အခန်း (၄၀၁)
Vol. 27 Ch. 401
ဖှေး ရော်ဘင်နှင့် သူ၏အဖေအတွက် စီစဥ်စရာရှိသည်များကို စီစဥ်ပေးအပြီးတွင် ညအချိန်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ညကောင်းကင်ရံမှ ကြယ်ပွင့်များသည် ပန်းပွင့်လေးများကဲ့သို့ပင်။
တိုင်းပြည်အဆင့်သတ်မှတ်ပြိုင်ပွဲ၏ပထမရက်ပြီးမြောက်သွားသည့်အချိန်တွင် အစ်ဇာနီတစ်ယောက်သာ ရှုံးနိမ့်ခဲ့သည်။ တစ်ခြားချမ်းဘော့ဒ်မှစစ်သည်၇ယောက်လုံဂသည် နောက်တစ်ဆင့်သို့တက်လှမ်းနိုင်ခဲ့၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ထုံးစံအရ အောင်ပွဲခံပါတီတစ်ခုကျင်းပရမည်ဖြစ်သည်။
မကြာမှီတွင် မီးပုံအလင်းရောင်များလင်းလတ်လာတော့သည်။ လူများသည် သီချင်းဆိုကခုန်ခြင်းများစတင်ကာ ပြုလုပ်လာတော့၏။ ရွှေလိုဏ်ဂူမှ အမျိုးသမီးများလည်းရောက်ရှိလာကြသည်။
ဤပါတီပွဲသည် လူများစွာ၏အာရုံကို ဖမ်းစားစေ၏။ တစ်ခြားတိုင်းပြည်များမှ စစ်သည်များသိုင်းဆရာများသည် ချမ်းဘော့ဒ်၏စခန်းအပြင်မှနေ၍ ပါတီပွဲသို့လှမ်းကြည့်နေကြသည်။
မင်းသမီးတာနာရှာသည်လည်း သူ၏ကိုယ်ရံတော် ဇီလျန်းနှင့် အတူလူသိရှင်ကြားတက်ရောက်လျှက်ရှိသည်။
တာနာရှာသည် အန်ဂျယ်လာ၏ဘေးတွင် ထိုင်လျှက် ချမ်းဘော့ဒ်ဘုရင်၊ ဘုရင်မနှင့် ရင်းနှီးစွာစကားပြောဆိုလျှက်ရှိသည်။ ဤမြင်ကွင်းကို လူတိုင်းမြင်တွေ့လိုက်ရသည်။ ထိုမြင်တွေ့လိုက်သည့်လူများမှ တဆင့် ဤသတင်းစကားသည် ထိုလူထံသို့ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။
အောင်ပွဲခံပါတီပြီးဆုံးသွားသည့်တိုင်အောင် မင်းသမီးသည် ပြန်သေးခြင်းမရှိပေ။ သူမသည် ချမ်းဘော့ဒ်စခန်းတွင်သာ တစ်ညတာအချိန်ကုန်ဆုံးမည်ဖြစ်သည်။
ဖှေးခေါင်းတရမ်းရမ်းဖြင့်သာ ပြုံးနေ၏။
ညနက်နေပြီဖြစ်သောကြောင့် အသက်ရှူလိုက်သည့်အချိန်တိုင်းတွင် မြူခိုးများထွက်ပေါ်လာလျှက်ရှိသည်။ နွေးထွေးသော တဲများ၏အပြင်ဘက်တွင် လမ်းလျှာက်နေသည့်လူများသည် သူတို့၏ဆံပင်များ၊ မှုတ်ဆိတ်များပေါ်တွင်ရေခဲမှုန်များပင် ဖြစ်ပေါ်လာမည်ဖြစ်၏။ အလွန်အေးလှသဖြင့် ဖှေးရေခဲတုံးပေါ်ထိုင်နေရသကဲ့သို့ပင် ခံစားနေရသည်။
ဤသည်မှာ ဖှေး အေဇာရုတိုက်ပေါ်မှ ဆောင်းရာသီကို ပထမဆုံးအနေဖြင့် ကြုံတွေ့ဖူးခြင်းပင်။
ဖှေး ရော်ဘင်၏အဖေကို ထက်မံ၍ကုသပေးပြီးသည့်နောက်တွင် သူလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ချမ်းဘော့ဒ်စခန်းမှထွက်လာခဲ့တော့၏။ သူသည် စခန်းချနေရာတစ်၀ိုက်မှပျောက်ကွယ်သွားပြီး မိုရိုတောင်တန်းများထံသို့၀င်ရောက်လာခဲ့တော့သည်။
မိုရိုတောင်တန်းများသည် ဆောင်းရာသီတွင် ဖြူဖွေးလျှက်ရှိသည်။ သစ်ပင်တိုင်းသည် နှင်းများဖြင့် ဖုံးလွှမ်းနေသောကြောင့်ပင်။ သစ်ပင်တိုင်းသည် တလင်းကျောက်များဖြင့် ပြုလုပ်ထားသကဲ့သို့ပင်။ လရောင်အောက်တွင် ဤတလင်းကျောက်သစ်သောကြီးမှာ နတ်ဆိုးသားရဲကောင်းများ၏ဟိန်းဟောက်သံများနှင့် အိမ်မက်ဆန်လှသည်။
သိုင်းဆရာများ၏ စွမ်းအားအကြွင်းကျန်များမှာ လေထဲတွင်ပြန့်နှံ့နေဆဲပင်။ သို့သော် ထိုစွမ်းအားများသည် လွန်ခဲ့သည့်လ၀က်ခန့်ကထက် အားပျော့သွားပြီဖြစ်သည်။ ဖှေး မှော်အစီရင်များအားလွယ်ကူစွာပင် ဖြတ်ကျော်လိုက်ပြီး စွမ်းအားအကြွင်းကျန်များ၏ဘေးတွင်ထိုင်နေသည့်လျို့၀ှက်သည့်လူကို တွေ့လိုက်ရ၏။
ထိုလူသည် လှံတစ်ချောင်းကဲ့သို့ပင် မားမားမက်မက်ရပ်နေပြီး သူ၏၀တ်ရုံသည်လေထဲတွင် တဖျက်ဖျက်နှင့် လွှင့်ပျံနေလျှက်ရှိသည်။
လျို့၀ှက်သည့်လူ၏မျက်လုံးများမှာ ကြယ်များကဲ့သို့ပင် တောက်ပနေပြီး သူ၏ပတ်လည်တွင် ထူးဆန်းသည့်ခံစားချက်တစ်ခုကို ထုတ်လွှတ်လျှက်ရှိသည်။ ဖှေးသည် နားမလည်နိုင်ပေ။ ထိုခံစားချက်သည် အရာအားလုံး၏အထက်တွင်ရောက်ရှိနေသော်လည်း အထီးကျန်သည့်ခံစားချက်မျိုးပင်။ ဤလူထံတွင် ထူးခြားသည့်အသွင်ပြင်တစ်ခုရှိနေပြီး ဖှေး ဤလူအား လုံး၀ယုံကြည်၏။
ဖှေး လျို့၀ှက်သည့်သိုင်းဆရာကို မြင်တွေ့လိုက်ရသည့်အတွက် ပျော်ရွှင်သွားသည်။
မနေ့ညက ဖှေး နဂါးလက်သီးကျင့်စဥ်စာလိပ်ကို မြင်တွေ့လိုကြောင်းပြောသည့်အချိန်တွင် လျို့၀ှက်သည့်လူမှာ ဘာမှပြန်ပြောခြင်းမရှိခဲ့ပေ။
“သူက တကယ်ပဲ နဂါးလက်သီးကျင့်စဥ်စာလိပ်ကို ယူလာခဲ့တာလား...” ဖှေးတွေးလိုက်မိသည်။ အင်ပါယာရာနှင့်ချီသည့်အထဲတွင် နံပါတ်၁ကျင့်စဥ်စာလိပ်အားမြင်တွေ့ရတော့မည်ဟူသည့်အတွေးတစ်ခုတည်းကပင် ဖှေးအားစိတ်လှုပ်ရှားစေသည်။ သူ၏စွမ်းအားများမှာ ဒိုင်ယာဘလိုကမ္ဘာမှဖြစ်သော်လည်း ဤကဲ့သို့သိုင်းကွက်အားမြင်တွေ့ရမည့်အခွင့်ရေးမှာ အလွန်ရှားပါးနေဆဲပင်။
“၀ှီး...”
လျို့၀ှက်သည့်လူသည် ဖှေးအားမြင်သည့်အချိန်တွင် သူ၏လက်ကောက်၀တ်ကို ခါရမ်းလိုက်သည်။ အစိမ်းရောင်အလင်းတန်းတစ်ခုသည် ဖှေးထံသို့ပျံသန်းထွက်ခွာသွား၏။ ဖှေးသူ၏လက်များကို မြှောက်လိုက်ပြီး စာအုပ်ကို ဖမ်းယူလိုက်သည်။ စာအုပ်မှာ နူးညံ့သော်လည်း ကြံ့ခိုင်လှသည်။ အမှန်တကယ်ပင် မှော်ဆန်လွန်းလှသည်။
ဖှေး မယုံနိုင်သေးပေ။
“ဒီလျို့၀ှက်တဲ့လူက တကယ်ပဲ နဂါးလက်သီးကျင့်စဥ်စာလိပ်ကို ယူလာတာလား...”
ဖှေးစာအုပ်ကို ဖွင့်ကြည့်တော့မည့်အချိန်တွင် လျို့၀ှက်သည့်လူမှာ သူ၏လက်ကို၀ှေ့ရမ်းပြကာ တားလိုက်၏။ သူဖှေးအား ဂရုတစိုက်လေ့လာကြည့်ပြီးသည့်နောက်တွင် “လူသားတွေက ကိုယ်ချစ်တဲ့လူတွေနဲ့ ကိုယ်ချစ်တဲ့အရာတွေကို ကာကွယ်ဖို့အတွက် စွမ်းအားတွေကို ရှာဖွေကြတယ်ဆိုတာကို သတိရပါ...”
ဖှေးမတုန့်ပြန်နိုင်သေးခင်မှာပင် လျို့၀ှက်သည့်လူသည် ဆက်ပြောလိုက်သည်။ “ငါမင်းကို သင်ပေးစရာမကျန်တော့ဘူး...”
သူထိုကဲ့သို့ပြောပြီးသည့်နောက်တွင် အစိမ်းရောင်အလင်းတန်းတစ်ခုတောက်ပသွား၏။
ထိုလူသည် ပျောက်ကွယ်သွားပြီး မည်သည့်နေရာတွင်မှ ရှာတွေ့နိုင်ခြင်းမရှိတော့ပေ။
ဤတစ်ကြိမ်တွင်မူ ဖှေး လျို့၀ှက်သည့်ထွက်ခွာသွားသည့်အချိန်တွင် အနည်းငယ်မြင်တွေ့နိုင်လိုက်သည်။ ထိုလူသည် အစိမ်းရောင် ဥက္ကာပျံတစ်ခုကဲ့သို့ပင်။ အလွန်မြန်ဆန်လှသဖြင့် ဖှေးကိုယ်တိုင်ပင် အိမ်မက်မက်နေသကဲ့သို့ခံစားရသည်။ စက္ကန့်၀က်အတွင်းမှာပ် ထိုလူသည် မိုးကုန်စက်၀ိုင်းမှ ပျောက်ကွယ်သွားပြီဖြစ်သည်။
“ချက်ချင်းထွက်ခွာသွားတာလား...”
ဖှေး ရှည်ကြာစွာဖြင့် တိတ်ဆိတ်သွား။ သူထိုလူပြောသွားသည်ကို နားလည်သည်။ ထိုလူသည် ဖှေးအားသင်ကြားပေးစရာမရှိတော့သည့်အတွက် ညတိုင်းတွေ့ရတော့မည်မဟုတ်ပေ။ ဖှေးနှင့် ထိုလူတို့အကြားတွင်ရှိသည့် ထူးဆန်းသော်လည်း အဖိုးတန်သည့်ဆက်ဆံရေးသည် ဤနေရာတွင် အဆုံးသတ်သွားပြီဖြစ်သည်။
ဖှေး ဤလူအားနောက်ဆုံးအချိန်ထိမည်သူဖြစ်သည်ကို သိခွင့်မရလိုက်မည်ဟုထင်မထားခဲ့ပေ။
ဖှေးသည် ထိုလူအားတိုက်ရိုက်မေးကြည့်ရန်စီစဥ်ထားသော်လည်း ထိုလူသည် ရုတ်တရက်နှုတ်ဆက်စကားကို လျှင်မြန်စွာပြောပြီးထွက်ခွာသွားခဲ့သည်။ ဖှေး သူနှင့် သိကျွမ်းသည်မှာ လ၀က်ခန့်သာရှိသေးသော်လည်း ထိုလူသည် ဖှေးအတွက် အဖေတစ်ယောက် ဆရာတစ်ယောက်ကဲ့သို့ပင်။
ဤလူသည် ဖှေးအားလျို့၀ှက်သည့်လုပ်ကြံသတ်ဖြတ်သူ၏လက်မှ ကယ်တင်ခဲ့သလို ဖှေးကိုလဲဤရက်များတွင် အကောင်းဆုံးသင်ကြားပြသပေးခဲ့သည်။ ဤလူသည် ရုတ်တရက်ထွက်ခွာသွားခဲ့ခြင်းမှာ ဖှေး၏မွေးခွန်းကိုရှောင်ရှားရန်ဖြစ်သည်မှာ ထင်ရှားလှ၏။
ဖှေးခနတာခန့်စောင့်လိုက်ပြီး ထိုလူပြန်မလာတော့မည်အား သေချာလောက်သည့်အချိန်တွင် သူ၏လက်ထဲတွင်ရှိသည့် စာအုပ်ကို ငုံ့ကြည့်လိုက်၏။
ဖှေးသည် အလွန်စိတ်လှုပ်ရှားနေ၏။
“ဒီလူက င့ါကို တကယ်ပဲ နဂါးလက်သီးကျင့်စဥ်စာလိပ်ယူလာခဲ့ပေးတာပဲ...” ဤသည်မှာ မယုံနိုင်စရာပင်။
“ဒီလူကဘယ်သူလဲ...သူကနဂါးလက်သီးကျင့်စဥ်စာလိပ်ကို ယူလာနိုင်တာပဲ။ ဇီးနစ်အင်ပါယာရဲ့မင်းသားတွေတောင်မြင်ခွင့်မရတဲ့ စာလိပ်လေ။ သူက အတော်လေးလျို့၀ှက်တာပဲ...မဟုတ်မှလွဲရော သူက အင်ပါယာအရှင်သခင် ယရှင်းများလား...အဲ့လိုပဲဖြစ်ရမယ်...”
ဖှေးသူ၏အတွေးများကြောင့် ထိတ်လန့်အံ့သြသွားရ၏။
သူစဥ်းစားသည်မှာ မဖြစ်နိုင်သော်လည်း အဓိပ္ပါယ်ရှိလှသည်။ ဤသည်မှာ ဖှေး၏ခေါင်းထဲတွင်ရှိနေသောမေးခွန်းများအားလုံး၏ တစ်ခုတည်းသောအဖြေကဲ့သို့ပင်။
“ဒါပေမယ့် အင်ပါယာအရှင်သခင်ယရှင်းက ဘာလို့ ငါ့အတွက် ဒီလိုလုပ်ပေးမှာလဲ။ သတင်းတွေအရဆိုရင် အင်ပါယာအရှင်သခင်ယရှင်းက အခုအတော်လေးနာမကျန်းဖြစ်နေတာမလား။ သူက အိပ်ယာပေါ်ကတောင်ထနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီလူ အတော်လေးစွမ်းအားကြီးနေပြီးတော့ ဖျားနေတဲ့ပုံလဲမပေါ်ပါဘူး...”
ဖှေးခနတာခန့်စဥ်စားကြည့်လိုက်သည်။ သို့သော်လည်း သူအဖြေကို စဥ်စား၍မရပေ။ ထို့ကြောင့် စဥ်းစားနေခြင်းအားရပ်လိုက်ပြီး စာအုပ်ကိုသာဖွင့်ကြည့်လိုက်သည်။ သူသည် ဤနဂါးလက်သီးသည် မည်သည့်အတွက် ကြောင့်နာမည်ကျော်ကြားနေရသည်ကို သိလိုသောကြောင့်ပင်။
ပထမစာမျက်နာပေါ်တွင် စာလုံးများမပါချေ။ တောင်များ၏ပုံကိုရေးဆွဲထားသည့် ပန်းချီကားတစ်ချက်သာပါရှိ၏။
တောင်တန်းများမှာ အလွန်ရှည်လျားလှသဖြင့် တိမ်တိုက်များထံသို့ပင်ရောက်ရှိနေ၏။ တောင်များကိုရေးဆွဲသည့် ပန်းချီဆရာမှာ စုတ်ချက်အနည်းငယ်ကိုသာ အသုံးပြုထားသော်လည်း တောင်များ၏ကြံ့ခိုင်မှုတို့ကို ထင်ရှားစွာပင် သရုပ်ဖော်ထားနိုင်၏။ တောင်တန်းများသည် ဖှေးအတွက် ဓားသွားများကဲ့သို့ခံစားရသော်လည်း နဂါးလက်သီးကျင့်စဥ်နှင့် မည်ကဲ့သို့ဆက်ဆက်နေသည်ကို ဖှေးစဥ်းစား၍မရပေ။
ဖှေး တောင်များ၏ပုံကို ခနတာခန့်ကြည့်လိုက်ပြီး နောက်စာမျက်နှာတစ်ခုသို့ လှန်လိုက်၏။
ဖှေး ဒုတိယစာမျက်နှာပေါ်တွင်ရေးထားသည့်စာကြောင်းတစ်ခုကို တွေသည့်အချိန်တွင် ဆွံ့သွားတော့၏။
“လောဘကြီးတဲ့ ကောင်လေး။ မင်းတော့ အလိမ်ခံလိုက်ရပြီး နဂါးလက်သီးကျင့်စဥ်ကို ငါကိုယ်တိုင်တောင်မမြင်ဖူးသေးဘူး...”
......
ဖှေးချမ်းဘော့ဒ်စခန်းသို့ပြန်ရောက်သည့်အချိန်ထိဖြစ်ပျက်ခဲ့သည်ကို ယုံနိုင်ခြင်းမရှိသေးပေ။ အမြဲတန်းရုပ်တည်တည်နှင့် အေးစက်စက်နေလေ့ရှိသည့် သူ၏ဆရာသည် သူ့အားစနောက်လိုက်သည့်အတွက်ပင်။
သူသည် နာမည်ကြီးကျင့်စဥ်စာလိပ်ဖြစ်သည့် နဂါးလက်သီးကျင့်စဥ်စာလိပ်ကို မြင်တွေ့ခွင့်မရလိုက်သော်လည်း သူသည် အနည်းငယ်ပျော်ရွှင်နေဆဲပင်။ လျို့၀ှက်သည့်လူရေးသွားသည့် စာများထဲတွင် ရင်းနှီးသည့်အရိပ်ယောင်များပါ၀င်နေသည့်အတွက်ပင်။
ဖှေးသည် မင်းသမီးနှင့် ပဲရစ်တို့က ကွန်ယက်များကို အသုံးပြုကာ ထိုလူဘယ်သူဖြစ်သည်ကို စုံစမ်းနိုင်ကောင်းစုံစမ်းနိုင်လောက်၏။ သို့သော် သူထိုကဲ့သို့မပြုလုပ်လိုချေ။ လျို့၀ှက်သည့်လူသည် လောလောဆယ်တွင် ဖှေးအား သူဘယ်သူဖြစ်သည်ကို မသိစေသေးလိုသောကြောင့် အကြောင်းပြချက်တစ်ခုရှိလိမ့်မည်ဖြစ်သည်။ ဤအတွက်ကြောင့်သာ ထိုလူသည် ဖှေးအားလူများလာလေ့မရှိသည့်ညအချိန်မှသာ ဖှေးနှင့် မိုရိုတောင်တန်းများပေါ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ဖှေးလောလောဆယ်တွင်သာမသိရသေးသည်ဟု ယုံကြည်ရခြင်းမှာ ဖှေးထံတွင် သူတို့ နှစ်ယောက်ထက်မံတွေ့ဆုံရဦးမည်ဟု ထူးဆန်းသည့်ခံစားချက်တစ်ခုရှိနေသောကြောင့်ပင်။
ထိုတွေ့ဆုံရမည့်အချိန်သည် ကြာတော့မည်မဟုတ်ပေ။
ဖှေး ချမ်းဘော့ဒ်စခန်းသို့ ပြန်ရောက်သည့်အချိန်တွင် တိုးရီစ်ရောက်လာပြီး မင်းသမီးတာနာရှာသည် ဖှေးနှင့်တွေ့ရန်ရှာဖွေနေခဲ့ကြောင်းကို သတင်းပို့လိုက်သည်။ ဖှေးနင့် မတွေ့ရသေးသည့်အတွက် သူမသည် အန်ဂျယ်လာနှင့် အတူစခန်းအလည်တွင်ရှိသည့် တဲထဲတွင် စကားပြေဆိုနေရင်းဖြင့် ထိုတဲထဲ၌ပင် အိပ်ပျော်သွားကြောင်းသိရသည်။
စခန်း၏အလည်တွင်ရှိသည့် တဲရှေ့တွင်ရပ်နေသည့် ဇီလျန်းမှာလည်း အကြံခက်နေပုံရ၏။ သူမ၏အနောက်တွင် စွမ်းအားမြင့် စစ်သည်အယောက်၂၀ခန့်ရှိနေသည်။ မင်းသမီးသည် ဘုရင်၏တဲထဲတွင်အိပ်ပျော်နေသည်ဖြစ်သောကြောင့် သူတို့သည် ဖှေးအားတဲထဲသို့ ၀င်ခွင့်ပေးလို့မရပေ။ သို့သော် မင်းသမီးအိပ်ပျော်နေသည့်နေရာမှာ ဖှေး၏အိပ်ယာဖြစ်သောကြောင့်လည် ဖှေးအားတားဆီးရန်မှာလည်း အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေမည်ဖြစ်သည်။ သူတို့သည်ဖှေးအား၀င်ခွင့်ပေးကာ ဇီးနစ်အင်ပါယာ၏မင်းသမီးနှင့် ညတစ်ညအားအတူကုန်ဆုံးစေလို့မဖြစ်သေးပေ။
ဖှေးရောက်လာသည်ကိုတွေ့သည့်အတွက် တာနာရှာ၏ကိုယ်ရံတော်စစ်သည်များမှာ အနည်းငယ်စိတ်ပူလာကြ၏။
သူတို့သည် ဖှေး၏လွှမ်းမိုးတတ်သည့် အကျင့်ကို သိကြသည်။ အကယ်၍ဘုရင်သည်သာ တဲအတွင်းသို့၀င်လိုပါက သူတို့သည် စွမ်းအားမြင့်စစ်သည်များဖြစ်ကြပြီး ဇီလျန်းသည် ပို၍ပင်စွမ်းအားကြီးမားသော်လည်း ရပ်တန့်နိုင်ကြမည်မဟုတ်ပေ။
သို့သော် ဖှေးသည် ဇီလျန်းအား ပြုံးကာခေါင်းငြိမ့်ပြလိုက်ပြီး စခန်းအ၀တွင်ရှိသည့် တဲငယ်တစ်ခုထဲသို့ အိပ်ရန်အတွက် ၀င်သွားလိမ့်မည်ဟုသူတို့ထင်မထားခဲ့ပေ။
“သတင်းတွေထဲက ရက်စက်ကြမ်းကြုတ်တယ်ဆိုတဲ့ ချမ်းဘော့ဒ်ဘုရင်က စကားပြောရလွယ်ကူတာပဲ...” ဖှေး တဲငယ်တစ်ခုထဲသို ၀င်သွားသည်ကို တွေ့ရသဖြင့် အစောင့်များအံ့သြကုန်ကြသည်။
ဂူဒေါင်တိုင်းပြည်သည် ဖှေး ဘိုရာကိုသတ်လိုက်သည့်အကြောင်းကို မေးခွန်းထုတ်ရန်မလာခဲ့သဖြင့် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များစခန်းအားသေချာစောင့်ကြပ်ထားကြရန် ဖှေးမှာကြားထား၏။
ထို့နောက်တွင် ဖှေးလယ်ဗယ်မြင့်တင်ရန်အတွက် ပေါ်တယ်တစ်ခုကို ဖွင့်ကာ ဒိုင်ယာဘလိုကမ္ဘာထဲသို့ ၀င်လာခဲ့တော့သည်။