အခန်း (၃၉၃)
Vol. 27 Ch. 393
ဖှေးရုတ်တရက်ဖြစ်ပျက်နေသည်များကို နားလည်သွားသည်။
အယ်လီနာသည် ဖှေးပြုလုပ်သည့်စာလိပ်များ၊ အေဇာရုတိုက်မှစာလိပ်များကိုအသုံးပြုကာ ကျင့်ကြံနိုင်ခြင်းမရှိသည်မှာ အံ့သြဖွယ်မဟုတ်တော့ချေ။ ဒိုင်ယာဘလိုကမ္ဘာမှ ဖှေး၏ကိုယ်ရံတော်အတွက် ကြိုတင်စီစဥ်ပြီးသားဖြစ်သည့် ကျင့်ကြံခြင်းလမ်းစဥ်တစ်ခုရှိနေပြီးဖြစ်သောကြောင့်ပင်။
“ငါဘယ်ဟာကို ရွေးရင်ကောင်းမလဲ...”
ဖှေးသည်စဥ်းစားကာတစ်ဖက်သို့လှည့်လိုက်ပြီးမည်သည့်အရာကိုမှ သတိထားမိပုံမရသည့်အယ်လီနာကိုကြည့်လိုက်သည်။ အယ်လီနာသည် ဤဇာတ်ကောင်ပြောသည့်အရာများနှင့်ဖှေး၏အရှေ့တွင်ရှိနေသော ဇာတ်ကောင်၇ကောင်၏ပုံရိပ်ကိုမြင်နိုင်ကြားနိုင်ပုံမရပေ။ ထို့ကြောင့် ဖှေးဖြစ်ပျက်နေသည့်အရာများကို အယ်လီနာအားရှင်းပြလိုက်သည်။ သူမနှင့်သက်ဆိုင်သည့်အရာဖြစ်သဖြင့် သူမကိုယ်တိုင်ရွေးချယ်သင့်သည်ဟုဖှေးထင်သောကြောင့်ပင်။
အယ်လီနာသည် သူမ၏လေးကြိုးကိုညင်သာစွာပွတ်သပ်လိုက်သည်။ သူမ၏သွယ်လျချောမွေ့သောလက်များပေါ်တွင် လေးသည်တော်များရှိတတ်သည့် အသားမာများကိုတွေ့ရခြင်းမရှိပေ။ ဖှေးသည် သူမအား ဇာတ်ကောင်တစ်ကောင်ခြင်းစီ၏အားနည်းချက်အားသာချက်များကို ရှင်းပြပြီးသည့်နောက်တွင် သူမသည် အနည်းငယ်စဥ်းစားနေသည့်ပုံလုပ်လိုက်၏။ ထို့နောက်တွင် ရုတ်တရက်သူမရယ်မောလိုက်ကာ ဖှေးအားစိုက်ကြည့်လိုက်သည်။
“နင်ငါ့အတွက် ရွေးပေးပါလား အလတ်ဇန္ဒား...”
ဤသည်မှာ ပထမဆုံးအနေဖြင့် အယ်လီနာဖှေးနှင့် စနှောက်ဖူးခြင်းပင်။
ဖှေး စစ်နတ်သမီး၏အပြုံကြောင့်မင်သက်သွားရ၏။ သူမ၏မျက်လုံးများသည် အလှတရားကြောင့်လောင်မြိုက်သွားသလိုခံစားနေရပြီး အယ်လီနာ၏ဘေးပတ်ပတ်လည်တွင်ရှိသောအရာအားလုံးသည်တောက်ပမှုလျှော့နည်းသွားသည့်အတိုင်းပင်။
နောက်ဆုံးတွင် ဖှေး အယ်လီနာ၏ဒုတိယမျိုးဆက်အဖြစ် ပါလာဒင်ဇာတ်ကောင်ကိုရွေးချယ်ပေးလိုက်၏။
ဇာတ်ကောင်၇ကောင်ထဲတွင် ပါလာဒင်ဇာတ်ကောင်သည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်လောက်မလျင်မြန်သလို၊ လူရိုင်းဇာတ်ကောင်လောက်လဲ မမာကြောလှပေ။ သို့သော် တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းဆိုင်ရာတွင် နှစ်မျိုးလုံးကောင်းမွန်သည့်ဇာတ်ကောင်တစ်ခုဖြစ်သည်။ စွမ်းအားကြီးသော မိမိကိုယ်မိမိကုသခြင်းအစွမ်းများနှင့် ခုခံခြင်းအစွမ်းများကို ပေါင်းစပ်လိုက်ပါက သူမသည် ဖှေးနှင့် ပူးပေါင်းတိုက်ခိုက်ရာတွင် ပို၍ပင်အဆင်ပြေလာမည်ဖြစ်သည်။
အယ်လီနာ၏လက်ရှိအစွမ်းမာအမေဇုန်ဇာတ်ကောင်နှင့် မှော်ဆရာမဇာတ်ကောင်တို့ရောထားသည်ဟုဆိုရမည်ဖြစ်သည်။ ဖှေးသူမအား သာားရဲကောင်အဖြစ်သို့ပြောင်းလဲမည်ဖြစ်သည့် ဒရူးဇာတ်ကောင်နှင့် လူသေကောင်းများကိုအသုံးချတိုက်ခိုက်သည့် အောက်လမ်းဆရာဇာတ်ကောင်မဖြစ်စေလိုချေ။ ခနတာစဥ်းစားပြီးသည့်အချိန်တွင် အယ်လီနာနှင့် အသင့်လျှော်ဆုံးဇာတ်ကောင်မှာ ပါလာဒင်ဇာတ်ကောင်ဖြစ်သည်ဟု ဆုံးဖြတ်လိုက်၏။
ဖှေးရွေးချယ်မှုကို အတည်ပြုလိုက်ပြီးသည့်နောက်တွင် အဖြူရောင်အလင်းတန်းများသည် အက်ရှီရာ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး အယ်လီနာ၏နဖူးအတွင်းသို့ စီး၀င်သွားသည်။
“ကျွန်မရဲ့ခေါင်းထဲမှာ ဗဟုသုတအသစ်တွေအများကြီးပဲ။ အရင်တုန်းက အဲ့တာတွေကျွန်မခေါင်းထဲမှာ မရှိခဲ့ဘူး...”
မကြာမှီတွင် အယ်လီနာသည် သူမ၏ခန္ဓာကိုယ်အတွင်းမှပြောင်းလဲမှုများကို သတိထားမိလာတော့သည်။
ဤသည်မှာ ၀ေ၀ါးကာ ထူးဆန်းသည့်ခံစားချက်တစ်ခုပင်။ ဖှေးလမ်းပါ့ဒ်တို့အား ကြယ်တာရာချပ်၀တ်များကို ပေးလိုက်သကဲ့သို့ပင်။ ဤအလုပ်၏ဆုလာဘ်မှာ အယ်လီနာအားစွမ်းအားမျိုးစေ့တစ်ခုကို ချမှတ်ပေးလိုက်၏။ သူမသည် မကောင်းဆိုး၀ါးများသတ်ဖြတ်ပြီး အတွေ့ကြုံအမှတ်များကိုဆက်လက်စုဆောင်းပါက ဤမျိုးစေ့သည် ကောင်းကင်သို့ထိုးထောင်နေသည့် သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ပြောင်းလဲသွားနိုင်သည်။
ပြီးနောက်တွင် သူတို့နှစ်ယောက်သည် ခူရက်စ်ဆိပ်ကမ်း၏တတိယမြောက်အလုပ်ကို ဆက်လက်လုပ်ကြ၏။
အလုပ်၏နာမည်မှာ [ခါလင်၏ဆန္ဒ]ပင်။ ဤသည်မှာ ပစ္စည်းများလိုက်လံကာ စုဆောင်းရသည့်အလုပ်တစ်ခုဖြစ်ပြီး ပြီးမြောက်ရန်မှာ ခက်ခဲလှသည်။ ဖှေးနှင့် အယ်လီတာတို့သည် ပင့်ကူတောအုပ်၊ ဖလေယာတောအုပ်နှင့် အနိမ့်ပိုင်းခူရက်စ် စသကဲ့သို့သော နေရာများသို့သွားကာ မတူညီသည့်ပစ္စည်းများလိုက်လံကာ စုဆောင်းရမည်ဖြစ်သည်။ သူတို့သည် ဟိုလာဒရစ်ကုဗတုံးကို အသုံးပြုကာ ထိုပစ္စည်းများကို ခါလင်၏ဆန္ဒ တောင်၀ှေးအဖြစ်သို့ပြောင်းလဲပေးရမည်ဖြစ်သည်။
ဤတောင်၀ှေးတွင် မယုံနိုင်စရာကောင်းသည့် စွမ်းအားတစ်မျိုးရှိပြီး ခူရက်စ်ဆိပ်ကမ်း၏နောက်ဆုံးခေါင်းဆောင်ကြီး မက်ဖီစတိုကို သတ်ဖြတ်ရန်အတွက်လိုအပ်သည့်ပစ္စည်းတစ်ခုဖြစ်သည်။ နောက်ဆုံးခေါင်းဆောင်ကြီး မက်ဖီစတိုကို သတ်ဖြတ်ရန်အလုပ်ဖြစ်သည့် [ကာကွယ်စောင့်ရှောက်သူ]အလုပ်ကို ဤတောင်၀ှေးရှာတွေ့ပြီးမှသာ ပြီးမြောက်အောင်လုပ်နိုင်မည်ဖြစ်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖှေးမကောင်းဆိုး၀ါးများကို သတ်ဖြတ်ခြင်းဖြင့် ပထမပစ္စည်းတစ်ချို့ကို ရှာတွေ့ပြီးခဲ့ပြီဖြစ်သည်။ လိုအပ်သည့်ပစ္စည်းများမှာ နေရာတစ်ကွဲတစ်ပြားစီတွင်ရှိနေသောကြောင့် ထိုပစ္စည်းများကို လိုက်လံစုဆောင်းရန်မှာ အချိန်များစွာကုန်မည်ဖြစ်သည်။ လက်ရှိတွင် ဖှေးသည် နောက်ဆုံးပစ္စည်းတစ်ခုကိုသာ လိုအပ်တော့၏။
နောက်လေးနာရီခန့်လုံးအတွင် ဖှေးနှင့်အယ်လီနာတို့သည် နောက်ဆုံးလိုအပ်သည့်ပစ္စည်းဖြစ်သည့် ခူလန်၏နှလုံးသားကိုရှာဖွေရင်းဖြင့် လမ်းတွင်တွေ့သမျှမကောင်းဆိုး၀ါးများကို သတ်ဖြတ်ကြသည်။ သေချာရှာဖွေပြီးနောက်တွင် သွေးများ၊ အသားစများ၊ အရိုးစများအောက်တွင် ခူလန်၏နှလုံးသားကို အချိန်မှီတွေ့လိုက်ကြ၏။
ဖှေးကူရက်ဆိပ်ကမ်းသို့အမြန်ပြန်သွားပြီး ထိုပစ္စည်းများကို တောင်၀ှေးအဖြစ်သို့ပြောင်းလဲခြင်းမပြုသေးပေ။ ထိုအစား သူသည် ရွှေဒင်္ဂါး၅၀၀၀၀ခန့်ကို အသုံးပြုကာ ဆေးပုလင်းတစ်ချို့ကို၀ယ်ယူလိုက်သည်။ ထိုဆေးပုလင်းများသည် မနက်ဖြန်တိုင်းပြည်အဆင့်သတ်မှတ်ပွဲစဥ်တွင် ၀င်ရောက်ယှဥ်ပြိုင်ရတော့မည့် ချမ်းဘော့ဒ်တိုင်းပြည်အား ကယ်တင်နိုင်သည်ဖြစ်သောကြောင့်ပင်။ ထို့နောက်တွင် သူဒိုင်ယာဘလိုကမ္ဘာမှထွက်လာခဲ့တော့၏။
......
အပြင်ကမ္ဘာတွင် ညနေခင်းအချိန်ခါသို့ရောက်ရှိနေပြီဖြစ်သည်။ ဆောင်းရာသီမှာ နေ့တာမှာတိုတောင်းပြီး ညတာမှာ ရှည်ကြာလှသည်။ မကြာမှီတွင် အမှောင်ထုမှာ ကမ္ဘာကြီးတစ်ခုလုံးကိုလွှမ်းခြုံသွားတော့၏။
ဖှေး စခန်းသို့ပြန်ရောက်သည့်အချိန်တွင် သူ၏ကိုယ်ရံတော်တိုးရိစ်ရောက်လာပြီး အန်ဂျယ်လာအားမင်းသမီးမှ လာရောက်ဖိတ်ကြားသဖြင့် ယခုအချိန်တွင် တာနာရှာ၏နန်းတော်သို့ရောက်ရှိနေကြောင်းကို ပြောကြားလိုက်သည်။ တာနာရှာသည် ဖှေးအားနောက်ထပ်သတင်းစကားတစ်ခုကိုမှာကြားလိုက်သည်။ အန်ဂျယ်လာသည် ယနေ့ညနန်းတော်တွင် ညအိပ်မည်ဆိုသည်ကိုပင်။
ဖှေး အနည်းငယ်မျက်မှောင်ကြုံ့လိုက်သည်။ သူတာနာရှာ၏အကြံကို ရိပ်မိသည့်အတွက်ပင်။
သို့သော် အန်ဂျယ်လာအတွက် ဆွေကြီးမျိုးကြီးများ၊ အရေးကြီးပုဂ္ဂိုလ်များပြုလုပ်သည့် ပါတီပွဲတတ်ရောက်ခြင်းနှင့် အတွေ့ကြံရှိသည်မှာ ကောင်းသည်ဟုဆိုရမည်။ အကယ်၍အန်ဂျယ်လာသည်သာ ဤကဲ့သို့ပါတီပွဲများကို တက်ရောက်ရန်နှစ်သက်သူဆိုပါက သူသည် အန်ဂျယ်အားခွင့်ပြုပေးမည်ဖြစ်သည်။ ဖှေးအန်ဂျယ်လာအား အပူပင်ကင်းကင်းဖြင့် ပျော်ပျော်ရွှင်ရွှင်နေထိုင်စေလိုသောကြောင့်ပင်။
ဆောင်းရာသီညပိုင်းတွင် ကြယ်ပွင့်လေးများမှာ အထူးတောက်ပနေလျှက်ရှိသည်။
ထုံးစံအတိုင်းပင် ဖှေးသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး အတားဆီးများကိုဖြတ်ကျော်ကာ စခန်းချနေရာမှ ထွက်ခွာလာခဲ့တော့သည်။ သူသည် မိုရိုတောင်တန်းများပေါ်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသို့သွားရောက်ကာ လျို့၀ှက်သည့်သိုင်းဆရာအားစောင့်နေလိုက်၏။
ညပိုင်းသည် ထိုလျို့၀ှက်သည့်လူနှင့် လေ့ကျင့်တိုက်ခိုက်သင်ကြားခြင်းသည် ဖှေးအတွက်ရှားပါးသည့်အခွင့်ရေးတစ်ခုပင်။
ချမ်းဘော့ဒ်ဘုရင်သည် ဤလျို့၀ှက်သည့်လူအား ဒိုင်ယာဘလိုကမ္ဘာမှ ခေါင်းဆောင်ကြီးတစ်ယောက်ကဲ့သို့သဘောထား၏။ သူ့ထက်များစွာပိုအစွမ်းထက်သည့် ရန်သူနှင့်အစွမ်းကုန်တိုက်ခိုက်ခြင်းသည် ကောင်းမွန်သည့်လေ့ကျင့်မှုတစ်ခုပင်။ ဖှေ၏အလားလာသည် ပို၍ကောင်းမွန်လာပြီဖြစ်ပြီး အတွေ့ကြုံများစွာလည်းရရှိစေသည်။
အကြောင်းပြချက်တစ်ချို့ကြောင့် လျို့၀ှက်သည့်လူမှာရောက်လာခြင်းမရှိသေးပေ။
လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အနေဖြင့် ဖှေးမှော်အစီရင်အားဖြတ်ကျော်ရန် ၁၅မိနစ်ခန့်ကြာပြီး သူ၏၀ိဉာဥ်စွမ်းအားများသည်လည်း သုံးပုံတစ်ပုံခန့်ကုန်ဆုံးသွားသည်။
ဖှေး၏စွမ်းအားများ တိုးတတ်လာသည်နှင့်အမျှသူ၏၀ိဉာဥ်စွမ်းအားများသည်လည်း ခရမ်းရောင်စာအုပ်အတွင်းမှကျင့်စဥ်များကိုပုံမှန်လေ့ကျင့်ခဲ့သည့်အတွက် သိသာထင်ရှားစွာတိုးပွားလာပြီဖြစ်သည်။ မှော်အစီရင်များကိုဖြတ်ကျော်ရန်မှာလည်း သူ့အတွက်မခက်ခဲလှတော့ချေ။ မခက်ခဲတော့သဖြင့် မှော်အစီရင်များကို ဖြတ်ကျော်ခြင်းအားအသုံးပြုပြီး ၀ိဉာဥ်စွမ်းအားလေ့ကျင့်ခြင်းမှာလည်း ထိရောက်မှုလျှော့နည်းသွားပြီဟူသည့် အဓိပ္ပါယ်ပင်။
လျို့၀ှက်သည့်လူသာမရှိပါက ဖှေးသည် ဤတိုက်ပွဲနေရာသို့လာရောက်တော့မည်ပင်မဟုတ်ချေ။
နှစ်နာရီခန့်ကြာသည့်အချိန်တွင် ဖှေးထိုလူမလာတော့ဘူးဟုပင် တွေးနေသည့်အချိန်တွင် ပိန်ပိန်ပါးပါးနှင့်လူမှာရောက်ရှိလာခဲံ၏။
ယခင်နေ့များအတိုင်းပင် ထိုလူသည်ဖှေးအားကျင့်စဥ်စာအုပ်တစ်ခုကို နေ့စဥ်လက်ဆောင်အနေဖြင့် ပစ်ပေးလိုက်၏။
ဖှေးစာအုပ်အားဖွင့်ကြည့်လိုက်ရာ ဤစာအုပ်တွင် အဆင့်မြင့်သိုင်းကွက်ပေါင်းများစွာပါ၀င်နေသည်ကို တွေ့လိုက်ရသည်။ သိုင်းကွက်တစ်ခုခြင်းစီကို ရှင်းလင်းစွာဖော်ပြထားပြီး သတိထားရမည့်အချက်များကို သေချာစွာမှတ်သားထားသည်။ ဖှေးအားပို၍ပင် စိတ်လှုပ်ရှားစေသည်မှာ ဤကျင့်စဥ်စာအုပ်ကိုရေးသားခဲ့သည့်လူမှာလည်း အင်ပါယာအရှင်သခင်ယရှင်းပင်ဖြစ်နေသောကြောင့်ပင်။ အတွင်းအားကျင့်စဥ်စာလိပ်များနှင့် နှိုင်ယှဥ်ကြည့်ပါက ဤစာအုပ်သည် ပို၍အဖိုးတန်သည်ဟုဆိုရမည်ဖြစ်သည်။ အဆင့်မြင့်သိုင်းကွက်တစ်ခုသည် စွမ်းအားကြီးသော ၀ှက်ဖဲတစ်ခုပင်။ အဆင့်နိမ့်သောစစ်သည်များကိုပင် ပို၍အဆင့်မြင့်သောစစ်သည်များအား အနိုင်ရသွားနိုင်စေ၏။
ဤကဲ့သို့သော စာအုပ်သည် ဖှေးအားသိုင်းကွက်များအပေါ်တွင် ပို၍နားလည်ကျွမ်း၀င်လာနိုင်စေပြီး သူတော်စဥ်ဆဲယများအတွက် အဆင့်မြင့်သိုင်းကွက်များကိုဖန်တီးပေးနိုင်မည်ဖြစ်သည်။
“ကျေးဇူးပါအဖိုး...” ဖှေးသည် အလွန်ပျော်ရွှင်သွား၏။
မနေ့ညက ဖှေးသည် ထိုလူကြားစေရန်အတွက် သေချာဤကဲ့သို့ ရေရွတ်ခဲ့သည့်အတွက်ပင်။ “အမ် အဆင့်မြင့်သိုင်းကွက်တွေမရှိပဲ ငါဘယ်လိုနေရမှာလဲ။ အဆင့်မြင့်သိုင်းကွက်တစ်ချို့ကို လေ့လာလို့ရရင်တော်ကောင်းမှာပဲ...”
ထိုလျို့၀ှက်သည့်သိုင်းဆရာသည် အရာအားလုံးကို ဖြစ်အောင်လုပ်နိုင်နေသကဲ့သို့ပင်။ သူသည် ဖှေးပြောသည်ကို ကြားပြီးနောက်တွင် သိုင်းကွက် ၁၆ကွက်ခန့်ပါသည့် ကျင့်စဥ်စာလိပ်တစ်ခုကို ယနေ့တွင် ယူဆောင်လာခဲ့ခြင်းပင်။
ရက်ပေါင်းအတန်ကြာ ထိုလူနှင့်ဆက်ဆံရပြီးအချိန်တွင် ဖှေးသည် ဂရုစိုက်ခြင်းမရှိတော့ပေ။ ဤလူသည် အပြင်ပန်းတွင်သာစကားနည်းပြီးအေးစက်သည့်ပုံရှိသောလည်း တကယ်တန်းတွင် ဂရုစိုက်တတ်သည့် လူကောင်းတစ်ယောက်ဖြစ်သည်ကို သိရှိသည့်အတွက်ပင်။ ထို့ကြောင့်ဖှေးသည် ဤလူအားအဖိုးရင်းတစ်ယောက်ကဲ့သို့ပင် ဆက်ဆံလာမိနေခြင်းဖြစ်သည်။
ထိုနောက်တွင် လာသည်မှာ တိုက်ခိုက်မှုဆယ်ခုပင်။
ဖုန်မှုန့်များလေထဲတွင် လွှင့်ပျံသွားသည်နှင့်အမျှ ဖှေးလျို့၀ှက်သည့်သိုင်းဆရာ၏ပြင်းထန်စွာရိုက်နှက်ခြင်းကိုခံလိုက်ရသည်။ သူသည် အကောင်းဆုံးကြိုးစားခဲ့သောကြောင့် ကံကောင်းကာ အရိုးတစ်ချောင်းမှ မကျိုးခဲ့ခြင်းဖြစ်သည်။
ဆယ်မိနစ်ခန့်ကြာသည့်အချိန်တွင် ဖှေးသည် ခွေးတစ်ကောင်ကဲ့သို့ပင် မောပန်းနေ၏။
သူသည် ဤလျို့၀ှက်သည့်လူ၏စွမ်းအားများကို ခန့်မှန်းတွက်ဆရန်အားလက်လျှော့လိုက်ပြီဖြစ်သည်။ ဤရက်ပိုင်းအတွင်းတွင် ဖှေးမည်မျှပင် စွမ်းအားများတိုးတက်လာခဲ့စေကာမူ ဤလူသည် ဖှေးအားကလေးတစ်ယောကို နိုင်သကဲ့သို့အနိုင်ယူနိုင်နေဆဲပင်။
ဤလူသည် လအဆင့်စစ်သည်ဖြစ်ကြောင်းကို ဖှေးသေချာသိသော်လည်း မည်သည့်အဆင့်တွင်ရှိနေသည်ဆိုသည်ကို ဖှေးမခန့်မှန်းနိုင်ချေ။
“နောက်ညမှတွေ့တာပေါ့...”
တိုက်ခိုက်ပြီးသည့်အချိန်တွင် လျို့၀ှက်သည့်လူသည် ဖှေး၏အားနည်းချက်တစ်ချို့ကို ထောက်ပြလိုက်သည်။
ထိုလူပြန်တော့မည့်အချိန်တွင် ဖှေးရုတ်တရက်ထိုလူ့အနားသို့ကပ်သွားကာ ရေရွတ်လိုက်သည်။ “သေစမ်း ကျွန်တော်အင်ပါယာအရှင်ယရှင်းရဲ့ နာမည်အကြီးဆုံး နဂါးလက်သီးအကြောင်းကို အတော်သိချင်မိတယ်။ အဲ့တာက ဘယ်လိုသိုင်းကွက်မျိုးလဲဆိုတာကို အတော်စိတ်၀င်စားနေတာ...ကျွန်တော်ကိုယ်တိုင်ကြည့်ခွင့်ရရင်....”