အခန်း (၃၉၈)
Vol. 27 Ch. 398
မိုးချုန်းသံကဲ့သို့သော လက်ခုပ်သံများနှင့်အော်ဟစ်အားပေးသည့်အသံများသည် စင်ပတ်လည်တွင် ဆူညံသွား၏။
တစ်ချို့ခရီးသွားစစ်သည်များသည် ဤအရာကိုမြင်တွေ့မိသည့်အတွက် ၀မ်းသာပီတိဖြစ်သွားကြရသည်။ သူတို့သည် စွမ်းအားမြင့်စစ်သည်တစ်ယောက်ဖြစ်သည့် ရော်ဘင်သည့် မကောင်းသည့်ဘုရင်တစ်ပါးဖြစ်သည့် တူဒါဘုရင်၏လိုသလိုအသုံးချခိုင်းစေခြင်းခံနေရသည်ကို တွေ့ရသည့်အချိန်တွင်၀မ်းနည်းမိ၏။ သူတို့၏ကံကြမ္မာကို မြင်တွေ့ရသကဲ့သို့ခံစားရသောကြောင့်ပင်။ သူတို့တွင် စစ်သည်စွမ်းအားများရှိနေကြသော်လည်း ကိုယ်ပိုင်နိုင်ငံမရှိသဖြင့် ထိုက်တန်သည့်ရာထူးဂုဏ်ရှိန်တို့ကို ပိုင်ဆိုင်ရခြင်းမရှိပေ။ အသက်ရှင်သန်နိုင်ရန်အတွက် သူတို့သည် ဓားသွားများကြားထဲတွင် ကခုန်ကာ သေရေးရှင်ရေးအခြေအနေတို့ကို ကျော်ဖြတ်ကြရ၏။ သို့သော် ပျင်းရိသည့် ဆွေကြီးမျိုးကြီးများသည် ချမ်းချမ်းသာသာနေနိုင်ရန်အတွက် ဓားတစ်ချောင်းကိုပင် ကိုင်တွယ်ရခြင်းမရှိပေ။ ဘ၀သည် မမျှတသကဲ့သို့ခံစားရသဖြင့် လူများစွာသည် သက်ပြင်းချလိုက်မိ၏။
သို့သော် ရောင်ဘင်သည် အလွန်စွမ်းအားကြီးသည့်ဘုရင်တစ်ပါးဖြစ်သည့် ချမ်းဘော့ဒ်ဘုရင်၏လေးစားခြင်းကို ခံရသည်ကို တွေ့ရသည့်အချိန်တွင် ဤစစ်သည်များသည်လည်းချမ်ဘော့ဒ်ဘုရင်၏အသိမှတ်ပြုခံရသကဲ့သို့ခံစားလိုက်ရ၏။ အနိမ့်ကျဆုံးလူများပင် ဂုဏ်သရေတစ်ချို့ရှိနေပြီး အသက်စွန့်ကာကွယ်ရန်အတွက် ဆန္ဒရှိနေကြသည်။
ချမ်းဘော့ဒ်ဘုရင်သည် သာမန်ဘုရင်တစ်ပါးမဟုတ်ပေ။ သူသည် အကန့်သက်မဲ့သည့်အနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားသည့်စွမ်းအားမြင့်ဘုရင်တစ်ပါးဖြစ်သည်။
ဤကဲ့သို့သောလူမျိုး၏အသိမှတ်ပြုခြင်းကို ခံရခြင်းသည် အသိဉာဏ်မရှိသည့် ဆွေကြီးမျိုးကြီးများထံတွင် တာ၀န်ထမ်းဆောင်နေကြရသည့် စစ်သည်များအား မျှော်လင့်ချက်အလင်းရောင်ပြန်ပေးလိုက်သကဲ့သို့ပင်။
“အာရန်း မင်းရဲ့ပစ္စည်းတွေကို သွားပြီးထုပ်ပိုးတော့။ ပီးရင် မင်းအဖေကို ချမ်းဘော့ဒ်စခန်းမှ ငါနဲ့တွေ့ဖို့ခေါ်လာခဲ့။” ဖှေးသည် ရော်ဘင်၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “မင်းက အခုငါ့ရဲ့စစ်ရေးခေါင်းဆောင်တွေထဲကတစ်ယောက်ပဲ။ မင်းတို့တစ်ယောက်ယောက်ကအာရုံလာနောက်ရင်ငါ့ကို ပြောလိုက်...” ဖှေးသည် ရိုဘင်အားပြောလိုက်သော်လည် တူဒါဘုရင်ကို သတိပေးလိုက်ခြင်းဖြစ်သည်ကို လူတိုင်းသိရှိကြသည်။
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဂုဏ်ယူပါတယ် မစ်စတာ ရော်ဘင် မဟုတ်ပါဘူး ခေါင်းဆောင်ရော်ဘင်က အခုဆိုချမ်းဘော့ဒ်ဘုရင်လက်အောက်က ဖြစ်သွားပြီ။ အရှင် ချမ်းဘော့ဒ်စခန်းကို လွယ်လွယ်ကူကူရွေ့ပြောင်းနိုင်အောင် ရထားလုံးတွေစီစဥ်ပေးလိုက်ပါမယ်...” တူဒါဘုရင်သည် ဘုရင်ကောင်းတစ်ဦးမဟုတ်သော်လည်း ဤကဲ့သို့သောအခြေအနေမျိုးတွင် မည်ကဲ့သို့တုန့်ပြန်ရမည်ကို ကောင်းစွာနားလည်၏။ သူသည် ဖှေး၏စကားလုံးများထဲတွင် ပါရှိသည့်ချိမ်းခြောက်မှုကို ကောင်းစွာနားလည်သည်။ သူ၏အခိုင်းစေသည် ယခုအချိန်တွင် ခေါင်းဆောင်ရော်ဘင်ဖြစ်သွားသဖြင့် သူ၏အသံနေအသံထားသည် အလွန်ရိုသေနေ၏။
လေဂုဏ်သတ္တိအတွင်းအားစွမ်းအင်အသုံးပြုသည့် သိုင်းဆရာသည် အရေးကြီးလူတစ်ယောက်ဖြစ်လာတော့မည်ကို လူတိုင်းသိရှိကြသည်။ လူပေါင်းများစွာသည် ရော်ဘင်အား အားကျသည့်အမူယာများဖြင့်ကြည့်နေကြ၏။ ချမ်းဘော့ဒ်ဘုရင်သည် သူ၏လူများအား ကာကွယ်စောင့်ရှောက်ကာ အခွင့်ရေးများစွာပေးတတ်သည်မှာ လူတိုင်းသိရှိကြသောကြောင့်ပင်။ ယခုအချိန်မှစပြီး အဆင့်၁အဖွဲ့၀င်တိုင်းပြည်များမှ ဘုရင်များကပင် ရော်ဘင်ကိုခေါင်းဆောင်ရော်ဘင်ဟုခေါ်ကြရတော့မည်ဖြစ်သည်။
ဤသည်မှ ထီပေါက်သွားသကဲ့သို့ပင်။
“ကျေးဇူးပါအရှင်မင်းကြီး ကျွန်တော်သေတဲ့အထိသစ္စာစောင့်ထိန်းသွားပါ့မယ်...” ရော်ဘင်သည် ဖြစ်သွားသည့်အရာများကို ယုံနိုင်ခြင်းမရှိသေးပေ။ သူသည် အိမ်မက်မက်နေသကဲ့သို့ပင်။ သေရတော့မည်ဟုသူထင်နေသည့်အချိန်တွင် ကံတရားနတ်သမီးသည် သူ့အားလာရောက်ထိတွေ့လိုက်သကဲ့သို့ပင်။
ရောင်ဘင်သည် မြေပြင်ပေါ်တွင် ထက်မံ၍ဒူးထောက်ရန်ပြင်လိုက်၏။
ဖှေးသည် ရယ်မောကာ သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည်။ မမြင်နိုင်သည့်စွမ်းအားတစ်ခုသည် ရော်ဘင်အားဒူးထောက်ရန်မှ တားဆီးထား၏။ ထို့နောက်တွင် ဖှေးအစ်ဇာနီအား ပွေ့ကာ ပျောက်ကွယ်သွားတော့သည်။
ရော်ဘင်သည် အိမ်မက်မက်နေသကဲ့သို့ပင်ခံစားနေရ၏။
“ခေါင်း...ခေါင်းဆောင်ရော်ဘင် အရှင်အထုတ်ပိုးတွေပြင်တော့မလို့လား။ ကျွန်တော့ အရှင့်ရဲ့အဖေကို အသိပေးဖို့အတွက် လူတစ်ယောက်လွှတ်ပြီးပါပြီ။ သူကအရှင့်အတွက် သေချာပေါက်၀မ်းသာနေတော့မှာပါ...”
မြှောက်ပင့်လိုသည့်အသံတစ်ခုထွက်ပေါ်လာသည်။
ရော်ဘင်လှည့်ကြည့်လိုက်ရာ တူဒါဘုရင်သည် သူ့ထံသို့လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ လက်ရှိတွင် ထိုဘုရင်၏မျက်နှာပေါ်တွင်ရှိနေသည့် မြှောက်ပင့်ဖားယားလိုသည့် အပြုံးနှင့် ယခင်က ရှိတတ်သည့် မာနထောင်လွှားကာ ထီမမြင်တတ်သည့် အမူယာအားပြ်လည်သတိရကာ ရော်ဘင်သည် တစ်စုံတစ်ရာပြန်လည်ဖြေကြားခြင်းမရှိပဲ ထွက်လာခဲ့တော့သည်။
......
......
အစ်ဇာနီသည် အလွန်ပြင်းထန်စွာဖြင့် ဒဏ်ရာရရှိထား၏။
သွေးပုလင်း၏အစွမ်းကြောင့် ဒဏ်ရာအများစုမှာပျောက်ကင်းသွားပြီဖြစ်သော်လည်းတိုက်ပွဲတွင် စိတ်ဖိစည်းမှုများနှင့် အာရုံပြင်းထန်စွာစူးစိုက်ခဲ့ရသဖြင့် သူသည် ၀ိဉာဥ်စွမ်းအားများနှင့် စိတ်စွမ်းအင်များစွာကုန်ခမ်းနေသေးသည်။ သူသည် အချိန်အတန်ကြာပင် သတိလစ်မေ့မျောနေလျှက်ပင်ရှိ၏။
စစ်ဆေးကုသမှုတစ်ချို့ပြုလုပ်ပြီးသည့်နောက်တွင် ပီတာနှင့် အိုလတ်ဂ်တို့သည် အစ်ဇာနီအား သူ၏တဲထံသို့ အနားယူရန်ပြန်လည်ခေါ်ဆောင်သွား၏။ ရေပူစမ်းမြို့တော်မှ မိဘမဲ့ကလေးလေးယောက်သည်လည်း စိုးရိမ်စွာဖြင့် အစ်ဇာနီ၏တဲအတွင်းသို့လိုက်ပါသွားသည်။
ရေပူစမ်းမြို့ထဲတွင်ရှိခဲ့သည့် သူတို့၏မိသားစုမှ သူတို့ငါးယောက်သာအသတ်ရှင်ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် သူတို့သည် သေဆုံးသွားသည့်လူများအတွက် လက်စားပြန်ချေနိုင်ရန်အတွက် အခြင်းခြင်းစည်းလုံးညီညွတ်ရမည်ဖြစ်သည်။
ဖှေးနှင့် ကျန်လူများသည် တစ်ခြားပြိုင်ပွဲများကြည့်ရှုရန်အတွက် စင်များပတ်လည်တွင်သာ နေရစ်ခဲ့ကြ၏။
မတ်-ရာဇီ၏စာအုပ်ထဲတွင် ပါ၀င်သည့်လူတိုင်းကို ဖှေးစိတ်၀င်စားမိသည်။ ဖှေးသည် အနာဂတ်ပြိုင်ပွဲများနှင့် ပတ်သက်၍သိပ်ပြီးစိုးရိမ်လှခြင်းမရှပေ။ ရော်ဘင်၏ဖြစ်ရပ်သည် သူ့အားအကြံတစ်ခုပေးခဲ့သည်။ ဤနေရာသည် အရည်ချင်းရှိသည့်လူများကို စုဆောင်းရန်အတွက်ကောင်းမွန်သည့်နေရာတစ်ခုဖြစ်သည်ဆိုသည်ကိုပင်။
ချမ်းဘော့ဒ်သည် သေးငယ်သည့် တိုင်းပြည်တစ်ခုဖြစ်သောကြောင့် အရည်ချင်းရှိသည့်လူသစ်များကိုရှာဖွေစုဆောင်းရန်မှာ ခဲယဥ်းလှသည်။ ချမ်းဘော့ဒ်တွင်ရှိသည့် အရည်ချင်းရှိသောစစ်သည်မှန်သမျှကို ဖှေးကိုယ်တိုင် ဒိုင်ယာဘလိုကမ္ဘာ၏အကူညီကိုရယူကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။ အကယ်၍တစ်စုံတစ်ယောက်သည် နိုင်ရာစားအေဇာရုတိုက်ကြီးပေါ်တွင် ရှင်သန်လိုပါက တစ်ကိုယ်ရည်အစွမ်းနှင့် ရာထူးဂုဏ်ရှိန်နှစ်ခုလုံးလိုအပ်လိမ့်မည်ဖြစ်သည်။ တိုင်းပြည်တစ်ခု၏အရှိန်၀ါကို ကျယ်ပြန့်လိုပါက အရည်ချင်းရှိသည့်လူများမှာ မရှိမဖြစ်ပင်။
လွန်ခဲ့သည့်ရက်များက လမ်းပါ့ဒ်နှင့် ပီတာတို့ကဲ့သို့သောချမ်းဘော့ဒ်မှစစ်သည်များသည် အင်အားကြီးအဖွဲ့စည်းများထံမှ ဖိတ်ကြားစာများရရှိခဲ့ကြသည်။ ဤအချက်ကြောင့်ဖှေးသည် ဤပြိုင်ပွဲသည် တစ်ခြားအဖွဲ့စည်းများထံမှ အရည်ချင်းရှိသည့်လူများကို လုယူဓားပြတိုက်နိုင်သည့်အခွင့်ရေးတစ်ခုဖြစ်ကြောင်းကို ဖှေးသဘောပေါက်နားလည်လာခဲ့၏။
မကြာမှီတွင် ချမ်းဘော့ဒ်တိုင်းပြည်၏ပထမဆုံးရှုံးနိမ့်သည့်သတင်းသည် စခန်းချနေရာတစ်ခုလုံးတွင် ပြန့်နှံ့သွားတော့၏။ ဆွေကြီးမျိုးကြီးမိသားစုများနှင့် အင်အားကြီးအဖွဲ့စည်းများသည်လည်း ဤသတင်းကိုကြားလိုက်ကြရသည်။
ဤသည်မှ သေးငယ်သည့် ရှုံးနိမ့်မှုတစ်ခုသာဖြစ်သော်လည်း သက်ရောက်မှုမှာ အလွန်ကြီးမားသည်ဟုဆိုရမည်။
ခရီးသွားကဗျာဆရာများပြောသည့် ပုံပြင်များထဲတွင် ချမ်းဘော့ဒ်ဘုရင်နှင့် သူ၏စစ်သည်များအား ပြိုင်ဘက်ကင်းသောစစ်သည်များအဖြစ်ဖော်ပြကြသည်။ သို့သော် အရိပ်မဲ့လုပ်ကြံသတ်ဖြတ်သူ ရှုံးနိမ့်သွားသည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ပြိုင်ဘက်ကင်းသည့် ဒဏာရီများမှာ အနည်းငယ်အက်ကွဲသွားသည်ဟုဆိုရမည်။ လူတိုင်းသည် ချမ်းဘော့ဒ်တိုင်းပြည်၏အနာဂတ်နှင့် ပတ်သက်၍စတင်ပြီးတွက်ဆမှုများပြုလုပ်လာကြတော့သည်။
ကောလဟာလများမှာ အလွန်ပင်စွမ်းအားမြင့်လှသည်။ အရာအားလုံးသည်ပြောင်းပြန်ဖြစ်သွားသဲ့သို့ပင်။
“မင်းတို့ကြားလိုက်သေးလား။ ချမ်းဘော့ဒ်က တစ်ပွဲရှုံးသွားပြီတဲ့...”
“မင်းရောကြားပြီးသွားပြီလား။ ဟုတ်တယ်...ဘယ်လိုပဲပြောပြောအဆင့်ခြောက်အဖွဲ့၀င်တိုင်းပြည်တစ်ခုမှာတော့ အင်အားသိပ်ရှိမှမဟုတ်ဘူးလဲ။ ဒီရှုံးနိမ့်မှုက ချမ်းဘော့ဒ်တိုင်းပြည် ကျရှုံးခြင်းရဲ့အစများဖြစ်နေမလားပဲ...”
“ဟားဟား သူတို့ရှုံးတယ်ဆိုတာ ပုံမှန်ပါပဲ။ ဒီဒဏာရီတွေဆိုတာက လူတွေပဲဖန်တီးထားတာလေ။ ချမ်းဘော့ဒ်ဘုရင်တစ်ယောက်ထဲကပဲ ကျွမ်းကျင်သိုင်းဆရာတစ်ယောက်ပဲ။ ကျန်တဲ့ သူ့ရဲ့စစ်သည်တွေကအကုန်လုံးချဲ့ကားပြီးပြောထားကြတာ။ မျှော်လင့်ချက်များဖျက်ဆီးသူတို့ အဖျက်စွမ်းအားကြီးလက်ချောင်းတို့က အကုန်လုံးအလကားပါကွာ....”
“မင်းတို့သိလား ချမ်းဘော့ဒ်တိုင်းပြည်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေကအကုန်အတုတွေတဲ့ကွ ပြိုင်ဘက်တွေကို ချမ်းဘော့ဒ်ဘုရင်က နောက်ကွယ်မှာ ချိန်းခြောက်ပြီးတော့ အရှုံးပေးခိုင်းထားတာ ဆိုပဲ...”
လူများစွာသည် ဤကြောင်းကို ပြောနေကြသည်။ ဖှေးနှင့် သူ၏လူများဖြတ်သွားသည့်အချိန်တွင် ထိုလူများသည် ပါးစပ်ပိတ်ထားကြမည်ဖြစ်ပြီး ဖှေးတို့အ၀ေးသို့ရောက်သွားသည့်အချိန်တွင် ချမ်းဘော့ဒ်မှလူများကို လက်ညိုးထိုးကာ ဆက်လက်ပြောနေကြမည်ဖြစ်သည်။ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့မှာ အလွန်ဒေါသဖြစ်နေကြသည်။ သို့သော် သူတို့ဘာမှလုပ်နိုင်ခြင်းမရှိပေ။