အခန်း (၃၉၅)
Vol. 27 Ch. 395
ပညာရှိသည့်လူတစ်ချို့သည် ဤဖွင့်ပွဲကိုကြည့်ခြင်းအားဖြင့် အချက်လက်တော်တော်များများကို ရိပ်မိလိုက်ပြီဖြစ်သည်။
ဆွေကြီးမျိုးကြီးမိသားစုတော်တော်များများနှင့် ၀န်ကြီးတော်တော်များများသည် ပြိုင်ပွဲအားတာ၀န်ယူကျင်းပရန်အတွက် တစ်ခြားလူများကို လျှောက်ထားခဲ့သော်လည်း နေမကောင်းဖြစ်နေသည့် အင်ပါယာအရှင်သခင်ယရှင်းမှာ မင်းသားဒိုမင်ဂူကိုသာတာ၀န်ယူကျင်းပစေခဲ့သည်။
ဤအချက်သည် ဒုတိယမင်းသားသည်အင်ပါယာအရှင်သခင် ယရှင်း၏စိတ်ထဲတွင် အရေးကြီးသည့်လူတစ်ယောက်ဖြစ်နေဆဲကို ဖော်ပြနေ၏။ စစ်ပွဲဖြစ်ပွားနေသော်လည်း ပျောက်ကွယ်သွားခြင်းမရှိသေးပေ။
ဒိုမင်ဂူသည် စင်မြင့်ပေါ်တွင် ပြိုင်ဘက်ကင်းသည့်အရှိ၀ါဖြင့်ရပ်နေသည်ကို မြင်တွေ့ရသည့်အချိန်တွင်မူ လူတစ်ချို့သည် ဇ၀ေဇ၀ါဖြစ်လာကြ၏။ မင်းသားအာရှဗင်ကို ထောက်ခံခြင်းသည် မှန်ကန်သည့်အပြုမူဟုတ်ရဲ့လားဟုပင် သံသယ၀င်လာကြတော့သည်။
ဖွင့်ပွဲအခမ်းနားမှာ ရိုးရှင်းလှသည်။ ဒိုမင်ဂူသည် လူအားလုံးကို ကြိုဆိုပြီး စည်းမျဥ်းများကို ရွတ်ဖတ်ပြပြီးသည့်အချိန်တွင် သိုင်းဆရာအယောက်၅၀သည် နံပါတ်အသီးသီးကိုယ်စီရရှိလိုက်ကြ၏။ ယခင်တိုက်ပွဲများတွင်အသုံးပြုခဲ့သည့် ကျပန်းရွေးချယ်ထားသည့် ပြိုင်ပွဲ၀င်နံပါတ်များပင်။ ဖှေး၏နံပါတ်မှာ ၂၂ဖြစ်သည်။ ရိုးရှင်းသည့် နံပါတ်စဥ်တစ်ခုပင်။
သိုင်းဆရာများအားလုံးသက်ဆိုင်ရာနံပါတ်များကိုရရှိပြီးနောက်တွင် မဲနိုက်ကာ သူတို့နှင့်ယှဥ်ပြိုင်ရမည့်လူကို ရွေးချယ်ရသည်။ ဖှေးသည် နံပါတ်၁ကို ရွေးချယ်လိုက်မိသည်။ သူသည် အမှတ်စဥ်၁ကို မဲပေါက်ထားသည့် စစ်သည်နှင့်ယှဥ်ပြိုင်ကာ တိုက်ခိုက်ရမည်ဟူသည့် အဓိပ္ပါယ်ပင်။ သူ၏ရန်သူသည် မည်သည့်တိုင်းပြည်မှဖြစ်သည်ကို ဖှေးစိတ်၀င်စားလာမိ၏။
“ချမ်းဘော့ဒ်တိုင်းပြည်ကတော့ မဟုတ်ပါစေနဲ့...”
ပြိုင်ပွဲကျင်းပသည့်ပုံမှာ မရေရာမသေချာမှုများဖြင့် ပြည့်နှက်နေ၏။ တစ်ခါတစ်ရံတွင် မဲကျသည့်ပုံအရတိုင်းပြည်မှစစ်သည်အခြင်းခြင်းပင် ယှဥ်ပြိုင်ကာတိုက်ခိုက်ကြရသည်များလည်းရှိနေတတ်သည့်အတွက်ပင်။ ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုတည်းကပင် ပြိုင်ပွဲတွင် လူရှစ်ယောက်ပါ၀င်နေသောကြောင့်ဖြစ်နိုင်ချေပိုများသည်ဟုဆိုနိုင်၏။ အင်ပါယာသည် ဤကဲ့သို့သောအခြေအနေများဖြစ်လာနိုင်သည်ကို သိရှိသော်လည်း ပြိုင်ပွဲကိုတရားမျှတစေရန်အတွက် ကျပန်းနည်းဖြင့်သာပြိုင်ဘက်များကို ရွေးချယ်တိုက်ခိုက်စေခြင်းဖြစ်သည်။
သိုင်းဆရာများ၏တိုက်ပွဲများဖြစ်ပွားနေသည့်အချိန်တွင် ဒေသငါးခုမှ တပ်ဖွဲ့နှစ်ဆယ့်ငါးဖွဲ့သည်လည်း အဖွဲ့လိုက်တိုက်ပွဲများကို ဆက်လက်တိုက်ခိုက်ရဦးမည်ဖြစ်သည်။ အဖွဲ့တစ်ခုခြင်းစီတွင် ကျွမ်းကျင်စစ်သည်အယောက်၅၀နှင့် အစားထိုးစစ်သည်အယောက်၂၀တို့ပါ၀င်ယှဥ်ပြိုင်ရမည်ဖြစ်သည်။
သိုင်းဆရာများ၏ပြိုင်ပွဲနှင့် တပ်ဖွဲ့များ၏ပြိုင်ပွဲတို့၏စည်းမျဥ်းများမှာ ဆင်တူသည်ဟုဆိုရမည်။ အဖွဲ့တစ်ခုခြင်းစီတိုင်းပြည် သူတို့၏သက်ဆိုင်ရာနံပါတ်နှင့် သူတို့နှင့်ရင်ဆိုင်ရမည့်တပ်ဖွဲ့၏အမှတ်စဥ်နံပါတ်ကို မဲနှိုက်ကာရွေးချယ်ရမည်ဖြစ်သည်။ နောက်ဆုံးတွင်ကျန်ရှိနေခဲ့သည့်တပ်ဖွဲ့သည် နံပါတ်၁တိုင်းပြည်ဟူသည့် ဂုဏ်ထူးကို ဆွတ်ခူးပေးနိုင်မည်ဖြစ်၏။ ပို၍မျှတစေရန်အတွက် တပ်ဖွဲ့ထဲတွင် ကြယ်သုံးလုံးအဆင့်ထက်ကျော်သည့် စစ်သည်များကို ပါ၀င်ယှဥ်ပြိုင်ခွင့်ပြုမည်မဟုတ်ပေ။
ချမ်းဘော့ဒ်တိုင်းပြည်တွင် စွမ်းအားအမြင့်ဆုံးသူတော်စဥ်စစ်သည်အယောက်၅၀နှင့် အရံစစ်သည်များအဖြစ် ဥပဒေပြုစစ်သည်အယောက်၂၀တို့ကို ပါ၀င်ယှဥ်ပြိုင်ထားစေသည်။
......
“ကျွန်တော့်ကိုယ်ကျွန်တော်ဒီလောက်ကံဆိုးမယ်လို့ထင်မထားဘူး။ ကျွန်တော်က ပထမဆုံးပွဲမှာ အရှင်မင်းကြီးနဲ့လာတွေ့နေတာပဲ...”
အနောက်ပိုင်းဒေသရှိအဆင့်၂အဖွဲ့၀င်တိုင်းပြည်တစ်ခုမှ ဒီဂို-မီလ်လိုသည် နံပါတ်၁ဓားကွင်းပေါ်သို့ တက်လာရင်းဖြင့် သက်ပြင်းချလိုက်မိသည်။
ဤအရပ်ရှည်ရှည်ဗလတောင့်တောင့်နှင့် ဓားသမားသည် သူ၏ပြိုင်ဘက်သည် ကောင်းကင်လက်သီးဖြစ်သည်ကို သိလိုက်ရသည့်အချိန်တွင်မူ အနိုင်ရရှိရန်အိမ်မက်ကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။ သို့သော် သူအရှုံးပေးလိုက်ခြင်းမရှိပေ။ ပထမပြိုင်ပွဲပြီးဆုံးသွားသည့်အချိန်တွင် ချမ်းဘော့ဒ်ဘုရင်နှင့် ယှဥ်ပြိုင်တိုက်ခိုက်ခွင့်ရရန်မှာ စစ်သည်တော်တော်များများ၏အိမ်မက်ဖြစ်လာခဲ့၏။ ချမ်းဘော့ဒ်ဘုရင်သည် သူ၏ပြိုင်ဘက်များကို သတ်ဖြတ်ခြင်းမရှိပဲ တစ်ခါတစ်ရံတွင် လိုအပ်သည့်နေရာများကိုပါ ထောက်ပြတတ်ကြောင်းကို လူတိုင်းသိရှိသည့်အတွက်ကြောင့်ပင်။
ဖှေးပြုံးကာ စင်မြင့်ပေါ်တွင် ရပ်လိုက်သည်။
သူသည် ရဲရင့်တည်ကြည်ပုံရသော သူ၏ပြိုင်ဘက်ကို သဘောကျသည့်အတွက်ပင်။
သူသည် ဤလူ၏အကြောင်းကို မနေ့ညကပဲရစ်ပေးသည့် စာအုပ်ထဲတွင် မြင်တွေ့ဖူးခဲ့သည်။ ဒိုင်ဂို-မီလ်လိုသည် တရားမျှတကာ ရိုးသားပွင့်လင်းသည့်လူတစ်ယောက်ပင်။ သူ၏တိုက်ခိုက်မှုစတိုင်သည်လည်း ရိုးရှင်းကာ တည့်တိုးပင်။ မတ်-ရာဇီရေးထားသည့် စာအုပ်ထဲတွင် ဤလူကို သူရဲကောင်းစိတ်ဓာတ်ရှိသည့်လူဟု ဖော်ပြထားသည်။
ဖှေးသည် ဤကဲ့သို့သော ပြိုင်ဘက်နှင့်တိုက်ခိုက်ရပါက အလျှော့ပေးတတ်ပြီး တစ်ကွက်နှစ်ကွက်ခန့်ပင် သင်ကြားပြသပေးလေ့ရှိသည်။
အကြာမှီတွင် အပြာရောင်ရေစွမ်းအင်အကာရံမှာတောက်ပလာတော့၏။ ပထမပွဲစင်သည် ဒိုင်လူကြီး၏ကြေငြာသံနှင့်လူအုပ်၏အော်ဟစ်အားပေးသံများနှင့် အတူစတင်တော့သည်။
“ကျွန်တော့ကို တစ်ခုနှစ်ခုလောက်သင်ပြပေးပါဦး အရှင်မင်းကြီး...” မီလ်တိုသည် အလွန်ရိုးသားပြီး သူ၏အသွင်ပြင်မှာတစ်ဖက်သားအားလေးစားတတ်သည့်ပုံရှိ၏။
“ဆန္ဒအတိုင်းပါ...” ဖှေးခေါင်းငြိမ့်ကာ ပြုံးလိုက်သည်။
အပြာရောင်ဓားသွားစွမ်းအင်များသည် မီလ်တို၏ဓားမှ ရေလှိုင်းများကဲ့သို့ထွက်ဃွာသွားပြီး သူ၏ပထမဆုံးတိုက်ခိုက်မှုကို မျက်စိတစ်မှိတ်အတွင်းမှပင် ပြုလုပ်လိုက်သည်။
မီလ်တို၏တိုက်ခိုက်မှုစတိုင်မှာ သဘာ၀ကျပြီး ကျယ်ပြန့်လှသည်။ တိုက်ခိုက်မှုများမှာ ရိုးရိုးရှင်းရှင်းပင်။ သို့သော် ထိုကဲ့သို့ ရိုးရှင်းသည့်တိုက်ခိုက်မှုများသည် မီလ်တိုကဲ့သို့သော လူ၏လက်ထဲတွင် အလွန်စွမ်းအားမြင့်၏။
မီလ်တိုသည် ဖှေးနှင့်ရင်ဆိုင်နေရသည့်အတွက်ကြောင့်သာ အနိုင်မရနိုင်တော့ခြင်းဖြစ်သည်။
လူပိန်းတစ်ယောက်ကပင် မီလ်တိုသည် ချမ်းဘော့ဒ်ဘုရင်ကို နိုင်နိုင်မည်ဟုတ်ကြောင်း သိရှိ၏။ ထို့ကြောင့် ဤပြိုင်ပွဲသည် အဓိပ္ပါယ်မဲ့သည်ဟုဆိုနိုင်၏။
ဖှေးသူ၏စွမ်းအားအကုန်သုံးပြီး ရန်သူကို စက္ကန့်၀က်အတွင်းမှာပင် အနိုင်ယူလိုက်ခြင်းမရှိပေ။ ထိုအစားသူသည် မီလ်တို၏တိုက်ခိုက်မှုများကို ဂရုတစိုက်လေ့လာနေ၏။ သူသည် မီလ်တို၏စွမ်းအားအမြင့်ဆုံးသိုင်းကွက်ဖြစ်သည့် [မြေကျား၏အမျက်ဒေါသ]ကိုပင် နှစ်ကြိမ်မြင်တွေ့လိုက်ရသည်။
နောက်ဆုံးတွင် မီလ်တိုသည် ပရိသတ်များ၏ကဲ့ရဲ့မှုများကြောင့် ရှက်ရွံ့သွားကာ အရှုံးပေးလိုက်တော့၏။
သို့သော် ဖှေးမှာမူ စိုးရိမ်ခြင်းမရှိပေ။
အရည်ချင်းကို တန်ဖိုးထားသည့်ဘုရင်သည် ပရိသတ်များ၏ကဲ့ရဲ့သံများကို ဂရုစိုက်ခြင်းမရှိပေ။ သူသည် မီလ်တိုအား သူ၏သိုင်းကွက်များထဲတွင်ရှိသော အားနည်းချက်များကို စိတ်ရှည်လက်ရှည်နှင့် ရှင်းပြလိုက်သည်။ လျို့၀ှက်သည့် သိုင်းဆရာထံမှသင်ယူခြင်းနှင့် အင်ပါယာအရှင်သခင်ယရှင်းရေးသားထားသည့်မှတ်စုများစွာကို ဖတ်ရှုကြည့်ပြီးသည့်နောက်တွင် ဖှေး၏ကျင့်စဥ်နှင့်ပတ်သက်သည့် ဗဟုသုတများမှာ များစွာကျယ်ပြန့်လာခဲ့သည်။ သူသည် ပရော်ဖက်ဆာအဆင့်မဟုတ်သော်လည်း မီလ်တိုကဲ့သို့သောစစ်သည်များကို မူကောင်းစွာညွှန်ပြပေးနိုင်၏။
ဤအချက်ကြောင့် ဒီကို-မီလိုသည်အံ့သြသွား၏။
ချမ်းဘော့ဒ်ဘုရင်သည် သူ့အားအနည်းငယ်မျှသင်ပြပေးမည်ဟုမျှော်လင့်မိသဖြင့် သူသည် ပရိသတ်များကဲ့ရဲ့နေကြသော်လည်း အကောင်းဆုံးကြိုးစားကာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ချမ်းဘော့ဒ်ဘုရင်အကျဥ်းချုပ်ပြောကြားသည်တစ်ချို့ကို နားထောင်ပြီးနောက်တွင် သူကျင့်ကြံရာတွင် အခက်ခဲဖြစ်နေသည့်အရာတစ်ချို့သည် ရုတ်တရက်ရှင်းလင်းသွားသလိုခံစားလိုက်ရ၏။
မီလ်တိုသည် ဖှေးပြောသည့်အရာများအားလုံးကို သေခြာမှတ်သားကာ ဖှေးအားကျေးဇူးတင်စကားပြောလိုက်ပြီးစင်အောက်သို့ခုန်ချသွားတော့၏။
ဒိုင်လူကြီးမှအနိုင်ရရှိသူကို ကြေငြာပြီးနောက်တွင် ဖှေးလည်းစင်ပေါ်မှခုန်ဆင်းကာ ချမ်းဘော့ဒ်တိုင်းပြည်နားနေသည့်နေရာသို့ပြန်လာခဲ့၏။
ဖှေးယာယီတဲအတွင်းသို့လမ်းလျှာက်၀င်သွားသည့်အချိန်တွင် တဲအတွင်းသို့ရောက်နှင့်နေပြီဖြစ်သော တိုးရိစ်၊ ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ အိုလတ်နှင့် ပီတာတို့ကို တွေ့လိုက်ရသည်။
သူတို့သည် သက်ဆိုင်ရာပြိုင်ပွဲများကို ယှဥ်ပြိုင်ပြီးသွားပြီဖြစ်၏။
“အမ် ပြန်တောင်ရောက်နေကြပြီလား။ မင်းတို့ကောင်တွေနိုင်ခဲ့ကြလား...” ဖှေးအပြုံးတစ်ခုနှင့်မေးလိုက်၏။ သူ၏လူများ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများမရှိသည်ကို မြင်တွေ့ပြီးချိန်တွင် ရလဒ်ကို ကြိုတင်ကာ ခန့်မှန်းမိနေပြီဖြစ်၏။
“ပြိုင်ဘက်တွေက အတော်အားနည်းလွန်းပါတယ်အရှင်မင်းကြီး။ ကျွန်တော်တို့လွယ်လွယ်ကူကူပဲအနိုင်ရရှိခဲ့ပါတယ်။ အရှင်မင်းကြီး နာရီ၀က်လောက်ကြာနေမယ်လို့ ကျွန်တော်တို့ထင်မထားဘူး...” ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည် သူတို့ပြိုင်ပွဲတွင်ဖြစ်ခဲ့သည်များကိုရှင်းပြလိုက်၏။ သူတို့သည် ပြိုင်ဘက်များကို ဆယ်ချက်ဖြင့်ပင် အနိုင်ယူခဲ့ကြသည်။
အစ်ဇာနီနှင့် အယ်လီနာတို့၏ပြိုင်ပွဲများမှာမူ မစတင်ရသေးပေ။
“မင်းတို့ကောင်တွေနိုင်သွားတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမနေကြနဲ့ဦး။ မင်းတို့ကောင်တွေ ဒီအချိန်ကစပြီး တိုက်ခိုက်ရမည့်ပြိုင်ပွဲတွေကအတော်လေးကွဲပြားလိမ့်မယ်။ သိုင်းဆရာတွေအများကြီးပဲလေ...” မင်းတို့ကောင်တွေသာ ဓားတစ်လက်သူရဲကောင်း၊ မီးလေညီနောက်နှစ်ဖော်၊ သွေးသောက်ဓားနှစ်လက်၊ ငွေရောင်ချပ်၀တ်ဓားသွားတို့လို ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အတော်ခေါင်းကိုက်စရာတွေဖြစ်လာလိမ့်မယ်...”
သူ၏လူများ၏မျက်နှာပေါ်တွင် ပျော်ရွှင်နေကြသည့်အပြုံးများကို တွေ့လိုက်ရသောကြောင့် ဖှေးသတိပေးလိုက်သည်။
အစ်ဇာနီနှင့် အယ်လီနာတို့၏ပြိုင်ပွဲများမှာ စတင်တော့မည်ဖြစ်သောကြောင့် ဖှေးနှင့် သူ၏လူများသည် တဲအတွင်းမှထွက်လာကာ နံပါတ်၈ဓားကွင်းသို့သွားကြ၏။
အရိပ်မဲ့လုပ်ကြံသတ်ဖြတ်သူ အစ်ဇာနီ-ဖီးလစ်၏ပြိုင်ပွဲမှာ ဖှေးတို့ ရောက်ရှိသည့်အချိန်တွင် စတင်နေပြီဖြစ်သည်။
ရေစွမ်းအင်အကာရံထဲတွင် အရိပ်များသည် နေရာနှံ့ပင်။ သတ္တုခြင်းရိုက်ခတ်သံများနှင့် မီးပွားစများသည်လည်း အဆက်မပြတ်ထွက်ပေါ်လာနေ၏။ ချမ်းဘော့ဒ်မှစစ်သည်များရင်ဆိုင်ခဲ့ရသည့်ပြိုင်ဘက်များနှင့် မတူပဲ အစ်ဇာနီသည် အလွန်စွမ်းအားမြင့်သည့် သိုင်းဆရာတစ်ယောက်နှင့် ရင်ဆိုင်နေရ၏။ ဤပိန်ပိန်ပါးပါးနှင့် လူငယ်မှာ ပြင်းထန်သည့်တိုက်ပွဲတစ်ခုကို ကြုံတွေ့နေရသည်။
ဖှေးဤအရာကို ကြိုတင်ကာ တွက်ဆပြီးဖြစ်၏။
စွမ်းအားည် အရာအားလုံးပင်။ အစ်ဇာနီသည် အဖွဲ့ထဲတွင်အားအနည်းဆုံးလူဖြစ်ပြီး ရှုံးနိုင်ခြေအများဆုံးရှိသည့်လူပင်။
အစ်ဇာနီသည် ရေပူစမ်းမြို့တော်တွင် ကြေးစားစစ်သည်တစ်ယောက်အနေဖြင့် လုပ်ကိုင်ခဲ့သော်လည်း သူသည် တိုက်ပွဲမြေပြင်အတွေ့ကြုံမရှိသေးပေ။ ယော့ခ်လုပ်ခဲ့သည့် မစ်ရှင်တော်တော်များများမှာ သာမန်အလုပ်များသာဖြစ်သောကြောင့်ပင်။
အစ်ဇာနီ၏ပိန်ပါးသောခန္ဓာကိုယ်သည် စစ်သည်များဖြစ်သည့် ပီးရာ့စ်နှင့်ဒရော့ဂ်ဘာတို့လောက်သန်မာခြင်းမရှိပေ။ လေ့ကျင့်မှုမစခင် သာမန်မြို့သားတစ်ယောက်သာဖြစ်ခဲ့သည် တိုးရိစ်ထက်ပင် ပို၍အားနည်း၏။ ထို့အပြင် အစ်ဇာနီသည် ဖှေးနှင့်နောက်ကျမှတွေ့ခဲ့သည်။ သူ၏ခန္ဓာကိုယ်အား ပို၍ပျော့ပြောင်းသည် ဟော့ခ်ဆေးပုလင်းနှင့် အဆင့်မြှင့်တင်ထားသော်လည်း လေ့ကျင့်မှုအချိန်မှာ သိပ်မကြာသေးသောကြောင့်လက်ရှိတွင် ကြယ်နှစ်လုံးအလယ်လတ်အဆင့်တွင်သာရှိသေး၏။
သူ၏မွေးရာပါစွမ်းရည်ဖြစ်သည့် ကိုယ်ဖျောက်စွမ်းကြောင့်သာ ဤလူငယ်သည် ထိပ်တန်းစစ်သည်အယောက်၅၀အတွင်း သို့ရောက်ရှိလာနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူ၏ကံကောင်းမှုသည် ယခုအချိန်တွင်ပီးဆုံးသွားပြီဖြစ်၏။
လက်ရှိတွင် သူရင်ဆိုင်နေရသည့်ပြိုင်ဘက်မှာ အရှေ့ပိုင်းဒေသမှ အဆင့်၃အဖွဲ့၀င်တိုင်းပြည်တစ်ခု၏ ကြယ်ငါးလုံးစတင်သူအဆင့်စစ်သည်တစ်ယောက်ပင်။
အစ်ဇာနီ၏ပင်ကိုယ်အစွမ်းဖြစ်သည့် ကိုယ်ယောက်ဖျောက်အစွမ်းနှင့် အလွန်ကြိုးစားနေသော်လည်း သူသည် လက်ရှိတွင် ဆိုး၀ါးသည့်အခြေအနေသို့ရောက်ရှိနေ၏။
သူ၏ကြယ်ငါးလုံးအဆင့်ရန်သူသည် ဓားဖြင့်ဖောက်နိုင်ခြင်းမရှိသည့် ချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားပြီး လေဂုဏ်သတ္တိအတွင်းအားစွမ်းအင်ကို အသုံးပြုသူဖြစ်သောကြောင့် အလွန်လျင်မြန်ဖြတ်လတ်လှသည်။ ဤရန်သူသည် သူကိုယ်ယောင်ဖျောက်ထားသည်အား ခန့်မှန်းနိုင်ခြင်းမရှိသော်လည်း သူချောင်းမြောင်းတိုက်ခိုက်လိုက်သည့်အချိန်တိုင်းတွင် လျင်မြန်စွာရှောင်တိန်းကာ တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်နိုင်နေ၏။
အရိပ်မဲလုပ်ကြံသတ်ဖြတ်သူသည် ရှုံးနိမ့်တော့မည်ဖြစ်သည်။
ဤသည်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ပထမဆုံးရှုံးနိမ့်မှုတစ်ခုဖြစ်လာနိုင်၏။