အခန်း (၃၉၇)
Vol. 27 Ch. 397
ဒိုင်လူကြီးမှ ရလဒ်ကို ကြေငြာပြီးသည့်အချိန်တွင် ပရိသတ်အတွင်းမှ လူတစ်ယောက်ပြေးထွက်လာ၏။ အန္တရာယ်အရိပ်ယောင်ကို အာရုံခံလိုက်မိသည့်အချိန်တွင် စင်မြင့်ပတ်လည်တွင်ရှိသော အပြာရောင်စွမ်းအင်အကာရံမှာ ရုတ်တရက်ပေါ်ပေါက်လာ၏။ သို့သော် ကြယ်ခြောက်လုံးအဆင့်စစ်သည်များ၏တိုက်ခိုက်မှုကို ခံနိုင်သည့်မှော်စွမ်းအင်အကာရံသည် ဤလူ၏ရှေ့တွင် စက္ကူစတစ်ခုကဲ့သို့ပင်။ ထိုလူသည် သူ၏လက်ကို အသာ၀ှေ့ရမ်းလိုက်ပြီး စွမ်းအင်အကာရံကို ဖောက်ထွင်းလိုက်သည်။
“ချမ်းဘော့ဒ်ဘုရင်ပဲ...”
ဖှေးသည် စင်မြင့်ပေါ်သို့ရောက်လာပြီး သတိလစ်မေ့မြောနေသည့် လူငယ်ကို လက်ဖြင့်ပွေ့လိုက်သည်။
လူတိုင်းတိတ်ဆိတ်နေကြ၏။
“ချမ်းဘော့ဒ်ဘုရင် ဘာလုပ်မလို့လဲ။ သူ့ရဲ့တပည့်ကို လက်စားချေဖို့အတွက် တစ်ခြားပြိုင်ဘက်ကို သတ်တော့မှာလား...”
ဖှေးအနီရောင်ဆေးပုလင်းတစ်ခုကို ထုတ်ယူလိုက်ပြီး အစ်ဇာနီ၏ပါးစပ်အတွင်းသို့လောင်းထည့်လိုက်သည်။ ထို့နောက်တွင် အစ်ဇာနီ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ကြောက်မက်ဖွယ်ဒဏ်ရာများမှာ စတင်၍လှုပ်ရှားလာတော့၏။ အသားများ၏များပြန်လည်ထွက်ပေါ်လာပြီး အလွန်လျန်မြန်စွာပင် ပျောက်ကင်းလာတော့သည်။
လေထုမှာ အလွန်တင်းမာနေသည်။ အလွန်တင်းမာလွန်းလှသဖြင့် လူတော်တော်များများမှာ ဆေးပုလင်းတိုက်လိုက်ပြီးနောက်တွင် အစ်ဇာနီ၏ခန္ဓာကိုယ်လျှန်မြန်စွာစတင်၍ပျောက်ကင်းလာသည်ကိုပင် သတိမထားမိလိုက်ကြပေ။
ဖှေးဆေးပုလင်းအား သူ၏ထားသိုရာအကန့်အတွင်းသို့ပြန်ထည့်လိုက်ပြီး လေဂုဏ်သတ္တိအတွင်းအားစွမ်းအင်အသုံးပြုသည့်လူအားကြည့်လိုက်သည့်အချိန်တွင် လေထုမှာ ပို၍တင်းမာလာတော့သည်။ ချမ်းဘော့ဒ်ဘုရင်သည် ဤစစ်သည်အားပုရွတ်စိတ်တစ်ကောင်သတ်သကဲ့သို့ လွယ်လွယ်ကူကူဖြင့် သတ်ဖြတ်နိုင်သည်ကို လူတိုင်းသိကြသည်။
သို့သော် ချမ်းဘော့ဒ်ဘုရင် ဤကဲ့သို့ပြုမူမည်ကို မည်သူမှမလိုလားကြပေ။ ပရိသတ်အတွင်းမှ လူများသည် ချမ်းဘော့ဒ်ဘုရင်ဤလူကို ချမ်းသာပေးလိုက်ပြီး သူတို့၏စိတ်ထဲတွင် ချမ်းဘော့ဒ်ဘုရင်အား သူရဲကောင်းဆန်သည့်လူအနေဖြင့်သာ ဆက်လက်မြင်တွေ့လိုသောကြောင့်ပင်။
ချမ်းဘော့ဒ်ဘုရင်သည် ပါးကွပ်သားသူရဲကောင်းများနှင့် တိုက်ခိုက်ရဲခြင်းကြောင့် ပရိသတ်များစွာရရှိခဲ့သည်။ ဖှေးအားတစ်ခြားလူများမှာ မဟုတ်မခံသည့်သူရဲကောင်းတစ်ယောက်ဟုမြင်ကြပြီး အဖွဲ့၀င်တိုင်းပြည်များစွာမှလူများသည် ဖှေးအားသူတို့၏စံပြပုဂ္ဂိုလ်အနေဖြင့်ပင် သက်မှတ်ထားကြသည်။ သူသည် ဤသိုင်းဆရာကို စင်မြင့်ပေါ်တွင် သတ်ဖြတ်လိုက်ပါက သူသည် အနိုင်ကျင့်သည့်လူတစ်ယောက်သာဖြစ်သွားမည်ဖြစ်ပြီး သူ့ပေါ်တွင် ထားရှိခဲ့သည့်လေးစားမှုများအားလုံးပျက်ပျယ်သွားမည်ဖြစ်သည်။
ဖှေး၏ဓားသွာကဲ့သို့သောအကြည့်များသည် ထိုစစ်သည်ပေါ်တွင် ကျရောက်လျှက်ရှိသည်။ ဤစစ်သည်သည် မှန်ကန်သည့်အရာကို လုပ်ခဲ့ခြင်းဖြစ်သည်ဟုမိမိကိုယ်မိမိယုံကြည်သော်လည်း သူအနည်းငယ်စိုးရိမ်နေဆဲပင်။ သူသည် ချမ်းဘော့ဒ်ဘုရင်ကဲ့သို့သော လယ်ဗယ်ရှိသည့်သိုင်းဆရာတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အတွက် ဖိအားများကို ခံစားနေရသည်။ ထိုစစ်သည်သည် နဂါးတစ်ကောင်၏ရှေ့တွင်ရောက်နေသည့် သိုးငယ်တစ်ကောင်ကဲ့သို့ခံစာနေးရ၏။ ဖှေးသာ ဖိအားများထက်မံ၍ထုတ်လွှတ်လိုက်ပါက သူသည် မြေပေါ်သို့ပင် လဲကျသွားနိုင်သည်။
ဤသည်မှာ ၀ိဉာဥ်ပိုင်းဆိုင်ရာအထိပင်သက်ရောက်သည့်အကြောက်တရားပင်။
“မင်းနာမည်ဘယ်သူလဲ...” ဖှေးမေးလိုက်သည်။ “မင်းက ဘယ်အဖွဲ့၀င်တိုင်းပြည်ကလဲ...”
လေထုမှာ တင်းမာနေဆဲပင်။
ဖှေး၏အသံနေအသံထားမှာ တည်ငြိမ်နေသော်လည်း လူတိုင်းသည် တည်ငြိမ်သည့်အသံကို ကြားလိုက်ရုံဖြင့်ပင် အေးစက်သွားသလိုခံစားနေရ၏။ ချမ်းဘော့ဒ်ဘုရင်သည် ဤစစ်သည်ကို သတ်ဖြတ်ရုံတင်မကပဲ သူ၏တိုင်းပြည်တစ်ခုလုံးကိုပင် သုတ်သင်ပစ်တော့မည်ဟုထင်သွား၏။
သို့သော် ထိုစစ်သည်မှမူ ဤကဲ့သို့တွေးသည့်ပုံမရပေ။
“ကျွန်တော့နာမည်က အာရမ်း-ရော်ဘင်ပါ။ ကျွန်တော့တိုင်းပြည်နာမည်ကိုတော့ အရှင်ဒိုင်လူကြီးစီကနေ မေးလို့ရပါတယ်။ တိုင်းပြည်နာမည်ကို ကျွန်တော့စီကနေသိရမယ်လို့မထင်ပါနဲ့...” ၀င်ရောက်စွက်ဖက်ရန်တွန့်ဆုတ်နေသည့် ဒိုင်လူကြီးကိုမြင်တွေ့ရပြီးနောက်တွင် ရော်ဘင်သည်သူ၏ကျောကိုမက်လိုက်ပြီး ကျယ်လောင်စွာပြောလိုက်သည်။ “ပြိုင်ပွဲတစ်ခုမှာ စစ်သည်တွေဒဏ်ရာရတယ်၊ ဒါမှမဟုတ်အသက်ဆုံးရှုံးတယ်ဆိုတာက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပဲ။ ကျွန်တော်သူ့ကိုအလျှော့ပေးပြီးတိုက်ခိုက်ခဲ့ပြီးသား။ တကယ်လို့သာ အရှင်မကျေနပ်လို့ ကျွန်တော်ဒါမှမဟုတ်ကျွန်တော့ရဲ့တိုင်းပြည်ကို ဖျက်ဆီးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့သေတဲ့အထိတိုက်ခိုက်ကြတာပေါ့...”
ရောင်ဘင်သည် ဆုံးဖြတ်ချက်ခိုင်မာပြီးအကြောက်တရားကင်းမဲ့သည့်အသံဖြင့်ပြောလိုက်ပြီးသည့်နောက်တွင် ပရိသတ်များစွာ၏အားပေးထောက်ခံမှုကိုရရှိသွားတော့၏။
သို့သော် ရောင်ဘင်၏တုန့်ပြန်မှုကို လူတိုင်းသဘောကျသည်မဟုတ်ပေ။
“မင်းဘာလို့အဲ့လိုပြောရတာလဲ။ အာရန်း-ရော်ဘင်။ မင်းက အတော်မာနထောင်လွှားနေတဲ့ ခွေးသားပဲ။ ချမ်းဘော့ဒ်ဘုရင်ကိုအမြန်တောင်းပန်လိုက်စမ်း...” သရဖူတစ်ခု၀တ်ဆင်ထားသည့် ခပ်၀၀လူတစ်ယောက်သည် လူအုပ်အတွင်းမှ မက်တပ်ထရပ်လိုက်ကာ ပြောလိုက်၏။ သူသည် ရော်ဘင်အား လက်ညိုးထိုးကာ အော်ဟစ်လိုက်သည်။ သူသည် ခန္ဓာကိုယ်သည် အမှန်တကယ်ပင် တုန်ခါနေ၏။
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် သူသည် ဖှေးဘက်သို့လှည့်လိုက်ကာ အူယားဖားယားပြုံးလိုက်ပြီး “အရှင်မင်းကြီး ကျွန်တော့ရဲ့တောင်းပန်မှုကို လက်ခံပေးပါ။ ဒီနေ့ကစပြး ကျွန်တော်တို့တူဒါတိုင်းပြည်မှ ရော်ဘင်လို့ခေါ်တဲ့လူမရှိတော့ပါဘူး။ သူက အရှင့်ကို စော်ကားခဲ့တဲ့အတွက် အဆက်ဆံဖြတ်လိုက်ပါ့မယ့်။ သူ့ရဲ့အပြုမူတွေက ကျွန်တော်တို့တိုင်းပြည်နဲ့ လုံး၀သက်ဆိုင်ခြင်းမရှိတော့ပါဘူး။ တကယ်တန်းဆို့ ကျွန်တော်အရှင်မင်းကြီးကို အလွန်လေးစားတဲ့လူတစ်ယောက်ပါ...”
ဖှေးမျက်မှောင်ကြုံ့လိုက်သည်ကို တွေ့လိုက်သည့်အချိန်တွင် အဆင့်၃တူဒါအဖွဲ့၀င်တိုင်းပြည်၏ဘုရင်သည် ဆက်လက်၍မပြောရဲတော့ချေ။ ထိုဘုရင်သည် ရော်ဘင်ဘက်သို့လှည့်လိုက်ပြီးအော်ဟစ်လိုက်သည်။ “စောက်ရူးမင်းသိတာက ပြသနာဘယ်လိုရှာရမလဲဆိုတာကိုပဲ။ မင်းရဲ့သေခါနီးအဖေကို ခေါ်ပြီးတော့ငါ့ရဲ့တိုင်းပြည်ထဲကနေထွက်သွားတော့ကွာ။ ဒီနေ့ကစပြီး တူဒါတိုင်းပြည်က မင်းတို့စောက်ပိန်းနှစ်ယောက်ကို မကြိုဆိုတော့ဘူး...”
ဤခပ်၀၀လူမှာ တူဒါတိုင်းပြည်၏ဘုရင်ပင်။
ရော်ဘင်ဟုအမည်ရသည့် စစ်သည်မှာ တူဒါဘုရင်အပေါ်တွင် သစ္စာခံထားသည့် အိမ်ချေမဲ့သိုင်းဆရာတစ်ယောက်ဖြစ်သည်။
ရော်ဘင်သည် ငွေကြေးမရှိပဲ သူ၏အဖေသည်လည်း အလွန်နာမကျန်းဖြစ်နေ၏။ သူသည် အမှတ်မထင်တူဒါတိုင်းပြည်ဘုရင်နှင့် တွေ့ဆုံခဲ့မိသည်။ တူဒါဘုရင်သည် ရော်ဘင်အား စွမ်းအားကြီးစစ်သည်တစ်ယောက်ဖြစ်သည့်အတွက်လက်ခံခဲ့ပြီး တူဒါတိုင်းပြည်သည်လည်း ရော်ဘင်၏အစွမ်းကြောင့် တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲသို့တက်ရောက်နိုင်ခဲ့သည်။
တူဒါဘုရင်သည် ရတနာတစ်ခုကို ပိုင်ဆိုင်ရလိုက်သည့်အတွက် ယခင်က ပျော်ရွှင်နေခဲ့သော်လည်း ယခုအချိန်တွင်မူ ထိုရတနာသည် ပြသနာများယူဆောင်ပေးလိမ့်မည်ဟုထင်မထားခဲ့ပေ။
ရောင်ဘင်သည် ချမ်းဘော့ဒ်ဘုရင်၏တပည့်အားအသေသတ်လုနည်းပါးဖြစ်ခဲ့ခြင်းသည် ဤဘုရင်အားသေမတတ်ပင်ကြောက်လန့်သွားစေခဲ့၏။ ချမ်းဘော့ဒ်ဘုရင်သည် သူ၏တိုင်းပြည်ကိုပါ ပြသနာရှာမည်ဆိုးသဖြင့် ရော်ဘင်နှင့် လျှင်မြန်စွာပင် အဆက်သွယ်ဖြတ်လိုက်ခြင်းဖြစ်သည်။
တူဒါဘုရင်စကားပြောပြီးသည့်အချိန်တွင် ပရိသတ်များထဲတွင် ရှိသည့်လူများစွာမှာ သူ့အားလှောင်ပြောင်ကြတော့သည်။
လူတိုင်းနီးပါးပင် ရော်ဘင်အတွက်စိတ်မကောင်းဖြစ်နေကြ၏။
ဤလေးဂုဏ်သတ္တိအတွင်အားစွမ်းအင်အသုံးပြုသည့်သိုင်းဆရာသည် စွမ်းအားမြင့်မားကာ တရားမျှတသည့်လူတစ်ယောက်ပင်။ အစ်ဇာနီနှင့်တိုက်ခိုက်ခဲ့စဥ်က သူပြသခဲ့သည့်အစွမ်းများ၊ အစ်ဇာနီအားမသတ်ခဲ့သည့်အကြောင်းပြချက်သုံးခုတို့သည် သူသည် လူကောင်းတစ်ယောက်ဖြစ်ခြင်းကို ဖော်ပြနေ၏။ ဤကဲ့သို့အားနည်းကာ သိမ်ငယ်သည့် ဘုရင်တစ်ပါးအပေါ်တွင် သစ္စာခံထားသည်မှာ ဆိုး၀ါးလှသည်။
“မင်း ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင် ငါဆက်ပြီးတော့ အပြစ်ပေးမှာမဟုတ်ဘူး...” ဖှေး တည်ငြိမ်စွာဖြင့်ပြောလိုက်၏။ ရော်ဘင်သည်လည်းရှင်းလင်းစွာကြားလိုက်ရသည်။
တိတ်ဆိတ်နေသည်။
ရှည်ကြာစွာတိတ်ဆိတ်နေ၏။
ရော်ဘင်သည် ဘာမှပြန်ပြောခြင်းမရှိပေ။ သူသည် ခြေထောက်များသည် မြေပြင်ပေါ်တွင် ရပ်လျှက်ရှိပြီး ရင့်ကို ကော့ထား၏။ အစိမ်းရောင်တွင်းအားစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် စတင်၍လောင်ကျွမ်းလာတော့သည်။ သူ၏ကြယ်ငါးလုံးစတင်သူအဆင့်အတွင်းအားစွမ်းအင်များကို အမြင့်ဆုံးထုတ်ထားပြီး သူသည် ဖှေး၏ဖိအားများအောက်တွင် နောက်တဆင့်သို့ပင်ရောက်ရှိတော့မည်ဖြစ်သည်။
ဤသည်မှာ သူ၏ဆုံးဖြတ်ချက်ပင်။
သူသည် ဒူးထောက်ရမည့်အစားအသေခံမည်ဖြစ်သည်။
တောက်လောင်နေသည့်အတွင်းအားစွမ်းအင်များသည် ၀မ်းနည်းသည့်ခံစားချက်တစ်ခုကို ထုတ်လွှတ်လျှက်ရှိသည်။ ပရိသတ်ထဲတွင်ရှိနေသည့်လူများနှင့်ရော်ဘင်ကိုယ်တိုင် သူသည် ချမ်းဘော့ဒ်ဘုရင်၏တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်လိမ့်မည်မဟုတ်ကြောင်းကို သိရှိကြသည်။
သို့သော် ဤအခိုက်တန့်တွင် အနိုင်အရှုံးမှာအရေးမကြီးလှပေ။
အရေးကြီးသည်မှာ စစ်သည်တစ်ယောက်၏ဂုဏ်သရေပင်။
ဖှေးရုတ်တရက်ရယ်မောလိုက်သည်။ “မင်းက ငါ့ကိုယှဥ်နိုင်မှာမဟုတ်ဘူး။ သေချာစဥ်းစားပါ။ မင်းဒီမှသေသွားမယ်ဆိုရင် မင်းရဲ့အဖေကို ဘယ်သူစောင့်ရှောက်မှာလဲ...”
ဖှေးသည် ရော်ဘင်နှင့်ပတ်သက်သည့်အသေးစိတ်အချက်လက်များအားလုံးကို သိရှိပြီးဖြစ်သည်။
ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် ရော်ဘင်၏အတွင်းအားစွမ်းအင်မီးတောက်များမှာ အနည်းငယ်မှေးမှိန်သွားသည်။ ဖှေး၏စကားလုံးများသည် ရော်ဘင်၏အရှိုက်ကို ထိသွားသည့်ပုံပင်။
သို့သော် နောက်စက္ကန့်တွင် အရာအားလုံးသည်ပုံမှန်ပြန်ဖြစ်လာတော့သည်။
“ကျွန်တော်ဒူးထောက်ဖို့ရွေးချယ်လိုက်မယ်ဆိုရင် ကျွန်တော့ကိုအဖေကခွင့်လွှတ်မှာမဟုတ်ဘူး။ သေခြင်းနှင့် စစ်သည်တစ်ယောက်ရဲ့ဂုဏ်သရေကို ရွေးချယ်ရမယ်ဆိုရင် ကျွန်တော်ရောကျွန်တော့အဖေရောက သေဖို့ကိုပဲရွေးချယ်ကြလိမ့်မယ်...”
ရော်ဘင်၏စကားလုံးများသည် သံမဏိကဲ့သို့ပင် ခိုင်မြဲလှသည်။
“ကောင်းတယ်။ တကယ်ကောင်းတယ်။ မင်းကစစ်သည်အစစ်မှန်တစ်ယောက်ပဲ။ ဒါပေမယ့် မင်းလိုပတ္တမြားက နွံထဲနစ်နေတာစိတ်မကောင်းစရာပဲ...” လူတိုင်းသည် ရော်ဘင်အသတ်ခံရတော့မည်ဟုထင်နေသည့်အချိန်တွင် ဖှေးရုတ်တရက်သက်ပြင်းချကာ ဆက်ပြောလိုက်သည်။ “မင်းလိုသူရဲကောင်းအစစ်မှန်တစ်ယောက်က ဘုရင်အစစ်မှန်တစ်ပါးလက်အောင်မှာပဲ တာ၀န်ထမ်းဆောင်သင့်တယ်။ မင်းဒီလိုလူစီမှာ တာ၀န်ထမ်းဆောင်နေရတာ အလကားဖြစ်တယ်လို့မထင်ဘူးလား...”
ဖှေး တူဒါဘုရင်ကို လက်ညိုးထိုးကာပြောလိုက်သည်။
တူဒါဘုရင်၏မျက်နှာသည် အရောင်ကင်းမဲ့သွားတော့၏။
ရော်ဘင်သည် ဖှေးဤကဲ့သို့ပြောလိမ့်မည်ဟုထင်မထားခဲ့ပေ။ သူ၏ခေါင်းထဲတွင် အကြောင်းရာတစ်ခုကိုစဥ်စာလိုက်မိ၏။ သူသည် မယုံနိုင်စရာကောင်းလောက်အောင်ခံစားလိုက်ရပြီး ဘာပြန်ပြောရမည်မသိဖြစ်သွားတော့သည်။
လူအုပ်အတွင်းတွင်ရှိနေသည့် ပရိသတ်များလည် ဖှေးပြောလိုက်သည်ကို အံ့သြသွားကြ၏။
“အဲ့လူက မင်းရဲ့သစ္စာခံမှုနဲ့မထိုက်တန်ဘူး။ ချမ်းဘော့ဒ်က မင်းအတွက် ပိုကောင်းတဲ့နေရာတစ်ခုဖြစ်မယ်လို့ ငါထင်တယ်။ အာရန်း-ရော်ဘင် ငါမင်းလို စစ်သည်တစ်ယောက်ကို တကယ်လေးစားတယ်။ ချမ်းဘော့ဒ်ကိုလာမလား...”
ဖှေး၏မျက်နှာပေါ်တွင် လေးစားတည်ကြည်သည့်အမူယာတစ်ခုပေါ်လာ၏။ သူသည် ရော်ဘင်အားဆက်ပြောလိုက်သည်။ “ဒါပေါ့ ငါမင်းကို ဒီနေ့မှာတင်ဆုံးဖြတ်ချက်ချဖို့ဖိအားမပေးပါဘူး။ မင်းဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ငါက မင်းလို စစ်သည်အစစ်မှန်တစ်ယောက်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးပဲရှိချင်ပါတယ်။ မင်းလို လူတစ်ယောက်ကို ချမ်းဘော့ဒ်က အမြဲကြိုဆိုနေမှာပါ...”
“....”
ပရိတ်သတ်ထဲတွင်ရှိနေကြသည့်လူများတစ်ဦးနှင့် တစ်ဦးတီတိုးပြောဆိုနေကြ၏။ မည်သူမှ ဤကဲ့သို့သောပြောင်းလဲမှုကို မျှော်လင့်မထားပေ။ စစ်သည်အများစုမှာ စိတ်သက်သာသွားကြသည်။ ချမ်းဘော့ဒ်ဘုရင်သည် သူတို့လေးစားအားကျရသည့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေဆဲဖြစ်သောကြောင့်ပင်။
သို့သော် မကြာမှီတွင် သူတို့အားလုံးမျှော်လင့်စွာဖြင့် စိတ်၀င်တစားစောင့်ဆိုင်းနေကြ၏။
အာရန်-ရော်ဘင်လိုစစ်သည်က ချမ်းဘော့ဒ်ဘုရင်အပေါ်မှာ သစ္စာခံမှာလား။
လူများစွာသည် ပျော်ရွှင်ဖွယ်ကောင်းသည့်အဆုံးသတ်ကို မျှော်လင့်စောင့်စားနေကြ၏။ အာရန်း-ရော်ဘင်ကဲ့သို့သော စစ်သည်သည် ချမ်းဘော့ဒ်ဘုရင်လိုဘုရင်မျိုးကိုသာ အလုပ်ကျွေးပြုရန်ထိုက်တန်သောကြောင့်ပင်။ ယနေ့တွင် တူဒါဘုရင်သည် ရော်ဘင်နဲ့အဆက်သွယ်ဖျက်လိုက်သည့်အတွက် သူသည် မည်သူ့အားသစ္စာခံရမည်ကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိသွားပြီဖြစ်သည်။
“ကျွန်တော် အာရန်း-ရော်ဘင် ချမ်းဘော့ဒ်ဘုရင်ထံမှာ သစ္စာခံပါတယ်။ သေတဲ့အထိချမ်းဘော့ဒ်ဘုရင်ရဲ့ဂုဏ်သရေကို စောင့်ရှောက်ကာကွယ်သွားပါ့မယ်...”
လူပေါင်းများစွာ၏အရှေ့တွင် ရော်ဘင်သည် ဒူးတစ်ဖက်ထောက်ကာ သစ္စာခံလိုက်၏။
ဤသည်မှာ ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခုမဟုတ်ပေ။
သူ၏အရှေ့တွင်ရပ်နေသည့်လူမှာ သူ၏သစ္စာတရားနှင့်ထိုက်တန်သည့်ဘုရင်တစ်ပါးဖြစ်သည့်အတွက်ပင်။
“ဟားဟား ငါမင်းရဲ့သစ္စာတရားကို စစ်ပွဲနတ်ဘုရားရဲ့ရှေ့မှာ လက်ခံတယ်...” ဖှေးရယ်မောကာ ရော်ဘင်၏သစ္စာခံမှုကို ထုံးစံများအတိုင်းပြန်လည်တုန့်ပြန်ကာ လက်ခံလိုက်၏။ ချမ်းဘော့ဒ်ဘုရင်သည် ဤလူအားအရေးကြီးသည့်လူတစ်ယောက်အနေဖြင့်မြင်ကြောင်းကို လူတိုင်းသိရှိကြသည်။ ထို့နောက်တွင် တူဒါဘုရင်အားနောက်လိုက်သည်။ “ကျွန်တော့ကို စစ်သည်အစစ်မှန်တစ်ယောက်ပေးတဲ့အတွက် ကျေးဇူးပါပဲ အရှင်မင်းကြီး...”
တူဒါဘုရင်၏မျက်နာမှာ နီရဲနေ၏။