← Chapters

အခန်း (၃၉၉)

Vol. 27 Ch. 399

အခန်း (၃၉၉)

Vol. 27 Ch. 399

ဖှေး၏အမူယာမှာမူ တည်ငြိမ်လျှက်ရှိသည်။

အစ်ဇာနီ၏ရှုံးနိမ့်မှုမှာ မကောင်းသည့်သက်ရောက်မှုတစ်ချို့ရှိသော်လည်း လူများပြောနေသလောက်ဆိုး၀ါးသည်တော့မဟုတ်လှပေ။ ဖှေး၏အထင်သာမှန်ကန်ပါက ဤကောလဟာလများ၏နောက်ကွယ်တွင် အဖွဲ့စည်းတစ်ချို့ရှိနေနိုင်၏။ ထိုအဖွဲ့စည်းသည် ချမ်းဘော့ဒ်အား သွေးစွန်းဂိုဏ်းမှရတနာများကို အသုံးပြပြီး မတရားစွပ်စွဲရန်ကြိုးစားခဲ့သည့်အဖွဲ့စည်းပင်ဖြစ်နိုင်ကြောင်းကိုလည်း ဖှေးရိပ်မိသည်။

ဖှေးပြိုင်ပွဲတော်တော်များများအား ကြည့်ရှုခဲ့၏။

ဂူဒေါင်တိုင်းပြည်မှ ဟူအက်ခ်နှင့် ခါနော့တ်တို့မှာ အလွန်သန်မာလှသည်။ သူတို့၏လက်နက်များမှာ တုတ်ချောင်းများပင်ဖြစ်ပြီး သူတို့၏သိုင်းကွက်များမှာလည်း သိပ်ပြီးမရှုပ်ထွေးလှချေ။ သို့သော် သူတို့၏အထင်ကြီးလောက်ဖွယ် ရုပ်ပိုင်းဆိုင်ရာသန်မာမှုတို့ကြောင့် သူတို့၏တိုက်ခိုက်မှုများမှာ အလွန်စွမ်းအားမြင့်မားလှသည်။ ဖှေးကိုယ်တိုင်ပင် သူတို့သည်ဒိုင်ယာဘလိုကမ္ဘာမှ လယ်ဗယ်၅၀လူရိုင်းဇာတ်ကောင်များလားဟုပင် သံသယ၀င်လာမိ၏။

သူတို့ နှစ်ယောက်လုံးသည် ရန်သူများကို ရုပ်ပိုင်းဆိုင်ရာခွန်အားတစ်ခုတည်းကိုသာ အသုံးပြုကာ အနိုင်ယူလျှက်ရှိသည်။

သွေးသောက်ဓားနှစ်လက်မှမူ ရက်စက်တတ်သည့် လူတစ်ယောက်ဖြစ်နေဆဲပင်။ တိုက်ပွဲတစ်ခုပြီးသည့်အချိန်တိုင်းတွင် စင်မြင့်ပေါ်တွင် အရိုးစုတစ်ခုပေါ်လာမည်ဖြစ်၏။ သူ၏လျှပ်စီးကဲ့သို့ပင် မြန်ဆန်သည့်ဓားသွားများသည် ပြိုင်ဘက်ကိုပင် ထိတ်လန့်စေသည်မဟုတ်ပေ။ ပွဲကြည့်နေသည့်လူများကိုပင် အိမ်မက်ဆိုးများရရှိစေ၏။ ပွဲကြည့်ပရိသတ်များထဲမှ လူ၁၀ယောက်ကျော်ခန့်ပင် အကြောက်လွန်ကာသေဆုံးသွားကြသည်ဟုလည်း ဆိုကြ၏။ ဤလူသည် ပြိုင်ပွဲတွင်အရက်စက်ဆုံးလူတစ်ယောက်ဟုဆိုနိုင်၏။ လူများစွာသည် သူ့အားတိုင်ကြားကာ ပွဲစဥ်မှထုတ်ပယ်ပေးရန်တောင်းဆိုခဲ့ပြီးဖြစ်သည်။ သို့သော် သူလုပ်နေသည့်အရာများသည် ပွဲစဥ်၏စည်းမျဥ်းများကို ချိုးဖောက်ခြင်းမရှိသော်ကြောင့် ထုတ်ပယ်၍မရပေ။

ထိုလူ ကောင်းကင်လက်သီး၊ ဓားတစ်လက်သူရဲကောင်းနှင့် လေးနတ်သမီးတို့ကဲ့သို့သော ပို၍စွမ်းအားမြင့်သည့် ရန်သူများနှင့် ရင်ဆိုင်ရပါစေဟု လူပေါင်းများစွာဆုတောင်းနေကြသည်။ သို့မှသာ ထိုလူရှုံးနိမ့်လိမ့်မည်ဖြစ်သည်။

အချိန်များကုန်ဆုံးသွားသည်နှင့်အမျှ ပထမပွဲစဥ်များအားလုံးလိုလိုပင် ပြီးမြောက်သွားပြီဖြစ်သည်။

“ကြည့်စမ်း ချမ်းဘော့ဒ်တိုင်းပြည်ကလေးနတ်သမီး အယ်လီနာက တိုက်ခိုက်တော့မယ်...”

“အမ် မြှားသုံးချောင်းပဲသုံးပြီးတော့ ပြီးခဲ့တဲ့ပြိုင်ပွဲသုံးခုလုံးကို နိုင်ခဲ့တဲ့ မှော်လေးသည်တော်လား။ သူမက ချမ်းဘော့ဒ်ကစစ်သည်တစ်ယောက်ပဲ...”

“အရိပ်မဲ့လုပ်ကြံသတ်ဖြတ်သူက ရှုံးသွားပြီဆိုတာ့ လေးနတ်သမီးလဲ သိပ်ပြီးတော့ အခြေအနေမကောင်းလောက်ဘူးထင်တယ်...”

“အလကားပါကွာ..လေးနတ်သမီးဆိုတာက ချမ်းဘော့ဒ်ဘုရင် ဖန်တီးထားတဲ့ဇာတ်ကောင်တစ်ယောက်ပါပဲ။ ဒီအမျိုးသမီး ရှုံးတော့မယ်ဆိုတာ ငါသေချာပေါက်သိတယ်။ သူနဲ့တိုက်ခိုက်ရမယ့်ပြိုင်ဘက်က စွမ်းအားအရဆိုရင် ဓားတစ်လက်သူရဲကောင်းအောက်မှာပဲရှိတဲ့ [ပုန်းအောင်းနေသူနှစ်ယောက်]ထဲက [ရူးသွပ်နေသော ပုနးအောင်းနေသူ] ဘိုရာပဲ...”

“ဟမ် ဘိုရာလား။ ဒါဆိုရင်တော့ သူတကယ်အခြေအနေမကောင်းဘူး...”

လူများသည်အခြင်းခြင်းတီတိုးပြောကြားနေကြ၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ ယနေ့အတွက်နောက်ဆုံးပြိုင်ပွဲမှာ နံပါတ်၁ဓားကွင်းစင်မြင့်ပေါ်တွင် စတင်တော့မည်ဖြစ်သည်။ မိန်းမလှလေးများအား လူတိုင်းစိတ်၀င်စားကြသည်။ လူများစွာသည် ဤပြိုင်ပွဲ၏ရလဒ်ကို ကြိုတင်ခန့်မှန်းပြီးဖြစ်သော်လည်း သူတို့သည် အယ်လီနာ၏အလှကို ကြည့်ရှုရန်အတွက် လာရောက်ကြဆဲပင်။

ဖှေးနှင့် သူ၏လူများသည် လူအုပ်နှင့် အတူနံပါတ်၁ဓားကွင်းထံသို့ သွားလိုက်ကြ၏။

ဤပြိုင်ပွဲအား နံပါတ်၁ဓားကွင်းတွင် ကျင်းပြရခြင်းမှာ အယ်လီနာ၏ရန်သူ ဘိုရာဆိုသူသည် အဖွဲ့၀င်တိုင်းပြည်များကြားထဲတွင် နာမည်ကျော်ကြားသည့် စစ်သည်တစ်ယောက်ဖြစ်သည့်အတွက်ပင်။ ဤကဲ့သို့သော စစ်သည်များသည် ပြင်းထန်သည့်တိုက်ခိုက်မှုများကို ပြုလုပ်နိုင်သဖြင့် အလုံခြုံဆုံးဖြစ်သည့် စင်မြင့်ပေါ်တွင် ကျင်းပရခြင်းဖြစ်၏။

နံပါတ်၁ဓားကွင်းသည် ဖှေးပါးကွပ်သားသူရဲကောင်းများနှင့် ယှဥ်ပြိုင်တိုက်ခိုက်ခဲ့သည့်နေရာဖြစ်၏။ တိုက်ပွဲကြောင့် ဓားကွင်းစင်မြင့်တစ်ခုလုံးပျက်ဆီးသွားခဲ့ပြီးသည့်အနောက်တွင် ပြန်လည်တည်ဆောက်ကာ ပို၍ပင်စွမ်းအားမြင့်သည့် မှော်အစီရင်များနှင့် မွမ်းမံထားခဲ့သည်။ လက်ရှိတွင် ဤစင်မြင့်တွင် စွမ်းအားအမြင့်ဆုံးကာကွယ်ခြင်းမှော်အစီရင်များကို တပ်ဆင်ထားသည်။

ရူးသွပ်နေသည့် ပုန်းအောင်းနေသောလူ ဘိုရာသည် ပေါ့ပါးသည့်သံမဏိချပ်၀တ်တစ်ခုကို ၀တ်ဆင်ထား၏။ သူသည် ဦးဆောင်း၀တ်ဆင်ထားခြင်းမရှိပေ။ သူ၏အ၀ါရောင်ဆံပင်များမှာ လေထဲတွင် လွှင့်ပျံလျှက်ရှိသည်။ ကျဥ်းမြောင်းသည့်မျက်လုံးများ၊ မညီညာသည့်နှုတ်ခမ်းများနှင့် ပြားနေသည့်နှာခေါင်းများကြောင့် သူသည် နာမည်ကြီးစစ်သည်တစ်ယောက်ဖြစ်သော်လည်း စစ်သည်တစ်ယောက်နှင့် မတူလှချေ။ တဏှာရူးတစ်ယောက်ကဲ့သို့ပင်။

ဘိုရာသည် အနောက်ပိုင်းဒေသမှဖြစ်ပြီးအဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခု၏မင်းသားတစ်ပါးပင်။ သူသည် ဓားတစ်လက်သူရဲကောင်း၏တိုက်ခိုက်မှုဆယ်ချက်ကို ရင်ဆိုင်နိုင်သဖြင့် နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။ ဖှေးထွက်ပေါ်မလာသေးမှီက လူအများသည် ဓားတစ်လက်သူရဲကောင်းကို ရင်ဆိုင်နိုင်လောက်သည့်လူမှာ ဘိုရာတစ်ယောက်တည်းသာရှိသည်ဟုယုံကြည်ထားကြ၏။

သို့သော် ဤလူသည် သူ၏မာနထောင်လွှားမှုကြောင့်လည်း နာမည်ကြီး၏။ ထို့အပြင် သူသည် ပိုက်ဆံ၊ မိန်းမများနှင့် ၀ိုင်အရက်တို့ကို နှစ်သက်သည်။ သူသည် မိန်းမများကို ရွံစရာကောင်းလောက်သည့်အဆင့်ထိမက်မောသည်ဟုဆိုကြသည်။ ခရီးသွားကဗျာဆရာတစ်ယောက်ပြောသည်အရာ သူ၏တိုင်းပြည်ထဲတွင်ရှိသည့် အသက်၁၈နှစ်ပြည်ပြီးသောအမျိုးသမီးတိုင်းသည် သူ၏ဖျက်ဆီးခြင်းကို ခံရသည်ဟုဆိုကြသည်။ ဤရွံစရာကောင်းသည့်မင်းသားသည်တိုင်းပြည်ထဲတွင် အမျိုးသမီးတိုင်းလက်မထပ်မှီသူ့အား အပျိုစင်ဘ၀ကိုပေးရမည်ဟူသည့် ဥပေဒေကိုပင်ချမှတ်ထား၏။ ထိုဥပဒေအားမလိုက်နာပါက သစ္စာဖောက်မှုနှင့် စွတ်စွဲကာ သတ်ဖြတ်ခြင်းခံရမည်ဖြစ်သည်။

ထိုတိုင်းပြည်ထဲတွင် အမျိုးသမီးများစွာ၏ဘ၀များပျက်စီးကြရသည်။ ချစ်သူစုံတွဲများစွာ တိုင်းပြည်မှထွက်ခွာသွားရသည်။ မိသားစုများစွာသည် အရှက်ရကာ နာကျင်မှုများနှင့် နေထိုင်ခဲ့ရ၏။ သို့သော် ဘိုရာမှာတိုင်းပြည်၏မင်းသားတစ်ပါးနှင့် ကျွမ်းကျင်စစ်သည်တစ်ယောက်ဖြစ်သည့်အတွက် မည်သူမှ သူ့အားဆန့်ကျင်ရဲခြင်းမရှိပေ။

သို့သော် ထိုအကျင့်ဆိုးများကြောင့် သူ၏စွမ်းအားများသည် လွန်ခဲ့သည့်နှစ်များထဲတွင် တိုးတတ်လာခဲ့ခြင်းမရှိပေ။ သူသည် ယခုအချိန်တွင် ဓားတစ်လက်သူရဲကောင်း၏အနောက်တွင် များစွာကျန်ရစ်ခဲ့ပြီဖြစ်ပြီး သူသည် ယခင်ကလောက်နာမည်ကျော်ကျားခြင်းမရှိတော့ပေ။

သူသည် လက်တလောတွင် တိုက်ပွဲများတိုက်ခိုက်လေ့မရှိတော့သည့်အတွက် ရူးနေသော ပုန်းအောင်းနေသူဟူသည့် နာမည်ပြောင်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ဤကဲ့သို့အကြောင်းများရှိသော်လည် ဘိုရာသည် စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်ဖြစ်နေဆဲပင်။အနောက်ပိုင်းဒေသတွင် သူ၏စွမ်းဆောင်ရည်မှာ အထင်ကြီးလောက်ဖွယ်ပင်။ သူသည် ပြိုင်ဘက်ခြောက်ဦးအားအနိင်ယူကာ တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲသို့လွယ်ကူစွာပင် တက်ရောက်လာနိုင်ခဲ့သည်။

အယ်လီနာနှင့် ဘိုရာတို့နှစ်ယောက်လုံးတိုက်ပွဲစင်မြင့်ပေါ်တွင်ရောက်ရှိနေကြပြီဖြစ်သည်။

အယ်လီနာသည် အနီရင့်ရောင်မှော်ချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားသည်။ ရွှေဖြင့် ရေးဆွဲထားသည့် ကနုတ်များသည် ချပ်၀တ်အားနွယ်ပင်များကဲ့သို့ရစ်ပတ်ကာ အလှဆင်ထား၏။ သူမ၏ လက်ကောင်၀တ်များ၊ တံတောင်၊ ပခုံး၊ ဒူးနှင့် ခြေထောက်တို့ကို ချပ်တ၀်အစိတ်ပိုင်းများနှင့် ကာကွယ်ထား၏။ အယ်လီနာ၏ပခုံးတစ်၀ိုက်တွင် ညင်သာသည့်အနီရောင်မှော်စွမ်းအားတစ်ခုစီးဆင်းနေပြီး သူမ၏သေးသွယ်သည့် ခါးကို မူလစ်လပ်ထားသည်။ သူမသည် စစ်နတ်သမီးတစ်ပါးကဲ့သို့ပင် ဖြစ်နေပြီး သူမ၏အလှတရားသည် လူတိုင်းကို တံတွေးမျိုချမိစေ၏။

လေညှင်းသည် အယ်လီနာ၏ချည်နှောင်ထားသည့် ဆံနွယ်များကို လွှင့်မြောသွားစေသည်။ သူမသည် စင်မြင့်ပေါ်တွင် တိတ်ဆိတ်စွာဖြင့် ရပ်နေ၏။ သူမသည် နတ်သမီးတစ်ပါးကဲ့သို့ပင်။

ယောက်ျားများအားလုံးသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်။ တစ်ချို့လူများမှာ တံတွေးမျိုချလိုက်မိကြသည်။ တစ်ချို့မှာ နှာခေါင်းသွေးများလျံကျလာကြ၏။ တစ်ချို့မှာ စကားပင်မပြောနိုင်ကြတော့ပဲ အယ်လီနာအားငမ်းနေကြသည်။

စင်မြင့်တစ်ဖက်တွင်ရပ်နေသည့် ဘိုရာ၏အသက်ရှုသံများပြင်းထန်လာ၏။ သူ၏မျက်လုံးများထဲတွင် တက်မက်သည့်အရိပ်ယောင်များပေါ်လာပြီး စိတ်ထဲမှအော်ဟစ်လိုက်မိသည်။ “ဒီအမျိုးသမီးက ငါ့ဟာပဲ။ ငါအပိုင်ပဲ။ သေစမ်း ဒီလောက်လှတဲ့ အမျိုးသမီးသိုင်းဆရာဆိုတာ ဒီကမ္ဘာပေါ်မှာ ရှိမယ်လို့ထင်မထားဘူး။ ငါသူ့အ၀တ်စားတွေကို သေချာပေါက်ချွတ်ပြီးတော့ အဲ့ချပ်၀တ်တွေအောက်မှာ ဘယ်လိုအလှတရားတွေကို ဖုံးကွယ်ထားတယ်ဆိုတာကို သေချာပေါက်မြင်ရမှဖြစ်မယ်။ ငါသူမကို သေချာပေါက်ပိုင်ဆိုင်ရမယ်...”

ဘိုရာသည် အယ်လီနာ၏ခန္ဓာကိုယ်ကို ခြေဆုံးခေါင်းဆုံးကြည့်နေ၏။ သူထိုကဲ့သို့လုပ်ရင်းဖြင့် တစ်ချို့ခန္ဓာကိုယ်အစိတ်ပိုင်းများကို အထူးကြည့်ရှုလိုက်သည်။ လူတိုင်းလိုလိုပင် ဘိုရာမည်ကဲ့သို့တွေးနေသည်ကို ရိပ်မိကြ၏။

အယ်လီနာမျက်မှောင်ကြုံ့ကာ သူမ၏လက်မောင်းကို မြှောက်လိုက်သည်။ တိုက်ပွဲသုံးလေးတစ်လက်သည် သူမ၏လက်ထဲတွင် ပေါ်လာတော့၏။

တစ်ချိန်တည်းမှာပင် အေးစက်ကာ သတ်ဖြတ်လိုသောခံစားချက်များနင့်ပြည့်နှက်နေသည့်အကြည်တစ်ခုသည် ဘိုရာထံသို့ကျရောက်သွား၏။

ဤသေစေနိုင်သည့် စိုက်ကြည့်မှုကို ခံစားရပြီးသည့်အချိန်တွင် ဘိုရာသည်လည်း စိတ်ကူးယဥ်နေရာမှ နိုးထလာတော့သည်။ သူသည်တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ သူ့အား သေခါနီးသိုးတစ်ကောင်ကဲ့သို့စိုက်ကြည့်နေသည့် ခန့်ညားသောလူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။ ဤအကြည့်တစ်ခုတည်းကပင် သူ့အားအေးစက်သွားစေနိုင်ရန်အတွက် လုံလောက်သည်။

“အော်အေး ဒီအမျိုးသမီးက ချမ်းဘော့ဒ်ကလို့ ငါကြားတယ်။ ချမ်းဘော့ဒ်ဘုရင်က သူ့ရဲ့လူတွေကို ဂရုစိုက်တတ်တဲ့နေရာမှ ကျော်ကြားတာပဲ။ ဒီအလှလေးကို အပိုင်သိမ်းဖို့ကတော့ ခက်ခဲလိမ့်မယ်။ ဖြေးဖြေးခြင်းလှုပ်ရှားရမှာပေါ့ ဟီးဟီး ငါက ဓားတစ်လက်သူရဲကောင်းကိုတောင်ကြောက်တာမဟုတ်ဘူး မင်းကို ဘာလို့ကြောက်ရမှာလဲ...” ဘိုရာတွေးလိုက်မိသည်။

ဘိုရာသည် အနည်းငယ်စဥ်းစားကြည့်လိုက်ပြီး ဖှေးအားအာရုံစိုက်နေခြင်းကို ရပ်တန့်လိုက်သည်။ သူသည် တစ်ဖက်သို့လှည့်ကာ အယ်လီနာအားပြုံးပြလိုက်သည်။

“အလှလေး ငါတို့ တိုက်ပွဲနေရာကို ပြောင်းလိုက်ကြမလား။ ဟီးဟီး ဘယ်လောက်ကောင်းလဲဆိုတာကို ပြပေးမယ်လေ...” ဘိုရာသည် သူ၏ခါးကို လှုပ်ပြလိုက်၏။

“ဟားဟားဟား...”

ပရိသတ်အတွင်းမှ လူတစ်ချို့သည် စတင်၍ရယ်မောကြ၏။ သူတို့သည် ဘိုရာဆိုလိုသည့်အဓိပ္ပါယ်ကို ကောင်းစွာနားလည်ကြသည်။

သို့သော် အယ်လီနာသည် ဒိုင်ယာဘလိုကမ္ဘာတွင်သာကြီးပြင်းလာခဲ့ပြီယောက်ျားလေးများနင့် သိပ်အဆက်ဆံမရှိခဲ့သဖြင့် ဘိုရာဆိုလိုသည်ကို သဘောမပေါက်ချေ။ သူမသိသည်မှာ သူမပြိုင်ဘက်၏အကြည့်များမှာ မရိုးသားသည်ကိုပင်ဖြစ်ပြီး သူမမျက်မှောင်ကြုံ့လိုက်မိသည်။

အယ်လီနာ၏ မျက်မှောင်ကြုံ့သည့်အမူယာတစ်ခုတည်းကပင် ဘိုရာအားအရူးမူးဖြစ်စေ၏။ သူသည် ဤချမ်းဘော့ဒ်မှ အမျိုးသမီးစစ်သည်သည် ဘုရားသခင်၏လက်ရာတစ်ခုလို ခံစားရ၏။ သူမ၏အမူယာတစ်ခုခြင်းစီတိုင်းသည် ဆွဲဆောင်မှုရှိလှသည်။

ဘိုရာသည် စိတ်ခံစားချက်တစ်ခုသည် မည်မျှရဲစွမ်းသတ္တိများကို ပေးနိုင်သည်ဆိုသည်ကို သရုပ်ပြနေသကဲ့သို့ပင်။

ဤအခိုက်တန့်တွင် ဘိုရာသည် အယ်လီနာ၏အလှတရား၏ဖမ်းစားခြင်းကို ခံနေရသည်။ သူနှင့် အိပ်ခဲ့ဖူးသည့် အမျိုးသမီးများအားလုံးသည် အယ်လီနာနှင့် ယှဥ်ပါက ဘာမှမဟုတ်တော့သလို ခံစားနေရ၏။ သူသည် ပရိသတ်အတွင်းမှ ရယ်မောနေသည့် လူများကို ပါးစပ်ပိတ်ကာ ထိတ်လန့်သွားစေသည့် ဖှေး၏အေးစက်သည့် စိုက်ကြည့်မှုကိုပင် အာရုံခံနိုင်ခြင်းမရှိတော့ပေ။

“ဟီးဟီး အလှလေး မင်းကယောက်ျားတစ်ယောက်ရဲ့အထိတွ့ကိုမခံစားဖူးသေလောက်ဘူး။ ငါပြပေးရင်ရော ဘယ်လိုလဲ...”

အယ်လီနာ၏ရဲရင့်သည့် မျက်နှာပေါ်တွင်ရွံရှာစက်ဆုတ်သည့် အမူယာတစ်ခုပေါ်လာ၏။

ဘိုရာသည် အယ်လီနာအားမသင့်တော်သည့်အရာများကို ဆက်တိုက်ပြောလျှက်ရှိသည်။ သူသည် အယ်လီနာအားယခုအချိန်တွင် စနောက်ကာ တိုက်ပွဲအတွင်းတွင် ထိတွေ့ကာ အသားယူရန်စီစဥ်နေခြင်းပင်။ ထို့နောက်တွင် သူသည် ရသမျှနည်းလမ်းတိုင်းကို အသုံးပြုပြီးဤအမျိုးသမီးကို သိမ်းပိုက်နိုင်ရန်အတွက် ကြိုးစားတော့မည်ဖြစ်သည်။

သို့သော် မကြာမှီမှာပင် သူ၏အတွေးများမှားယွင်းနေသည်ကို သဘောပေါက်သွားတော့၏။

အယ်လီနာလေးကြိုးကို ဆွဲတင်လိုက်အာ လေးကြိးပေါ်တွင် ရွှေရောင်အလင်းရောင်တစ်ခုလင်းလတ်သွားပြီး အနီရောင်မီးဂုဏ်သတ္တိမှော်မြှားတစ်လက်ထွက်ပေါ်လာတော့၏။ ဤမြှားကို မီးဂုဏ်သတ္တိမှော်စွမ်းအားတစ်မျိုးထဲဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်ပြီး သတ္တုဟုပင်ထင်ရသည်။ မှော်စွမ်းအင်များစွာ သိပ်သည်းထားသောကြောင့်ပင်။

စွမ်းအားမြင့်မားသည့် သိုင်းကွက်တစ်ခုပင်။

“ဒီအမျိုးသမီးက စွမ်းအားမြင့်မှော်လေးသည်တော်တစ်ယောက်လား...”

ဘိုရာအန္တရာယ်အရိပ်ယောင်များကိုခံစားလိုက်ရသည်။ သူဤကဲ့သို့မခံစားရသည်မှာ အချိန်ကြာပြီဖြစ်သည်။

သူသည် ရန်သူအားလျှော့တွက်ရဲခြင်းမရှိတော့ပေ။ ဤချမ်းဘော့ဒ်တိုင်းပြည်မှအမျိုးသမီးလေးသည်တော်သည်ထင်သလောက်မရိုးရှင်းမှန်းရိပ်မိလာခဲ့သည်။

အယ်လီနာမြှားကို ပစ်လွှတ်လိုက်သည့်အချိန်တွင် ဘိုရာသည် သူမည်မျှပင်မှားခဲ့ကြောင်းကို သိရှိလိုက်ရတော့သည်။

“၀ှီး...”

သူ၏ပခုံးတွင် လောင်ကျွမ်းသွားသည့်ခံစားချက်တစ်ခုကို ခံစားပြီးသည့်အချိန်မှသာ သူသည် လေခွင်းသည်ဆူညံသံတစ်ခုကို ကြားလိုက်ရသည်။ ရှောင်တိန်းရန်အချိန်ပင်မရလိုက်ပဲ ဓားတစ်လက်သူရဲကောင်းပြီးပါက အစွမ်းအထက်ဆုံးဟုဆိုသည့် စစ်သည်မှာ သူ၏ပခုံးအား အယ်လီနာ၏မြှားဖြင့် ထိုးဖောက်ခြင်းခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်သည်လည်း အရှိန်ကြောင်အနောက်သို့လွှင့်စင်သွားတော့၏။

“ဖုန်း...”

အပြာရောင်စွမ်းအင်အကာရံမှာ ဖန်သားပြင်တစ်ခုကဲ့သို့ပင် ကွဲအက်သွားသည်။

ကြယ်ခြောက်လုံးအဆင့်တိုက်ခိုက်မှုကို ကာကွယ်နိုင်သည့် မှော်စွမ်းအင်အကာရံသည် အယ်လီနာ၏မြှားချက်ကြောင့်ကွဲအက်သွားပြီဖြစ်သည်။

ဤမယုံနိုင်စရာကောင်းသည့်မြင်ကွင်းသည် လူတိုင်းအားထိတ်လန့်အံ့သြသွားစေသည်။

မြှားတစ်ချောင်းထဲပင်။

အယ်လီနာသည် ကြယ်ခြောက်လုံးအဆင့်ထက်ပိုနေပြီဟူသည့် အဓိပ္ပါယ်ပင်။

“သူမက ကြယ်၇လုံးအဆင့်တောင်ရှိနေပြီလား။ ဘယ်လိုဖြစ်ပြီးတော့လဲ...”

မြေပြင်ပေါ်မှ လူးလဲကာ ထလာသည့် ဘိုရာသည်လည်း ကြောက်လန့်သွားတော့၏။

“ငါက ကြယ်၇လုံးအဆင့်စစ်သည်တစ်ယောက်ကို သွားစနေခဲ့မိတာလား။ ဒါပေမယ့် ဒီအမျိုးသမီးက အတော်လေးပြည့်စုံလွန်းတယ်...” သူသည် ဤအမျိုးသမီးအားမရနိုင်တော့သည်ကို သိရှိပြီးသည့်နောက်တွင်ဘိုရာသည် အလွန်စိတ်ဓာတ်ကျသွားမိ၏။

“ပြိုင်ပွဲပြီးသွားပြီး ချမ်းဘော့ဒ်တိုင်းပြည်အနိုင်ရရှိတယ်...” အံ့သြနေရာမှ ပထမဆုံးနိုးထလာခဲ့သည့်လူမှာ ဒိုင်လူကြီးပင်။ သူသည် တုန်ယဥ်နေသည့်အသံနှင့်အတူရလဒ်ကို ကြေငြာလိုက်၏။ သူ၏ခြေထေောက်များသည် ပြင်းထန်စွာပင် တုန်ခါနေပြီး အယ်လီနာကိုပင် မကြည့်ရဲချေ။

ဒိုင်လူကြီးမှ ရလဒ်ကို ကြေငြာပြီးသည့်နောက်တွင် အပြောင်းလဲများဖြစ်ပျက်သွားသည်။

လူတစ်ယောက်သည် တိုက်ပွဲစင်မြင့်ပေါ်သို့ ပျံသန်းလာခဲ့၏။ ဤလူမှာ ဖှေးပင်။

လူတိုင်းသည် ဖှေးထံမှထွက်ပေါ်လာနေသည့် သတ်ဖြတ်လိုသောအရိပ်ယောင်များကို ခံစားနေရသည်။

သူသည် ဤနေရာသို့ သတ်ဖြတ်ရန်လာရောက်ခဲ့ခြင်းပင်။

All Chapters