အခန်း (၄၀၂)
Vol. 27 Ch. 402
ဒိုင်ယာဘလိုကမ္ဘာထဲတွင် နေ၀င်ချိန်သို့ရောက်ရှိနေပြီဖြစ်သည်။
နေမင်းကြီးသည် မိုးကုတ်စက်၀ိုင်းအောက်တွင် သွေးကဲ့သို့နီရဲနေ၏။
သူပုန်စခန်းပတ်လည်မှ မြင့်မားသည့်ခြံစည်းရိုးများသည် ချမ်းဘော့ဒ်ပတ်လည်မှ ရှည်လျားသည့်ခံတပ်နံရံကြီးများကဲ့သို့ပင်။ ထိုခြံစည်းရိုးများသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင်နေထိုင်သည့် လူများအား မကောင်းဆိုး၀ါးများ၊ နတ်ဆိုးများ၏အန္တရာယ်မှ ကာကွယ်ပေးထား၏။ ဟိန်းဟောက်သံများနှင့် မကောင်းဆိုး၀ါးများနတ်ဆိုးများ၏အော်ဟစ်သံများမှာ ကောင်းကင်ရံတွင် ပြန့်နှံ့နေဆဲပင်။
ဖှေးနှင့် အယ်လီနာတို့သည် ပေါ်တယ်မှတဆင့် ကူရက်စ်ဆိပ်ကမ်းသို့သွားလိုက်ပြီး နောက်ထပ်အလုပ်တစ်ခုဖြစ်သည့် [အမှောင်ကျခဲ့သည့် ဘုရားကျောင်း] အလုပ်ကို လက်ခံလိုက်ကြသည်။
ဖှေးသည် မှောင်ခြမ်းသို့ရောက်ရှိခဲ့သော ဘုရားကျောင်းများတည်ရှိရာဖြစ်သော ထရာဗင်ကယ်လ်သို့သွားကာ မကောင်းဆိုး၀ါးများကို သတ်ဖြတ်ပေးရမည်ဖြစ်သည်။ ထို့နောက်တွင် ဖှေးသည် စွမ်းအင်စက်လုံးကို ရှာဖွေတွေ့ရှိမည်ဖြစ်သည်။ ဖှေးယခင်အလုပ်မှရရှိခဲ့သည့် ပစ္စည်းဖြစ်သည့် ခါလင်၏ဆန္ဒကိုအသုံးပြုကာ စွမ်းအင်စက်လုံးကို ဖျက်ဆီးပြီး အမုန်းတရားရက်၀န်းတည်ရှိရာနေရာ၏ ထွက်ပေါက်ကို ဖွင့်နိုင်မည်ဖြစ်သည်။ ဤသည်မှာ တတိယမြေပုံ၏နောက်ဆုံးခေါင်းဆောင်ကြီးဖြစ်သည့် မီဖက်ဆိုတည်ရှိသည့်နေရာပင်။
ထရာဗင်ကယ်သို့သွားရောက်နိုင်သည့် ပေါ်တယ်မှာ အသုံးပြုနိုင်ခြင်းမရှိသေးသောကြောင့် ဖှေးနှင့် အယ်လီနာတို့သည် လမ်းလျှောက်နေကြရ၏။ လမ်းတွင်တွေ့သည့် မကောင်းဆိုး၀ါးများအားလုံးကို သတ်ဖြတ်ပြီးနောက်တွင် သူတို့သည် နှစ်နာရီခန့်ကြာပြီးနောက်တွင် ထရာဗင်ကယ်သို့ ရောက်ရှိသွား၏။
ထိုနေရာတွင် ရှေးကျသည့်ဘုရားကျောင်းအဆောက်ဦးများစွာရှိနေ၏။
အဆောက်ဦးတစ်ခုခြင်းစီတိုင်းသည် လျို့၀ှက်ဆန်းကြယ်ကာ ခမ်းနားလှသည်။ သူတို့အားလုံးကို ကြီးမားသည့်ကျောက်တုံးကြီးများဖြင့် ဆောက်လုပ်ထားကြသည်။ အနုစိတ်ကနုတ်များနှင့် သင်္ကေတများကို နံရံများနှင့်ထောက်တိုင်ကြီးများပေါ်တွင် ထွင်းထုအလှဆင်ထား၏။
ဘုရားကျောင်းများအားလုံးအား ထူးခြားသည့်ဒီဇိုင်းများဖြင့် ဆောက်လုပ်ထားပြီး သူတို့သည် ရှေးကျသည့် ခံစားချက်တစ်ခုကို ထုတ်လွှတ်ပေးလျှက်ရှိသည်။
ဤနေရားများသည် ဒိုင်ယာဘလိုကမ္ဘာတွင်နေထိုင်သူများ နတ်ဘုရားများကို ကိုးကွယ်ကြသည့် နေရာများဖြစ်ကြသည်။ သို့သော် နတ်ဆိုးအင်အားစုများ၏ ရှည်ကြာစွာတိုက်စားမှုကို ခံရပြီးသည့်နောက်တွင် နတ်ဘုရားများ၏ မူလအစေခံများမှာ ကျရှုံးသွားကြပြီဖြစ်သည်။ သူတို့သည် မကောင်းဆိုး၀ါးများနှင့် နတ်ဆိုးများဖြစ်ကုန်ကြပြီး ဘုရားကျောင်းများသည်လည်း အမှောင်ထု၏လွှမ်းခြုံခြင်းကို ခံထားရ၏။
ဖှေးနှင့် အယ်လီနာတို့ ထရာဗင်ကယ်လ်သို့ စတင်၀င်ရောက်လျှင် ၀င်ရောက်ခြင်းပင် သူတို့နှစ်ယောက်မကောင်းဆိုး၀ါများ၏ရန်လိုစွာတိုက်ခိုက်ခြင်းကို ခံကြရတော့သည်။
ထိုနေရာတွင် ဖုတ်ကောင်များစွာလည်းရှိနေကြသည်။ သူတို့သည် ယခင်က ဘုရားကျောင်း၏အစောင့်များဖြစ်ခဲ့ကြပြီး မကောင်းဆိုး၀ါးစွမ်းအင်များကြောင့် အသိစိတ်ပျောက်ဆုံးကာ လက်ရှိတွင် ခေါင်းထဲတွင် သတ်ဖြတ်ရန်သာ ရှိကြတော့၏။ ထို့အပြင် နတ်ဘုရားကောင်စီမှ ကျဆုံးခဲ့သော ကောင်စီအဖွဲ့၀င်များလည်း ရှိနေကြသည်။ သူတို့၏ခန္ဓာကိုယ်များကို မာကြောသည့်အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး ထိုကြေးခွံများသည် ဓားကဲ့သို့ပင် ချွန်ထက်နေသည်။
ထရာဗင်ကယ်ထဲတွင်ရှိသည့် အန္တရာယ်အများဆုံးရန်သူများမှာ နွယ်ရှင် အစ်စ်မေး၊ မီးလက်ချောင်း ဂီလက်ဘ်နှင့် ရေခဲလက်သီး တူးအာ့တို့ဖြစ်ကြသည်။ သူတို့သည် ယခင်က အထူးကောင်စီအဖွဲ့၀င်များဖြစ်ခဲ့ကြပြီး ခေါင်းဆောင်အဆင့် မကောင်းဆိုး၀ါးများဖြစ်လာကြခြင်းဖြစ်သည်။
ဖှေး၏ယခင်ဘ၀က ဂိမ်းကစားခဲ့သည့်မှတ်ဉာဏ်များအရ ဤမကောင်းဆိုး၀ါးများသည် အလွန်အစွမ်းထက်ကြသည်။ သူသည် ယခင်ဘ၀တွင် ဒိုင်ယာဘလိဂိမ်းကစားခဲ့စဥ်က သူသည် ထရာဗင်ကယ်မြေပုံတွင် အကြိမ်ပေါင်းအနည်းငယ်ခန့်သေဆုံးလေ့ရှိပြီး သူ၏ကိုယ်ရံတော်သည်လည်း အမြဲတန်းလိုလိုသေဆုံးခဲ့ဖူးသည်။
ဤအတွေ့ကြုံကြောင့် ဖှေးသည် အထူးဂရုစိုက်လျှက်ရှိသည်။ သူဘုရားကျောင်းတစ်ခုထဲသို့ ရောက်လျှင်ရောက်ခြင်းပင် သူသည် မြို့ပြောင်းစာလိပ်တစ်ခုကို အသုံးချပြီး ပေါ်တယ်တစ်ခုဖန်တီးထား၏။ အခြေအနေမကောင်းပါက သူသည် အယ်လီနာကို သယ်ဆောင်ပြီး မြန်နိုင်သမျှမြန်မြန်ဆုတ်ခွာထွက်ပြေးမည်ဖြစ်သည်။
ဖှေးအလွန်ဂရုစိုက်နေသည်ကို မြင်သည့်အချိန်တွင် အယ်လီနာသည်လည်း သတိကြီးကြီးထားလျှက်ရှိသည်။
သို့သော် ၂၀မိနစ်ခန့်ကြာသည့်အချိန်တွင် အယ်လီနာ၏သတိထားမှုသည် အံ့သြစရာတစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့၏။
ဖှေး၏မျက်နှာပေါ်တွင် ထိတ်လန့်အံ့သြသွားသလို တွေးခေါ်ကြံဆနေသည့်အမူယာတစ်ခုပေါ်ပေါက်လာ၏။
ဖှေး အန္တရာယ်ကြီးသည်ဟုထင်ခဲ့သည့်မကောင်းဆိုး၀ါးများသည် သိပ်ပြီးမခက်ခဲလှသောကြောင့်ချေ။
ဖှေး၏ခေါင်းထဲတွင် တွေးထားသည့်အန္တရာယ်ကြီးသည့်အခြေအနေမှာ ဖြစ်ပေါ်လာခဲ့ခြင်းမရှိပေ။ ထိုအစား များစွာပင် ပို၍လွယ်ကူနေသည်။ ဖှေး ဘာမှမလုပ်လျှင်ပင် အယ်လီနာတစ်ယောက်တည်းဖြင့် မကောင်းဆိုး၀ါးများအားလုံးကို သတ်ဖြတ်နိုင်၏။ ဖှေးစိုးရိမ်ခဲ့သည့်ခေါင်းဆောင်ကြီးသုံးယောက်မှာလည်း အလွန်အားနည်းလွန်းလှသည်။ အယ်လီနာသည် မြှားသုံးချောင်းအသုံးပြုခဲ့ပြီးခေါင်းဆောင်ကြီးသုံးယောက်ကို လျှင်မြန်စွာပင် သတ်ဖြတ်ခဲ့နိုင်၏။
ဤထရာဗင်ကယ်လ်သို့သွားသည့် ခရီးသည်ဖှေးအားတစ်ခုကို သတိထားမိသွားစေသည်။
သူ၏ကိုယ်ပိုင်စွမ်းအားများ တိုးတတ်လာနှုန်းသည် ဒိုင်ယာဘလိုကမ္ဘာမှ လူရိုင်းဇာတ်ကောင်အတွက် ကြိုတင်စီစဥ်ထားသည့် ဒီဇိုင်းကို ကျော်သွားခြင်းပင်။
သူ၏အပြင်ကမ္ဘာတွင် လေ့ကျင့်မှုကာ စွမ်းအားများတိုးတတ်လာနှုန်းသည် ဒိုင်ယာဘလိုကမ္ဘာမှ မျှခြေအား ကျော်လွန်သွားခြင်းပင်။ ဂိမ်းထဲတွင် ယခင်က ဖှေးအားဒုက္ခပေးခဲ့သည့် မကောင်းဆိုး၀ါးများသည် ယခုအချိန်တွင် အန္တရာယ်မရှိတော့ပေ။
အထူးသဖြင့် မိုရိုတောင်မှ လျို့၀ှက်သည့်သိုင်းဆရာသည်ဖှေးအား သိုင်းဆရာတစ်ယောက်ဖြစ်ရခြင်း၏အခြေခံအချက်များကို သင်ကြားပြသပြီးသည့်အချိန်တွင်ဖြစ်သည်။ ထို့ကြောင့် ဖှေးသည် ယခင်က သိုင်းကွက်များကို အသုံးပြုသည့်တိုင်အောင် ထိခိုက်စေနိုင်မှုနှုန်းမှာ ပို၍ပြင်းထန်လာ၏။ တစ်နည်းအားဖြင့်ဆိုပါက ဖှေး၏လယ်ဗယ်၆၅လူရိုင်းဇာတ်ကောင်သည် ဒိုင်ယာဘလိုကမ္ဘာမှ ပုံမှန်လယ်ဗယ်၆၅လူရိုင်းဇာတ်ကောင်ထက်ပို၍အစွမ်းထက်သည်ဟုဆိုနိုင်၏။
မျှခြေအား ထက်မံ၍ တိမ်းစောင်းစေခဲ့သူမှာ အယ်လီနာပင်။
ဖှေး ဒိုင်ယာဘလိုဂိမ်းကစားခဲ့စဥ်က ကြုံတွေ့ခဲ့ရသည့် ခပ်တုန်းတုန်းကိုယ်ရံတော်များနှင့် နှုင်းယှဥ်ကြည့်ပါက အယ်လီနာသည် အလွန်ထူးခြားလှသည်။ သူမသည် ဖှေးတစ်ခါမှကြုံတွေ့ဖူးခြင်းမရှိခဲ့သည့် ကျင့်စဥ်လမ်းကြောင်းတစ်ခုပေါ်တွင် လျှောက်လှမ်းနေ၏။
ဒုတိယမျိုးဆက်အနေဖြင့် ပါလာဒင်ဇာတ်ကောင်ကို ရွေးချယ်ပြီးသည့်နောက်တွင် မှော်စွမ်းအင်လေးမျိုးမြှားများနှင့် ပါလာဒင်ဇာတ်ကောင်၏အစွမ်းများပါရှိသည့် အယ်လီနာသည် အလွန်ပင်အစွမ်းထက်လာခဲ့သည်။ သူမသည် မူရင်းဒိုင်ယာဘလိုဂိမ်းထဲမှ ထုံအအကိုယ်ရံတော်တစ်ယောက်နှင့် လုံး၀ပင်မတူတော့ပေ။ သူသည် ဖှေး၏ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ပင်။
ရိုးရိုးသားသားပင်ဆိုရပါက အယ်လီနာသည် တတိယမြေပုံတွင်ရှိသည့် ခေါင်းဆောင်တစ်ချို့ကိုပင် တစ်ယောက်တည်းသတ်ဖြတ်နိုင်လောက်သည့်အစွမ်းမျိုးရှိသည်ဟုဖှေးတွေးမိနေ၏။
ထရာဗင်ကယ်မှခေါင်းဆောင်ကြီးများအား သတ်ဖြတ်ပြီးသည့်နောက်တွင် မကောင်းဆိုး၀ါးများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့မှာ ဆက်လက်ဖြစ်ပွား၏။
နောက်လေးနာရီပတ်လုံးတွင် သူတို့နှစ်ယောက်သည် မကောင်းဆိုး၀ါးများစွာကိုသတ်ဖြတ်နေခဲ့ကြသည်။ အတွေ့ကြုံအမှတ်များစွာလည်းရရှိရာ တစ်နေ့တာဂိမ်းကစားနိုင်သည့်အချိန်ပြည့်ပြီးသည့်နောက်တွင် ဖှေး၏လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၇၀သို့ရောက်ရှိသွားပြီဖြစ်၏။
ထို့အပြင် တတိယမြေပုံတွင်ရှိသည့်အလုပ်ငါးခုကိုလည်း ပြီးမြောက်သွားပြီဖြစ်သည်။
လေးခုမြောက်အလုပ်ဖြစ်သည့် လမ်အက်ဆန်၏စာလုပ်မှာ အချိန်သိပ်မကြာလိုက်ပေ။ ဖှေးသည် အလုပ်အတွက်လိုအပ်သည့် ရှေးကျသည့်စာအုပ်ကို ခူရက်စ်ရထားလမ်းမှ ရှာဖွေတွေ့ခဲ့၏။ သူသည် ဆုလာဘတ်အနေဖြင့် ဂုဏ်သတ္တိအမှတ်ငါးမှတ်ကို ရရှိခဲ့၏။
အယ်လီနာသည် ယခုအချိန်တွင် လယ်ဗယ်၆၇သို့ရောက်ရှိသွားပြီဖြစ်သည်။
ဖှေး၏အကြံပြုချက်အရ အယ်လီနာသည် သူ၏ထိခိုက်စေနိုင်စွမ်းကိုအသုံးမပြုခဲ့ပေ။ ထိုအစားသူမ၏ ဂုဏ်သတ္တိအမှတ်အသစ်များကို ဒုတိယမျိုးဆက်တွင် အသုံးချလိုက်၏။ ပါလာဒင်ဇာတ်ကောင်အားအဆင့်မြင့်တင်ခြင်းသည် သူမအား ခုခံနိုင်စွမ်းနှင့် ကုသနိုင်စွမ်းတို့ကို တိုးမြှင့်ထား၏။ သူမ၏တိုက်ခိုက်နိုင်စွမ်းတို့မှာ သိပ်ပြီးပြောင်းလဲခြင်းမရှိသေးပေ။ အေဇာရုတိုက်ပေါ်မှ အဆင့်သတ်မှတ်ချက်အရသူမသည် ကြယ်ခုနှစ်လုံးအဆင့်စတင်သူအဆင့်တွင်ရှိနေဆဲပင်။
ဖှေး အချိန်မပြည့်မှီဒိုင်ယာဘလိုကမ္ဘာမှ ထွက်လာခဲ့၏။
အယ်လီနာသည် ယာယီအားဖြင့် သူပုန်စခန်းတွင် နေခဲ့သည်။
ဖှေး၏၀ိဉာဥ်စွမ်းအားများသည် များစွာတိုးမြှင့်လာခဲ့သည့်အတွက် သူသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် ၅နာရီအထိနေနိုင်လာပြီး ဒိုင်ယာဘလိုကမ္ဘာမှလူများသည်လည်း အပြင်ကမ္ဘာတွင် ၅နာရီအထိနေနိုင်ပြီဖြစ်သည်။ သို့သော်လည်း အယ်လီနာသည် တိုင်းပြည်အဆင့်သတ်မှတ်ပြိုင်ပွဲများတွင် ပါ၀င်ရဦးမည်ဖြစ်သောကြောင့်အပြင်ကမ္ဘာတွင် နေထိုင်ရမည့်အချိန်ကိုချွေတာရဦးမည်ဖြစ်သည်။
......
......
အပြင်ကမ္ဘာတွင်နေထွက်လာသည့်အချိန်တွင် မင်းသမီးသည် ဖှေးနှင့် အန်ဂျယ်လာတို့ကို နှုတ်ဆက်စကားပြောလိုက်ပြီး သူ၏ကိုယ်ရံတော်များ၏ကာကွယ်မှုအောက်တွင် မြို့တော်စိန့်ပီတာစဘာ့တ်သို့ပြန်သွားတော့၏။
မနေ့ လူသိရှင်ကြားတတ်ရောက်ခဲ့သော်လည်း ယနေ့တွင်မူ မင်းသမီးသည် လူမသိသူမသိပြန်သွား၏။ လူပေါင်းများစွာသည် သတိမထားမိလိုက်ကြပဲ သူမသည် ချမ်းဘော့ဒ်စခန်းအလည်တွင်ရှိသည့် တဲထဲတွင် အိပ်နေဆဲဟုပင်ထင်နေကြသည်။ ဇီးနစ်အင်ပါယာ၏မင်းသမီး စခန်းအလည်တွင်ရှိသည့်တဲအတွင်းသို့ မနေ့ညက ၀င်သွားခဲ့သည်ကို လူများစွာသတိထားခဲ့မိသည့်အတွက်ပင်။
အချိန်သည် လျှင်မြန်စွာပင် ကုန်ဆုံးသွား၏။
နေမင်းကြီးမှာလည်း ကောင်းကင်ပေါ်သို့မြင့်တက်လာလျှက်ရှိသည်။
ဖှေးသက်မှတ်ထားသည့်အချိန်ရောက်သည့်အချိန်တွင် ရော်ဘင်၏တဲသို့သွားလိုက်သည်။ သူသည် ရော်ဘင်အဖေ၏ခြေထောက်ကို နေ့စဥ်ပုံမှန်ကုသပေးရန်စီစဥ်ထားသည့်အတွက်ပင်။ သို့သော် ဖှေးတဲအတွင်းသို့ရောက်သည့်အချိန်တွင် ရော်ဘင်အား တွေ့ရခြင်းမရှိပေ။ အဖိုးကြီးအာရန်း(ရော်ဘင်၏အဖေ)ကို မေးကြည့်သည့်အချိန်တွင်ရော်ဘင်သည် အစ်ဇာနီ၏တဲထဲတွင် တစ်ညလုံးရှိနေကြောင်းသိရ၏။ သူသည် ဖှေးလက်အောင်တွင်စတင်၍ တာ၀န်ထမ်းဆောင်နေသည့်အချိန်တွင် အစ်ဇာနီနှင့်ပတ်သက်၍ ပို၍အပြစ်မကင်းသလိုခံစားလာမိသည့်အတွက်ပင်။ ထို့ကြောင့် ရော်ဘင်သည် အစ်ဇာနီအား စောင့်ရှောက်ပေးနေခဲ့ခြင်းဖြစ်သည်။
ရော်ဘင်၏အပြုမူကြောင့် ဖှေးပို၍ပင် သဘောကျခဲ့မိသည်။
ဖှေးပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ပါလာဒင်ဇာတ်ကောင်၏စွမ်းအင်များကို အသုံးပြုကာ အဖိုးကြီးအာရန်းခြေထောက်ကြွက်သားများနင့် အတွင်းအားစီးကြောင်းများကို ကုသပေးနေသည့်အချိန်တွင် အပြင်မှ ရယ်မောသံတစ်ချို့ကို ကြားလိုက်ရသည်။ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့၏အသံများဖြစ်ပုံရပြီးရော်ဘင်၏အသံလည်းပါလျှက်ရှိသည်။
ဖှေးအနည်းငယ်ထူးဆန်းသလို ခံစားရ၏။
ရော်ဘင်သည် အစ်ဇာနီအား ဒဏ်ရာရအောင်ပြုလုပ်ပြီးသည့်နောက်တွင် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့နှစ်ယောက်လုံးသည် ရော်ဘင်အပေါ်တွင် ရန်လိုနေခဲ့ကြ၏။ ရော်ဘင်ချမ်းဘော့ဒ်တိုင်းပြည်အား သစ္စာခံပြီးသည့်တိုင်အောင် သူတို့နှစ်ယောက်သည် ရော်ဘင်နှင့် စကားပြောကြခြင်းမရှိပေ။
“သူတို့က အခုမှဘာလို့ သူငယ်ချင်းဟောင်းတွေလို ရင်းနီးနေတာလဲ...”
ဖှေးတွေးနေသည့်အချိန်တွင် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည် တဲအတွင်းသို့လမ်းလျှာက်၀င်လာတော့၏။