← Chapters

အခန်း (၄၀၀)

Vol. 27 Ch. 400

အခန်း (၄၀၀)

Vol. 27 Ch. 400

“အလတ်ဇန္ဒား တောက်ပသည့်အပြုံးတစ်ခုသည် အယ်လီနာ၏မျက်နှာပေါ်တွင်ပေါ်ပေါက်လာ၏။ အခိုက်တန့်တစ်ခုကြာခန့် ပရိသတ်ထဲမှလူများသည် ရေခဲတုံးအရည်ပျော်ကျသွားပြီး အထဲတွင်ရှိသည့် ပန်းလေးတစ်ပွင့်ကို မြင်လိုက်မိသလို ခံစားသွားရသည်။ လူတိုင်း၏မျက်လုံးများတောက်ပသွားကြ၏။

လေးနတ်သမီး၏ ပါးစပ်ထဲမှထွက်လာသည့်နာမည်ကြောင့် ဤလူငယ်သည် စွမ်းအားမြင့်မားသည့် ချမ်းဘော့ဒ်ဘုရင်မှဟုတ်ရဲ့လားဟုပင် လူတိုင်း၀ေ၀ါးသွားရသည်။

“မင်းက ချမ်းဘော့ဒ်ဘုရင်လား...” မှော်မြှားဒဏ်ကြောင့် ပခုံးတစ်၀က်ခန့်လောင်ကျွမ်းခံလိုက်ရသည့် ဘိုရာသည် မြေပြင်ပေါ်မှထလာလိုက်သည်။ သူသည် အတွင်းအားစွမ်းအင်များကို အသုံးပြုပြီးနာကျင်မှုကိုလျှော့ချကာ မေးလိုက်ခြင်းပင်။ သူ၏အသံမှာ ဖှေးအားခြေဆုံးခေါင်းဆုံးလေ့လာကြည့်ရင်းဖြင့် သံသယများ၊ အံ့သြမှုတို့ဖြင့် ပြည့်နှက်နေ၏။ သူသည် စောနကခံစားလိုက်ရသည့် သတ်ဖြတ်လိုသောစိုက်ကြည့်မှုသည် ဤလူထံမလာကြောင်းကို သေချာသိသည်။

“ငါက ပြိုင်ပွဲမှာ ဘယ်သူ့ကိုမှမသတ်ဖို့မှာထားလို့ နင်သူ့ကို မသတ်ခဲ့တာမလား။” ဖှေးသည် အဖွဲ့၀င်တိုင်းပြည်များထဲတွင် နံပါတ်၂စစ်သည်ဟုကျော်ကြားသည့် ဘိုရာကို လှည့်ပင်မကြည့်ပေ။ သူသည် အယ်လီနာ၏ဖြူဖွေးသောလက်များကို ကိုင်ထားရင်းဖြင့် ပရိသတ်ထောင်ပေါင်းများစွာ၏ရှေ့တွင် မေးလိုက်သည်။

“အင်း...” အယ်လီနာခေါင်းငြိမ့်ပြလိုက်သည်။ ဖှေးသူမ၏လက်ကို ကိုင်ထားသည့်အတွက် ရှက်ရွံ့ခြင်းမရှိတော့ပေ။ သူမတို့နှစ်ယောက်သည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် ဤကဲ့သို့အပြုမူများလုပ်နေကြဖြစ်သည့်အတွက်ပင်။ ဤစစ်နတ်သမီး၏မျက်လုံးထဲတွင် ဖှေးမှလွဲ၍ကျန်ရှိနေသည့်လူများအားလုံးသည် ဒိုင်ယာဘလိုကမ္ဘာမှ မကောင်းဆိုး၀ါးများနတ်ဆိုးများကဲ့သို့ပင်။ ဖှေးသည် သူမအား မသတ်ဖြတ်ရန်မှာကြားခဲ့ပါက သူမသည် ဖှေးပြောသည့်အတိုင်းတသွေမတိမ်းလိုက်နာမည်ဖြစ်သည်။

“မင်း...” ဘိုရာသည် ဒေါသဖြစ်သွား၏။ သူသည် လုံး၀ပင် ဂရုစိုက်ခြင်းမခံရသည့်အတွက်ပင်။ ထိုလူနှစ်ယောက်စကားပြောနေသည့်ပုံအရ သူသည် အချိန်မရွေးသတ်ပစ်နိုင်သည့်လူတစ်ယောက်ကဲ့သို့ပင်။ သူသည် အချိန်အတော်ကြာသည်အထိဤကဲ့သို့စော်ကားခြင်းမခံရသေးပေ။

“နောက်ပွဲတွေမှာ ဒီလိုအမှိုက်သရိုက်တွေ တွေ့ရင်သတ်သာပစ်လိုက်...” ဖှေးအယ်လီနာအားအပြုံးတစ်ခုနှင့်အတူ မှာကြားလိုက်သည်။

“အင်းပါ ကျွန်မသိပါပြီ..” အယ်လီနာပြန်လည်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

“မင်း...” ရူးသွပ်နေသော ပုန်းအောင်းနေသူ ဘိုရာမှာ အလွန်ဒေါသဖြစ်နေသည့်အတွက် ကိုယ့်ကိုယ်ကိုယ်ပင် ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ သူပိုင်ဆိုင်လိုသည့် အမျိုးသမီးသည် တစ်ခြားယောက်ျားတစ်ယောက်နှင့်အကျွမ်းတ၀င်ပြုမူနေသည်ကို သူမြင်တွေ့လိုခြင်းမရှိတော့ပေ။ သူ၏နှလုံးသားထဲတွင် မနာလိုမှုတို့ဖြင့် ပြည့်နှက်သွားပြီး သူ၏စိတ်ထဲတွင်လည်း ဒေါသများဖြင့်ပြည့်နှက်သွားတော့၏။ “မင်းကချမ်းဘော့ဒ်ဘုရင်ဆိုပြီးတော့ ငါ့ကို ဒီလိုလာပြီးစော်ကားလို့မရဘူးကွ။ ငါက အဆင့်၁အဖွဲ့၀င်တိုင်းပြည်က မင်းသားတစ်ပါးပဲ။ မင်းက ဂူလိုတိုင်းပြည်နဲ့စစ်ဖြစ်ချင်နေတာလား...” သူသည် ဒေါသဖြင့်အော်ဟစ်လိုက်၏။

သို့သော် ဖှေးမှာ သူ့အားမကြည့်သေးပေ။ သူသည် အယ်လီနာအားပြုံးကာပြောလိုက်သည်။ “ဒီတစ်ခေါက်မှာတော့ ငါမင်းအတွက် သတ်ပေးမယ်...”

သူထိကဲ့သို့ပြောပြီးပြီးခြင်းပင် သူ၏လက်ဖ၀ါးကို ဘိုရာထံသို့ လှည့်ပင်မကြည့်ပဲ ရွေ့လျားလိုက်၏။

ဤတိုက်ခိုက်မှုသည် စွမ်းအားကြီးသည့်ပုံမရှိပေ။ ဆူညံသံများ၊ စွမ်းအားရှိန်၀ါများနှင့် အလင်းရောင်များထွက်ပေါ်လာခြင်းမရှိသည့်အတွက်ပင်။

လူအုပ်မှာ ရှုပ်ထွေးနေသည့်အချိန်တွင် “ဖုန်း..” ဟူသည် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ဓားတစ်လက်သူရဲကောင်း၏တိုက်ခိုက်မှုဆယ်ချက်ကို ခံနိုင်ခဲ့သည့် အဖွဲ့၀င်တိုင်းပြည်များကြားထဲတွင်နံပါတ်၂စစ်သည်ဟုကျော်ကြားသည့် ဘိုရာသည် တုန့်ပြန်ချိန်ပင် မရလိုက်ပေ။ တူဖြင့် အထုခံလိုက်ရသည့် ဖရဲသီးတစ်လုံးကဲ့သို့ပင် သူ၏ခေါင်းသည် ပေါက်ကွဲသွားတော့၏။ သွေးမြူများသည် လေထဲတွင် ပြန့်နှံသွားပြီး ဦးခေါင်းကင်းမဲ့သည့် ရုပ်အလောင်းသည် မြေပြင်ပေါ်သို့လဲကျသွားတော့သည်။

“ဟာ...” စင်ပတ်လည်မှ အာမေဍိတ်သံများထွက်ပေါ်လာသည်။

စင်ပတ်လည်တွင် အပူရှိန်များကျဆင်းသွားသကဲ့သို့ လူတိုင်းကြောက်လန့်အေးစက်ကာ တုန်ခါလာကြတော့၏။ အထူးသဖြင့် အယ်လီနာအား တက်မက်သည့်အမူယာများနှင့် စိုက်ကြည့်နေခဲ့ကြသည့်လူများပင်။ သူတို့သည် ဘိုရာမည်သည့်အတွက်ကြောင့် အသတ်ခံရကြောင်းကို သိရှိသည်။ သူသည် အယ်လီနာအား မသင့်တော်သည့်အရာများပြောဆိုခဲ့သည့်အတွက်ပင်။

လူတိုင်းသည် ချမ်းဘော့ဒ်ဘုရင်အား ဤမျှဒေါသကြီးတဲ့လူဖြစ်မည်ဟုထင်မထားခဲ့ပေ။ သူသည် ဘိုရာအားတွန့်ဆုတ်ခြင်းမရှိတိုက်ခိုက်ခဲ့ပြီး အဆင့်၁အဖွဲ့၀င်တိုင်းပြည်မှမင်းသားတစ်ပါးသည် ယင်ကောင်တစ်ကောင်ကဲ့သို့ပင် သတ်ဖြတ်ခြင်းခံလိုက်ရသည်။

ရက်စက်ကြမ်းကြုတ်သည့် ဘုရင်တစ်ပါးပင်။

“တကယ်လို့ ဂူလိုတိုင်းပြည်ကမကျေနပ်ဘူးဆိုရင် ချမ်းဘော့ဒ်စခန်းမှာ င့ါကို လာရှာလိုက်...”

ဖှေး၏အသံသည် စင်ပတ်လည်တွင် ပဲ့တင်နေဆဲပင်။ သို့သော် သူနှင့် အယ်လီနာတို့သည် အနီရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး စင်ပေါ်မှ ပျောက်ကွယ်သွားတော့၏။ သူတို့နှစ်ယောက်လုံး စခန်းသို့ပြန်သွားကြသည်မှာ ထင်ရှားသည်။

ပရိသတ်ထဲတွင်ရှိနေသည့်လူများအသိစိတ်ပြန်၀င်လာကြသည်။ သူတို့သည် တုန်ခါနေဆဲပင် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြပြီး ဘာမှမပြောရဲကြတော့ပေ။ ယနေ့တွင်ချမ်းဘော့ဒ်ဘုရင်ဖြစ်ပျက်ခဲ့သည့်အဖြစ်ပျက်နှစ်ခုသည် တစ်ခုသည် ကြင်နာမှုရှိပြီး တစ်ခုမှာ ရက်စက်ကြမ်းကြုတ်လှသည်။

အချုပ်အားဖြင့်ဆိုရပါက စည်းမျဥ်းတစ်ခုထွက်ပေါ်လာခြင်းပင်။ ချမ်းဘော့ဒ်ဘုရင်အားစော်ကားပါက သေရမည်ဆိုသည်ကိုပင်။

မကြာမှီတွင် လူများဓားကွင်းမှ အသီးသီးထွက်ခွာသွားကြတော့သည်။

မည်သူမှ နံပါတ်၁ဓားကွင်းနှင့် အတန်ငယ်၀ေးသောနေရာတွင်ရပ်ထားသည့် မှော်ရထားလုံးတစ်ခုကို သတိမထားမိလိုက်ချေ။ ရထားလုံးတွင် ခေါင်းနှစ်လုံးပါ ၀တ်၀ံသင်္ကေတပါရှိပြီး ဇီးနစ်တော်၀င်မိသားစု၏အမှတ်သင်္ကတပင်။

ကြည်လင်လှပသည့် မျက်လုံးတစ်စုံသည် စင်ပေါ်တွင်ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ကြည့်နေခဲ့၏။ ဖှေးအယ်လီနာ၏လက်များကို ကိုင်လိုက်သည့်အချိန်တွင် သူမ၏အာရုံစူးစိုက်မှုများအားလုံးသည် ထိုအပေါ်သို့ကျရောက်သွားသည့်အတိုင်းပင်။ စင်ပတ်လည်တွင်ရှိသည့် ပရိသတ်များထွက်ခွာသွားသည့်အချိန်တွင် ရထားလုံးမှ လိုက်ကာစကို အနည်းငယ်ဖွင့်လိုက်၏။

ဤလှပသည့် ရထားလုံးထဲတွင် လေထုမှ ခမ်းနားလှသော်လည် ထူးဆန်းနေသည်။

မင်းသမီးတာနာရှာသည် သူမ၏ဘေးတွင် ထိုင်နေသည့် အန်ဂျယ်လာကိုကြည့်လိုက်သည်။ သူမ၏ဘေးတွင်ရှိနေသည့်အန်ဂျယ်လာ၏အမူယာမှာတည်ငြိမ်လျှက်ရှိသော်လည်း အန်ဂျယ်လာ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် နှလုံးခုန်သံများကို တာနာရှာအာရုံခံလိုက်မိပုံရသည်။

“အန်ဂျယ်လာ အလတ်ဇန္ဒားက...” တာနာရှာ သူမ၏ပါးစပ်ကို ဖွင့်လိုက်သည်။ သို့သော် သူမလျှင်မြန်စွာပင် ပြန်လည်တိတ်ဆိတ်သွားတော့၏။ သူမသည် အလွန်ဉာဏ်ကောင်းသည့်အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း ဤကဲ့သို့အခြေအနေမျိုးတွင် ဘာပြောရမလဲမသိဖြစ်နေ၏။ သူမသည် ဤကဲ့သို့အခြေအနေမျိုးအားတစ်ခါမှကြုံတွေ့ဖူးခြင်းမရှိသည့်အတွက် မည်ကဲ့သို့ခံစားရသည်ကို မသိရှိသောကြောင့်လည်းဖြစ်ပေလိမ့်မည်။ သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့် သူမသည် အနည်းငယ်စိတ်မသက်ပြီး အနည်းငယ်အထီးကျန်သလိုခံစားနေရ၏။

“အမတာနာရှာက ကျွန်မကို နှစ်သိမ့်ပေးဖို့ပြောနေတာလား...” လှပသည့်ကောင်မလေးသည် ရုတ်တရက်ပြုံးလိုက်၏။ သူမ၏ကြည်လင်သည့်မျက်လုံးများထဲတွင် စိုးရိမ်စိတ်များကို မြင်တွေ့ရခြင်းမရှိပေ။ “အမနှစ်သိမ့်ပေးဖို့မလိုပါဘူး။ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ သူ့အကြောင်းကို ကျွန်မထက်ပိုသိနိုင်မှာမဟုတ်ဘူးလို့ ကျွန်မယုံကြည်တယ်။ ကျွန်မသူ့ကို ယုံတယ်။ ပြီးတော့ သူနဲ့ပတ်သက်တဲ့အရာရာတိုင်းကို လက်ခံဖို့လဲဆန္ဒရှိပါတယ်...”

အန်ဂျယ်လာ၏စကားလုံးများမှာ ခိုင်မာလှပြီး သူ၏မျက်လုံးများသည် ကြင်လင်နေလျှက်ရှိသောကြောင့် တာနာရှာသည် အန်ဂျယ်လာလိမ်ညာသည်မဟုတ်ကြောင်းကို သိရှိလိုက်သည်။ လေညှင်းသည် ရထားလုံး၏လိုက်ကာစများကို အပေါ်သို့လွှင့်မြောက်သွားစေရာ နေရောင်ခြည်သည် အန်ဂျယ်လာ၏မျက်နှာပေါ်သို့ ကျရောက်လာ၏။ အန်ဂျယ်လာ၏မျက်နှာသည် လျို့၀ှက်သည့် တောက်ပမှုတစ်ခုကို ပေးလျှက်ရှိသည်။ အလွန်အပြစ်ကင်းစင်ပြီး လှပသဖြင့် တာနာရှာကိုယ်တိုင်ပင် မင်သက်သွားမိ၏။

အခိုက်တန့်တစ်ခုအကြာတွင် မှော်ရထားလုံးသည် ချမ်းဘော့ဒ်စခန်းထံသို့ထွက်ခွာသွားတော့သည်။

......

အန်ဂျယ်လာပြန်ရောက်လာသည့်အချိန်မှသာ ဖှေးစိတ်အေးသွားတော့၏။

မနေ့ညတာနာရှာ၏နန်းတော်ထဲတွင် ကျင်းပသည့်ပါတီပွဲမှာ အလွန်ခမ်းနားလှသည်။ ချမ်းဘော့ဒ်တိုင်းပြည်၏မိဘုရားလောင်းတက်ရောက်မည်ကို ကြားသည့်အတွက် ဆွေကြီးမျိုးကြီးမိသားစုများစွာပင် ဖိတ်ခေါ်ခြင်းမခံရပဲ တက်ရောက်လာကြသောကြောင့်ပင်။ သူတို့သည် ဇီးနစ်တွင် အရှိန်၀ါစတင်ကြီးမားလာနေပြီဖြစ်သည့် ချမ်းဘော့ဒ်တိုင်းပြည်နှင့် သိကျွမ်းလိုသည့်အတွက်ပင်။ အန်ဂျယ်လာသည် လူများကို ငြင်းဆန်တတ်ခြင်းမရှိသေးသောကြောင့် လူတိုင်းနှင့် လက်ခံတွေ့ဆုံနေမိခဲ့သည်။

ပါတီပွဲပြီးသည့်အချိန်တွင် နောက်ကျနေပြီဖြစ်သောကြောင့် တာနာရှာသည် အန်ဂျယ်လာအားအပြန်လမ်းတွင် အအေးပတ်မည်စိုးရိမ်သောကြောင့် နန်းတော်တွင်သာ ညအိပ်နေစေခဲ့သည်။ နောက်ကျနေပြီဖြစ်ပြီး မြို့တော်စိန့်ပီတာစဘာ့တ်ဂိတ်တံခါးမှာလည်း ပိတ်သွားပြီဖြစ်သောကြောင့် တာနာရှာမှာ ဖှေးသို့ အကြောင်းမကြားနိုင်ခဲ့ခြင်းပင်။

တာနာရှာသည် အန်ဂျယ်လာအား ညီမရင်းတစ်ယောက်ကဲ့သို့ပင် ဆက်ဆံပြီး ဖှေး၏ရက်စက်ကြမ်းကြုတ်သည့်သတင်းများကြောင့် အန်ဂျယ်လာသည် ပါတီပွဲတွင်ကြယ်ပွင့်တစ်ခုဖြစ်နေခဲ့ပြီး မည်သူမှ သူမအား နှောင့်ယှက်ရဲခြင်းမရှိကြပေ။

တာနာရှာဖှေးအားအရာအားလုံးရှင်းပြပြီးသည့်နောက်တွင် ဖှေး၏ခေါင်းထဲတွင်ရှိနေသည့် မေးခွန်းများအားလုံးမှာလည်းကွယ်ပျောက်သွားတော့သည်။

တာနာရှာသည် ဖှေးအားလိမ်မည်မဟုတ်ပေ။ ဖှေးလည်း တာနာရှာနှင့် သူတို့အကြားတွင်ရှိသည့် ဆက်ဆံရေးမှာ ကောင်းမွန်သောကြောင့်လိမ်မည်မဟုတ်ကြောင်းကို သေခြာသိ၏။

......

မင်းသမီးရောက်ရှိလာသည့်အတွက် ချမ်းဘော့ဒ်စခန်းမှာ ပြန်လည်ကာ အလုပ်များလာတော့သည်။

မင်းသမီးသည် ချက်ချင်းမပြန်သေးပေ။ သူမသည် စခန်းပတ်လည်တွင်လမ်းလျှောက်ပြီး ချမ်းဘော့ဒ်သားတစ်ချို့နှင့် စိတ်ရှည်စွာစကားပြောနေ၏။ သူမသည် ယနေ့ညချမ်းဘော့ဒ်တိုင်းပြည်၏အောင်ပွဲခံပါတီအားတက်ရောက်မည်ဖြစ်ကြောင်းကိုလည်း ပြောနေ၏။

ဖှေးပြုံးလိုက်မိသည်။

သူထင်သည်မမှားပါက တစ်စုံတစ်ယောက်သည် အရာအားလုံးကို မင်းသားဒိုမင်ဂူထံသို့ သတင်းပို့ပြီးလောက်ပြီဖြစ်သည်။

မင်းသမီးသည် ပဲရစ်နှင့် ဒိုမင်ဂူတို့မြင်စေရန်အတွက် ဤကဲ့သို့ပြုမူနေခြင်းပင်။ မင်းသမီးဤကဲ့သို့ပြုမူခြင်းသည် ဖှေးနှင့် ဒိုမင်ဂူတို့အဖွဲ့တို့ကြားတွင်ရှိသော ခင်မင်ရင်းနှီးမှုကို ဖျက်ဆီးလိမ့်မည်မဟုတ်သော်လည်း အက်ကွဲကြောင်းအနည်းငယ်တော့ ဖြစ်ပေါ်စေမည်ဖြစ်သည်။

နေ၀င်သည့်အချိန်တွင် အာရန်းရော်ဘင်နှင့် သူ၏အဖေတို့သည် ချမ်းဘော့ဒ်စခန်းသို့ရောက်ရှိလာခဲ့ကြသည်။ အာရန်းရော်ဘင်သည် သူ၏ဓားကိုသာသယ်ဆောင်လာပြီး သူ၏အဖေအား ကျောပေါ်တွင် ထမ်းလာခဲ့သည်။ သူ၏အဖေမှာဆံပင်များဖြူနေပြီး လမ်းပင် လျှောက်နိုင်တော့ခြင်းမရှိပေ။ ဖှေးသည် သူတို့အား နှုတ်ဆက်လိုက်ပြီး တဲတစ်ခုစီစဥ်ပေးလိုက်သည်။

ရော်ဘင်သည် ကြယ်ငါးလုံးစတင်သူအဆင့်စစ်သည်တစ်ယောက်ပင်။ သူ၏ဓားမှာ မြန်ဆန်လှပြီး သူ၏အစွမ်းများကိုလည်း လျစ်လျူရှု၍မရပေ။ ထိုအရာများအားလုံးထက် ဖှေးသည် ရော်ဘင်၏စိတ်ဓာတ်ကိုသဘောကျသည်။

ရော်ဘင်သည် ရောက်ခါစဖြစ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်၏အကျိုးကို စွမ်းဆောင်ပြရခြင်းမရှိသေးသောကြောင့် ဖှေးသူ့အား ရာထူးကြီးတစ်ခုခန့်အပ်ခြင်းမရှိသေးပေ။ ဖှေးသူ့အား ဥပေဒေပြုတပ်ဖွဲ့၏ခေါင်းဆောင်ငယ်တစ်ယောက်အဖြစ်ရာထူးပေးလိုက်သည်။ ဖှေးသည် သူ၏စွမ်းဆောင်ရည်များအပေါ်တွင် မူတည်ပြီး ရာထူးများအဆင့်ဆင့်တိုးပေးသွားရန်စီစဥ်ထား၏။ ရော်ဘင်၏စွမ်းအားများဖြင့် ဆိုပါက ထိုကဲ့သို့ဖြစ်လာရန်ကြာလိမ့်မည်မဟုတ်ကြောင်း ဖှေးသေချာသိသည်။

ဖှေး ရော်ဘင်၏အဖေကိုလည်းကြည့်ပေးလိုက်သည်။ ရော်ဘင်အဖေ၏ခြေထာက်များမှာ ရှာကြာစွာပင် ဒဏ်ရာအပြင်းထန်ရထားခဲ့၏။ သူ၏ခြေထောက်ထဲတွင် ရှိသည့်အတွင်းအားစီးကြောင်းများမှာ ပျက်ဆီးနေပြီး သွေးများထဲတွင် အမည်မသိအဆိပ်တစ်မျိုးပြန့်နှံ့နေသည်။ ခြေထောက်ကြွက်သားတစ်ချို့မှာ စတင်၍သေဆုံးနေပြီဖြစ်ပြီး သူသည် လမ်းလျှောက်နိုင်ခြင်းမရှိတော့ပေ။

သွေးပုလင်းသည် ဤကဲ့သို့ ဒဏ်ရာအဟောင်းများကို ကုသနိုင်ခြင်းမရှိပေ။

ထို့ကြောင့် ဖှေးပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ပါလာဒင်ဇာတ်ကောင်၏စွမ်းအင်များကို အသုံးပြုကာ အခြေခံကုသခြင်းများပြုလုပ်ပေးလိုက်၏။ ဤသည်မှာ ထိရောက်မှုရှိသောလည်း အဆိပ်များကို ဖယ်ရှားကာ ဒဏ်ရာများကို ချက်ချင်းပျောက်ကင်းစေခြင်းမရှိသေးပေ။ သူသည် ဖြေးဖြေးခြင်းဖြင့် ကုပေးရမည်ဖြစ်သည်။

တစ်ဖက်တွင် ရော်ဘင်မှာ အလွန်ကျေးဇူးတင်လျှက်ရှိသည်။ သူသည် ယခင်က မြင်တွေ့ခဲ့ခြင်းမရှိသည့် မျှော်လင့်ချက်များကို ပြန်လည်ကာမြင်တွေ့နိုင်နေပြီဖြစ်သောကြောင့်ပင်။

All Chapters