← Chapters

အခန်း (၃၉၆)

Vol. 27 Ch. 396

အခန်း (၃၉၆)

Vol. 27 Ch. 396

အောင်နိုင်ခြေမှာတစ်ဖက်သို့တိမ်းစောင်းစပြုနေသည်မှာ အသိသာပင်ဖြစ်ပြီး ဖှေး၏အမူယာမှာမူ တည်ငြိမ်လျှက်ရှိသည်။

သို့သော် ဖှေး၏ဘေးတွင်ရပ်နေကြသည့် ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့် အိုလတ်ဂ်တို့မှာမူ စိုးရိမ်နေကြသည်။ သူတို့သည် ကျွမ်းကျင်စစ်သည်များဖြစ်ကြပြီးအခြေအနေကို ကောင်းစွာသဘောပေါက်နားလည်ကြသည်။ ဖှေး၏တပည့်မှာ အစွမ်းကုန်သုံးကာ တိုက်ခိုက်နေသော်လည်း ဤရန်သူကို နိုင်နိုင်ခြင်းမရှိသေးပေ။ တကယ်တန်းတွင် အနည်းငယ်ပင် ဒဏ်ရာရရှိထား၏။ ဤကဲ့သို့သာ ဆိုပါက အစ်ဇာနီသည် ဆယ်ချက်အတွင်းမှာပင် ရှုံးနိမ့်တော့မည်ဖြစ်သည်။

“ဒီကောင်က ဘယ်သူလဲကွ။ ဖီးလစ်ကို ဒီအတိုင်းတာထိဖိအားပေးနိုင်နေတယ်။ ဒီပွဲပြီးတာနဲ့ ငါအဲ့ကောင်ကို သင်ခန်းစာသွားပေးရမယ်..” ပီးရာ့စ်သည် အလွန်စိတ်ဆိုးနေ၏။ သူသည် အစ်ဇာနီ၏ရန်သူကို လက်ညိုးထိုးကာကြုံး၀ါးလိုက်သည်။

“ဒီပွဲပြီးတာနဲ့ အဲ့ခွေးသားကို သွားစကားပြောရအောင်...” ဒရော့ဂ်ဘာသည် သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ တစ်စုံတစ်ယောက်အား သတ်ဖြတ်တော့မည့်အတိုင်းပင်။

ဤနှစ်ယောက်အပြင် တစ်ခြားချမ်းဘော့ဒ်မှသိုင်းဆရာများသည်လည်း စိတ်ဆိုးနေကြသည့်ဟန်ရှိကြ၏။

သူတို့၏ဘေးပတ်လည်တွင်ရှိနေသည့် ပရိသတ်တစ်ချို့သည် သူတို့ပြောသည်ကို ကြားသည့်အချိန်တွင် လှောင်ပြောင်လိုကြသော်လည်း သူတို့ထံမှ ထွက်ပေါ်လာနေသည့် အန္တရာယ်များသည့်ခံစားချက်ကို ခံစားလိုက်ရသည့်အတွက် ပါးစပ်ပိတ်သွားကြ၏။ သူတို့သည် ချမ်းဘော့ဒ်မှစစ်သည်များကို လက်ညိုးထိုးကားအခြင်းခြင်းတီတိုးပြောကြားနေကြသည်။ သူတို့သည်ကောင်းသည့်အရာများကို ပြောကြားနေကြခြင်းမဟုတ်ပေ။

“နေစမ်းပါဦး သူတို့တွေက ချမ်းဘော့ဒ်က သိုင်းဆရာတွေနဲ့ ချမ်းဘော့ဒ်ဘုရင်ကောင်းကင်လက်သီးပါလား...” တစ်စုံတစ်ယောက်မှာ ချမ်းဘော့ဒ်သားများကို သတိထားမိသွား၏။

ဤအံ့သြစွာဖြင့်အော်ဟစ်လိုက်သည့်အသံသည် ချမ်းဘော့ဒ်သားများ၏မကောင်းကြောင်းကို ပြောနေကြသည့်လူများအား ထိတ်လန့်သွားစေ၏။ သူတို့သည် ဘောင်းဘီထဲတွင် သေးထွက်ကျလုနီးနီးပင်။

ဖှေးသည် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကို စိုက်ကြည့်လိုက်ရာ သူတို့နှစ်ယောက်သည် ခေါင်းငုံ့ကာ ပါးစပ်ပိတ်သွားကြတော့၏။

ဘုရင်ဘာတွေးနေသည်ကို မည်သူမှသိရှိခြင်းမရှိကြပေ။

ချမ်းဘော့ဒ်ဘုရင်၏အတောင်ပံအောက်တွင် ချမ်းဘော့ဒ်သည်ရှုံးနိမ့်မှုဖြင့် မကြုံတွေ့ရသည်မှာ အချိန်ကြာပြီဖြစ်သည်။ ချမ်းဘော့ဒ်သားများသည် စည်းလုံးမှုရှိရှိဖြင့် ဖှေး၏ခေါင်းဆောင်မှုအောက်တွင် စွမ်းအားမြင့်အဖွဲ့စည်းများစွာကို ပင်အနိုင်ဖြင့်ပိုင်းနိုင်ခဲ့ကြ၏။ ထိုအချိန်မှစပြီး ချမ်းဘော့ဒ်သားများ၏သွေးထဲတွင်အောင်နိုင်ခြင်းများစီးဆင်းနေပြီဖြစ်ပြီး သူတို့အတွက်မည်သည့်ရှုံးနိမ့်မှုမဆိုလက်ခံနိုင်ဖွယ်မရှိပေ။

ထို့ကြောင့်ပင် လူပေါင်းများစွာကြည့်နေသည့်အချိန်တွင် ဤကဲ့သို့ရှုံးနိမ့်မှုမျိုးကို ချမ်းဘော့ဒ်သားများလက်မခံနိုင်ဖြစ်နေခြင်းဖြစ်၏။

စင်မြင့်ပေါ်တွင် တိုက်ခိုက်နေဆဲဖြစ်သည့် အစ်ဇာနီကိုယ်တိုင်လည်း ဤကဲ့သို့ခံယူထား၏။

အသက်ရှူသံပြင်းထန်နေ၏။

သေမင်း၏အထိတွေ့ဟု ခေါ်သည့် ဓားမြောင်ကို ကိုင်ထားသည့် လက်သည် တုန်ခါနေ၏။ ဓားမြောင်သည် အချိန်မရွေးပင်လက်ထဲမှ လွတ်ကျတော့မည့်အတိုင်းပင်။ သို့သော် အစ်ဇာနီသည် သေသွားသည့်တိုင်အောင် ဤဓားမြောင်ကို လက်မှချမည်မဟုတ်ပေ။

သွေးစွန်းဂိုဏ်းအားဖျက်ဆီးခဲ့သည့်ညတွင် သူအလေးစားဆုံးလူတစ်ယောက်သည် သူ့အားဤကဲ့သို့ပြောခဲ့၏။ “လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ သူက သူ့ရဲ့လက်နက်ကို ဘယ်တော့မှလက်လွှတ်ခံလို့မဖြစ်ဘူး။ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ သူက ဘယ်တော့မှတွန့်ဆုန်မနေသင့်ဘူး။ တစ်ချက်တိုက်ခိုက်လို့မအောင်မြင်ဘူးဆိုရင် ချက်ချင်းဆုတ်ခွာထွက်ပြေးသင့်တယ်...”

အစ်ဇာနီသည် သူ၏လက်ကိုမကာ နဖူးမှစီးကျလာနေသည့် သွေးများကို သုတ်လိုက်သည်။ သွေးများသည် သူ၏အမြင်ကို ၀ေ၀ါးနေစေသောကြောင့်ပင်။ စူးရှသည့်နာကျင်မှုသည် အသက်ရှူရန်ခက်ခဲစေသော်လည်း အစ်ဇာနီသည် ခေါင်းရှင်းရှင်းထားရမည်ကို သဘောပေါက်၏။

သူ၏ခြေထောက်တွင်ရှိသည့် ဒဏ်ရာ၁၁ခုမှ သွေးများသည်လည်း ရေပန်းကဲ့သို့စီးကျနေကြသည်။ ဒဏ်ရာများသည် အလွန်နက်ရှိုင်းသည့်အတွက် အရိုးများပင် နှစ်ပိုင်းပြတ်တော့မည်ဟုထင်ရသည်။ ဦးလေးယော့ခ်နှင့် ကောင်မလေးတီနာတို့သွေးအိုင်ထဲတွင် လဲနေသည့် ပုံရိပ်အားသူ၏ခေါင်းထဲတွင် ပြန်မြင်လိုက်ရ၏။ အသက်ရှင်ကျန်ခဲ့သည့်မိဘမဲ့ကလေးလေးယောက်သည်လည်း ပရိသတ်ထဲတွင်ရှိနေမည်မှာ သေချာပေါက်ပင်။ သူ၏ပခုံးပေါ်တွင် မျှော်လင့်ချက်များစွာကိုသယ်ဆောင်ထားရသဖြင့် သူစင်ပေါ်တွင် လဲကျ၍မဖြစ်သေးပေ။

“ငါလဲကျလို့မရဘူး...”

မူး၀ေမှုများမှာ သူ၏ခေါင်းထဲတွင် ရေလှိုင်းကဲ့သို့ပင် တစ်ခုပြီးတစ်ခုရောက်ရှိလာနေ၏။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ခြေထောက်များကို ရွေ့လျားလိုက်သည်။ နောက်အခိုက်တန့်တွင် သူ၏ခန္ဓာကိုယ်သည် ဖောက်ထွင်းမြင်နိုင်လာပြီးပျောက်ကွယ်သွားတော့သည်။

ဤသည်မှာ သူ၏မွေးရာပါ ကိုယ်ဖျောက်အစွမ်းပင်။

ဤမွေးရာပါအစွမ်းမှာအလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် တစ်ခြားဒိုင်မန်းရှင်းတစ်ခုသို့ရောက်ရှိသွားသည့်အတိုင်းပင် မြေပါ်သို့စီးကျနေသည့်သွေးများပါ ပျောက်ကွယ်သွား၏။

သို့သော် သူ၏ခန္ဓာကိုယ်သည် ဤတစ်ကြိမ်သာနောက်ဆုံးအနေဖြင့် ကိုယ်ယောက်ဖျောက်နိုင်တော့သည်ကို အစ်ဇာနီသိရှိသည်။ ဒဏ်ရာများစွာရရှိထားသည့်အတွက်ပင်။

ယခုအကြိမ်တွင်မူ သူအောင်မြင်မှရမည်ဖြစ်သည်။

တစ်ဖက်တွင်မူ အစ်ဇာနီ၏ရန်သူမှာ အလွန်တည်ငြိမ်နေသည်။ သူသည် မျက်လုံးများကို ကျဥ်းမြောင်းလိုက်၏။ သူ၏ခန္ဓာကိုယ်ကို ရွေ့လျားခြင်းမရှိသော်လည်း မမြင်နိုင်သည့်စွမ်းအင်လှိုင်းတစ်ခုအား သူနှင့်အချင်း၀တ်၁၀မီတာခန့်တွင် ဖြန့်ကျက်ထား၏။

ထိုစွမ်းအင်များသည် လေဗွေလှိုင်းများပင်။

လေဗွေတစ်ခုခြင်းစီတိုင်းကို ဤလူမှထိန်းချုပ်ထားသည်။ တစ်စုံတစ်ခုသည် ဤလေဗွေအတွင်းသို့၀င်လာပါက သူသည် အာရုံခံနိုင်မည်ဖြစ်သည်။

ဤကဲ့သို့ သိုင်းကွက်ကိုအသုံးပြထားခြင်းဖြင့် သူသည် အစ်ဇာနီအားမြင်နိုင်စွမ်းမရှိသော်လည်း အစ်ဇာနီသူ့အနီးဆယ်မီတာခန့်သို့ကပ်လာပါက သိရှိနိုင်မည်ဖြစ်ပြီး ထိရောက်သည့် တန်ပြန်တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်မည်ဖြစ်သည်။

“ဒီချမ်းဘော့ဒ်တိုင်းပြည်က လုပ်ကြံသတ်ဖြတ်သူကအတော်ကောင်းတယ်။ သူ့ရဲ့ကိုယ်ယောင်ဖျောက်တဲ့အစွမ်းနဲ့ဆိုရင် သူ့ထက်ငါးဆလောက်ပိုအစွမ်းထက်တဲ့ စစ်သည်တွေတောင် သူဘယ်မှာလဲဆိုတာကို ခန့်မှန်းနိုင်မှာမဟုတ်ဘူး။ သူ့ရဲ့ရန်သူက ငါဖြစ်နေတာဆိုးတာပဲ။ သူက င့ါကို အကြိမ်ပေါင်းများစွာတိုက်ခိုက်နိုင်ဖို့အတွက် ကျရှုံးခဲ့တာတောင်အခုထိ ဆက်ပြီး ကြိုးစားနေုတုန်းပဲ။ သူငါ့အနားကို ငါမသိအောင်လုံး၀ကပ်လာလို့မရဘူးဆိုတာကို သူမသိဘူးလား...”

ဤပြိုင်ဘက်သည် ဂုဏ်ယူစွာဖြင့်် တွေးလိုက်ပြီး သူ၏ခေါင်းပေါ်တွင်ရှိသည့်သုံးပေခန့်နေရာသို့ ဓားဖြင့် လှမ်းထိုးလိုက်၏။

“၀ှစ်...”

လေကဲ့သို့ပင် မြန်ဆန်သည့် ဓားချက်တစ်ခုထွက်ခွာသွားပြီး အမဲရောင်အ၀တ်စနှစ်ခုသည် လေးပိုင်းဖြစ်သွား၏။

လေဂုဏ်သတ္တိအတွင်းအားစွမ်းအင်အသုံးပြုသည့် စစ်သည်မှာ ထိတ်လန့်အံ့သြသွားသည်။ သူ၏ဓားချက်လွဲသွားသည့်အတွက်ကြောင့်ပင်။ သူ၏ဓားသည် အသားထဲသို့စိုက်၀င်သွားပြီး သွေးများပန်းထွက်လာသည့်မြင်ကွင်းဖြစ်လာခြင်းမရှိပေ။ သူ၏ဓားသည် ပစ်လွှတ်လိုက်သည့် အ၀တ်စနှစ်ခုကိုသာထိုးစိုက်လိုက်မိ၏။

သိုင်းဆရာသည်လျင်မြန်စွာတုန့်ပြန့်လိုက်သည်။ အံ့သြသွားအပြီးတွင် သူသည် နေရာပြောင်းလိုက်ပြီး အောက်သို့ခုတ်လိုက်၏။ အဖြူရောင်အလင်းတန်းတစ်ခုပေါ်လာကာ ဓားသည်တစ်စုံတစ်ခုကို ခုတ်ပိုင်းလိုက်မိပုံရ၏။

နောက်ထပ်အ၀တ်စတစ်ခုပင်။ သူသည် ထက်မံ၍လွှဲချော်သွားပြန်သည်။

ဤအခိုက်တန့်တွင် လုပ်ကြံသတ်ဖြတ်မှုအစစ်မှန်မှာ စတင်တော့သည်။ အမဲရောင်ဓားမြောင်တစ်ခုသည် သူ၏အရှေ့တွင် တဖြည်းဖြည်းဖြင့်ပေါ်လာတော့သည်။ ဤသည်မှာ အလွန်အန္တရာယ်များလှသဖြင့် ဤလူပင် အေးစက်သည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ ဤတိုက်ခိုက်မှုသည် အလွန်ပင် ကြိုတင်တွက်ဆထားသဖြင့် လေဗွေများအားလုံးကိုရှောင်တိန်းကာ ရှောက်ရှိလာခဲ့သည့်အတိုင်းပင်။

ဓားမြောင်ရိုးကို အစ်ဇာနီ၏လက်ထဲတွင် ကျစ်ကျစ်ပါအောင်ကိုင်ထား၏။

ဤအချိန်တွင် လေဂုဏ်သတ္တိအတွင်းအားစွမ်းအင်အသုံးပြုသည့် သိုင်းဆရာသည် များစွာလုပ်ခွင့်မရချေ။ သူ၏ဓာားသည် အောက်သို့ရှိန်ဖြင့် ရွေ့လျားနေဆဲဖြစ်သောကြောင့် ဘာမှသိပ်လုပ်လို့မရပေ။ ဤစစ်သည်သည် ရုတ်တရက် သူ၏ဒူးများကို ကွေးလိုက်၏။ သူသည် ဓားမြောင်ထံသို့ခေါင်းထိုးပေးနေသကဲ့သို့ပင်။

“၀ှစ်...”

ဓားမြောင်နှင့်ထိလိုက်မိသည့် ဆံပင်တစ်ချို့ပိုင်းပြတ်သွားသည်။

ဤသည်မှာ သေမင်းထောင်ခြောက်တစ်ခုပင်။

မည်သူမှ ဤကဲ့သို့ဖြစ်မည်ဟုထင်မထားပေ။ အစ်ဇာနီရှုံးတော့မည့်အချိန်တွင် သူ၏ခေါင်းထဲ၌အကြံတစ်ခုပေါ်လာခဲ့၏။ သူသည် အ၀တ်စနှင့် ရန်သူအားအာရုံလွှဲရန်အသုံးချခဲ့သည်။ ဤကဲ့သို့ သေချာစီစဥ်ထားသည့် ထောင်ခြောက်ကသာ လျှင်အခြေအနေကို ပြောင်းလဲနိုင်တော့၏။

သို့သော် စွမ်းအားကွာခြားမှုအား ဤကဲ့သို့သောထောင်ချောက်နှင့် ပြောင်းလဲပစ်လို့မရပေ။ အစ်ဇာနီသည် သတိမေ့ခါနီးဖြစ်နေ၏။

ပြိုင်ဘက်သည် အစ်ဇာနီ၏တိုက်ခိုက်မှုကို ပွတ်ကာသီကာရှောင်တိမ်းလိုက်ပြီး အောက်သို့ခုတ်ပိုင်းနေသည့်သူ၏ဓားများသည်မြေပြင်နှင့်ထိသွား၏။ မြေပြင်တုန်ခါသွားခြင်းသည် အစ်ဇာနီ၏ဒဏ်ရာများမှ သွေးများပို၍ထွက်လာစေသည်။ အစ်ဇာနီ၏ခန္ဓာကိုယ်တစ်စက္ကန့်မျှရပ်တန့်သွားခြင်းသည် ရန်သူအားအခွင့်ရေးပြေးလိုက်သည်။ မြေပြင်မှပြန်ကန်လာသည့်အရှိန်ကို အသုံးပြုပြီး သူသည် အစ်ဇာနီအားဓားနောက်ကြောဖြင့် အပေါ်သို့ပင့်ရိုက်လိုက်၏။

“ဖုန်း...”

“ချွတ်...”

ဓားရိုးမှာ အစ်ဇာနီ၏လက်မောင်းကို ရိုက်လိုက်ပြီး အရိုးကျိုးသည့်အသံသည် စင်မြင့်တစ်ခုလုံးတွင် ဟိန်းထွက်သွား၏။

လူငယ်၏လက်မောင်းမှာ ၉၀ဒီဂရီကွေးသွားပြီး ကြည်ရသည်မှာ ကြောက်မက်ဖွယ်ပင်။ အစ်ဇာနီ၏ အရိုးများလုံး၀ငပင် ကွဲအက်သွားသည်မှာထင်ရှားလှသည်။ သို့သော် ဤကဲ့သို့သောအချိန်၌ပင် ဓားမြောင်ကို ကိုင်ထားသည့် လက်သည် လွတ်ထွက်သွားခြင်းမရှိပေ။

သူသည် နာကျင်မှုအားမခံစားရသည့်အတိုင်းပင် အစ်ဇာနီသည် သူ၏ခန္ဓာကိုယ်ကို တိမ်းစောင်းလိုက်ပြီး ရန်သူ၏ပခုံးကို ဓားဖြင့်ထိုးစိုက်လိုက်၏။

ဤသည်မှာ ပထမဆုံးအနေဖြင့် အစ်ဇာနီသည် သူ၏ရန်သူကို ဒဏ်ရာရအောင်တိုက်ခိုက်နိုင်လိုက်ခြင်းပင်။

သူ၏ရန်သူသည် ဤဒဏ်ရာကြောင့် တိုက်ခိုက်နိုင်စွမ်းကျရှုံးသွားသည့်ပုံမပေါ်ချေ။ ဓားမြောင်မှ ထိခိုက်စေမှုကိုအနည်းဆုံးဖြစ်အောင် သူ၏ခန္ဓာကိုယ်အားယိမ်းလိုက်ပြီး သူ၏ဓားများသည် အစ်ဇာနီ၏ဦးခေါင်းထံသို့ဦးတည်သွားလိုက်၏။

“သတိထား...”

“ဖီးလစ်...”

“ရပ်လိုက်...”

စင်ပတ်လည်မှ ဒေါသဖြစ်သည့်အော်ဟစ်သံများစွာထွက်ပေါ်လာသည်။ တိုးရိစ်၊ ပီတာ၊ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည် ဒေါသဖြင့်အော်ဟစ်လိုက်၏။ လေးသည် တိုးရိစ်၏လက်ထဲတွင်ပေါ်လာနေပြီဖြစ်ပြီး ကြောက်မက်ဖွယ်စွမ်းအင်များပါ၀င်နေသည်က မြှားများကို ပစ်လွှတ်တော့မည်ဖြစ်သည်။

သို့သော် ဤအခိုက်တန့်တွင် ဖှေးသူ၏လက်များကို ၀ှေ့ရမ်းကာဟန့်တားလိုက်သည်။

ပြိုင်ဘက်၏ဓားသည် အစ်ဇာနီ၏ခေါင်းနှင့်တစ်စင်တီမီတာခန့်အနီးသို့ရောက်သည့်အချိန်တွင် ရပ်တန့်သွား၏။ သွေးထွက်လွန်နေပြီဖြစ်သည့် အစ်ဇာနီသည် သတိလစ်မေ့မျောသွားတော့သည်။ ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းသည်မှာ ဤလူငယ်သည် သတိလစ်မေ့မျောသွားသည့်တိုင်အောင်စင်ပေါ်တွင် မက်တပ်ရပ်နေဆဲပင်။

“လေးစားစရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ...”

လေဂုဏ်သတ္တိအတွင်းအားစွမ်းအင်အသုံးပြုသည့် သိုင်းဆရာသည် ဓားမြောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ရပ်နေဆဲဖြစ်သည့် အစ်ဇာနီအားကြည့်လိုက်သည်။ သူ၏မျက်နှာသည်အေးစက်သွားပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ “ငါသူ့ကို အကြောင်းပြချက်သုံးခုကြောင့် မသတ်ခဲ့တာပဲ။ ပထမအကြောင်းပြချက်က ချမ်းဘော့ဒ်က သိုင်းဆရာတွေက ဘယ်ပြိုင်ပွဲမှာမှ ဘယ်သူ့ကိုမှမသတ်ခဲ့တဲ့အတွက် ငါသူ့ကိုသတ်မှာမဟုတ်ဘူး။ ဒုတိယအချက်က ဒီလူငယ်က င့ါထက်အားနည်းပေးမယ့် ငါနဲ့ တစ်နာရီကြာတိုက်ခိုက်ပြီးတော့ င့ါကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ လေးစားစရာကောင်းတဲ့ ပြိုင်ဘက်ဖြစ်တာကြောင့် ငါသူ့ကိုမသတ်ဘူး။ တတိယအနေနဲ့ လုပ်ကြံသတ်ဖြတ်သူဆိုတာ အရိပ်ထဲမှာပဲပုန်းအောင်းနေသင့်တယ်။ စင်မြင့်ပေါ်မှာ ယှဥ်ပြိုင်တိုက်ခိုက်နေရမှာမဟုတ်ဘူး အဲ့အတွက်ကြောင့် ငါသူ့ကို မသတ်ဘူး...”

ဤလူသည် အစ်ဇာနီအားပြောနေခြင်းမဟုတ်ပဲ ပရိသတ်ကို ကြေငြာနေသကဲ့သို့ပင်။

လူတိုင်းသည် ဤလူ၏စိတ်နေစိတ်ထားနှင့် အစ်ဇာနီ၏သံမဏိကဲ့သို့သော စိတ်ဓာတ်ကြောင့် အံ့သြနေသည့်အချိန်တွင် ဒိုင်လူကြီး၏ကြေငြာသံထွက်ပေါ်လာ၏။

“ရလဒ်...ချမ်းဘော့ဒ်ရှုံးနိမ့်ပါတယ်...”

All Chapters