အခန်း (၃၉၂)
Vol. 27 Ch. 392
လက်ရှိတွင် အယ်လီနာမှာ လယ်ဗယ်၅၇ဖြစ်သည်။ သူမ၏မှော်စွမ်းအင်လေးခုမြှားများဖြင့် သူမ၏ထိခိုက်စေနိုင်မှုမှာ ကြောက်မက်ဖွယ်ပင်။ သူမသည် ကြယ်ခြောက်လုံးအဆင့်သိုင်းဆရာများ၊ မှော်ဆရာများနှင့် ကောင်းမွန်စွာယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိ၏။ သူမ၏ တိုက်ခိုက်မှုမှာအလွန်ကောင်းမွန်လှသော်လည်း သူမ၏ခုနံနိုင်စွမ်းမှာမူ လျှော့နည်းနေသေးသည်။ ဤသည်မှာ ကြီးမားသည့် ပြသနာတစ်ခုပင်။
ဖှေးအကောင်းဆုံးကြိုးစားပြီး အယ်လီနာအား ကောင်းမွန်သည့်မှော်ပစ္စည်းတစ်ချို့ရှာဖွေပေးခဲ့သော်လည်း ဤသည်မှာ ပြသနာ၏ရင်းမြစ်ကို ဖြေရှင်းပေးနိုင်စွမ်းမရှိသေးပေ။ အယ်လီနာ၏ ခန္ဓာကိုယ်သည် မာကြောခြင်းမရှိပဲ သူမသည် အနာဂတ်တွင် ကြုံတွေ့လာနိုင်ဖွယ်ရှိသည့်တိုက်ခိုက်မှုများကို ကာကွယ်နိုင်ဦးမည်မဟုတ်ပေ။
ဖှေးအနည်းငယ်အကူညီကင်းမဲ့သလို ခံစားနေရသည်။ ဟော့ခ်ဆေးပုလင်းသည် ဒိုင်ယာဘလိုကမ္ဘာမှဖြစ်သည့် အယ်လီနာအပေါ်တွင် သက်ရောက်မှုပေ။ ဖှေးဖန်တီးသည့် ကျင့်စဥ်စာလိပ်များကိုလည်း အယ်လီနာကျင့်ကြံနိုင်ခြင်းမရှိပေ။ အယ်လီနာသည် ဖှေးဘ၀တွင် အရေးကြီးလူတစ်ယောက်ဖြစ်သော်လည်း ဖှေးလက်ရှိအခြေအနေကို ကူညီရန်အတွက် နည်းလမ်းရှာနိုင်ခြင်းမရှိသေးပေ။
ဖှေးနာရီ၀က်ကျော်ခန့် စဥ်းစားပြီးသော်လည်း ကောင်းမွန်သည့်အကြံကို စဥ်းစားနိုင်ခြင်းမရှိသေးပေ။
အချိန်စောသေးသောကြောင့် ဖှေးဒိုင်ယာဘလိုကမ္ဘာသို့သွားကာာ လယ်ဗယ်မြှင့်တင်ရန်ဆုံးဖြတ်လိုက်သည်။
နှစ်ရက်ကြာသတ်ဖြတ်ပြီးချိန်တွင် ဖှေး၏လူရိုင်းဇာတ်ကောင်သည် လက်ရှိတွင် လယ်ဗယ်၆၄သို့ရောက်ရှိသွားပြီဖြစ်သည်။ သူသည် ကျွမ်းကျင်မှုဆိုင်ရာအမှတ်များနှင့် ဂုဏ်သတ္တိဆိုင်ရာအမှတ်များစွာရရှိထား၏။ အခြေခံအစွမ်းများကို လယ်ဗယ်မြှင့်တင်ခြင်းအပြင် ဖှေးသည် အစွမ်းအသစ်များဖြစ်သည့် [ခုန်ကျော်တိုက်ခိုက်ခြင်း]နှင့် [သောင်းကျန်းခြင်း]တို့ကိုလည်းသင်ယူခဲ့သည်။ သူပို၍သန်မာလာသည်နှင့်အမျှ သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားများသည်လည်း အဆမတန်တိုးပွားလာခဲ့သည်။ သူသည် ယခုအချိန်တွင် အဆင့်နိမ့် လယ်ဗယ်၅မှော်ဓားတစ်ခုကိုပင် လက်ဖြင့် ချိုးပစ်နိုင်နေပြီဖြစ်သည်။
အေဇာရုတိုက်မှစွမ်းအားသက်မှတ်ခြင်းအနေထားဖြင့်ဆိုပါက ဖှေးသည် ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်လုနီးပါးပင်။
သူသည် လက်ရှိအနေထားဖြင့် ပါးကွပ်သားသူရဲကောင်းလေးယောက်ကို ထက်မံ၍ရင်ဆိုင်ရပါက တစ်ချက်တည်းဖြင့်ပင် အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေ၏။
ကြယ်၈လုံးနှင့် ကြယ်ခြောက်လုံးတို့ကြားတွင်ရှိသည့် စွမ်းအားကွာခြားမှုမှာမသေးငယ်သောကြောင့်ပင်ဖြစ်သည်။ ဤသည်မှာ ကွာခြားသည့်လောကနှစ်ခုကဲ့သို့ပင်။ ပါးကွပ်သားသူရဲကောင်းလေးယောက်သည် ကြယ်ခြောက်လုံးအတားဆီးကို မဖြတ်ကျော်နိုင်ပါက ထိုနေရာ၌တွင်သာရှိနေတော့မည်ဖြစ်၏။
ဖှေးဒိုင်ယာဘလိုကမ္ဘာအတွင်းသို့၀င်လာခဲ့ပြီး သူပုန်စခန်းတွင် မြှားပစ်လေ့ကျင့်နေသည့် အယ်လီနာကိုတွေ့လိုက်ရသည်။ တစ်နေ့တွင် မြှားအချောင်းရေ၁၀၀၀၀ပစ်ခတ်လေ့ကျင့်ခြင်းမှာ အယ်လီနာနေ့စဥ်မပျက်ပြုလုပ်လေ့ရှိသည့် လေ့ကျင့်မှုတစ်ခုပင်။ ဤကဲ့သို့သောလေ့ကျင့်မှုမျိုးကြောင့် သူမသည် မီတာ၅၀၀အကွာ၀ေးတွင်ရှိသည့် ပုရွက်ဆိတ်တစ်ကောင်ကိုပင် မျက်လုံးမှိတ်ပြီး ပစ်ခတ်နိုင်စွမ်းရှိသည်။ သူမအလိုရှိပါက ချက်ချင်းပင် မြှားအချောင်းရေ၁၀၀ခန့်ကို ပစ်ခတ်နိုင်ပြီးမရဏမြှားစက်၀န်းတစ်ခုကို ဖန်တီးနိုင်၏။ အကယ်၍ သာမန်မြှားများကိုသာ ကြောက်မက်ဖွယ်မှော်စွမ်းအင်မြှားများဖြင့် အစားထိုးလိုက်ပါက စွမ်းအားမှာ စိတ်မကူးနိုင်လောက်အောင်ပင်။
ဒိုင်ယာဘလိုကမ္ဘာတွင် မနက်ခြင်းအချိန်သာရှိနေသေး၏။ တစ်ခြား အမျိုးသမီးသူပုန်များသည်လက်ရှိတွင် ချမ်းဘော့ဒ်သို့ရောက်ရှိနေကြသည်။ သူတို့သည် ချမ်းဘော့ဒ်အားကင်းစောင့်နေကြခြင်း၊ သို့မဟုတ်ဘရွတ်အား ချမ်းဘော့ဒ်လေးသည်တော်များကို လေ့ကျင့်ပေးရာတွင် ကူညီနေကြမည်ဖြစ်သည်။ သူပုန်စခန်း၏စစ်ဘက်ဆိုင်ရာခေါင်းဆောင် ခက်ရှာကိုလည်းတွေ့ရခြင်းမရှိပေ။ ထို့ကြောင့်လက်ရှိတွင် အယ်လီနာတစ်ယောက်တည်းသာရှိနေ၏။
ဖှေးနှင့်အယ်လီနာတို့သည် အထုတ်ပိုးများပြင်ကာ တတိယမြေပုံဖြစ်သည့် ခူရက်စ်ဆိပ်ကမ်းသို့၀င်ခဲ့ကြသည်။ ဤသည်မှာ မကောင်းဆိုး၀ါးများကို သတ်ဖြတ်ပြီး လယ်ဗယ်မြှင့်တင်သည့် နောက်ထပ်နေ့တစ်ခုပင်။
ဖှေးသည် ဤမြေပုံတွင် အလုပ်ခြောက်ခုကို အောင်မြင်သွားပြီဖြစ်ပြီး တတိယမြေပုံကို ပြီးမြောက်ရန်အတွက်တစ်၀က်ကျိုးနေပြီဖြစ်သည်။
ဒုတိယအလုပ်ဖြစ်သည့်[ဘာသာရေးဟောင်းတစ်ခု၏ဓားသွား]ကိုပြီးမြောက်ပြီးသည့်အချိန်တွင် သူသည် မကောင်းဆိုး၀ါးများကို သတ်ဖြတ်ရန်သာအာရုံရနေခဲ့သည့်အတွက်[ဖလေယာတောအုပ်]မှရှာတွေ့ခဲ့သည့် [ဂစ်ဘင်ဓား]ကိုပြန်မပေးရသေးပေ။ သူသည် ယခုအချိန်တွင် ကူရက်စ်ဆိပ်ကမ်းမြို့တော်သို့ရောက်ရှိနေသည့်အတွက် ကစားသူမဟုတ်သောဇာတ်ကောင်ဖြစ်သည့် အော်မက်ထံသို့သွားကာ ဓားကိုပြန်ပေးလိုက်သည်။ ထို့နောက်တွင် ကစားသူမဟုတ်သောဇာတ်ကောင်နောက်တစ်ယောက်ဖြစ်သည့် အက်ရှီရာထံသို့သူ၏ဆုလာဘ်ကို လက်ခံရန်သွားရောက်လိုက်သည်။
ဖှေးယခင်ဘ၀တွင် ဒိုင်ယာဘလိုဂိမ်းကစားခဲ့ဖူးသည့် မှတ်ဉာဏ်အရ အက်ရှီရာထံမှ စွမ်းအားမြင့်ကိုယ်ရံတော်နောက်တစ်ယောက်ရမည်ကို သတိရလိုက်မိသည်။
သို့သော် ဖှေးတွင် စွမ်းအားကြီးပြီးလှပသည့် ကိုယ်ရံတော်အယ်လီနာရှိပြီးသားဖြစ်သောကြောင့် သူသည် နောက်ထပ်ကိုယ်ရံတော်တစ်ယောက်ရရှိမည်ကို သိပ်ပြီးစိတ်မ၀င်စားလှချေ။ ထို့ကြောင့် သူသည် ဂစ်ဘင်ဓားကိုရှာတွေ့ပြီးချိန်တွင် ဆုဘာတ်ရရှိရန်ချက်ချင်းမပြုလုပ်ခဲ့ခြင်းပင်။ ယခုအချိန်တွင်မူ လုပ်စရာရှိသည်များလုပ်ပြီးရှေ့ဆက်ရန်ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ ဖှေးကစားသူမဟုတ်သောဇာတ်ကောင်၏ ထူးခြားသည့် တုန့်ပြန်မှုတစ်ခုကြောင့် အံ့သြသွားရ၏။
“ဂုဏ်ယူပါတယ်။ အလုပ်ပြီးမြောက်သွားတဲ့အတွက် သင်ဟာ သင့်ရဲ့ကိုယ်ရံတော်အတွက် ဒုတိယမျိုးဆက်တစ်ခုကို ရွေးချယ်လို့ရပါပြီ။ ယခုရွေးချယ်ပေးပါ...”
ဖှေး အာရှီရာနှင့် စကားပြေနေဆဲအချိန်တွင် အာရှီရာသည် ထိုကဲ့သို့ရုတ်တရက်ထပြောလိုက်ခြင်းပင်။ ဖှေး မည်သည့်အရာကိုဆိုလိုသည်ကို မသိသောကြောင့်အနည်းငယ်ရှုပ်ထွေးသွားသည်။ ဖှေး ဤကစားသူမဟုတ်သောဇာတ်ကောင်ပြောသည်ကို နားလည်နိုင်ရန်အတွက် ကြိုးစားနေသည့်အချိန်တွင် ဇာတ်ကောင်၇ကောင်၏ပုံရိပ်သည် သူ၏အရှေ့တွင်ပေါ်လာတော့သည်။ ဇာတ်ကောင်တစ်ကောင်ခြင်းစီမှာ ထင်ရှားလှသည်။ တစ်ကောင်ခြင်းစီသည် မတူညီသည့်လက်နက်ချပ်၀တ်များကို ကိုင်တွယ်တပ်ဆင်ထားကြ၏။ သူတို့သည် သရုပ်ပြပုံများသာြဖစ်သော်လည်း သူတို့၏ခန္ဓာကိုယ်မှထွက်ပေါ်လာသည့် စွမ်းအားအရှိ၀ါများမှာမူ ပြင်းထန်လှသည်။
ဖှေးချက်ချင်းပင် နားလည်သွားသည်။
ဇာတ်ကောင်တစ်ကောင်ခြင်းစီသည် ဒိုင်ယာဘလိုကမ္ဘာမှ အမျိုးစားတစ်ခုကို ကိုယ်စားပြုနေ၏။ သူတို့သည် လူရိုင်း၊ ပါလာဒင်၊ လုပ်ကြံသတ်ဖြတ်သူ၊ အမေဇုန်၊ မှော်ဆရာမ၊ အောက်လမ်းဆရာနှင့် ဒရူးတို့ပင်။
ဖှေးသည် ယခုအချိန်တွင် အယ်လီနာ၏ဒုတိယမျိုးဆက်အနေဖြင့် ဇာတ်ကောင်တစ်ခုကိုရွေးချယ်နိုင်သည်ဖြစ်ပြီး အယ်လီနာသည် ဖှေးရွေးချယ်လိုက်သည့်ဇာတ်ကောင်၏အစွမ်းများ၊ ဂုဏ်သတ္တိများကိုရရှိမည်ဖြစ်သည်။