏ကျင့်စဥ်မှတ်စုများကို ယူဆောင်ပေးခဲ့သည့်အတွက်ပင်။
ဖှေးကဲ့သို့ ဒိုင်ယာဘလိုကမ္ဘာမှစွမ်းအားများအလွယ်တကူရရှိနိုင်သည့် စစ်သည်တစ်ယောက်ပင် ကြယ်ခြောက်လုံးအဆင့်ကို ကျော်ဖြတ်နိုင်ရန်လ၀က်ကျော်ခန့်ကြာခဲ့၏။ သာမန်စစ်သည်များကျော်ဖြတ်နိုင်ရန်မှာ အလွန်ခက်ခဲသည့်အရာတစ်ခုပင်။ ဖှေး ဤကဲ့သို့ပြောရခြင်းမှာ ချမ်းဘော့ဒ်တိုင်းပြည်မှခေါင်းဆောင်များ ကြိုးစားခြင်းမရှိတော့ပဲ သူ့ကိုသာအရာရာအားကိုးနေတော့မည်ကို စိုးရိမ်သောကြောင့်ပင်။
“အမိန့်တိုင်းပါ အရှင်မင်းကြီး ကျွန်တော်ကို အရှင့်ကို စိတ်မပျက်စေရပါဘူး...”
ခေါင်းဆောင်များအားလုံးသည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ ဖှေးအားကျေးဇူးတင်လိုက်ကြသည်။
ဖှေးသည် လက်ဟန်ခြေဟန်ပြကာ ပီတာ၊ အိုလတ်ဂ်နှင့် တိုးရီစ်တို့မှ လွဲ၍ ကျန်ရှိနေသည့်လူများကို ပြန်ခွင့်ပေးလိုက်သည်။
“တိုင်းပြည်အဆင့်သတ်မှတ်ပြိုင်ပွဲတွေက မနက်ဖြန်စတော့မှာဆိုတော့ မင်းတို့ကို ကြယ်တာရာပစ္စည်းတွေအပြည့်စုံပေးမလို့...”
ဖှေးထိုကဲ့သို့ပြောရင်းဖြင့် အဖြူရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး တဲထဲတွင် အမဲရောင်သံသေတ္တာသုံးခုရောက်ရှိလာ၏။ ဤသေတ္တာများကို နတ်ဆိုးအကြွင်းကျန်များ၊ မဟူရာသတ္တုရိုင်းများကို အသုံးပြုကာ ထုလုပ်ထားခြင်းဖြစ်သည်။ သေတ္တာတစ်ခုခြင်းစီတိုင်းသည် တစ်မီတာခန့်ကြီးမားကာ အဖုံးပေါ်တွင် လှပသည့် ကနုတ်တစ်ခုစီပါရှိသည်။ တစ်ခုမှာ လေးသည်တော်တစ်ယောက်လေးတင်နေသည့်ပုံဖြစ်ပြီး၊ တစ်ခုမှာ ရက်စက်ကြမ်းကြုတ်သည့် ဂဏာန်းတစ်ကောင်၏ပုံပင်။ နောက်ဆုံးတစ်ခုမှာ ကြီးမားသည့် ကင်းမှီးကောက်ကြီးတစ်ကောင်၏ပုံဖြစ်၏။
ဆာဂျီတေးရိရက် ကြယ်တာရာပစ္စည်း။
စကော်ပီရို ကြယ်တာရာပစ္စည်း။
ကန်ဆာကြယ်တာရာပစ္စည်း။
ဤကြယ်တာယာပစ္စည်များအားလုံးကို ချယ်စီကိုယ်တိုင် ဒိုင်ယာဘလိုကမ္ဘာထဲတွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုပစ္စည်းများအားလုံးကို နတ်ဆိုးအကြွင်းကျန်များ၊ မဟူရာသတ္တုများဖြင့်ပြုလုပ်ထားခြင်းဖြစ်၏။ ကန်ဆာကြယ်တာရာချပ်၀တ်တွင် အစိတ်ပိုင်း၆၀ပါရှိပြီး၊ စကော်ပီရို ကြယ်တာယာချပ်၀တ်တွင် အစိတ်ပိုင်း ၁၀၀ခုပါရှိကာ၊ ဆာဂျီတေးရိယက် ကြယ်တာရာချပ်၀တ်တွင် အစိတ်ပိုင်း၁၁၅ခုခန့်ပါရှိ၏။ အစိတ်ပိုင်းအရေတွက်သည် ကြယ်တာရာအစု၀ေးတွင်ပါ၀င်သည့် ကြယ်အရေတွက်အတိုင်းပင်ဖြစ်၏။ ကြယ်တာရာချပ်၀တ်ထဲတွင်ပါရှိသည့်အစိတ်ပိုင်းတစ်ခုခြင်းစီတိုင်းသည် ကြယ်တစ်လုံး၏စွမ်းအားကို ကိုယ်စားပြုနေခြင်းပင်။
ယခုမတိုင်မှီက ဖှေးသည် အိုလတ်ဂ်နှင့် တိုးရိစ်တို့ကို ကြယ်တာရာချပ်၀တ်၏တစ်စိတ်တစ်ပိုင်းကိုသာ ပေးခဲ့သည်။ ယခုအချိန်တွင်မူ သူတို့သည် ချပ်၀တ်အပြည့်စုံကို အသုံးပြုရန်အဆင်သင့်ဖြစ်နေပြီဟု ဖှေးယူဆမိသောကြောင့်ပင်။
တစ်ဖက်တွင်ပီတာကိုမူ ဖှေးကြယ်တာရာချပ်၀တ်အပြည့်စုံပေးရသေးခြင်းမရှိပေ။ ပီတာသည် မည်သည့်ကြယ်တာရာနှင့်ကိုက်ညီသည်ကို ဖှေးမသေချာသေးသောကြောင့်ပင်။ သိုသော် လွန်ခဲ့သည့်နှစ်ရက်ခန့်က တိုက်ပွဲတွင် ပီတာသည်လက်နှစ်ချောင်းကိုသာ အသုံးပြုပြီး သူ၏ရန်သူကို အနိုင်ယူခဲ့သည်။ ထို့ကြောင့် ဖှေးသူ့အား စကော်ပီရိုကြယ်တာရာချပ်၀တ်ကိုပေးရန်ဆုံးဖြတ်လိုက်ခြင်းပင်။
ဖှေးပေး၀ေခြင်းအစွမ်းကိုအသုံးမပြုသည်မှာ ကြာပြီဖြစ်၏။
လျို့၀က်သည့် အေးစက်စက်အသံကြီးကို ဖှေး၏နားထဲတွင် ကြားလိုက်ရသည်။ ဖှေးအစွမ်းကိုအသုံးပြုမည်ဖြစ်ကြောင်းကိုအတည်ပြုလိုက်၏။
နောက်အခိုက်တန့်တွင် အမဲရောင်သေတ္တာကြီးသုံးခုမှ လျို့၀ှက်ထူးဆန်းသည့်လင်းတန်းများထွက်ပေါ်လာ၏။ ကြယ်ပွင့်များ၏စွမ်းအားများဖြင့် လွှမ်းခြုံထားသကဲ့သို့ သေတ္တာများသည် လေပေါ်တွင်၀ဲပျံကာ အဖုံးပွင့်လာတော့၏။ သားရဲကောင်ကြီးများကဲ့သို့ ချပ်၀တ်သုံးခုမှာ ထွက်ပေါ်လာတော့သည်။
ထို့နောက်တွင်မှော်ဆန်သည့်အရာတစ်ခုဖြစ်ပျက်သွား၏။ ပီတာ၊ တိုးရိစ်နှင့် အိုလတ်ဂ်တို့သည် လျို့၀ှက်သည့် စွမ်းအားတစ်ခု၏ဆွဲခေါ်ခြင်းကို ခံလိုက်ရသကဲ့သို့လေပေါ်သို့မြောက်တက်သွားသည်။ ချပ်၀တ်သုံးစုံသည် အစိတ်ပိုင်းများခွဲဖျာသွားပြီး လူသုံးယောက်ထံသို့ ပျံသန်းကာ ဖုံလွှမ်းသွားတော့၏။
လျို့၀ှက်သည့်အလင်းတန်းပျောက်ကွယ်သွားသည့်အချိန်တွင် ချပ်၀တ်များသည် လူသုံးယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ပြည့်စုံစွာ၀တ်ဆင်ထားကြသည်။ သူတို့၏ခန္ဓာကိုယ်မှအရေးကြီးအစိတ်ပိုင်းများအားလုံးသည် ချပ်၀တ်၏ကာကွယ်ခြင်းကိုခံထားပြီး ဤချပ်၀တ်များသည် သူတို့၏ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် တစ်ပုံတည်းကျနေ၏။ အထင်ကြီးဖွယ်အသွင်ပြင်နှင့်စစ်သည် သုံးယောက်မှာနတ်ဘုရားသုံးပါးကဲ့သို့ပင်။
ဤသည်မှာ သူတော်စဥ်ကြယ်တာရာချပ်၀တ်များ၏အစွမ်းပင်။
တစ်နေ့တွင် ချမ်းဘော့ဒ်တိုင်းပြည်၏သူတော်စဥ်ဆဲယများမှာ ဤအေဇာရုတိုက်ကြီးတစ်ခုလုံးကို သူတို့၏သူတော်စဥ်ကြယ်တာယာပစ္စည်းများ၊ ကြယ်တာရာစွမ်းအင်များနှင့်အတူတုန်ခါစေမည်ဖြစ်သည်။
ကြယ်တာရာသူတော်စဥ်ချပ်၀တ်များကို လက်ခံရရှိပြီးသည့်နောက်တွင် ပီတာ၊ အိုလတ်ဂ်နှင့်် တိုးရိစ်တို့မှာ တစ်ခါမှမကြုံဖူးသေးသည့် စွမ်းအားများကိုခံစားလိုက်ရသည်။
ဤစွမ်းအားများသည် ကြယ်တာယာများကဲ့သို့ပင် ရှေးကျကာ ကြီးမားကျယ်ပြန့်လှသည်။ လက်ရှိတွင် စွမ်းအားများသည် အနည်းငယ်အားနည်းနေသေးသော်လည်းတစ်နေ့တွင် သူတော်စဥ်ဆဲယများသည် နတ်ဘုရားများကဲ့သို့ပင် ကောင်းကင်အားထိုးဖောက်နိုင်ပြီးမြေပြင်ကို ကွဲခြားနိုင်လိမ့်မည်ဖြစ်သည်။ အရာအားလုံးသည် လုံလုံလောက်လောက်ကြိုးစားအားထုတ်ပါက ဖြစ်နိုင်သည့်အရာများပင်။ သူတို့၏ခေါင်းထဲတွင် ရုတ်တရက်ပေါ်လာသည့် ကောင်းကင်ပေါ်တွင်ရှိသော ကြယ်တာရာများနှင့် ချိတ်ဆက်သည့်နည်းကိုသာစွဲစွဲမြဲမြဲလေ့ကျင့်ပါက သူတို့သည် ပို၍ပို၍သန်မာလာနိုင်မည်ဖြစ်သည်။
ပေး၀ေခြင်းအစွမ်းသည် စစ်သည်သုံးယောက်ကို ချပ်၀တ်များကိုသာပေးလိုက်သည့်မဟုတ်ပေ။ သူတို့အား နိုးထလာရန်စောင့်စားနေသည့်ကြယ်စွမ်းအားမျိုးစေ့ကို ပါပေးလိုက်ခြင်းဖြစ်သည်။
စိတ်လှုပ်ရှားအံ့သြသွားပြီးသည့်နောက်တွင် စစ်သည်သုံးယောက်သည် ကြယ်တာရာချပ်၀တ်ပစ္စည်းများကို ဆင့်ခေါ်အသုံးပြခြင်းအားကျွမ်း၀င်သွားကြတော့သည်။ စွမ်အားမြင့်သည့် ကြယ်တာရာချပ်၀တ်များသည် အလင်းစက်လေးတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး သူတို့၏နဖူးအတွင်းသို့၀င်ရောက်ကာ ပျောက်ကွယ်သွားကြတော့၏။
“ဒီကြယ်၇လုံးအဆင့်အတွင်းအားကျင့်စဥ်စာလိပ်မှာ ကြက်သွေးရောင်ဆူးအပ်လို့ခေါ်တဲ့ ထူးခြားတဲ့သိုင်းကွက်တစ်ခုလဲပါတယ်။ အဲ့တာက မင်းနဲ့ကိုက်ညီလောက်တယ်...” ဖှေးသည် လက်ချောင်းသိုင်းကျင့်စဥ်တစ်ခုကို ပီတာအားပေးလိုက်သည်။
စစ်သည်သုံးယောက်တဲအတွင်းမှ ထွက်ခွာသွားပြီးသည့်နောက်တွင် ဖှေးတစ်ယောက်ထဲကျန်နေခဲ့၏။
ချမ်းဘော့ဒ်စစ်သည်များ၏အစွမ်းနှင့်ပတ်သတ်သည့် ပြသနာအားဖြေရှင်းပြီးသွားပြီဖြစ်သည်။ ဖှေးတွင် ပြသနာတစ်ခုကျန်ရှိနေသေးသည်။ အယ်လီနာ၏စွမ်းအားများမြင့်တက်စေရန်အတွက် ဆောင်ရွက်ပေးရန်ပင်။